3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
မိုးကုတ် မြို့နယ်တိုက်ပွဲ(၂)ပတ်ကျော်အတွင်း စကစ (၁၈)ဦးမျက်မြင်သေဆုံးပြီး စစ်သုံ့ပန်း (၃)ဦးလက်ရဖမ်းနိုင်

🟥စကစ ခြေကုပ်ယူတားတဲ့ကျေးရွာ(၁)ခုနဲ့ စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ရရှိ

BBM-ဒီဇင်ဘာ၂၄
သတင်း-မင်းသော်

မိုးကုတ်မြို့နယ် (၂)ပတ်ကျော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ မျက်မြင် (၁၈)ဦးသေဆုံးပြီး စစ်သုံ့ပန်း(၃)ဦးကိုလက်ရဖမ်းဆီးနိုင်ခဲ့တဲ့အပြင်
မြို့နယ်အတွင်း စကစ ခြေကုပ်ယူထားတဲ့ ကျေးရွာ(၁)ခုနဲ့စိုးမိုးကုန်း(၁)ခုတို့ကိုလည်း တော်လှန်ရေးအင်အားစုတွေဘက်မှ ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇)ရက်နေ့မှ (၂၄)ရက်နေ့အထိ မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲကြီး(၆)ကြိမ်၊ တိုက်ပွဲငယ်(၉)ကြိမ်ဖြစ်ပွါးခဲ့တယ်လို့သိရပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီအခြေပြုထားရာ ကျေးရွာ၊ စခန်းတွေကိုရရှိရုံသာမက စစ်ကောင်စီဘက်မှ(၁၈)ဦးသေဆုံးကြောင်းမျက်မြင်အတည်ပြုနိုင်ပြီး (၃)ဦးကို အရှင်ဖမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထာက်ပံ့မှုရပ်ဝန်းများကို အထူးစစ်ဆင်ရေးများဖော်ဆောင်ပြီး ထိုးနှက်တိုက်ခိုက်နေတာကြောင့် စစ်တပ်အနေနဲ့ ထိခိုက်ကျဆုံးမှုများရှိနေတယ်လို့လည်း သိရပါတယ်။

ဒါတင်မက အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)အနေနဲ့ ပြည်သူလူထုနဲ့လက်တွဲပြီး မိုးကုတ်မြို့နယ်နဲ့ မိုးမိတ်မြို့နယ်တို့ကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့များကိုဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း NUGကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေငြာထားပါတယ်။

Photo-MOD

#bbm #bbmnews #Mogok #updatenews #myanmar
👍91👏1
🥰9👍51👏1
နတ်ရေကန်ရှေ့တန်းစစ်မြေပြင်မှ စစ်မှုထမ်းတပ်သား ၃ ဦး အရှိုချင်းကာကွယ်ရေးတပ်ထံ အလင်းဝင်

BBM - ဒီဇင်ဘာ ၂၄
သတင်း - နိုင်နိုင်

တိုက်ပွဲတွေပြင်းထန်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းအနီးရှိ ရှေ့တန်းစစ်မြေပြင်ကနေ ပြည်သူ့စစ်မှုထမ်း (ပစ) ၃ ဦးဟာ ချင်းကာကွယ်ရေးတပ် - အရှို တပ်ဆီမှာ ဘက်ပြောင်းအလင်းဝင်ရောက်လာတယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို ပြောခွင့်ရသူ ကိုဆလိုင်းရိုးချင်း ထံမှသိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ငဖဲမြို့နယ်လမ်းဟောင်းရှိ ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်က စစ်ကောင်စီတပ်ဖွဲ့ဝင် ပြည်သူ့စစ်မှုထမ်း(ပစ) ၃ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) ဆီကို အလင်းဝင်ရောက်လာတဲ့သူတွေဟာ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ ၁၀) မှ ကိုမိုးကျော် (၃၃) နှစ်၊ ကိုမြမင်းခိုင် (၂၈) နှစ်နဲ့ ကိုသိန်းမော် (၃၃) နှစ်တို့ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လက်ရှိ အလင်းဝင်ရောက်လာတဲ့သူတွေကို လုံခြုံတဲ့စခန်းတွေကို ပို့ဆောင်ထားပြီး မိသားစုတွေဆီ ပြန်နိုင်ဖို့အတွက်လည်း လမ်းကြောင်းတွေ စီစဥ်ပေးမယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို ပြောခွင့်ရသူ ကိုဆလိုင်းရိုးချင်းက BBM ကို ပြောပါတယ်။

