3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
👍10
တောင်ဥက္ကလာမြို့နယ်မှာ လုံခြုံရေးဝန်ထမ်းတစ်ယောက် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

BBM စက်တင်ဘာလ ၁၆
သတင်း ဦးထွန်း

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှာ စက်တင်ဘာ ၁၆ ရက်၊ မနက်ပိုင်းက ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းတယောက် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊ (၆) ရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီး၊ အင်းဝ (၃) လမ်းနားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြိုးဆွဲချပြီး သေဆုံးသွားသူဟာ အသက် ၃၀ ကျော်ဝန်းကျင်အရွယ် လုံခြုံရေးဝန်ထမ်းတယောက် ဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ အသင်းကို မနက် ၅ နာရီဝန်းကျင်လောက်မှာ သက်ဆိုင်ရာက ဖုန်းဆက်ပြီး ကြိုးဆွဲချသေလို့ Dead body ကို လာသယ်ပေးပါဆိုလို့ ကျွန်တော်တို့ သွားသယ်တာပါ။ သေဆုံးတာကတော့ ဒီမနက် လူပြတ်တဲ့အချိန် သူအခုလို လုပ်သွားတယ်လို့ ယူဆရပါတယ်။ ကျွန်တော်တို့ Dead body သွားသယ်တဲ့အချိန်နဲ့ဆို သေတာ နာရီပိုင်းလောက်ပဲ ရှိဦးမယ်။ ကျွန်တော့်အထင်ကတော့ ဒီမနက် ၁ နာရီ၊ ၂ နာရီလောက်က အဲဒီလို လုပ်လိုက်တယ်ထင်တယ်” လို့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူ တယောက်က ပြောပြပါတယ်။

လုံခြုံရေးသေဆုံးသူကို စံပြဆေးရုံ (ရင်ခွဲရုံ) ကို ကူညီ ပို့ဆောင်ပေးထားပြီး ကြိုးဆွဲချ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။“အခင်းဖြစ်တဲ့အချိန် ဘေးနား ပတ်ဝန်းကျင်မှာ လုံခြုံရေးတွေ ရှိနေပေမယ့် တနေရာစီမှာ လုံခြုံရေး စောင့်နေကြတော့ သူတို့လည်း ဒီလိုလုပ်တာကို မသိလိုက်ကြဘူး။ သေဆုံးသူက security ကုမ္ပဏီကနေ ဒီမှာ တာဝန်လာကျတာ။ လက်ရှိ သေဆုံးတဲ့နေရာက ကုမ္ပဏီရဲ့ ဝန်ထမ်းတော့ မဟုတ်ဘူး။ သူ့မှာ ဝန်ထမ်းကတ်လည်း ပါလာတော့ သူ့ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး မိသားစုဝင်တွေကို အကြောင်းကြားထားပါတယ်” လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိရာမှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဘေလီတံတားပေါ်ကနေ ငမိုးရိပ်ချောင်းထဲကို လက်ချင်း ကြိုးချည်ကာ ခုန်ချသွားတဲ့ စုံတွဲအလောင်းကို စက်တင်ဘာ ၁၄ ရက်မှာ ပြန်လည် တွေ့ရှိခဲ့တယ်လို့ လူမှုကွန်ယက်သတင်းမှာတွေ့ရပါတယ်။အဲဒီ စုံတွဲဟာ လွန်ခဲ့တဲ့ လေးရက်လောက်က ခုန်ချသွားခဲ့ခြင်း ဖြစ်တယ်လို့ ခန့်မှန်းရပြီး ရုပ်အလောင်းတွေကို ငမိုးရိပ်ချောင်းစပ် တနေရာမှာ လက်ချင်း ကြိုးချည်လျက် ပြန်လည် တွေ့ရှိခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ကလည်း မြောက်ဒဂုံ - သင်္ဃန်းကျွန်းအစပ် ငမိုးရိပ်တံတားပေါ်ကနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက် ခုန်ချမှု ဖြစ်ပွားခဲ့ပြီး သူမရဲ့ အမျိုးသားဖြစ်သူဟာလည်း စက်တင်ဘာ ၂ ရက်နေ့တုန်းက ငမိုးရိပ် တံတားပေါ်ကနေ ခုန်ချ အဆုံးစီရင်သွားခဲ့တာလို့ သိရပါတယ်။

