ကျပ်ဘီလီယံချီ မူးယစ်ဆေးများ AA နဲ့ ဆက်စပ်တယ်လို့ စစ်တပ်ရဲ့ စွပ်စွဲချက်ဟာ လုပ်ကြံဖန်တီးစွပ်စွဲ ဝါဒဖြန့်မှုဟု ဦးခိုင်သုခ တုန့်ပြန်
🟥ယုတ်မာအောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေနဲ့ တိုက်ကွက်ဖော်နေခြင်းဟုဆို
BBM - နိုဝင်ဘာ ၁၉
သတင်း - နိုင်နိုင်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ၁ ရပ်ကွက်၊ ဆင်အိုးဖိုရပ်ကွက်၊ ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ် ၁၉ ရှိ မြေအောက်ခန်းမှာ သိုဝှက်ထိန်းသိမ်းထားတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေမှာ မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ရခိုင်နဲ့ မလေးရှားနိုင်ငံကို ပို့ဆောင်မဲ့ အိုက်စ် (ICE) မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်၊ ငွေကျပ် ၁၂၀ ဘီလီယံခန့် တန်ဖိုးရှိပြီး အဲဒီဆေးဝါးတွေနဲ့အတူ AA ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနဲ့ ပုသိမ်မြို့မှာ မူးယစ်ဆေးဝါး ထိန်းသိမ်းသူ လမင်းခန့် ၂ ဦး အပါအဝင် ဆက်စပ်အမျိုးသား ၂၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။
အာရက္ခတပ်တော် AA ဟာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွေကို ပြုလုပ်ကာ ရရှိတဲ့ဝင်ငွေတွေနဲ့ လက်နက်၊ ခဲယမ်းတွေကိုဝယ်ယူပြီး ရခိုင်ပြည်အတွင်းမှာ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်တာ၊ လက်နက်အားကိုးနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ်ကို အနိုင်ကျင့် သတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီတပ်က စွပ်စွဲထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ အခုလို စွပ်စွဲချက်ဟာ မရိုးနိုင်တဲ့အခြေအမြစ်မရှိ လုပ်ကြံဖန်တီးထားတဲ့ ဝါဒဖြန့်မှုတစ်ခုသာဖြစ်ပြီး အဲဒီမူးယစ်ဆေးဝါးတွေဟာ AA နဲ့ ပတ်သက်မှု တစုံတရာ မရှိဘူးလို့လည်း AA ပြောခွင့်ရသူ ဦးခိုင်သုခက BBM ကို ပြောပါတယ်။
"ဒီဟာကတော့ အကြမ်းဖက် ဖက်ဆစ် စစ်ရာဇဝတ်ဂိုဏ်းရဲ့ မရိုးနိုင်တဲ့အခြေအမြစ်မရှိ လုပ်ကြံဖန်တီးစွပ်စွဲ ဝါဒဖြန့်မှုတစ်ခုပဲ ဖြစ်ပါတယ်၊ အရင်တုန်းကလည်း ဒီလိုမျိုးအကြိမ်ကြိမ် စွပ်စွဲဖူးပါတယ်၊ ဒီကိစ္စက ကျနော်တို့နဲ့ ဘာမှပတ်သက်မှုမရှိပါဘူး၊ အကြမ်းဖက်စစ်ကောင်စီက သူတို့မှာ သူတို့မူးယစ်ဆေးဝါး စက်ရုံတွေက သူတို့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်ပြပြီးတော့ တခြားသူတွေကိုလက်ညှိုးထိုးပြကာ ယုတ်မာအောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေနဲ့ တိုက်ကွက်ဖော်နေတာသာ ဖြစ်တယ်" လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မူးယစ်ဆေးဝါးတွေနဲ့အတူ အမျိုးသား ၂၄ ဦး၊ M-4, A-1 သေနတ် (၁) လက်၊ ပစ္စတို (၂) လက်၊ ကုန်တင်သင်္ဘော ၂ စီးတို့ကို ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့ကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့မှာလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်တွေမှာ ဖမ်းမိတဲ့ ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလီတန်ဖိုးရှိ မူးယစ်ဆေးဝါး အများအပြားဟာလည်း အာရက္ခတပ်တော် AA နဲ့ ဆက်စပ်နေကြောင်း စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ခဲ့ပါတယ်။