"လက်ရှိတော့ လုံခြုံတဲ့စခန်းတစ်နေရာကို ပို့ထားပေးပါတယ်၊ မိသားစုနဲ့ ဆက်သွယ်ပြီး သူတို့ကို ဒေသက မိသားစုဆီ ပြန်လို့ရရင် ပြန်ဖို့အတွက် လမ်းကြောင်းတွေ စီစဉ်ပေးပါမယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မှုမထမ်းမနေရဥပဒေကို ခုတုံးလုပ်ကာ မြန်မာနိုင်ငံအနှံ့မှလူငယ်တွေကိုတပ်သားသစ်တွေ စုဆောင်းပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။

ရှေ့တန်းစစ်မြေပြင်ကို ရောက်တဲ့အချိန်မှာလည်း အထက်တပ်မှူးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ပြည်သူ့စစ်မှုထမ်း (ပစ) တွေဟာ နေ့စဉ်နဲ့အမျှ တပ်မှထွက်ပြေးဖို့ကြိုးစားလျက်ရှိနေကြတယ်လို့လည်း ချင်းကာကွယ်ရေးတပ်-အရှိုတပ်ဖွဲ့ဆီကို ဘက်ပြောင်း အလင်းဝင်ရောက်လာကြတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သား ၃ ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်လို့ (CDF-Asho) က ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဆီမှာ အတင်းအဓမ္မစစ်သားသစ်စုဆောင်းတာခံရပြီး အမျိုးမျိုးညှဉ်းပန်းနှိပ်စက်တာကိုခံနေရတဲ့ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီး စစ်မြေပြင်မှ လူငယ်တွေအနေနဲ့ ဘက်ပြောင်းအလင်းဝင်ရောက်လိုပါက အချိန်မရွေးဘက်ပြောင်းလာနိုင်ပြီး အလင်းဝင်ဘက်ပြောင်းလာသူတွေရဲ့ အသက်နဲ့လုံခြုံမှု ရရှိစေရေးကိုလည်း အာမခံကြောင်း ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ပြောဆိုထားပါတယ်။

#bbm #bbmnews #updatenews #myanmar
👍10
👍11👏2
မုပ္ပလင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်သားနဲ့ ရဲ ၄ ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

BBM-ဒီဇင်ဘာ၂၄
သတင်း - ကိုဟန်

ပြည်သူတွေအပေါ် ငွေညှစ်ဖမ်းဆီးမှုတွေပြုလုပ်လေ့ရှိတဲ့ ကျိုက်ထိုမြို့နယ် မုပ္ပလင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ဂိတ်ရှိ စစ်သားနဲ့ ရဲ ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းမှာ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေဘက်က လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးယူနေကြတဲ့ စစ်သားနဲ့ ရဲ ၄ ဦးထက်မနည်းဒဏ်ရာရရှိနိုင်ပြီး အဲဒီထဲက အချို့ဆို ဒဏ်ရာပြင်းထန်တဲ့အတွက် အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ မုပ္ပလင်ဒေသခံတဦးက BBM ကို ပြောပါတယ်။

“ကျွန်တော်တို့ ကြားတာပေါ့နော်၊ အဲဒီမှာ ရဲက ပိုထိတာများတယ်၊ ရဲတယောက်နဲ့ စစ်သားတယောက် အရေးပေါ် ဆေးရုံတင်ရပြီး အခြေအနေမကောင်းဘူးတဲ့ ပြီးတော့ ဒဏ်ရာရတဲ့သူတွေ အများကြီးပဲတဲ့” လို့ ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် နှစ်ဘက်တပ်တွေ လက်နက်ငယ်အပြန်အလှန်ပစ်
ခတ်သံတွေကိုလည်း ကြားခဲ့ရသလို ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်မှာ ကားလမ်းခေတ္တပိတ်ဆို့တာမျိုး ရှိခဲ့ပေမဲ့ နာရီပိုင်းအတွင်းမှာ ပုံမှန်အတိုင်း သွားလာခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဆိုပါဂိတ်စခန်းဟာ ဖြတ်သွားဖြတ်လာ ပြည်သူတွေနဲ့ ခရီးသည်တွေကိုသာမက ထိုင်းနိုင်ငံမှဝင်တဲ့ကုန်ပစ္စည်းတွေကိုပါ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးတာတွေလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

