3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
😭18🤬3👎2
မြန်မာနိင်ငံအတွက် UNHCR က အကူအညီတိုးမြှင့်ရန် တောင်းဆိုသော်လည်း ဆွီဒင်နိင်ငံကဖွံ့ဖြိုးရေးကူညီမှု ရပ်ဆိုင်းမယ်လို့ထုတ်ပြန်

BBM စက်တင်ဘာလ ၁၄
သတင်း ဦးထွန်း

မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းထံ တောင်းဆိုခဲ့သော်လည်း တစ်ဖက်တွင်မူ ဆွီဒင်နိုင်ငံက မြန်မာ့ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

UNHCR မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီဟာ မြန်မာနိုင်ငံအတွင်း သုံးရက်ကြာ နေထိုင်ခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာရသူများနှင့် ငလျင်ဒဏ်သင့် ဒေသခံလူမှုအသိုင်းအဝိုင်းများထံ သွားရောက် လေ့လာချက်များအရ အကူအညီများ အရေးတကြီးလိုအပ်နေကြောင်းနဲ့ နိုင်ငံတကာမှ တိုးမြှင့်ကူညီပေးရန် လိုအပ်ကြောင်း UNHCR က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

UNHCR ရဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၈၈.၃ သန်း လိုအပ်သော်လည်း ယခုအချိန်အထိ လိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း သာ ရရှိသေးကြောင်း ဖော်ပြထားပါတယ်။

“ပြည်တွင်းမှာ နေရပ်စွန့်ခွာနေထိုင်ကြရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေနဲ့ ဒေသတွင်းရှိတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးလိုအပ်ပြီး သူတို့ရရှိပိုင်ခွင့်ရှိတဲ့ ငြိမ်းချမ်းရေးနဲ့အတူပါလာတဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုကို တောင်းဆိုကြတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးတို့က မြန်မာနိုင်ငံ အကျပ် အတည်းကို အဖြေရှာရန် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရမယ်” လို့ မဟာမင်းကြီးက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူညီများပေးအပ်သော ဥရောပသမဂ္ဂအဖွဲ့ဝင် ဆွီဒင်နိုင်ငံက လာမည့် ၂၀၂၆ ခုနှစ်တွင် ကူညီမှုများရပ်ဆိုင်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဆွီဒင်နိုင်ငံဟာ မီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့များအတွက် တစ်နှစ်လျှင် ဒေါ်လာ ၂ ဒသမ ၆၅ သန်းခန့်ထောက်ပံ့ခဲ့ပြီး ယခုကဲ့သို့ ဖြတ်တောက်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးများ ဖြစ်ပေါ်နိုင်ကာ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ့လူမှုအဖွဲ့အစည်းများ၊ သတင်းထောက်များနှင့် လူ့အခွင့်အရေး ကာကွယ်ရေးသမားများအတွက် ထိခိုက်နစ်နာမည်ဖြစ်ကြောင်း Human Right Myanmar ထုတ်ပြန်ချက်တွင် ပါဝင်ပါတယ်။

မြန်မာနိုင်ငံရှိပြည်သူများနဲ့ ဒေသအတွင်းရှိဒုက္ခသည်များကိုကူညီနိင်ရန်အတွက် နိုင်ငံတကာ အသိုင်း အဝိုင်းထံမှ ပိုမိုကြီးမားသောငွေကြေးပံ့ပိုးမှုလုပ်ဆောင်ပေးရန် လိုအပ်လျက်ရှိနေပါတယ်။
👍9🥰1
👍11
နိင်ငံခြားရောက်မြန်မာများ ကြိုတင်မဲပေးရန် စစ်ကောင်စီ ရွှေးကောက်ပွဲကော်မရှင်ကရက်ထပ်တိုး

BBM စက်တင်ဘာလ ၁၄
သတင်း ဦးထွန်း

ပြည်ပနိင်ငံများကိုရောက်ရှိနေကြတဲ့ မြန်မာနိင်ငံသားများ ကြိုတင်မဲပေးရန် စစ်ကောင်စီရွှေးကောက်ပွဲ ကော်မရှင်ကရက်ထပ်တိုးပေးထားတယ်လို့ ထုတ်ပြန်ကြော်ငြာထားပါတယ်။

၂၀၂၅ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က စစ်ကောင်စီရွှေးကောက်ပွဲကော်မရှင်က ပြည်ပနိင်ငံရောက်မြန်မာနိင်ငံသားများကို ကြိုတင်မဲပေးရန် ရက်ထပ်တိုးပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

