ထိုင်းမိန်းကလေးတစ်ဦးကို ခရီးဆောင်အိတ်ထဲထည့်ပြီး လူသတ်အလောင်းဖျောက်ခဲ့မှုနဲ့ ဩစတြေးလျနိုင်ငံသားကို ဖမ်းဆီး
BBM- ဇွန် ၂၈
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အသက် ၁၇ နှစ်အရွယ် ထိုင်းမိန်းကလေးတစ်ဦးကို ခရီးဆောင်အိတ်ထဲ ထည့်ပြီး လူသတ်အလောင်းဖျောက်ခဲ့မှုနဲ့ ဩစတြေးလျနိုင်ငံသားကို ဇွန်လ ၂၆ရက်၊ ည ၉နာရီ၀န်းကျင် သုဝဏ္ဏဘူမိလေဆိပ်မှာ
ဖမ်းဆီးခဲ့ပါတယ်။
ပတ္တရားမြို့မရဲစခန်းက ၁၇ နှစ်အရွယ်
နောင့်ကိတ် (ခေါ်) ထန်ချနော့ ဒွန်ဟွန်မ်လာ့ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အဆိုပါအမျိုးသားကို ပြည်ပသို့ ထွက်ခွာခွင့်မပြုဖို့ တားမြစ်ချက် (Watch Notice) ထုတ်ပြန်ထားတာကို ကွန်ပျူတာစနစ်မှာ သတိပေးချက် ပြခဲ့တာကြောင့် ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူဟာ အသက် ၄၆ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဆိုင်မွန် ပီတာ ကာမန် (Simon Peter Carman)ဆိုသူ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးအရာရှိတွေရဲ့ အဆိုအရ သံသယရှိသူ ကာမန်ဟာ ပတ္တရားရှိ ကွန်ဒိုတစ်ခုကနေ ခရီးဆောင်အိတ်တစ်လုံးကို ဆွဲထုတ်လာတဲ့ CCTV မှတ်တမ်းကို အဓိကသက်သေအဖြစ် ရရှိခဲ့ပြီးနောက် ၎င်းကို လူဝင်မှုကြီးကြပ်ရေးက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ကာမန်ရဲ့ ထွက်ဆိုချက်အရ ပတ္တရားရှိ ရထားလမ်းဘေး တောအုပ်အတွင်း စွန့်ပစ်ထားတဲ့ ခရီးဆောင်အိတ်အတွင်းကနေ ပျောက်ဆုံးနေသူ မိန်းကလေးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပတ္တရားရောက်မှသာ သိကျွမ်းခဲ့တဲ့ သေဆုံးသူမိန်းကလေးနဲ့ ကွန်ဒိုကို အတူလိုက်ပါလာခဲ့ပြီး ငွေကြေး ၁,၀၀၀ ဘတ်ပေးဖို့ ကနဦးသဘောတူခဲ့ပေမယ့် အဆိုပါအမျိုးသားက ၅၀၀ ဘတ်သာ ပေးခဲ့တာကြောင့် အငြင်းပွားမှု စတင်ခဲ့ပြီး မိန်းကလေးက ဓားနဲ့ ခြိမ်းခြောက်ကာ ငွေပိုတောင်းတာကြောင့် ခုခံလုံးထွေးရင်း သေဆုံးသွားခဲ့ကြောင်း ဖမ်းဆီးရမိသူက ထွက်ဆိုပါတယ်။
ဒါပေမဲ့ အဆိုပါထွက်ဆိုချက်ဟာ တစ်ဖက်သတ် ဆင်ခြေပေးချက်သာဖြစ်ပြီး အမှန်တရားအဖြစ် အတည်မပြုနိုင်သေးကြောင်း ပတ္တရားရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
ကွန်ဒိုအတွင်းကနေ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေ၊ CCTV မှတ်တမ်းတွေနဲ့ မှုခင်းဆေးပညာဆိုင်ရာ ရင်ခွဲစစ်ဆေးချက် အဖြေတွေကို တိုက်ဆိုင်စစ်ဆေးပြီး လူသတ်မှု၊အလောင်းဖျောက်ဖျက်မှုတို့နဲ့ ထိရောက်စွာ တရားစွဲဆိုနိုင်ဖို့
ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
Reference - The Nation Thailand
Translation - Alice
https://www.facebook.com/share/p/1R53kmCaBt/

👏2
