3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
ချောင်းမတိုက်ပွဲအတွင်း ခမရ(၁၆)မှ တပ်ကြပ်
နှစ်ယောက်အပါ သုံ့ပန်း(၄)ဦးနဲ့ ရုပ်အလောင်း (၇)လောင်းကို သိမ်းဆည်ရရှိ

🟥တိုက်ပွဲပြင်းထန်ပြီးနောက် စကစ ဘက်မှ Y-12ပစ်ကူခေါ်ကာ စစ်ကြောင်းပျက်ပြီးထွက်ပြေး

BBM-စက်တင်ဘာ၁၃
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ(၁၆)မှ တပ်ကြပ်နှစ်ဦးအပါအဝင် သုံ့ပန်း(၄)ဦးကို အရှင်ဖမ်းမိခဲ့ပြီး စစ်ကောင်စီရုပ်အလောင်း (၇)လောင်းကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က တပ်မ(၃၃)လက်အောက်ခံ ခမရ(၁၆)မှ ဗိုလ်မှူးသူရိန်ဦးဆောင်ပြီး အင်အားတစ်ရာကျော်နဲ့တပ်စွဲထားတဲ့ ချောင်းမကျေးရွာကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ အင်အားအလုံးအရင်းဖြင့် စကစ တပ်စွဲရာ ချောင်းမကျေးရွာထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၃နာရီနီးပါးခန့် ကြာအောင် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကြောင်းပျက်ကာ ထွက်ပြေးခဲ့ကြသလို တချို့စစ်သည်တွေလည်း ကျေးရွာအတွင်း ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။

ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ချအညံ့ခံဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ကမ်းလှမ်းမှုအချို့ပြုလုပ်ခဲ့ပေမဲ့လည်း လက်မခံခဲ့တာကြောင့် အဆိုပါပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။

"စက်တင်ဘာလ၁၁ရက်နေ့မှာ စတင်ကပ်တယ်ပေါ့နော် ရွာစပ်နားရောက်တဲ့အချိန် ထိတွေ့မှုဖြစ်ခဲ့တယ်ဗျ၊ ထိတွေ့မှုကကျွန်တော်တို့အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖိသိပ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ထိတွေ့မှု၂နာရီ၃နာရီလောက်ဖြစ်ခဲ့တယ်ဗျ၊ အဲ့မှာ ထွက်ပြေးတဲ့ခွေး(စစ်သား)တွေလည်းပြေးကြတယ်၊ ကျန်တဲ့ခွေးတွေ(စစ်သား)တွေကတော့ ထွက်မပြေးဘူး လက်နက်ချခိုင်းတာ (တချို့က)လက်နက်လဲ မချတဲ့အတွက် ကျွန်တော်တို့ပစ်ခတ်ရှင်းလင်းခဲ့တယ်"ဟု ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုခေါင်းဆောင် ကိုအံကြီးမှ BBM ကိုပြောပါတယ်။

ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကလည်း ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း လေကြောင်းမှ Y-12ပစ်ကူ ခေါ်ကာ လေယာဥ်ဖြင့်ဗုံးကြဲစေပြီးနောက် ဆုတ်ခွါထွက်ပြေးသွားတယ်လို့လည်း ၎င်းမှဆက်ပြောပါတယ်။

" တိုက်ပွဲဖြစ်နေတုန်း သူတို့ Y-12ပစ်ကူခေါ်တယ် Y-12ကနေ ချောင်းမရွာကို ပတ်ပြီးကြဲနေတဲ့အချိန်မှာ သူတို့တွေက(ကျန်နေတဲ့စစ်သားတွေ)အကုန်ထွက်သွားတယ်ပေါ့ ၊ Y-12ကိုရွာထဲကို ပတ်ကြဲခိုင်းထားပြီးတော့ ရွာပြင်ရောက်နေတဲ့ ခွေးတွေ(စစ်သားတွေ)က ထွက်ပြေးကြတယ်ပေါ့ဗျာ တကွဲတပြားစီပြေးကြတာပေါ့ သူတို့ တပ်ပျက်ပြီးတော့"