“စိတ်ကို မဝင်စားတာ။ အရင်က ဆိုရင်တော့ ပေးချင်လွန်းလို့ကို မဲစာရင်းကိုစောင့်ပြီး ကိုယ့်နာမည်စာရင်းပါ၊ မပါ စောင့်ကြည့်ပြီးရင်ခုန်ရတယ်။ နာမည်စာရင်းပါလာရင် Online Q နံပါတ်ယူကြနဲ့၊ တက်ကြွကြတယ်။ အမှန်အတိုင်းပြောရင် ရက်တိုးတာ သိလည်း စိတ်လည်းဝင်စားမနေဘူး။ ထင်တာက လာပေးတဲ့သူများအောင်လို့။ အခုက ဘယ်သူမှ စကားထဲတည့်ပြောနေတာ မတွေ့ကြရဘူး”လို့ စက်ာပူနိင်ငံရောက်မြန်မာနိင်ငံသားတစ်ဦးက BBM ကိုပြောပါတယ်။

""ကိုယ့်နိင်ငံက ရွှေးကောက်ပွဲဆိုပေမယ့် ဒီစစ်အာဏာရှင်လုပ်တဲ့ အတုအယောင်ရွှေးကောက်ပွဲကို စိတ်မဝင်စားဘူး အားလည်းမပေးဘူး ကြိုတင်မဲလည်းမထည့်ဘူး""လို့ ထိုင်းနိင်ငံရောက် စက်ရုံအလုပ်သမားတစ်ဦးကလည်း ပြောပြပါတယ်။

""ရွှေးကောက်ပွဲ လည်းစိတ်မဝင်စားဘူး အဓိကအမေစုအမြန်ဆုံးပြန်လွတ်ဖို့နဲ့ အမြန်ဆုံးကျန်းမာရေးကောင်းဖို့ပါပဲ၊ ဒီမှာတော့ မြန်မာနိင်ငံသားတွေစုပြီးအမြဲဆန္ဒပြကြတယ်""လို့ တောင်ကိုရီးယားရောက် အလုပ်သမားတစ်ဦးကလည်း ပြောပြပါတယ်။

စစ်ကောင်စီက ရွှေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာလကုန်ခါနီးမှာကျင်းပမယ်လို့ကြော်ငြာထားပြီး ပြည်ပနိင်ငံရောက်မြန်မာနိင်ငံသားများကို ကြိုတင်မဲပေးဖို့ မြန်မာသံရုံးများမှတဆင့်ဖောင်များထုတ်ပေးထားတယ်လို့ သိရပါတယ်။
👎6💩4❤1👍1
👎8👍1💩1
ကျောက်ဖြူမြို့မှာ စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှု ဆက်တိုက်လုပ်လာနေ

BBM - စက်တင်ဘာ ၁၄
သတင်း - နိုင်နိုင်

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က အကျအဆုံးတွေ များပြားလာတာကြောင့် အင်အားဖြည့်တင်းမှုတွေ အဆက်မပြတ်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကျောက်ဖြူမြို့ အရှေ့ဖက်မှာတည်ရှိတဲ့ သစ်ပုတ်တောင်ရေတပ်စခန်း (ဓညဝတီရေတပ်ဌာနချုပ်)ကို စစ်ကောင်စီတပ်က ရေကြောင်းကနေ စစ်သင်္ဘော ၃ စီးနဲ့ အင်အားဖြည့်တင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ကျောက်ဖြူစစ်ရေးအခြေအနေကို သိရှိသူတွေဆီက သိရပါတယ်။

အဲဒီစစ်အင်အားတွေကို ဓညဝတီရေတပ်ဌာနချုပ်အနီးက ရှေ့ကာကင်းစခန်းတွေဖြစ်တဲ့ ကပ်သပြေကာကင်းစခန်းတွေကို ပို့ဆောင်ထားပြီး လုံခြုံရေးတိုးမြင့်ထားကာ အာရက္ခတပ်တော် AA သိမ်းထားတဲ့နေရာတွေကို ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