အင်္ဂလန်အသင်းသမိုင်းမှာ ကမ္ဘာ့ဖလားဂိုးအများဆုံးဖြစ်လာတဲ့ ဟာရီကိန်း
BBM - ဇွန် ၂၈
အင်္ဂလန်အသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ အသင်းရဲ့ကမ္ဘာ့ဖလားသမိုင်းမှာ ဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
ဟာရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၁၁ ဂိုးအထိ ရှိလာခဲ့တာပါ။
ဂန္ထဝင်တိုက်စစ်မှူး ဂယ်ရီလိုင်နီကာ ၁၉၈၆နဲ့ ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ရပ်မှာ သွင်းယူခဲ့တဲ့ ၁၀ ဂိုးကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။
ဂယ်ရီလိုင်နီကာက ဟာရီကိန်း သူ့ရဲ့မှတ်တမ်းကို လိုက်မီခဲ့တဲ့ အုပ်စုအဖွင့်ပွဲပြီးကတည်းက အင်္ဂလန်ရဲ့အကြီးကျယ်ဆုံးတိုက်စစ်မှူးလို့ ချီးကျူးခဲ့ပါတယ်။
ဟာရီကိန်းအနေနဲ့ ကမ္ဘာ့ဖလားဂိုးအများဆုံးစာရင်းမှာ ကော့ဆစ်၊ ကလင်းစမန်းတို့နဲ့အတူ ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။
ဟာရီကိန်းဟာ လက်ရွေးစင်သွင်းဂိုး ၈၂ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
https://www.facebook.com/share/p/1EX8Ga65PD/

👍3
ငလျင်ကြောင့် ဗင်နီဇွဲလား ယာယီသမ္မတ ဒဲလ်ဆီ ရိုဒရီဂွက်ဇ်ရဲ့ နိုင်ငံရေးအခြေအနေ အပြောင်းအလဲဖြစ်လာနိုင်
BBM-ဇွန် ၂၈
ဗင်နီဇွဲလားနိုင်ငံမှာ ရာစုနှစ်တစ်ခုကျော်အတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ယာယီသမ္မတ ဒဲလ်ဆီ ရိုဒရီဂွက်ဇ်(Delcy Rodriguez) ရဲ့ခေါင်းဆောင်မှုပိုင်းအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
တစ်ဖက်မှာလည်း ပြိုကွဲလုနီးပါးဖြစ်နေတဲ့ အစိုးရအဖွဲ့အပေါ် သူမရဲ့ အာဏာကို ခိုင်မာအောင် တည်ဆောက်ဖို့နဲ့ ပျက်စီးယိုယွင်းနေတဲ့ နိုင်ငံတော်ကို ပြန်လည်ထူထောင်ရေး စတင်နိုင်ဖို့အတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။
အမေရိကန်အစိုးရရဲ့ အချက်အလက်ဆိုင်ရာ ခန့်မှန်းတွက်ချက်မှုပုံစံတွေအရ ဇွန်လ ၂၄ရက်က ပြင်းအား ၇.၂ နဲ့ ၇.၅ ရှိတဲ့ ငလျင်တွေကြောင့်
သေဆုံးသူအရေအတွက်ဟာ နောက်ဆုံးမှာ ၁၀,၀၀၀ကျော်အထိ ရှိလာနိုင်တယ်လို့ သိရပါတယ်။
ဒါတောင်မှ အချို့သောအခြေအနေတွေကတော့ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့၊ ဒဏ်ရာရသူတွေကို ဆေးကုသပေးဖို့နဲ့ ပျက်စီးသွားတဲ့ အိုးအိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ကြီးမားလှတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်မှာ ဖြစ်ပါတယ်။
ဒီပြန်လည်ထူထောင်ရေးစီမံကိန်းဟာ ရိုဒရီဂွက်ဇ်ရဲ့ နိုင်ငံရေးအနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်မယ့် အလားအလာ ရှိနေပါတယ်။
"ဗင်နီဇွဲလားနိုင်ငံသစ်ဆိုတဲ့ စကားလုံးလှလှလေး
ဟာ ပြန်လည်တည်ဆောက်ရေးအပေါ်မှာပဲ အခြေခံထားတာပါ"