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပစ်ခတ်မှုတွေအပြီး တိုက်ပွဲဖြစ်ပွါးရာကျေးရွာတစ်ဝိုက်ကို ရှင်းလင်းမှုတွေလုပ်ဆောင်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရဲ့ရုပ်အလောင်းတွေအပြင် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းပိတ်မိကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သား(၃)ဦးနဲ့ ချောင်းမရွာအပြင်မှာ ပုန်းအောင်နေတဲ့ တပ်ကြပ်အဆင့် စစ်ကောင်စီတပ်သား(၁)ဦး စုစုပေါင်း(၄)ဦးတို့ကိုလည်း သုံ့ပန်းအဖြစ်အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။

"ရွာထဲက ကျန်ခဲ့တဲ့၊ မပြေးနိုင်တဲ့ စစ်သုံ့ပန်းတွေရတယ်၊ တပ်ကြပ်တစ်ယောက်ကတော့ လိုက်လံရှင်းလင်းတဲ့အခါမှာ ရွာ့ပြင်ကခြုံတစ်ခြုံထဲမှာတွေ့တယ်ဗျ"

အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလပထမအပတ်ကတည်းက မုံရွာအခြေစိုက် (နမခ)တိုင်းစစ်ဌာနချုပ်မှတဆင့် ချောင်းမကျေးရွာအတွင်းကို ဝင်ရောက်တပ်စွဲလာခဲ့တာဖြစ်ပြီး စစ်ကြောင်းရောက်ရှိပြီးတဲ့နောက် ဒေသခံပြည်သူအချို့ကို ဖမ်းဆီးတာတွေ၊ အနီးအနားဒေသတွေကို စစ်ကြောင်းထိုးရှင်းလင်းတာတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

Video-ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု

🟥ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုကို တိုက်ရိုက်ဆက်သွယ်လိုပါက အောက်ပါ linkမှတဆင့် ဆက်သွယ်နိုင်ပါတယ်။

https://www.facebook.com/share/1A6EMbyPep/?mibextid=wwXIfr
👍165
၁၂ နှစ်ကြာ ပိတ်ထားခဲ့တဲ့ မောင်တောမြို့မဂျာမာဗလီကြီးကို AA က ဖွင့်ပေး

BBM - စက်တင်ဘာ ၁၃
သတင်း - နိုင်နိုင်

နှစ်ပေါင်း ၁၂ နှစ်ကြာအောင် ပိတ်ထားခဲ့တဲ့ ရခိုင်ပြည်၊ မောင်တောမြို့၊ မြို့မဂျာမာဗလီကြီးကို အာရက္ခတပ်တော် AA က ပြန်လည်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ မြို့မဂျာမာဗလီဖွင့်ပွဲကြီး အခမ်းအနားကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်မှာ ပြုလုပ်ပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီဗလီကြီးဖွင့်ပွဲအခမ်းအနားမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ သင့်လျော်တဲ့ အာယာတော်ကို ရွတ်ဖတ်တာ၊ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတွေက အမှာစကားပြောကြားတာ၊ မွတ်ဆလင်ရေးရာ ကောင်စီဥက္ကဋ္ဌက ဗလီကြီးဖွင့်လှစ်ခြင်းအပေါ် ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားတာ၊ ဂျူရီအကြီးအကဲတွေက လူမှုသဟဇာတဖြစ်ရေးနဲ့ ပတ်သက်ပြီးပြောကြားတာ၊ ဗလီကြီးဂေါပကဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားတာ စတာတွေကို ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

"မြို့မဂျာမာဗလီကြီးကတော့ ပိတ်ထားတာ အရမ်းကိုကြာနေပါပြီ။ ၂၀၁၂ ခုနှစ် လူမျိုးရေး ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ပိတ်ထားခဲ့တာပါ။ တစ်ချို့ဆိုရင် ပျက်စီးနေတာတွေလည်း ရှိပါတယ်။ ဒါကို AA က ပြန်လည်မွမ်းပြီးတော့ လူမျိုးနှစ်ခုကြား သဟဇာတပိုမိုတိုးတက်ဖို့အတွက် ဖွင့်လှစ်ပေးတာဖြစ်ပါတယ် " လို့ မောင်တောမြို့ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

