AA ကမ်းခြေစောင့် တပ်ဖွဲ့ဝင်နှစ်ဦးကို ဘင်္ဂလားဒေရှ့်ငါးခိုးဖမ်းတွေက သတ်ဖြတ်ကာ လက်နက်တွေပါယူဆောင်ပြီး ထွက်ပြေးသွား
BBM - စက်တင်ဘာ ၁၃
သတင်း - နိုင်နိုင်
ရခိုင်ပင်လယ်ပြင်ကို ဝင်ရောက်ကာ ငါးခိုးဖမ်းတဲ့ ဘုတ်တွေကို အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးဖို့အတွက် ခေါ်ဆောင်လာစဥ် အကြမ်းဖက်သမားတွေလိုက်ပါလာတဲ့ ဘုတ်တစ်စီးက သူတွေဟာ AA တပ်ဖွဲ့ရဲ့ လုံခြုံရေးအရာရှိတစ်ဦးနဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တစ်ဦးတို့ကို သတ်ဖြတ်ကာ လက်နက်တွေကိုပါ ယူဆောင်ပြီး ဘင်္ဂလားဒေရှ့်ရေပိုင်နက်ထဲကို ထွက်ပြေးသွားကြတယ်လို့ အာရက္ခတပ်တော် AA က စက်တင်ဘာလ ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ (၁၀) ရက်နေ့၊ နေ့လယ် (၁) နာရီကျော်အချိန်မှာ ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုးတန်ကောက်ကျေးရွာရဲ့ အနောက်ဘက် (၆.၇၅) ကီလိုမီတာခန့် အကွာအဝေးနဲ့ ချိန်ခါလီကျေးရွာရဲ့အနောက်ဘက် (၆.၇၂) ကီလိုမီတာခန့်အကွာအဝေးမှာ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် အစီး (၈၀) ခန့်မှာ ရခိုင်ရေပိုင်နက်အတွင်းကို တရားမဝင်ကျူးကျော်ဝင်
ရောက် ငါးခိုးဖမ်းခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဆိုပါ ငါးခိုးဖမ်းဘုတ်တွေကို အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာ ငါးခိုးဖမ်းဘုတ် (၅) စီးကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်ဖို့အတွက် ကမ်းစပ်ကို ညနေ (၇) နာရီခန့်အချိန်မှာ ခေါ်ဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော် AA က ဖမ်းဆီးရမိတဲ့ ငါးခိုးဖမ်းဘုတ် (၅) စီးကို ကမ်းစပ်ကိုခေါ်ဆောင်လာစဥ် အဲဒီဘုတ်တွေအထဲက ငါးဖမ်းသမားတွေအဖြစ် ဟန်ဆောင်လိုက်ပါလာတဲ့ အကြမ်းဖက်သမားတွေပါဝင်တဲ့ ငါးခိုးဖမ်းဘုတ် (၁) စီးက အကြမ်းဖက်သမားတွေဟာ ကမ်းခြေလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ AA တပ်ဖွဲ့ အရာရှိတစ်ဦးနဲ့ ကမ်းခြေစောင်တပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ကာ လက်နက်တွေကိုပါ လုယူပြီးတော့ တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံ ရေပိုက်နက်ထဲကို ထွက်ပြေးသွားခဲ့ကြတာ ဖြစ်
တယ်လို့ AA က ဆိုထားပါတယ်။
တစ်ဖက် ဘင်္ဂလားဒေရှ့်ငါးခိုးဖမ်းသမားတွေရဲ့ အခုလုပ်ရပ်ဟာ ရခိုင်ရေပိုင်နက်အတွင်းကို အစုလိုက်အပြုံလိုက် ဗြောင်ကျကျ ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းရုံသာမကဘဲ ကမ်းခြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသူတွေကိုပါ သတ်ဖြတ်ပြီး လက်နက်လုယူခြင်းဟာ အကြမ်းဖက်လုပ်ရပ်မျိုးဖြစ်ပြီး အာရက္ခတပ်တော် AA အနေနဲ့လည်း ထိထိရောက်ရောက် ကိုင်တွယ်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထား
ပါတယ်။
