စစ်ကောင်စီဟာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ကျောက်မဲမြို့ အနီး ၆ မိုင်ခန့် အကွာအထိ ရောက်ရှိလာနေ
BBM-စက်တင်ဘာ ၁၄
သတင်း- PJ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက် ကုန်သွယ်ရာ လမ်းမ ပေါ်မှာရှိတဲ့ ကျောက်မဲမြို့နဲ့ အနီး ၆ မိုင်ခန့် အကွာအထိ စက်တင်ဘာလ ၁၂ ရက်နေ့ ကစ စစ်ကောင်စီတွေ ရောက်ရှိလာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကျောက်မဲ မြို့အနီး ၆ မိုင်ခန့် အကွာအထိ စစ်ကောင်စီတွေ ရောက်လာတယ်။ မနေ့ညက ဒရုန်းတွေ၊ လက်နက်ကြီးတွေ အပြင် Y12 နဲ့ပါ ဗုံး ကြဲနေသံ ကြားရတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
ဗုံးကြဲ တိုက်ခိုက်၊ လက်နက်ကြီး ပစ်ခတ်တဲ့ နေရာတွေက ကျောက်မဲ အနီး ခိုက်တုန်ဟုန်း၊ ကောင်းမူးလိန်၊ မိုင်းလင်း၊ နမ့်ဆော့ ရွာတွေဘက်လို့ ယူဆရပြီး ဗုံး အလုံး ၈၀ ခန့် ရှိနိုင်တယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒရုန်းကို အဓိက အသုံးပြုပြီး စစ်ကြောင်းတွေကို ရှေ့ထပ်တိုးလာနိုင်ဖို့ လမ်းကြောင်းရှင်းနေတာ ဖြစ်မယ်လို့ သူက ပြောပါတယ်။
“လေကြောင်းနဲ့ ဒရုန်းတွေ တရစပ် သုံးနေရင် စစ်ကောင်စီတွေ ရက်ပိုင်းအတွင်း ကျောက်မဲမြို့ ရောက်လာနိုင်ခြေ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်နက် အင်အားမှ မမျှတာ” လို့ နောက်ထပ်ဒေသခံ တစ်ဦးက ပြောပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က စစ်သည် အင်အားရော လက်နက်အင်အားပါ မမျှတော့တာကြောင့် ခုခံ ကာကွယ်နိုင်ဖို့ မလွယ်ကူ လောက်တော့ဘူးလို့ ယူဆရကြောင်း သူက ပြောပါတယ်။
စစ်ကောင်စီ ဘက်က လက်ရှိ အသာစီး ရနေတဲ့ အခြေအနေဖြစ်တာကြောင့် TNLA ပူးပေါင်း တပ်ဖွဲ့ အနေနဲ့ ကျောက်မဲမြို့ကနေ
ပြင်းပြင်းထန်ထန် ပြန်လည် ခုခံတိုက်ခိုက်မယ် ဆိုရင်လည်း မြို့ ထိခိုက် ပျက်စီးမှာကိုလည်း စိုးရိမ်တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်ကနေ ဩဂုတ်လ ၃၀ ရက်အတွင်း ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၉ ဦးသေဆုံးပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၈,၆၀၀ ကျော် တိုက်ပွဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစ စစ်ကောင်စီဘက်က မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရာ လမ်းမကို မဖြစ်မနေ ပြန်လည် ရယူနိုင်ဖို့ ထိုးစစ်ဆင်လာနေတာကို တွေ့ရပါတယ်။
ပုံ-စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းရွာ အနီး တောင်ဆေးလိပ်ရွာ ဗုံးကြဲခံရပုံ

🤬8👎2🖕2
သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက Y-12လေယာဉ်နဲ့ ဗုံးအလုံး ၄၀ကျော် ကြဲချတိုက်ခိုက်
🟥 ကလေးငယ်၂ဦးအပါ၀င် ပြည်သူ၇ဦးသေဆုံးပြီး ၄ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိ
BBM-စက်တင်ဘာ ၁၄
သတင်း-Richard
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် အနှံ့အပြားကို စစ်ကောင်စီက Y-12လေယာဉ်နဲ့ ဗုံးအလုံး၄၀ကျော်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၂ဦးအပါအ၀င် ပြည်သူစုစုပေါင်း၇ဦးသေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MDY PDFက ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၃ရက်နေ့ နေ့လယ်၁၂ခွဲ ၀န်းကျင်ခန့်မှာ သပိတ်ကျင်းမြိုနယ် ညောင်ပင်သာ ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီက Y-12လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၁ဦး အပါအ၀င် ပြည်သူ၅ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ညနေ၄နာရီ၀န်းကျင်မှာ သပိတ်ကျင်းမြို့နယ် နေရာအနှံံ့ကို စစ်ကောင်စီက ဗုံးအလုံး၄၀ ထပ်မံကြဲချတိုက်ခိုက်ခဲ့ခဲ့ရာ ကျောက်ဖျာကျေးရွာအနီးမှာ ကလေးငယ်၁ဦးနဲ့ အမျိုးသမီး၁ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်စည်းစိမ်တွေ ပျက်စီးလျက်ရှိတာကြောင့် အသိ၊ သတိနဲ့ နေထိုင်ကြဖို့ MDY PDFက ထုန်ပြန်ထားပါတယ်။
ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
#BBM #News #UpdateNews #Mandalay #Peopledefenseforce #Junta #Airstrike