“အဲဒီဂိတ်က ဆိုးတယ်ဗျာ သူတို့က တအားစစ်တယ်၊ ကိုယ်က ထိုင်းဘက်က လာတဲ့ပစ္စည်းတွေ မော်လမြိုင်မှာ တရားဝင်ဝယ်လာတာဗျာ၊ ရန်ကုန်မှာ ပြန်ရောက်ရင် မိတ်ဆွေတွေ လက်ဆောင်ပေးမယ်ပေါ့၊ အဲဒါကိုဗျာ ရစ်တယ်၊ သိတဲ့အတိုင်း ပိုက်ဆံနည်းနည်းပေးလိုက်တော့ အဆင်ပြေသွားတာပဲ” လို့ မုပ္ပလင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ငွေညှစ်တာ ခံခဲ့ရဖူးတဲ့ ခရီးသည်တဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို နယ်မြေခံအခြေစိုက်တပ်ဖွဲ့တွေအပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး မကြာခဏဆိုသလို ဝင်ရောက်တိုက်ခိုက်ခံရတာ၊ ဒရုန်းဗုံးသီး ချခံရတာ၊ လက်နက်ကြီးပစ်ခတ်ခံရတာတွေရှိနေတဲ့အတွက် လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မုပ္ပလင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရတဲ့နေ့မှာပဲ စစ်တပ်က ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာဘက်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - မုပ္ပလင်စစ်ဆေးရေးဂိတ်(ပုံဟောင်း)
6👍4👏2
👍7👏3
မိုးကုတ်မြို့ရှိ စစ်ကောင်စီလက်နက်ကြီးထားရာနေရာကို ရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်

🟥မိုးကုတ်မြို့နယ်အတွင်း စကစ အခြေကုပ်နေရာအချို့ကို ရရှိထားဟု MOD ပြောထား

BBM-ဒီဇင်ဘာ၂၄
သတင်း-မင်းသော်

စစ်ကောင်စီရဲ့ လက်နက်ကြီးများထားရှိရာ မိုးကုတ်မြို့ပေါ်ရှိ မစိုးရိမ်ကျောင်းတိုက်ကို တော်လှန်ရေးအင်အားစုတွေက ယနေ့ညနေပိုင်းအတွင်း ရှော့တိုက်ဒုံး(၈)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပေါက်ကွဲမှုတွေဖြစ်ပေါ်နေတယ်လို့ မိုးကုတ်ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်၊ ဒီနေ့ ညနေ ၄ နာရီခန့်မှာ မိုးကုတ်မြို့အရှေ့ပိုင်းရှိ မစိုးရိမ် ဘုန်းကြီးကျောင်းကို တော်လှန်ရေးအင်အားစုတွေက ရှော့တိုက်ဒုံးနဲ့ (၃)ကြိမ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေ(၅)နာရီပတ်ချာလည်မှာတော့ နောက်ထပ်ရှော့တိုက်ဒုံး (၅)လုံးနဲ့ အဆိုပါမစိုးရိမ်ကျောင်းတိုက်ကိုပဲ ထပ်မံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ဒီလိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတွေရှိရာ မစိုးရိမ်ကျောင်းဝန်းအတွင်း ထိခိုက်ပေါက်ကွဲသံတွေကြားရသလို မိုးကုတ်မြို့နေအိမ်တွေမှာလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် တုန်ခါမှုတွေခံစားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