မြို့မဂျာမှာဗလီကြီး ဖွင့်ပွဲအခမ်းအနားကို အာရက္ခတပ်တော် AA က တာဝန်ရှိလူပုဂ္ဂိုလ်တွေ၊ ဂျူရီအဖွဲ့ဝင်တွေ၊ မောင်တောခရိုင် အစ္စလာမ်ရေးရာကောင်စီအဖွဲ့ဝင်တွေ၊ ဂျာမာဗလီဂေါပကအဖွဲ့နဲ့ ရခိုင်၊ သက္ကမ၊ မြို၊ ဟိန္ဒူ၊ မွတ်ဆလင် စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

မောင်တောမြို့၊ မြို့မဂျာမာဗလီကြီးကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ရခိုင်နဲ့ မွတ်ဆလင်လူမျိုး နှစ်ခုကြား လူမျိုးရေး ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းကစလို့ ပိတ်ပင်ထားခဲ့တာ ဖြစ်ပြီး အခုတဖန် အာရက္ခတပ်တော် AA က ပြန်လည်ဖွင့်လှစ်ပေးတာလည်း ဖြစ်ပါတယ်။

ပုံစာ - One Nation News
👍174
👍17
နီပေါတွင် ယာယီဝန်ကြီးချုပ်အသစ် ခန့်ထားပြီးနောက် မတ်လတွင် ရွေးကောက်ပွဲကျင်းပမည်

BBM-စက်တင်ဘာ၁၄

သီတင်းပတ်အတန်ကြာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက် နီပေါသမ္မတ ရမ်ချန်ဒရာ ပေါ်ဒယ်က ပါလီမန်ကို ဖျက်သိမ်းပြီး နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်ကို ခန့်ထားပြီးနောက် မတ်လ ၅ ရက်နေ့မှာ ရွေးကောက်ပွဲ အသစ်ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။

နီပေါဝန်ကြီးချုပ်ဟောင်း အိုလီရဲ့ အကျင့်ပျက်ခြစားမှုတွေကို တွန်းအားပေးဖို့ Gen Z ဦးဆောင်တဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အပြီးမှာ တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီက နိုင်ငံကို ကြားဖြတ် ယာယီအခြေခံဥပဒေနဲ့ အုပ်ချုပ်မယ်ဆိုပြီး စက်တင်ဘာလ ၁၂ရက် သောကြာနေ့နှောင်းပိုင်းမှာ ကြေငြာချက် ထုတ်ခဲ့ပါတယ်။

နီပေါသမ္မတဟာ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး လာမယ့်နှစ် မတ်လ ၅ ရက်နေ့ကို ရွေးကောက်ပွဲကျင်းပမဲ့နေ့အဖြစ် သတ်မှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နီပေါရဲ့နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး အုံကြွမှုနောက်ကွယ်မှာ လူ ၅၁ ဦးထက်မနည်း သေဆုံးပြီး ၁၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

နီပေါနိုင်ငံရဲ့ တောင်ပိုင်းအိမ်နီးချင်း အိန္ဒိယနိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုတွဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အထောက်အကူပြုမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

"နီပေါနိုင်ငံရဲ့ ကြားဖြတ်အစိုးရရဲ့ ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်နေတဲ့ လေးစားအပ်ပါတဲ့ ဆူရှီလာ ကာကီဂျီကို အိန္ဒိယနိုင်ငံဟာ နီပေါနိုင်ငံရဲ့ ညီအကို မောင်နှမတွေလို ငြိမ်းချမ်းရေး၊ တိုးတက်မှုနဲ့ သာယာဝပြောရေးအတွက် အပြည့်အဝ ကတိပြုပါတယ်" လို့ အိန္ဒိယ ၀န်ကြီးချုပ် နရင်ဒရာ မိုဒီက X တွင် ရေးသားခဲ့ပါတယ်။

နီပေါဆန္ဒပြပွဲတွေရဲ့အစဟာ ဆိုရှယ်မီဒီယာ ပိတ်ပင်မှုကို ပြန်လည်ရုတ်သိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