"အခုလို အခက်အခဲတွေကြားထဲကနေ အခြေခံအဆောက်အအုံတွေကို လက်တွေ့ကျကျ ပြန်လည်တည်ဆောက်နေရတာဟာ သရော်စာတစ်ခုလို ဖြစ်နေပါတယ်" လို့ ကာရာကတ်စ်မြို့အခြေစိုက် နိုင်ငံရေးသိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ တိုနီ ဖရန်ဂီ မာဝတ်ဒ် (Tony Frangie Mawad) က ပြောပါတယ်။
"ဒါပေမဲ့ အစိုးရအနေနဲ့ နိုင်ငံတကာ အကူအညီနဲ့အတူ ပြန်လည်ထူထောင်ရေးကို စနစ်တကျ စီမံခန့်ခွဲနိုင်မယ်၊ လူထုရဲ့ အမြင်ကိုလည်း ထိန်းကျောင်းနိုင်မယ် ဆိုရင်တော့ အမျိုးသားညီညွတ်ရေးစိတ်ဓာတ်ကို တည်ဆောက်နိုင်မှာဖြစ်သလို လူထုက ဝိုင်းဝန်းဝန်းရံလာအောင် လုပ်ဆောင်နိုင်မှာပါ" လို့ ဖရန်ဂီက ဆက်ပြောပါတယ်။
ရိုဒရီဂွက်ဇ်ကတော့ "လက်ရှိမှာ အဲဒီအတိုင်းဖြစ်လာအောင် အစွမ်းကုန် ကြိုးစားနေပါတယ်၊ ဒီအခြေအနေကို ကျွန်မတို့ အားလုံး စည်းစည်းလုံးလုံးနဲ့ ကျော်ဖြတ်သွားကြမှာပါ" လို့ သူမက ပြောကြားခဲ့ပါတယ်။
သူမဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ရင်းနှီးတဲ့ မဟာမိတ်တစ်ဦးဖြစ်ပြီး ၂၀၂၆၊ ဇန်နဝါရီလက ဖယ်ရှားခံခဲ့ရတဲ့ ဆိုရှယ်လစ်သမ္မတဟောင်း နီကိုးလပ်စ် မာဒူရို လက်ထက်မှာ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပေမယ့် အခုအခါမှာတော့ သူမကိုယ်သူမ နိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်မယ့်သူတစ်ဦးအဖြစ် ပုံဖော်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။
Reference - Reuters
Photo-Reuters
Translation -Alice
https://www.facebook.com/share/17aFygTzUA/

👍4❤1
ပေါ်တူဂီနဲ့ ကိုလံဘီယာအသင်းတို့ သွင်းဂိုးမရှိသရေကျ၊ အုပ်စုဇယားရဲ့ ထိပ်ဆုံးနေရာကို ၂သင်းလုံး တက်လှမ်းသွားနိုင်
BBM - ဇွန် ၂၈
ကိုလံဘီယာနဲ့ ပေါ်တူဂီတို့ မိုင်ယာမီကွင်းကြီးထဲမှာ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးသံတွေနဲ့အတူ အသက်ရှူမှားလောက်မယ့် ၀-၀ သရေပွဲတစ်ပွဲကို ကစားသွားခဲ့ကြပါတယ်။
ဒီရလဒ်ကြောင့် နှစ်သင်းစလုံး ဂရု (K) ရဲ့ ထိပ်ဆုံးနှစ်သင်းအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ကြတာပေါ့။
ကိုလံဘီယာတို့ စနေနေ့ပွဲစဉ်မှာ ရတဲ့အခွင့်အရေးတွေကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ နောင်တရနေမှာ ဖြစ်ပေမယ့် ဥရောပရဲ့အင်အားကြီးအသင်းကို ပွဲအတော်များများမှာ ဖိကစားနိုင်ခဲ့တဲ့အတွက် အားရကျေနပ်စရာတော့ ရှိခဲ့ပါတယ်။
အခုတော့ သူတို့က အုပ်စုပထမနဲ့ လာမယ့်သောကြာနေ့မှာ ဂါနာအသင်းနဲ့ရင်ဆိုင်ဖို့ ကန်းဆက်စီးတီးကို ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။
အုပ်စုပထမရဖို့အတွက် နိုင်မှဖြစ်မယ့် ပေါ်တူဂီကတော့ ကြာသပတေးနေ့မှာ ခရိုအေးရှားနဲ့ ကစားဖို့ တိုရွန်တိုကို သွားရမှာပါ။
