ရခိုင်ကမြို့နယ် ၁၀ ခုမှာ ရွေးကောက်ပွဲမကျင်းဟု စစ်ကော်မရှင် ကြေငြာ
BBM - စက်တင်ဘာ ၁၅
သတင်း - နိုင်နိုင်
ရခိုင်က အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုအထဲက မြို့နယ် ၁၀ ခုမှာ စစ်ကော်မရှင်ရဲ့ လွှတ်တော် ၃ ရပ် ရွေးကောက်ပွဲမကျင်းပဘူးလို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မနေ့က စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
စစ်ကော်မရှင်ဟာ လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပထမအပိုင်းကို ကျင်းပပြုလုပ်ဖို့ပြင်ဆင်ထားပြီး လက်ရှိမှာ ရခိုင်က AA သိမ်းထားမြို့နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာကို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
ရခိုင်မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ် ၁၀ မြို့နယ်မှာ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ် တို့ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ရခိုင်က သူတို့ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ၃ မြို့နယ်မှာ ရွေးကောက်ပွဲ ပထမအပိုင်းကို ကျင်းပပြုလုပ်ဖို့ ပြင်ဆင်ထားပြီး ရခိုင်ကမှတ်ပုံတင် ခွင့်ပြုထားတဲ့ ပါတီရုံးတွေမှာလည်း အဲဒီမြို့နယ်တွေမှာ စတင်လှုပ်ရှားနေကြပြီးလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ အာရက္ခတပ်တော် AA သိမ်းထားတဲ့ မြို့နယ် ၁၄ ခုထဲက ၁၀ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပဖို့ပြင်ဆင်ထားပေမဲ့ ကျန်တဲ့မြို့နယ် ၄ ခု ဖြစ်တဲ့ အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေလာတာလည်း ဖြစ်ပါတယ်။
အဆိုပါ မြို့နယ် ၄ ခုကို အာရက္ခတပ်တော် AA က လက်ရှိမှာ သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်မီအချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်သလို စစ်ရေးအရဖိအားတိုက်ခိုက်လာနိုင်တယ်လို့ ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦးက ပြောပါတယ်။
"စစ်ကော်မရှင်ဟာ AA သိမ်းထားတဲ့ မြို့နယ် ၁၀ ခုမှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ ကြေညာထားတာတွေ့ပါတယ်။ ဆိုတော့ ကျန်တဲ့မြို့နယ် ၄ ခုမှာက သူတို့ရွေးကောက်ပွဲ ပြုလုပ်မဲ့သဘောကို တွေ့ရပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင်အထိတော့ အဲဒီမြို့နယ်တွေကို စစ်ရေးအရဖိအားပေးတိုက်ခိုက်လာနိုင်ပါတယ်။ အဲဒီမြို့နယ် ၄ ခုမှာ စစ်ကော်မရှင်က ရွေးကောက်ပွဲ ပြုလုပ်ဖို့အတွက် တွက်ဆထားပုံရတယ် " လို့ သူက ပြောပါတယ်။
စစ်ကော်မရှင်ဟာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ်နဲ့ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် မဲအများဆုံး ရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ် စုစုပေါင်း မဲဆန္ဒနယ် ( ၁၂၁ ) နေရာတွေမှာရွေးကောက်ပွဲ ကျင်းပပြုလုပ်မှာမဟုတ်ဘူးလို့လည်း စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့ကထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ ပထမအပိုင်းကို စတင်ကျင်းပမှာ ဖြစ်ပြီး အပိုင်းလိုက်ထပ်မံကျင်းပမဲ့ ရွေးကောက်ပွဲရက်တွေကို ကြေညာပေးသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ ပထမအပိုင်းကို ရခိုင်က မြို့နယ် (၃) မြို့၊ ကချင်က မြို့နယ် (၆) မြို့၊ကရင်နီက မြို့နယ် (၂) မြို့၊ ကရင်က မြို့နယ် (၃)မြို့၊ ချင်းက မြို့နယ် (၂)မြို့၊ စစ်ကိုင်းတိုင်းက မြို့နယ် (၁၂) မြို့၊ တနင်္သာရီတိုင်းက မြို့နယ် (၄) မြို့၊ ပဲခူးတိုင်းက မြို့နယ် (၈) မြို့၊ မကွေးတိုင်းက မြို့နယ် (၉) မြို့၊ မန္တ လေးတိုင်းကမြို့နယ် (၈)မြို့၊ မွန်က မြို့နယ် (၅) မြို့၊ ရန်ကုန်ကမြို့နယ် (၁၂) မြို့၊ ရှမ်းက မြို့နယ် (၁၂) မြို့၊ ဧရာဝတီတိုင်းက မြို့နယ် (၈) မြို့နဲ့ နေပြည်တော်က မြို့နယ် (၈) မြို့နယ် တို့မှာ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်ဟာလာမဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ပြုလုပ်မဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၁၂၇ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ မြို့နယ်တို့မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ တိုင်းနဲ့ ပြည်နယ်က မြို့နယ်တွေမှာ ကချင်ပြည်နယ်မှာ ၄ မြို့နယ်၊ ကရင်နီပြည်နယ်မှာ ၃ မြို့နယ်၊ ချင်းပြည်နယ်မှာ ၄ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၁၀ မြို့နယ်၊ မကွေးတိုင်းမှာ ၅ မြို့နယ်၊ မန္တလေးတိုင်းမှာ ၃ မြို့နယ်၊ ရခိုင်ပြည်နယ်မှာ ၁၀ မြို့နယ်၊ ရှမ်းပြည်နယ်မှာ ၁၇ မြို့နယ်တို့ပါဝင်နေတာလည်း ဖြစ်ပါတယ်။

