3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
ရေဖြူမြို့နယ် တိုက်ပွဲမှာ သားအမိနှစ်ဦးသေဆုံးကာ ၁၀ ဦးနီးပါး ဒဏ်ရာရ

BBM-ဒီဇင်ဘာ ၅
သတင်း - ကိုဟန်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သားအမိနှစ်ဦးသေဆုံးကာ ၁၀ ဦးနီးပါး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မနေ့ ဒီဇင်ဘာလ ၂၃ ရက် မနက်အစောပိုင်းမှာ ညင်းထွေးကျေးရွာနဲ့ ဇီးကျကျေးရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုတွေအကြား အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။

“ကလေးအမေနဲ့ ကလေး ဆုံးတယ်၊ ကျန်တဲ့ ကလေးတွေ လူကြီးတွေ ဒဏ်ရာရတာ ၉ ဦး၊ ၁၀ ဦး လောက်ရှိ တယ်၊ အများစုက လက်နက်ကြီးအစတွေ ထိမှန်တာပါ” လို့ ပြောပါတယ်။

ယခုထိခိုက်သေဆုံးသွားတဲ့သူတွေဟာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးထားတဲ့ ဒေသခံအရပ်သားတွေ ဖြစ်ကြတယ်လို့ ပြောဆိုနေကြပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဇီးကျကျေးရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဘက်က ဝင်ရောက် တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“မနက်ပိုင်းက ဘုရားကုန်၊ ရိပ်သာလိုမျိုး နေရာမှာ စစ်တပ်က အင်အား တရာကျော်လောက်တပ်စွဲထားတာလေ တိုက်ပွဲက နေ့လယ်ပိုင်းလောက် ငြိမ်သွားတယ်၊ မပြီးသွားဘူး၊ ဖြစ်လိုက် နားလိုက်ကတော့ မိုးလင်းတဲ့အထိပဲ ပြောတယ်”လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးရှိတယ်လို့ ပြောပေမယ့် အတိအကျကို အတည်ပြုနေဆဲဖြစ်ကြောင်း ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားချိန် ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် တိုက်ပွဲဖြစ်ပြီးနောက် ပုံမှန်အတိုင်း ပြန်လည် သွားလာခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

အသေးစိတ်ကို သိရှိနိုင်ဖို့ ဒေသတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိသေးပေ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးရှိတယ်လို့ သူကပြောပေမယ့် အတိအကျကို အတည်ပြုနေဆဲဖြစ်ကြောင်း ဆိုပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားတွေထဲက အချို့က ဆေးကုသမှု ခံယူနေရသလို အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ရေဖြူမြို့ပေါ်မှာ ရှိတဲ့ စစ်တပ်အရပ်ဘက်ရုံးတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မဲပေးစက်အပါအဝင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ - Social Media

#bbmnews #BBM #BBMtv #yephyu #PDF
4😢3👍1
5👍1
ရေတာရှည်မှာ မဲရုံတည်ဆောက်ထားတဲ့ရွာတွေရှိ စကစအထိုင်စခန်းတွေကို PDF တပြိုင်တည်းတိုက်ခိုက်

🟥စကစတပ်သား ၁၀ ဦးသေဆုံးထိခိုက်ပြီး အထိုင်စခန်းအချို့နဲ့ မဲရုံနေရာတွေကို ရှင်းလင်းခဲ့

