3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
👍9👎2
👍13
အာရက္ခတပ်တော် AA စစ်ဦးစီးချုပ်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မောင်တောမြို့မ ဂျာမေဗလီကြီးကို ဖွင့်ပေး

BBM - စက်တင်ဘာ ၁၆
သတင်း - နိုင်နိုင်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA ) ဥက္ကဋ္ဌ၊ အာရက္ခတပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင် အသိုင်းအဝန်းခေါင်ဆောင်တွေဟာ မောင်တောမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရခိုင်ပြည်တည်ဆောက်ရေးမှာ အကုန်လုံးပူးပေါင်းပါဝင်ဖို့ ပြောကြားခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့၊ မောင်တောမြို့က မွတ်ဆလင် အသိုင်းအဝန်းခေါင်းဆောင်တွေ၊ ဒေသခံပြည်သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံကာ ဒေသအတွင်းတည်ငြိမ်အေးချမ်းရေး၊ ရခိုင်ပြည်တည်ဆောက်ရေးနဲ့ နောက်လာမဲ့အနာဂတ် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံမှုမှာ မွတ်ဆလင်ဘာသာရေး ခေါင်းဆောင်တွေကလည်း ၁၃ နှစ်ကြာ ပိတ်ပင်ထားခဲ့ရတဲ့ မောင်တောမြို့မ ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေးဖို့ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မောင်တောမြို့မ ဂျာမေဗလီကြီးကို ဖွင့်ပေးဖို့ မွတ်ဆလင်ဘာသာရေး အကြီးအကဲတွေရဲ့တောင်းဆိုမှုကြောင့် အာရက္ခတပ်တော် AA က ဦးစီးကာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ AA က တာဝန်ရှိသူတွေ၊ မွတ်ဆလင်အကြီးအကဲတွေ၊ အခြားလူမျိုးစုတွေအပါအဝင် လူပေါင်း ၃၀၀ ကျော်နဲ့ ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

"၈ လပိုင်း ၃၀ ရက်နေ့က ကျနော်တို့ ဗိုလ်ချုပ်ရောက်လာပါတယ်။ ဗိုလ်ချုပ်ရောက်တဲ့အခါ ကျနော်တို့ ဗလီကြီးကို ဖွင့်ဖို့အတွက် တင်ပြပါတယ်။ တင်ပြလိုက်တဲ့ ကြိုးစားချက်ပေါ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဗလီကြီးကို ဖွင့်ပေးပါတယ်။ အခုလို ဖွင့်ပေးတာကို အထူးကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ် " လို့ မောင်တောခရိုင်မွတ်ဆလင်ရေးရာ ကော်မတီ ဥက္ကဌ ဦးမောင်မောင်အေးက ရခိုအခြေစိုက် အာရက္ခမင်းသမီးမီဒီယာ (APM) ကို ဖြေဆိုထားပါတယ်။

အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် အခုလို မြေပြင်ကွင်းဆင်းပြီးတော့ တိုက်ရိုက် မွတ်ဆလင်အကြီးအကဲတွေနဲ့ တွေ့ဆုံတာဟာ လူမျိုးနှစ်ခုကြားမှာ အဓိကသဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းစွာအတူနေထိုင်ရေးကို အလေးပေးဆောင်ရွက်နေတာ ဖြစ်တယ်လို့ ရခိုင်လူငယ်အမျိုးသမီးတစ်ဦးက BBM ကိုပြောပါတယ်။
"ဗိုလ်ချုပ်က မြေပြင်မှာ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကို သွားပြီးတော့ မွတ်ဆလင်လူမျိုးတွေနဲ့ တွေ့ဆုံခဲ့တာရှိပါတယ်။ ကျမအမြင်မှာကျတော့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဓိကသဟဇာတဖြစ်ရေးနဲ့ ငြိမ်းချမ်းစွာနေထိုင်ရေးကို ဗိုလ်ချုပ်အနေနဲ့ ဦးစားပေးလုပ်ဆောင်တယ်လို့ မြင်ပါတယ် "လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်က ရခိုင်ပြည်မှာ လူမျိုးအချင်းချင်းကို ကြိုက်သလို ခွဲခြားအုပ်ချုပ်ခဲ့တာကြောင့် အခွင့်အရေးတွေမှာလည်း များစွာဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်က အုပ်ချုပ်ခဲ့တဲ့ အတိတ်က သင်ခန်းစာတွေကိုလည်း ယူကြပြီးတော့ ရခိုင်ပြည်သစ်တစ်ခု တည်ဆောက်သွားဖို့အတွက် အကုန်လုံးမှာ တာဝန်ရှိတယ်လို့လည်း ဗလီကြီးဖွင့်ပွဲအခမ်းအနားမှာ ဂျုရီအကြီးအကဲ ဗာဆဲလ်က ရခိုင်ပြည်အခြေစိုက် အာရက္ခမင်းသမီးမီဒီယာကို ပြောဆိုထားပါတယ်။

