3.47K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
❤19👍7
အစ္စရေးက ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ၀န်ခံခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ပြောကြား

BBM-စက်တင်ဘာ ၁၇

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်က စက်တင်ဘာလ ၁၆ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာဥပဒေအရ သတ်မှတ်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ၆ခုအနက် ၄ခုဟာ 2023 ခုနှစ်တွင် ဟားမတ်စ်နှင့် စစ်ပွဲစတင်ကတည်းက လုပ်ဆောင်ခဲ့ကြောင်း ကောက်ချက်ချဖို့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တွေ ရှိတယ်လို့ အစီရင်ခံစာသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။

အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို သတ်ဖြတ်ခြင်း၊ သူတို့ကို ပြင်းထန်တဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှု၊ အုပ်စုကို ဖျက်ဆီးဖို့ ခြိမ်းခြောက်ခြင်းနဲ့ အဖွဲ့၀င်သစ်တွေ ထပ်မံပေါ်ပေါက်လာမှာကို တားဆီးခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

အဆိုပါအစီရင်ခံစာဟာ အစ္စရေးခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေနဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့လုပ်ရပ်ကို ကိုးကားပြီး လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိကြောင်း အထောက်အထားအဖြစ် ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက အစီရင်ခံစာကို လုံးလုံးလျားလျား ပယ်ချခဲ့ပြီး အဆိုပါအစီရင်ခံစာဟာ မှားယွင်းတဲ့စွပ်စွဲချက်သာဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာနဲ့ အစ္စရေးလူ့အခွင့်အရေးအဖွဲ့အစည်း အများအပြား၊ လွတ်လပ်သောကုလသမဂ္ဂမှ ကျွမ်းကျင်သူတွေနဲ့ပညာရှင်တွေကအ စ္စရေးကို ဂါဇာရှိ ပါလက်စတိုင်းတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ကြောင်းစွပ်စွဲထားကြပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကလည်း အစ္စရေးတပ်ဖွဲ့၀င်တွေကို လူမျိုးတုံးသတ်ဖြတ် ကြောင်း စွပ်စွဲထားတဲ့ တောင်အာဖရိကက တင်သွင်းတဲ့အမှုကိုလည်း ကြားနာစစ်ဆေးလျက်ရှိပါတယ်။

အစ္စရေးက အဆိုပါကိစ္စကို "လုံးဝအခြေအမြစ်မရှိ" လို့ပြောဆိုပြီး "ဘက်လိုက်မှုနှင့် မှားယွင်းသောတောင်းဆိုမှုတွေ" ကို အခြေခံထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref-BBC
ဘာသာပြန်-Richard
ပုံ-BBC

#BBM #UpdateNews #Israel #Genocide #War #Plastine
👍9
👍10
မိုးလေဝသသတင်း

BBM-စက်တင်ဘာလ ၁၇
သတင်း-ဦးထွန်း

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

♦ ယနေ့မနက် ၀၅:၃၀ နာရီအချိန်တိုင်းထွာချက်များအရ ယမန်နေ့က ဖိလစ်ပိုင် ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသများကို ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။

မကွေးတိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနှင့် ချင်း ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
မိုးလေဝသသတင်း အစီအစဥ်ကို မိုးလေဝသဌာန၊MOHADM နဲ့ Windy.com တို့မှရယူဖော်ပြထားပါသည်။
👍15❤1
👍19
မြန်မာနိုင်ငံအတွင်း ယာယီနေရပ်စွန့်ခွာနေရသူများနဲ့ မြို့နယ်ပြင်ပရောက်နေသူများ နိုဝင်ဘာလမှာ ကြိုတင်မဲပေးရမယ်လို့ ထုတ်ပြန်

BBM-စက်တင်ဘာလ ၁၇
သတင်း-ဦးထွန်း

မြန်မာနိုင်ငံအတွင်း ယာယီနေရပ်စွန့်ခွာနေရသူများနဲ့ မြို့နယ်ပြင်ပရောက်နေသူများကို နိုဝင်ဘာလမှာ ကြိုတင်မဲပေးရမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၅ ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာနေရသူတွေအနေနဲ့ ကြိုတင်မဲပေးဖို့အတွက်ပုံစံ (၁၅) ကို ရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်ကနေ ဖြစ်ဖြစ်၊ ရောက်ရှိရာဒေသက မြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီကနေ ဖြစ်ဖြစ် ရယူ ဖြည့်စွက်ပြီးအောက်တိုဘာ ၁၂ ရက် အရောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီ ပေးပို့ရမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပနိုင်ငံတွေမှာရောက်နေတဲ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေအနေနဲ့လည်း ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ မူလက ပုံစံ ၁၅ကို စက်တင်ဘာ ၈ ရက် နောက်ဆုံးထားပေးပို့ဖို့ သတ်မှတ်ထားပေမဲ့ စိတ်ဝင်စားသူနည်းနေတာကြောင့် နိုင်ငံအလိုက် စက်တင်ဘာလကုန်နဲ့ အောက်တိုဘာ ပထမအပတ်အထိ လက်ခံပေးမယ်ဆိုပြီး စစ်ကောင်စီသံရုံးတွေက ရက်ထပ်တိုးပေးထားပါတယ်။

""စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိင်ရေးအတွက်ပြည်သူများအပေါ်နည်းမျိုးစုံဖိအားပေးလုပ်ဆောင်နေတယ်၊တနေရာထဲရလည်း လုပ်မှာပဲလုံခြုံရေးတွေလည်း ထပ်တိုးထားတယ် မီးသတ်တွေလည်းပါတယ်၊ မဲရုံတွေအတွက်လို့ပြောတယ်"" လို့ နေပြည်တော်မြို့ခံတစ်ဦးကလည်း BBMကို ပြောပြထားပါတယ်။

ပုံ-UEC

#BBM #News #UpdateNews #UEC #Election #Junta
🖕4👎3❤2
🖕6👎3
ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၄ဦးသေဆုံးပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိ

BBM-စက်တင်ဘာ ၁၆
သတင်း-Richard

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဇွန်လနဲ့ ဩဂုတ်လတွေမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၄ဦးသေဆုံးခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၁ ရက်နေ့က ဆိပ်ဖြူမြို့နယ် ဆယ်မိုင်လမ်းဆုံဂိတ်ကနေ ကင်းယူဖို့ ထွက်လာတဲ့ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၇ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၃၀ ရက်‌နေ့မှာလည်း ဆိပ်ဖြူမြို့ကနေ စစ်ကား ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၃၀ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၃ ရက်နေ့က‌လည်း ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို ဒရုန်းနဲ့ ‌ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး သြဂုတ် ၁၅ ရက်မှာ ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP နဲ့ ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း ၊ တပ်ခွဲ(၃) ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#BBM #News #UpdateNews #YePhyub#Peopledefenseforce #Junta #Soldiers
👍13
👍11
👍11❤1
ထားဝယ်မြို့ကနေ ထွက်လာတဲ့ စကစ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ တွေက ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်ဖွဲ့၀င် ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၂ဦးထိခိုက်ဒဏ်ရာရရှိ

🟥စကစက လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးပြီး ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိ

BBM-စက်တင်ဘာ ၁၇
သတင်း-Richard

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်ကူထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၁၂ဦးထိခိုက်ဒဏ်ရာရရှိကာ MA1လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အတွင်းရေးမှူး စောအယ်နားက BBMကို ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့က ထား၀ယ်မြို့က ယနေ ကျောက်မဲတောင်တပ်စခန်းကို စစ်ကြောင်းချိန်းဖို့ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပကာရီကျေးရွာ အနီးအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကာ ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး MA1 တစ်လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

“ပကာရီကျေးရွာအနီးအနားမှာ တပ်စွဲထားတဲ့ အင်အား၁၀၀၀န်းကျင်ရှိတဲ့ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ ၁၀ယောက်သေပြီး ၁၂ယောက်ဒဏ်ရာရတယ်။ အထိနာသွား‌တော့ ဒီထား၀ယ်ဘက်ကို ဆုတ်ခွာသွားတယ်”လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အတွင်းရေးမှူး စောအယ်နားက BBMကိုဖြေကြားထားပါတယ်။

‌ဒါ့အပြင် အထိနာသွားတဲ့ စစ်ကောင်စီက ပကာရီကျေးရွာ အတွင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အပါအဝင် ပြည်သူလူထု နေ အိမ် အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆက်လက်ဖြေကြားထားပါတယ်။

“သူတို့ လေယာဉ်နဲ့ဗုံးကြဲတယ်။ ပကာရီကျေးရွာထဲကို ဗုံးလာကြဲတဲ့အတွက် ဒီဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ လူနေအိမ်တွေထိခိုက်ပျက်စီးသွားတယ်။ ပြည်သူ၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်”လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အတွင်းရေးမှူး စောအယ်နားက BBMကိုဖြေကြားထားပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ‌တပ်မဟာ ၄ ၊ တပ် ရင်း ၁၂ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် သတင်းပြန်ကြားရေး

#BBM #News #UpdateNews #KNU #ကေအဲန်ယူမြိတ်ထားဝယ်ခရိုင် #PeopleDefenseForce #KNLA #Junta #AirStrike
👍10❤1
🤬13👍2