3.47K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
❤6👍5
လှည်းကူးမြို့နယ်မှာ အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

BBM-ဒီဇင်ဘာ ၂၄
သတင်း-Richard

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကျောက်အိုင်ကျေးရွာရပ်ကွက်ရှိ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီး ၂ကောင်သေဆုံးနိုင်တယ်လို့ Yangon Armyရဲ့ တာ၀န်ရှိသူက BBMကိုပြောပါတယ်။

ဒီဇင်ဘာလ ၂၃ရက် ညနေ ၆နာရီ ၄၅မိနစ်ခန့်က အဆိုပါကျောက်အိုင်ကျေးရွာရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးမှာ လူငယ်တွေကိုပေါ်တာဆွဲဖို့ လူစုနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေကို ပြင်းအားမြင့် မိုင်း၂လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ငပျူ နှစ်ကောင်လောက်တော့အသာလေးဘဲ။ ခွေးမသားတွေလာမယ့် အချိန်ဆေးလိပ်ဖွာ ထိုင်ဆောင့်ပြီး အေးဆေးကြုံးခဲ့တာ။ ပါတီရုံးတွေက သနားလို့မလုပ်တာ လူပါးတွေဝနေကြလေရဲ့”လို့ အဆိုပါ တာ၀န်ခံက ‌ပြောပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ပြည်သူတွေနဲ့ အနီးကပ်ဆုံးနေပြီး စစ်ကောင်စီ အလိုကျ ဒုက္ခပေးနေတာကြောင့် အခုလို တိုက်ခိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“‌သူတို့က ‌၀င်ငွေကောင်းတယ်လေ။ ခွေးသားတွေက ပြန်ပေးဆွဲလိုက်၊ ငွေတောင်းလိုက်ပဲ။ ပေးနိုင်ရင် စစ်မှုထမ်းမခေါ်ဘူး။ မပေးနိုင်ရင် ဂျောင်းပဲ။ မြို့နယ်မှူးကနေ အဆင့်ဆင့်ခွဲစားကြတာ”လို့ ဆက်ပြောပါတယ်။

လာမယ့် တစ်ပတ်အတွင်း စစ်ကောင်စီရဲ့ မတရားရွေးကောက်ပွဲကို ကျင်းပတော့မှာဖြစ်တာကြောင့် ရွေးကောက်ပွဲကျင်းပမယ့် အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ခပ်ဝေးဝေးမှာ နေကြဖို့ကိုလည်း သတိပြုတိုက်တွန်းထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Yangon Armyနဲ့ အနောက်ပိုင်းခရိုင်ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#bbmnews #bbq #bbmtv #Yangon #hlegu
👍9❤2👏2
👍7❤4👏1
ရန်ကုန်ရှိ သန်လျက်စွန်းဧရာ၀တီရေတပ်စခန်းဌာနချုပ် နှစ်ပတ်လည်အခမ်းအနားကို မင်းအောင်လှိုင် တက်ရောက်နေ

BBM-ဒီဇင်ဘာ ၂၄
သတင်း-Richard

ရန်ကုန်တိုင်း၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ သန်လျက်စွန်း ဧရာ၀တီ ရေတပ်စခန်းဌာနချုပ်ရဲ့ နှစ်ပတ်လည် အခမ်းအနားကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မှာဖြစ်တဲ့အတွက် လုံခြုံရေးတင်းကျပ်ထားတယ်လို့ Rangoon Scout Network ရဲ့ တာ၀န်ရှိသူက BBM ကိုပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်‌လှိုင်ဟာ သန်လျက်စွန်း ဧရာ၀တီ ရေတပ်စခန်းဌာနချုပ်ရဲ့ ၇၈ နှစ်ပြည့် အခမ်းအနားကို တက်ရောက်လျက်ရှိတယ်လို့ ဆိုပါတယ်။

