3.47K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမြို့နယ် ကျေးရွာ ၁၇ ရွာမှ ဒေသခံထောင်နဲ့ချီကို Triple T အဖွဲ့ကပြောင်းရွှေ့ပေး

BBM - နိုင်ဝင်ဘာ ၁၉
သတင်း - နိုင်နိုင်

လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ ၁၇ ရွာက ဒေသခံ ထောင်နဲ့ချီကို Triple T က ဦးဆောင်ပြီး ယာယီလုံခြုံမဲ့နေရာတွေကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်ရှိ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို အခုရက်ပိုင်းအတွင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် မင်းပြင်၊ ဂေါ်ဒူရွာသစ်၊ သိုင်းချောင်း စတဲ့ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ ၁၇ ရွာက ဒေသခံ ၃၀၀၀ ကျော်ကို လက်ရှိကာလအတွင်းမှာ ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းထားရတယ်လို့ Triple T တည်ထောင်သူ ကိုဗစ်တာက BBM ကို ပြောပါတယ်။

"ကျောက်ဖြူနဲ့ ပတ်သက်ပြီးတော့မှ အရေးပေါ်ကယ်ထုတ်ရေး၊ ကယ်ဆယ်ရေး စတဲ့အစီအစဥ်တွေကို လုပ်ဆောင်နေတာကတော့ အချိန်အတိုင်းအတာတစ်ခုအထိ ရှိပြီဖြစ်ပါတယ်၊ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုတည်းကနေ ရွှေ့ပြောင်းပေးခဲ့တဲ့ လူဦးရေကတော့ ၃ ထောင်နီးပါးရှိခဲ့ပါတယ်" လို့ ကိုဗစ်တာက ပြောပါတယ်။

Triple T အဖွဲ့ဟာ နယ်ပယ်အသီးသီးမှာ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးနဲ့ ဖွဲ့ဖြိုးရေးလုပ်ငန်းတွေကို နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ လက်တွဲပြီး မြေပြင်မှာ လုပ်ကိုင်ဆောင်ရွက်တေဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

လက်ရှိ အရေးပေါ် စစ်ဘေးရှောင်နေကြရတဲ့သူတွေမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ နေရာထိုင်ခင်းနဲ့ အမိုးအကာ၊ အဝတ်အထည် အစရှိတဲ့ပစ္စည်းတွေ လိုအပ်လျက်ရှိနေကြတယ်လို့လည်း သိရပါတယ်။

"စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့အရာတွေကတော့ နေစရာ၊ ထိုင်စရာ အဆောက်အဦးတွေ၊ တဲတွေလိုအပ်ပါတယ်၊ သောက်သုံးရေတွေ၊ အစားအသောက်ကိစ္စတွေ လိုအပ်ပါတယ်၊ တစ်ချို့သူတွေက အဝတ်တထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြတာဆိုတော့ အဝတ်အထည်တွေလည်း လိုအပ်ပါတယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ လသားအရွယ်ကလေးတွေအတွက် သီးခြားအထူးတလည် လိုအပ်တဲ့ပစ္စည်းတွေ ရှိပါတယ်၊ နောက် မသန်စွမ်းအုပ်စုတွေအတွက်လည်း လိုအပ်တဲ့အရာတွေရှိပါတယ်၊ လိုအပ်တဲ့အရာကတော့ ကျန်းမာရေးကိစ္စကအစ ကလေးတွေရဲ့ ပညာရေးအဆုံး လိုအပ်တာတွေ ရှိနေတာလည်းဖြစ်ပါတယ်" လို့ ကိုဗစ်တာက ဆက်ပြောပါတယ်။

