ကျောက်ဖြူမြို့မှာ စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှု ဆက်တိုက်လုပ်လာနေ
BBM - စက်တင်ဘာ ၁၄
သတင်း - နိုင်နိုင်
ရခိုင်ပြည်၊ ကျောက်ဖြူမြို့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က အကျအဆုံးတွေ များပြားလာတာကြောင့် အင်အားဖြည့်တင်းမှုတွေ အဆက်မပြတ်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကျောက်ဖြူမြို့ အရှေ့ဖက်မှာတည်ရှိတဲ့ သစ်ပုတ်တောင်ရေတပ်စခန်း (ဓညဝတီရေတပ်ဌာနချုပ်)ကို စစ်ကောင်စီတပ်က ရေကြောင်းကနေ စစ်သင်္ဘော ၃ စီးနဲ့ အင်အားဖြည့်တင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောက်ဖြူစစ်ရေးအခြေအနေကို သိရှိသူတွေဆီက သိရပါတယ်။
အဲဒီစစ်အင်အားတွေကို ဓညဝတီရေတပ်ဌာနချုပ်အနီးက ရှေ့ကာကင်းစခန်းတွေဖြစ်တဲ့ ကပ်သပြေကာကင်းစခန်းတွေကို ပို့ဆောင်ထားပြီး လုံခြုံရေးတိုးမြင့်ထားကာ အာရက္ခတပ်တော် AA သိမ်းထားတဲ့နေရာတွေကို ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
"ရေတပ်ဌာနချုပ်ကို စစ်သင်္ဘော ၃ စီး ထပ်ရောက်တယ်လို့ သိရပါတယ်။ စစ်အင်အားဖြည့်တင်းဖို့ ရောက်တာလို့ သိရတယ်ဗျ။ သူတို့တွေကို ရေတပ်ဌာနချုပ်ရဲ့ အရှေ့က ကပ်သပြေကာကင်းစခန်းတွေကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ AA သိမ်းထားတဲ့နေရာတွေကို စစ်ကြောင်းထိုးဖို့အတွက် ထပ်မံပို့ဆောင်တာ ဖြစ်နိုင်ပါတယ်။ ဒီရက်ပိုင်းတွေမှာ တိုက်ပွဲကတော့ ငြိမ်နေပေမဲ့ နှစ်ဖက်လက်ကြီး ပစ်ခတ်နေတာတော့ ကြားရပါတယ် " လို့ ကျောက်ဖြူမြို့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ဓညဝတီရေတပ်ဌာနချုပ်အနီးက အာရက္ခတပ်တော် AA သိမ်းထားတဲ့ သစ်ပုတ်တောင်လမ်းတစ်လျှောက်က ဦးကင်း၊ စိုင်းခြုံ၊ ကြက်တောပြင်၊ စည်မော်၊ ကြတ္တိန်၊ ပျားတဲ၊ သပြုတောင်စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုး ထိုးဖောက်ဝင်ရောက်ဖို့အတွက် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။
အလားတူ အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်က ဂုံးချွိန်တိုက်နယ်ရှိ ခမရ ၅၄၂၊ ခမရ ၅၄၃ တပ်ရင်းတွေကလည်း အမှတ် ၃၂ ရဲ့တပ်ရင်းနဲ့ ပြိုင်စေ့ကေကျေးရွာက ကာကင်းစခန်းတွေကို စစ်အင်အား ထပ်မံဖြည့်တင်းမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ကျောက်ဖြူမြို့နယ်ရှိ အမှတ် ၃၂ ရဲတပ်ရင်း၊ ဓညဝတီရေတပ်ဌာနချုပ်နဲ့ မလကျွန်းကျေးရွာအနီးရှိ ကာကင်းစခန်းတွေကနေ AA သိမ်းထားတဲ့နေရာတွေကို ထိုးဖောက်ဝင်ရောက်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို ထိုးစစ်ဆင်လာမှုအတွင်းမှာ အာရက္ခတပ်တော် AA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေရှိခဲ့ကာ အကျအဆုံးတွေများစွာနဲ့ တပ်လန့်ကာထွက်ပြေးမှုတွေ ပိုများနေခဲ့ပြီးတော့ လက်ရှိမှာ စစ်ကောင်စီက နောက်ထပ်တဖန် ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတာလို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