ရခိုင်ရေပိုင်နက်အတွင်းကို တရားမဝင်ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းတဲ့သူတွေကို အာရက္ခတပ်တော် AA က ဖမ်းဆီးစစ်ဆေးခဲ့တာဟာ အကြိမ်ပေါင်းမြောက်များစွာရှိခဲ့တာဖြစ်ပြီး နှစ်ဖက်အပြန်အလှန် လေးစားမှုနဲ့ ငါးဖမ်းသမားတွေကို အကြိမ်ကြိမ်ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကာ အကြိမ်ကြိမ်လည်း သတိပေးခဲ့တယ်လို့ AA က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ကလည်း မောင်တောမြို့နယ် ဥဒေါင်းချောင်းဝရဲ့ အနောက်ဘက်ကမ်းခြေနဲ့ မီတာ ၈၀၀ အကွာမှာ ငါးဖမ်းဘုတ် တစ်စီး၊ သာယာတောရွာပျက်ရဲ့ အနောက်ဘက်ကမ်းခြေနဲ့မီတာ ၃၀၀ ခန့် အကွာအဝေး တစ်စီးနဲ့ ဂြင်းတောချောင်းဝအောက် မီတာ ၈၀၀ ခန့်အကွာအဝေးမှာ တစ်စီး စုစုပေါင်းငါးဖမ်းဘုတ် ၃ စီးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ AA က ဆိုထားပါတယ်။

👎5🤬5❤1👍1
CP ကြက်စာစျေးမြှင့်တက်မှုနဲ့ ကြက်ခြံပြုပြင်ရေးစရိတ်များမြှင့်တက်လာမှုကြောင့် ရင်နှီးမြှုပ်နှံသူများထက်ဝက်ကျော်ကျဆင်း
BBM စက်တင်ဘာလ ၁၃
သတင်း ဦးထွန်း
“CP ကြက်စာဈေး မြင့်တက်လာတဲ့အပြင် ကြက်ခြံပြု ပြင် တည်ဆောက်ရတဲ့ ဝါးဓနိကအစ ဈေးတက်တယ်၊ အခြားဝန်ဆောင်မှုစရိတ်တွေက များလာတယ်၊ ပျက်စီးဆုံးရှုံးမှုဖြစ်ရင် ပြန်မတည်ဖို့ကခက်ခဲကြလို့ ရင်းနှီးမြှုပ်နှံမှုကို လျော့ထားကြတယ်” လို့ မှော်ဘီမှ ကြက်မွေးမြူရေးလုပ်ငန်းရှင်တဦးက BBM ကိုပြောပါတယ်။
ရန်ကုန်တိုင်း အတွင်းမှာအသားတိုး(အသားစား) CPကြက်မွေးမြူရေးလုပ်ငန်း တနိုင်တပိုင် လုပ်ကိုင်သူ နဲ့ စီးပွားဖြစ်လုပ်ကိုင်သူတွေ ထက်ဝက်နီးပါး လျော့ ကျလာပါတယ်။
CP အသားတိုး(အသားစား)ကြက်မွေးမြူရေးလုပ်ငန်း တနိုင်တပိုင် လုပ်ကိုင်သူ နဲ့ စီးပွားဖြစ်လုပ်ကိုင်သူတွေ ၄၃ ရာခိုင်နှုန်းနီးပါး လျော့ကျလာတယ်လို့ တိ/ မွေးကု ဦးစီးဌာနရဲ့ ဩဂုတ်လ မှတ်တမ်းအရ သိရပါတယ်။
အသားတိုး(အသားစား)ကြက်မွေးမြူရေးလုပ်ငန်း ရဲ့ ရင်းနှီးမြှုပ်နှံမှု ၇၀ ရာ ခိုင်နှုန်း ဖြစ်ပြီးပြည်ပက တင်သွင်းရတဲ့ CPကြက်စာတွေ ဈေးနှုန်းတက်ပြီး ဝယ်ယူရခက်ခဲတာ၊ ပြည်တွင်းဖြစ် အစားထိုးကြက် စာတွေ ဖြစ်တဲ့ ဖွဲနု၊ စကွဲ ၊ပြောင်းဆံ ၊ပဲပုပ်ဖတ်တို့ ထုတ်လုပ်မှုနှုန်းကျပြီး ဈေးတက်လာတာကြောင့် အသား တိုး(အသားစား)ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေ လျော့ကျလာတယ်လို့ သိရပါတယ်။
အသားတိုး(အသားစား)ကြက်မွေးမြူရေး လုပ်ငန်းဟာ ၄၅ ရက် အချိန်တိုအတွင်း ငွေပြန်ပေါ်နိုင်တဲ့ လုပ်ငန်းမျိုးဖြစ်ပေမယ့် ရင်းနှီးမြှုပ်နှံမှုကြီးမားပြီး ကြက်တွေရောဂါပိုးဝင်လို့ ခြံလုံးပြုတ်ပျက်စီးတာ၊ ငွေကြေး ၊ သွင်းအားစု ဈေးနှုန်း နဲ့ ဒေသတွင်း နိုင်ငံ ရေး စစ်ရေး မတည်ငြိမ်တာတွေ ၊တရားဥပဒေ စိုးမိုးမှု မရှိတာတွေက အသားတိုးကြက်မွေးမြူရေး လုပ်ငန်း ရဲ့ အမှားမခံ နိုင်တဲ့ စိန်ခေါ်မှုတွေပါ။
