3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
ဘီးလင်းမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သား ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

BBM-ဒီဇင်ဘာ၂၅
သတင်း - ကိုဟန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးကြီး(အရှေ့ရွာ)ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်လိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဘီးလင်းမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ၃ မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာတွေ ဘက်ကို လက်နက်ကြီးရမ်းသန်းပစ်ခတ်ခဲ့တာပါ။

စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက အလူးကြီးကျေးရွာအရှေ့ဘုန်းကြီးကျောင်းဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့တဲ့ အတွက် အမျိုးသမီး ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးက BBM ကို ပြောပါတယ်။

“ခါတိုင်းလဲ ပစ်နေတာပဲ၊ ရွာထဲကျတယ်၊ တခါကျတော့ ရွာပြင်ဘက်တွေ ကျတာလည်း ရှိတယ်၊ အခုက ကျောင်းထဲ ကျပြီး ရွာသားတွေ ထိတာပါ၊ ခေါင်းနဲ့ ရင်ဘတ်မှာ ထိတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂၃ နှစ်အရွယ် မထွေးဝင်း၊ အသက် ၅၀ နှစ်ရွယ် ဒေါ်ချောနဲ့ အသက် ၃၀ နှစ်အရွယ် ဒေါ်ခိုင်သွယ်ဝင်းတို့ သေဆုံးသွားကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးက လက်နက်ကြီးအစ ထိမှန်ခဲ့ပြီး စိုးရိမ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်အကြားရှိ ကျေးရွာတွေဘက်ကို စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သား သေဆုံးမှုတွေ မကြာမကြာ ရှိနေပြီး အချို့ဆို ခြေလက်ဖြတ်တောက်ဒဏ်ရာများ ရရှိခဲ့တာ ရှိတယ်လို့ စစ်ရှောင်ကူညီသူ တဦးက ပြောပါတယ်။

“အဲဒီအနားဝိုက်က ရွာသားတွေဆို လေယာဉ်အသံကြားတာ၊ ကျယ်လောင်တဲ့ အသံကြားလိုက်တာနဲ့ ကြောက်လန့်နေကြပြီး ကလေးတွေကအစ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးခံနေရတာ စစ်တပ်က သူတို့ ပစ်ချင်တာကို ပစ်နေတာပဲ၊ အခုက တိုက်ပွဲမဟုတ်ရင် ထွက်ပြေးတာမျိုးတော့ နည်းသွားကြပြီး ဗုံးခိုကျင်းထဲ ဝင်တယ်၊ ငြိမ်သွားရင် အိမ်မှာပဲ ပြန်နေတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဒုတိယအပတ်ကလည်း ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်ကျေးရွာ အနောက်ဘက်ခြမ်းကို လေယာဉ်ဗုံးကြဲမှုကြောင့် ငါးဦးသေဆုံးကာ ၉ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ရက်နီးလာတာနဲ့အမျှ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးတာ၊ ဗုံးကြဲတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓါတ်ပုံ -ပုံဟောင်း
😡9👎1
😢9👎1
ကပစ(၂၄)မှလာတဲ့ အင်အား၂၀၀ ကျော်ပါ စကစ စစ်ကြောင်းကို (၄)ကြိမ်တိုက်ခိုက်

