ရေးမှာ တိုက်ပွဲဖြစ်ပွားပြီး စကစ ၇ ဦးသေဆုံးဟု ရေးဘီလူးတပ်ရင်းခေါင်းဆောင်ပြော
BBM - နိုဝင်ဘာ ၁၅
သတင်း - မင်းဟန်
မွန်ပြည်နယ်၊ ရေးမြို့နယ် ရွာကလေးနဲ့ ဝါဟိုင်းကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ရေးဘီလူးတပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးခဲ့တယ်လို့ ရေးဘီးလူးတပ်ရင်းရဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။
“ရန်သူအင်အား ၁၀၀ ကျော် လောက်တက်လာတယ်၊ ကျနော်တို့နဲ့ ရွာကလေးနဲ့ဝယ်ဟိုင်းကြားမှာ တိုက်ပွဲဖြစ်တယ်၊ ရန်သူဘက်သေတာ ၇ ယောက်ရှိတယ်၊ ဒဏ်ရာရ ၃ ဦးလောက်ရှိတယ်” ဟု ရေးဘီလူးတပ်ရင်း ခေါင်းဆောင်က BBM ကို ပြောပါတယ်။
နိုဝင်ဘာလ ၁၃ ရက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ရေးဘီလူးအဖွဲ့က ခြုံခိုတိုက်ခိုက်ရာကနေ တစ်နာရီနီးပါး နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး BBM က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာအနီးတဝိုက်မှာ တပ်စွဲထားပြီး နှစ်ဘက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။
အဆိုပါစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒေသခံတွေကို တားဆီးစစ်ဆေးမှုတွေပြုလုပ်ပြီး ကားနဲ့ ဆိုင်ကယ် သိမ်းဆည်းတာတွေလည်း ရှိခဲ့တယ်လို့ ဖြစ်စဉ်ကို ကြားသိထားတဲ့ စစ်ရှောင်ကူညီသူတစ်ဦးက BBM ကိုပြောပါတယ်။
“စစ်သားတွေတော့ ရွာအနားတွေရှိနေတုန်းပဲ အခု ခြံထဲ မသွားရဲကြဘူးတဲ့၊ ရော်ဘာခြစ်တဲ့ ရာသီဆိုတော့ ခြံသမားတွေ ဒုက္ခရောက်ကြတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာပဲ ရေးမြို့နယ် အာယုတောင်-မော့ကနင်း-တောင်ဘုံ-တောင်စွန်းသွားတဲ့ လမ်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဂိတ်ချပြီး ဒေသခံ ဆယ်ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပါသေးတယ်။
ဖမ်းဆီးခံရတဲ့သူတွေဟာ အသက်အရွယ်အားဖြင့် ၁၅ နှစ်ကနေ ၄၀ ကျော်အကြားရှိကြသူတွေ ဖြစ်ကြပြီး အချို့က ငွေကြေးနဲ့ ပြန်ရွေးလို့ လွှတ်ပေးလိုက်တာရှိပေမယ့် လူငယ်အချို့ကတော့ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
“ဖမ်းတာကတော့ မပြောနေနဲ့တော့ သူတို့ ငွေလိုချင်လို့ ဖမ်းတာရှိတယ်၊ စစ်မှုထမ်းအတွက် ဖမ်းတာရှိတယ်၊ ပြည်သူတွေကတော့ သတိနဲ့ သွားလာကြဖို့ပဲ ရှိတော့တယ်၊ အခုဆို ညနည်းနည်းမိုးချုပ်တာနဲ့ အပြင်မထွက်ရဲကြတော့ဘူး၊ ဒါပေမယ့် ရက်ကြီးခါကြီးကတော့ သွားကြလာကြတာရှိတာပေါ့၊ အဲဒီနေ့မျိုးတောင် မရှောင်ဘူး စစ်တပ်က အကုန်ဖမ်းတာပဲ၊ ဖမ်းချင်ရင်တော့” လို့ မွန်ဒေသအတွင်း လူ့အခွင့်ရေးချိုးဖောက်ခံရမှု စောင့်ကြည့်နေ သူတစ်ဦးက ပြောပါတယ်။
ယခုနိုဝင်ဘာလ ဒုတိယအပတ်ထဲမှာပဲ ရေးမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဘက်က ထုတ်ပြန်ထားပါတယ်။
Photo - ရေးဘီလူးတပ်ရင်း

👍13❤2
ဗန်းမောက်မြို့ ပြန်ရပြီလို့ ဝါဒဖြန့်နေပေမဲ့ မြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သာ အထိနာနေ
BBM-နိုဝင်ဘာ၁၅
သတင်း-မင်းသော်