သူတို့အသင်းမှာ ပါရမီရှင်ကစားသမားတွေ အများကြီးရှိပေမယ့် အသင်းလိုက် စုစည်းမှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတာကို သိသွားခဲ့ရပါတယ်။
ပွဲအစမှာတင် ကိုလံဘီယာ ပရိသတ်တွေရဲ့ အဝါရောင်လှိုင်းကြီးနဲ့အတူ အော်ဟစ်အားပေးသံတွေက ကွင်းတစ်ခုလုံး ဆူညံသွားခဲ့တာပါ။
ပွဲစပြီး တစ်မိနစ်မှာတင် တိုက်စစ်မှူး ဂျွန် ကော်ဒိုဘာ (Jhon Cordoba) ရဲ့ ခေါင်းတိုက်ချက် ဘားပေါ်ကျော်သွားချိန်မှာ ပရိသတ်တွေရဲ့ အော်သံက ပိုကျယ်လာခဲ့ပါတယ်။
ဂျွန် အရီးယားစ် (Jhon Arias) ကတော့ ပေါ်တူဂီနောက်ခံလူတွေကို တောက်လျှောက် ဒုက္ခပေးခဲ့ပြီး ပွဲချိန် ၁၇ မိနစ်မှာ ကော်ဒိုဘာဆီ ဘောလုံးဖန်တီးပေးခဲ့ပါတယ်။
ကော်ဒိုဘာက အဝေးကနေ ပြင်းပြင်းထန်ထန် ကန်သွင်းခဲ့ပေမယ့် ပေါ်တူဂီဂိုးသမား ဒီယေဂို ကော့စတာ (Diogo Costa) ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပါတယ်။
၅ မိနစ်အကြာမှာတော့ ကိုလံဘီယာတို့ လှပတဲ့ အသင်းလိုက်ကစားကွက်နဲ့အတူ အရီးယားစ် ကိုယ်တိုင် ဂိုးထောင့်ထဲကို လှမ်းကန်ခဲ့ပေမယ့် ပေါ်တူဂီကွင်းလယ်လူ ရူဘင် နီဗက်စ် (Ruben Neves) က ဂိုးစည်းပေါ်ကနေ အချိန်မီ ဖျက်ထုတ်သွားနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကိုလံဘီယာတို့ နောက်တန်းမှာ ဘောလုံးရှင်းထုတ်ပုံ မပြတ်သားတာကြောင့် ပထမပိုင်းအပိတ်မှာ ပေါ်တူဂီကို အခွင့်အရေးအချို့ ပေးလိုက်ရပါတယ်။
၃၉မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် (Bruno Fernandes) တစ်ယောက် ဂိုးရှေ့မှာ အပိုင်အခွင့်အရေး ရခဲ့ပေမယ့် ကိုလံဘီယာဂိုးသမား ကာမီလို ဗားဂတ်စ် (Camilo Vargas) က လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။
၄၂ မိနစ်မှာ ဂျာအို ဖီးလစ် (Joao Felix) က နောက်ခံလူကို ကျော်ပြီး လှပတဲ့ အလှကန်ချက်နဲ့ သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဘားပေါ်ကျော်သွားခဲ့ပါတယ်။
ဒါပေမယ့် ကိုလံဘီယာတို့ကပဲ ပွဲကို ဆက်လက်စီးထားနိုင်ခဲ့ပြီး ပထမပိုင်းမပြီးခင်မှာ ဂူစတာဗို ပွေတာ (Gustavo Puerta) နဲ့ ကစားကွက်ဖန်တီးရှင် ဂျိမ်းစ် ရိုဒရီဂွက်ဇ် (James Rodriguez) တို့ရဲ့ ကန်ချက်တွေကြောင့် ပေါ်တူဂီဂိုးသမား အလုပ်ရှုပ်ခဲ့ရပါသေးတယ်။
ဒုတိယပိုင်းမှာ ပေါ်တူဂီတို့ တိုက်စစ်ပိုဆင်လာပေမယ့် ပိုကောင်းတဲ့ ဂိုးသွင်းခွင့်တွေကိုတော့ ကိုလံဘီယာကပဲ ရရှိခဲ့တာပါ။
အရီးယားစ် ချပေးတဲ့ဘောလုံးကို လူစားဝင်ကစားသမား ရစ်ချက် ရီးယို့စ် (Richard Rios) ကန်သွင်းခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။
အဲဒီနောက် အရီးယားစ်ရဲ့ ကန်ချက်ကို ကော့စတာ ကာကွယ်နိုင်ခဲ့သလို၊ ရေသောက်နားချိန် မတိုင်ခင် ပွေတာရဲ့ ကန်ချက်ကလည်း ဂိုးပေါက်လွဲသွားခဲ့ပြန်ပါတယ်။