🟥စကစ(၁၂)ဦးထက်မနည်းသေဆုံးပြီး(၃၇)ဦးဒဏ်ရာရ

BBM-ဒီဇင်ဘာ၂၅
သတင်း-မင်းသော်

ကာကွယ်ရေးပစ္စည်းစက်ရုံ (၂၄)မှ ထွက်လာတဲ့ အင်အား၂၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက (၄)ကြိမ်တိုင်တိုင် တိုက်ခိုက်ရာ စကစ (၁၂)ဦးထက်မနည်းသေဆုံးပြီး ၃၇ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF)ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ၉ရက်နေ့ကစပြီး ကပစ(၂၄)မှ ဇီးပြား၊ ထရော်ကိုင်း စစ်တပ်စခန်းနဲ့ ပျူစောထီးရွာတွေထွက်လာတဲ့ အင်အား(၂၁၁)ယောက်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်များက ဒီဇင်ဘာလ(၉)ရက်၊ (၁၀)ရက်၊ (၁၆)ရက်နဲ့ ၂၀ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်မှ (၁၂)ဦးထက်မနည်းသေဆုံးပြီး (၃၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးအင်အားစုတွေဘက်မှလည်း ရဲဘော်(၂)ဦကျဆုံးပြီး (၅)ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/ PDA)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပခုက္ကူ) (Borderless)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF)၊ Phoenix Guerrila Force (ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ ပေါက်၊မြိုင် (ပကဖ)၊BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်သည် လူထုလွတ်မြောက်ရေး နှင့် နိုင်ငံတော်သစ်ဆီသို့ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SAF မှ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-SAF
👍12👏3
10👍2👏1
ကျိုက်ထိုမြို့နယ်မှာ လာရောက်ပျော်ပါးတဲ့ ဒုအရာခံဗိုလ်သန်းဝင်းကို တော်လှန်ရေးအဖွဲ့တွေဖမ်းဆီး

BBM-ဒီဇင်ဘာ၂၅
သတင်း-မင်းသော်

ကျိုက်ထိုမြို့နယ်မှာ လာရောက်ပျော်ပါးတဲ့ ဒုအရာခံဗိုလ် သန်းဝင်းဆိုသူကို တော်လှန်ရေးအင်အားစုတွေက သတင်းအတိအကျဖြင့် ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)ထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ၁၀ရက်(အသံတိတ်သပိတ်)ကျင်းပတဲ့ရက်က နေ့လယ်၁နာရီပတ်ချာလည်လောက်မှာ ဒုအရာခံဗိုလ် သန်းဝင်းဆိုသူက ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းချောင်းကျေးရွာရှိ ကဒက်ချောင်းမှာ ပျော်ပါးစားသောက်ရန် လာရောက်ကြောင်းသတင်းအတိအကျရရှိတာကြောင့် သွားရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

ဒီလိုသွားဖမ်းရာမှာ အဖွဲ့ရဲ့ လုံခြုံရေးလုပ်ထုံးလုပ် နည်းများအတိုင်းဆောင်ရွက်ခဲ့ပေမဲ့ သေနတ်တစ်ချက်မှ မပစ်ဖောက်တဲ့အပြင် ပြည်သူက်ု ရိုင်းပျစွာ ဆဲရေးခြင်းလည်းမရှိဘဲ ဒုအရာခံဗိုလ်ကိုသာ ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာကိုအပ်နှံကာ ဥပဒေအတိုင်းအရေးယူထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လုံခြုံရေးအခြေအနေများကြောင့် အဆိုပါဖမ်းဆီးမှုကို ယခုမှထုတ်ပြန်ခြင်းဖြစ်ပြီး KRF အနေနဲ့ စစ်အာဏာရှင် စနစ်ကျဆုံးသည်
အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကာ ပြည်သူလူထု နစ်နာစေမဲ့ ဖောက်ခွဲမှု ၊ ပစ်ခတ်မှုများကို ပြုလုပ်ခြင်းမရှိဘူးဟုလည်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ ထုတ်ပြန်ကြေငြာထားပါတယ်။
6👍3👏2
👍4🖕2😁1
မိုးကုတ်မှာ အောင်မြေကျောင်း ပျူဘုန်းကြီးက ဓ‌မ္မောဒယ ဂေါ်ရခါးဘုန်းကြီးကျောင်းကို အကြမ်းဖက်သိမ်းပိုက်

🟥စစ်ကောင်စီတပ်က အောင်မြေကျောင်းကနေ လက်နက်ကြီးတဲ့ပစ်ခတ်တိုက်ခိုက်နေ

BBM-ဒီဇင်ဘာ ၂၆
သတင်း-Richard

လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ မိုးကုတ်မြို့မှာ စစ်ကောင်စီရဲ့ အောင်မြေကျောင်းထိုင် ပျူဘုန်းကြီးက ဓမ္မောဒယ ဂေါ်ရခါးဘုန်းကြီးကျောင်းကို စီးနင်းခဲ့ပြီး စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က BBMကိုပြောပါတယ်။

