3.47K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
တရုတ်သမ္မတရှီက ဂျပန်၀န်ကြီးရဲ့ ထိုင်၀မ်ကို ကာကွယ်ပေးမယ်ဆိုတဲ့ မှတ်ချက်ကြောင့် ဂျပန်ကို သွားရောက်မလည်ပတ်ကြဖို့ ပြည်သူတွေကို တိုက်တွန်း

BBM-နို၀င်ဘာ ၁၆

တရုတ်နိုင်ငံက နိုင်ငံသားတွေအနေနဲ့ ဂျပန်နိုင်ငံကို မသွားဖို့ တိုက်တွန်းခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီရဲ့ ထိုင်ဝမ်အပေါ် မှတ်ချက်တွေကြောင့်ပဲဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို တိုက်ခိုက်ပါက ဂျပန်ကလည်း သူတို့ရဲ့ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ တုံ့ပြန်နိုင်တယ်လို့ပြောတဲ့ တာကာအိချီရဲ့ အကြံပြုချက်ကြောင့် အခုအပတ်အတွင်းမှာ တရုတ်နဲ့ ဂျပန် ၂နိုင်ငံဟာ စကားနိုင်လုနေကြပါတယ်။

နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက အပြန်အလှန် ပြင်းထန်တဲ့ ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါ အငြင်းပွားမှုဟာ တရုတ်နဲ့ ဂျပန်အကြား သမိုင်းဝင်ရန်ငြိုးထားမှုအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာအပေါ် ရေရှည်မှာ မဟာဗျူဟာမြောက် ထိခိုက်စေဖို့ပဲဖြစ်ပါတယ်။

လက်ရှိတင်းမာမှုတွေဟာ ပြီးခဲ့တဲ့သောကြာနေ့က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပါလီမန်အစည်းအဝေးတစ်ခုကနေ စတင်ခဲ့ပြီး အတိုက်အခံပါတီက အမတ်တစ်ဦးက တာကာအီချီကို တရုတ်က ထိုင်၀မ်ကိုထိရင် ဂျပန်နိုင်ငံအနေနဲ့ရော ဘယ်လိုကူညီဆောင်ရွက်မလဲလို့ မေးမြန်းခဲ့ပါတယ်။

"စစ်သင်္ဘောတွေရှိပြီး အင်အားသုံးလာရင်
ရှင်သန်မှုကို ခြိမ်းခြောက်တဲ့ အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်" လို့ တယခါအီချီက တုံ့ပြန်ခဲ့ပါတယ်။

"ရှင်သန်မှုကို ခြိမ်းခြောက်တဲ့ အခြေအနေ" ဆိုတာ ဂျပန်ရဲ့ ၂၀၁၅ ခုနှစ် လုံခြုံရေးဥပဒေအရ တရားဝင်အသုံးအနှုန်းတစ်ခုဖြစ်ပြီး မဟာမိတ်တွေအပေါ် လက်နက်ကိုင်တိုက်ခိုက်မှုက ဂျပန်အတွက်ကိုပါ ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေတာကို ရည်ညွှန်းတာပါ။

အဲဒီလိုအခြေအနေမျိုးမှာ ဂျပန်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကို ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့ အသက်သွင်းနိုင်ပါတယ်။

တာခါအီချီရဲ့ မှတ်ချက်တွေကြောင့် ဘေဂျင်းက ချက်ချင်းဒေါသထွက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ကို "ဆိုးရွားတဲ့"ကိစ္စရပ်အဖြစ်ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ဂျပန်နိုင်ငံ အိုဆာကာမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ် ရှုဂျီယန်းက တာခါအီချီရဲ့ ရဲ့ X အပေါ် လွှတ်တော်မှတ်ချက်တွေအကြောင်း သတင်းဆောင်းပါးတစ်ပုဒ်ကို ပြန်လည်မျှဝေခဲ့ပါတယ်။

Reference-BBC
Translator-Richard
Photo-BBC
👍12🤣31
👍7🖕2
ပေါက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စကစတပ်သား ၁၇ ဦးသေဆုံး