ပွဲချိန် ၇၃ မိနစ်မှာ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ရဲ့ ဗော်လီကန်ချက် လွဲချော်သွားပြီးနောက် သူနဲ့ အရီးယားစ်တို့ လူစားလဲခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကိုလံဘီယာတို့ကတော့ တိုက်စစ်ဆင်တာကို မရပ်ခဲ့ပါဘူး။
ပွဲပြီးခါနီး တစ်မိနစ်အလိုမှာ ဒါဗင်ဆန် ဆန်းချက်ဇ် (Davinson Sanchez) က ခေါင်းတိုက်ပြီး အနိုင်ဂိုး သွင်းယူနိုင်ခဲ့တယ်လို့ ထင်ခဲ့ရပေမယ့် VAR ကြည့်ပြီးနောက်မှာတော့ လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
နာကျင်အချိန်ပိုမှာ ပေါ်တူဂီအတွက် ရာဖေးလ် လီယို (Rafael Leao) ရဲ့ ကန်ချက် ဂိုးပေါက်ဘေးကနေ ကပ်ထွက်သွားပြီးနောက်မှာတော့ ကွင်းလယ်ဒိုင်က ပွဲသိမ်းခလုတ်ကို မှုတ်လိုက်ပါတော့တယ်။
မိုင်ယာမီရဲ့ ပူပြင်းတဲ့ညချမ်းမှာ လာရောက်အားပေးတဲ့ ပရိသတ် ၆၄,၄၇၈ ယောက်အတွက်တော့ တကယ့်ကို ရင်ခုန်စရာပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တာပါ။
ဒီပွဲမှာ ပေါ်တူဂီရဲ့ စူပါစတား ခရစ္စတီယာနို ရော်နယ်ဒို (Cristiano Ronaldo) ကတော့ ဘောလုံးထိတိုင်း လှောင်ပြောင်ခြင်းခံခဲ့ရပြီး အသင်းဖော်တွေဆီက ပံ့ပိုးမှုလည်း မရခဲ့ပါဘူး။
သူရခဲ့တဲ့ တစ်လုံးတည်းသော ဂိုးပေါက်တည့်ကန်ချက်ကတော့ ဝေးလံတဲ့နေရာကနေ ကန်သွင်းလိုက်တဲ့ ဖရီးကစ်တစ်ခုဖြစ်ပြီး ဂိုးသမားလက်ထဲကိုပဲ တန်းတန်းမတ်မတ် ရောက်သွားခဲ့ပါတယ်။
Reference - Al Jazeera
Photo - Al Jazeera
Translation - Richard
https://www.facebook.com/share/1ALBQ8JJsS/

👍9
ကျော်မျိုးမင်းကို စစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းထွက်နေပြီး ခေါ်ယူမေးမြန်းတဲ့အဆင့်လောက်နဲ့လွှတ်ပေးရန် ပေါက်ကိုယ်တော်ပြော
BBM-ဇွန်၂၈
သတင်း-မင်းသော်
စစ်ကောင်စီလော်ဘီ ကျော်မျိုးမင်းကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေသလိုပဲ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်မှလည်း ကျော်မျိုးမင်းကို ခေါ်ယူမေးမြန်းတဲ့အဆင့်လောက်နဲ့သာ ပြန်လွှတ်ပေးရန် ပြောဆိုထားပါတယ်။
စစ်တပ်နဲ့ မင်းအောင်လှိုင်အတွက် လော်ဘီအမြဲတမ်းလုပ်ပေးနေတဲ့ NP News မှ ကျော်မျိုးမင်းဟာ ပြီးခဲ့တဲ့ ဇွန်လ၂၃ရက်နေ့က ၎င်းလုပ်နေကျအတိုင်း သတင်းသုံးသပ်တဲ့Video တင်ပြီးတဲ့နောက် ဒီနေ့ဇွန်လ(၂၈)ရက်နေ့အထိ လူမြင်ကွင်းကနေ အဆက်အသွယ်ပြတ်
တောက်နေတယ်လို့ သိရပါတယ်။