"စစ်ကောင်စီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ရခိုင်ပြည်မှာ လူမျိုးအချင်းချင်းကို ကြိုက်သလို ခွဲခြားအုပ်ချုပ်ခဲ့ပါတယ်။ သူတို့ကတော့ ရခိုင်ကိုတစ်မျိုး၊ မွတ်ဆလင်ကိုတစ်မျိုး၊ ဟိန္ဒူကိုတစ်မျိုး အဲဒီလိုခွဲခြားအုပ်ချုပ်ခဲ့တာပါ။ ရခိုင်မှာ လူမျိုးအချင်းချင်း သင့်မြတ်တာကိုလည်း သူတို့က မလိုလားကြဘူး။ အဲတာတွေကို သင်ခန်းစာယူကြပြီးတော့ အာရက္ခပြည်သစ်တစ်ခု တည်ဆောက်သွားဖို့အတွက် အကုန်မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် အတိတ်ကအကြောင်းတွေကို သင်ခန်းစာ ယူကြပြီးတော့ အနာဂတ်တိုင်းပြည်တည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ဖို့အတွက် အကုန်လုံးကို တိုက်တွန်းပါတယ်" လို့ သူကဆက်ပြောပါတယ်။

မောင်တောမြို့မ ဂျာမေဗလီကြီးကို ၂၀၁၂ ခုနှစ်၊ ဦးသိန်းစိန်အစိုးရလက်ထပ်က လူမျိုးရေး ပဋိပက္ခအရေးအခင်းကြောင့် ပိတ်ပင်ထားခဲ့တာဖြစ်ပြီး လက်ရှိ ၁၃ နှစ်အကြာမှာ အာရက္ခတပ်တော် (AA)နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေက တွေ့ဆုံကာ ပြန်လည်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။
👍14❤4👏1
❤19👍7
အစ္စရေးက ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ၀န်ခံခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ပြောကြား

BBM-စက်တင်ဘာ ၁၇

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတွေကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်က စက်တင်ဘာလ ၁၆ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာဥပဒေအရ သတ်မှတ်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ၆ခုအနက် ၄ခုဟာ 2023 ခုနှစ်တွင် ဟားမတ်စ်နှင့် စစ်ပွဲစတင်ကတည်းက လုပ်ဆောင်ခဲ့ကြောင်း ကောက်ချက်ချဖို့ ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်တွေ ရှိတယ်လို့ အစီရင်ခံစာသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။

အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို သတ်ဖြတ်ခြင်း၊ သူတို့ကို ပြင်းထန်တဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှု၊ အုပ်စုကို ဖျက်ဆီးဖို့ ခြိမ်းခြောက်ခြင်းနဲ့ အဖွဲ့၀င်သစ်တွေ ထပ်မံပေါ်ပေါက်လာမှာကို တားဆီးခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

အဆိုပါအစီရင်ခံစာဟာ အစ္စရေးခေါင်းဆောင်တွေရဲ့ ပြောကြားချက်တွေနဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့လုပ်ရပ်ကို ကိုးကားပြီး လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိကြောင်း အထောက်အထားအဖြစ် ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက အစီရင်ခံစာကို လုံးလုံးလျားလျား ပယ်ချခဲ့ပြီး အဆိုပါအစီရင်ခံစာဟာ မှားယွင်းတဲ့စွပ်စွဲချက်သာဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာနဲ့ အစ္စရေးလူ့အခွင့်အရေးအဖွဲ့အစည်း အများအပြား၊ လွတ်လပ်သောကုလသမဂ္ဂမှ ကျွမ်းကျင်သူတွေနဲ့ပညာရှင်တွေကအ စ္စရေးကို ဂါဇာရှိ ပါလက်စတိုင်းတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ကြောင်းစွပ်စွဲထားကြပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကလည်း အစ္စရေးတပ်ဖွဲ့၀င်တွေကို လူမျိုးတုံးသတ်ဖြတ် ကြောင်း စွပ်စွဲထားတဲ့ တောင်အာဖရိကက တင်သွင်းတဲ့အမှုကိုလည်း ကြားနာစစ်ဆေးလျက်ရှိပါတယ်။

အစ္စရေးက အဆိုပါကိစ္စကို "လုံးဝအခြေအမြစ်မရှိ" လို့ပြောဆိုပြီး "ဘက်လိုက်မှုနှင့် မှားယွင်းသောတောင်းဆိုမှုတွေ" ကို အခြေခံထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref-BBC
ဘာသာပြန်-Richard
ပုံ-BBC

