3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
မိုးကုတ်မြို့ရှိ စစ်ကောင်စီလက်နက်ကြီးထားရာနေရာကို ရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်

🟥မိုးကုတ်မြို့နယ်အတွင်း စကစ အခြေကုပ်နေရာအချို့ကို ရရှိထားဟု MOD ပြောထား

BBM-ဒီဇင်ဘာ၂၄
သတင်း-မင်းသော်

စစ်ကောင်စီရဲ့ လက်နက်ကြီးများထားရှိရာ မိုးကုတ်မြို့ပေါ်ရှိ မစိုးရိမ်ကျောင်းတိုက်ကို တော်လှန်ရေးအင်အားစုတွေက ယနေ့ညနေပိုင်းအတွင်း ရှော့တိုက်ဒုံး(၈)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပေါက်ကွဲမှုတွေဖြစ်ပေါ်နေတယ်လို့ မိုးကုတ်ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်၊ ဒီနေ့ ညနေ ၄ နာရီခန့်မှာ မိုးကုတ်မြို့အရှေ့ပိုင်းရှိ မစိုးရိမ် ဘုန်းကြီးကျောင်းကို တော်လှန်ရေးအင်အားစုတွေက ရှော့တိုက်ဒုံးနဲ့ (၃)ကြိမ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေ(၅)နာရီပတ်ချာလည်မှာတော့ နောက်ထပ်ရှော့တိုက်ဒုံး (၅)လုံးနဲ့ အဆိုပါမစိုးရိမ်ကျောင်းတိုက်ကိုပဲ ထပ်မံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ဒီလိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတွေရှိရာ မစိုးရိမ်ကျောင်းဝန်းအတွင်း ထိခိုက်ပေါက်ကွဲသံတွေကြားရသလို မိုးကုတ်မြို့နေအိမ်တွေမှာလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် တုန်ခါမှုတွေခံစားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

"ညနေ၄နာရီလောက်မှာ (၃)လုံးပစ်တယ်၊ ပြီးတော့(၅)နာရီပတ်ချာလည်မှာ နောက်ထပ် (၅)လုံးထပ်ပစ်တယ်ဗျ၊ ရှော့တိုက်ဒုံးပါဗျ၊ လာသံ ကြားရပြီး ကွဲသံပါကြားရတာပါ၊ တချို့ မိုးကုတ်အရှေ့ပိုင်းက အိမ်တွေဆို တုန်တောင်တုန်ပါတယ်"လို့ ပြောပါတယ်။

အခုရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မစိုးရိမ်ကျောင်းတိုက်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်ရေးအင်အားစုတွေ မိုးကုတ်ကိုမသိမ်းမီကပင် စစ်တပ်အနေနဲ့ အဆိုပါကျောင်းဝန်းအတွင်းဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပြီး ဆရာတော်တွေအနေနဲ့ အခြားနေရာတွေမှာပြောင်းလဲသီတင်းသုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းအတွင်း TNLA နဲ့ညှိနှိုင်းပြီး မိုးကုတ်မြို့ကို ပြန်ဝင်လာပြီးနောက်မှာလည်း သူတို့အရင်က စစ်စခန်းချခဲ့တဲ့ အဆိုပါ မစိုးရိမ်ကျောင်းတိုက်နဲ့ ဒေသအခေါ် ရှမ်းကျောင်းတို့မှာ ထပ်မံတပ်စွဲထားပြီး လက်နက်ကြီးများကိုလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။

"မစိုးရိမ်ကျောင်းက ဟိုအစ ဘာမှမသိမ်းခင်ကတည်းက စစ်တပ်က ဝင်ပြီးတပ်စွဲထားတဲ့နေရာပါ၊ ဆရာတော်တွေကတော့ တခြားမြို့တွေပြောင်းကုန်ပြီ၊ ခုသူတို့ပြန်ဝင်လာတော့လည်း အဲ့မှာပဲထပ်ပြီးတပ်စွဲတယ်၊ လက်နက်ကြီးတွေလည်းဆင်ထားတယ်လို့သိထားတယ်ဗျ၊ ရှမ်းကျောင်းဘက်မှာကော"လို့ အဆိုပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