ဒီလိုကျော်မျိုးမင်းလူမြင်ကွင်းကနေ ပြတ်တောက်နေတာနဲ့ပတ်သတ်ပြီး စစ်ကောင်စီအသိုင်းအဝိုင်းဘက်ကနေ ကျော်မျိုးမင်းကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေသလို သူ့ရဲ့ သတင်းတိုက်ဖြစ်တဲ့ NP News မှလည်း ကျော်မျိုးမင်းသတင်းမတင်ဆက်နိုင်သေကြောင်းနဲ့ အခြားမလိုလားအပ်တဲ့ မေးခွန်းတွေမမေးခြင်းနဲ့ ကူညီပေးပါရန် ရေးသားထုတ်ဝေထားတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ကျော်မျိုးမင်းပျောက်နေတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်မှလည်း ၎င်းရဲ့ Tiktok အကောင့်မှတဆင့် ဘယ်အချက်နဲ့ငြိသွားလို့ စစ်မေးရန်ခေါ် ဆောင်ခြင်းခံရတာကိုမသိသေးကြောင်းနဲ့ NP News ကိုလှမ်းမေးထားပြီး စစ်တပ်ကကျော်မျိုးမင်းကို ခေါ်ယူမေးမြန်းတာမျိုးလောက်သာရှိနိုင်ကြောင်းပြောထားပါတယ်။
"ဘယ်ဟာနဲ့ငြိသွားလို့ ဘယ်ဟာနဲ့ ခေါ်ယူမေးမြန်းတုန်းဆိုတာတော့ ဦးဇင်းတို့လည်းမပြောတက်ဘူး ခေါ်ယူမေးမြန်းတဲ့အဆင့်လောက်ပဲရှိမယ်လို့ ဦးဇင်းတို့က သုံးသပ်မိပါတယ်၊ ဒါပေမဲ့လည်း ဖမ်းမဖမ်းက မနေ့ကသူတို့ဆီက ဒကာမတစ်ယောက်ကို ဆက်သွယ်မေးမြန်းကြည့်လိုက်တော့ဘာပြောလဲဆိုတော့ရုံးမှာတော့ ဘုန်းဘုန်းဘာသတင်းမှမကြားဘူးဘုရား တပည့်တော်မ ဖုန်းဆက်ပြီးလှမ်းမေးလိုက်တယ်တဲ့ ရုံးမှာတော့ ဘာသတင်းမှမကြားဘူးဆိုကတည်းကတော့ ခေါ်ယူမေးမြန်းတဲ့အဆင့်တော့ရှိလောက်ပါတယ်။"
ဒါ့အပြင်ပေါက်ကိုယ်တော်က ကျော်မျိုးမင်းဟာ တိုင်းပြည်အတွက် လိုအပ်တဲ့ သတင်းသမားဖြစ်တယ်လို့ပြောတဲ့အပြင် စစ်တပ်ကိုထောက်ခံသူ သတင်းသမားအနည်းစုထဲပါဝင်တဲ့ သတင်းသမားတစ်ယောက်ဖြစ်တာမို့ ခေါ်ယူမေးမြန်းတဲ့အဆင့်လောက်ပဲရှိမယ်လို့ ပြောထားပါတယ်။
စစ်တပ်အနေနဲ့ ၎င်းတို့ကိုလော်ဘီလုပ်ပေးနေတဲ့ ကျော်မျိုးမင်းအပြင် ကျော်စိုးဦးနဲ့ ပေါက်ကိုယ် တော်တို့ကိုသာမက အခြားတပ်လော်ဘီတွေကိုလည်း ခေါ်ယူစစ်မေးမှုအချို့ အရင်ကပြုလုပ်ခဲ့ဖူးပြီး ပြန်လွှတ်ပေးခဲ့တာမျိုးတွေရှိပါတယ်။
အခုဖမ်းဆီးခံရမှုမတိုင်ခင် ကျော်မျိုးမင်းအနေနဲ့ တရုတ်နယ်စပ်ခြံစည်းရိုးကိစ္စတွေနဲ့ပတ်သတ်ပြီး လွှတ်တော်အမတ်တွေကို မေးခွန်းထုတ်ဝေဖန်ခဲ့ဖူးသလို အဆိုပါပြောဆိုမှုနဲ့ပတ်သတ်ပြီးကြံ့ခိုင်ရေးကိုယ်စားလှယ် ဘူးလက်လှဆွေကလည်း လွှတ်တော်အမတ်တွေကို ကာကွယ်ပေးရမဲ့ဥပဒေတွေနဲ့ အရေးယူလို့ရတယ်လို့ ကျော်မျိုးမင်းကို ပြောဆိုခဲ့ဖူးပါတယ်။
https://www.facebook.com/share/r/19MvBc8kEe/

👏7😁2
ရေစကြိုမြို့မှာ PDF အယောင်ဆောင်ပြီးပိုက်ဆံတောင်းနေတဲ့စကစတွေကို တိုက်ခိုက်
BBM - ဇွန်လ ၂၈
သတင်း - ကိုဘုဏ်း
ရေစကြိုမြို့မှာ PDF အယောင်ဆောင်ကာပြည်သူများကိုစစ်ဆေးပိုက်ဆံတောင်းနေတဲ့စကစ များကို တော်လှန်ရေးတပ်ဖွဲ့များက အနီးကပ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက ယနေ့မှာထုတ်ပြန်ထားပါတယ်။