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို ပြန်လည်သိမ်းပိုက်ရရှိပြီလို့ စစ်ကောင်စီထောက်ခံသူတွေဘက်က ဝါဒဖြန့်ပြောဆိုမှုတွေရှိနေပေမဲ့ မြေပြင်မှာ စစ်တပ်ဘက်ကသာ အထိနာပြီး သေဆုံးမှုများနေတယ်လို့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်၊ ညနေပိုင်းမှစတင်ပြီး စစ်ကောင်စီထောက်ခံသူအကောင့်တွေနဲ့ Page တွေမှတဆင့် ဗန်းမောက်မြို့ကို စစ်တပ်စစ်ကြောင်းတွေ စတင်ဝင်ရောက်နေကြောင်း ဝါဒဖြန့်မှုတွေ ရှိခဲ့ပါတယ်။
အဆိုပါ ဝါဒဖြန့်မှုတွေနဲ့ပတ်သက်ပြီး ဗန်းမောက်မြို့ရှိ တိုက်ပွဲတွေမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ သတင်းအမှားသာဖြစ်တယ်လို့ BBM ကိုပြောပါတယ်။
"ဗန်းမောက်မြို့ကို စစ်တပ်ကပြန်ဝင်နေပြီဆိုတာ သတင်းမှားပါ၊ အဲ့သတင်းမဟုတ်ပါဘူးဗျ၊ ကျွန်တော်တို့ဘက်တွေမှာ အေးဆေးပါပဲဗျ" လို့ သူကပြောပါတယ်။
ဗန်းမောက်မြို့ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတည်ရှိပြီး ကချင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့အပြင် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားရာ အင်းတော်၊ ကသာမြို့နယ်တွေနဲ့လည်း ထိစပ်နေတာကြောင့် ဗျူဟာအရ အရေးပါတဲ့မြို့ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ဗန်းမောက်မြို့ကို MOD လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ KIAတပ်ဖွဲ့တို့ပူးပေါင်းပြီး စက်တင်ဘာလ ၁၅ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါမြို့သိမ်းတိုက်ပွဲအတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရှမ်းနီပြည်သူ့စစ်(SNA)တပ်ဖွဲ့ဝင်တွေဟာ ဗန်းမောက်မြို့မှတဆင့် ဆုတ်ခွာခဲ့ပြီးနောက် အောက်တိုဘာလ ၄ ရက်နေ့မှာ ဟုမ္မလင်းမြို့မှလိုက်လာတဲ့ စစ်ကူစစ်ကြောင်းတွေနဲ့ပူးပေါင်းပြီး မြို့ကိုတဖန်ပြန်လည်တိုက်ခိုက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့ကို ပြန်လည်ရရှိဖို့အတွက် မြို့ရဲ့အနောက်ဘက်မှတဆင့် နေ့စဥ်အင်အားသုံးထိုးစစ်ဆင်နေသလို ဒရုန်းနဲ့ လေကြောင်းကိုလည်း အလှည့်ကျ အသုံးပြုတိုက်ခိုက်နေပေမဲ့ စစ်တပ်ဘက်ကသာအထိနာပြီး သေဆုံး၊ ဒဏ်ရာရသူတွေကိုလည်း တိုက်ပွဲအတွင်းမှပြန်လည်ခေါ်ဆောင်သွားရတာမျိုးတွေကို တွေ့မြင်ရတယ်လို့ အဆိုပါရဲဘော်က ဆက်ပြောပါတယ်။
"တိုက်ပွဲတွေထဲ သုံ့ပန်းဖမ်းမိတာမျိုးတော့မရှိဘူး၊ ဒါမဲ့ တော်တော်လေးတော့ အထိနာသွားတယ်၊ သူတို့ရဲဘော်အလောင်းတွေကို ပြန်မဆွဲဘဲ ပစ်ထားခဲ့တာအများကြီးပဲပေါ့၊ တိုးတာကတော့နေ့တိုင်းတိုး၊ နေ့တိုင်းအထိနာတာပဲ၊ လာတိုးတိုင်း သူတို့လူတို့ကိုထမ်းထုတ်ပြီးပြန်ပြန်သွားရတာတွေ လည်းမြင်နေရတယ်" လို့ ပြောပါတယ်။
ဗန်းမောက်မြို့ကို ရရှိဖို့ တော်လှန်ရေးအင်အားစုတွေရှိရာနေရာတွေကို စစ်တပ်ဘက်က လက်နက်ကြီး၊ ဒရုန်း၊ လေယာဥ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိသလို ပြည်သူပိုင်နေအိမ်တွေကိုလည်း ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးတာတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီထောက်ခံသူတွေနဲ့ ဝါဒဖြန့်သူတွေဘက်က အခုရက်ပိုင်းအတွင်း ဗန်းမောက်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီထံ ဘက်ကူးပြောင်းမှုတွေရှိနေတယ်လို့လည်း ပြောဆိုနေပေမဲ့ BBM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