BBM - ဒီဇင်ဘာ ၂၅
သတင်း - ခက်ဆစ်

ပဲခူးတိုင်း၊ ရှေတာရှည်မြို့နယ်အတွင်း မဲရုံတွေတည်ဆောက်ထားတဲ့ ကျေးရွာတွေရှိ စစ်ကောင်စီ အထိုင်စခန်းတွေကို အတုအယောင်ရွေးကောက်ပွဲဟန့်တားတိုက်ဖျက်တဲ့ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးထိခိုက်ခဲ့တယ်လို့ နေပြည်တော် PDF က ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ဖို့အတွက် အမှတ် (၂)စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ဆွာမကြီးကျေးရွာနဲ့ အနောက်ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတို့မှာ မဲရုံတွေတည်ဆောက်ပြီး အနီးပတ်ဝန်းကျင်ကျေးရွာမှ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒီဇင်ဘာလ ၂၃ ရက်မှာ နေပြည်တော် PDF မှ တပ်ရင်းတွေရဲ့ စုဖွဲ့အင်အားနဲ့ ရေတာရှည်မြို့နယ်တွင်း စစ်ကောင်စီတပ် အထိုင်စခန်းချ ကျေးရွာတွေဖြစ်တဲ့ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ဆွာမကြီး၊ ရွာသစ်၊ အိုးမြေဒူးကျေးရွာတွေနဲ့ အနောက်ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာတို့ကို တပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအထိုင်စခန်းချပြီး မဲရုံတည်ဆောက်ထားတဲ့ ဆွာမကြီးကျေးရွာနဲ့ အဲဒီရွာကို အကာအကွယ်ပေးထားတဲ့ ရွာသစ်ကျေးရွာ အထိုင်စခန်းတို့ကို အဓိကပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆွာမကြီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်တပ်ရဲ့ အထိုင်စခန်းအချို့နဲ့ မဲရုံနေရာတွေကို ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦး ထိခိုက်သေဆုံးပြီး အခြားတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးမှု မရှိခဲ့ဘူး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ အနောက်ဘက်ကမ်းမှ အရှေ့ဘက်ကမ်းသို့ စစ်ကူ အင်အားတွေ ဖြည့်တင်းတာ၊ လေယာဉ်နဲ့ဗုံးကြဲတာ၊ ၁၂၀ မမ အပါအဝင် လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးတာတွေကြောင့် ကျေးရွာတွေအတွင်းမှ ပြန်လည်ဆုတ်ခွာပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ကျေးရွာတွေအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ချိန်မှာ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း ဘေးလွတ်ရာနေရာတွေကို စနစ်တကျရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုတိုက်ခိုက်ခဲ့တာကြောင့် အတုအယောင်ရွေးကောက်ပွဲကျင်းပမဲ့ သတ်မှတ်နေရာဖြစ်တဲ့ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တခုတည်းသော မဲရုံဖြစ်တဲ့ ဆွာမကြီးကျေးရွာမဲရုံကို အနောက်ဘက်ကမ်းသို့ ရွှေ့ပြောင်းသွားတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို တားဆီးနိုင်ရေးအတွက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ နေရာတွေအားလုံးကို ဖြစ်နိုင်တဲ့နည်းလမ်းတွေ အားလုံးနဲ့ ဟန့်တားသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း အတုအယောင်ရွေးကောက်ပွဲကို မဲမထည့်ခြင်းဖြင့် ဆန့်ကျင်တားဆီးပေးကြဖို့ နေပြည်တော် PDF က အသိပေးတိုက်တွန်းထားပါတယ်။

#bbmnews #bbm #bbmtv #PDF #election
👍17
၀က်လက်နယ် ထုံးဘိုရွာတောင်ဘက်ရှိ စစ်ဘေးရှောင်နေရာကို စကစ ကအတွဲလိုက်ဗုံး ၁၂ လုံးနဲ့တိုက်ခိုက်

BBM-ဒီဇင်ဘာ ၂၅
သတင်း-Richard

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ် အရှေ့မြောက်ခြမ်း၊ ထုံးဘိုရွာတောင်ဘက်ရှိ စစ်ရှောင်ပြည်သူတွေနေထိုင်ရာ နေရာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Wetlet Informational Network ရဲ့တာ၀န်ရှိသူက BBM ကိုပြောပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်၊ နေ့လယ် ၁၁ နာရီ ၂၄ မိနစ်နဲ့ ၃၃မိနစ်မှာ ထုံးဘိုရွာတောင်ဘက်ရှိ သန်းကုန်းတော်တိုက်အနီးကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ၂ စီးက ကလက်စတာဗုံးသီး ၁၂ လုံးနဲ့ကြဲချခိုက်ခဲ့တာပါ။

အဆိုပါ နေရာဟာ စစ်ရှောင်တွေနေထိုင်တဲ့နေရာသာဖြစ်ပြီးတော့ ဒီဇင်ဘာလ တစ်လထဲမှာပဲ ၃ ကြိမ်တိတိ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“လက်ရှိ အဲဒီမြောက်ဘက်မှာ ကျောက်မြောင်း ခမရ ၁၂ နဲ့ မခေါက်ဟင်္သာကြီးဘက်မှ ပျူတွေပေါင်းပြီး တောင်ဘက်ကို စစ်ကြောင်းထိုးထားတယ်ဗျ၊ လက်ရှိ ထုံးဘိုကြီးမြောက်ဘက် မန်ကျည်းသုံးပင်မှာ ခွေးတွေရောက်နေတယ်၊ အဲ့ကျတော့ စစ်ဘေးရှောင်တွေလည်း ထွက်ထားတယ်ဗျ၊ ဆိုတော့ အထိအခိုက်နည်းမယ်ဗျ”လို့ အဆိုပါ တာ၀န်ခံက ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးမှုအတိအကျကိုတော့ BBM အနေနဲ့ ဆက်သွယ်မေးမြန်း‌ထားဆဲဖြစ်ပါတယ်။

