3.48K subscribers
5.58K photos
393 videos
2.89K links
Breaking Brainwashed Media
Download Telegram
👍15❤1👏1
👍19
ရေဦးမြို့အ၀င်အထွက် ဂိတ်တွေမှာ စစ်ကောင်စီက မဲပေးစက်တွေချထားပြီး ပြည်သူတွေကို ခြိမ်းခြောက်ကာ မဲမပေးမနေရ နှိပ်ခိုင်းနေ

BBM-စက်တင်ဘာ ၁၅
သတင်း-Richard

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အ၀င်အထွက် ဂိတ်တွေမှာ စစ်ကောင်စီက မဲပေးစက်တွေ ချထားပြီး ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို မဲမပေးမနေရ နှိပ်ခိုင်းနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့၀င် Black က BBM ကိုပြောပါတယ်။

စက်တင်ဘာလ၁၄ရက်နေ့ကတည်းကစတင်ပြီး ရေဦးမြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး မြို့အနီးအနားရှိ ကျေးရွာ ၄ ရွာမှ ပြည်သူတွေဟာ မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ နမခ မှ တက်လာတဲ့ Mi-17 ရဟတ်ယာဉ်ကလည်း ရေဦးမြို့ပေါ်ရှိ အထက ၁ ကျောင်းမှာ ဆင်းသက်ခဲ့ပြီး မဲပေး စက်များချထားခဲ့တယ်လို့သိရှိရပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မြို့အနီးအနားရှိ ကျေးရွာတွေမှ ပြည်သူတွေကို ရွေးကောက်ပွဲမှာ ပူးပေါင်း ပါဝင်ဖို့ မဲဆွယ်စည်းရုံးရေးတွေ ဆက်တိုက် လုပ်ဆောင်နေပြီး ပြည်သူ့စစ်တွေနဲ့လည်း အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။

“ရေဦးမြို့ အ၀င်အထွက် ဂိတ်တွေမှာ စခတွေက မဲမပေးမနေရဆိုပြီး မဲပေးစက်တွေချထားတာရှိတယ်။ ခြိမ်းခြောက်တာမျိုးတွေလည်းရှိတယ်ကိုကြီး။ လက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ အသွားအလာမလုပ်ဖို့ တိုက်တွန်းထားကြတယ်”လို့ အဆိုပါရဲဘော်က ဆက်လက်ပြောကြားပါတယ်။

ဇူလိုင်လကုန်ပိုင်းကလည်း စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက စစ်ကိုင်း၊ ပုလဲ၊ မုံရွာ၊ ချောင်းဦး၊ အရာတော်၊ ဝက်လက်၊ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ရွှေဘိုစတဲ့ မြို့နယ်တွေမှာ ဖြန့်ကျက်ပြီးက စစ်ကြောင်းထိုးလာတာပဲဖြစ်ပါတယ်။

ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရေဦး-ဒီပဲယင်းကား လမ်းပိုင်းကို စက်တင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက စတင်ပြီး စစ်ရေး အခြေအနေအရကြောင့် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာလ ၂၈ရက်မှာ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအတွက် နည်းလမ်းမျိုးစုံနဲ့ မဲကောက်ယူလာနေတာပဲဖြစ်ပါတယ်။

#BBM #News #UpdateNews #YeU
🤬7👍6🖕3❤1
🖕10👍6
ဗန်းမော် တိုက်ပွဲပြင်းထန်နေပြီးတော်လှန်ရေးဘက်မှ သံချပ်ကာတပ်ရင်းနဲ့ ခလရ(၂၃၆)တပ် ရင်းနေရာအချို့ကို ခေတ္တလက်လွှတ်

🟥စစ်တပ်က သံချပ်ကာတပ်ရင်းမှတဆင့် ဗန်းမော်ခလရ(၄၇)တစ်ဝိုက်ထိ ဆက်သွယ်ရေးလမ်းဖောက်ရန်ပြင်ဆင်နေ