အသားတိုး(အသားစား)ကြက်မွေးမြူရေး လုပ်ငန်းတွေ လျော့ကျလာတာ ကြောင့် ကြက်သား ထုတ် လုပ်မှုလျော့ကျပြီး ကြက်သားရောင်း လက်လီ ဈေး နှုန်းတွေကလည်း တပိသာ တသောင်းလေးထောင် ဈေးကနေ တပိသာ နှစ် သောင်း ဈေးအထိ မြင့်တက်လာပါတယ်။
“ကြက်သားဈေးကတက်လာတယ် ပြီးတော့ အချို့တွေက စီပီကြက်သားကို ကျန်းမာရေး နဲ့မညီညွှတ် ဘူး ဆိုပြီး သိပ်ဝယ်မစားကြဘူး၊ စားသုံးတာ နည်း လာတယ်၊ကြက်သားကို ပုံမှန် ဝယ်ချက်စားနေကြတာ မဟုတ်ဘူးလေ အဲတော့ ပစ္စည်းကျန်တဲ့အခါ ငွေပေါ် ဈေးလျော့ရောင်းရတော့ အရှုံးပေါ် တော့ တာပါပဲ” လို့ ကြက်သားလက်လီလက်ကားရောင်းချသူတစ်ဦးက ပြောပါတယ်။
ပြည်ပကနေ သားပေါက်တွေ တင်သွင်းမွေးမြူတဲ့ စီပီကြက်သား မစားလိုသူတွေဟာ သဘာဝအစာတွေ နဲ့ မွေးမြူတဲ့ ကြက်နီ ၊ငွေနားဖြူ၊ စစ်တကောင်း စတဲ့ ဗမာကြက်သား တွေကို ဝယ်ယူ စားသုံး ကြတဲ့ အ တွက် ဗမာကြက်သား လက်လီလက်ကားရောင်း ဈေးကလည်း တစ်ပိသာ ကျပ် ၃၂၀၀၀ အထိ ဈေးတက်လာပါတယ်။
မှော်ဘီ၊ တိုက်ကြီးမြို့နယ်တို့ အပါအ ဝင် ရန်ကုန်တိုင်းအတွင်း က မွေးမြူထုတ်လုပ်တဲ့ စီပီကြက် နဲ့ ဗမာကြက် အရှင်တွေ ကို ဒေသတွင်း မှာ ရောင်းဝယ် ဖေါက်ကားရုံသာမက ပုဇွန်တောင်မြို့နယ် ကြက်/ ဘဲဈေးကွက်ကိုလည်းတင်ပို့ရောင်းချကြတယ်လို့ သိရပါတယ်။

👍10❤1
ချောင်းမတိုက်ပွဲအတွင်း ခမရ(၁၆)မှ တပ်ကြပ်
နှစ်ယောက်အပါ သုံ့ပန်း(၄)ဦးနဲ့ ရုပ်အလောင်း (၇)လောင်းကို သိမ်းဆည်ရရှိ
🟥တိုက်ပွဲပြင်းထန်ပြီးနောက် စကစ ဘက်မှ Y-12ပစ်ကူခေါ်ကာ စစ်ကြောင်းပျက်ပြီးထွက်ပြေး
BBM-စက်တင်ဘာ၁၃
သတင်း-မင်းသော်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီ ခမရ(၁၆)မှ တပ်ကြပ်နှစ်ဦးအပါအဝင် သုံ့ပန်း(၄)ဦးကို အရှင်ဖမ်းမိခဲ့ပြီး စစ်ကောင်စီရုပ်အလောင်း (၇)လောင်းကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က တပ်မ(၃၃)လက်အောက်ခံ ခမရ(၁၆)မှ ဗိုလ်မှူးသူရိန်ဦးဆောင်ပြီး အင်အားတစ်ရာကျော်နဲ့တပ်စွဲထားတဲ့ ချောင်းမကျေးရွာကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ အင်အားအလုံးအရင်းဖြင့် စကစ တပ်စွဲရာ ချောင်းမကျေးရွာထဲအထိ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ၃နာရီနီးပါးခန့် ကြာအောင် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကြောင်းပျက်ကာ ထွက်ပြေးခဲ့ကြသလို တချို့စစ်သည်တွေလည်း ကျေးရွာအတွင်း ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။
ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ချအညံ့ခံဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ကမ်းလှမ်းမှုအချို့ပြုလုပ်ခဲ့ပေမဲ့လည်း လက်မခံခဲ့တာကြောင့် အဆိုပါပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။