"လွန်ခဲ့တဲ့လကတော့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဗျ။ သူတို့ကတော့ တိုက်ပွဲဖြစ်တိုင်း ထွက်ပြေးမှုတွေရှိနေတာကြောင့် ပြန်ပြီးတော့ ဆုတ်လာမှုတွေ ရှိတယ်လို့ ကြားရပါတယ်။ ပြီးတော့ ခံစစ်ကာကင်းစခန်းတွေမှာ နေရာယူကြတယ်လို့ သိရပါတယ်။ စကစကတော့ တက်လိုက်ဆုတ်လိုက်အဲလိုမျိုးဖြစ်နေပါတယ်" လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ လကုန်ပိုင်းလောက်မှာလည်း စစ်ကောင်းစီတပ်ဟာ အမှတ် ၃၂ ရဲတပ်ရင်းကနေပြီးတော့ မင်းတပ်တောင်နဲ့ နှမ်းဖဲတောင်ကျေးရွာဖက်ကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် လက်ရှိမှာ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့ တိုက်ပွဲအတွင်းမှာ အင်အားအများအပြားဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ ကျောက်ဖြူမြို့မကျရေးအတွက် ရေတပ်အင်အားကို တို့ချဲ့ချထားသလို့ နည်းပညာမြင့်ဒရုန်း တရုတ်စစ်သားတွေ၊ ပြည်သူ့စစ်မှုထမ်း(ပစ)တွေကို အင်အားဖြည့်တင်းမှုတွေ အဆက်မပြတ် ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။
ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်၊ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲ တို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင် တရုတ်စီမံကိန်းများစွာတည်ရှိနေတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။
ပုံစာ - စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုး ပြင်ဆင်နေပုံကို တွေ့ရစဥ်။ ပုံဟောင်း

👍11🖕3
နီပေါနိုင်ငံမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲတွေကြောင့် သေဆုံးသူ ၇၂ ဦးအထိ ရှိလာ
BBM-စက်တင်ဘာ ၁၅
နီပေါမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲတွေအတွင်း မီးလောင်ထားတဲ့ အစိုးရရုံးတွေ၊ အိမ်တွေနဲ့ အခြား အဆောက်အဦးတွေမှ အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကြရာ သေဆုံးသူ ဦးရေဟာ ၇၂ ဦးအထိ ရှိလာကြောင်း နီပေါ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၄ရက် တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
နီပေါနိုင်ငံမှာ ဆယ်စုနှစ်များအတွင်း လူသေဆုံးမှုအများဆုံး နိုင်ငံရေးပဋိပက္ခအဖြစ် နီပေါလူငယ်အများစုဟာ မြို့တော်ခတ္တမန်ဒူနဲ့ အခြားမြို့တွေမှာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ၀န်ကြီးချုပ် ကေပီ ရှာမာ အိုလီအနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က နှုတ်ထွက်သွားမှ ဆန္ဒပြပွဲတွေ အရှိန်လျော့ကျလာတာပဲဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တရားရုံးချုပ်၊ လွှတ်တော်၊ ရဲစခန်းတွေ၊ နိုင်ငံရေးသမားတွေရဲ့ နေအိမ်တွေနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေမှာ ရောက်ရှိနေတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖြိုခွင်းဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ ရော်ဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့ပြပါတယ်။
"လက်ရှိမှာ စျေးဝယ်စင်တာတွေ၊ နေအိမ်တွေနဲ့ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အခြားအဆောက်အအုံတွေက သေဆုံးခဲ့ရသူအများအပြားရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပါတယ်”လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပရာကတ်ရှ် ဘူဒါသော်ကီ(Prakash Budathoki) က ပြောကြားခဲ့ပါတယ်။
အရင်က ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ သေဆုံးသူသာရှိပြီး စက်တင်ဘာလ၁၃ရက်နေ့မှာ ထပ်တိုးစာရင်းကို ပြုလုပ်ခဲ့ပြပါတယ်။
