3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်၂၅၀ ဗုံး၂လုံး ကြဲချတိုက်ခိုက်

BBM-စက်တင်ဘာ ၁၆
သတင်း-Richard

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၁ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တွေပျက်စီးကာ ကားတစ်စီးလည်း ပျက်စီးသွားတယ်လို့ ဒေသပြည်သူတစ်ဦးက BBMကို‌ပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၇ နာရီ ၈ မိနစ်ခန့်က မိုးကုတ်မြို့ အရှေ့ပိုင်း၊ ချမ်းသာကြီးဘုရားအနောက်၊ လင်းရောင်ခြည်ဘုန်းကြီးကျောင်းအနီးကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ သိရှိရပါတယ်။

“အိမ်တွေတော့ တုန်တယ်ဗျ။ လူတွေသိပ်မရှိလို့ တော်သေးတယ်ဗျ။ အရင်တစ်ခါကြဲပြီးကတည်းက အဲ့နားကလူတွေ တခြားမြို့ကို ရှောင်သွားကြပြီ”လို့ ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့် မိုးကုတ်မြို့ ကျပ်ပြင်ဈေး သီလရှင်ကျောင်းအနီးကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့ မနက်၉နာရီ၀န်းကျင်နဲ့ ၉ နာရီ ၃ မိနစ်အချိန်တို့မှာလည်း စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေက မိုးကုတ်မြို့နယ် အရှေ့ပိုင်းကို ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၁ဦး အပါအ၀င် ပြည်သူ ၄ ဦးသေဆုံးခဲ့ပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ခွဲအချိန်န့်ကလည်း မိုးကုတ်မြိုအရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ စုစုပေါင်း ၂၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မိုးကုတ်မြို့ အရှေ့ပိုင်း ကျောက်နဂါးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၁ စီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ကျောက်နဂါး ကျေးရွာ ဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့ပါတယ်။

ဩဂုတ်လ ၂ ရက်နေ့ မနက် ၈ နာရီ ၂၅ မိနစ်ခန့်ကလည်း ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ဗုံးကျဲချခဲ့တာကြောင့် ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီက ဩဂုတ်လ တစ်လအတွင်း မိုးကုတ်မြို့ရှိ အရပ်သားပြည်သူ‌တွေကို အဓိကပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၇ကြိမ်ထိ လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် လက်လွှတ်ထားရတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး မြေပြင်ရော လေကြောင်းကပါ ဆက်တိုက်ထိုးစစ်ဆင်မှုတွေလုပ်လာတာပဲဖြစ်ပါတယ်။

Photos-Local Resident

#BBM #News #UpdateNews #Mogok #Airstrike #Junta
👎6🤬2🖕21
🤬106👎2
ကျောက်မဲမြို့မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ မှားယွင်းပြီးဗုံးကြဲချတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၂၀ ကျော်သေဆုံးပြီး ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရ

BBM - စက်တင်ဘာ ၁၆
သတင်း - နိုင်နိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်က တပ်စခန်းချနေထိုင်နေကြတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုကို လေကြောင်းကနေ Y 12 နဲ့ မှားယွင်းစွာ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ ရှမ်းမြောက်ကဒေသခံတွေဆီက သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းဝန်ကျင်လောက်မှာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအလွန်က ကျောက်မဲ - နောင်ပိန်ကြားမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ တပ်စခန်းချနေစဥ် သူတို့ကိုယ်တိုင်မှားယွင်းကာ Y 12 နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

"အဲဒီဖက်မှာ ဗုံးကြဲတိုက်ခိုက်တာတော့ ကြားရပါတယ်။ စကမက သူတို့ကိုယ်တိုင် ကြဲချပြီး သေဆုံးသွားတာမျိုးတော့ သိရပါတယ်။ ဘယ်နေရာမှာ ချသွားတာလည်း ဆိုတာကတော့ စုံစမ်းနေတုန်းပါဗျ" လို့ ရှမ်းမြောက်က ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာကို ထိန်းချုပ်ထားပြီး အဲဒီရွာကနေတစ်ဆင့် ကျောက်မဲမြို့ဦးတည်ကာ ထိုးစစ်ဆင်လာနေတာဖြစ်ပြီး နောင်ပိန် - ကျောက်မဲ လမ်းမကြီးပေါ်ရှိ ပင်တိန်ရွာနဲ့ ခိုက်တုန်ဟုန်းရွာအနီးဝန်းကျင်မှာ စစ်ကောင်မရှင်နဲ့ တအာင်းတပ် TNLA တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်တပ်က သေဆုံးမှုတွေများပြားနေတာကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ အဆက်မပြတ် နေ့စဥ်နဲ့အမျှ ဗုံးလာရောက်ကြဲချမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း စစ်ကော်မရှင်နဲ့ တအာင်းတပ် TNLA တို့ တိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းကျေးရွာကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ရှမ်းမြောက်က ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