"စက်တင်ဘာလ၁၁ရက်နေ့မှာ စတင်ကပ်တယ်ပေါ့နော် ရွာစပ်နားရောက်တဲ့အချိန် ထိတွေ့မှုဖြစ်ခဲ့တယ်ဗျ၊ ထိတွေ့မှုကကျွန်တော်တို့အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖိသိပ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ထိတွေ့မှု၂နာရီ၃နာရီလောက်ဖြစ်ခဲ့တယ်ဗျ၊ အဲ့မှာ ထွက်ပြေးတဲ့ခွေး(စစ်သား)တွေလည်းပြေးကြတယ်၊ ကျန်တဲ့ခွေးတွေ(စစ်သား)တွေကတော့ ထွက်မပြေးဘူး လက်နက်ချခိုင်းတာ (တချို့က)လက်နက်လဲ မချတဲ့အတွက် ကျွန်တော်တို့ပစ်ခတ်ရှင်းလင်းခဲ့တယ်"ဟု ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုခေါင်းဆောင် ကိုအံကြီးမှ BBM ကိုပြောပါတယ်။
ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကလည်း ပစ်ခတ်မှုဖြစ်နေစဥ်အတွင်း လေကြောင်းမှ Y-12ပစ်ကူ ခေါ်ကာ လေယာဥ်ဖြင့်ဗုံးကြဲစေပြီးနောက် ဆုတ်ခွါထွက်ပြေးသွားတယ်လို့လည်း ၎င်းမှဆက်ပြောပါတယ်။
" တိုက်ပွဲဖြစ်နေတုန်း သူတို့ Y-12ပစ်ကူခေါ်တယ် Y-12ကနေ ချောင်းမရွာကို ပတ်ပြီးကြဲနေတဲ့အချိန်မှာ သူတို့တွေက(ကျန်နေတဲ့စစ်သားတွေ)အကုန်ထွက်သွားတယ်ပေါ့ ၊ Y-12ကိုရွာထဲကို ပတ်ကြဲခိုင်းထားပြီးတော့ ရွာပြင်ရောက်နေတဲ့ ခွေးတွေ(စစ်သားတွေ)က ထွက်ပြေးကြတယ်ပေါ့ဗျာ တကွဲတပြားစီပြေးကြတာပေါ့ သူတို့ တပ်ပျက်ပြီးတော့"
တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပစ်ခတ်မှုတွေအပြီး တိုက်ပွဲဖြစ်ပွါးရာကျေးရွာတစ်ဝိုက်ကို ရှင်းလင်းမှုတွေလုပ်ဆောင်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရဲ့ရုပ်အလောင်းတွေအပြင် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်းပိတ်မိကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သား(၃)ဦးနဲ့ ချောင်းမရွာအပြင်မှာ ပုန်းအောင်နေတဲ့ တပ်ကြပ်အဆင့် စစ်ကောင်စီတပ်သား(၁)ဦး စုစုပေါင်း(၄)ဦးတို့ကိုလည်း သုံ့ပန်းအဖြစ်အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။
"ရွာထဲက ကျန်ခဲ့တဲ့၊ မပြေးနိုင်တဲ့ စစ်သုံ့ပန်းတွေရတယ်၊ တပ်ကြပ်တစ်ယောက်ကတော့ လိုက်လံရှင်းလင်းတဲ့အခါမှာ ရွာ့ပြင်ကခြုံတစ်ခြုံထဲမှာတွေ့တယ်ဗျ"
အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလပထမအပတ်ကတည်းက မုံရွာအခြေစိုက် (နမခ)တိုင်းစစ်ဌာနချုပ်မှတဆင့် ချောင်းမကျေးရွာအတွင်းကို ဝင်ရောက်တပ်စွဲလာခဲ့တာဖြစ်ပြီး စစ်ကြောင်းရောက်ရှိပြီးတဲ့နောက် ဒေသခံပြည်သူအချို့ကို ဖမ်းဆီးတာတွေ၊ အနီးအနားဒေသတွေကို စစ်ကြောင်းထိုးရှင်းလင်းတာတွေပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
Video-ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု
🟥ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုကို တိုက်ရိုက်ဆက်သွယ်လိုပါက အောက်ပါ linkမှတဆင့် ဆက်သွယ်နိုင်ပါတယ်။
https://www.facebook.com/share/1A6EMbyPep/?mibextid=wwXIfr

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍16❤5