#BBM #UpdateNews #Israel #Genocide #War #Plastine
👍9
👍10
မိုးလေဝသသတင်း

BBM-စက်တင်ဘာလ ၁၇
သတင်း-ဦးထွန်း

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

♦ ယနေ့မနက် ၀၅:၃၀ နာရီအချိန်တိုင်းထွာချက်များအရ ယမန်နေ့က ဖိလစ်ပိုင် ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအရှေ့ပိုင်းကမ်းခြေဒေသများကို ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်းအဖြစ်သို့ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။

မကွေးတိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနှင့် ချင်း ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။
မိုးလေဝသသတင်း အစီအစဥ်ကို မိုးလေဝသဌာန၊MOHADM နဲ့ Windy.com တို့မှရယူဖော်ပြထားပါသည်။
👍15❤1
👍19
မြန်မာနိုင်ငံအတွင်း ယာယီနေရပ်စွန့်ခွာနေရသူများနဲ့ မြို့နယ်ပြင်ပရောက်နေသူများ နိုဝင်ဘာလမှာ ကြိုတင်မဲပေးရမယ်လို့ ထုတ်ပြန်

BBM-စက်တင်ဘာလ ၁၇
သတင်း-ဦးထွန်း

မြန်မာနိုင်ငံအတွင်း ယာယီနေရပ်စွန့်ခွာနေရသူများနဲ့ မြို့နယ်ပြင်ပရောက်နေသူများကို နိုဝင်ဘာလမှာ ကြိုတင်မဲပေးရမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၅ ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ယာယီနေရပ်စွန့်ခွာနေရသူတွေအနေနဲ့ ကြိုတင်မဲပေးဖို့အတွက်ပုံစံ (၁၅) ကို ရွေးကောက်ပွဲကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်ကနေ ဖြစ်ဖြစ်၊ ရောက်ရှိရာဒေသက မြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီကနေ ဖြစ်ဖြစ် ရယူ ဖြည့်စွက်ပြီးအောက်တိုဘာ ၁၂ ရက် အရောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီ ပေးပို့ရမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ပနိုင်ငံတွေမှာရောက်နေတဲ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေအနေနဲ့လည်း ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ မူလက ပုံစံ ၁၅ကို စက်တင်ဘာ ၈ ရက် နောက်ဆုံးထားပေးပို့ဖို့ သတ်မှတ်ထားပေမဲ့ စိတ်ဝင်စားသူနည်းနေတာကြောင့် နိုင်ငံအလိုက် စက်တင်ဘာလကုန်နဲ့ အောက်တိုဘာ ပထမအပတ်အထိ လက်ခံပေးမယ်ဆိုပြီး စစ်ကောင်စီသံရုံးတွေက ရက်ထပ်တိုးပေးထားပါတယ်။

""စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိင်ရေးအတွက်ပြည်သူများအပေါ်နည်းမျိုးစုံဖိအားပေးလုပ်ဆောင်နေတယ်၊တနေရာထဲရလည်း လုပ်မှာပဲလုံခြုံရေးတွေလည်း ထပ်တိုးထားတယ် မီးသတ်တွေလည်းပါတယ်၊ မဲရုံတွေအတွက်လို့ပြောတယ်"" လို့ နေပြည်တော်မြို့ခံတစ်ဦးကလည်း BBMကို ပြောပြထားပါတယ်။

ပုံ-UEC

#BBM #News #UpdateNews #UEC #Election #Junta
🖕4👎3❤2
🖕6👎3
ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၄ဦးသေဆုံးပြီး ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိ

BBM-စက်တင်ဘာ ၁၆
သတင်း-Richard

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဇွန်လနဲ့ ဩဂုတ်လတွေမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ၁၄ဦးသေဆုံးခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၁ ရက်နေ့က ဆိပ်ဖြူမြို့နယ် ဆယ်မိုင်လမ်းဆုံဂိတ်ကနေ ကင်းယူဖို့ ထွက်လာတဲ့ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၇ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၃၀ ရက်‌နေ့မှာလည်း ဆိပ်ဖြူမြို့ကနေ စစ်ကား ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား ၃၀ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၃ ရက်နေ့က‌လည်း ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို ဒရုန်းနဲ့ ‌ဗုံးသီး ၃ လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး သြဂုတ် ၁၅ ရက်မှာ ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP နဲ့ ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း ၊ တပ်ခွဲ(၃) ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#BBM #News #UpdateNews #YePhyub#Peopledefenseforce #Junta #Soldiers
👍13