“သူတို့(စကစ) အတွေးကတော့ အဲ့နားလေးမှာ တော်လှန်ရေး အင်အားစုတွေရှိတယ်ပြီး ကြဲတာဗျ”လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာမျိုးမဟုတ်ဘဲ ပြည်သူတွေ စစ်ဘေးရှောင်နေရာသာဖြစ်ပြီး ဒီတစ်ကြိမ်နဲ့ဆိုရင် ၃ကြိမ်မြောက်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၁၃ ရက်၊ ၁၉ ရက်တွေမှာလည်း ထုံးဘိုရွာတောင်ဘက်ကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီဇင်ဘာလ ၁၉ ရက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ၄ နှစ်သားကလေးငယ်အပါအ၀င် ၄ ဦးသေဆုံးပြီး ၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပုံ-wetlet informational network

#bbmnews #bbm #bbmtv #WetletInformationalNetwork #airstrikes
🤬7👍1
🤬8👍1🥰1
စလင်းနဲ့ ဆင်ဖြူကျွန်းမြို့ရှိ စကစတပ်စခန်းများ အပြီးသတ်သိမ်းပိုက်မည်ဟု စလင်းမြို့နယ် ပကဖ ကြေညာ

BBM-ဒီဇင်ဘာ ၂၅
သတင်း - ခက်ဆစ်

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းတွေကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ စလင်း က ဒီဇင်ဘာလ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက အပြီးသတ် သိမ်းပိုက်သွားမှာ ဖြစ်တာကြောင့် ဆင်ဖြူကျွန်းမြို့နေ ပြည်သူတွေအနေနဲ့ ဒီဇင်ဘာလ ၂၅ ရက်၊ မနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း စလင်းမြို့နယ်ဘက်သို့ ရွှေ့ပြောင်းသွားလာနိုင်ကြောင်း စလင်း ပကဖ အသိပေးထားတာပါ။

ဒါ့အပြင် စလင်းမြို့နဲ ဆင်ဖြူကျွန်းမြို့မှ အိမ်စီးကားတွေအားလုံး လုံခြုံရေးအရ မှန်ချမောင်းနှင်ကြဖို့နဲ့ မှန်ချမမောင်းနှင်တဲ့ ယာဉ်တွေကို စစ်ရေးအရ တာဝန်ယူမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။

ခရီးသွားတဲ့ ယာဉ်တွေအနေနဲ့ စစ်ကောင်စီယာဉ်တန်းတွေနဲ့ အနီးကပ်မောင်းနှင်လိုက်ပါတာကို အထူးရှောင်ကြဉ်ကြဖို့ကိုလည်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်မှာလည်း စလင်းမြို့မရဲစခန်းမှ မြို့အထွက်သို့ ကား၊ ဆိုင်ကယ်တွေနဲ့ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို စလင်းမြို့နယ် ပကဖ ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၄ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ပြီး ခဲယမ်းအချိုကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Photo - စလင်း ပကဖ (ပုံဟောင်း)

#bbmnews #bbm #bbmtv #pdf #salin
6👍2
8
ရုရှားသမ္မတ ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ထံ နှစ်သစ်ကူးနေ့အထိမ်းအမှတ် စာချွန်လွှာ ပေးပို့ခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြ

BBM - ဒီဇင်ဘာ ၂၅
သတင်း - Richard

ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ဆီကိုဒီဇင်ဘာ ၁၈ ရက်နေ့က နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် သတင်းစကားပေးပို့ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ KCNA က ဒီဇက်ဘာလ ၂၅ရက် ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။

၂၀၂၅ ခုနှစ်ဟာ ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြား နှစ်နိုင်ငံ ဆက်ဆံရေးအတွက် "အထူးအဓိပ္ပာယ်" ရှိကြောင်း ပူတင်က ကင်ဂျုံအွန်ဆီ ပေးပို့တဲ့ သတင်းစကားမှာ ပြောကြားခဲ့ကြောင်း KCNA ရဲ့ အဆိုအရ သိရပါတယ်။