🟥လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး

BBM-နိုဝင်ဘာ၁၆
သတင်း-ခက်ဆစ်

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းသို့ ဆိပ်ဖြူမြို့နယ်မှတဆင့် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက် ပကဖ က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မိတ္ထီလာ အခြေစိုက် တပ်မ ၉၉ မှ ထွက်လာတဲ့ အင်အား ၄၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဆိပ်ဖြူမြိုနယ် ကပစ ၂၂ မှတဆင့် အောက်တိုဘာလ ၃၀ ရက်မှာ ပေါက်မြို့ နယ် တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃၁ ရက်မှာ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄၊ ၁၉၊ ၁၀၉ စတဲ့ တပ်ရင်း ၃ ရင်းဟာ ကျေးရွာတွေအတွင်းသို့ စစ်ကြောင်း ၃ ကြောင့်းခွဲ ဝင်‌ရောက်လာပြီး ကျေးရွာတွေအတွင်းရှိ ပြည်သူနေအိမ်တွေ မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄၊ ၁၉ နဲ့ ၁၀၉ တပ်ရင်း ၃ ရင်း ပူးပေါင်း အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို ကျောက်ကာကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရတဲ့အပြင် ဖွဲ့စည်းပုံပျက်ပြီး ပင်တောင် ပသစ ရွာသို့ ဆုတ်ခွာသွားတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၅ ရက်မှာလည်း သီးချောက်ရွာမှ အရှေ့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၃၀ ခန့်ပါ စစ်ကြောင်းနဲ့ ယောချောင်းတနေရာမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အလောင်း ၇ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိလက်နက်များမှာ MA1 ၂ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ ကာဗိုင်သေနတ် ၁ လက်၊ MA ဘောက်ဝိုင်း ၃ ခု၊ MA ဘောက် ၁၉ ခု၊ ကျည်အမျိုးမျိုး ၁၅၀၀ ခန့်၊ 60 mm ၅ ဖူး၊ RPG ၇ ဖူး၊ အီနာဂါ ၁၀ ဖူး၊ တိုက်မိုင်း ၆ လုံး၊ နင်းမိုင်း ၅ လုံး၊ စလစ်မိုင်း ၅ လုံး၊ လက်ပစ် ၆ လုံး၊ ဆက်သွယ်ရေးစက်အကြီး ၁ လုံး (စကားပြောစက် ၂ ခု)၊ ကွန်ပျူတာ ၁ လုံး၊ Bluetooth Box တစ်လုံး၊ ရေချိုင့် ၂ လုံး၊ ဓား ၃ လက်၊ ဖုန်း ၂ လုံး စစ်သုံးပိုးအိတ် ၁၃ လုံး၊ ခေါက်ဆိုလာ ၂ ခု၊ မီးကြိုးခွေ ၃ ခု၊ Power Bank ၁ လုံးအပါအဝင် ဆက်စပ်ပစ္စည်း အချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ၊ MGY PDF ၊ ပေါက်-ဆိပ်ဖြူ တပ်ရင်းစုဖွဲ့မှုတွေက ပူးပေါင်းဆောင်ရွက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက် ပကဖ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo - ပေါက် ပကဖ
👍91
👍14
ပေါက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စကစတပ်သား ၁၇ ဦးသေဆုံး

🟥လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး

BBM-နိုဝင်ဘာ၁၆
သတင်း-ခက်ဆစ်

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းသို့ ဆိပ်ဖြူမြို့နယ်မှတဆင့် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက် ပကဖ က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မိတ္ထီလာ အခြေစိုက် တပ်မ ၉၉ မှ ထွက်လာတဲ့ အင်အား ၄၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဆိပ်ဖြူမြိုနယ် ကပစ ၂၂ မှတဆင့် အောက်တိုဘာလ ၃၀ ရက်မှာ ပေါက်မြို့ နယ် တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃၁ ရက်မှာ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄၊ ၁၉၊ ၁၀၉ စတဲ့ တပ်ရင်း ၃ ရင်းဟာ ကျေးရွာတွေအတွင်းသို့ စစ်ကြောင်း ၃ ကြောင့်းခွဲ ဝင်‌ရောက်လာပြီး ကျေးရွာတွေအတွင်းရှိ ပြည်သူနေအိမ်တွေ မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄၊ ၁၉ နဲ့ ၁၀၉ တပ်ရင်း ၃ ရင်း ပူးပေါင်း အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို ကျောက်ကာကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရတဲ့အပြင် ဖွဲ့စည်းပုံပျက်ပြီး ပင်တောင် ပသစ ရွာသို့ ဆုတ်ခွာသွားတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၅ ရက်မှာလည်း သီးချောက်ရွာမှ အရှေ့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၃၀ ခန့်ပါ စစ်ကြောင်းနဲ့ ယောချောင်းတနေရာမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အလောင်း ၇ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိလက်နက်များမှာ MA1 ၂ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ ကာဗိုင်သေနတ် ၁ လက်၊ MA ဘောက်ဝိုင်း ၃ ခု၊ MA ဘောက် ၁၉ ခု၊ ကျည်အမျိုးမျိုး ၁၅၀၀ ခန့်၊ 60 mm ၅ ဖူး၊ RPG ၇ ဖူး၊ အီနာဂါ ၁၀ ဖူး၊ တိုက်မိုင်း ၆ လုံး၊ နင်းမိုင်း ၅ လုံး၊ စလစ်မိုင်း ၅ လုံး၊ လက်ပစ် ၆ လုံး၊ ဆက်သွယ်ရေးစက်အကြီး ၁ လုံး (စကားပြောစက် ၂ ခု)၊ ကွန်ပျူတာ ၁ လုံး၊ Bluetooth Box တစ်လုံး၊ ရေချိုင့် ၂ လုံး၊ ဓား ၃ လက်၊ ဖုန်း ၂ လုံး စစ်သုံးပိုးအိတ် ၁၃ လုံး၊ ခေါက်ဆိုလာ ၂ ခု၊ မီးကြိုးခွေ ၃ ခု၊ Power Bank ၁ လုံးအပါအဝင် ဆက်စပ်ပစ္စည်း အချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ၊ MGY PDF ၊ ပေါက်-ဆိပ်ဖြူ တပ်ရင်းစုဖွဲ့မှုတွေက ပူးပေါင်းဆောင်ရွက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက် ပကဖ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo - ပေါက် ပကဖ
👍16
မကွေးထောင်မှာ နှိပ်စက်သတ်ဖြတ်မှုတွေကြောင့် ၁ နှစ်အတွင်း နိုင်ကျဥ်း ၆ ဦးသေဆုံး