“သန်လျက်စွန်း ရေတပ်နှစ်ပတ်လည်ပွဲနဲ့ သန်လျင်ရေနံချက်စက်ရုံပွဲတခုကို တက်ဖို့ အဓိကရောက်လာတာလို့ သိရတယ်ဗျ၊ အရင်နှစ်တွေကလည်း လာလေ့ရှိတယ်ဗျ”လို့ အဆိုပါ တာ၀န်ခံက ဆက်ပြောပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်မှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကြူကြူလှတို့ဟာ ဗိုလ်တထောင်မြို့နယ်၊ St Mary's Cathedral ခရစ်ယာန် ကတ်သလစ်ကျောင်းမှာ ပြုလုပ်တဲ့ ခရစ်မတ်စ်နေ့ပွဲ တက်ခဲ့တယ်လို့ သိရပါတယ်။
“တစ်နိုင်ငံလုံး ကလေးကအစ သက်ကြီးရွယ်အိုပါမကျန် လူမျိုးဘာသာမရွေးသတ်ဖြတ်နေတဲ့အပြင် ဘာသာမျိုးစုံရဲ့ သာသနိက အဆောက်အအုံမှန်သမျှ ဗုံးကြဲတိုက်ခိုက်နေတဲ့ကောင်က ဘုရားတည်ပြလိုက်၊ ကျောင်းဆောက်ပြလိုက်နဲ့ အခုလည်း ခရစ်စမတ်နဲ့သူနဲ့ ဘာမှကိုမဆိုင်တာ၊ လျှောက်လုပ်ပြနေတာ”လို့ ရန်ကုန်မြို့ခံတစ်ဦးက BBM ကိုပြောပါတယ်။

ရန်ကုန်ကို မင်းအောင်လှိုင် ရောက်ရှိနေချိန် သူသွားမဲ့ လမ်းကြောင်းတစ်လျှောက်မှာ လုံခြုံရေးတင်းကျပ်ထားပြီး မသင်္ကာသူတွေကို ‌ဆွဲဖို့ချောင်းနေတာမို့ ဒီရက်ပိုင်း သတိထားသွားလာကြဖို့လည်း သတိပေးထားပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်အတွင်းမှာလည်း မင်းအောင်လှိုင်ဟာ ရန်ကုန်မှာ ဗိုလ်လောင်းသင်တန်းဆင်းပွဲနဲ့ စစ်ဆေးရေး လာရောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်မှာ ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းကလည်း ရန်ကုန်ရှိ စစ်သူနာပြုသင်တန်းဆင်းပွဲ တက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် သွားရောက်မဲ့ လမ်းကြောင်းတစ်လျှောက်မှာ လုံခြုံရေး ကင်းပုန်းတွေချထားတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ Rangoon Scout Network က တိုက်တွန်းထားပါတယ်။

#bbmnews #bbm #bbmtv #minaunghlaing #rangoonscoutnetwork
👍7🖕3
🖕4😁2
👍5👏1
👍11👏1
👍11👏1
AA သိမ်းထားတဲ့ ပွိုင့် ၆၆၆ စခန်းကို စစ်ကြောင်းထိုးလာတာကြောင့် ဗိုလ်မှူးတစ်ဦးအပါ စကစတပ်သား ၈၀ ခန့်သေဆုံး

BBM - ဒီဇင်ဘာ ၂၄
သတင်း - နိုင်နိုင်

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ ပွိုင့် ၆၆၆ စခန်းကုန်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ထိုးစစ်ဆင်လာတာကြောင့် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၈၀ ခန့် သေဆုံးမှု ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကပစ ၁၆ စက်ရုံကနေ မသုံကျေးရွာအထိစစ်ကြောင်းထိုးလာဖြစ်ပြီး အဲဒီကနေတဆင့် AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းထားတဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကို အင်အား ၃၀၀ နဲ့ ထပ်မံထိုးစစ်လာခဲ့တာဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်မှာ စစ်ကောင်စီတပ်ဟာ အင်အား ၃၀၀ နီးပါးနဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး AA က စနိုက်ဘာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ၈၀ ခန့် သေဆုံးမှုရှိတယ်လို့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်က BBM ကို ပြောပါတယ်။

"ဗိုလ်မှူးတစ်ယောက် ရလိုက်တာမှန်ပါတယ်၊ အင်အား ၃၀၀ လောက်နဲ့ ထိုးလာတာပါ အဲတာကို AA က တိုက်ခိုက်တော့ စစ်ကောင်စီသား ၈၀ နီးပါးလောက် ရလိုက်တာရှိပါတယ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က ရလိုက်တာပါ၊ ဒီပွိုင့် ၆၆၆ စခန်းကုန်းကို ထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်ပါတယ်" လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဆိုပါ ပွိုင့် ၆၆၆ စခန်းကုန်းကို ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ အထိအခိုက်အကျအဆုံးတွေ များပြားတာကြောင့် မသုန်ကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားကြတယ်လို့လည်း သိရပါတယ်။

