3.47K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
🥰10👍1
ဖြူးမြို့နယ်မှာ ဗုံးကြဲပြီးပြန်လာတဲ့ စကစရဲ့ Gyrocopter ၁ စီး ပျက်ကျပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး

BBM - နိုဝင်ဘာ ၆
သတင်း - နိုင်နိုင်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်းကျည်းကုန်းတောင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ပြီးပြန်လာတဲ့ စစ်ကောင်စီရဲ့ Gyrocopter ရဟတ်ယာဉ် ၂ စီးအနက် ၁ စီးဟာ အပြန်လမ်းမှာပျက်ကျတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၆ ရက်၊ မနက် ၁၁ နာရီ ၅၅ မိနစ်မှာ စစ်ကောင်စီတပ်ရဲ့ အသေခံဒရုန်းတစ်စီးအပါအဝင် မုန်းမြို့အခြေစိုက် ခမရ (၅၉၀) တပ်ရင်းမှ ၁၂၀ မမ တို့နဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၆ ရက်၊ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်မှာလည်း စစ်ကောင်စီဟာ မန်းကျည်းကုန်းတောင်ကျေးရွာမှ ပြည်သူလူထုတွေနေထိုင်တဲ့ နေအိမ်တွေကို Gyrocopter ရဟတ်ယာဉ် ၂ စီးနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် မန်ကျည်းကုန်းတောင်ကျေးရွာမှ ဦးမောင်ငယ် (၅၅) နှစ်မှာ ဗိုက်ပွင့်ထွက်၍ သေဆုံးခဲ့ရပြီး နေအိမ်အဆောက်အဦ (၆) လုံးလည်း ပျက်စီးသွားတယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဆိုပါတယ်။

မန်းကျည်းကုန်းတောင်ကျေးရွာကို လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ Gyrocopter ရဟတ်ယာဉ် ၂ စီးအနက် ၁ စီးဟာ အပြန်လမ်းမှာ ပျက်ကျသွားပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးသွားတယ်လို့ ပဲခူတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ရဲ့ ပျက်ကျသွားတဲ့ Gyrocopter ရဟတ်ယာဥ် ၁ စီးနဲ့ တပ်ဖွဲ့ဝင် ၂ ဦးကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေကြတယ်လို့လည်း သိရပါတယ်။

Photo-social media
👏10❤2👍2
👏16❤1
👍5🤬2
👍9❤1
MOD တပ်တွေနဲ့ မဟာမိတ်တွေ ဆက်လက်တာဝန်ယူမဲ့ မိုးကုတ်မှာ စစ်တပ်နဲ့ တရုတ်ကြားဝင်မှုကို မြို့လုံးကျွတ်သံပုံးတီးဆန္ဒပြ

BBM-နိုဝင်ဘာ၆
သတင်း-မင်းသော်

MOD တပ်ရင်းတွေနဲ့ တော်လှန်ရေးမဟာမိတ်အင်အားစုတွေ ဆက်လက်ထိန်းသိမ်းမဲ့ မိုးကုတ်မြို့ပေါ်အတွင်း စစ်ကောင်စီနဲ့ တရုတ်ရဲ့ကြားဝင်မှုတွေကို ဆန့်ကျင်ကြောင်းထုတ်ဖော်တဲ့အနေနဲ့ သံပုံးတီးကာ ဆန္ဒထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ည ၈ နာရီကနေ ၈ နာရီ ၁၀ မိနစ်အထိ မိုးကုတ်မြို့ပေါ်ရှိ ပြည်သူတွေအကုန်လုံးဟာ စစ်အာဏာရှင်ကို အလိုမရှိကြောင်းနဲ့ တရုတ်ရဲ့ကြားဝင်မှုတွေကို မနှစ်မြို့ကြောင်း မိုးကုတ်မြို့ခံပြည်သူတွေရဲ့ သဘောထားကို ပြသလိုတာကြောင့် အခုလို သံပုံးတီးကာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဥ်ကို ယနေ့ည ၇နာရီခန့်မှ စတင်ကြေငြာခဲ့ပေမဲ့လည်း ချက်ချင်းပင် မြို့နေလူထုတွေအကုန်လုံးက လက်ဆင့်ကမ်းကာဖြန့်ဝေခဲ့တာကြောင့် ပြည်သူတစ်ရပ်လုံးပါဝင်ခဲ့ပြီး သံပုံးတီးတဲ့သူတီး၊ စစ်ခေါင်းဆောင်နာမည်တပ်ကာ ဆဲသူကဆဲနဲ့ အတော်လေး မြိုင်ဆိုင်ခဲ့တယ်လို့ မြို့ခံတစ်ဦးက BBM ကိုပြောပါတယ်။