🖕8😡4❤1🤩1
စစ်အာဏာသိမ်းပြီးနောက်ပြည်တွင်းမှာ လူပေါင်း ၃ ဒသမ ၆ သန်းခန့် နေရပ်စွန့်ခွာနေရ
BBM - နိုဝင်ဘာ ၁၉
သတင်း - ဦးထွန်း
စစ်ကောင်စီက မတရာအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်နိုဝင်ဘာလအထိ မြန်မာပြည်တွင်းမှာ လူပေါင်း ၃ ဒသမ ၆ သန်း ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA Myanmar က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
UNOCHA Myanmar ရဲ့ထုတ်ပြန်ချက်များအရ ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ဒေသခံ ၃,၄၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ဒေသခံအများစုမှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ချောင်းဦးနှင့် မုံရွာမြို့ရှိဒေသခံ ၁၄,၆၀၀ ကျော်နှင့် ကလေးမြို့မှာ ဒေသခံ ၂,၀၀၀ ခန့်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ တမူးမြို့မှာလည်းတောတောင်များမှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင်ဒေသခံ ၆၀၀၀ ကျော်ဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုများကြုံတွေ့နေရကာ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ အပါအဝင် လူပေါင်း ၁၅၀၀ ခန့်ဟာ အရေးပေါ်အကူအညီများလိုအပ်နေတယ်လို့ သိရပါတယ်။
ဒါတင်မကစစ်ကောင်စီ စစ်ကြောင်းထိုးမှုများကြောင့် မန္တလေးတိုင်း တောင်သာမြို့၊စစ်ကိုင်းတိုင်း ချောင်းဦးနဲ့ဝက်လက်မြို့ တို့မှာလည်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၊နေအိမ်များအပါအဝင် အဆောက်အဦးစုစုပေါင်း ၁,၇၆၀ ထက်မနည်းပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့မှ နိုဝင်ဘာ ၁၁ ရက် နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ Hunger Hotspot အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အလွန်စိုးရိမ်ဖွယ်ရာ ငတ်မွတ်ခေါင်းပါးတဲ့ နေရာ ခြောက်ခုထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး အဆိုးရွားဆုံးအန္တရာယ်နှင့် ရင်ဆိုင်နေရတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံတွင်ပါဝင်နေ ကြောင်း UNOCHA Myanmarရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

👍8😢1
ကျေးရွာတွေက ပစ္စည်းများကို ခိုးယူနေတဲ့ မြိုင်စစကစ၂ဦးကို ပစ်ခတ်ရှင်းလင်း
🟥MA-1 (၁)လက်၊ ကျည် ၄၇၃ တောင့်၊ ကျည်ဘောက်(၆)ခုနဲ့ဆက်စပ်ပစ္စည်းများရရှိ
BBM-နိုဝင်ဘာ ၁၉
သတင်း -ကိုဘုဏ်း
မြိုင် စက်မှုဇုန် ၂ အနီးပါတ်ဝန်းကျင်ရွာများက
ပြည်သူပိုင်ပစ္စည်းများကို ခိုးယူလုယက်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သား(၂)ဦးကိုတော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် စကစ(၁)ဦးနေရာမှာသေဆုံးသလိုMA-1 (၁)လက်၊ ကျည် ၄၇၃ တောင့်၊ ကျည်ဘောက်(၆)ခုနဲ့ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်-ပကဖမှ ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၉ရက်(ယနေ့)မနက်၉နာရီခန့်မှာ ပြည်သူပိုင်နေအိမ်များကို ခိုးဝှက်ရန်လာတဲ့ စကစ(၂)ဦးကို ရိက္ခာတွေနဲ့အတူတွေ့ရှိတာကြောင့်ပစ်ခတ်ခဲ့ပြီး ဖြစ်စဥ်အတွင်းစစ်ကောင်စီတပ်သားတစ်ဦးနေရာမှာတင် ပွဲချင်းပြီးသေပြီး ကျန် တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖြစ်စဥ်အတွင်းထဲမှ ကျန်ရှိနေတဲ့ ဒဏ်ရာရသူတစ်ဦးကို တော်လှန်းတပ်ဖွဲ့များက ဆေးကုသမူ့ပေးခဲ့ပြီး MA 1 တစ်လက် ၊ ကျည် ၄၇၃ တောင့်နဲ့အတူ အခြားစစ်အသုံးအဆောင်