အင်္ဂါနေ့က ၀န်ကြီးချုပ်အိုလီ ရာထူးက နုတ်ထွက်ပြီးမှသာ အကြမ်းဖက်မှု ရပ်တန့်သွားခဲ့ပါတယ်။

နီပေါနိုင်ငံဟာ ၂၀၀၈ ခုနှစ်ကတည်းက ဘုရင်စနစ်ဖျက်သိမ်းပြီးခဲ့ပြီး နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရကာ အလုပ်အကိုင်ရှားပါးမှုကြောင့် အရှေ့အလယ်ပိုင်း၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့ကဲ့သို့သော အခြားနိုင်ငံတွေမှာ လူငယ်သန်းပေါင်းများစွာဟာ သွားရောက်အလုပ်လုပ်ကိုင်နေရပါတယ်။

စနေနေ့ကစလို့ တရုတ်နဲ့ အိန္ဒိယကြား ပိတ်လှောင်ခံထားရတဲ့ လူဦးရေ သန်း ၃၀ လောက်ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်ပြီး အင်္ဂါနေ့ကတည်းက တားမြစ်မိန့်တချို့ ထုတ်ထားပြီးနောက် မြို့တော်ခတ္တမန္ဒူမှာ စျေးဆိုင်တွေ ပြန်ဖွင့်နေကာ လမ်းမတွေပေါ် မော်တော်ကားတွေ ပြန်စည်လာတာကို တွေ့မြင်ရပါတယ်။

Reference-Reuters
ဘာသာပြန်-Richard
ပုံ-Reuters

#BBM #News #UpdateNews #Nepal #InterimGovernment #newprimeminister
👏142
👏13
မိုးလေဝသသတင်း

BBM စက်တင်ဘာလ ၁၄
သတင်း ဦးထွန်း

ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း-ဩရိဿပြည်နယ်‌တောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်း (Low Pressure Area) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိဿပြည်နယ်‌တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။

မကွေးတိုင်း၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုး ထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးတိုင်း မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီ တိုင်းနှင့် ချင်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။

မိုးလေဝသသတင်း အစီအစဥ်ကို မိုးလေဝသဌာန၊MOHADM နဲ့ Windy.com တို့မှရယူဖော်ပြထားပါသည်။
👍10
👍11
စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲကို ဇန်နဝါရီလအပြီး ပြုလုပ်မယ်လို့ UEC ကထုတ်ပြန်

BBM စက်တင်ဘာလ ၁၄
သတင်း ဦးထွန်း

စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီအပြီး ပြုလုပ်သွားမည်ဟု စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။

၂၀၂၅ခုနှစ် စက်တင်ဘာလ ၁၁ရက်တွင် နေပြည်တော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ သတင်းထုတ်ပြန်ရေးအစီအစဉ်၌ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက အထက်ပါအတိုင်းပြောကြားခဲ့သလို တရားမဝင်ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကာ ပြုလုပ်သွားမည်ဟုပြောကြားခဲ့ပါတယ်။

“ရွေးကောက်ပွဲကို ဖြစ်အောင် လုပ်မှာကတော့ သေချာတယ်။အခုပဲ ရွေးကောက်ပွဲဝင်မယ့်ပါတီတွေထဲက သူတို့ စိတ်မချတဲ့ပါတီတွေကို စရှင်းနေပြီ။ရွေးကောက်ပွဲဖြစ်လည်း တော်လှန်ရေးက အခုထက် ပိုအားကောင်းဖို့ပဲရှိတယ်။ ရွေးကောက်ပွဲဝင်တဲ့ပါတီတွေဟာ မင်းအောင်လှိုင်နဲ့ အမှုတွဲတွေပဲ။ တစ်ချိန် မှာ တရားစီရင်ရပါမယ်” လို့ နိင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက BBM ကိုပြောပါတယ်။

စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကို တစ်ပိုင်းနှင့်တစ်ပိုင်းကြား အလွန်ဆုံး ၂ ပတ်သာခြားမယ်လို့ ရွှေးကောက်ပွဲကော်မရှင်က ဆက်လက်ပြောပြထားပါတယ်။