အဆိုပါ ဓမ္မောဒယ ဂေါ်ရခါးဘုန်းကြီးကျောင်းကို ဒီဇင်ဘာလ ၂၄ရက်နေ့မှာ ၀င်ရောက်စီးနင်းခဲ့ပြီး ဒီဇင်ဘာလ ၂၅ရက်နေ့မှာ စစ်ကောင်စီက ရှော့တိုက်ဒုံးနဲ့ အနည်းဆုံး ၈ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီမနက် ၈ခွဲ ၀န်းကျင်ကစပစ်တာ။ အိမ်ထိပ်နားမှာတင် ကွဲတော့ အသံလည်းပိုဆူတယ်။ အသတွေအိမ်ကိုထိတယ်”လို့ မိုးကုတ်မြို့ခံတစ်ဦးက BBMကိုပြောပါတယ်။

မိုးကုတ်မြို့ကို တော်လှန်ရေးအဖွဲ့တွေ စတင်မသိမ်းပိုက်ခင်က အဆိုပါ အောင်မြေကျောင်းထိုင် ပျူဘုန်းကြီးက ‌ဓမ္မောဒယ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်နဲ့ ပေါင်းကာ သိမ်းပိုက်ခဲ့ဖူးပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ မိုးကုတ်မြို့ကို သိမ်းပိုက်လိုက်တဲ့အချိန်မှာတော့ အဆိုပါ ပျူဘုန်းကြီးကို မောင်းထုတ်ပြီး မူလက သီတင်းသုံးနေကြတဲ့ ဂေါ်ရခါးဘုန်းကြီးတွေကို ပြန်လည် သီတင်းသုံးစေတယ်လို့ ဆိုပါတယ်။

“ဂေါ်ရခါးဘုန်းကြီးတွေက သာမန်ဘုန်းကြီးတွေနဲ့မတူဘူးဗျ။ ဦးခေါင်းထိပ်မှာ ဆံပင်အနည်းငယ်ချန်ပြီး ကျန်တာအကုန်ရိတ်ထားတာဗျ။ ဘုန်းကြီးချင်းတူတာတောင် စကစ လက်ကိုင်တုတ် ဘုန်းကြီးက လူးပါး၀တာပေါ့”လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

မိုးကုတ်မြို့ကို TNLAက စစ်ကောင်စီကို ‌ပေးလိုက်တဲ့အချိန်မှာ တော်လှန်ရေးတပ်တွေက မိုးကုတ်မြို့ မကျရောက်ရေးအတွက် အစွမ်းကုန်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

#bbmnews #bbm #bbmtv #TNLA #Mogok
🤬62
👍4😢1
အမေရိကန်-ဆိုးလ် နျူကလီးယား ရေငုပ်သင်္ဘော သဘောတူညီချက်ကို “ရန်လိုတဲ့ လုပ်ရပ်” အဖြစ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ် ဝေဖန်

BBM-ဒီဇင်ဘာ ၂၆

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန်နဲ့ တောင်ကိုရီးယားအကြား နျူကလီးယားရေငုပ်သ‌င်္ဘောပရောဂျက်ကို ကိုရီးယားကျွန်းဆွယ်ရဲ့ တည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဝေဖန်ပြစ်တင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကင်ဂျုံအန်က ဆိုးလ်နဲ့ ဝါရှင်တန်အကြား သဘောတူညီချက်ဟာ “ပြုံယမ်းရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်တဲ့ ထိုးစစ်ဆင်မှုတစ်ခုဖြစ်ပြီး တန်ပြန်ရမယ့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု” ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခုချိန်မှာ မြောက်ကိုရီးယားရဲ့ ရေတပ်ခေတ်မီအောင်ပြုလုပ်တာနဲ့ နျူကလီးယားလက်နက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ပိုမိုအရှိန်မြှင့်တင်လုပ်ဆောင်တာတွေ အရေးတကြီးလိုအပ်နေပြီလို့ ကင်မ်က
ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၄ရက်နေ့က ကင်မ်က ပြုံယမ်းဟာ “တန်ချိန် ၈,၇၀၀ တန် နျူကလီးယားစွမ်းအင်သုံး မဟာဗျူဟာမြောက် ဒုံးကျည်ရေငုပ်သင်္ဘော” တည်ဆောက်နေတဲ့ စက်ရုံကို လှည့်လည်ကြည့်ရှုစဉ် အဆိုပါမှတ်ချက်တွေ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံပိုင် မီဒီယာ KCNAရဲ့ အဆိုအရ ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားခေါင်းဆောင်ဟာ ဂျပန်ပင်လယ်ထဲကို အဝေးပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်အသစ်တစ်စင်း စမ်းသပ်ပစ်ခတ်တာကို ကြီးကြပ်ခဲ့ပါတယ်။