BBM - နိုဝင်ဘာ၁၆
သတင်း - ဦးထွန်း

မကွေးအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့ မတရားညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် တစ်နှစ်အတွင်း နိုင်ငံရေးအကျဥ်းသား ၆ ဦးသေဆုံးခဲ့ပြီး ၄၀ နီးပါး ​ညှဉ်းပန်းနှိပ်စက်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မကွေးအကျဥ်းထောင်မှာ သတ်ဖြတ်ခံရတာကြောင့် နိုင်ငံရေးအကျဥ်းသား ၅ ဦးသေဆုံးခဲ့တဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရတာ​ကြောင့် နိုင်ငံရေးအကျဥ်းသား ၁ ဦး သေဆုံးခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ခံထားရသူ ၄၀ ဦးရှိခဲ့တယ်လို့ PPNM ရဲ့ စောင့်ကြည့်မှတ်တမ်းတွေအရ သိရကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မကွေးအကျဥ်းထောင်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အယောက် ၄၀ နီးပါး ရိုက်နှက်နှိပ်စက်ခံထားရတယ်လို့လည်း သိရပါတယ်။

မကွေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်ထားတယ်ဆိုပြီး တောင်ယာလုပ်ငန်း၊ မြောင်းတူး၊ မြောင်းဖော်လုပ်ငန်းများကို လုပ်ကိုင်စေ​သလို ထောင်ပြောင်းရောက်ရှိလာတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုလည်း ထောင်ဗူးဝမှာတင်ရိုက်နှက်နှိပ်စက်တယ်လို့ PPNM ဖော်ပြချက်အရ သိရပါတယ်။

ဒါ့အပြင် မကွေးထောင်မှ ဒုတိယထောင်ပိုင် သန်းကျော်တင့်နဲ့ ဦးစီးမှူး ဝင်းထွန်းတို့ကလည်း နိုင်ငံရေး အကျဉ်းသားတွေဆီက ခေါင်းစဥ်အမျိုးမျိုးနဲ့ ငွေကြေးရယူလေ့ရှိပြီး အကျဉ်းဦးစီးဌာနရဲ့ ညွှန်ကြား‌ရေးမှူးလာချိန်မှာ ထောင်တွင်း ဖိနှိပ်မှုတွေကို တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကိုဟိန်းဝင်းလတ်ကိုလည်း ထောင်အာဏာပိုင်တွေက အငြှိုးထားပြီး ညွှန်ကြားရေးမှူးပြန်သွားချိန်မှာ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအခြေအနေတွေအပေါ် စဉ်ဆက်မပြတ်စောင့်ကြည့်နေပြီး နိုင်ငံရေးအကျဉ်းသားတွေ ကိုယ်စား အမှန်တရားနဲ့ တရားမျှတမှုကို အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ်တဲ့အပြင် အကူးအပြောင်းကာလနဲ့ အကူးအပြောင်းကာလမတိုင်ခင် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပေးနိုင်ဖို့ မကွေးဒေသမှ မိတ်ဘက်အင်အားစုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ PPNM က အသိပေးထုတ်ပြန်ထားပါတယ်။
🤬6🕊4👍2
🤬4👍1
AA လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းပြင်ရေဒါစခန်းမှာ ဝါဒဖြန့်ဖို့ဓာတ်ပုံရိုက်နေတဲ့ စကစ ၂၀ ကျော်သေဆုံး