မိုးကုတ်မြို့ကို ဝင်ရောက်ပြီးကတည်းက စစ်တပ်အနေနဲ့ မိုးကုတ်-နောင်ချိုလမ်းပိုင်းမှ ထပ်မံအင်အားဖြည့်တင်းတာတွေပြုလုပ်ခဲ့သလို ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာနေရာတွေကနေလည်း တော်လှန်ရေးအဖွဲ့တွေကို ပစ်ခတ်တာတွေပြုလုပ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်တော်လှန်ရေးအင်အားစုတွေကလည်း မိုးကုတ်-မိုးမိတ်စစ်ဆင်ရေးအတွက် စစ်ဦးစီးအဖွဲ့သီးသန့်ဖွဲ့စည်းထားပြီး အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်းအောက်ထားရှိကာ တိုက်ပွဲဝင်လျက်ရှိပြီး စစ်ကောင်စီအခြေကုပ်နေရာအချို့နဲ့ သုံ့ပန်းအချို့ကို ဖမ်းမိထားတယ်လို့လည်း သိရပါတယ်။

#bbm #bbmnews #Mogok #updatenews #Myanmar
👍12👎1
5👍5👎1
ရခိုင်ရေပိုင်နက်ထဲ ဘင်္ဂလားဒေ့ရှ်မှ ငါးခိုးဖမ်းတဲ့သူတွေကို AA ဆက်တိုက်ဖမ်းမိ

🟥ငါးခိုးဖမ်းတဲ့သူတွေအလွန်များပြားတာကြောင့် ဒေသခံတွေကိုယ်တိုင် အပြင်ထွက်ငါးမဖမ်းရဲဘဲဖြစ်နေ

BBM - ဒီဇင်ဘာ ၂၄
သတင်း - နိုင်နိုင်

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ရေပိုင်နက်အတွင်းကို တရားမဝင် ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်ငါးဖမ်းသမားတွေကို AA က ဆက်တိုက်ဆိုသလို ဖမ်းမိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၉ နာရီအချိန်မှာ မောင်တောမြို့နယ်၊ မြင်းလွှတ်ချောင်းဝရဲ့ အနောက်ဖက် ၃ ကီလိုမီတာအကွာအဝေးမှာ တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမား ၆ ဦးပါ စက်လှေတစ်စီးကို အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘင်္ဂလာဒေ့ရှ်နိုင်ငံကနေ တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေကြတဲ့သူတွေ များပြားလာတာကြောင့် မောင်တောနဲ့ ရသေ့တောင်မြို့နယ်က ဒေသခံရေလုပ်သားတွေမှာ ပင်လယ်ပြင်ကိုထွက်ကာ ငါးဖမ်းမထွက်ရဲကြဘူးဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"ဒီဖက်မှာ AA က ငါးခိုးဖမ်းနေကြတဲ့ စက်လှေတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာရှိပါတယ်၊ တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကနေ ဝင်ရောက်ငါးခိုးဖမ်းနေကြတဲ့သူတွေပါ၊ သူတို့တွေက မောင်တောမြို့ရေပိုင်နက်အတွင်းကို ဝင်ရောက်မှုတွေများလာတော့ ဒီကဒေသခံရေလုပ်သားတွေမှာလည်း ငါးဖမ်းမထွက်ဝံ့ကြဘူး ဖြစ်နေကြပါတယ်၊ ကမ်းနီးလောက်ပဲ ငါးဖမ်းလို့ရတဲ့အခြေအနေပါ " လို့ မောင်တောမြို့နယ်က ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

AA ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ် ရေပိုင်နက်အတွင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကနေ ဒီဇင်ဘာလ ၂၃ ရက်အထိ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ကျူးကျော် ဝင်ရောက်ငါးခိုးဖမ်းတဲ့ ငါးဖမ်းသမား ၇၉ ဦးကို အာရက္ခတပ်တော် AA က ဖမ်းမိခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ဖမ်းဆီးရမိတဲ့ ငါးခိုးဖမ်းသမားတွေကို အာရက္ခတပ်တော် AA က တရားဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့အတွက် စစ်ဆေးမေးမြန်းကာ ထိန်းသိမ်းလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော် AA ဟာ ရခိုင်ရေပိုင်နက်အတွင်းကို တရားမဝင် ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမားတွေကို အချိန်ပြည့်စောင့်ကြည့်ကာ ဖမ်းဆီးနေရတာဖြစ်တယ်လို့ မောင်တောဒေသခံ နောက်တစ်ဦးက BBM ကိုပြောပါတယ်။

