3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
AA သိမ်းထားတဲ့ ပွိုင့် ၆၆၆ စခန်းကို စစ်ကြောင်းထိုးလာတာကြောင့် ဗိုလ်မှူးတစ်ဦးအပါ စကစတပ်သား ၈၀ ခန့်သေဆုံး

BBM - ဒီဇင်ဘာ ၂၄
သတင်း - နိုင်နိုင်

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ ပွိုင့် ၆၆၆ စခန်းကုန်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ထိုးစစ်ဆင်လာတာကြောင့် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၈၀ ခန့် သေဆုံးမှု ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကပစ ၁၆ စက်ရုံကနေ မသုံကျေးရွာအထိစစ်ကြောင်းထိုးလာဖြစ်ပြီး အဲဒီကနေတဆင့် AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းထားတဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကို အင်အား ၃၀၀ နဲ့ ထပ်မံထိုးစစ်လာခဲ့တာဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်မှာ စစ်ကောင်စီတပ်ဟာ အင်အား ၃၀၀ နီးပါးနဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး AA က စနိုက်ဘာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၈၀ ခန့် သေဆုံးမှုရှိတယ်လို့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်က BBM ကို ပြောပါတယ်။

"ဗိုလ်မှူးတစ်ယောက် ရလိုက်တာမှန်ပါတယ်၊ အင်အား ၃၀၀ လောက်နဲ့ ထိုးလာတာပါ အဲတာကို AA က တိုက်ခိုက်တော့ စစ်ကောင်စီသား ၈၀ နီးပါးလောက် ရလိုက်တာရှိပါတယ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က ရလိုက်တာပါ၊ ဒီပွိုင့် ၆၆၆ စခန်းကုန်းကို ထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်ပါတယ်" လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဆိုပါ ပွိုင့် ၆၆၆ စခန်းကုန်းကို ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အထိအခိုက်အကျအဆုံးတွေ များပြားတာကြောင့် မသုန်ကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားကြတယ်လို့လည်း သိရပါတယ်။

ပန်းတောင်းမြို့နယ်ရှိ ကပစ ၁၆ စက်ရုံရဲ့ ကာကင်းစခန်းတစ်ခုဖြစ်တဲ့ ပွိုင့် (၆၆၆) စခန်းကုန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်မှာ အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ မသုန်ချောင်းရဲ့ တစ်ဘက်ခြမ်းမှ မြောက်ဘက်ကုန်းကျေးရွာအနီးမှာ လက်နက်ကြီးစခန်းတွေ ပြုလုပ်ပြင်ဆင်နေခဲ့တာလည်း ဖြစ်ပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းထားတဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကနေ ကပစ ၁၆ စက်ရုံကို ထိုးစစ်အမြန်ရောက်ရှိဖို့ နီးကပ်တာကြောင့် စစ်ကောင်စီတပ်ကလည်း အင်အားအများအပြားနဲ့ အဲဒီ ပွိိုင့် ၆၆၆ စခန်းကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

"အဲဒီ ပွိုင့် ၆၆၆ စခန်းကုန်းဘက်ကို ထိုးစစ်ဆင်ဖို့အတွက် စကစတပ်သားတွေကို စစ်အင်အားပို့ဆောင်ရင်လည်း စိတ်ဓာတ်တွေကျဆင်းပြီး ထွက်ပြေးကြမှာပါ၊ တောမှာမသုံ၊ မြို့မှာရန်ကုန်ဆိုသလိုပဲ တကယ်ကို မသုံဘက်တွေက တောလည်းနက်ပါတယ်၊ အဲတာကြောင့် မသုံဘက်ကိုထိုးနေတဲ့ စစ်ကြောင်းတွေက ထွက်ပြေးကြမှာသေချာပါတယ် " လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

အခြားတစ်ဘက်မှာလည်း စစ်ကောင်စီတပ်ဟာ ပန်းတောင်းမြို့နယ်ရှိ ကပစ ၆ စက်ရုံကနေ AA သိမ်းထားတဲ့ ညောင်ကျိုးစခန်းကို အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဆင်လန်းကျေးရွာအနီးတဝိုက်တွေမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတယ်လို့လည်း သိရပါတယ်။