👎9❤2😁1
သမ္မတရာထူးမှ မနှုတ်ထွက်ရင် ပုဂ္ဂိုလ်ရေးထိခိုက်မှုရှိနိုင်ကြောင်း သမ္မတကြီး ဦးဝင်းမြင့်ကို စစ်တပ်မှခြိမ်းခြောက်မှုပြုခဲ့
BBM-စက်တင်ဘာ၁၅
သတင်း-မင်းသော်
စစ်တပ်ရဲ့ အာဏာသိမ်းမှုဖြစ်စဥ်အတွင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို သမ္မတရာထူးမှ မနှုတ်ထွက်ရင် ပုဂ္ဂိုလ်ရေးအရ ထိခိုက်မှုရှိလာနိုင်တယ်ဆိုပြီး စစ်တပ်မှ ခြိမ်းခြောက်မှုပြုလုပ်ခဲ့တယ်လို့ သမ္မတကြီးရဲ့ တရားရုံးထွက်ဆိုချက် မိတ္ထုများအရ သိရပါတယ်။
၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့ မနက်၅နာရီလောက်မှာ သမ္မတကြီးရဲ့အခန်းအတွင်းကို စစ်ကောင်စီတပ်သားများက ဘယ်ဘက်ကကော၊ ညာဘက်ကပါ လာရောက်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခါစက သမ္မတကြီးကို ညအိပ်ဝတ်
အင်္ကျီနဲ့ဖြစ်နေတာမို့ စစ်တပ်က ၎င်းတို့ရှေ့မှာပဲ အင်္ကျီလဲစေခဲ့ပြီး သမ္မတရုံးဘက်သို့ ခေါ်ဆောင်ခဲ့ပြီး စတီခုံပေါ်မှာ ထိုင်ခိုင်းကာ ဗိုလ်ချုပ်ကြီး (သို့) ဒုတိယဗိုလ်ချုပ်ကြီး ၂ ယောက်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား ကျန်းမာရေးအကြောင်းပြကာ နှုတ်ထွက်ပေးရန် ပြောဆိုဖိအားပေးခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေနဲ့ ကျန်းမာရေးကောင်းမွန်နေတာဖြစ်တာမို့ နှုတ်ထွက်မပေးနိုင်ကြောင်း၊ အသေခံမည်ဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် ဥပဒေနှင့်အညီ လုပ်သင့်
ကြောင်း၊ အာဏာမသိမ်းသင့်ကြောင်း တို့ကိုအဆိုပါဗိုလ်ချုပ်(၂)ဦးအား တုံ့ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
သမ္မတကြီးရဲ့ ပြောဆိုမှုနဲ့ပတ်သတ်ပြီးအဆိုပါဗိုလ်ချုပ်(၂)ဦးက ပြန်စဥ်းစားဖို့နဲ့ ပုဂ္ဂိုလ်ရေးထိခိုက်မှုရှိနိုင်ကြောင်းတွေပြောဆိုခဲ့ပေမဲ့ သမ္မတကြီးက လုံးဝလက်မခံတာမို့ နိုင်ငံတော်သမ္မတကို အခန်းသို့ ပြန်လည် ပို့ဆောင်ကာ၂၄ နာရီအမြဲမပြတ် စောင့်ကြည့်ခဲ့ပြီး ဘုရားခန်း၊ ထမင်းစားခန်းသွားသည့်အချိန်တွင်ပင် စစ်သားများ လိုက်ပါ စောင့်ကြည့်ခဲ့တယ်လို့ ထွက်ဆိုချက် မိတ္ထုတွေအရသိရပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အသုံးပြုနေတဲ့ ဆက်သွယ်ရေးအခန်းမှ ဆက်သွယ်ရေးပစ္စည်းများကိုလည်း စစ်တပ်မှအကုန်သိမ်းဆည်းတဲ့အပြင် သတင်းစာ၊ ရုပ်မြင်သံကြားတို့ မကြည့်ရဘဲ ပြင်ပလောကနှင့် အဆက်သွယ် ပြတ်တောက်ခဲ့ရကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှ တရားရုံးတွင် ထွက်ဆိုထားသည်။