အဆိုပါ ဒုံးကျည်ကို “ကိုရီးယားအရှေ့ပင်လယ်” လို့ ရည်ညွှန်းဖော်ပြခဲ့ပါတယ်။

အဆိုပါ ပစ်ခတ်စမ်းသပ်မှုဟာ အောင်မြင်ခဲ့ပြီး ဒုံးကျည်ဟာ ကီလိုမီတာ ၂၀၀ ( ၁၂၄ မိုင်) အမြင့်ရှိ ပစ်မှတ်အတုတစ်ခုကို အောင်မြင်စွာ ထိမှန်ခဲ့ကြောင်း KCNAက ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယား Yonhap သတင်းဌာနရဲ့ အဆိုအရ ဆိုးလ်က အမေရိကန်နဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောနည်းပညာ ရယူဖို့ “သီးခြားသဘောတူညီချက်” ကို လုပ်ဆောင်နေကြောင်း ပြောကြားချိန်မှာ မြောက်ကိုရီယားရဲ့ စမ်းသပ်ချက်အောင်မြင်မှု ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။

Reference-Al Jazeera
Translator-Richard
Photos-Al Jazeera

#bbmnews #bbm #bbmtv #NorthKorea #nuclear
👍61😁1
😁6👍2
👍4👎1
👍5👎1
မှော်ဘီမှာ ဒေါ်သက်သက်ခိုင်ရဲ့ PPP မြို့နယ်ရုံးမှာ ပါတီဝင်တွေနဲ့ ပျူတွေ အရက်ဝိုင်းဖွဲ့နေစဉ် မိုင်းခွဲတိုက်ခိုက်

BBM-ဒီဇင်ဘာ၂၆
သတင်း-ခက်ဆစ်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လုပ်ဆောင်နေတဲ့ ဒေါ်သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP မြို့နယ်ရုံးကို မြို့ပြ UG တော်လှန်ရေးအဖွဲ့တွေက မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army YA ထံမှ သိရပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်၊ ည ၁၀ နာရီ ၄၆ မိနစ်မှာ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းလုပ်‌ဆောင်နေတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP မှော်ဘီမြို့နယ်ရုံးကို ရုံးစောင့်ပါတီဝင်တွေနဲ့ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ အရက်ဝိုင်းဖွဲ့နေစဉ် ပြင်းအားမြင့် မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့ ထိရောက်စွာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"တိုက်ခိုက်မှုက မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ၊ ပြေးရင်းနဲ့လက်ပစ်တလုံးပါ ထပ်ဆော်လိုက်တယ်၊ အရက်ဝိုင်းဖွဲ့နေတဲ့ ပျူရုံးစောင့်တွေဘဝတော့မတွေးရဲဘူး၊ ပျူတွေအရပ်ဝတ်တွေနဲ့အရက်သောက်နေကြတာ" လို့ Yangon Army YA မှ တာဝန်ရှိသူတဦးက BBM ကိုပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ နေရာတွေ၊ တရားမဝင်ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ နေရာတွေ၊ ပါဝင်လုပ်ကိုင်နေကြသူတွေကို ပစ်မှတ်ထားပြီး ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ Yangon Army YA အဖွဲ့က အသိပေးထားပါတယ်။

"ကျနော်တို့က ဆက်တိုက် တိုက်ခိုက်နေမှာပါ၊ မဲရုံစောင့် Non ဆရာမတွေလဲသတိထားကြဖို့ ဘုရားဝတ်ပြုပြီးမှသွားကြဖို့မှာချင်ပါတယ်၊ ပြည်သူတွေအနေနဲ့လဲ မဲရုံဆီကို လုံးဝမသွားကြဖို့ထပ်မှာချင်ပါတယ်" လို့ အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Yangon Army YA နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#bbmnews #bbm #bbmtv #ppp #thetthetkhing
👍115
👍11