#bbm #bbmnews #AA #Rakhine #updatenews
👏121👍1
👏153👍2
သုဝဏ္ဏဘူမိလေဆိပ်မှာ စကစအတွက် ဒရုန်းသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၄ဦးကို ဖမ်းဆီးရမီ

BBM-ဒီဇင်ဘာ ၂၄

ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်အနီးရှိ ဟိုတယ်တစ်ခုမှာ ဒရုန်းတွေကို ထိန်းချုပ်နေတဲ့ ဆစ်ဂနယ် အချက်အလက်တွေကို ထောက်လှမ်းရေးတွေသတင်း ရရှိပြီးနောက် မြန်မာနိုင်ငံသား လေးဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ဟိုတယ်ခန်းကို ရှာဖွေမှုအတွင်း ဒရုန်း ၁၀ စင်းကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သံသယရှိသူ မြန်မာ၄ဦးစလုံးဟာ ဒီဇင်ဘာ ၂၁ ရက်မှာ ဟိုတယ်ကို ဝင်ရောက်ခဲ့ပြီး “ဒေးဗစ်”ဆိုတဲ့ အမည်နဲ့ အမျိုးသားတစ်ဦးက အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့ပြီး မျိုးရိုးအမည်ကိုတော့ မသိရှိရဘူးလို့ဆိုပါတယ်။

သံသယရှိသူတွေကို စစ်ဆေးမေးမြန်းစဉ်အတွင်း သူတို့ရဲ့ကြီးကြပ်ရေးမှူး မြန်မာနိုင်ငံသားတစ်ဦးမှ ဆက်သွယ်ခဲ့ပြီး မြန်မာနိုင်ငံကို ဒရုန်းတွေမပို့ဆောင်မီ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ညွှန်ကြားခဲ့ကြောင်း ရဲအရာရှိတွေကို ပြောကြားခဲ့ပါတယ်။

အဆိုပါဒရုန်းတွေကို ပုဂ္ဂလိက ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတစ်ခုက ဟိုတယ်ကို ပို့ဆောင်ပေးခဲ့ကြောင်း ရဲတွေက ပြောကြားခဲ့ပါတယ်။

သံသယရှိသူတွေက အဆိုပါဒရုန်းတွေရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ပြီး တစ်ယောက်ကို သေတ္တာ၂လုံးကနေ ၃လုံးသယ်ဆောင်ပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို သယ်ယူဖို့ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

မြန်မာနိုင်ငံကို အဆိုပါ ဒရုန်းတွေ ရောက်ရှိတာနဲ့ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဆိုတဲ့ ကယ်ဗင်ချို(Kevin Cho) အမည်ရှိ ကြီးကြပ်ရေးမှူးဆီကို လွှဲပြောင်းပေးအပ်ရမှာဖြစ်ပြီး အဆိုပါ ကယ်ဗင်ချိုမှ တစ်ဆင့် စစ်ကောင်စီဆီကို ဆက်လက်ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ ဒရုန်းတွေကို နောက်ထပ်စစ်ဆေးမှုတွေနဲ့ သက်သေအထောက်အထားတွေ စုဆောင်းဖို့အတွက် လက်ကရာဘန်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးတွေဆီကို ပေးပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေက အဆိုပါ သံသယရှိသူလေးဦးစလုံးရဲ့ ဗီဇာတွေကို ရုတ်သိမ်းပြီး လူဝင်မှုကြီးကြပ်ရေးဌာန ၁ ရဲ့ တပ်မှူးဆီ အမှုကို တင်သွင်းရန် ပြင်ဆင်နေပြီး သံသယရှိသူတွေကို ထိန်းသိမ်းထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Reference-The Nation Thailand
Translator-Richard
Photos-The Nation Thailand
👍10👏1
👍10
မိုးကုတ် မြို့နယ်တိုက်ပွဲ(၂)ပတ်ကျော်အတွင်း စကစ (၁၈)ဦးမျက်မြင်သေဆုံးပြီး စစ်သုံ့ပန်း (၃)ဦးလက်ရဖမ်းနိုင်