"တစ်မြို့လုံးကို တီးကြတယ်ဗျ၊ ကျက်သီးတောင်ထတယ်၊ ၇ နာရီကမှ အစီအစဉ်ကို ကြေညာတာ အချိန်တိုတွင်းနဲ့ သပိတ်ရအောင်ပါဝင်ပေးသွားကြတာ ပြည်သူတွေက၊ သတင်းတွေလည်းဖြန့်ပေးကြနဲ့ တော်တော်ညီကြတယ်၊ တချို့ဆို မင်းအောင်လှိုင်ကို ဆဲတောင်ဆဲကြတယ်၊ သံပုံးတီးရင်းနဲ့" လို့ မြို့ခံက ပြောပါတယ်။

အဆိုပါဆန္ဒထုတ်ဖော်တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မန္တလေး PDF မှ ဒေါက်တာ စိုးသူရဇော်ကလည်း ၎င်းရဲ့ social media မှ တဆင့် တော်လှန်ရေးအစမှ (၄)နှစ်ကျော်အထိ ပြည်သူတွေ တော်လှန်ရေးစိတ်ဓာတ်ရှင်သန်နေဆဲဖြစ်တယ်ဆိုတာ ကမ္ဘာသိချပြလိုက်ခြင်းဖြစ်တယ်လို့ တင်ထားတာကိုလည်းတွေ့ရပါတယ်။

Video-ဒေသခံ MOD တပ်ရင်းတွေနဲ့ မဟာမိတ်အင်အားစုတွေ ဆက်လက်တာဝန်ယူမဲ့ မိုးကုတ်မှာ စစ်တပ်နဲ့ တရုတ်ကြားဝင်မှုကို ဆန္ဒပြသံပုံးတီးစဉ်
🥰15👍7
ဖားကန့်-ဆိုင်းတောင်လမ်း စကစစိုးမိုးဒေသအတွင်း အရပ်သားပြည်သူ ၂ ဦး လမ်းပေါ် ပစ်သတ်ခံရ

🟥ဖားကန့်မှာ တရားခံလက်သည်ဖော်မရတဲ့ အရပ်သားပြည်သူအသတ်ခံရမှုတွေ မကြာခဏဖြစ်ပွားနေ

BBM-နိုဝင်ဘာ၆
သတင်း-မင်းသော်

ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့်-ဆိုင်းတောင်လမ်းပိုင်း စစ်ကောင်စီအဓိကထိန်းချုပ်စိုးမိုးထားတဲ့ ယူမာကျေးရွာနဲ့ မရှီကထောင်ဒေသဘက်တွေမှာ အရပ်သားပြည်သူ (၂) ဦး ပစ်သတ်ခံထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်၊ ည ၈ နာရီခွဲခန့်မှာ ဖားကန့်မှ ဆိုင်းတောင်ဒေသကို အသွားလမ်းပေါ်ရှိ မရှီကထောင်ရပ်ကွက်ရုံးဘေးမှာ ဆိုင်ကယ်နဲ့ လူ ၁ ယောက် ပစ်သတ်ခံထားရတယ်လို့ သိရပါတယ်။

အဆိုပါအခင်းဖြစ်ပွားစဥ်ညက မရှီကထောင်ရပ်ကွက်ရုံးအနီးအနားမှာ သေနတ်ပစ်ဖောက်သံကြားရသလို အခုလိုပစ်သတ်ခံထားရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဘယ်အဖွဲ့က သတ်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံဆီက သိရပါတယ်။

"ဟုတ်တယ်ဗျ ဘယ်သူဘယ်ဝါတွေဆိုတာနဲ့ ဘယ်အဖွဲ့ကကပစ်တယ်ဆိုတာတော့ အခုချိန်ထိ မသိရသေးဘူး၊ မနေ့ညက ၁၀ နာရီခွဲဝန်းကျင်မှာ ပစ်သတ်ခံလိုက်ရတာ၊ ဆိုင်ကယ်နဲ့ပုံက မရှီကထောင် လမ်းမကြီးပေါ်မှာ ပစ်သတ်ခံလိုက်ရတာ၊ ဖားကန့်ကနေ ဆိုင်းတောင်အသွား မရှီကထောင်ရပ်ကွက် ရုံးဘေးနားမှာ ပစ်သတ်ခံလိုက်ရတာ"လို့ ဒေသခံပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။

ဒါ့အပြင် ဖားကန့်မှ ဆိုင်းတောင်သို့ အသွားလမ်းဖြစ်တဲ့ ယူမာကျေးရွာ လမ်းမကြီးပေါ်မှာလည်း မနေ့က ပြည်သူတစ်ဦး အလားတူပစ်သတ်ခံထားရတယ်လို့လည်း သိရပါတယ်။