ရုရှားနိုင်ငံ အနောက်ပိုင်း ကာ့စ်ခ်(Kursk)ဒေသရှိ စစ်ပွဲအတွင်း မြောက်ကိုရီးယား စစ်သားတွေရဲ့ "သူရဲကောင်းဆန်တဲ့" ပါဝင်မှုအတွက် နှစ်နိုင်ငံအကြား "အရှုံးမရှိတဲ့ ချစ်ကြည်ရင်းနှီးမှုကို ရှင်းရှင်းလင်းလင်း သက်သေပြခဲ့တယ်"လို့ KCNA ရဲ့အဆိုအရ သတင်းစကားမှာ ထည့်သွင်းဖော်ပြထားတယ်လို့ သိရပါတယ်။

Reference-Reuters
Translator-Richard
Photo-Reuters

#bbm #bbmnews #russia #NorthKorea #updatenews
👍3😁1
👍3😎2👎1
ဗန်းမော်ထိုးစစ်မြှင့်တင်ပြီးနောက် KIA က စစ်စခန်းများနဲ့ လက်နက်အမြောက်အများသိမ်းဆည်းရရှိ

🟥အထိနာနေတဲ့ စစ်တပ်အနေနဲ့ လိုင်ဇာဌာနချုပ်ကို အသေခံဒရုန်းများနဲ့ တိုက်ခိုက်

BBM - ဒီဇင်ဘာ၂၅
သတင်း - မင်းသော်

ဗန်းမော်မြို့ထိုးစစ်ကို မြှင့်တင်လိုက်ပြီးနောက် KIA အနေနဲ့ ဗန်းမော်မြို့ စစ်မျက်နှာရှိ စစ်စခန်းအမြောက်အများနဲ့ လက်နက်အမြောက်အများကို သိမ်းပိုက်ရရှိခဲ့တဲ့အပြင် ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အများသေဆုံးခဲ့တယ်လို့ ဗန်းမော်မြို့ရှေ့တန်းမှ မြေပြင်ရဲဘော်တွေရဲ့အတည်ပြုပြောဆိုချက်အရ သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့) မနက်အစောပိုင်းမှစပြီး KIA အနေနဲ့ ဗန်းမော်ရှိ စစ်ကောင်စီနဲ့ ဆိုင်ထားတဲ့ စစ်မျက်နှာတွေအားလုံးကို တစ်ပြိုင်တည်း ထိုးစစ်အရှိန်မြှင့်တင်ခဲ့တာကြောင့် တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီနေရာယူထားတဲ့ စစ်မျက်နှာအတော်များများကို KIA က ရရှိလိုက်တဲ့အပြင် စစ်ကောင်စီသုံး လက်နက် အမြောက်အများကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး မြေပြင်စစ်ရေးအခြေအနေကောင်းမွန်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေပြင်ထိတွေ့မှုတွေသာမက လေကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေမှာလည်း စစ်ကောင်စီတပ်သား အမြောက်အများသေဆုံးခဲ့ရတယ်လို့ ဗန်းမော်ရှေ့တန်းစစ်မျက်နှာမှ ရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။

"ဒီနေ့ ထိုးစစ်တွေအကုန်ပြန်စတယ်၊ နေရာတော်တော်များများပြန်ရပြီ၊ လက်နက်လည်းအများကြီးသိမ်းရတယ်၊ အသေခံဒရုန်းနဲ့ ခွေးတွေ (စစ်သား) အတော်လေးထိတယ်၊ Vide၀ file ရှိတယ်၊ ခုပဲဆော်လိုက်တာ၊ တပြိုင်တည်းတိုက်တော့ တော်တော်ပွဲပျက်နေတယ်ဗျာ၊ ဒီမနက်တင် လက်နက်တော်တော်လေးသိမ်းရတယ်" လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါတင်မက ဗန်းမော်တိုက်ပွဲအတွင်း စစ်စခန်းတွေသိမ်းပိုက်နိုင်တာနဲ့ လက်နက်ခဲယမ်း သိမ်းနိုင်တာတွေနဲ့ပတ်သက်ပြီး နောက်ထပ် ဗန်းမော်မြို့အခြားစစ်မျက်နှာမှ ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေတဲ့ ရဲဘော်တစ်ဦးကလည်း BBM ကိုအတည်ပြုပြောဆိုပါတယ်။