🟥စကစ ခြေကုပ်ယူတားတဲ့ကျေးရွာ(၁)ခုနဲ့ စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ရရှိ

BBM-ဒီဇင်ဘာ၂၄
သတင်း-မင်းသော်

မိုးကုတ်မြို့နယ် (၂)ပတ်ကျော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ မျက်မြင် (၁၈)ဦးသေဆုံးပြီး စစ်သုံ့ပန်း(၃)ဦးကိုလက်ရဖမ်းဆီးနိုင်ခဲ့တဲ့အပြင်
မြို့နယ်အတွင်း စကစ ခြေကုပ်ယူထားတဲ့ ကျေးရွာ(၁)ခုနဲ့စိုးမိုးကုန်း(၁)ခုတို့ကိုလည်း တော်လှန်ရေးအင်အားစုတွေဘက်မှ ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇)ရက်နေ့မှ (၂၄)ရက်နေ့အထိ မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲကြီး(၆)ကြိမ်၊ တိုက်ပွဲငယ်(၉)ကြိမ်ဖြစ်ပွါးခဲ့တယ်လို့သိရပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီအခြေပြုထားရာ ကျေးရွာ၊ စခန်းတွေကိုရရှိရုံသာမက စစ်ကောင်စီဘက်မှ(၁၈)ဦးသေဆုံးကြောင်းမျက်မြင်အတည်ပြုနိုင်ပြီး (၃)ဦးကို အရှင်ဖမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထာက်ပံ့မှုရပ်ဝန်းများကို အထူးစစ်ဆင်ရေးများဖော်ဆောင်ပြီး ထိုးနှက်တိုက်ခိုက်နေတာကြောင့် စစ်တပ်အနေနဲ့ ထိခိုက်ကျဆုံးမှုများရှိနေတယ်လို့လည်း သိရပါတယ်။

ဒါတင်မက အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)အနေနဲ့ ပြည်သူလူထုနဲ့လက်တွဲပြီး မိုးကုတ်မြို့နယ်နဲ့ မိုးမိတ်မြို့နယ်တို့ကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့များကိုဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း NUGကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေငြာထားပါတယ်။

Photo-MOD

#bbm #bbmnews #Mogok #updatenews #myanmar
👍91👏1
🥰9👍51👏1
နတ်ရေကန်ရှေ့တန်းစစ်မြေပြင်မှ စစ်မှုထမ်းတပ်သား ၃ ဦး အရှိုချင်းကာကွယ်ရေးတပ်ထံ အလင်းဝင်

BBM - ဒီဇင်ဘာ ၂၄
သတင်း - နိုင်နိုင်

တိုက်ပွဲတွေပြင်းထန်နေတဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းအနီးရှိ ရှေ့တန်းစစ်မြေပြင်ကနေ ပြည်သူ့စစ်မှုထမ်း (ပစ) ၃ ဦးဟာ ချင်းကာကွယ်ရေးတပ် - အရှို တပ်ဆီမှာ ဘက်ပြောင်းအလင်းဝင်ရောက်လာတယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို ပြောခွင့်ရသူ ကိုဆလိုင်းရိုးချင်း ထံမှသိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ငဖဲမြို့နယ်လမ်းဟောင်းရှိ ပဇီကျေးရွာအနီး ရှေ့တန်းစစ်မြေပြင်က စစ်ကောင်စီတပ်ဖွဲ့ဝင် ပြည်သူ့စစ်မှုထမ်း(ပစ) ၃ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) ဆီကို အလင်းဝင်ရောက်လာတဲ့သူတွေဟာ တပ်မ ၈၈ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ ၁၀) မှ ကိုမိုးကျော် (၃၃) နှစ်၊ ကိုမြမင်းခိုင် (၂၈) နှစ်နဲ့ ကိုသိန်းမော် (၃၃) နှစ်တို့ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လက်ရှိ အလင်းဝင်ရောက်လာတဲ့သူတွေကို လုံခြုံတဲ့စခန်းတွေကို ပို့ဆောင်ထားပြီး မိသားစုတွေဆီ ပြန်နိုင်ဖို့အတွက်လည်း လမ်းကြောင်းတွေ စီစဥ်ပေးမယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို ပြောခွင့်ရသူ ကိုဆလိုင်းရိုးချင်းက BBM ကို ပြောပါတယ်။