BBM-စက်တင်ဘာ၁၅
သတင်း-မင်းသော်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး KIA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေဘက်မှ ဗန်းမော်
မြို့တွင်းရှိ သိမ်းပိုက်ထားတဲ့ သံချပ်ကာတပ်ရင်းအပါ နေရာအချို့ကို ခေတ္တလက်လွှတ်လိုက်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၂)ရက်နေ့က ဗန်းမော်မြို့တွင်းကတော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ အမှတ်(၅၀၁၄)တင့်ကားတပ်ရင်းနဲ့ ခလရ(၂၃၆)တပ်ရင်းနေရာအချို့ကို စစ်တပ်မှပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ၎င်းတို့ လက်အောက်ခံ သတင်းမီဒီယာတွေမှ တဆင့်ကြေငြာခဲ့သလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှလည်း အတည်ပြုပြောကြားခဲ့ပါတယ်။

"ဟုတ်ကဲ့ပါ တိုက်ပွဲကတော့ နေ့တိုင်းပြင်းထန်ပါတယ်၊ သံချပ်ကာနဲ့ ခလရ(၂၃၆)ဘက်တွေကိုတော့ ကျွန်တော်တို့ဘက်က နောက်ဆုတ်ပေးထားရတာတွေရှိပါတယ်"ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

ဗန်းမော်မြို့တိုက်ပွဲကို KIAဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ခုနှစ် ဒီဇင်ဘာလက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရင်းအတော်များများအပါအဝင် ဗန်းမော်လေယာဥ်ကွင်းတို့ကိုပါတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီဘက်မှ ပြီးခဲ့တဲ့ သြဂုတ်လမှစတင်ကာ မန္တလေးမြို့ဂေါဝိန်ဆိပ်ကမ်းမှတဆင့် ဗန်းမော်ကို စစ်သင်္ဘောများဖြင့် လူ၊လက်နက်အင်အားများ ဖြည့်တင်းပြီးတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ရာနေရာကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်အနေနဲ့ ၎င်းတို့ပြန်လည်သိမ်းပိုက်
နိုင်ခဲ့တဲ့ တပ်ရင်းတွေမှတဆင့် ခလရ(၄၇)နယ်မြေတွေအထိ ဆက်သွယ်ရေးလမ်းဖောက်ရန် ဆောင်ရွက်နေတာတွေလည်း ရှိနေတယ်လို့ ၎င်းသတင်းရင်းမြစ်မှ ဆက်ပြောပါတယ်။

"သူတို့ကအခု သံချပ်ကာတပ်ရင်းကနေ ဟိုးဘက် ခလရ(၄၇)၊ ဆေးတပ်၊ထောက်ပို့တပ် အဲ့ဘက်မှာ လမ်းဖောက်ဖို့လုပ်နေတယ်"

ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး မြို့သိမ်းပိုက်ရေးတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေဘက်မှ KIA၊ KPDFအပါအဝင် အညာဒေသမှ တော်လှန်ရေးအင်အားစုတွေပါဝင်တိုက်ခိုက်နေသလို၊ စစ်ကောင်စီဘက်မှလည်း စကခ(၂၁)လက်အောက်ခံတပ်တွေအပြင် စစ်ကူအင်အားအမြောက်အများနဲ့ ခုခံနေတယ်လို့ သိရပါတယ်။

Photo-ပုံဟောင်း

အမှားပြင်ဆင်ချက်
🟥အမှတ်(၇၀၀၆)သံချပ်ကာတပ်ရင်းကို အမှတ်(၅၀၁၄)တင့်ကားတပ်ရင်းဟု ပြောင်းလဲပြင်ဆင်ထားပါတယ်။
🥰8👎1
👍14🥰3👎1
သမ္မတဦး၀င်းမြင့်ရဲ့ တရားခံသက်သေထွက်ဆိုချက်မိတ္တူ လူမှုကွန်ယက်တွင်ထွက်ပေါ်လာ