"ငါးခိုးဝင်ဖမ်းတဲ့ စက်လှေတွေက အာဆာတွေဝင်လာတာလား၊ ငါးခိုးဖမ်းသမားတွေ ဝင်လာတာလားဆိုတာ ခွဲခြားလို့မရပါဘူး၊ ဒါကြောင့်ပဲ AA ကမ်းခြေစောင့်တပ်ဖွဲ့တွေက အချိန်ပြည့်စောင့်ကြည့်ပြီး ဖမ်းဆီးနေရတာပါ၊ မောင်တောဖက်ကိုလည်း အာဆာတွေက ဘင်္ဂလားဒေရှ့်ဖက်ကနေ စက်လှေတွေနဲ့ ဝင်ရောက်လှုပ်ရှားမှုတွေ ရှိပါတယ်၊ အဲတာကြောင့်ပဲ AA က လုံခြုံရေးတင်းကျပ်ထားတာပါ" လို့ သူကဆက်ပြောပါတယ်။

AA ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မြောက်ပိုင်းမှာတော့ အရက္ခတပ်တော် AA နဲ့ မွတ်ဆလင်လက်နက်ကိုင် ARSA၊ RSO၊ ARA စတဲ့အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ကြိုကြားကြိုကြားဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။

အဆိုပါ ARSA၊ RSO၊ ARA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ငါးဖမ်းသမားအဖြစ် ဟန်ဆောင်ကာ ရခိုင်ပြည်အတွင်းကို တရားမဝင် ဝင်ရောက်ကျူးကျော်လှုပ်ရှားမှုတွေ ရှိနေတယ်လို့လည်း မောင်တောဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင် - ဘင်္ဂလားဒေရှ့်နယ်စပ် မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင်အကြားရှိ AA လုံခြုံရေးစခန်းတစ်ခုကို အင်အား ၁၀ ဦးခန့်ပါ မူဆလင်လက်နက်ကိုင် အဖွဲ့တွေဟာ အလစ်အငိုက်ချောင်းမြောင်း ပစ်ခတ်ပြီးနောက် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

#bbm #bbmnews #AA #Rakhine ##bbm #bbmnews #AA #Rakhine ##UpdateNewsupdatenews
👍11
👏8👍3
မုံရွာမှာ ဆက်ကြေးကောက်၊ ရိက္ခာရှာထွက်လာတဲ့ စကစ စစ်ကြောင်းကို တိုက်ခိုက်

🟥စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

BBM-ဒီဇင်ဘာ၂၄
သတင်း-မင်းသော်

မုံရွာမြို့နယ်အတွင်း အင်အား ၂၀ ပါပြီး ဆက်ကြေးကောက်၊ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို တော်လှန်ရေးအင်အားစုတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စကစတပ်သား (၁၀)ဦး မျက်မြင်သေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ SF/SAF ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မုံရွာမြို့နယ်၊ သမန္တောရွာ၊ ခိုးသန်းရွာနဲ့ တောင်ပလူရွာကြားမှာရှိတဲ့ စက်တဲကွင်းမှာအထိုင်ချထားတဲ့ အင်အား(၂၀)ပါ စကစ တွေကို တော်လှန်ရေးအဖွဲ့တွေက စောင်ကြိုတိုက်ခိုက်တာကြောင့် ၁ နာရီခွဲလောက်ထိ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ အမြောက်တပ် (၅၀၈)တို့မှ ဟောင်ဝစ်ဇာလက်နက်ကြီးများနဲ့ အကြိမ်(၂၀)ခန့် ပစ်ကူပေးခဲ့ပေမဲ့လည်း မျက်မြင်တင် စကစ(၁၀)ဦးသေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့အတူ ရွှေတြိဂံမဟာမိတ်တပ်ရင်း၊ Budalin Mobile Team (MBT)၊ မုံရွာခရိုင် တပ်ရင်း (၂) ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ (၄)၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မုံရွာမြို့နယ် တိုက်နယ် (၂) တိုက်ခိုက်ရေး လမ်းမတော်ပျောက်ကျား တပ်စိပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအင်အားစုတွေမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် SF/SAF မှ ထုတ်ပြန်ကြေငြာထားပါတယ်။
👍111
ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ပါ စကစ စစ်ကြောင်းကို MSRF တိုက်ခိုက်