"လက်ရှိတော့ လုံခြုံတဲ့စခန်းတစ်နေရာကို ပို့ထားပေးပါတယ်၊ မိသားစုနဲ့ ဆက်သွယ်ပြီး သူတို့ကို ဒေသက မိသားစုဆီ ပြန်လို့ရရင် ပြန်ဖို့အတွက် လမ်းကြောင်းတွေ စီစဉ်ပေးပါမယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မှုမထမ်းမနေရဥပဒေကို ခုတုံးလုပ်ကာ မြန်မာနိုင်ငံအနှံ့မှလူငယ်တွေကိုတပ်သားသစ်တွေ စုဆောင်းပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ရှေ့တန်းစစ်မြေပြင်တွေကို ပို့ဆောင်နေတယ်လို့ သိရပါတယ်။

ရှေ့တန်းစစ်မြေပြင်ကို ရောက်တဲ့အချိန်မှာလည်း အထက်တပ်မှူးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ပြည်သူ့စစ်မှုထမ်း (ပစ) တွေဟာ နေ့စဉ်နဲ့အမျှ တပ်မှထွက်ပြေးဖို့ကြိုးစားလျက်ရှိနေကြတယ်လို့လည်း ချင်းကာကွယ်ရေးတပ်-အရှိုတပ်ဖွဲ့ဆီကို ဘက်ပြောင်း အလင်းဝင်ရောက်လာကြတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သား ၃ ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်လို့ (CDF-Asho) က ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဆီမှာ အတင်းအဓမ္မစစ်သားသစ်စုဆောင်းတာခံရပြီး အမျိုးမျိုးညှဉ်းပန်းနှိပ်စက်တာကိုခံနေရတဲ့ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီး စစ်မြေပြင်မှ လူငယ်တွေအနေနဲ့ ဘက်ပြောင်းအလင်းဝင်ရောက်လိုပါက အချိန်မရွေးဘက်ပြောင်းလာနိုင်ပြီး အလင်းဝင်ဘက်ပြောင်းလာသူတွေရဲ့ အသက်နဲ့လုံခြုံမှု ရရှိစေရေးကိုလည်း အာမခံကြောင်း ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ပြောဆိုထားပါတယ်။

#bbm #bbmnews #updatenews #myanmar
👍10
👍11👏2
မုပ္ပလင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး စစ်သားနဲ့ ရဲ ၄ ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

BBM-ဒီဇင်ဘာ၂၄
သတင်း - ကိုဟန်

ပြည်သူတွေအပေါ် ငွေညှစ်ဖမ်းဆီးမှုတွေပြုလုပ်လေ့ရှိတဲ့ ကျိုက်ထိုမြို့နယ် မုပ္ပလင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ဂိတ်ရှိ စစ်သားနဲ့ ရဲ ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းမှာ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေဘက်က လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးယူနေကြတဲ့ စစ်သားနဲ့ ရဲ ၄ ဦးထက်မနည်းဒဏ်ရာရရှိနိုင်ပြီး အဲဒီထဲက အချို့ဆို ဒဏ်ရာပြင်းထန်တဲ့အတွက် အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ မုပ္ပလင်ဒေသခံတဦးက BBM ကို ပြောပါတယ်။