ပစ္စည်းများသိမ်းဆည်းရမိခဲ့တယ်လို့လည်းသိရပါတယ်။
အဆိုပါတိုက်ခိုက်မူ့ကို မြိုင် ပကဖ၊ Good Brother တပ်ဖွဲ့ အညာမြေတပ်ပေါင်းစုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ က ထုတ်ပြန်ကြေငြာထားပါတယ်။
Photo-မြိုင်ပကဖ

👍9👏2❤1
တရုတ်၀မ်ပေါင်ကြေးနီစီမံကိန်းထဲသို့ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်
🟥ရွေးကောက်ပွဲကို ၀မ်ပေါင်၀န်းထဲမှာပဲ အပြင်လူအ၀င်မခံဘဲ ပြုလုပ်မယ်ဟုဆို
BBM-နို၀င်ဘာ ၁၉
သတင်း-Richard
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်၀မ်ပေါင်ကြေးနီ စီမံကိန်းထဲကို ရှော့တိုက်ဒုံး ၁၀လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကြေးပြားစက်ရုံပေါ်ကျရောက် ပေါက်ကွဲခဲ့ပြီး မီးလောင်ခဲ့ကာ ဥဩဆွဲသံတွေနဲ့ ဆူညံနေတယ်လို့ ယင်းမာပင်ခရိုင် ပကဖ တပ်ထောက် ရဲဘော်က BBM ကိုပြောပါတယ်။
ဒီနေ့ နို၀င်ဘာလ ၁၉ ရက်၊ မနက် ၇နာရီခန့်မှာ ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်၀မ်ပေါင်ကြေးနီ စီမံကိန်းထဲကို ရှော့တိုက်ဒုံး ၁၀လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ကြေးပြားစက်ရုံပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ခဲ့ကာ ဥဩဆွဲသံတွေနဲ့ ဆူညံခဲ့သလို စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“၀မ်ပေါင်ထဲကိုပစ်တာ ၁၀ လုံးလောက်ရှိတယ်ဗျ၊ စက်ရုံပေါ်ကျပြီး မီးလောင်လို့ ဥဩသံတွေကိုဆူညံနေတာပဲ၊ ခွေးတွေဘက်ကလည်း ပြန်ပစ်တယ်ဗျ၊ သူတို့ဘက်က အထိအခိုက်တော့ မသိရသေးဘူးဗျ”လို့ အဆိုပါရဲဘော်က ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေဟာ ၀မ်ပေါင်ကုမ္ပဏီနဲ့ အနီးပတ်ဝန်းကျင်ရှိ ၀က်မှေး၊ ကံတော နဲ့ ပလောင်ကျေးရွာတွေမှာ ၀င်ရောက်တပ်စွဲထားတယ်လို့ ဆိုပါတယ်။
“အခုက ပြန်ဝင်လာကြတာ၊ ဝက်မှေး၊ ကံတောနဲ့ ပလောင်ရွာထဲကော ပြန်ရောက်နေပြီဗျ၊ ၀မ်ပေါင်နဲ့က ကပ်နေတာ၊ ခြံစည်းရိုးနဲ့ လမ်းပဲခြားတယ်”လို့ အဆိုပါ ရဲဘော်က ဆက်ပြောပါတယ်။
လက်ရှိမှာ ၀မ်ပေါင်စီမံကိန်း၀န်းကျင်မှရွာတွေဟာ စစ်ဘေးရှောင်နေရပြီး စစ်ဘေးရှောင်ရင်း သေဆုံးသူတွေ ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်သူတွေလည်း များလာနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲကို ၀မ်ပေါင်စီမံကိန်းအတွင်းမှာ ပြုလုပ်မှာဖြစ်ပြီးတော့ အပြင်လူပေး၀င်မှာမဟုတ်ဘဲ သူတို့လူနဲ့ သူတို့လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ ရွေးကောက်ပွဲကို ဝန်ပေါင်ထဲမှာ လုပ်မယ် သိရတယ်ဗျ၊ ပြိုင်မဲ့သူတွေက ကြံ့ဖွတ်တွေပဲရှိတယ်၊ အပြင်လူအ၀င်မခံဘူး သိရတယ်ဗျ၊ သူတို့ အတွင်းလူနဲ့ပဲ လုပ်မယ်လို့ သိရတယ်”လို့ အဆိုပါရဲဘော်က ဆက်ပြောပါတယ်။
