3.48K subscribers
5.58K photos
393 videos
2.89K links
Breaking Brainwashed Media
Download Telegram
👍4😢1
အမေရိကန်-ဆိုးလ် နျူကလီးယား ရေငုပ်သင်္ဘော သဘောတူညီချက်ကို “ရန်လိုတဲ့ လုပ်ရပ်” အဖြစ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဝေဖန်

BBM-ဒီဇင်ဘာ ၂၆

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန်နဲ့ တောင်ကိုရီးယားအကြား နျူကလီးယားရေငုပ်သ‌င်္ဘောပရောဂျက်ကို ကိုရီးယားကျွန်းဆွယ်ရဲ့ တည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဝေဖန်ပြစ်တင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကင်ဂျုံအန်က ဆိုးလ်နဲ့ ဝါရှင်တန်အကြား သဘောတူညီချက်ဟာ “ပြုံယမ်းရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်တဲ့ ထိုးစစ်ဆင်မှုတစ်ခုဖြစ်ပြီး တန်ပြန်ရမယ့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု” ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခုချိန်မှာ မြောက်ကိုရီးယားရဲ့ ရေတပ်ခေတ်မီအောင်ပြုလုပ်တာနဲ့ နျူကလီးယားလက်နက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပိုမိုအရှိန်မြှင့်တင်လုပ်ဆောင်တာတွေ အရေးတကြီးလိုအပ်နေပြီလို့ ကင်မ်က
ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၄ရက်နေ့က ကင်မ်က ပြုံယမ်းဟာ “တန်ချိန် ၈,၇၀၀ တန် နျူကလီးယားစွမ်းအင်သုံး မဟာဗျူဟာမြောက် ဒုံးကျည်ရေငုပ်သင်္ဘော” တည်ဆောက်နေတဲ့ စက်ရုံကို လှည့်လည်ကြည့်ရှုစဉ် အဆိုပါမှတ်ချက်တွေ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံပိုင် မီဒီယာ KCNAရဲ့ အဆိုအရ ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားခေါင်းဆောင်ဟာ ဂျပန်ပင်လယ်ထဲကို အဝေးပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်အသစ်တစ်စင်း စမ်းသပ်ပစ်ခတ်တာကို ကြီးကြပ်ခဲ့ပါတယ်။

အဆိုပါ ဒုံးကျည်ကို “ကိုရီးယားအရှေ့ပင်လယ်” လို့ ရည်ညွှန်းဖော်ပြခဲ့ပါတယ်။

အဆိုပါ ပစ်ခတ်စမ်းသပ်မှုဟာ အောင်မြင်ခဲ့ပြီး ဒုံးကျည်ဟာ ကီလိုမီတာ ၂၀၀ ( ၁၂၄ မိုင်) အမြင့်ရှိ ပစ်မှတ်အတုတစ်ခုကို အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း KCNAက ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယား Yonhap သတင်းဌာနရဲ့ အဆိုအရ ဆိုးလ်က အမေရိကန်နဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနည်းပညာ ရယူဖို့ “သီးခြားသဘောတူညီချက်” ကို လုပ်ဆောင်နေကြောင်း ပြောကြားချိန်မှာ မြောက်ကိုရီယားရဲ့ စမ်းသပ်ချက်အောင်မြင်မှု ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။

Reference-Al Jazeera
Translator-Richard
Photos-Al Jazeera

#bbmnews #bbm #bbmtv #NorthKorea #nuclear
👍6❤1😁1
😁6👍2
👍4👎1
👍5👎1
မှော်ဘီမှာ ဒေါ်သက်သက်ခိုင်ရဲ့ PPP မြို့နယ်ရုံးမှာ ပါတီဝင်တွေနဲ့ ပျူတွေ အရက်ဝိုင်းဖွဲ့နေစဉ် မိုင်းခွဲတိုက်ခိုက်