"ညနေ၄နာရီလောက်မှာ (၃)လုံးပစ်တယ်၊ ပြီးတော့(၅)နာရီပတ်ချာလည်မှာ နောက်ထပ် (၅)လုံးထပ်ပစ်တယ်ဗျ၊ ရှော့တိုက်ဒုံးပါဗျ၊ လာသံ ကြားရပြီး ကွဲသံပါကြားရတာပါ၊ တချို့ မိုးကုတ်အရှေ့ပိုင်းက အိမ်တွေဆို တုန်တောင်တုန်ပါတယ်"လို့ ပြောပါတယ်။

အခုရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မစိုးရိမ်ကျောင်းတိုက်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်ရေးအင်အားစုတွေ မိုးကုတ်ကိုမသိမ်းမီကပင် စစ်တပ်အနေနဲ့ အဆိုပါကျောင်းဝန်းအတွင်းဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပြီး ဆရာတော်တွေအနေနဲ့ အခြားနေရာတွေမှာပြောင်းလဲသီတင်းသုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းအတွင်း TNLA နဲ့ညှိနှိုင်းပြီး မိုးကုတ်မြို့ကို ပြန်ဝင်လာပြီးနောက်မှာလည်း သူတို့အရင်က စစ်စခန်းချခဲ့တဲ့ အဆိုပါ မစိုးရိမ်ကျောင်းတိုက်နဲ့ ဒေသအခေါ် ရှမ်းကျောင်းတို့မှာ ထပ်မံတပ်စွဲထားပြီး လက်နက်ကြီးများကိုလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။

"မစိုးရိမ်ကျောင်းက ဟိုအစ ဘာမှမသိမ်းခင်ကတည်းက စစ်တပ်က ဝင်ပြီးတပ်စွဲထားတဲ့နေရာပါ၊ ဆရာတော်တွေကတော့ တခြားမြို့တွေပြောင်းကုန်ပြီ၊ ခုသူတို့ပြန်ဝင်လာတော့လည်း အဲ့မှာပဲထပ်ပြီးတပ်စွဲတယ်၊ လက်နက်ကြီးတွေလည်းဆင်ထားတယ်လို့သိထားတယ်ဗျ၊ ရှမ်းကျောင်းဘက်မှာကော"လို့ အဆိုပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

မိုးကုတ်မြို့ကို ဝင်ရောက်ပြီးကတည်းက စစ်တပ်အနေနဲ့ မိုးကုတ်-နောင်ချိုလမ်းပိုင်းမှ ထပ်မံအင်အားဖြည့်တင်းတာတွေပြုလုပ်ခဲ့သလို ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာနေရာတွေကနေလည်း တော်လှန်ရေးအဖွဲ့တွေကို ပစ်ခတ်တာတွေပြုလုပ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်တော်လှန်ရေးအင်အားစုတွေကလည်း မိုးကုတ်-မိုးမိတ်စစ်ဆင်ရေးအတွက် စစ်ဦးစီးအဖွဲ့သီးသန့်ဖွဲ့စည်းထားပြီး အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်းအောက်ထားရှိကာ တိုက်ပွဲဝင်လျက်ရှိပြီး စစ်ကောင်စီအခြေကုပ်နေရာအချို့နဲ့ သုံ့ပန်းအချို့ကို ဖမ်းမိထားတယ်လို့လည်း သိရပါတယ်။

#bbm #bbmnews #Mogok #updatenews #Myanmar
👍12👎1
5👍5👎1
ရခိုင်ရေပိုင်နက်ထဲ ဘင်္ဂလားဒေ့ရှ်မှ ငါးခိုးဖမ်းတဲ့သူတွေကို AA ဆက်တိုက်ဖမ်းမိ

🟥ငါးခိုးဖမ်းတဲ့သူတွေအလွန်များပြားတာကြောင့် ဒေသခံတွေကိုယ်တိုင် အပြင်ထွက်ငါးမဖမ်းရဲဘဲဖြစ်နေ