ဒါအပြင် စက်တင်ဘာ ၉ ရက်နေ့ကလည်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၃၇) ရပ်ကွက်မှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် သစ်ပင်တပင်ရဲ့ ပေ ၅၀ အမြင့်ကကနေ ကြိုးဆွဲချ သေဆုံးခဲ့ပြီး သြဂုတ်လ ၃၀ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်နဲ့ ဒေါပုံမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဂျပန်တံတားပေါ်ကနေ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး တယောက် ခုန်ချသတ်သေဖို့ ကြိုးစားခဲ့စဉ် ချောင်းထဲက သဗ္ဗာန်ယာဉ်မောင်းတွေ တွေ့ရှိခဲ့ကာ ချက်ချင်း ဆယ်ယူလိုက်နိုင်တာကြောင့် အသက်ဆုံးရှုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

၂၀၂၂ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့မှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ ဖြစ်စဥ်တွေ များလာတယ်လို့ လည်း လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။

ဓာတ်ပုံ-မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်း
👍7❤4😱1
👍12😱1
ဘုတလင်မြို့နယ်မှာ မီးဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ခက်ခဲနေ

BBM စက်တင်ဘာလ ၁၆
သတင်း ဦးထွန်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးသွားတဲ့ ဒေသခံတွေဟာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေါင်းမင်းရာဇာ သပိတ်စစ်ကြောင်းက စက်တင်ဘာလ ၁၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက စက်တင်ဘာလ ၅ ရက်နေ့ကစပြီး ဘုတလင်မြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက်ပိုင်း ရွှေတောင်၊ ပေါက်စိန်ပေါက်၊ ကန်သာ၊ ဇီးတောနဲ့ ထူးကြီးစတဲ့ ရွာပေါင်း ငါးရွာကျော်က နေအိမ် ၇၀ခန့် မီးလောင်ပျက်စီးသွားတာပါ။

"နေအိမ်တွေ မီးလောင်ပျက်စီးသွားတဲ့ ဒေသခံတွေအနေနဲ့ လတ်တလောမှာ နေစရာထိုင်စရာ မရှိဘဲ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲတွေ လိုအပ်နေတယ်လို့" ဒေါင်းမင်းရာဇာပင်မသပိတ် စစ်ကြောင်းက ဖော်ပြထားပါတယ်။

"ပြီးခဲ့တဲ့ရက်က အိမ်ထောင်စု ၇၀ စာအတွက် ဆန် ဆီ၊ ဆား၊ ကြက်သွန်တို့ ထောက်ပံ့ပေးခဲ့တယ်။ အခုထောက်ပံ့ပေးတာက ဒီလထဲမီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာတွေပါ။ အခု သူတို့က နေအိမ်တွေမရှိတော့ နီးစပ်ရာအသိတွေအိမ်မှာ လိုက်နေနေရတယ်။ သူတို့အနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်နေတယ်၊

စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဘုတလင်မြို့နယ်အနီးမှာ ရှိနေသေးတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာရွာတွေမှာ ဆက်လက်ပုန်းခို နေရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ကလည်း ဘုတလင်နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီက ပရဟိတဆေးရုံကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အခုနှစ် မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် တစ်သိန်းကျော် (၁၀၆,၄၀၉) ရှိပြီး အဲဒီအထဲက စစ်ကိုင်းတိုင်းမှာ နေအိမ် ခုနစ်သောင်းကျော် (၇၆,၁၀၆၇၆,၁၀၆) မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။
👎6🤬4
❤9👎5👍1🤬1
👍10❤2
ကန့်ဘလူမှာ စစ်တပ်က အသက်မပြည့်တဲ့လူငယ်အပါ ပြည်သူ(၇)ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်