👍16❤6
ပျော်ဖွယ်မှာ စကစအတွက် ပေါ်တာကူဆွဲပေးနေတဲ့ ရပ်ကျေးဥက္ကဋ္ဌကို ရှင်းလင်း
BBM-နိုဝင်ဘာ ၁၆
သတင်း-Richard
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်က စစ်ကောင်စီအတွက် ပေါ်တာကူဆွဲပေးနေတဲ့ ကျေးရွာဥက္ကဋ္ဌ ဦးသန်း၀င်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နတ်မောက်ဂဠုန်PDFအဖွဲ့က ထုတ်ပြန်ထားပါတယ်။
နို၀င်ဘာလ ၁၄ရက်နေ့ ညနေ ၅နာရီ၁၀မိနစ်ခန့်က ပျော်ဖွယ်မြို့နယ် တောင်ကျောင်းကျေးရွာမှာ လူငယ်တွေကို ပေါ်တာဆွဲနေပြီး စစ်မှုထမ်းကြေးလစဉ်ကောက်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်း၀င်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။
ဦးသန်းဝင်းဟာ စစ်ကောင်စီအလိုကျ ပေါ်တာဆွဲပေးနေကာ စစ်မှုထမ်းကြေး လစဥ်ကောက်ခံပေးတာတွေကို လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို ပြည်သူတွေအပေါ် အနိုင်ကျင့်နေတာတွေကို သတိပေးခဲ့ပေမဲ့ လိုက်နာခြင်းမရှိပဲ ဆက်လက်လုပ်ကိုင်တာကြောင့် အခုလိုပစ်ခတ်ရှင်းလင်းလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဦးသန်းဝင်းဆီကနေ ပြည်သူလူထုဆီက ဆက်ကြေးကောက်ထားတဲ့ ငွေကျပ် ၆၈၀၀၀၀ကျပ်နဲ့ ဖုန်းတစ်လုံးကို သက်သေခံပစ္စည်းအဖြစ် သိမ်ဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
မိဘပြည်သူတွေအနေနဲ့ ကျေးရွာအတွင်းမှာ စစ်အုပ်စုထောက်တိုင်တွေက အဓမ္မလုပ်ရပ်တွေ လုပ်ဆောင်တာတွေ တွေ့ရှိခဲ့ရင် နတ်မောက်ဂဠုန် PDFအဖွဲ့ကိုဖြစ်စေ၊ အခြားအဖွဲ့တွေဆီကိုဖြစ်စေ တိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။

👏11👍5❤1
တရုတ်သမ္မတရှီက ဂျပန်၀န်ကြီးရဲ့ ထိုင်၀မ်ကို ကာကွယ်ပေးမယ်ဆိုတဲ့ မှတ်ချက်ကြောင့် ဂျပန်ကို သွားရောက်မလည်ပတ်ကြဖို့ ပြည်သူတွေကို တိုက်တွန်း
BBM-နို၀င်ဘာ ၁၆
တရုတ်နိုင်ငံက နိုင်ငံသားတွေအနေနဲ့ ဂျပန်နိုင်ငံကို မသွားဖို့ တိုက်တွန်းခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီရဲ့ ထိုင်ဝမ်အပေါ် မှတ်ချက်တွေကြောင့်ပဲဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို တိုက်ခိုက်ပါက ဂျပန်ကလည်း သူတို့ရဲ့ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ တုံ့ပြန်နိုင်တယ်လို့ပြောတဲ့ တာကာအိချီရဲ့ အကြံပြုချက်ကြောင့် အခုအပတ်အတွင်းမှာ တရုတ်နဲ့ ဂျပန် ၂နိုင်ငံဟာ စကားနိုင်လုနေကြပါတယ်။
နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက အပြန်အလှန် ပြင်းထန်တဲ့ ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဆိုပါ အငြင်းပွားမှုဟာ တရုတ်နဲ့ ဂျပန်အကြား သမိုင်းဝင်ရန်ငြိုးထားမှုအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာအပေါ် ရေရှည်မှာ မဟာဗျူဟာမြောက် ထိခိုက်စေဖို့ပဲဖြစ်ပါတယ်။
လက်ရှိတင်းမာမှုတွေဟာ ပြီးခဲ့တဲ့သောကြာနေ့က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပါလီမန်အစည်းအဝေးတစ်ခုကနေ စတင်ခဲ့ပြီး အတိုက်အခံပါတီက အမတ်တစ်ဦးက တာကာအီချီကို တရုတ်က ထိုင်၀မ်ကိုထိရင် ဂျပန်နိုင်ငံအနေနဲ့ရော ဘယ်လိုကူညီဆောင်ရွက်မလဲလို့ မေးမြန်းခဲ့ပါတယ်။
"စစ်သင်္ဘောတွေရှိပြီး အင်အားသုံးလာရင်