BBM - ဒီဇင်ဘာ ၂၄
သတင်း - နိုင်နိုင်

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ရေပိုင်နက်အတွင်းကို တရားမဝင် ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်ငါးဖမ်းသမားတွေကို AA က ဆက်တိုက်ဆိုသလို ဖမ်းမိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၉ နာရီအချိန်မှာ မောင်တောမြို့နယ်၊ မြင်းလွှတ်ချောင်းဝရဲ့ အနောက်ဖက် ၃ ကီလိုမီတာအကွာအဝေးမှာ တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမား ၆ ဦးပါ စက်လှေတစ်စီးကို အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘင်္ဂလာဒေ့ရှ်နိုင်ငံကနေ တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေကြတဲ့သူတွေ များပြားလာတာကြောင့် မောင်တောနဲ့ ရသေ့တောင်မြို့နယ်က ဒေသခံရေလုပ်သားတွေမှာ ပင်လယ်ပြင်ကိုထွက်ကာ ငါးဖမ်းမထွက်ရဲကြဘူးဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"ဒီဖက်မှာ AA က ငါးခိုးဖမ်းနေကြတဲ့ စက်လှေတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာရှိပါတယ်၊ တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကနေ ဝင်ရောက်ငါးခိုးဖမ်းနေကြတဲ့သူတွေပါ၊ သူတို့တွေက မောင်တောမြို့ရေပိုင်နက်အတွင်းကို ဝင်ရောက်မှုတွေများလာတော့ ဒီကဒေသခံရေလုပ်သားတွေမှာလည်း ငါးဖမ်းမထွက်ဝံ့ကြဘူး ဖြစ်နေကြပါတယ်၊ ကမ်းနီးလောက်ပဲ ငါးဖမ်းလို့ရတဲ့အခြေအနေပါ " လို့ မောင်တောမြို့နယ်က ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

AA ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ် ရေပိုင်နက်အတွင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်ကနေ ဒီဇင်ဘာလ ၂၃ ရက်အထိ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ကျူးကျော် ဝင်ရောက်ငါးခိုးဖမ်းတဲ့ ငါးဖမ်းသမား ၇၉ ဦးကို အာရက္ခတပ်တော် AA က ဖမ်းမိခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ဖမ်းဆီးရမိတဲ့ ငါးခိုးဖမ်းသမားတွေကို အာရက္ခတပ်တော် AA က တရားဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့အတွက် စစ်ဆေးမေးမြန်းကာ ထိန်းသိမ်းလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော် AA ဟာ ရခိုင်ရေပိုင်နက်အတွင်းကို တရားမဝင် ကျူးကျော်ဝင်ရောက်ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းသမားတွေကို အချိန်ပြည့်စောင့်ကြည့်ကာ ဖမ်းဆီးနေရတာဖြစ်တယ်လို့ မောင်တောဒေသခံ နောက်တစ်ဦးက BBM ကိုပြောပါတယ်။

"ငါးခိုးဝင်ဖမ်းတဲ့ စက်လှေတွေက အာဆာတွေဝင်လာတာလား၊ ငါးခိုးဖမ်းသမားတွေ ဝင်လာတာလားဆိုတာ ခွဲခြားလို့မရပါဘူး၊ ဒါကြောင့်ပဲ AA ကမ်းခြေစောင့်တပ်ဖွဲ့တွေက အချိန်ပြည့်စောင့်ကြည့်ပြီး ဖမ်းဆီးနေရတာပါ၊ မောင်တောဖက်ကိုလည်း အာဆာတွေက ဘင်္ဂလားဒေရှ့်ဖက်ကနေ စက်လှေတွေနဲ့ ဝင်ရောက်လှုပ်ရှားမှုတွေ ရှိပါတယ်၊ အဲတာကြောင့်ပဲ AA က လုံခြုံရေးတင်းကျပ်ထားတာပါ" လို့ သူကဆက်ပြောပါတယ်။

AA ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မြောက်ပိုင်းမှာတော့ အရက္ခတပ်တော် AA နဲ့ မွတ်ဆလင်လက်နက်ကိုင် ARSA၊ RSO၊ ARA စတဲ့အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ကြိုကြားကြိုကြားဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။

အဆိုပါ ARSA၊ RSO၊ ARA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ငါးဖမ်းသမားအဖြစ် ဟန်ဆောင်ကာ ရခိုင်ပြည်အတွင်းကို တရားမဝင် ဝင်ရောက်ကျူးကျော်လှုပ်ရှားမှုတွေ ရှိနေတယ်လို့လည်း မောင်တောဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင် - ဘင်္ဂလားဒေရှ့်နယ်စပ် မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင်အကြားရှိ AA လုံခြုံရေးစခန်းတစ်ခုကို အင်အား ၁၀ ဦးခန့်ပါ မူဆလင်လက်နက်ကိုင် အဖွဲ့တွေဟာ အလစ်အငိုက်ချောင်းမြောင်း ပစ်ခတ်ပြီးနောက် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