စက်တင်ဘာလ၁၄ရက် တနင်္ဂနွေနေ့အထိ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ အကြမ်းဖက်မှုအတွင်း အနည်းဆုံး လူ ၂,၁၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တရားသူကြီးချုပ်ဟောင်း ဆူရှိီလာ ကာကီ(Sushila Karki)က အိုလီ(Oli)အစား ယာယီဝန်ကြီးချုပ်အဖြစ် အစားထိုးခဲ့ပြီး ဟိမဝန္တာနိုင်ငံကို ဦးဆောင်တဲ့ ပထမဆုံးအမျိုးသမီးဖြစ်လာကာ မတ် ၅ အတွက် တောင်းဆိုထားတဲ့ ပါလီမန်ရွေးကောက်ပွဲအသစ်ကို ကျင်းပဖို့ တာဝန်ပေးထားပါတယ်။
စက်တင်ဘာလ၁၄ရက် တနင်္ဂနွေနေ့က တရားဝင်အာဏာရလာတဲ့ ကာကီ( Karki)က အစိုးရအနေနဲ့ နစ်နာကြေး ရူပီး ၁ သန်း (ဒေါ်လာ ၇,၁၀၀ ခန့်) ကို ပေးဆောင်ရမှာဖြစ်ပြီး ဒဏ်ရာရသူတွေကိုလည်း အခမဲ့ ဆေးကုသပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
ဆန္ဒပြပွဲများအတွင်း မီးရှို့ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ရုံးအနီးရှိ အဆောက်အအုံတစ်ခုမှာ သူမ အလုပ်စ၀င်ေနပြီပဲဖြစ်ပါတယ်။
“ပျက်စီးသွားတဲ့ အဆောက်အဦးတွေ ပြန်လည်တည်ဆောက်ရေးမှာ ကျွန်မတို့ ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” လို့ ကာကီ(Karki)က အကြီးတန်း အစိုးရအရာရှိတွေကို ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ဖော်ပြခဲ့ပါတယ်။
Reference-Reuters
ဘာသာပြန်-Richard
Photos-AP News
#BBM #News #UpdateNews #Nepal #Newprimeminister #Kurki

❤8👎1😱1
မိုးလေဝသသတင်း
BBM စက်တင်ဘာလ ၁၅
သတင်း ဦးထွန်း
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အား အနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
နေပြည်တော်၊ ပဲခူးတိုင်း မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
🔺 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ည ၀၉:၂၆ မိနစ်အချိန်ခန့်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၉ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။
🚧🚧 ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။
မိုးလေဝသသတင်း အစီအစဥ်ကို မိုးလေဝသဌာန၊MOHADM နဲ့ Windy.com တို့မှရယူဖော်ပြထားပါသည်။

👍9
ဘုတလင်တွင် စစ်ကြောင်းထိုးလာတဲ့ စကစတပ်ဖွဲ့၀က်တွေကို ပစ်ခတ်တိုက်ခိုက်
🟥၂ လအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၄၀သေဆုံးပြီး ဒဏ်ရာရရှိသူများပြား
BBM-စက်တင်ဘာ ၁၅
သတင်း-Richard
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဘုတလင်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ အင်အား ၃၀၀ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ်လမှ စက်တင်ဘာလထိ ၂ လတာကာအတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သား ၄၀ ခန့် သေဆုံးသွားတယ်လို့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်၊ ပြန်ကြားရေးနှင့် မဟာမိတ်ဆက်ဆံရေးဌာနက စက်တင်ဘာလ ၁၄ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သြဂုတ်လ (၃၁)ရက်နေ့မှာဘုတလင်မြို့နယ်၊ ကံသာရွာအနီးရှိ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့တွေက ဒရုန်းဗုံးသီး (၂) ကြိမ်ချ စတင်တိုက်ခိုက်ခဲ့သလို၊ (၂)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကြောင်းမှ (၄၀)ဦးခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းဟာ အနောက်ဇီးတောရွာ၊ ရွှေတောင်ရွာ၊ ကံသာရွာ နဲ့ ထူးကြီးရွာ (ပရဟိတဆေးရုံ) တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာလ (၈)ရက်နေ့မှာ ဘုတလင်မြို့ကနေ နမခထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့အတူ ဘုတလင်မိုဘိုင်းအဖွဲ့ (Budalin Mobile Team)၊ Anonymous Hero၊ ရတနာပုံတော်လှန်ရေးအဖွဲ့ (YRF)၊ ဗမာ့တပ်တော် အမှတ် (၂) စစ်ဦးစီးရုံးကွပ်ကဲမှုအောက် အမှတ် (၅၀၅) တပ်ရင်း၊ ရွာဇော်ကြီးတော်လှန်အသံ (သတင်းနှင့်တိုက်ခိုက်ရေးအဖွဲ့ )၊ မုံရွာခရိုင်တပ်ရင်း (၁၈)၊ ဘုတလင်မြိူ့နယ် ပကဖနဲ့ မုံရွာမြို့နယ် ပလဖတို့ ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Video-ကျောင်းသားလက်ရုံးတပ်တော်