BBM စက်တင်ဘာလ ၁၅
သတင်း ဦးထွန်း

၂၀၂၁ဖေဖော်ဝါရီ၁ရက်နေ့ နောက်ပိုင်းဖြစ်စဉ်များတွင် NLDပါတီအစိုးရရဲ့ အဓိက ခေါင်းဆောင်တစ်ဦးဖြစ်သောသမ္မတဦး၀င်းမြင့်ရဲ့ တရားခံသက်သေထွက်ဆိုချက်မိတ္တူ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့ပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နဲ့ တရားရုံး က ၂၀၂၁ အောက်တိုဘာ ၁၂ ရက် သမ္မတ ဦးဝင်းမြင့်ကို စစ်ဆေးထားတဲ့ တရားခံ သက်သေ ထွက်ချက်မှာ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက် ၅ နာရီအချိန် စစ်တပ်က ရောက်ရှိလာတဲ့ အပေါ် သမ္မတ ဦးဝင်းမြင့်က ‘’အကြမ်းဖက်စစ်သည်တော်တွေ’’ လို့ ထွက်ဆိုထားတာ ကို တွေ့ရပါတယ်။

ဒါ့အပြင် ကျန်းမာရေး အကြောင်းပြချက်နဲ့ ရာထူးက နုတ်ထွက်ပေးဖို့ စစ်တပ်က ပြောကြားရာ ‘’နုတ်ထွက်မပေးနိုင်ကြောင်း၊ အသက်အသေခံမည် ဖြစ်ကြောင်း’’ ပြောလိုက်တယ်လို့ ထွက်ဆိုတာကို ဖေါ်ပြထားပါတယ်။

သမ္မတ တာဝန်ထမ်းဆောင်နေစဥ် ပါတီလုပ်ငန်းတွေ ဆောင်ရွက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း သမ္မတ ဦးဝင်းမြင့်က အခြေအမြစ် မရှိကြောင်း ငြင်းဆိုထားပါတယ်။ဒါ့အပြင် CRPH NUG PDF အကြောင်းတွေ နဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက် ၅ နာရီ ကတည်းက ဖမ်းဆီးထိန်းသိမ်းခံလို့ ပြင်ပလောကနဲ့ အဆက်အသွယ်မရှိတဲ့ အတွက် မသိရှိကြောင်း ထွက်ဆိုထားပါတယ်။

NLD ဖေ့စ်ဘွတ် နဲ့ CRPH တို့ရဲ့ ထုတ်ပြန်ချက်တွေကိုလည်း အလားတူ မသိရှိကြောင်း ပြောကြားထားတာ ကို တွေ့ရပါတယ်။အဆိုပါအဖွဲ့အစည်းတွေက ဗုံးခွဲတိုက်ခိုက်မှုတွေ လက်နက်စွဲကိုင် တိုက်ခိုက်တာတွေနဲ့ ပြည်သူတွေကို ဒလန်ဆိုပြီး သတ်ဖြတ်တာတွေ အပေါ် လည်း သမ္မတ ဦးဝင်းမြင့် က ဖမ်းဆီးခံရကတည်းက အဆက်အသွယ် ပြတ်နေတဲ့ အတွက် မသိရှိကြောင်းသာ ထွက်ဆိုသွားခဲ့ပါတယ်။