ရွှေးကောက်ပွဲအတွက် သတ်မှတ်ပါတီဝင်ဦးရေမပြည့်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ၊ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် မပြည့်တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ (မွန်) နဲ့ ပြည်ထောင်စု လယ်သမားအလုပ်သမားအင်အားစုပါတီတို့ကို ဖျက်သိမ်းကြောင်း စက်တင်ဘာ ၉ ရက်တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ် ။တရားမဝင်ရွေးကောက်ပွဲ အပိုင်း၁ကို ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်တွင် ပြုလုပ်မယ်လို့ သိရပါတယ်။
👎12🤣5
👎15🖕3
စစ်ကောင်စီဟာ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ကျောက်မဲမြို့ အနီး ၆ မိုင်ခန့် အကွာအထိ ရောက်ရှိလာနေ

BBM-စက်တင်ဘာ ၁၄
သတင်း- PJ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက် ကုန်သွယ်ရာ လမ်းမ ပေါ်မှာရှိတဲ့ ကျောက်မဲမြို့နဲ့ အနီး ၆ မိုင်ခန့် အကွာအထိ စက်တင်ဘာလ ၁၂ ရက်နေ့ ကစ စစ်ကောင်စီတွေ ရောက်ရှိလာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ကျောက်မဲ မြို့အနီး ၆ မိုင်ခန့် အကွာအထိ စစ်ကောင်စီတွေ ရောက်လာတယ်။ မနေ့ညက ဒရုန်းတွေ၊ လက်နက်ကြီးတွေ အပြင် Y12 နဲ့ပါ ဗုံး ကြဲနေသံ ကြားရတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

ဗုံးကြဲ တိုက်ခိုက်၊ လက်နက်ကြီး ပစ်ခတ်တဲ့ နေရာတွေက ကျောက်မဲ အနီး ခိုက်တုန်ဟုန်း၊ ကောင်းမူးလိန်၊ မိုင်းလင်း၊ နမ့်ဆော့ ရွာတွေဘက်လို့ ယူဆရပြီး ဗုံး အလုံး ၈၀ ခန့် ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဒရုန်းကို အဓိက အသုံးပြုပြီး စစ်ကြောင်းတွေကို ရှေ့ထပ်တိုးလာနိုင်ဖို့ လမ်းကြောင်းရှင်းနေတာ ဖြစ်မယ်လို့ သူက ပြောပါတယ်။

“လေကြောင်းနဲ့ ဒရုန်းတွေ တရစပ် သုံးနေရင် စစ်ကောင်စီတွေ ရက်ပိုင်းအတွင်း ကျောက်မဲမြို့ ရောက်လာနိုင်ခြေ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်နက် အင်အားမှ မမျှတာ” လို့ နောက်ထပ်ဒေသခံ တစ်ဦးက ပြောပါတယ်။

TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်က စစ်သည် အင်အားရော လက်နက်အင်အားပါ မမျှတော့တာကြောင့် ခုခံ ကာကွယ်နိုင်ဖို့ မလွယ်ကူ လောက်တော့ဘူးလို့ ယူဆရကြောင်း သူက ပြောပါတယ်။

စစ်ကောင်စီ ဘက်က လက်ရှိ အသာစီး ရနေတဲ့ အခြေအနေဖြစ်တာကြောင့် TNLA ပူးပေါင်း တပ်ဖွဲ့ အနေနဲ့ ကျောက်မဲမြို့ကနေ
ပြင်းပြင်းထန်ထန် ပြန်လည် ခုခံတိုက်ခိုက်မယ် ဆိုရင်လည်း မြို့ ထိခိုက် ပျက်စီးမှာကိုလည်း စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်ကနေ ဩဂုတ်လ ၃၀ ရက်အတွင်း ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၉ ဦးသေဆုံးပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၈,၆၀၀ ကျော် တိုက်ပွဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစ စစ်ကောင်စီဘက်က မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရာ လမ်းမကို မဖြစ်မနေ ပြန်လည် ရယူနိုင်ဖို့ ထိုးစစ်ဆင်လာနေတာကို တွေ့ရပါတယ်။
ပုံ-စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းရွာ အနီး တောင်ဆေးလိပ်ရွာ ဗုံးကြဲခံရပုံ
🤬8👎2🖕2
👎10😢3🤬2