🟥ဗိုလ်ကြီး ၁ ဦးအပါ ၂၉ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရဟုဆို

BBM-ဒီဇင်ဘာ ၂၄
သတင် -ကိုဘုဏ်း

မွန်ပြည်နယ် ၊ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား(၁၅၀)ပါစစ်ကောင်စီစစ်ကြောင်းတစ်ခုကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စကစ ဗိုလ်ကြီး(၁)ဦးအပါအဝင် ၂၉ ဦးခန့်သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)က ထုတ်ပြန်ကြေငြာထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်မှာ ရေးမြို့နယ်မြောက်ပိုင်းရှိ ကူတို့ဆိပ်ရွာနဲ့ နှစ်ကရင်ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စကစ တပ်ဖွဲ့တွေကို မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကာကွယ်ရေးဌာန လက်အောက်ခံတပ်ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပျောက်ကြားနည်းဖြင့်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

နေ့လည် ၂ နာရီ ခွဲခန့်မှနေပြီး ၃ နာရီ ၁၅ မိနစ်ထိ စုစုပေါင်း ၄၅ မိနစ်ခန့် အပြင်းအထန် နှစ်ဘက်ရင်ဆိုင်တိုင်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၉ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် ၂ ဦးလည်း မြင့်မြတ်စွာကျဆုံးခဲ့ရတယ်လို့ MSRF အဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။
👍7👏2
👍62
ဝန်ကြီးချုပ်ဆက်ဖြစ်ဖို့ ကြံ့ခိုင်ရေးကိုယ်လှယ်လောင်း ဦးအောင်ကြည်သိန်း တပ်ထောက်ခံအနုပညာရှင်ခေါ်ပြီး ဇာတိရွာမှာ ပွဲသွင်း

BBM-ဒီဇင်ဘာ ၂၅
သတင်း - ကိုဟန်

ရွေးကောက်ပွဲအောင်နိုင်ရေး ကြံ့ဖွတ်အမတ် အောင်ကြည်သိန်းက မွေးရပ်မြေမှာ စစ်တပ်ထောက်ခံ နေအောင်၊ ဒိန်းဒေါင်းအပါအဝင် အနုပညာရှင်တွေက ဇာတ်ပွဲကပြဖျော်ဖြေပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အမာခံ အနုပညာရှင်တွေဖြစ်ကြတဲ့ နေအောင်၊ ဒိန်ဒေါင်း၊ အုန်းသီး၊ ငြိမ်းချမ်း အစရှိတဲ့သူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်ကနေ ၂၃ ရက်အထိ ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာမှာ ကပြသီဆိုကာ မဲဆွယ် စည်းရုံးတာတွေ လုပ်ဆောင်ခဲ့တာပါ။

“စစ်တပ်ဘောမတွေပဲ သူတို့က ပွဲအလကားလာကြည့်လို့ရတယ်၊ ပြီးရင် မဲဆွယ်တဲ့ ပုံစံလုပ်တာပေါ့၊ ဘာမှ မသိနားမလည်တဲ့ ရွာသားတွေကတော့ သွားကြတာ ရှိတယ်” လို့ ကွမ်ရိုက်ရွာသားတဦးက ပြောပါတယ်။

ကွမ်ရိုက်ကျေးရွာဟာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဇာတိဖြစ်ပြီး သူဟာ မွန်ပြည်နယ် ကြံ့ခိုင်ရေးပါတီဥက္ကဌအဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။

ဒါ့အပြင် ဦးအောင်ကြည်သိန်းဟာ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်(FPTP)အနေနဲ့ ဝင်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကြံ့ခိုင်ရေးပါတီရဲ့ ပင်တိုင်အမာခံ ထောက်ခံသူတွေဖြစ်ကြတဲ့ အနုပညာရှင်တွေကို ချောင်းဆုံမြို့နယ်ကို ခေါ်ပြီး အခုလို မဲဆွယ်စည်းရုံတာတွေ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