ရှင်သန်မှုကို ခြိမ်းခြောက်တဲ့ အခြေအနေတစ်ခု ဖြစ်လာနိုင်တယ်" လို့ တယခါအီချီက တုံ့ပြန်ခဲ့ပါတယ်။
"ရှင်သန်မှုကို ခြိမ်းခြောက်တဲ့ အခြေအနေ" ဆိုတာ ဂျပန်ရဲ့ ၂၀၁၅ ခုနှစ် လုံခြုံရေးဥပဒေအရ တရားဝင်အသုံးအနှုန်းတစ်ခုဖြစ်ပြီး မဟာမိတ်တွေအပေါ် လက်နက်ကိုင်တိုက်ခိုက်မှုက ဂျပန်အတွက်ကိုပါ ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေတာကို ရည်ညွှန်းတာပါ။
အဲဒီလိုအခြေအနေမျိုးမှာ ဂျပန်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကို ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့ အသက်သွင်းနိုင်ပါတယ်။
တာခါအီချီရဲ့ မှတ်ချက်တွေကြောင့် ဘေဂျင်းက ချက်ချင်းဒေါသထွက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သူတို့ကို "ဆိုးရွားတဲ့"ကိစ္စရပ်အဖြစ်ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က ဂျပန်နိုင်ငံ အိုဆာကာမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ် ရှုဂျီယန်းက တာခါအီချီရဲ့ ရဲ့ X အပေါ် လွှတ်တော်မှတ်ချက်တွေအကြောင်း သတင်းဆောင်းပါးတစ်ပုဒ်ကို ပြန်လည်မျှဝေခဲ့ပါတယ်။
Reference-BBC
Translator-Richard
Photo-BBC

👍12🤣3❤1
ပေါက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်မှု စကစတပ်သား ၁၇ ဦးသေဆုံး
🟥လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး
BBM-နိုဝင်ဘာ၁၆
သတင်း-ခက်ဆစ်
မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းသို့ ဆိပ်ဖြူမြို့နယ်မှတဆင့် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက် ပကဖ က ယမန်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
မိတ္ထီလာ အခြေစိုက် တပ်မ ၉၉ မှ ထွက်လာတဲ့ အင်အား ၄၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဆိပ်ဖြူမြိုနယ် ကပစ ၂၂ မှတဆင့် အောက်တိုဘာလ ၃၀ ရက်မှာ ပေါက်မြို့ နယ် တောင်ပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၃၁ ရက်မှာ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄၊ ၁၉၊ ၁၀၉ စတဲ့ တပ်ရင်း ၃ ရင်းဟာ ကျေးရွာတွေအတွင်းသို့ စစ်ကြောင်း ၃ ကြောင့်းခွဲ ဝင်ရောက်လာပြီး ကျေးရွာတွေအတွင်းရှိ ပြည်သူနေအိမ်တွေ မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့မှာ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄၊ ၁၉ နဲ့ ၁၀၉ တပ်ရင်း ၃ ရင်း ပူးပေါင်း အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို ကျောက်ကာကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ၁၀ ဦးခန့်ထိခိုက်ဒဏ်ရာရတဲ့အပြင် ဖွဲ့စည်းပုံပျက်ပြီး ပင်တောင် ပသစ ရွာသို့ ဆုတ်ခွာသွားတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၅ ရက်မှာလည်း သီးချောက်ရွာမှ အရှေ့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၃၀ ခန့်ပါ စစ်ကြောင်းနဲ့ ယောချောင်းတနေရာမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အလောင်း ၇ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