"ရေတပ်ဌာနချုပ်ကို စစ်သင်္ဘော ၃ စီး ထပ်ရောက်တယ်လို့ သိရပါတယ်။ စစ်အင်အားဖြည့်တင်းဖို့ ရောက်တာလို့ သိရတယ်ဗျ။ သူတို့တွေကို ရေတပ်ဌာနချုပ်ရဲ့ အရှေ့က ကပ်သပြေကာကင်းစခန်းတွေကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ AA သိမ်းထားတဲ့နေရာတွေကို စစ်ကြောင်းထိုးဖို့အတွက် ထပ်မံပို့ဆောင်တာ ဖြစ်နိုင်ပါတယ်။ ဒီရက်ပိုင်းတွေမှာ တိုက်ပွဲကတော့ ငြိမ်နေပေမဲ့ နှစ်ဖက်လက်ကြီး ပစ်ခတ်နေတာတော့ ကြားရပါတယ် " လို့ ကျောက်ဖြူမြို့စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ဓညဝတီရေတပ်ဌာနချုပ်အနီးက အာရက္ခတပ်တော် AA သိမ်းထားတဲ့ သစ်ပုတ်တောင်လမ်းတစ်လျှောက်က ဦးကင်း၊ စိုင်းခြုံ၊ ကြက်တောပြင်၊ စည်မော်၊ ကြတ္တိန်၊ ပျားတဲ၊ သပြုတောင်စတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုး ထိုးဖောက်ဝင်ရောက်ဖို့အတွက် ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။

အလားတူ အခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်က ဂုံးချွိန်တိုက်နယ်ရှိ ခမရ ၅၄၂၊ ခမရ ၅၄၃ တပ်ရင်းတွေကလည်း အမှတ် ၃၂ ရဲ့တပ်ရင်းနဲ့ ပြိုင်စေ့ကေကျေးရွာက ကာကင်းစခန်းတွေကို စစ်အင်အား ထပ်မံဖြည့်တင်းမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ကျောက်ဖြူမြို့နယ်ရှိ အမှတ် ၃၂ ရဲတပ်ရင်း၊ ဓညဝတီရေတပ်ဌာနချုပ်နဲ့ မလကျွန်းကျေးရွာအနီးရှိ ကာကင်းစခန်းတွေကနေ AA သိမ်းထားတဲ့နေရာတွေကို ထိုးဖောက်ဝင်ရောက်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီလို ထိုးစစ်ဆင်လာမှုအတွင်းမှာ အာရက္ခတပ်တော် AA နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေရှိခဲ့ကာ အကျအဆုံးတွေများစွာနဲ့ တပ်လန့်ကာထွက်ပြေးမှုတွေ ပိုများနေခဲ့ပြီးတော့ လက်ရှိမှာ စစ်ကောင်စီက နောက်ထပ်တဖန် ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတာလို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"လွန်ခဲ့တဲ့လကတော့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဗျ။ သူတို့ကတော့ တိုက်ပွဲဖြစ်တိုင်း ထွက်ပြေးမှုတွေရှိနေတာကြောင့် ပြန်ပြီးတော့ ဆုတ်လာမှုတွေ ရှိတယ်လို့ ကြားရပါတယ်။ ပြီးတော့ ခံစစ်ကာကင်းစခန်းတွေမှာ နေရာယူကြတယ်လို့ သိရပါတယ်။ စကစကတော့ တက်လိုက်ဆုတ်လိုက်အဲလိုမျိုးဖြစ်နေပါတယ်" လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ လကုန်ပိုင်းလောက်မှာလည်း စစ်ကောင်းစီတပ်ဟာ အမှတ် ၃၂ ရဲတပ်ရင်းကနေပြီးတော့ မင်းတပ်တောင်နဲ့ နှမ်းဖဲတောင်ကျေးရွာဖက်ကို ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် လက်ရှိမှာ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့ တိုက်ပွဲအတွင်းမှာ အင်အားအများအပြားဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ ကျောက်ဖြူမြို့မကျရေးအတွက် ရေတပ်အင်အားကို တို့ချဲ့ချထားသလို့ နည်းပညာမြင့်ဒရုန်း တရုတ်စစ်သားတွေ၊ ပြည်သူ့စစ်မှုထမ်း(ပစ)တွေကို အင်အားဖြည့်တင်းမှုတွေ အဆက်မပြတ် ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်၊ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲ တို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင် တရုတ်စီမံကိန်းများစွာတည်ရှိနေတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။

ပုံစာ - စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုး ပြင်ဆင်နေပုံကို တွေ့ရစဥ်။ ပုံဟောင်း
👍11🖕3
🖕17👍2👎1