🤬15👎2
မြန်မာနိင်ငံအတွက် UNHCR က အကူအညီတိုးမြှင့်ရန် တောင်းဆိုသော်လည်း ဆွီဒင်နိင်ငံကဖွံ့ဖြိုးရေးကူညီမှု ရပ်ဆိုင်းမယ်လို့ထုတ်ပြန်
BBM စက်တင်ဘာလ ၁၄
သတင်း ဦးထွန်း
မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းထံ တောင်းဆိုခဲ့သော်လည်း တစ်ဖက်တွင်မူ ဆွီဒင်နိုင်ငံက မြန်မာ့ဖွံ့ဖြိုးရေးဆိုင်ရာ ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
UNHCR မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီဟာ မြန်မာနိုင်ငံအတွင်း သုံးရက်ကြာ နေထိုင်ခဲ့ပြီး ပြည်တွင်းနေရပ်စွန့်ခွာရသူများနှင့် ငလျင်ဒဏ်သင့် ဒေသခံလူမှုအသိုင်းအဝိုင်းများထံ သွားရောက် လေ့လာချက်များအရ အကူအညီများ အရေးတကြီးလိုအပ်နေကြောင်းနဲ့ နိုင်ငံတကာမှ တိုးမြှင့်ကူညီပေးရန် လိုအပ်ကြောင်း UNHCR က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
UNHCR ရဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ ၈၈.၃ သန်း လိုအပ်သော်လည်း ယခုအချိန်အထိ လိုအပ်ချက်၏ ၃၃ ရာခိုင်နှုန်း သာ ရရှိသေးကြောင်း ဖော်ပြထားပါတယ်။
“ပြည်တွင်းမှာ နေရပ်စွန့်ခွာနေထိုင်ကြရတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေနဲ့ ဒေသတွင်းရှိတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးလိုအပ်ပြီး သူတို့ရရှိပိုင်ခွင့်ရှိတဲ့ ငြိမ်းချမ်းရေးနဲ့အတူပါလာတဲ့ ဘေးကင်းမှုနဲ့ လုံခြုံမှုကို တောင်းဆိုကြတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးတို့က မြန်မာနိုင်ငံ အကျပ် အတည်းကို အဖြေရှာရန် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရမယ်” လို့ မဟာမင်းကြီးက ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူညီများပေးအပ်သော ဥရောပသမဂ္ဂအဖွဲ့ဝင် ဆွီဒင်နိုင်ငံက လာမည့် ၂၀၂၆ ခုနှစ်တွင် ကူညီမှုများရပ်ဆိုင်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဆွီဒင်နိုင်ငံဟာ မီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့များအတွက် တစ်နှစ်လျှင် ဒေါ်လာ ၂ ဒသမ ၆၅ သန်းခန့်ထောက်ပံ့ခဲ့ပြီး ယခုကဲ့သို့ ဖြတ်တောက်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးများ ဖြစ်ပေါ်နိုင်ကာ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ့လူမှုအဖွဲ့အစည်းများ၊ သတင်းထောက်များနှင့် လူ့အခွင့်အရေး ကာကွယ်ရေးသမားများအတွက် ထိခိုက်နစ်နာမည်ဖြစ်ကြောင်း Human Right Myanmar ထုတ်ပြန်ချက်တွင် ပါဝင်ပါတယ်။
မြန်မာနိုင်ငံရှိပြည်သူများနဲ့ ဒေသအတွင်းရှိဒုက္ခသည်များကိုကူညီနိင်ရန်အတွက် နိုင်ငံတကာ အသိုင်း အဝိုင်းထံမှ ပိုမိုကြီးမားသောငွေကြေးပံ့ပိုးမှုလုပ်ဆောင်ပေးရန် လိုအပ်လျက်ရှိနေပါတယ်။

👍9🥰1