သိမ်းဆည်းရရှိလက်နက်များမှာ MA1 ၂ လက်၊ MA2 ၁ လက်၊ MA3 ၁ လက်၊ ကာဗိုင်သေနတ် ၁ လက်၊ MA ဘောက်ဝိုင်း ၃ ခု၊ MA ဘောက် ၁၉ ခု၊ ကျည်အမျိုးမျိုး ၁၅၀၀ ခန့်၊ 60 mm ၅ ဖူး၊ RPG ၇ ဖူး၊ အီနာဂါ ၁၀ ဖူး၊ တိုက်မိုင်း ၆ လုံး၊ နင်းမိုင်း ၅ လုံး၊ စလစ်မိုင်း ၅ လုံး၊ လက်ပစ် ၆ လုံး၊ ဆက်သွယ်ရေးစက်အကြီး ၁ လုံး (စကားပြောစက် ၂ ခု)၊ ကွန်ပျူတာ ၁ လုံး၊ Bluetooth Box တစ်လုံး၊ ရေချိုင့် ၂ လုံး၊ ဓား ၃ လက်၊ ဖုန်း ၂ လုံး စစ်သုံးပိုးအိတ် ၁၃ လုံး၊ ခေါက်ဆိုလာ ၂ ခု၊ မီးကြိုးခွေ ၃ ခု၊ Power Bank ၁ လုံးအပါအဝင် ဆက်စပ်ပစ္စည်း အချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပေါက် ပကဖ၊ MGY PDF ၊ ပေါက်-ဆိပ်ဖြူ တပ်ရင်းစုဖွဲ့မှုတွေက ပူးပေါင်းဆောင်ရွက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက် ပကဖ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Photo - ပေါက် ပကဖ

👍9❤1

👍16
မကွေးထောင်မှာ နှိပ်စက်သတ်ဖြတ်မှုတွေကြောင့် ၁ နှစ်အတွင်း နိုင်ကျဥ်း ၆ ဦးသေဆုံး
BBM - နိုဝင်ဘာ၁၆
သတင်း - ဦးထွန်း
မကွေးအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့ မတရားညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေကြောင့် တစ်နှစ်အတွင်း နိုင်ငံရေးအကျဥ်းသား ၆ ဦးသေဆုံးခဲ့ပြီး ၄၀ နီးပါး ညှဉ်းပန်းနှိပ်စက်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မကွေးအကျဥ်းထောင်မှာ သတ်ဖြတ်ခံရတာကြောင့် နိုင်ငံရေးအကျဥ်းသား ၅ ဦးသေဆုံးခဲ့တဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရတာကြောင့် နိုင်ငံရေးအကျဥ်းသား ၁ ဦး သေဆုံးခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ခံထားရသူ ၄၀ ဦးရှိခဲ့တယ်လို့ PPNM ရဲ့ စောင့်ကြည့်မှတ်တမ်းတွေအရ သိရကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မကွေးအကျဥ်းထောင်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အယောက် ၄၀ နီးပါး ရိုက်နှက်နှိပ်စက်ခံထားရတယ်လို့လည်း သိရပါတယ်။
မကွေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်ထားတယ်ဆိုပြီး တောင်ယာလုပ်ငန်း၊ မြောင်းတူး၊ မြောင်းဖော်လုပ်ငန်းများကို လုပ်ကိုင်စေသလို ထောင်ပြောင်းရောက်ရှိလာတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုလည်း ထောင်ဗူးဝမှာတင်ရိုက်နှက်နှိပ်စက်တယ်လို့ PPNM ဖော်ပြချက်အရ သိရပါတယ်။
ဒါ့အပြင် မကွေးထောင်မှ ဒုတိယထောင်ပိုင် သန်းကျော်တင့်နဲ့ ဦးစီးမှူး ဝင်းထွန်းတို့ကလည်း နိုင်ငံရေး အကျဉ်းသားတွေဆီက ခေါင်းစဥ်အမျိုးမျိုးနဲ့ ငွေကြေးရယူလေ့ရှိပြီး အကျဉ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးလာချိန်မှာ ထောင်တွင်း ဖိနှိပ်မှုတွေကို တင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကိုဟိန်းဝင်းလတ်ကိုလည်း ထောင်အာဏာပိုင်တွေက အငြှိုးထားပြီး ညွှန်ကြားရေးမှူးပြန်သွားချိန်မှာ တိုက်ပိတ်ပြစ်ဒဏ်ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအခြေအနေတွေအပေါ် စဉ်ဆက်မပြတ်စောင့်ကြည့်နေပြီး နိုင်ငံရေးအကျဉ်းသားတွေ ကိုယ်စား အမှန်တရားနဲ့ တရားမျှတမှုကို အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ်တဲ့အပြင် အကူးအပြောင်းကာလနဲ့ အကူးအပြောင်းကာလမတိုင်ခင် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပေးနိုင်ဖို့ မကွေးဒေသမှ မိတ်ဘက်အင်အားစုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ PPNM က အသိပေးထုတ်ပြန်ထားပါတယ်။