#bbm #bbmnews #AA #Rakhine ##bbm #bbmnews #AA #Rakhine ##UpdateNewsupdatenews
👍11
👏8👍3
မုံရွာမှာ ဆက်ကြေးကောက်၊ ရိက္ခာရှာထွက်လာတဲ့ စကစ စစ်ကြောင်းကို တိုက်ခိုက်

🟥စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

BBM-ဒီဇင်ဘာ၂၄
သတင်း-မင်းသော်

မုံရွာမြို့နယ်အတွင်း အင်အား ၂၀ ပါပြီး ဆက်ကြေးကောက်၊ ရိက္ခာရှာထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို တော်လှန်ရေးအင်အားစုတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် စကစတပ်သား (၁၀)ဦး မျက်မြင်သေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ SF/SAF ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ မုံရွာမြို့နယ်၊ သမန္တောရွာ၊ ခိုးသန်းရွာနဲ့ တောင်ပလူရွာကြားမှာရှိတဲ့ စက်တဲကွင်းမှာအထိုင်ချထားတဲ့ အင်အား(၂၀)ပါ စကစ တွေကို တော်လှန်ရေးအဖွဲ့တွေက စောင်ကြိုတိုက်ခိုက်တာကြောင့် ၁ နာရီခွဲလောက်ထိ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ အမြောက်တပ် (၅၀၈)တို့မှ ဟောင်ဝစ်ဇာလက်နက်ကြီးများနဲ့ အကြိမ်(၂၀)ခန့် ပစ်ကူပေးခဲ့ပေမဲ့လည်း မျက်မြင်တင် စကစ(၁၀)ဦးသေဆုံးပြီး (၅)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့အတူ ရွှေတြိဂံမဟာမိတ်တပ်ရင်း၊ Budalin Mobile Team (MBT)၊ မုံရွာခရိုင် တပ်ရင်း (၂) ရွာဇော်ကြီး-တော်လှန်အသံတပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း (၂၅) တပ်ခွဲ (၄)၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မုံရွာမြို့နယ် တိုက်နယ် (၂) တိုက်ခိုက်ရေး လမ်းမတော်ပျောက်ကျား တပ်စိပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းအင်အားစုတွေမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် SF/SAF မှ ထုတ်ပြန်ကြေငြာထားပါတယ်။
👍111
ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ပါ စကစ စစ်ကြောင်းကို MSRF တိုက်ခိုက်

🟥ဗိုလ်ကြီး ၁ ဦးအပါ ၂၉ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရဟုဆို

BBM-ဒီဇင်ဘာ ၂၄
သတင် -ကိုဘုဏ်း

မွန်ပြည်နယ် ၊ရေးမြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား(၁၅၀)ပါစစ်ကောင်စီစစ်ကြောင်းတစ်ခုကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စကစ ဗိုလ်ကြီး(၁)ဦးအပါအဝင် ၂၉ ဦးခန့်သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)က ထုတ်ပြန်ကြေငြာထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်မှာ ရေးမြို့နယ်မြောက်ပိုင်းရှိ ကူတို့ဆိပ်ရွာနဲ့ နှစ်ကရင်ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စကစ တပ်ဖွဲ့တွေကို မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကာကွယ်ရေးဌာန လက်အောက်ခံတပ်ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပျောက်ကြားနည်းဖြင့်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

နေ့လည် ၂ နာရီ ခွဲခန့်မှနေပြီး ၃ နာရီ ၁၅ မိနစ်ထိ စုစုပေါင်း ၄၅ မိနစ်ခန့် အပြင်းအထန် နှစ်ဘက်ရင်ဆိုင်တိုင်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၉ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် ၂ ဦးလည်း မြင့်မြတ်စွာကျဆုံးခဲ့ရတယ်လို့ MSRF အဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။
👍7👏2