နောင်ပိန်ကျေးရွာကနေ ကျောက်မဲမြို့ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ လက်ရှိမှာ ကျောက်မဲမြို့နဲ့ ၈ မိုင်ခန့်အကွာအဝေးကို ရောက်ရှိလာခဲ့ပြီး ဖြစ်တာကြောင့် ကျောက်မဲမြို့ပေါ်က ဒေသခံတွေနဲ့ ကျေးရွာတစ်ချို့မှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
ပုံ-CJ
#BBM #News #UpdateNews #Junta #Airstrike #kyaukme
👍132
👍271🤬1
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် မောင်တောမြို့မှာ မွတ်ဆလင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့

BBM - စက်တင်ဘာ ၁၆
သတင်း-နိုင်နိုင်

အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ မောင်တောမြို့ကို ရောက်ရှိလာခဲ့တဲ့အချိန်မှာ ဒေသခံ မွတ်ဆလင်အသိုင်းအဝိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ရက်နေ့က မောင်တောမြို့မှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီတွေ့ဆုံမှုမှာ မောင်တောမြို့မ ဂျာမေဗလီကြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အတွက် မွတ်ဆလင်ခေါင်းဆောင်တွေက တင်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ တွေ့ဆုံအပြီး ၂ ပါတ်အကြာမှာ မောင်တောမြို့မ ဂျာမေဗလီကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ AA ရဲ့ ဒေသတွင်းက အာရက္ခမင်းသမီးမီဒီယာကနေ မနေ့က သတင်းထုတ်လွှင့်ခဲ့ပါတယ်။

၂၀၁၂ခုနှစ်က လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အချိန်မှာ မောင်တောမြို့မ ဂျာမေဗလီကြီးကို ပိတ်ထားခဲ့ရာကနေ လက်ရှိ ၁၃ နှစ်ကျော်ကြာလာတဲ့ အချိန်ကာလမှာ အာရက္ခတပ်တော် AA က ပြန်လည်ဖွင့်လှစ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photos - Arakan Princess Media

#BBM #News #UpdateNews #AA #ArakanArmy #Rakhine
👍14
👍152
စစ်ကောင်စီက ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ် ၅၆ မြို့နယ်ရှိတယ်လို့ထုတ်ပြန်

BBM-စက်တင်ဘာလ ၁၆
သတင်း- ဦးထွန်း

မြန်မာနိုင်ငံတစ်ဝန်း ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အစောပိုင်းမှာထုတ်ပြန်ထားပေမဲ့ စက်တင်ဘာ ၁၄ ရက် ညပိုင်းမှာတော့ မြို့နယ်ပေါင်း ၅၆ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်တော့ဘူးလို့ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်လိုက်တဲ့ ၅၆ မြို့နယ်ဟာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (ERO) တွေနဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်အများစုပါဝင်နေပါတယ်။

အဲ့ဒီမြို့နယ် ၅၆ မြို့နယ်မှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၉ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ် ပါဝင်ပါတယ်။

မြို့နယ်ပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုအနေနဲ့ သူတို့မထိန်းချုပ်နိုင်တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်တဲ့အခြေအနေကို တရားဝင်ထုတ်ဖော်ဝန်ခံလိုက်တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပမယ်လို့ ကြေညာထားပါတယ်။ ကျန်ရှိတဲ့မြို့နယ်တွေမှာတော့ နှစ်ပတ်ခြားစီ နဲ့ ၂၀၂၆ ဇန်နဝါရီမှာအပြီး ကျင်းပမယ်လို့ ပြောထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာလည်း စစ်အုပ်စုလက်လွှတ်ထားရတဲ့ ဒေသတွေ ကျန်ရှိနေသေးတာကြောင့် မဲဆန္ဒနယ်တွေ ထပ်မံပြင်ဆင့်လျှော့ချနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
#BBM #News #UpdateNews #Junta Election
👍111
👍10