"ဗန်းမော်ကတော့ ဒီနေ့စပြီးတော့ တိုက်တယ်လို့ သိရတယ်ဗျ၊ ဒီနေ့မနက်အစောပိုင်းလောက်ကတော့ တခြားအဖွဲ့တွေတော့မသိဘူး ကျွန်တော့်ရဲဘော်တွေကတော့ ကျွန်တော်တို့ဘက်အခြမ်းမှာ၊ ဒီကောင်တွေရဲ့နေရာကော၊ လက်နက်ခဲယမ်းတွေကော သိမ်းဆည်းရမိတာရှိတယ်ဗျ"လို့ ပြောပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ထိုးစစ်နဲ့ တချိန်တည်းမှာ မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်ခဲ့တာကြောင့် ရဟတ်ယာဥ်တစ်စီးနဲ့ တိုက်လေယာဥ်တစ်စီးတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလို တစ်ရက်အတွင်းမှာတင် ဗန်းမော်စစ်မျက်နှာမှာရော၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်မှာပါ အထိနာခဲ့တဲ့အတွက် စစ်ကောင်စီက အသေခံဒရုန်းတွေနဲ့ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း အဆိုပါရဲဘော်က ဆက်ပြောပါတယ်။

"မြစ်ကြီးနားဘက်ကအဖွဲ့တွေချတာလည်း ရဟတ်ယာဥ်တစ်စီးနဲ့ Fighter တစ်စီး ထိခိုက်သွားတယ်လို့ သိရတယ်၊ ဒီကောင်တွေအကုန်လုံး ဝိုင်းပြီးကြုံးတော့ နည်းနည်းထိလို့နဲ့တူတယ်၊ လိုင်ဇာထဲကိုတောင် အသေခံဒရုန်းတစ်စီး ဝင်လာပြီး လာချသွားတယ်"လို့ ဆိုပါတယ်။

တကျော့ပြန် စစ်ရှိန်မြှင့်တက်လာတဲ့ ဗန်းမော်မြို့နဲ့ မြစ်ကြီးနားတို့အပါအဝင် ကချင်ပြည်နယ်မှ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်ထားပေမဲ့ လက်ရှိအချိန်ထိ အကြောင်းပြန်ကြားခြင်းတော့ မရှိသေးပါဘူး။

KIA ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ စကခ(၂၁)ဌာနချုပ်ရှိရာ ဗန်းမော်မြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရေးကြီး စစ်စခန်းနေရာတွေကို သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း သြဂုတ်လဆန်းပိုင်းမှစပြီး ပိတ်ဆို့ခံထားရတဲ့ ဗန်းမော်မြို့ကို ရေကြောင်းမှတဆင့် လူ၊ လက်နက်၊ ရိက္ခာတွေ ဖြည့်တင်းခဲ့ပြီး ခုခံကာကွယ်ခဲ့ပေမဲ့လည်း အထိနာမှုတွေရှိနေတယ်လို့ သိရပါတယ်။

#bbm #bbmnews #Bhamo #Kachin #KIA #UpdateNews
👍147
👍194
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ စစ်ဘေးရှောင် ၅ သောင်းကျော် အနွေးအထည်၊ စောင်နဲ့ ခြင်ထောင်များ လိုအပ်နေ

BBM - ဒီဇင်ဘာ ၂၅
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်ဦးရေ ၅ သောင်းကျော်ဟာ လက်ရှိဆောင်းရာသီကာလကို ရောက်ရှိလာတာကြောင့် အနွေးအထည်တွေ၊ စောင်နဲ့ ခြင်ထောင်တွေ လိုအပ်လျက်ရှိနေကြတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေမှာ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ပေါက်တောနဲ့ ရသေ့တောင်စတဲ့မြို့နယ်တွေမှ ထွက်ပြေးတိမ်းရှောင်လာကြတဲ့သူတွေလည်း ဖြစ်ပါတယ်။

လက်ရှိ အဆိုပါစစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်ရှားပါးတာ၊ ဝင်ငွေမရှိတာတွေကြောင့် ဆောင်းရာသီကို ရောက်ရှိလာ‌ပေမဲ့လည်း အနွေးအထည်တွေ၊ စောင်တွေနဲ့ ခြင်ထောင်တွေကို ဝယ်ယူဖို့အတွက် အခက်အခဲတွေ ဖြစ်နေကြတယ်လို့ ပုဏ္ဏားမြို့နယ်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက BBM ကို ပြောပါတယ်။