နောက်တက်လာမယ့်အစိုးရအဖွဲ့မှာ ပြည်နယ်ဝန်ကြီးချုပ်နေရာကို ဆက်လက်ရယူနိုင်ဖို့ မျှော်မှန်းထားသူ ဖြစ် တယ်လို့ နိုင်ငံရေးပါတီနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

“သူက အကြိတ်အနယ်ပဲ ယှဉ်ပြိုင်ရမှာမဟုတ်ဘူး၊ အေးဆေးပါပဲ၊ ဒါပေမယ့် မွန်ပါတီလည်း ရှိနေတယ်လေ၊ အဲဒါကို သူမဲအသာရဖို့ အသဲအသန်ကြိုးစားနေတာပဲ၊ ဒီနေရာကို သူပဲ ဆက်ပြီးယူမယ်ပေါ့” လို့ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဦးအောင်ကြည်သိန်းဟာ ချောင်းဆုံမြို့နယ်ကနေ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ဖူးပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့သူလည်း ဖြစ်ပါတယ်။

စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း(၁) မွန်ပြည်နယ်က ငါးမြို့နယ်ကျင်းပမှာဖြစ်ပြီး အဲဒီ ၅ မြို့နယ်မှာ မဲဆန္ဒရှင်ပြည်သူ ၆ သိန်းဝန်းကျင်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓါတ်ပုံ - Social Media
👎4👍1
🖕5👍1
ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ကြား ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်နေစဉ် ပဋိပက္ခအသစ်တွေ ထပ်မံဖြစ်ပွား

BBM-ဒီဇင်ဘာ ၂၅

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ လက်ရှိဖြစ်ပွားနေတဲ့ နယ်စပ်ပဋိပက္ခတွေအတွက်
ပထမဆုံးအကြိမ် ဆွေးနွေးမှုစတင်နေပြီဖြစ်ပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒီဇင်ဘာလ ၂၄ရက် ဗုဒ္ဓဟူးနေ့မှာ ထိုင်းစစ်တပ်က နှစ်နိုင်ငံ နယ်စပ်ပြည်နယ်တွေဖြစ်တဲ့ ဆီဆာကတ်(Sisaket)နဲ့ ဆူရင်(Surin)ပြည်နယ်တို့မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဘက်က BM-21 ရော့ကတ်တိုက်ခိုက်မှုတွေကို ထိုင်းဘက်က အမြောက်၊ တင့်ကား၊ ဒရုန်းတွေနဲ့ တုံ့ပြန်ခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားရဲ့ စစ်ရေးပစ်မှတ်၁၉ခုကျော်ကို ပြန်လည်မတုံ့ပြန်ခင် ထိုင်းဘက်က ဆီဆာကတ်ပြည်နယ်ရှိ စစ်သားတစ်ဦးထိခိုက်ခဲ့ကြောင်း ထိုင်းစစ်တပ်ဘက်ကပြောကြားထားပါတယ်။

ကမ္ဘောဒီးယားအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းတပ်ဖွဲ့တွေဟာ အနောက်မြောက်ပိုင်းနယ်စပ်ပြည်နယ် ဘန်တမ်ဘန်(Battambang)ရှိ ဘန်နန်(Banan) ခရိုင်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အရပ်သားတွေ နေထိုင်ရာဧရိယာကို ဗုံး၄လုံး ထိမှန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားပညာရေးဝန်ကြီးဌာနက ထိုင်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်‌နေစဉ် အဆိုပါ ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းရဲ့ ထိတ်လန့်တုန်လှုပ်စွာ ပြေးလွှားနေတဲ့ ကျောင်းသားတွေပါတဲ့ ဗီဒီယိုတစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် အရပ်သားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယား မီဒီယာ Khmer Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

နောက်ဆုံးတိုက်ပွဲတွေဟာ ဒီဇင်ဘာလ ၂၄ရက် ဗုဒ္ဓဟူးနေ့ကညနှစ်နိုင်ငံနယ်စပ် ဘန်း ပတ်ခတ် ပိုင်လင်(Ban Pakkad-Pailin)မှာ ကာကွယ်ရေးအရာရှိတွေ အစည်းအဝေးမစတင်မီ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