BBM-ဒီဇင်ဘာ၂၆
သတင်း-ခက်ဆစ်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လုပ်ဆောင်နေတဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP မြို့နယ်ရုံးကို မြို့ပြ UG တော်လှန်ရေးအဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army YA ထံမှ သိရပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်၊ ည ၁၀ နာရီ ၄၆ မိနစ်မှာ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းလုပ်‌ဆောင်နေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP မှော်ဘီမြို့နယ်ရုံးကို ရုံးစောင့်ပါတီဝင်တွေနဲ့ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ အရက်ဝိုင်းဖွဲ့နေစဉ် ပြင်းအားမြင့် မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့ ထိရောက်စွာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"တိုက်ခိုက်မှုက မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ၊ ပြေးရင်းနဲ့လက်ပစ်တလုံးပါ ထပ်ဆော်လိုက်တယ်၊ အရက်ဝိုင်းဖွဲ့နေတဲ့ ပျူရုံးစောင့်တွေဘဝတော့မတွေးရဲဘူး၊ ပျူတွေအရပ်ဝတ်တွေနဲ့အရက်သောက်နေကြတာ" လို့ Yangon Army YA မှ တာဝန်ရှိသူတဦးက BBM ကိုပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ နေရာတွေ၊ တရားမဝင်ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ နေရာတွေ၊ ပါဝင်လုပ်ကိုင်နေကြသူတွေကို ပစ်မှတ်ထားပြီး ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ Yangon Army YA အဖွဲ့က အသိပေးထားပါတယ်။

"ကျနော်တို့က ဆက်တိုက် တိုက်ခိုက်နေမှာပါ၊ မဲရုံစောင့် Non ဆရာမတွေလဲသတိထားကြဖို့ ဘုရားဝတ်ပြုပြီးမှသွားကြဖို့မှာချင်ပါတယ်၊ ပြည်သူတွေအနေနဲ့လဲ မဲရုံဆီကို လုံးဝမသွားကြဖို့ထပ်မှာချင်ပါတယ်" လို့ အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Yangon Army YA နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#bbmnews #bbm #bbmtv #ppp #thetthetkhing
👍11❤5
👍11
👍8
👍10
👍12
👍9
အောင်လံမှာ စစ်ကားတစ်စီးကို တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါ စကစတပ်သား ၁၆ ဦးသေဆုံးထိခိုက်

BBM-ဒီဇင်ဘာ၂၆
သတင်း-ခက်ဆစ်

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ အင်အား ၂၀ ခန့်ပါ စစ်ကောင်စီ ကားတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၆ ဦးခန့် သေဆုံးထိခိုက်ခဲ့တယ်လို့ Yoma Fighter Column က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်၊ မနက် ၈ နာရီခွဲခန့်မှာ အောင်လံမြို့ ခလရ ၇၁ မှ အင်အား ခန့်ပါ စစ်ကားတစ်စီးဟာ အောင်လံမြို့နယ်၊ လှေတုန်းနဲ့ တံခွန်တိုင် ကျေးရွာကြားသို့ မိုင်းကွင်းအား လာရောက်စစ်းဆေးတဲ့အချိန်မှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ အရာရှိ တစ်ဦးအပ့ါအဝင် စစ်သား ၁၆ ဦးခန့် ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Yoma Fighter Column က ဦးဆောင်ပြီး နေပြည်တော်တပ်ရင်း (၉၀၂)၊ နေပြည်တော်တပ်ရင်း (၈၀၄) နဲ့ သရက်ခရိုင်အမှတ်(၁)တပ်ရင်း တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video - Yoma Fighter Column

#bbmnews #bbm #bbmtv #yomafightercolumn #aunglan
👏8👍3
သရက်ထောင်မှာ နိုင်ကျဉ်းတွေကို ထောင်ပိုင်အသစ် ရွှေမင်းမောင်နဲ့ တပည့် နှိပ်စက်မှုကြောင့် သေဆုံးမှုတွေရှိနေ

BBM-ဒီဇင်ဘာ ၂၆
သတင်း-Richard

မကွေးတိုင်း၊ သရက်ထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပိုင်အသစ် ရွှေမင်းမောင်နဲ့ တပည့် ဝင်းမြင့်သိန်းတို့က ဖက်ဆစ်ဆန်ဆန်နှိပ်စက်နေတာကြောင့် သေဆုံးမှုတွေရှိနေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်က BBM ကို ဒီဇင်ဘာလ ၂၅ ရက်မှာ ပြောပါတယ်။

အရင်က အဆိုပါသရက်ထောင်မှာ အခုလောက်ဆိုးရွားမှုမရှိဘဲ ထောင်ပိုင်အသစ်နဲ့ တပည့်တို့ ပြောင်းလာမှ ပိုဆိုးလာတာလို့ ဆိုပါတယ်။