“ကျွန်တော်တို့ ကြားတာပေါ့နော်၊ အဲဒီမှာ ရဲက ပိုထိတာများတယ်၊ ရဲတယောက်နဲ့ စစ်သားတယောက် အရေးပေါ် ဆေးရုံတင်ရပြီး အခြေအနေမကောင်းဘူးတဲ့ ပြီးတော့ ဒဏ်ရာရတဲ့သူတွေ အများကြီးပဲတဲ့” လို့ ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားပြီးနောက် နှစ်ဘက်တပ်တွေ လက်နက်ငယ်အပြန်အလှန်ပစ်
ခတ်သံတွေကိုလည်း ကြားခဲ့ရသလို ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်မှာ ကားလမ်းခေတ္တပိတ်ဆို့တာမျိုး ရှိခဲ့ပေမဲ့ နာရီပိုင်းအတွင်းမှာ ပုံမှန်အတိုင်း သွားလာခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဆိုပါဂိတ်စခန်းဟာ ဖြတ်သွားဖြတ်လာ ပြည်သူတွေနဲ့ ခရီးသည်တွေကိုသာမက ထိုင်းနိုင်ငံမှဝင်တဲ့ကုန်ပစ္စည်းတွေကိုပါ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးတာတွေလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

“အဲဒီဂိတ်က ဆိုးတယ်ဗျာ သူတို့က တအားစစ်တယ်၊ ကိုယ်က ထိုင်းဘက်က လာတဲ့ပစ္စည်းတွေ မော်လမြိုင်မှာ တရားဝင်ဝယ်လာတာဗျာ၊ ရန်ကုန်မှာ ပြန်ရောက်ရင် မိတ်ဆွေတွေ လက်ဆောင်ပေးမယ်ပေါ့၊ အဲဒါကိုဗျာ ရစ်တယ်၊ သိတဲ့အတိုင်း ပိုက်ဆံနည်းနည်းပေးလိုက်တော့ အဆင်ပြေသွားတာပဲ” လို့ မုပ္ပလင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ငွေညှစ်တာ ခံခဲ့ရဖူးတဲ့ ခရီးသည်တဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို နယ်မြေခံအခြေစိုက်တပ်ဖွဲ့တွေအပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး မကြာခဏဆိုသလို ဝင်ရောက်တိုက်ခိုက်ခံရတာ၊ ဒရုန်းဗုံးသီး ချခံရတာ၊ လက်နက်ကြီးပစ်ခတ်ခံရတာတွေရှိနေတဲ့အတွက် လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မုပ္ပလင်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရတဲ့နေ့မှာပဲ စစ်တပ်က ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာဘက်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - Social Media
ပုံစာ - မုပ္ပလင်စစ်ဆေးရေးဂိတ်(ပုံဟောင်း)
6👍4👏2
👍7👏3
မိုးကုတ်မြို့ရှိ စစ်ကောင်စီလက်နက်ကြီးထားရာနေရာကို ရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်

🟥မိုးကုတ်မြို့နယ်အတွင်း စကစ အခြေကုပ်နေရာအချို့ကို ရရှိထားဟု MOD ပြောထား

BBM-ဒီဇင်ဘာ၂၄
သတင်း-မင်းသော်

စစ်ကောင်စီရဲ့ လက်နက်ကြီးများထားရှိရာ မိုးကုတ်မြို့ပေါ်ရှိ မစိုးရိမ်ကျောင်းတိုက်ကို တော်လှန်ရေးအင်အားစုတွေက ယနေ့ညနေပိုင်းအတွင်း ရှော့တိုက်ဒုံး(၈)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပေါက်ကွဲမှုတွေဖြစ်ပေါ်နေတယ်လို့ မိုးကုတ်ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်၊ ဒီနေ့ ညနေ ၄ နာရီခန့်မှာ မိုးကုတ်မြို့အရှေ့ပိုင်းရှိ မစိုးရိမ် ဘုန်းကြီးကျောင်းကို တော်လှန်ရေးအင်အားစုတွေက ရှော့တိုက်ဒုံးနဲ့ (၃)ကြိမ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေ(၅)နာရီပတ်ချာလည်မှာတော့ နောက်ထပ်ရှော့တိုက်ဒုံး (၅)လုံးနဲ့ အဆိုပါမစိုးရိမ်ကျောင်းတိုက်ကိုပဲ ထပ်မံပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ဒီလိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတွေရှိရာ မစိုးရိမ်ကျောင်းဝန်းအတွင်း ထိခိုက်ပေါက်ကွဲသံတွေကြားရသလို မိုးကုတ်မြို့နေအိမ်တွေမှာလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် တုန်ခါမှုတွေခံစားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