လက်တလော ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေကို Triple T က စားနပ်ရိက္ခာ တစ်ပတ်၊ နှစ်ပတ်စာလောက်သာ ထောက်ပံ့ထားနိုင်ပြီး ရေရှည်မှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရနိုင်တယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ အခုနှစ်၊ ဖေဖော်ဝါရီလက စတင်ကာ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာဖြစ်ပြီး အဲဒီတိုက်ပွဲတွေ အတွင်းမှာ မြို့ပေါ်နဲ့ ကျေးရွာတွေက AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စစ်ဘေးတိမ်းရှောင်လာသူဦးရေ ၅ သောင်းကျော်အထိ ရှိလာနေတယ်လို့လည်း စစ်ဘေးရှောင်အရေးဆောင်ရွက်နေကြတဲ့ ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင်ရှားပါးတာ၊ ဝင်ငွေမရှိတာ၊ စားဝတ်နေရေးကြပ်တည်းတာတွေကြောင့် တစ်မြို့နယ်ကနေ အခြားမြို့နယ်တွေကို ခြေလျင်နဲ့သွားရောက်ကာ အလှူခံတောင်းရမ်းစားသောက်မှုတွေ ရှိနေကြတယ်လို့လည်း စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
👍11
👍16
ဟိုပင်မြို့အခြေစိုက် ခမရ ၅၂၁ ကို လက်နက်ကြီးနဲ့ပစ်ခတ်ရာ ဗိုလ်မှူး ၁ ဦးအပါ စကစများ သေဆုံးမှုရှိ

🟥မိုးကောင်း၊ ဟိုပင်အစပ် ဒေသတွေမှာ KIA နဲ့တိုက်ပွဲပြင်းထန်နေပြီး ပစ တွေကို အသေခံတိုက်ခိုင်းနေ

BBM-နိုဝင်ဘာ၁၉
သတင်း-မင်းသော်

ကချင်ပြည်နယ်၊ ဟိုပင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၂၁)တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့၊ ည ၈ နာရီခန့်မှာ ဟိုပင်မြို့ရှိ ခမရ(၅၂၁)တပ်ရင်းထဲကို KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီဘက်မှလည်း တော်လှန်ရေးအင်အားစုတွေရှိရာ နေရာတွေကို ပြန်လည်ပစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အပြင် ဟိုပင်မြို့ရှိ အခြားတပ်ရင်းတွေကလည်း လက်နက်ကြီးပစ်ကူတွေပေးခဲ့တာကြောင့် ၄၅ မိနစ်ခန့် နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုတွေအတွင်း ခမရ(၅၂၁) တပ်ရင်းအတွင်းမှ ဗိုလ်မှူး တစ်ဦးအပါအဝင် စစ်
ကောင်စီတပ်သားအချို့ သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ ဟိုပင်မြို့အနီးနေ ဒေသခံပြည်သူတစ်ဦးထံမှ သိရပါတယ်။

"တနင်္လာနေ့ည ၇ နာရီခွဲအကျော်လောက်မှာ တပ်ရင်းထဲလက်နက်ကြီးကျသံ စကြားရတာ ပြီးတော့ ဆက်တိုက်ပဲ ပေါက်ကွဲသံတွေ လက်နက်ငယ်အသံတွေ အဆက်မပြတ်ကြားရတော့တာပဲ၊ ပေါက်ကွဲသံတွေ အတော်အသံကျယ်တယ် နှစ်ဘက် ပစ်ခတ်သံတွေ ကြားရတယ် ၈ ခွဲလောက်အထိ ပစ်သံကြားနေရတုန်းပဲ၊ ဟိုပင်ဘက်ကနေ ပစ်တဲ့ လက်နက်ကြီး အချို့ နန်းခွင်ချောင်း အနောက်တောထဲဘက်ထဲကို သွားကျတာတွေလည်းရှိတယ်" လို့ ပြောပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဟိုပင်မြို့ ပတ်ဝန်းကျင်ကို အရင်ကထက် လုံခြုံရေးပိုမိုတင်းကြပ်ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမအပတ်လောက်ကတည်းက မိုးကောင်းမြို့နဲ့ ဟိုပင်မြို့အစပ်ကြားရှိ တောင်ပေါ်ဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့ အဆိုပါ ခမရ ၅၂၁ မှ စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီအရာရှိတွေက အခုမှသင်တန်းဆင်းလာတဲ့ ပြည်သူ့စစ်တွေကို ရှေ့မှအသေခံတိုက်ခိုင်းတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း တော်လှန်ရေးသတင်းရင်းမြစ်နဲ့ နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။