၂၀၂၁ခုနှစ် အောက်တိုဘာ၁၂ရက်နေ့ ကဇမ္ဗူသီရိ တရားရုံး တွင် တရားခံသက်သေများအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဉီး၀င်းမြင့် တို့ သက်သေထွက်ဆိုချက်များဖြစ်ပြီး အဓိကအားဖြင့် NLDပါတီ အစိုးရကာလ သမ္မတအပါအ၀င် ခေါင်းဆောင်များအမည်ဖြင့် ပြည်သူထံပန်ကြားချက် ၊ CRPH /NUG /PDF ဖြစ်လာမှုအပေါ် ကြိုတင်သိရှိထားခြင်းရှိမရှိ၊ ပါဝင်မှုရှိမရှိကို တရားခံသက်သေများအဖြစ် စစ်ဆေးမေးမြန်းသည့် သက်သေထွက်ချက် မိတ္တုလည်း ဖြစ်ပါပြီး ယမန်နှစ်ကုန်ခါနီးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ သက်သေထွက်ချက်လည်းထွက်ပေါ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဉီး၀င်းမြင့်တို့ ၏သက်သေထွက်ဆိုချက်များအရလည်း အဆိုပါသက်သေပြဆိုချက်၊ တရားလိုရှေ့နေနှင့် အပြန်အလှန်မေးမြန်းချက်များအရ ပါတီကြေညာချက်များ၊ ပြည်သူ့ထံပန်ကြားချက်ဆိုသည့်ထုတ်ပြန်မှုများ၊ CRPH /NUG /PDF ဖြစ်လာမှုကို မသိရှိခြင်း ၎င်းတို့၏ သဘောထားမပါကြောင်း သက်သေထွက်ဆိုထားတာကိုတွေ့ရပါတယ်။
👍15
❤18👍3
နိင်ငံခြားရောက်မြန်မာများ ကြိုတင်မဲပေးရန် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ကရက်ထပ်တိုး

BBM-စက်တင်ဘာလ ၁၅
သတင်း-ဦးထွန်း

ပြည်ပနိုင်ငံတွေကိုညရောက်ရှိနေကြတဲ့ မြန်မာနိင်ငံသားတွေအနေနဲ့ ကြိုတင်မဲပေးကြဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ရက်ထပ်တိုးပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီ‌ေရွးကောက်ပွဲကော်မရှင်က ပြည်ပနိုင်ငံရောက်မြန်မာနိင်ငံသားတွေကို ကြိုတင်မဲပေးဖို့ ရက်ထပ်တိုးပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

“စိတ်ကို မဝင်စားတာ။ အရင်က ဆိုရင်တော့ ပေးချင်လွန်းလို့ကို မဲစာရင်းကိုစောင့်ပြီး ကိုယ့်နာမည်စာရင်းပါ၊ မပါ စောင့်ကြည့်ပြီးရင်ခုန်ရတယ်။ နာမည်စာရင်းပါလာရင် Online Q နံပါတ်ယူကြနဲ့၊ တက်ကြွကြတယ်။ အမှန်အတိုင်းပြောရင် ရက်တိုးတာ သိလည်း စိတ်လည်းဝင်စားမနေဘူး။ ထင်တာက လာပေးတဲ့သူများအောင်လို့။ အခုက ဘယ်သူမှ စကားထဲတည့်ပြောနေတာ မတွေ့ကြရဘူး”လို့ စက်ာပူနိင်ငံရောက်မြန်မာနိုင်ငံသားတစ်ဦးက BBM ကိုပြောပါတယ်။

"ကိုယ့်နိုင်ငံက ရွေးကောက်ပွဲဆိုပေမယ့် ဒီစစ်အာဏာရှင်လုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး အားလည်းမပေးဘူး ကြိုတင်မဲလည်းမထည့်ဘူး""လို့ ထိုင်းနိုင်ငံရောက် စက်ရုံအလုပ်သမားတစ်ဦးကလည်း ပြောပြပါတယ်။

""ရွှေးကောက်ပွဲလည်း စိတ်မဝင်စားဘူး။ အဓိကအမေစုအမြန်ဆုံးပြန်လွတ်ဖို့နဲ့ အမြန်ဆုံးကျန်းမာရေးကောင်းဖို့ပါပဲ။ ဒီမှာတော့ မြန်မာနိင်ငံသားတွေစုပြီးအမြဲဆန္ဒပြကြတယ်""လို့ တောင်ကိုရီးယားရောက် အလုပ်သမားတစ်ဦးကလည်း ပြောပြပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာလကုန်ခါနီးမှာကျင်းပမယ်လို့ကြော်ငြာထားပြီး ပြည်ပနိုင်ငံရောက်မြန်မာနိင်ငံသားတွေကို ကြိုတင်မဲပေးဖို့ မြန်မာသံရုံးတွေက တဆင့်ဖောင်တွေ ထုတ်ပေးထားတယ်လို့ သိရပါတယ်။
🖕8👎4
👎8🔥3✍1