"ဆောင်းရာသီကိုရောက်လာတော့ စစ်ရှောင်တွေမှာ အနွေးအထည်အဝတ်အစားတွေ၊ စောင်တွေနဲ့ ခြင်ထောင်တွေ လိုအပ်လျက်ရှိပါတယ်၊ အခု စောင်တစ်ထည်ဆိုရင်လည်း ၄၊ ၅ သောင်းလောက်ကျပါတယ်၊ ငွေကြေးမတတ်နိုင်တော့ မဝယ်နိုင်ဘူး ဖြစ်နေတာပါ၊ ကူညီကယ်ဆယ်ရေးအပိုင်းတွေလည်း ရတဲ့သူကရတာရှိပြီး မရတဲ့သူတွေလည်း ရှိပါတယ်၊ စစ်ရှောင်တွေဆိုတော့ အကုန်လုံးက ခက်ခဲနေကြတာပါ" လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ စစ်ဘေးရှောင်တွေမှာ အမျိုးသားတွေဆိုပါက တောတောင်တွေကို သွားရောက်ကာ ထင်းခုတ်၊ ဝါးခုတ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြရပြီးတော့ အမျိုးသမီးတွေဆိုပါကလည်း လယ်အငှားရိတ်တာ၊ ဟင်းသီးဟင်းရွက်ရောင်းချတာနဲ့ အဝတ်လျှော်၊ ရေအငှားလိုက်ခပ်ပေးတာတွေကို လုပ်ကိုင်နေကြရတယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ အဲဒီအလုပ်အကိုင်တွေကို လုပ်ကိုင်နေရပေမဲ့လည်း တစ်ရက်ဝင်ငွေ သောင်းဂဏန်းလောက်မရရှိတာကြောင့် မိသားစုအတွက် စားဝတ်နေရေးမှာလည်း ခက်ခဲနေကြတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်အမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

"ဒီဘက်မှာက အမျိုးသားတွေဆိုရင် တော၊ တောင်တွေကိုသွားပြီး ထင်းခုတ်တာ၊ ဝါးခုတ်တာ အဲဒီအလုပ်နဲ့ပဲ စားသောက်နေကြရတာပါ၊ အမျိုးသမီးတွေဆိုရင်လည်း စပါးအငှားလိုက်ရိတ်တာတွေရှိပါတယ်၊ ပြီးတော့ ဟင်းရှာပြီးတော့ ရောင်းချကြတာတွေရှိပါတယ်၊ ဒါပေမဲ့လည်း နေ့တိုင်းလိုလိုက ရနေတာတော့မဟုတ်ပါဘူး၊ တစ်ရက်လုပ်မှ တစ်ရက်စားသောက်ရတာပါ၊ နေမကောင်းဖြစ်လို့ မလုပ်တဲ့နေ့တွေဆိုရင် စားဝတ်နေရေးက အခက်အခဲဖြစ်ပါပြီ" လို့ အဆိုပါ စစ်ဘေးရှောင် အမျိုးသားက ဆက်ပြောပါတယ်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်စခန်းတွေမှာ အလုပ်ကြမ်းမလုပ်နိုင်တဲ့ သက်ကြီးရွယ်အိုပိုင်းတွေဆိုပါကလည်း အခြားမြို့ရွာတွေကို ခြေလျင်သွားရောက်ကာ အလှူခံ တောင်းရမ်းစားသောက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

"လူကြီးပိုင်းတွေဆိုရင် စခန်းမှာက ပိုအခက်အခဲရောက်ပါတယ်၊ သူတို့က အလုပ်ကြမ်းလည်း မလုပ်နိုင်ပါဘူး၊ ဒါကြောင့် စခန်းကနေပြီးတော့ တခြားမြို့တွေ၊ ကျေးရွာတွေကို လမ်းလျှောက်သွားပြီး အလှူခံတောင်းရမ်းစားသောက်ရတာတွေ ရှိပါတယ်၊ အဲဒီလို သွာရင်လည်း ညအိပ်ပြီးတော့ သွားရတာပါ၊ အလှူခံတဲ့အခါ နှင်ထုတ်ခံရဖူးတာတွေလည်းရှိပါတယ်" လို့ စစ်တွေမြို့ပေါ်က စစ်ဘေးတိမ်းရှောင်လာတဲ့ အမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေကြောင့် မြို့နယ်အသီးသီးမှ စစ်ဘေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်ဦးရေ ၇ သိန်းဝန်းကျင်ရှိနေပြီ ဖြစ်တယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေဆီက သိရပါတယ်။
😢7👍1
😢11