"မိုးကောင်းနဲ့ ဟိုပင်အစပ် အရှေ့တောင်တန်းပေါ်မှာ တိုက်ပွဲပြင်းထန်နေတာ ၈ ရက်လောက်ရှိနေပြီ၊ စကမ ဘက်က အသေခံ ထိုးတက်နေကြပါတယ်၊ ပစတွေကို အဓိက အသေခံ ရှေ့တိုးတက်ခိုင်းနေလို့၊ နောက်ချန်တပ်ရင်းဖြစ်တဲ့ ခလရ ၅၂၁ ကို ဝင်ရှင်းရတာဖြစ်တယ်" လို့ သူက ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်းမှာလည်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးအဆင့်ရှိသူတွေကိုယ်တိုင် ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ပြောဆိုမှုတွေရှိနေပေမဲ့ BBM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။

တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ ခမရ(၅၂၁)တပ်ရင်း အခြေစိုက်ရာ ဟိုပင်မြို့ဟာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အမှတ်(၃)အခြေစိုက်ရာ မိုးကောင်းမြို့နဲ့ ကီလိုမီတာ ၃၀ ခန့်သာဝေးပြီး စစ်တပ်အားကောင်းရာဒေသဖြစ်တယ်လို့လည်း သိရပါတယ်။

Photo - ပုံဟောင်း
👍92👏1
8👍4
ကျပ်ဘီလီယံချီ မူးယစ်ဆေးများ AA နဲ့ ဆက်စပ်တယ်လို့ စစ်တပ်ရဲ့ စွပ်စွဲချက်ဟာ လုပ်ကြံဖန်တီးစွပ်စွဲ ဝါဒဖြန့်မှုဟု ဦးခိုင်သုခ တုန့်ပြန်

🟥ယုတ်မာအောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေနဲ့ တိုက်ကွက်ဖော်နေခြင်းဟုဆို

BBM - နိုဝင်ဘာ ၁၉
သတင်း - နိုင်နိုင်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ၁ ရပ်ကွက်၊ ဆင်အိုးဖိုရပ်ကွက်၊ ကမ်းနားလမ်း၊ ဂိုဒေါင်အမှတ် ၁၉ ရှိ မြေအောက်ခန်းမှာ သိုဝှက်ထိန်းသိမ်းထားတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေမှာ မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ရခိုင်နဲ့ မလေးရှားနိုင်ငံကို ပို့ဆောင်မဲ့ အိုက်စ် (ICE) မူးယစ်ဆေးဝါး ၄၀၀၀ ကီလိုဂရမ်၊ ငွေကျပ် ၁၂၀ ဘီလီယံခန့် တန်ဖိုးရှိပြီး အဲဒီဆေးဝါးတွေနဲ့အတူ AA ထောက်ပံ့ရေးတာဝန်ခံ ခင်ထွန်းနဲ့ ပုသိမ်မြို့မှာ မူးယစ်ဆေးဝါး ထိန်းသိမ်းသူ လမင်းခန့် ၂ ဦး အပါအဝင် ဆက်စပ်အမျိုးသား ၂၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။

အာရက္ခတပ်တော် AA ဟာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွေကို ပြုလုပ်ကာ ရရှိတဲ့ဝင်ငွေတွေနဲ့ လက်နက်၊ ခဲယမ်းတွေကိုဝယ်ယူပြီး ရခိုင်ပြည်အတွင်းမှာ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်တာ၊ လက်နက်အားကိုးနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ်ကို အနိုင်ကျင့် သတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီတပ်က စွပ်စွဲထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ အခုလို စွပ်စွဲချက်ဟာ မရိုးနိုင်တဲ့အခြေအမြစ်မရှိ လုပ်ကြံဖန်တီးထားတဲ့ ဝါဒဖြန့်မှုတစ်ခုသာဖြစ်ပြီး အဲဒီမူးယစ်ဆေးဝါးတွေဟာ AA နဲ့ ပတ်သက်မှု တစုံတရာ မရှိဘူးလို့လည်း AA ပြောခွင့်ရသူ ဦးခိုင်သုခက BBM ကို ပြောပါတယ်။