ဇွန်လ (၂၇)ရက် နေ့က စစ်ကောင်စီတပ်သားတွေဟာ ပေကုန်းကျေးရွာဘောလုံးကွင်းထိပ်တွင် PDF အယောင်ဆောင်ကာ လမ်းသွားလမ်းလာများကို စစ်ဆေးပိုက်ဆံတောင်းနေတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များမှအနီးကပ်သွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၂)ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များမှာအထိခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များဟာ ရေစကြိုမြို့ပေါ်မှထွက်လာသော အင်အား(၄၅)ဦးခန့်ပါတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်းသိရပြီး အဆိုပါတိုက်ခိုက်မူကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်ပခုက္ကူခရိုင် တပ်ရင်းအမှတ်(၉)တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Photo-ပုံဟောင်း
https://www.facebook.com/share/1GY8swKRww/

👍5👏2
ခလရ(၁၉)တပ်ရင်းမှူးကို ပစ တွေကလုပ်ကြံပြီးနောက် KNLA နဲ့ပူးပေါင်း
BBM-ဇွန်၂၈
သတင်း-မင်းသော်
စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (၁၉) တပ်ရင်း မှူးအဖြစ် တာဝန်ယူထားသူ ဗိုလ်မှူးကျော်မင်းသန့်ကို ပြည်သူ့စစ်မှုထမ်းဆင်း တပ်သားတွေက လုပ်ကြံပြီးတဲ့နောက် KNLA တပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွါးနေတဲ့ ဖားပွန်မြို့နယ်ကို ကမမောင်းမှ တဆင့် စစ်ကြောင်းထိုးရာမှာ ခလရ (၁၉) တပ်ရင်းလည်း ပါဝင်ခဲ့ပြီး စစ်မှုထမ်းဆင်းတပ်သားသစ်တွေက ဇွန်လ (၂၁)ရက်နေ့မှာ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးကျော်မင်းသန့်ကို လုပ်ကြံဖြင်းဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီတပ်ရင်းမှူးကိုလုပ်ကြံရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ တပ်သားသစ် ကို KNLA မှမေးမြန်းထားရာ Video File အတွင်း အဆိုပါတပ်ရင်းမှူးကို လုပ်ကြံနိုင်ဖို့အတွက် ကမမောင်းမြို့မှာကတည်းက ကြိုတင်ကြံစည်ခဲ့ရသလို အခြားစစ်မှုထမ်းဆင်းသင်တန်းသားတွေကိုလည်း စည်းရုံးသိမ်းသွင်းခဲ့ရတယ်လို့ သိရပါတယ်။
ဒါပေမဲ့ တပ်ရင်းမှူးဖြစ်သူက ပါးနပ်လွန်းတာကြောင့် ယုံကြည်မှုရရန် သူ့အနေနဲ့ ကြိုးပမ်းခဲ့ပြီးနောက် အနီးကပ်သက်တော်စောင့်အဖြစ် ခန့်အပ်ခံခဲ့ရပြီးမှသာ အခြားစစ်မှုထမ်းတပ်သားသစ်တွေနဲ့အတူ လုပ်ကြံခဲ့တယ်လို့လည်း ဆိုပါတယ်။
"ကမမောင်းမှာပေါ့ အဲ့ကတည်းက သူ့ကိုသတ်ဖို့ကျွန်တော်ကြံစည်နေတာ ဒါပေမဲ့ ဒီလူကလည်း အရမ်းကိုပါးနပ်တော့ ကျွန်တော်ဘယ်လိုမှလုပ်လို့မရဘူး၊ ပြီးတော့မှ ကျွန်တော်ကလည်း ကျန်တဲ့ ညီကိုတွေကို စည်းရုံးတယ်၊ စည်းရုံးပေမဲ့လည်း ဘယ်လိုပြောမလဲ၊ သူတို့ကလည်း သွားပြီးတော့တိုင်မှာလည်းစိုးတယ်လေ၊ သူလျှိုရှိလို့ဆိုရင်၊ ကျွန်တော်အဲ့လိုနဲ့ ပဲနေရင်းနဲ့ သူများထပ်ပိုပြီးတော့ ကျွန်တော် ပိုကြိုးစားပြတာပေါ့၊ ကြိုးစားပြတဲ့အချိန်မှာ သူကကျွန်တော့်ကို ယုံပြီးတော့မှ ဘတ်စမန်းခန့်လိုက်တယ်၊ ခန့်လိုက်တဲ့အချိန် ကျွန်တော်က ပိုပြီးအခွင့်အရေးရသွားတယ်"