ပန်းတောင်းမြို့နယ်ရှိ ကပစ ၁၆ စက်ရုံရဲ့ ကာကင်းစခန်းတစ်ခုဖြစ်တဲ့ ပွိုင့် (၆၆၆) စခန်းကုန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်မှာ အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်ဟာ မသုန်ချောင်းရဲ့ တစ်ဘက်ခြမ်းမှ မြောက်ဘက်ကုန်းကျေးရွာအနီးမှာ လက်နက်ကြီးစခန်းတွေ ပြုလုပ်ပြင်ဆင်နေခဲ့တာလည်း ဖြစ်ပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းထားတဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကနေ ကပစ ၁၆ စက်ရုံကို ထိုးစစ်အမြန်ရောက်ရှိဖို့ နီးကပ်တာကြောင့် စစ်ကောင်စီတပ်ကလည်း အင်အားအများအပြားနဲ့ အဲဒီ ပွိိုင့် ၆၆၆ စခန်းကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

"အဲဒီ ပွိုင့် ၆၆၆ စခန်းကုန်းဘက်ကို ထိုးစစ်ဆင်ဖို့အတွက် စကစတပ်သားတွေကို စစ်အင်အားပို့ဆောင်ရင်လည်း စိတ်ဓာတ်တွေကျဆင်းပြီး ထွက်ပြေးကြမှာပါ၊ တောမှာမသုံ၊ မြို့မှာရန်ကုန်ဆိုသလိုပဲ တကယ်ကို မသုံဘက်တွေက တောလည်းနက်ပါတယ်၊ အဲတာကြောင့် မသုံဘက်ကိုထိုးနေတဲ့ စစ်ကြောင်းတွေက ထွက်ပြေးကြမှာသေချာပါတယ် " လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

အခြားတစ်ဘက်မှာလည်း စစ်ကောင်စီတပ်ဟာ ပန်းတောင်းမြို့နယ်ရှိ ကပစ ၆ စက်ရုံကနေ AA သိမ်းထားတဲ့ ညောင်ကျိုးစခန်းကို အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဆင်လန်းကျေးရွာအနီးတဝိုက်တွေမှာ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတယ်လို့လည်း သိရပါတယ်။

#bbm #bbmnews #AA #Rakhine #updatenews
👏12❤1👍1
👏15❤3👍2
သုဝဏ္ဏဘူမိလေဆိပ်မှာ စကစအတွက် ဒရုန်းသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၄ဦးကို ဖမ်းဆီးရမီ

BBM-ဒီဇင်ဘာ ၂၄

ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်အနီးရှိ ဟိုတယ်တစ်ခုမှာ ဒရုန်းတွေကို ထိန်းချုပ်နေတဲ့ ဆစ်ဂနယ် အချက်အလက်တွေကို ထောက်လှမ်းရေးတွေသတင်း ရရှိပြီးနောက် မြန်မာနိုင်ငံသား လေးဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဆိုပါ ဟိုတယ်ခန်းကို ရှာဖွေမှုအတွင်း ဒရုန်း ၁၀ စင်းကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သံသယရှိသူ မြန်မာ၄ဦးစလုံးဟာ ဒီဇင်ဘာ ၂၁ ရက်မှာ ဟိုတယ်ကို ဝင်ရောက်ခဲ့ပြီး “ဒေးဗစ်”ဆိုတဲ့ အမည်နဲ့ အမျိုးသားတစ်ဦးက အွန်လိုင်းမှ ကြိုတင်စာရင်းသွင်းခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့ပြီး မျိုးရိုးအမည်ကိုတော့ မသိရှိရဘူးလို့ဆိုပါတယ်။

သံသယရှိသူတွေကို စစ်ဆေးမေးမြန်းစဉ်အတွင်း သူတို့ရဲ့ကြီးကြပ်ရေးမှူး မြန်မာနိုင်ငံသားတစ်ဦးမှ ဆက်သွယ်ခဲ့ပြီး မြန်မာနိုင်ငံကို ဒရုန်းတွေမပို့ဆောင်မီ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ညွှန်ကြားခဲ့ကြောင်း ရဲအရာရှိတွေကို ပြောကြားခဲ့ပါတယ်။