"ဒီဟာကတော့ အကြမ်းဖက် ဖက်ဆစ် စစ်ရာဇဝတ်ဂိုဏ်းရဲ့ မရိုးနိုင်တဲ့အခြေအမြစ်မရှိ လုပ်ကြံဖန်တီးစွပ်စွဲ ဝါဒဖြန့်မှုတစ်ခုပဲ ဖြစ်ပါတယ်၊ အရင်တုန်းကလည်း ဒီလိုမျိုးအကြိမ်ကြိမ် စွပ်စွဲဖူးပါတယ်၊ ဒီကိစ္စက ကျနော်တို့နဲ့ ဘာမှပတ်သက်မှုမရှိပါဘူး၊ အကြမ်းဖက်စစ်ကောင်စီက သူတို့မှာ သူတို့မူးယစ်ဆေးဝါး စက်ရုံတွေက သူတို့ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်ပြပြီးတော့ တခြားသူတွေကိုလက်ညှိုးထိုးပြကာ ယုတ်မာအောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေနဲ့ တိုက်ကွက်ဖော်နေတာသာ ဖြစ်တယ်" လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မူးယစ်ဆေးဝါးတွေနဲ့အတူ အမျိုးသား ၂၄ ဦး၊ M-4, A-1 သေနတ် (၁) လက်၊ ပစ္စတို (၂) လက်၊ ကုန်တင်သင်္ဘော ၂ စီးတို့ကို ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့ကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့မှာလည်း ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်တွေမှာ ဖမ်းမိတဲ့ ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလီတန်ဖိုးရှိ မူးယစ်ဆေးဝါး အများအပြားဟာလည်း အာရက္ခတပ်တော် AA နဲ့ ဆက်စပ်နေကြောင်း စစ်ကောင်စီက စွပ်စွဲထုတ်ပြန်ခဲ့ပါတယ်။
🖕8😡41🤩1
👎5👍1
စစ်အာဏာသိမ်းပြီးနောက်ပြည်တွင်းမှာ လူ‌ပေါင်း ၃ ဒသမ ၆ သန်းခန့် နေရပ်စွန့်ခွာနေရ

BBM - နိုဝင်ဘာ ၁၉
သတင်း - ဦးထွန်း

စစ်ကောင်စီက မတရာအာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်နိုဝင်ဘာလအထိ မြန်မာပြည်တွင်းမှာ လူ‌ပေါင်း ၃ ဒသမ ၆ သန်း ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA Myanmar က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

UNOCHA Myanmar ရဲ့ထုတ်ပြန်ချက်များအရ ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ဒေသခံ ၃,၄၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ဒေသခံအများစုမှာ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ချောင်းဦးနှင့် မုံရွာမြို့ရှိဒေသခံ ၁၄,၆၀၀ ကျော်နှင့် ကလေးမြို့မှာ ဒေသခံ ၂,၀၀၀ ခန့်ဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ တမူးမြို့မှာလည်းတောတောင်များမှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင်ဒေသခံ ၆၀၀၀ ကျော်ဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုများကြုံတွေ့နေရကာ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ အပါအဝင် လူပေါင်း ၁၅၀၀ ခန့်ဟာ အရေးပေါ်အကူအညီများလိုအပ်နေတယ်လို့ သိရပါတယ်။

ဒါတင်မကစစ်ကောင်စီ စစ်ကြောင်းထိုးမှုများကြောင့် မန္တလေးတိုင်း တောင်သာမြို့၊စစ်ကိုင်းတိုင်း ချောင်းဦးနဲ့ဝက်လက်မြို့ တို့မှာလည်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများ၊နေအိမ်များအပါအဝင် အဆောက်အဦးစုစုပေါင်း ၁,၇၆၀ ထက်မနည်းပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)တို့မှ နိုဝင်ဘာ ၁၁ ရက် နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ Hunger Hotspot အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အလွန်စိုးရိမ်ဖွယ်ရာ ငတ်မွတ်ခေါင်းပါးတဲ့ နေရာ ခြောက်ခုထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး အဆိုးရွားဆုံးအန္တရာယ်နှင့် ရင်ဆိုင်နေရတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံတွင်ပါဝင်နေ ကြောင်း UNOCHA Myanmarရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
👍8😢1
👍14