BBM - နိုဝင်ဘာ ၁၆
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရေဒါစခန်းကို အာရက္ခတပ်တော် AA က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝါဒဖြန့်ဖို့ ဓာတ်ပုံရိုက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦး အစုလိုက်အပြုံလိုက် သေဆုံးသွားတယ်လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် AA က ဆုတ်ခွာပေးလိုက်ရပြီး စစ်ကောင်စီက သိုင်းချောင်းကျေးရွာနဲ့ သိုင်းချောင်းဆည်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီဟာ သိုင်းချောင်းကျေးရွာကနေ AA ခုခံစစ် အခိုင်အမာပြုလုပ်ထားတဲ့ မင်းပြင်ကျေးရွာကို ထိုးစစ်ဆင်လာပြီး မင်းပြင်ကျေးရွာကို ထိန်းချုပ်နိုင်ပြီဆိုတဲ့ ဝါဒဖြန့်ဓာတ်ပုံတွေ ရိုက်ကူးဖို့ပြင်ဆင်နေစဥ် AA က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၄ ဦးခန့် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

"စကစကတော့ ၃၂ ရဲတပ်ရင်းနဲ့ ဓညဝတီရေတပ်ကနေ သိုင်းချောင်းတို့ မင်းပြင်တို့ဖက်ကို စစ်ကြောင်းထိုးနေတာပါ၊ AA ကလည်း အဲဒီဖက်တွေမှာ အခြေကုပ်နေရာယူထားကြတာပါ၊ သူတို့က သိုင်းချောင်းကို ထိန်းထားနိုင်တော့ မင်းပြင်ကို အင်အားအများအပြားနဲ့ထိုးလာတာရှိပါတယ်၊ AA ကလည်းဆုတ်ပေးတာမျိုးရှိတယ်တဲ့၊ သူတို့က ဝါဒဖြန့်ဓာတ်ပုံတွေ ရိုက်ကူးဖို့ ပြင်ဆင်နေစဥ် AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ၂၀ ကျော် သေဆုံးသွားတယ်လို့ သိရပါတယ် " လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းက ပြောပါတယ်။

စစ်ကောင်စီဟာ မင်းပြင်ကျေးရွာကို ထိန်းချုပ်နိုင်တယ်လို့ သူတို့ရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပေမဲ့လည်း မင်းပြင်၊ သိုင်ချောင်းကျေးရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

"မင်းပြင်ဖက်ကို စကစ စစ်ကြောင်းတွေ ရောက်နိုင်ဖို့ဆိုတာက မလွယ်ကူပါဘူး၊ ဒါပေမဲ့ သူတို့ရောက်နိုင်ခဲ့ရင်လည်း AA ပြန်လည်တိုက်ခိုက်မှာ ဖြစ်ပါတယ်" လို့ ကျောက်ဖြူဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိ အာရက္ခတပ်တော် AA ဟာ ကျောက်ဖြူမြို့နယ်ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် မင်းပြင်၊ ဂေါ်ဒူတောင်တန်းတွေကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့နယ်ရှိ တိုက်ပွဲတွေမှာ အာရက္ခတပ်တော် AA ဟာ အကျအဆုံးနည်းပါးအောင် သူတို့ထိန်းချုပ်ထားတဲ့နေရာတွေကို ဆုတ်ခွာလိုက်၊ ထိုးစစ်ဆင်တိုက်ခိုက်လိုက် စတဲ့စစ်ရေးနည်းဗျူဟာကို ကျင့်သုံးနေတာဖြစ်ပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်သားတွေ အကျအဆုံးအများအပြား ရှိနေတယ်လို့လည်း သိရပါတယ်။
👍155👏2
အသနားခံစာငြင်းပယ်ခံရပြီး ရွေးကောက်ပွဲမပါနိုင်တော့ဟု ဒေါ်သက်သက်ခိုင်ပြော

BBM - နိုဝင်ဘာ ၁၆
သတင်း - ဦးထွန်း

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ အသနားခံစာတင်ထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဟာ UEC က ငြင်းပယ်ခံရပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မပါနိုင်တော့ဘူးလို့ သိရပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ PPP က လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်ပန်းခြံမှာ ပြုလုပ်တဲ့ ပြည်သူနဲ့ တွေ့ဆုံမဲဆွယ်ပွဲနဲ့ ပါတီကိုယ်စားလှယ်လောင်းတွေ မိတ်ဆက်ပွဲမှာ ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်က UEC က ငြင်းပယ်ခံထားရတဲ့ ကိုယ်စားလှယ်လောင်းဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့တာပါ။