၁၂ နှစ်ကြာ ပိတ်ထားခဲ့တဲ့ မောင်တောမြို့မဂျာမာဗလီကြီးကို AA က ဖွင့်ပေး
BBM - စက်တင်ဘာ ၁၃
သတင်း - နိုင်နိုင်
နှစ်ပေါင်း ၁၂ နှစ်ကြာအောင် ပိတ်ထားခဲ့တဲ့ ရခိုင်ပြည်၊ မောင်တောမြို့၊ မြို့မဂျာမာဗလီကြီးကို အာရက္ခတပ်တော် AA က ပြန်လည်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
အဆိုပါ မြို့မဂျာမာဗလီဖွင့်ပွဲကြီး အခမ်းအနားကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၉ နာရီခွဲအချိန်မှာ ပြုလုပ်ပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီဗလီကြီးဖွင့်ပွဲအခမ်းအနားမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ သင့်လျော်တဲ့ အာယာတော်ကို ရွတ်ဖတ်တာ၊ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတွေက အမှာစကားပြောကြားတာ၊ မွတ်ဆလင်ရေးရာ ကောင်စီဥက္ကဋ္ဌက ဗလီကြီးဖွင့်လှစ်ခြင်းအပေါ် ဝမ်းမြောက်ကျေးဇူးတင်စကားပြောကြားတာ၊ ဂျူရီအကြီးအကဲတွေက လူမှုသဟဇာတဖြစ်ရေးနဲ့ ပတ်သက်ပြီးပြောကြားတာ၊ ဗလီကြီးဂေါပကဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားတာ စတာတွေကို ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
"မြို့မဂျာမာဗလီကြီးကတော့ ပိတ်ထားတာ အရမ်းကိုကြာနေပါပြီ။ ၂၀၁၂ ခုနှစ် လူမျိုးရေး ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ပိတ်ထားခဲ့တာပါ။ တစ်ချို့ဆိုရင် ပျက်စီးနေတာတွေလည်း ရှိပါတယ်။ ဒါကို AA က ပြန်လည်မွမ်းပြီးတော့ လူမျိုးနှစ်ခုကြား သဟဇာတပိုမိုတိုးတက်ဖို့အတွက် ဖွင့်လှစ်ပေးတာဖြစ်ပါတယ် " လို့ မောင်တောမြို့ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
မြို့မဂျာမှာဗလီကြီး ဖွင့်ပွဲအခမ်းအနားကို အာရက္ခတပ်တော် AA က တာဝန်ရှိလူပုဂ္ဂိုလ်တွေ၊ ဂျူရီအဖွဲ့ဝင်တွေ၊ မောင်တောခရိုင် အစ္စလာမ်ရေးရာကောင်စီအဖွဲ့ဝင်တွေ၊ ဂျာမာဗလီဂေါပကအဖွဲ့နဲ့ ရခိုင်၊ သက္ကမ၊ မြို၊ ဟိန္ဒူ၊ မွတ်ဆလင် စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
မောင်တောမြို့၊ မြို့မဂျာမာဗလီကြီးကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ရခိုင်နဲ့ မွတ်ဆလင်လူမျိုး နှစ်ခုကြား လူမျိုးရေး ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းကစလို့ ပိတ်ပင်ထားခဲ့တာ ဖြစ်ပြီး အခုတဖန် အာရက္ခတပ်တော် AA က ပြန်လည်ဖွင့်လှစ်ပေးတာလည်း ဖြစ်ပါတယ်။
ပုံစာ - One Nation News

👍17❤4
နီပေါတွင် ယာယီဝန်ကြီးချုပ်အသစ် ခန့်ထားပြီးနောက် မတ်လတွင် ရွေးကောက်ပွဲကျင်းပမည်
BBM-စက်တင်ဘာ၁၄
သီတင်းပတ်အတန်ကြာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးနောက် နီပေါသမ္မတ ရမ်ချန်ဒရာ ပေါ်ဒယ်က ပါလီမန်ကို ဖျက်သိမ်းပြီး နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်ကို ခန့်ထားပြီးနောက် မတ်လ ၅ ရက်နေ့မှာ ရွေးကောက်ပွဲ အသစ်ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။