🟥အဆိုပါ မီးရှို့ခံရတဲ့ ပြည်သူထဲမှ တစ်ဦးထွက်ပြေးလွတ်မြောက်

BBM-စက်တင်ဘာ၁၆
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတပ်ဖွဲ့တွေက အသက်မပြည့်သေးတဲ့လူငယ်တွေအပါ ပြည်သူ(၇)ဦးကိုအရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီး အဆိုပါဖြစ်စဥ်ထဲမှ ပြည်သူတစ်ဦးက ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ မနက် ၈ နာရီလောက်မှာ စဥ့်ကူး၊ရွှေမှော်ဘက်မှ အလုပ်လုပ်ပြီး ပြန်လာတဲ့ ပြည်သူ(၇)ဦးကို ကန့်ဘလူမြို့နယ်၊ ရေကြည်ဦးရွာနှင့် ဘူးကုန်းရွာကြားမှာရှိတဲ့ ဘူးကုန်းလမ်းခွဲဇရပ်မှာ ဂိတ်ချထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီး တပ်ဖွဲ့ဝင်တွေဟာ ရိုက်နှက်ဖမ်းဆီးပြီးနောက် ဘူးကုန်းဘုန်းကြီးကျောင်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် အဆိုပါပြည်သူ(၇)ဦးကို စစ်ကောင်စီတပ်သားများက ၄ ရက်ဆက်တိုက် ထမင်းမကျွေးဘဲ ဝါးအစိုဖြင့် အကြမ်းဖက်နှိပ်စက်တာတွေပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၁၂ ရက်နေ့ညနေမှာတော့ ကြိုးတုပ်ကာ ကားတာယာအပုံပေါ်ကိုတက်ခိုင်းပြီး မေ့မျောအောင် ရိုက်နှက်ကာ အရှင်လတ်လတ်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဥ်အတွင်း အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦးက မေ့မျောနေရာမှ သတိရလာတာကြောင့် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်(၆)ယောက်မှာတော့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေအနေနဲ့ ဦးလေးစိုးတင့်(၄၅)နှစ်၊ကိုချစ်သဲ‌မောင်(၂၃)နှစ်၊ကိုသန်း‌ဇော်ထွန်း(၂၃)နှစ်၊ကိုရီ‌ဝေမိုး(၁၈)နှစ်၊မိုးသက်ခ(၁၆)နှစ်နဲ့ ချမ်းဖြိုးဝေ(၁၄) နှစ်တို့ဖြစ်ပြီး အသက်မပြည့်တဲ့ လူငယ်(၂)ဦးထိပါဝင်တယ်လို့လည်း သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ ကန့်ဘလူမြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေသည်မှာ တစ်လနီးပါးကြာမြင့်နေပြီး ကျေးရွာတွေကို မီးရှို့တာနဲ့ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသ-တ်ဖြ-တ်ခြင်းကိုလည်း ဆက်တိုက်လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဆိုပါတပ်ဖွဲ့တွေအနေနဲ့ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းအား စိုးမိုးမှုအလုံးစုံရရှိရန်ကြိုးပမ်းလျက်ရှိပြီး ရေကြည်ဦး၊ဘူးကုန်းရွာလမ်းခွဲ၊ဇီးကုန်း-မလယ်လမ်းဆုံတွေမှာ ထပ်တိုးနေရာယူကာ ပြည်သူတွေကို ဖမ်းဆီးနေတာကြောင့် ပြည်သူတွေ သတိထားသွားလာကြဖို့ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှ ထုတ်ပြန်သတိပေးထားပါတယ်။
🤬8👎3❤1
🤬10👎3😢2
ကျောက်မဲတိုက်ပွဲပြင်းထန်ကာ စစ်တပ်က ကျောက်မဲမြို့အဝင် ပတ်ချာလည်အထိ ရောက်ရှိလာနေ

🟥 ကျောက်မဲမြို့ကို ပြည်ထောင်စုလမ်းမကြီးအပြင် မိုင်းတင်းလမ်းခွဲဘက်ကပါ စစ်တပ်မှထိုးစစ်ဆင်

BBM-စက်တင်ဘာ၁၆
သတင်း-မင်းသော်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ TNLAနဲ့တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ နေရာအချို့ကို သိမ်းပိုက်ကာကျောက်မဲမြို့အဝင် ပတ်ချာလည်အထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီ ထိန်းချုပ်ထားရာ နောင်ပိန်ရွာနဲ့ကျောက်မဲမြို့ကြားရှိ ခိုက်တုန်ဟုန်ကျေးရွာကို စစ်တပ်ဘက်မှ သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါကျေးရွာဟာ TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့နဲ့ နီးကပ်နေပြီဟုလည်း သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ဂုတ်ထိပ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျောက်မဲမြို့နယ်ထဲက နောင်ပိန်ကျေးရွာကို သြဂုတ်လ နောက်ဆုံးအပတ်မှစတင်ကာတိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး ထိုမှတဆင့် ကျောက်မဲမြို့ကို ဆက်လက်ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့ကို ထိုးစစ်ဆင်ရာမှာ နောင်ချိုမြို့နဲ့ နောင်ပိန်ကျေးရွာတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တုန်းကကဲ့သို့ပင် လက်နက်ကြီးနဲ့ဒရုန်းကို ဦးစွာပထမ အသုံးပြုပြီးမှသာ မြေပြင်စစ်ကြောင်းတွေက တဖြည်းဖြည်းတိုးလာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