🤬6🕊4👍2
AA လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းပြင်ရေဒါစခန်းမှာ ဝါဒဖြန့်ဖို့ဓာတ်ပုံရိုက်နေတဲ့ စကစ ၂၀ ကျော်သေဆုံး
BBM - နိုဝင်ဘာ ၁၆
သတင်း - နိုင်နိုင်
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရေဒါစခန်းကို အာရက္ခတပ်တော် AA က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဝါဒဖြန့်ဖို့ ဓာတ်ပုံရိုက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦး အစုလိုက်အပြုံလိုက် သေဆုံးသွားတယ်လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် AA က ဆုတ်ခွာပေးလိုက်ရပြီး စစ်ကောင်စီက သိုင်းချောင်းကျေးရွာနဲ့ သိုင်းချောင်းဆည်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီဟာ သိုင်းချောင်းကျေးရွာကနေ AA ခုခံစစ် အခိုင်အမာပြုလုပ်ထားတဲ့ မင်းပြင်ကျေးရွာကို ထိုးစစ်ဆင်လာပြီး မင်းပြင်ကျေးရွာကို ထိန်းချုပ်နိုင်ပြီဆိုတဲ့ ဝါဒဖြန့်ဓာတ်ပုံတွေ ရိုက်ကူးဖို့ပြင်ဆင်နေစဥ် AA က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၄ ဦးခန့် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
"စကစကတော့ ၃၂ ရဲတပ်ရင်းနဲ့ ဓညဝတီရေတပ်ကနေ သိုင်းချောင်းတို့ မင်းပြင်တို့ဖက်ကို စစ်ကြောင်းထိုးနေတာပါ၊ AA ကလည်း အဲဒီဖက်တွေမှာ အခြေကုပ်နေရာယူထားကြတာပါ၊ သူတို့က သိုင်းချောင်းကို ထိန်းထားနိုင်တော့ မင်းပြင်ကို အင်အားအများအပြားနဲ့ထိုးလာတာရှိပါတယ်၊ AA ကလည်းဆုတ်ပေးတာမျိုးရှိတယ်တဲ့၊ သူတို့က ဝါဒဖြန့်ဓာတ်ပုံတွေ ရိုက်ကူးဖို့ ပြင်ဆင်နေစဥ် AA က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ၂၀ ကျော် သေဆုံးသွားတယ်လို့ သိရပါတယ် " လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းက ပြောပါတယ်။
စစ်ကောင်စီဟာ မင်းပြင်ကျေးရွာကို ထိန်းချုပ်နိုင်တယ်လို့ သူတို့ရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပေမဲ့လည်း မင်းပြင်၊ သိုင်ချောင်းကျေးရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
"မင်းပြင်ဖက်ကို စကစ စစ်ကြောင်းတွေ ရောက်နိုင်ဖို့ဆိုတာက မလွယ်ကူပါဘူး၊ ဒါပေမဲ့ သူတို့ရောက်နိုင်ခဲ့ရင်လည်း AA ပြန်လည်တိုက်ခိုက်မှာ ဖြစ်ပါတယ်" လို့ ကျောက်ဖြူဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
လက်ရှိ အာရက္ခတပ်တော် AA ဟာ ကျောက်ဖြူမြို့နယ်ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် မင်းပြင်၊ ဂေါ်ဒူတောင်တန်းတွေကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
ကျောက်ဖြူမြို့နယ်ရှိ တိုက်ပွဲတွေမှာ အာရက္ခတပ်တော် AA ဟာ အကျအဆုံးနည်းပါးအောင် သူတို့ထိန်းချုပ်ထားတဲ့နေရာတွေကို ဆုတ်ခွာလိုက်၊ ထိုးစစ်ဆင်တိုက်ခိုက်လိုက် စတဲ့စစ်ရေးနည်းဗျူဟာကို ကျင့်သုံးနေတာဖြစ်ပြီး တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်သားတွေ အကျအဆုံးအများအပြား ရှိနေတယ်လို့လည်း သိရပါတယ်။

👍15❤5👏2