"ကျမကို UEC ပေါ့နော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ငြင်းပယ်ပြီးပါပြီရှင့်၊ ကျမရဲ့ အသနားခံစာကို ငြင်းပယ်ပြီး ဖြစ်ပါတယ်ရှင့်" လို့ ‌ဒေါ်သက်သက်ခိုင်က ပြည်သူတစ်ဦးရဲ့ မေးမြန်းမှုအပေါ် ဖြေဆိုခဲ့ပါတယ်။

ဒေါ်သက်သက်ခိုင်က သူမပါပေမဲ့ ပါတီဝင် ၆၀၀ ကျော်ရှိကြောင်းနဲ့ သူရဲ့ ပါတီတွေကို အားပေးကြဖို့ကိုလည်း လှိုင်သာယာမြို့နယ် မဲဆွယ်စည်းရုံးပွဲမှာ ပြောခဲ့ပါသေးတယ်။

ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂)ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းခဲ့တဲ့ ဒေါ်သက်သက်ခိုင်ဟာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတဲ့အတွက် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခံရတာ ဖြစ်ပြီး အဲဒီပယ်ဖျက်ခံရတဲ့အပေါ် ရွေးကောက်ပွဲ ကော်မရှင်ကို အသနားခံစာ တင်သွင်းခဲ့ပေမဲ့ ပယ်ချခံရတာ ဖြစ်ပါတယ်။

စစ်ကောင်စီကကျင်းပမဲ့ ရွေးကောက်ပွဲအတွက် လွှတ်တော်အလိုက် မဲဆန္ဒနယ် အသီးသီးမှာ အမည်စာရင်းတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦးရှိပြီး ပယ်ဖျက်ခံခဲ့ရတဲ့ ကိုယ်စားလှယ်လောင်း ၈၆ ဦး ရှိတယ်လို့လည်း စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာလ ၂၈ ရက်နဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်မှာ ရွေးကောက်ပွဲကိုအပိုင်းလိုက် ပြုလုပ်မှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Video - Social Media
😁104👍1
နတ်ရေကန်ဗျူဟာကုန်းမှ စစ်ကောင်စီတပ်သားတွေ နေ့စဉ်ရက်ဆက် ထွက်ပြေးနေ

BBM - နိုဝင်ဘာ ၁၆
သတင်း - နိုင်နိုင်

မကွေးတိုင်း၊ အမ်း - ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်း ဗျူဟာကုန်းရဲ့ လက်ကျန်စခန်းတွေကနေ စစ်ကောင်စီတပ်သားတွေဟာ နေ့စဥ်ရက်ဆက်ထွက်ပြေးမှုတွေ ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ တချို့တဝက်ကိုလောက်ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး လက်ကျန်စခန်းတွေအကုန်လုံးကို သိမ်းပိုက်ရရှိဖို့အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တွေဟာ နတ်ရေကန်ဗျူဟာကုန်းကို ကုန်းကြောင်းကနေ လာနိုင်တဲ့ လမ်းကြောင်းတွေအကုန်လုံးကို ပိတ်ဆို့ဖြတ်တောက်ထားတာဖြစ်ပြီး လက်ကျန်စခန်း ဗျူဟာကုန်းမှာလည်း အင်အား ၃၀၀ ဝန်းကျင်သာ ရှိတော့တယ်လို့ ငဖဲမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက BBM ကို ပြောပါတယ်။

"နတ်ရေကန်ဗျူဟာကုန်းရဲ့ လက်ကျန်စခန်းကို စကစ က အင်အားဖြည့်တာတွေ၊ ရိက္ခာပို့တာတွေ လုပ်လို့မရတော့ဘူးဗျ၊ ပဒါန်းဖက်က လာတဲ့လမ်းကြောင်းတွေ အကုန်လုံးကို တော်လှန်ရေးတပ်တွေက ဖြတ်တောက်ထားပါတယ်၊ သူတို့က လေကြောင်းတစ်ခုကိုပဲ အသုံးပြုလို့ရတော့မှာပါ၊ နောက်တစ်ခု အဲဒီစခန်းကနေပဲ စကစ တပ်သားတွေ ထွက်ပြေးမှုတွေရှိနေပါတယ်၊ နေ့တိုင်းလိုလိုရှိနေတာပါ၊ သူတို့ထွက်ပြေးတာကိုတွေ့ရင် တော်လှန်ရေးတပ်တွေက လိုက်လံဖမ်းဆီးတာတွေ ရှိပါတယ်" လို့ သူက ပြောပါတယ်။