“‌ရွှေမင်းမောင်က ခြေထောက်တစ်ဘက်ပြတ်နေတဲ့ စစ်တပ်အသွင်ပြောင်းတစ်ယောက်ဖြစ်ပြီး သဘောထားတင်းမာသူလဲဖြစ်တယ်ဗျ” လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

အကျဉ်းသားတွေကိုလည်း စိတ်ကြိုက်နှိပ်စက်လေ့ရှိပြီး လူအခွင့်အရေးလည်းဂရုမစိုက်ဘူးလို့ အမြဲပြောလေ့ရှိတယ်လို့ သိရပါတယ်။

“အခုလိုညှင်းပန်းနှိပ်စက်ရိုက်နှက်နေရတာကို သဘောကျသာယာတတ်သူဖြစ်တယ်ဗျ၊ သူကိုယ်တိုင်လည်း ဒါမျိုးလုပ်ရတာကို ဂုဏ်ယူပြီး ပြောလေ့ရှိတယ်”လို့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ရွှေမင်းမောင်နဲ့ ၀င်းမြင့်သိန်းကြောင့် အချို့အကျဉ်းသားတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ မူမမှန်မှုတွေရှိလာပြီး အကျဉ်းသားအချို့ဆို သူတို့ရဲ့ထောင်တွင်းညှင်းပန်းနှိပ်စက်မှုကြောင့်ဆေးရုံတက်ရတာတို့ သေဆုံးတဲ့အထိ အဖြစ်အပျက်တွေရှိနေကြောင်း ဆိုပါတယ်။

“ကျွန်တော့်အသိဆို ၂၀၂၂ ကတည်းကျတာ၊ အစောပိုင်းက အင်းစိန်ကနေ ထောင်အဆင့်ဆင့် ပြောင်းလာတာ လက်ရှိ သရက်ထောင်မှာပေါ့၊ သူတို့လည်း အတော်ခံရရှာတာ၊ ခွေးတွေရဲ့ ဒဏ်ကို”လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသား စုစုပေါင်း ၃၀၁၉၃ ဦးရှိလာပြီးတော့ ကျဆုံးသူ စုစုပေါင်း ၇၆၂၃ ဦး ရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း ထုတ်ပြန်ထားပါတယ်။

#bbmnews #bbm #bbmtv #magway #AAPP
😡12👍1👎1
🖕15👍1👎1
ဟားခါးအခြေစိုက် ခလရ ၂၆၆ ကို CDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်

BBM - ဒီဇင်ဘာ ၂၆
သတင်း - နိုင်နိုင်

ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းကို ချင်းကာကွယ်ရေးတပ် (CDF - ဟားခါး) အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ပထမအပိုင်းကို ကျင်းပဖို့ ၂ ရက်သာလိုတော့တဲ့ ဟားခါးမြို့ကို ချင်းကာကွယ်ရေးတပ် (CDF - ဟားခါး) အဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ ၂၆ ရက်၊ မနက် ၆ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲတွေဟာ မနက်အစောပိုင်းကနေ နေ့လယ်ပိုင်းအထိ ဟားခါးမြို့အနီးတဝိုက်တွေမှာ ပြင်းထန်စွာဖြစ်ပွားနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ဂျက်ဖိုက်တာ၊ Y - 12 တွေနဲ့ ဗုံးကြဲချတိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

"ဒီမနက် ၆ နာရီခွဲကတည်းက တိုက်ပွဲတွေ စဖြစ်တာပါ၊ တိုက်ပွဲတွေက အရမ်းပြင်းထန်ပါတယ်၊ ရုန်းတောင်ပေါ်က စစ်ကောင်စီတပ်စခန်းတွေထဲမှာလည်း မီးတွေအတော်လောင်နေတာ မြင်ရပါတယ်" လို့ ဟားခါးဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် ဟားခါးမြို့ဒေသခံတွေဟာ နီးစပ်ရာနေရာတွေကို စစ်ဘေးတိမ်းရှောင်နေကြရသလို အိမ်ထဲကနေ အိမ်အပြင်မထွက်ရဲကြတဲ့သူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ချင်းကာကွယ်ရေးတပ် (CDF ဟားခါး) ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။

#BBM #BBMNews #CDF #Hakha #UpdateNews
👏12👍2