"ယူမာမှာလည်း တစ်ယောက်ပစ်သတ်ခံရတယ်၊ ဆိုင်ကယ်မပါတဲ့ ပုံကတော့ ယူမာလမ်းမကြီးပေါ်မှာ ဒါလည်း ဖားကန့်နဲ့ ဆိုင်းတောင်သွားလမ်းပဲ အဲ့ယူမာကျေးရွာအပိုင်းထဲမှာပဲ ပစ်သတ်ခံရတာ" အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ ဆိုင်းတောင်ဒေသမှာ တော်လှန်ရေးအင်အားစုတွေတည်ရှိနေပြီး ဆိုင်းတောင်ကိုသွားရာ ယူမာ၊ မရှီကထောင်ဒေသတွေမှာတော့ စစ်တပ်ဘက်က အဓိက အခြေပြုတာတွေ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခင်ကတည်းက အဆိုပါဒေသတွေကို နှစ်ဖက်စလုံးမှ အရပ်ဝတ်နဲ့ သွားလာတာတွေပြုလုပ်လေ့ရှိပြီး လက်ဦးမှုရရင်ရသလို ပစ်ခတ်မှုတွေလည်း ရှိတတ်တယ်လို့ သိရပါတယ်။

ဖားကန့်ကို စစ်ကောင်စီစစ်ကြောင်းပြန်ဝင်လာတဲ့ ဧပြီလနဲ့ မေလတွေမှစပြီး အခုဖြစ်စဥ်အပါအဝင် ဖားကန့်မြို့နယ်အတွင်းမှာ အမည်မသိပစ်ခံထားရတဲ့ဖြစ်စဥ်တွေဟာ ၃ ခုထက်မနည်းရှိခဲ့ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာမျိုးကို အတည်ပြုလို့မရဘူးလို့လည်း သိရပါတယ်။

"ဘယ်အဖွဲ့က ပစ်ခတ်လိုက်ပါတယ်၊ ဘယ်အဖွဲ့ကရှင်းလင်းလိုက်ပါတယ်ဆိုပြီး ထုတ်ပြန်တာမျိုးမရှိဘူးဗျ၊ ဟိုးအရင်နှစ်တွေကတော့ ရှိခဲ့ဖူးတယ်၊ KTV ထဲမှာ ဝင်ပစ်တာပေါ့၊ စစ်တပ်ရှိရင်လည်း တော်လှန်ရေးဘက်ကဝင်ပစ်သလို တော်လှန်ရေးအဖွဲ့တွေရှိရင်လည်း စစ်တပ်ကဝင်စီးတာတွေရှိတယ်၊ ဒါတွေကတော့ ရှင်းရှင်းလင်းလင်းသိရတယ်ပေါ့၊ ဒါမျိုးလမ်းမတွေပေါ်မှာ ပစ်သတ်ခံရတာတွေကိုတော့ ဘယ်အဖွဲ့ကလုပ်ပါတယ်ဆိုပြီး ထုတ်ပြန်တာတွေမရှိဘူး၊ ကျွန်တော်တို့လည်း စုံစမ်းရတာခက်ခဲတယ်ပေါ့" လို့ သူက ဆက်ပြောပါတယ်။

လက်ရှိဖြစ်စဥ်နဲ့ပတ်သတ်ပြီး ဒေသခံ နောက်ထပ်သတင်းရင်းမြစ်အချို့ကတော့ စစ်ကောင်စီရဲ့ ညပိုင်းပတ်တဲ့ ကင်းသမားတွေက ပြုလုပ်သွားတာဖြစ်တယ်လို့ ပြောဆိုတာတွေရှိနေပေမဲ့ BBM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
❤7🤬3🤔2
🤔7👍1
နီပေါမှာ ပျောက်ဆုံးနေတဲ့ အီတလီတောင်တက်သမား ခုနစ်ယောက်ကို အခုထိ ရှာမတွေ့သေး

BBM-နို၀င်ဘာ ၇

အီတလီနိုင်ငံသား ခုနစ်ယောက်ဟာ နီပေါနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟိမဝန္တာတောင်ထိပ်ကို တက်ရန်ကြိုးစားရင်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အီတလီနိုင်ငံက ပြောကြားခဲ့ပါတယ်။