အမ်း - ပဒါန်းလမ်းပိုင်းရှိ နတ်ရေဗျူဟာကုန်းဟာ အမြင့်ပေ ၅၀၀၀ ကျော်မှာ တည်ရှိနေတာဖြစ်ပြီး ရခိုင်ပြည်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့အတွက် အဲဒီဗျူဟာကုန်းမှာ စစ်ကောင်စီတပ်က အင်အား ၁ ထောင်ကျော် ဖြည့်တင်းထားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာကုန်းရဲ့ တချို့တဝက်လောက်ကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်မှု၊ ပြည်သူ့စစ်မှုထမ်း(ပစ) တွေအပါအဝင် စစ်ကောင်စီတပ်သားတွေ AA နဲ့ ပူးပေါင်းတပ်တွေဆီကို လာရောက်အလင်းဝင်ရောက်မှု၊ ထွက်ပြေးမှုတွေကြောင့် အဲဒီဗျူဟာစခန်းကုန်းမှာ အင်အား ၃၀၀ ဝန်းကျင်သာ ရှိတော့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေတဲ့ နတ်ရေကန်ဗျူဟာကုန်း၊ လေလာတောင်၊ ကပစ (၁၆) အနီးရှိနေရာတွေ၊ ရခိုင် - ဧရာဝတီအစပ် စတဲ့နေရာ ၄ ခုကနေ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သား ၇၀ ကျော်ကိုလည်း လက်ရဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ နတ်ရေကန်ဗျူဟာကုန်းရှိ သူတို့ရဲ့လက်ကျန်အင်အားတွေ မကျရောက်ရေးအတွက် Y-12 ဗုံးကြဲချလေယာဥ်တွေနဲ့ အနီးပတ်ဝန်းကျင်နေရာတွေကို နေ့စဥ်ရက်ဆက် ကင်းထောက်ကာ ပျံဝဲနေသလို ဂျက်ဖိုက်တာ၊ ဒရုန်းတွေနဲ့လည်း ဗုံးကြဲချတိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

"Y-12 လေယာဥ်တွေက ဗျူဟာကုန်းအနီးမှာ တနေကုန် ပျံဝဲတာတွေရှိပါတယ်၊ တစ်ခါတစ်လေဆို ဂျက်ဖိုက်တာတွေနဲ့ လာချတာရှိပါတယ်၊ ဒရုန်းတွေကတော့ သူတို့ဖက်ကချလိုက်၊ တော်လှန်ရေးတပ်ဖွဲ့တွေဖက်ကချလိုက် အပြန်အလှန်ချနေကြတာပါပဲ" လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်းကို စစ်ကောင်စီတပ်က အသည်းအသန်ခုခံကာကွယ်နေပေမဲ့ ဒီနှစ်မကုန်ခင်မှာ AA နဲ့ ပူးပေါင်းတပ်တွေရဲ့ လက်ထဲကိုကျရောက်နိုင်တယ်လို့လည်း စစ်ရေးလေ့လာသူတွေက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နတ်ရေကန်ဗျူဟာကုန်း တဝက်လောက်ကို AA နဲ့ ပူးပေါင်းတပ်တွေထံ ကျရောက်ခဲ့ပြီးနောက် ကပစ ၁၄ စက်ရုံနဲ့ ၆ မိုင်အကွာ အမ်း - ပဒါန်းလမ်းဆုံမှာရှိတဲ့ ပျင်းဝစစ်ဆေးရေးဂိတ်နဲ့ သာယာကုန်းကျေးရွာအနီးအနားမှာ ကာကင်းစခန်းတွေအများအပြား တိုးချဲ့ဆောက်လုပ်နေတယ်လို့လည်း သိရပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဦးတည်နေတဲ့ ပဒါန်းတပ်နယ်မှာတော့ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၃၇၅ အမြောက်တပ်ရင်းနဲ့ အမှတ် ၄၀၉ အမြောက်တပ်ရင်းတို့ ရှိနေတာဖြစ်ပြီး မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာတော့ ကပစ ၁၄ စက်ရုံတည်ရှိနေတာလည်း ဖြစ်ပါတယ်။

Photo-ပုံဟောင်း
13👍4🥰2
🥰123👍1👏1
ရန်ကုန်မှာ ပါတီဆိုင်းဘုတ်များ ဖျက်ဆီးတယ်လို့ဆိုကာ လူငယ် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