နီပေါဝန်ကြီးချုပ်ဟောင်း အိုလီရဲ့ အကျင့်ပျက်ခြစားမှုတွေကို တွန်းအားပေးဖို့ Gen Z ဦးဆောင်တဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အပြီးမှာ တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီက နိုင်ငံကို ကြားဖြတ် ယာယီအခြေခံဥပဒေနဲ့ အုပ်ချုပ်မယ်ဆိုပြီး စက်တင်ဘာလ ၁၂ရက် သောကြာနေ့နှောင်းပိုင်းမှာ ကြေငြာချက် ထုတ်ခဲ့ပါတယ်။
နီပေါသမ္မတဟာ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး လာမယ့်နှစ် မတ်လ ၅ ရက်နေ့ကို ရွေးကောက်ပွဲကျင်းပမဲ့နေ့အဖြစ် သတ်မှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နီပေါရဲ့နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး အုံကြွမှုနောက်ကွယ်မှာ လူ ၅၁ ဦးထက်မနည်း သေဆုံးပြီး ၁၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
နီပေါနိုင်ငံရဲ့ တောင်ပိုင်းအိမ်နီးချင်း အိန္ဒိယနိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုတွဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အထောက်အကူပြုမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
"နီပေါနိုင်ငံရဲ့ ကြားဖြတ်အစိုးရရဲ့ ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်နေတဲ့ လေးစားအပ်ပါတဲ့ ဆူရှီလာ ကာကီဂျီကို အိန္ဒိယနိုင်ငံဟာ နီပေါနိုင်ငံရဲ့ ညီအကို မောင်နှမတွေလို ငြိမ်းချမ်းရေး၊ တိုးတက်မှုနဲ့ သာယာဝပြောရေးအတွက် အပြည့်အဝ ကတိပြုပါတယ်" လို့ အိန္ဒိယ ၀န်ကြီးချုပ် နရင်ဒရာ မိုဒီက X တွင် ရေးသားခဲ့ပါတယ်။
နီပေါဆန္ဒပြပွဲတွေရဲ့အစဟာ ဆိုရှယ်မီဒီယာ ပိတ်ပင်မှုကို ပြန်လည်ရုတ်သိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။
အင်္ဂါနေ့က ၀န်ကြီးချုပ်အိုလီ ရာထူးက နုတ်ထွက်ပြီးမှသာ အကြမ်းဖက်မှု ရပ်တန့်သွားခဲ့ပါတယ်။
နီပေါနိုင်ငံဟာ ၂၀၀၈ ခုနှစ်ကတည်းက ဘုရင်စနစ်ဖျက်သိမ်းပြီးခဲ့ပြီး နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရကာ အလုပ်အကိုင်ရှားပါးမှုကြောင့် အရှေ့အလယ်ပိုင်း၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့ကဲ့သို့သော အခြားနိုင်ငံတွေမှာ လူငယ်သန်းပေါင်းများစွာဟာ သွားရောက်အလုပ်လုပ်ကိုင်နေရပါတယ်။
စနေနေ့ကစလို့ တရုတ်နဲ့ အိန္ဒိယကြား ပိတ်လှောင်ခံထားရတဲ့ လူဦးရေ သန်း ၃၀ လောက်ဟာ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်ပြီး အင်္ဂါနေ့ကတည်းက တားမြစ်မိန့်တချို့ ထုတ်ထားပြီးနောက် မြို့တော်ခတ္တမန္ဒူမှာ စျေးဆိုင်တွေ ပြန်ဖွင့်နေကာ လမ်းမတွေပေါ် မော်တော်ကားတွေ ပြန်စည်လာတာကို တွေ့မြင်ရပါတယ်။
Reference-Reuters
ဘာသာပြန်-Richard
ပုံ-Reuters
#BBM #News #UpdateNews #Nepal #InterimGovernment #newprimeminister

👏14❤2