အီတလီအဖွဲ့ဟာ ဒေါလာခါခရိုင်ရှိ မီတာ ၆၃၃၂ (ပေ ၂၀၇၇၄) အမြင့်ရှိတဲ့ ဒေါ်လ်မာခန်တောင်ထိပ်ရဲ့ အခြေစိုက်စခန်းမှာ ရှိနေခဲ့ကြောင်း အရာရှိတွေက ပြောကြားခဲ့ပါတယ်။

နို၀င်ဘာလ ၃ရက် တနင်္လာနေ့က ဒေါ်လ်မာခန်အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဆီးနှင်းပြိုကျမှုကြောင့် အီတလီတောင်တက်သမား ၃‌ယောက် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံမှ အကြီးတန်း အီတလီသံတမန်တစ်ဦးက နီပေါအာဏာပိုင်တွေ၊ ရှာဖွေရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတ္တမန္ဒူကို ရောက်ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း နီပေါနိုင်ငံကနှင်းထုပြိုကျမှုနဲ့ ပြင်းထန်တဲ့ မုန်တိုင်းတွေကြောင့် တောင်တက်သမားတွေနဲ့ ဒေသခံလမ်းပြများစွာ သေဆုံးဒဏ်ရာရရှိခဲ့ပါတယ်။

“ ဒေသဆိုင်ရာအာဏာပိုင်တွေက အီတလီတောင်တက်သမား၃ယောက် သေဆုံးမှုကို အတည်ပြုပြောကြားခဲ့တယ် ” လို့ ရောမနိုင်ငံခြားရေးဝန်ကြီးဌာနက နို၀င်ဘာလ ၆ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

Reference-BBC
Translator-Richard
Photo-Reuters
😱3👎1😢1
👍5
ထိုင်းနိုင်ငံအတွင်းသို့ တိုင်ဖွန်းမုန်တိုင်း Kalmaegi ဝင်ရောက်နိုင်ဟု ထိုင်းမိုးလေဝသထုတ်ပြန်

BBM - နိုဝင်ဘာ ၇
သတင်း - ဦးထွန်း

တိုင်ဖွန်းမုန်တိုင်း Kalmaegi ဟာ နိုဝင်ဘာလ ၆ ရက်၊ အစောပိုင်းမှာ တောင်တရုတ်ပင်လယ်ပြင်ပေါ် ဖြတ်ကျော်ရွေ့လျားနေခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို ရောက်ရှိလာကာ အားပျော့သွားပြီး ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းကို ဝင်ရောက်လာမှာ ဖြစ်တယ်လို့ ထိုင်းမိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုင်ဖွန်းမုန်တိုင်း Kalmaegi ဟာ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ အဆိုးရွားဆုံး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်စေခဲ့ပြီးနောက် လူအနည်းဆုံး ၁၄၀ ဦးခန့် သေဆုံးပြီး နောက်ထပ် ၁၂၇ ဦး ပျောက်ဆုံးနေခဲ့တယ်လို့ နိုဝင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ဖွန်းမုန်တိုင်းဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် မပြောင်းလဲခင် နိုဝင်ဘာလ ၇ ရက်မှာ ထိုင်းနိုင်ငံ Ubon Ratchathani ကို ရောက်ရှိလာမှာဖြစ်သလို မုန်တိုင်းရဲ့ အရှိန်ကြောင့် နိုဝင်ဘာလ ၇၊ ၈ ၊ ၉ ရက်တွေမှာ အထူးသတိပြုကြဖို့ ထိုင်းနိုင်ငံ သဘာဝဘေးကာကွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်း အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဘန်ကောက်မြို့တော်ဧရိယာ အပါအဝင် မြေပြန့်လွင်ပြင်အလယ်ပိုင်း နဲ့ မြောက်ပိုင်းဒေသတွေမှာ မိုးပိုများလာနိုင်သလို နေရာကွက်ပြီး မိုးသည်းထန်တာတွေဖြစ်ပေါ်လာနိုင်တာကြောင့် ရုတ်တရက် ရေကြီးတာ၊ တောင်ကျရေတွေ စီးဆင်းတာနဲ့ မြစ်ချောင်းတွေ ရေလျှံတာတွေ ဖြစ်နိုင်ကြောင်း အသိပေးထားပါတယ်။

အဲဒီလို သဘာဝဘေးအန္တရာယ်ကြောင်း ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ စက်ယန္တရားတွေကိုလည်း အန္တရာယ်ရှိတဲ့ ဒေသတွေမှာ ဖြန့်ကျက်ချထားပြီး ရေဘေးဒုက္ခသည်တွေကိုလည်း အကူအညီတွေအမြန်ဆုံးပေးအပ်သွားမှာ ဖြစ်ကြောင်း ထိုင်းအစိုးရ အာဏာပိုင်တွေက အသိပေးထားပါတယ်။
👍5