BBM - နိုဝင်ဘာ၁၆
သတင်း - ဦးထွန်း

ရန်ကုန်တိုင်း၊ သဃ်န်းကျွန်းမြို့နယ်မှာ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေကို ဖျက်ဆီးခဲ့တယ်လို့ဆိုကာ လူငယ် ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးအရေးယူထားတယ်လို့ နိုဝင်ဘာလ ၁၄ ရက်နေ့ စစ်ကောင်စီလက်အောက်ခံသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီဖမ်းဆီးခံရသူ ၄ ဦးမှာ ဦးစံဖေရပ်ကွက်၊ ဘုရင့်နောင်လမ်းမှ ကိုရွှေလင်းဦး (၂၀ နှစ်)၊ ကိုခိုင်မင်းကို (၂၀ နှစ်)၊ ရန်အောင်ရပ်ကွက် ရန်အောင်လမ်းမှ ကိုစွမ်းထက်အောင် (၁၉) နှစ်နဲ့ ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇမ္ဗူကျက်သရေဆောင်လမ်းမှ ကိုချစ်လင်းကို (၂၈)နှစ် တို့ဖြစ်ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ဖမ်းဆီးခဲ့သလို ရွေးကောက်ပွဲနှောင့်ယှက်မှု ပုဒ်မ ၂၄ (က)နဲ့အရေးယူထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံသတင်းဌာနတွေရဲ့ ဖော်ပြချက်မှာ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းနဲ့ ဦးဘဟန်လမ်းထောင့်မှ ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ် ၁ ခု၊လေးထောင့်ကန်လမ်းနဲ့ ဗမ္ဗူဒိပ်လမ်းထောင့်ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခု၊ ဇဝနလမ်းဆုံရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ် ၁ ခုနဲ့ PPP ပါတီ ဆိုင်းဘုတ် ၁ ခု တို့ကို ဖမ်းဆီးခံထားရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲပြုလုပ်ဖို့ နီးကပ်လာတာနဲ့အမျှ ရွေးကောက်ပွဲဥပဒေအကြောင်းပြပြီး ဝေဖန်သူတွေ၊ နှောက်ယှက်သူတွေလို့ဆိုကာ အနုပညာရှင် ဒါရိုက်တာတွေအပါအဝင် ပြည်သူတွေကို မတရားဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
😡9👍41
🫡4
မြိတ်မြို့ စကစရဲ့ စအရ ၉၁၈ မှ ဗိုလ်မှူးတင်ထွေးနိုင်က စစ်သားမိန်းမတွေကို လိင်ပိုင်းဆိုင်ရာနဲ့ အနိုင်ကျင့်မှုတွေပြုလုပ်နေ

BBM-နိုဝင်ဘာ၁၆
သတင်း-မင်းသော်

တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက်၊ စစ်ကောင်စီရဲ့ အမှတ်(၉၁၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ-၉၁၀) မှ ဗိုလ်မှူး တင်ထွေးနိုင်ဟာ တပ်တွင်းရှိစစ်သားမိန်းမတွေအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ၊ အနိုင်ကျင့်မှုတွေပြုလုပ်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အဆိုပါ အမှတ်(၉၁၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းအတွင်း အရာရှိ၊ အခြားအဆင့်အင်အား စုစုပေါင်း (၃၀၀)နီးပါးထိရှိပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တပ်တွင်းရှိအင်အားတွေကို မိုင်းရှင်း၊ မိုင်းရှာတာတွေ ပြုလုပ်ဖို့အတွက် စကခ(၁၃)နဲ့ စကခ(၂၀) ဌာနချုပ်တွေကို တွဲဘက်အင်အားအဖြစ် အယောက်(၁၀၀)ခန့် ပေးထားရတယ်လို့ သိရပါတယ်။

ဒီလိုအခြားတပ်တွေထံ တွဲဘက်အဖြစ် သွားရောက်နေတဲ့ စစ်သားတွေရဲ့ ကျန်ရှိမှီခိုမိသားစုတွေကို တပ်ရင်းမှူးဖြစ်သူ လှိုင်အောင်မင်းက အနိုင်ကျင့်မှုတွေရှိနေတဲ့အပြင် ဗိုလ်မှူး တင်ထွေးနိုင် ဆိုသူကလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အဆိုပါ ဗိုလ်မှူး တင်ထွေးနိုင်ဆိုသူက တပ်တွင်းကျန်ရှိနေတဲ့ အိမ်ထောင်သည် စစ်သားမိန်းမတစ်ယောက်ချင်းစီကို နည်းမျိုးစုံခြိမ်းခြောက်ဖိအားပေးပြီး တစ်ပတ်မှာ ၅ ရက် သူ့ရဲ့အိမ်ကို ညဘက်တွေမှာ ခေါ်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"ဗိုလ်မှူး တင်ထွေးနိုင်ဆိုတဲ့သူ တပ်တွင်းရက်စက်ယုတ်မာနေတာကြာပြီ၊ အရေးယူပေးမဲ့လူကြီးတွေမရှိတော့ဘူး၊ တစ်ပတ်မှာ ၅ ရက် အမျိုးသမီးတစ်ယောက်စီ သူ့အိမ်ကိုခေါ်ပါတယ်၊ ညဘက်ခေါ်တယ်၊ အမျိုးသမီးတွေကမလာရင်အရေးယူမယ်ပြောတယ်၊ ဒါကို တပ်ရင်းမှူးလဲမသိဘူး" လို့ သူကပြောပါတယ်။