"ခိုက်တုန်ဟုန်း မှာတော့ စကစရသွားတဲ့အတွက် ကျောက်မဲနဲ့ဆို ၈မိုင်ပတ်ချာလည်မှာ စကစ စိုးမိုးသွားပါပြီ၊ ကျောက်မဲလည်းနောင်ချိုနဲ့အလားသဏ္ဍန်တူတယ်ခင်ဗျ၊ ဒရုန်းချ လက်နက်ကြီးပစ်၊ ရှေ့တိုး၊ ဒီလိုပဲ လုပ်လာကြတာဗျ" ဟု ဒေသခံပြည်သူတစ်ဦးမှ BBM ကိုပြောပါတယ်။

ကျောက်မဲမြို့ကို ထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ပြီးခဲ့တဲ့၁၄ရက်နေ့က ၎င်းတို့လေတပ်မှပင် မှားယွင်းဗုံးကြဲတာတွေပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၂၀)ကျော်သေဆုံးခဲ့ရသေးတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင်စစ်ကောင်စီစစ်ကြောင်းတွေဟာ ခိုက်တုန်ဟုန်ကျေးရွာအကျော်က တောင်ဆေးလိပ်ရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုအချို့ပြုလုပ်ပြီး စစ်ကြောင်းတိုးတာတွေ စတင်ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဒါတင်မက စစ်ကောင်စီစစ်ကြောင်းတွေဟာ ကျောက်မဲမြို့ကို ပြည်ထောင်စုလမ်းမကြီးဘက်က စစ်ကြောင်းတွေအပြင် မိုင်းတင်ကျေးရွာဘက်ကပါ နှစ်ဖက်ညှပ်ဖိအားပေးလိုဟန်ရှိပြီး အဆိုပါမိုင်းတင်းကျေးရွာကိုသွားရာလမ်းတစ်လျှောက် တိုက်ပွဲဖြစ်ပွါးနေတယ်လို့လည်း သိရပါတယ်။

မိုင်းတင်းကျေးရွာဟာ ကျောက်မဲမြို့နဲ့ မိုင်းလုံမြို့ကြားမှာရှိတဲ့ ဗျူဟာအရ အရေးပါတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး အဆိုပါကျေးရွာကိုစစ်ကောင်စီဘက်က ရရှိသွားမယ်ဆိုပါက ကျောက်မဲမြို့နဲ့ မိုင်းလုံမြို့တို့မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် စစ်ရေးအရ ပိုမို ဖိအားပေးခံရနိုင်ချေရှိတယ်လို့လည်း ၎င်းမှဆက်ပြောပါတယ်။

" မိုင်းတင်းဘက်ကိုလည်း စစ်တပ်ကတောက် လျှောက်တိုးနေပြီး တိုက်ပွဲလည်တောက်လျှောက် ဖြစ်နေတယ်ခင်ဗျာ၊ စကစ ရှေ့ပြေးတပ်အချို့က စခန်းသာ(မိုင်းတင်းလမ်းခွဲ)အနီးရောက်တယ်လို့ကြားနေရပါပြီခင်ဗျာ (အတည်ပြုဖို့ဆက်သွယ်ထားဆဲ)ပါ"

အဆိုပါမိုင်းတင်းကျေးရွာကို စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ရှမ်းမြောက်လက်နက် ကိုင်တပ်ဖွဲ့SSPPမှ ထိန်းချုပ်ထားပြီး အဆိုပါကျေးရွာလမ်းတစ်လျှောက်ကတိုက်ပွဲတွေနဲ့ပတ်သတ်ကာ TNLAမှ အရာရှိတစ်ဦးကို BBM မှဆက်သွယ်မေးမြန်းရာမှာတော့

" အဲ့တာကတော့ ပြောဖို့ တစ်စုံတစ်ရာမရှိပါဘူး ၊ အဓိက ကတော့ ဒီ တော်လှန်ရေးဘက်မှာပဲ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုပဲ တစိုက်မက်မက်လုပ်နေရတဲ့အခြေအနေပါ"ဟု ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ရွေးကောက်ပွဲပြုလုပ်မဲ့ မြို့နယ်တွေကိုထုတ်ပြန်ကြေငြာရာမှာ TNLAထိန်းချုပ်ရာယခုတိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲမြို့အပြင် မိုးကုတ်မြို့တို့ကိုပါထည့်သွင်းကြေငြာသွားတာကြောင့် အဆိုပါမြို့နယ်တွေအတွင်း ဆက်လက်တိုက်ပွဲပြင်းထန်လာနိုင်ချေရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုမှုတွေရှိနေပါတယ်။

Photo-ပုံဟောင်း
👎9❤3👍1
👍9👎2