#BBM #News #UpdateNews #Junta #PeopleDefenseForce

👍10❤1
မန္တလေးမြို့မှာ လမ်းမပေါ်ရေကြီးရေလျှံနေတဲ့ နေရာအချို့ ရေအနည်းငယ် ပြန်လည်ကျဆင်း
BBM စက်တင်ဘာလ ၁၅
သတင်း ဦးထွန်း
မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအများအပြားမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော်လည်း မိုးတိတ်သွားပြီးနောက် နေရာအချို့မှာ ရေအနည်းငယ်ပြန်လည်ကျဆင်းနေပြီဖြစ်တယ်လို့ မန္တလေးမြို့ခံတစ်ဦးက BBM ကိုပြောပြပါတယ်။
၂၀၂၅ခုနှစ် စက်တင်ဘာလ ၁၃ ရက်ညပိုင်းကစကာ မန္တလေးမြို့မှာ ညလုံးပေါက်မိုးရွာသွန်းခဲ့လို့ ချောင်းနှင့်မြောင်းများတွင် ရေပြည့်လျှံပြီးနောက် မြို့ပေါ်လမ်းအများအပြားတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး သွားလာရခက်ခဲတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၄ ရက်နေ့ညနေပိုင်းမှာတော့ မိုးသည်းထန်စွာရွာသွန်းခြင်း ရပ်တန့်သွားပြီး ရေအနည်းငယ် ပြန်လည်ကျဆင်းလာပြီဖြစ်သော်လည်း ရေဝပ်နေသေးတယ်လို့သိရပါတယ်။
“မိုးများရင် ရေကအဲဒီလိုတက်နေကြပါပဲ။ ဒါပေမဲ့ အခုကမိုးပိုများတော့ နေရာစုံရေများတာပေါ့။ ခါတိုင်းတော့ မိုးတိတ်ရင်ပြန်ကျသွားပါတယ်။ အခုတော့ မိုးကတော့မသည်းတော့ဘူး၊ မိုးတွေကတော့ မဲနေတုန်းပါပဲ” လို့ မန္တလေးမြို့ခံ အမျိုးသမီးတဦးကပြောပြပါတယ်။
“ပုံမှန်ဆို မိုးတိတ်ရင် တနာရီ၊ နှစ်နာရီလောက်ဆို ရေကလျော့ပါတယ်၊ အခုထိ ရေကအနည်းငယ်သာ လျော့တာပါ။ နေရာအတော်များများ ရေဝပ်တာမို့ သွားလာရေးပဲ နည်းနည်းခက်တာပါ"လို့ မန္တလေးမြို့ခံက ဆက်လက်ပြောပြပါတယ်။ လမ်း ၃၀ တစ်လျှောက် ၆၂ လမ်းက ၇၇ လမ်းထိ ၃၅ လမ်းက လမ်း ၆၀ ကနေ ၆၆ လမ်းအထိလမ်းပေါ် ရေကြီးနေပြီး ၇၈ လမ်း၊ ဘူတာလမ်း၊ သိပ္ပံလမ်း၊ ဘုရားကြီးအရှေ့မုဒ်၊ ရတနာပုံမြို့သစ်အပါအဝင် မန္တလေးမြို့ပေါ် နေရာ အနှံ့အပြားမှာလည်းလမ်းပေါ် ရေလျှံနေတယ်လို့ သိရပါတယ်။
“တော်ရုံ ရေဝင်လေ့မရှိတဲ့အိမ်တွေထဲပါ ဝင်တယ်။ မိုးဆက်ရွာဖို့ရှိသေးတယ်လို့လည်း ကြေညာထား တော့ ရေဆက်များဦးမယ်ထင်တယ်” ဟု မန္တလေးမြို့ခံတဦးကဆက်လက်ပြောပြပါတယ်။
မိုးလေဝသဌာနရဲ့ စက်တင်ဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်အရ မန္တလေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်ခြောက်ခုတွင် မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းလျက်ရှိ ကာ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ် စဉ်များဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။
ဒါ့အပြင် စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းအထိ မန္တလေးတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် လေးခုတွင် နေရာကွက်၍ မိုးကြီးနိုင်သေးပြီး ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။
Photos-Local Resident
#BBM #News #weatherforecast