"ညနေ၄နာရီလောက်မှာ (၃)လုံးပစ်တယ်၊ ပြီးတော့(၅)နာရီပတ်ချာလည်မှာ နောက်ထပ် (၅)လုံးထပ်ပစ်တယ်ဗျ၊ ရှော့တိုက်ဒုံးပါဗျ၊ လာသံ ကြားရပြီး ကွဲသံပါကြားရတာပါ၊ တချို့ မိုးကုတ်အရှေ့ပိုင်းက အိမ်တွေဆို တုန်တောင်တုန်ပါတယ်"လို့ ပြောပါတယ်။

အခုရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မစိုးရိမ်ကျောင်းတိုက်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း တော်လှန်ရေးအင်အားစုတွေ မိုးကုတ်ကိုမသိမ်းမီကပင် စစ်တပ်အနေနဲ့ အဆိုပါကျောင်းဝန်းအတွင်းဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပြီး ဆရာတော်တွေအနေနဲ့ အခြားနေရာတွေမှာပြောင်းလဲသီတင်းသုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအစောပိုင်းအတွင်း TNLA နဲ့ညှိနှိုင်းပြီး မိုးကုတ်မြို့ကို ပြန်ဝင်လာပြီးနောက်မှာလည်း သူတို့အရင်က စစ်စခန်းချခဲ့တဲ့ အဆိုပါ မစိုးရိမ်ကျောင်းတိုက်နဲ့ ဒေသအခေါ် ရှမ်းကျောင်းတို့မှာ ထပ်မံတပ်စွဲထားပြီး လက်နက်ကြီးများကိုလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။

"မစိုးရိမ်ကျောင်းက ဟိုအစ ဘာမှမသိမ်းခင်ကတည်းက စစ်တပ်က ဝင်ပြီးတပ်စွဲထားတဲ့နေရာပါ၊ ဆရာတော်တွေကတော့ တခြားမြို့တွေပြောင်းကုန်ပြီ၊ ခုသူတို့ပြန်ဝင်လာတော့လည်း အဲ့မှာပဲထပ်ပြီးတပ်စွဲတယ်၊ လက်နက်ကြီးတွေလည်းဆင်ထားတယ်လို့သိထားတယ်ဗျ၊ ရှမ်းကျောင်းဘက်မှာကော"လို့ အဆိုပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

မိုးကုတ်မြို့ကို ဝင်ရောက်ပြီးကတည်းက စစ်တပ်အနေနဲ့ မိုးကုတ်-နောင်ချိုလမ်းပိုင်းမှ ထပ်မံအင်အားဖြည့်တင်းတာတွေပြုလုပ်ခဲ့သလို ၎င်းတို့လက်နက်ကြီးတပ်ဆင်ထားရာနေရာတွေကနေလည်း တော်လှန်ရေးအဖွဲ့တွေကို ပစ်ခတ်တာတွေပြုလုပ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်တော်လှန်ရေးအင်အားစုတွေကလည်း မိုးကုတ်-မိုးမိတ်စစ်ဆင်ရေးအတွက် စစ်ဦးစီးအဖွဲ့သီးသန့်ဖွဲ့စည်းထားပြီး အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်းအောက်ထားရှိကာ တိုက်ပွဲဝင်လျက်ရှိပြီး စစ်ကောင်စီအခြေကုပ်နေရာအချို့နဲ့ သုံ့ပန်းအချို့ကို ဖမ်းမိထားတယ်လို့လည်း သိရပါတယ်။

#bbm #bbmnews #Mogok #updatenews #Myanmar
👍12👎1