နို၀င်ဘာလ ၁၄ ရက်၊ ညပိုင်းမှာလည်း တရုတ်၀မ်ပေါင်ကြေးနီစီမံကိန်းထဲမှ ကြေးပြားစက်ရုံနားကို ရှော့တိုက်ဒုံး ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်မှာလည်း ဝမ်ပေါင်ကြေးနီစီမံကိန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ၊ ပျူစောထီးတွေနဲ့ ရှမ်းနီလက်နက်ကိုင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ၂ ရက်တာအတွင်း လက်လုပ်ရှော့တိုက်ဒုံး ၁၂ လုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင် အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကုမ္ပဏီဝင်းအတွင်း မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
Photo-ပုံဟောင်း

👍12❤1
ပေါက်မြို့နယ်တောင်ပိုင်းရှိ ယောချောင်းဘေးက ပျူစောထီးရွာကြီး ၂ရွာကို သိမ်းပိုက်မီးရှို့ဖျက်စီး
🟥စကစက စက်တပ်လေထီး၊ Y12၊ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာ၊ ဟောင်ဝှက်စာတွေနဲ့ပါ တစ်နေ့လုံးဗုံးကြဲတိုက်ခိုက်
BBM-နို၀င်ဘာ ၂၀
သတင်း-Richard
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ယောချောင်းဘေးက ပျူစောထီး ရွာကြီး ၄ရွာအနက် ၂ရွာကို ပေါက်တောင်ပိုင်း ပကဖ အဖွဲ့က သိမ်းပိုက်မီးရှို့ဖျက်စီးခဲ့တယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်က BBMကိုပြောပါတယ်။
နို၀င်ဘာလ ၁ရက်နေ့က ပေါက်မြို့နယ်တောင်ပိုင်း ယောချောင်းဘေးက ပျူစောထီးရွာကြီး ၄ရွာဖြစ်တဲ့ ဝန်ကျုံး သစ်ချိုကုန်း၊ ပင်တောင်ရွာ၊ တပ်ကုန်းရွာတို့ အနက် ၀န်ကျုံးနဲ့ သစ်ချိုကုန်းကိုသာ သိမ်းပိုက် မီးရှိူ့နိုင်ကာ ကျန်၂ရွာကတော့ စစ်ကောင်စီက လေကြောင်းကနေ တစ်နေ့လုံးဗုံးကြဲတိုက်ခိုက်တာကြောင့် ၂ရွာသာ သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
“စခ စစ်ကြောင်းကအမြန်ရောက်လာလို့သာနှစ်ရွာသာအောင်မြင်ခဲ့ပြီး စစ်ကြောင်းကိုလိုက်ကာကြရတာပါ။ စခတွေဘက်က စက်တပ်လေထီး၊Y12၊ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာ၊ စတာတွေနဲ့တစ်နေ့လုံးကြဲချတာပါပဲ။ ဟောင်ဝှက်စာတွေရောပေါ့”လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။
အဆိုပါ မသိမ်းယူနိုင်လိုက်တဲ့ ပင်တောင်နဲ့ တပ်ကုန်း ၂ရွာဟာ စစ်ကောင်လက်အောက်ခံ တပ်သားတွေ၊ ရဲတွေ၊ ပျူစောထီးတွေ နဲ့ပေါက်မြို့ရဲ့အကြီးဆုံးပျူရွာ တွေဗျ။ အဲ့ပွဲမှာ စခတွေ ဖက်မှ ရှိသမျှလေကြောင်းအကုန်သုံးလာချတာပါပဲ။
အထိအခိုက်မရှိကြပါဘူး လို့ပြောပါတယ်။
“တကယ်ဆို စခ၊ ရခ၊ ပခ တွေနဲ့ပေါက်မြို့ရဲ့အကြီးဆုံးပျူရွာတွေဖြစ်တဲ့ ပင်တောင်ရွာ တပ်ကုန်းရွာတွေပါအပြတ်ရှင်းဖို့ပါ။ အဲ့ပွဲမှာ စကစ ဖက်မှ ရှိသမျှလေကြောင်းအကုန်သုံးလာချတာပါပဲ။
အထိအခိုက်မရှိကြပါဘူးဗျ”လို့ အဆိုပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်ပြီးတော့ ၂ရက်အကြာမှာပဲ ပေါက်မြိုနယ် တောင်ပိုင်းကို စစ်ကြောင်း၃ကြောင့် အင်အား၃၀၀ခန့်လောက်နဲ့ လူသတ်၊ လုယက်၊ ခိုးယူအပြင် ရွာတွေကိုပါမီးရှို့နေတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြိး စစ်ကောင်စီ ၁၇ ယောက်သေပြီး လက်နက်တွေ သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
Video-စစ်ရေးသတင်းမြစ်တစ်ဦး

👍16😡1