စစ်ကောင်စီရဲ့ အမှတ်(၉၁၈)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ တပ်ရင်းမှူးဖြစ်သူ လှိုင်အောင်မင်း ဆိုသူဟာလည်း နေ့စဥ်အရက်သောက်ပြီး တပ်တွင်းအုပ်ချုပ်မှုကိစ္စတွေကို စိတ်ဝင်စားမှုမရှိတာကြောင့် အဆိုပါ ဗိုလ်မှူး တင်ထွေးနိုင် ဆိုသူကသာ အဓိကချယ်လှယ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လင်ယောက်ျားဖြစ်သူတွေက အခြားတပ်ရင်းတွေနဲ့ စစ်မြေပြင်တွေမှာ တွဲဘက်အဖြစ်သွားရောက်နေရတာကြောင့် ကျန်ခဲ့တဲ့ အိမ်ထောင်သည်မိန်းမတွေက မိဘတွေထံ ခွင့်ပြန်ချင်တာနဲ့ လစာထုတ်တာမျိုးတွေ ပြုလုပ်ရာမှာလည်း အဆိုပါဗိုလ်မှူးဆိုသူက အကြောင်းအမျိုးမျိုးပြပြီး ခွင့်မပေးတာတွေ၊ လစာထုတ်မပေးတာတွေလည်း ပြုလုပ်လေ့ရှိတယ်လို့ သတင်းပေးက ဆက်ပြောပါတယ်။

"တပ်ထဲ ကျန်ရှိတဲ့ အမျိုးသမီးတွေက အမျိုးသားလဲမရှိတော့၊ မိသားစုဆီပြန်ဖို့ခွင့်ပြန်ဖို့ ခွင့်တောင်းတာမျိုးတွေ၊ လစာ တောင်းတာမျိုးတွေဆိုရင်လည်း အကြောင်းအမျိုးမျိုးပြပြီး ညစ်တယ်၊ လစာထုတ်တဲ့နေ့သွားရင်တောင် တပ်ရင်းမှူးက မပေးဘူးဆိုပြီး ရစ်တာတွေရှိတယ်"လို့ ပြောပါတယ်။

ဒါတင်မက တခြားတပ်တွေဆီ တွဲဘက်သွားတဲ့ လူပျိုစစ်သားတွေရဲ့ လစာ၊ ရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး အဓိကကိုင်တွယ်ရတဲ့ တပ်ရေးဗိုလ်ကြီးဖြစ်သူ အောင်မျိုးဆိုသူကလည်း လစာငွေနဲ့ပတ်သက်ပြီး အလွဲသုံးစားလုပ်တာတွေ၊ အချိန်မှန်လွှဲမပေးတာတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

"တပ်ရေးဗိုလ်ကြီး အောင်မျိုး ဆိုသူကလဲ ရှေ့တန်းရောက်စစ်သည်တွေ့ရဲ့ လစာတွေကိုမလွဲပေးဘူး ဂိမ်းဘဲ့ဆော့နေတာဗျ၊ လှမ်းတောင်းတဲ့သူတွေဆိုရင်လည်း မျိုးစုံပြောဆိုသေးတာ၊ ခုက တပ်မှာကျန်တဲ့သူကော၊ တွဲဖက်သွားတဲ့သူကော ဘယ်သူမှမချောင်ဘူး အဲ့အရာရှိတွေကိုလည်း ဘယ်သူမှမဆုံးမပေးနိုင်တော့ဘူး"လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ အမှတ်(၉၁၈)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနဲ့ပတ်သက်ပြီး တပ်ရင်းမှူးဖြစ်သူလှိုင်အောင်မင်းအပါအဝင် အရာရှိအချို့ရဲ့ ငွေအလွဲသုံးစားလုပ်မှုတွေ၊ တပ်ပြေးတွေကို စာရင်းအမှန်မတင်ပြမှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့လပိုင်းမှာ BBM က စုံစမ်းဖော်ထုတ်ခဲ့ပြီး အဆိုပါသတင်းတွေကြောင့် တာဝန်ရှိသူတွေက လာရောက်စစ်ဆေးတာတွေပြုလုပ်ခဲ့ပေမဲ့ တစုံတရာအရေးယူဆောင်ရွက်သွားခြင်းလည်း မရှိဘူးလို့ သိရပါတယ်။

Photo-အဆိုပါတပ်ရင်းရဲ့တပ်ရင်းမှူး
7👍6😁1
🖕12