အဆိုပါတပ်ရင်းမှူးကို လုပ်ကြံပြီးနောက် KNLAတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းရာမှာ တိုင်ပင်ထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအပြင် ပထမအကြိမ်ထွက်ပြေးလို့ ဖမ်းခံထားရတဲ့ ရဲဘော်(၂)ယောက်ကိုလည်း တစ်ခါတည်း ကယ်ထုတ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် သူ့မှာ လက်နက်နဲ့ကျည်ဆံအပြည့်ရှိတာကြောင့် ကိုယ့်အတွက်ကိုယ် မပူပေမဲ့လည်း ကျန်တဲ့စစ်မှုထမ်းတပ်သားသစ်တွေပြန်ဖမ်းခံရမှာကို စိုးရိမ်မှုဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အဆိုပါစစ်မှုထမ်းတပ်သားသစ်ဟာ ပဲခူးတိုင်းမှဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ နေအိမ်အပေါ်အထိလာရောက်ပေါ်တာဆွဲစုဆောင်းခံရပြီးနောက် စစ်မှုထမ်း အပတ်စဥ်(၂၁)ကို တက်ရောက်ခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် KNLA နဲ့ပြုလုပ်ထားတဲ့ အင်တာဗျူးအတွင်း ရှေ့လျှောက်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်သားတွေကို တော်လှန်တိုက်ခိုက်သွားမယ်လို့လည်း ဆိုထားပါတယ်။
Photo-လုပ်ကြံရာမှာဦးဆောင်ခဲ့တဲ့ ပစ
https://www.facebook.com/share/v/1D7W7426Fh/

❤4👍4👏1
တိုက်ပွဲမရှိပဲတနင်္သာရီမြို့နယ်နဲ့ကစယ်ဒိုမြို့နယ် တွေကိုစစ် ကောင်စီ လေကြောင်းကနေတိုက်ခိုက်
BBM - ဇွန်လ ၂၈
သတင်း - ကိုဘုဏ်း
ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းတနင်္သာရီမြို့နယ်နဲ့ကစယ်ဒိုမြို့နယ်တွေကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးKNU ကထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်နေ့က တနင်္သာရီမြို့နယ်သကျက်ကျေးရွာအုပ်စု၊ ပလောဖထောကျေးရွာအတွင်းကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲစကစတပ်မှ ဂျိုင်ရိုကော်ပတာ (Gyrocopter) အသုံးပြုကာ (၁၂၀) မမ ဗုံးသီး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲ့ဒီနောက် ဇွန်လ ၂၆ ရက်နေ့ မှာလည်းကစယ်ဒိုမြို့နယ်၊ ဟိန္ဒားကျေးရွာအုပ်စု၊ ဖိုးလမိုင်းသတ္တုမိုင်းဝန်းကျင်အတွင်းကို နေ့လည် ၁၂နာရီအချိန်မှာ တစ်ကြိမ်၊ နေ့လယ့ ၁၂နာရီ ၂၀မိနစ်လောက်မှာ တစ်ကြိမ် စုစုပေါင်း (၂) ကြိမ်တိုင်တိုင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲစစ် ကောင်စီမှ ဂျက်တိုက်လေယာဉ် (Jet Fighter) ဖြင့် ပေါင် (၂၅၀) ဗုံး (၄) လုံး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး အပြစ်မဲ့အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်လျက်ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNUက ထုတ်ပြန်ကြေငြာထားပါတယ်။
Photo-KNU
https://www.facebook.com/share/1Efs6mQrqD/

👍9😡6