👍11🤬4
ထိုင်းအမျိုးသား မိုင်းလှုပ်ရှားမှုစင်တာမှ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ မြေမြှုပ်မိုင်းနဲ့ ဆက်စပ်ပစ္စည်းတွေကို အဆင့်၂ဆင့်နဲ့ ရှာဖွေတူးဖော်
BBM-စက်တင်ဘာ ၁၆
ထိုင်းအမျိုးသားမိုင်းလှုပ်ရှားမှုဗဟိုဌာန (TMAC)က ဖူမခွတ်၊ ချုံအန်းမနဲ့ ချုံဘောက်ဒေသတွေရှိ ထိုင်း ဒုတိယတပ်မတော်နယ်မြေအတွင်း ဖောက်ခွဲရေးပစ္စည်းတွေပို ပြန်လည်ရရှိရေးအား တစ်လတာကာလအတွင်း အစီရင်ခံတင်ပြခဲ့ပါတယ်။
အဆင့် ၁ (သြဂုတ် ၁၀-၂၃၊ ၂၀၂၅)။
နင်းမိုင်း-၁၂၂လုံး
ယာဉ်မိုင်း-၄ လုံး
လက်နက်ငယ်-၅၀လက်
ဖောက်ခွဲရေးပစ္စည်း-၁,၅၇၅ ခု
အဆင့် 2 (သြဂုတ် ၂၉ မှစက်တင်ဘာ ၁၁)
နင်းမိုင်း-၂၂၇ လုံး
မပေါက်ကွဲသေးတဲ့ မိုင်း-၂၅လုံး
ဖောက်ခွဲရေးပစ္စည်း-၄၆၇ ခု
ဒုတိယအဆင့် စစ်ဆင်ရေးကိုလည်း အဆင့် ၁ ကဲ့သို့ တူညီတဲ့ ဧရိယာတွေမှာ ရှာဖွေခဲ့ကြပါတယ်။
Ref-Khaosod
ဘာသာပြန်-Richard
ပုံ-Khaosod
#BBM #News #UpdateNews
#မြေမြှုပ်မိုင်း #ထိုင်းကမ္ဘောဒီးယား

👍7❤1
မိုးလေဝသသတင်း
BBM စက်တင်ဘာလ ၁၆
သတင်း ဦးထွန်း
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
နေပြည်တော်၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်း၊ စစ်ကိုင်း တိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြု အပ်ပါသည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။

👍8
MDY PDF က မန္တလေးတိုင်း မြို့နယ် ၃ မြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေးအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေ
BBM စက်တင်ဘာလ ၁၆
သတင်း ဦးထွန်း
မန္တလေးတိုင်း မတ္တရာမြို့နယ်၊ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ လေကြောင်းရန်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းဆောက်လုပ်တဲ့လုပ်ငန်းတွေအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပါဝင်ဆောင်ရွက်ပေးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က စက်တင်ဘာလ ၁၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။
MDY PDF ဟာ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူတွေ လေကြောင်းရန်အန္တရာယ်ကာကွယ်ဖို့အတွက် အရေးပေါ်ဗုံးခိုကျင်း(Public Shelter)အများအပြားကိုလည်း ဆောက်လုပ်ထားပြီး ဆက်လက်ပြီးလည်း တိုးမြှင့်ဆောက်လုပ်သွားဖို့ ပြင်ဆင်ထားကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
MDY PDFဟာ သပိတ်ကျင်းမြို့နယ် ကွင်း(၃၀)ကျေးရွာမှာရှိတဲ့ ရွာအဝင်တံတားပြုပြင်တည်ဆောက်ရာမှာ မတည်ငွေထည့်ဝင်ပြီး ရွာသူရွာသားတွေနဲ့ပါ စုပေါင်းပြုပြင်တည်ဆောက်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း စဉ်ဆက်မပြတ် ကူညီဆောင်ရွက်နေတယ်လို့ MDY PDFထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MDY PDFဟာ လာမယ့် ကာလတွေမှာ စစ်ဆင်ရေးတွေနဲ့အတူ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုလည်း အရှိန်ပိုမြှင့်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။MDY PDFနဲ့ တော်လှန်ရေးအဖွဲ့တွေဟာ သပိတ်ကျင်းမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်ထဲက နေရာတချို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက သိမ်းပိုက်ခဲ့ပါတယ်။
စစ်ကောင်စီဟာ စက်တင်ဘာ ဒုတိယပတ်အတွင်းမှာ မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်ထဲကို လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ပါ တိုက်ခိုက်မှုတွေပြုလုပ်လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

❤11👍4