အဆိုပါဒရုန်းတွေကို ပုဂ္ဂလိက ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတစ်ခုက ဟိုတယ်ကို ပို့ဆောင်ပေးခဲ့ကြောင်း ရဲတွေက ပြောကြားခဲ့ပါတယ်။

သံသယရှိသူတွေက အဆိုပါဒရုန်းတွေရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်ပြီး တစ်ယောက်ကို သေတ္တာ၂လုံးကနေ ၃လုံးသယ်ဆောင်ပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို သယ်ယူဖို့ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

မြန်မာနိုင်ငံကို အဆိုပါ ဒရုန်းတွေ ရောက်ရှိတာနဲ့ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဆိုတဲ့ ကယ်ဗင်ချို(Kevin Cho) အမည်ရှိ ကြီးကြပ်ရေးမှူးဆီကို လွှဲပြောင်းပေးအပ်ရမှာဖြစ်ပြီး အဆိုပါ ကယ်ဗင်ချိုမှ တစ်ဆင့် စစ်ကောင်စီဆီကို ဆက်လက်ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ ဒရုန်းတွေကို နောက်ထပ်စစ်ဆေးမှုတွေနဲ့ သက်သေအထောက်အထားတွေ စုဆောင်းဖို့အတွက် လက်ကရာဘန်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးတွေဆီကို ပေးပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အာဏာပိုင်တွေက အဆိုပါ သံသယရှိသူလေးဦးစလုံးရဲ့ ဗီဇာတွေကို ရုတ်သိမ်းပြီး လူဝင်မှုကြီးကြပ်ရေးဌာန ၁ ရဲ့ တပ်မှူးဆီ အမှုကို တင်သွင်းရန် ပြင်ဆင်နေပြီး သံသယရှိသူတွေကို ထိန်းသိမ်းထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Reference-The Nation Thailand
Translator-Richard
Photos-The Nation Thailand
👍10👏1
👍10
မိုးကုတ် မြို့နယ်တိုက်ပွဲ(၂)ပတ်ကျော်အတွင်း စကစ (၁၈)ဦးမျက်မြင်သေဆုံးပြီး စစ်သုံ့ပန်း (၃)ဦးလက်ရဖမ်းနိုင်

🟥စကစ ခြေကုပ်ယူတားတဲ့ကျေးရွာ(၁)ခုနဲ့ စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ရရှိ

BBM-ဒီဇင်ဘာ၂၄
သတင်း-မင်းသော်

မိုးကုတ်မြို့နယ် (၂)ပတ်ကျော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ မျက်မြင် (၁၈)ဦးသေဆုံးပြီး စစ်သုံ့ပန်း(၃)ဦးကိုလက်ရဖမ်းဆီးနိုင်ခဲ့တဲ့အပြင်
မြို့နယ်အတွင်း စကစ ခြေကုပ်ယူထားတဲ့ ကျေးရွာ(၁)ခုနဲ့စိုးမိုးကုန်း(၁)ခုတို့ကိုလည်း တော်လှန်ရေးအင်အားစုတွေဘက်မှ ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇)ရက်နေ့မှ (၂၄)ရက်နေ့အထိ မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲကြီး(၆)ကြိမ်၊ တိုက်ပွဲငယ်(၉)ကြိမ်ဖြစ်ပွါးခဲ့တယ်လို့သိရပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီအခြေပြုထားရာ ကျေးရွာ၊ စခန်းတွေကိုရရှိရုံသာမက စစ်ကောင်စီဘက်မှ(၁၈)ဦးသေဆုံးကြောင်းမျက်မြင်အတည်ပြုနိုင်ပြီး (၃)ဦးကို အရှင်ဖမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထာက်ပံ့မှုရပ်ဝန်းများကို အထူးစစ်ဆင်ရေးများဖော်ဆောင်ပြီး ထိုးနှက်တိုက်ခိုက်နေတာကြောင့် စစ်တပ်အနေနဲ့ ထိခိုက်ကျဆုံးမှုများရှိနေတယ်လို့လည်း သိရပါတယ်။

ဒါတင်မက အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)အနေနဲ့ ပြည်သူလူထုနဲ့လက်တွဲပြီး မိုးကုတ်မြို့နယ်နဲ့ မိုးမိတ်မြို့နယ်တို့ကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့များကိုဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း NUGကာကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေငြာထားပါတယ်။

Photo-MOD

#bbm #bbmnews #Mogok #updatenews #myanmar
👍9❤1👏1