တရားဝင်စာရင်းတွေအရ ဒီဇင်ဘာလ ၇ ရက်နေ့မှာ လူ ၄၀ ကျော်သေဆုံးပြီး တစ်သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးနောက် နှစ်ဖက်အကြား ပထမဆုံးအကြိမ် ဆွေးနွေးပွဲပဲဖြစ်ပါတယ်။

တိုက်ပွဲတွေအဆုံးသတ်ဖို့ ဒေသတွင်း တွန်းအားပေးမှုအပြီး လက်ရှိနှစ်နိုင်ငံနယ်စပ်ကော်မတီဖြစ်တဲ့ ကမ္ဘောဒီးယား-ထိုင်း အထွေထွေနယ်စပ်ကော်မတီရဲ့ မူဘောင်အတွင်း ဆွေးနွေးပွဲတွေကျင်းပဖို့ နှစ်ဖက်စလုံးက ဒီဇင်ဘာလ ၂၂ရက် တနင်္လာနေ့မှာ သဘောတူညီခဲ့ကြတာပဲဖြစ်ပါတယ်။

Reference-Al Jazeera
Translator-Richard

#bbmnews #BBM #BBMtv #Thailand #Cambodai
👍81🔥1
👍5🔥1
ရေဖြူမြို့နယ် တိုက်ပွဲမှာ သားအမိနှစ်ဦးသေဆုံးကာ ၁၀ ဦးနီးပါး ဒဏ်ရာရ

BBM-ဒီဇင်ဘာ ၅
သတင်း - ကိုဟန်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း သားအမိနှစ်ဦးသေဆုံးကာ ၁၀ ဦးနီးပါး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မနေ့ ဒီဇင်ဘာလ ၂၃ ရက် မနက်အစောပိုင်းမှာ ညင်းထွေးကျေးရွာနဲ့ ဇီးကျကျေးရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုတွေအကြား အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။

“ကလေးအမေနဲ့ ကလေး ဆုံးတယ်၊ ကျန်တဲ့ ကလေးတွေ လူကြီးတွေ ဒဏ်ရာရတာ ၉ ဦး၊ ၁၀ ဦး လောက်ရှိ တယ်၊ အများစုက လက်နက်ကြီးအစတွေ ထိမှန်တာပါ” လို့ ပြောပါတယ်။

ယခုထိခိုက်သေဆုံးသွားတဲ့သူတွေဟာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးထားတဲ့ ဒေသခံအရပ်သားတွေ ဖြစ်ကြတယ်လို့ ပြောဆိုနေကြပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဇီးကျကျေးရွာထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဘက်က ဝင်ရောက် တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“မနက်ပိုင်းက ဘုရားကုန်၊ ရိပ်သာလိုမျိုး နေရာမှာ စစ်တပ်က အင်အား တရာကျော်လောက်တပ်စွဲထားတာလေ တိုက်ပွဲက နေ့လယ်ပိုင်းလောက် ငြိမ်သွားတယ်၊ မပြီးသွားဘူး၊ ဖြစ်လိုက် နားလိုက်ကတော့ မိုးလင်းတဲ့အထိပဲ ပြောတယ်”လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးရှိတယ်လို့ ပြောပေမယ့် အတိအကျကို အတည်ပြုနေဆဲဖြစ်ကြောင်း ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားချိန် ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် တိုက်ပွဲဖြစ်ပြီးနောက် ပုံမှန်အတိုင်း ပြန်လည် သွားလာခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

အသေးစိတ်ကို သိရှိနိုင်ဖို့ ဒေသတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိသေးပေ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးရှိတယ်လို့ သူကပြောပေမယ့် အတိအကျကို အတည်ပြုနေဆဲဖြစ်ကြောင်း ဆိုပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားတွေထဲက အချို့က ဆေးကုသမှု ခံယူနေရသလို အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ရေဖြူမြို့ပေါ်မှာ ရှိတဲ့ စစ်တပ်အရပ်ဘက်ရုံးတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မဲပေးစက်အပါအဝင် အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ - Social Media

#bbmnews #BBM #BBMtv #yephyu #PDF
4😢3👍1
5👍1