အာရှလမ်းကို ထိန်းချုပ်နိုင်ပြီလို့ သတင်းလွှင့်ထားတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေ
BBM-စက်တင်ဘာ ၁၅
သတင်း - မင်းဟန်
ကော့ကရိတ် - မြဝတီအာရှလမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီးလို့ သတင်းလွှင့်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြားမှာ အဲဒီလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ တော်လှန်ရေး တပ်တွေထံမှ သိရပါတယ်။
စစ်ကောင်စီက ယင်းနယ်မြေမှာ အခြေစိုက်တပ်ရင်းတွေအပြင် ဘားအံအခြေစိုက်တပ်ရင်းတွေကနေ စစ်ကူနဲ့ လက်နက်ခဲယမ်းဖြည့်တင်းပြီး ကျုံဒိုးနှင့် ကော့ကရိတ်မြို့ဘက် အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတာပါ။
စစ်ကြောင်းထိုးလာနေတဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား အာရှလမ်းပိုင်းတွေနဲ့ ကျေးရွာလမ်းပိုင်းတချို့မှာ နေ့စဉ်ဆိုသလို ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ အဲဒီနယ်မြေမှာ လှုပ်ရှားတဲ့ တော်လှန်ရေးရဲဘော်တဦးက BBM ကို ပြောပါတယ်။
“သူတို့က အလုံးစုံထိန်းချုပ်ထားတာ မဟုတ်ဘူးလေ၊ တိုက်ပွဲက အခုထိဖြစ်နေတုန်းပါပဲ၊ အခုက ဒီကောင်တွေ နွားခြံကုန်းနားလောက်မှာပဲ ရှိနေတာ၊ ဟိုနေရာဖြစ်လိုက် ဒီနေရာဖြစ်လိုက်ပေါ့၊ သူတို့ ဝင်လာတဲ့အပေါ်မူတည်ပြီး လှုပ်ရှားတာပေါ့၊ သူတို့ ထိုးလာတယ်၊ ထိတယ်၊ ပြန်ဆုတ်ပြီး လူဖြည့်ပြီး ပြန်တိုးနေတော့ တခါတလေ ဒီဘက်က စစ်ပန်းပြီး ပြန်ဆုတ်လိုက်ရတာမျိုးရှိတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်မှုထမ်းသင်တန်းဆင်းတွေကို အများအပြားဖြည့်တင်းထားပြီး လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ပစ်ကူပေးနေပေမယ့် အာရှလမ်းပိုင်းကို ဒီကနေ့အထိအလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို ဖြေဆိုခွင့် မရှိဘူးလို့ အဆိုပါရဲဘော်က ပြောပါတယ်။
ကရင်တော်လှန်ရေးပူးပေါင်းတပ်တွေ တစ်နှစ်ကျော်ကြာ သိမ်းပိုက်နိုင်ခဲ့တဲ့ သင်္ဃန်းညီနောင်ဗျူဟာတွေ အပါအဝင် ကော့ကရိတ်-အာရှလမ်းပိုင်းနေရာတချို့ကို စစ်အုပ်စုက အခုလပထမအပတ်ထဲမှာ ထိန်းချုပ်လိုက်ပြီး အဲဒီလမ်းပိုင်း ပြန်လည် ဖွင့်လှစ်နိုင်ဖို့ အပြင်းအထန်းစစ်ကြောင်းထိုးနေတာပါ။
“အာရှလမ်းက ချက်ချင်းဖို့တော့ မလွယ်ကူသေးဘူးထင်တယ်၊ အတင်းအကြပ်ဖွင့်ရင်တော့ ပွင့်ကောင်း ပွင့်လာနိုင်တယ်၊ လုံခြုံရေးမှုကတော့ မသေချာဘူးပေါ့” လို့ မော်လမြိုင်-မြဝတီယာဉ်ပြေးဆွဲနေသူ တဦးက ပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့တောင်ဘက်က လေးကေ့ကော်အပါအဝင် အဲဒီနယ်မြေတလျှောက် စစ်အုပ်စု လက်လွှတ်ထား ရတဲ့ တပ်ရင်းတပ်စခန်းတွေကို ပြန်လည်ရရှိဖို့ စစ်အုပ်စုက ကရင်နယ်ခြားစောင့် BGF/KNA အကူအညီတွေနဲ့ စစ်ကြောင်းထိုးနေတယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်တဦးက ပြောပါတယ်။
“ဒီဘက်ကတော့ ဝင်နေတုန်းပဲ၊ တိုက်ပွဲကြီးကြီးမားမားတော့ မဖြစ်သေးဘူး” လို့ ပြောပါတယ်။
လက်ရှိ စစ်ရေးဗျူဟာအရ အရေးပါတဲ့ မြဝတီမြို့တောင်ဘက် ၄ မိုင်အကွာ လက်ခတ်တောင်ကို စစ်အုပ်စု ထိန်းချုပ်ထားပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ် အမှတ်(၁)တံတားအပါအဝင် မြဝတီမြို့အတွင်း နေရာအများစုကို စစ်အုပ်စု ဝင်ရောက် တပ်စွဲထားပြီး နေရာအနှံ့မှာ လုံခြုံရေးတင်းကြပ်ထားတယ်လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။
ဓါတ်ပုံ - Social Media
#BBM #News #Updatenews #Karen #Junta #Battle

👍12