ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းအား ၇.၂ နဲ့ ၇.၅ ရှိတဲ့ ငလျင်ကြီးနှစ်ခု ဆက်တိုက်ရိုက်ခတ်
BBM-ဇွန် ၂၅
ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းအား ၇.၂ နဲ့ ၇.၅ ရှိတဲ့ ငလျင်ကြီးနှစ်ခုဟာ စက္ကန့်ပိုင်းအတွင်း ဆက်တိုက်ရိုက်ခတ်ခဲ့တာကြောင့် အထပ်မြင့်အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ရတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) နဲ့ AFP သတင်းဌာနတို့က ဖော်ပြထားပါတယ်။
ဇွန်လ ၂၅ရက်နေ့ ညနေပိုင်းမှာ ပြင်းအား ၇.၂နဲ့ ၇.၅ရှိတဲ့ ငလျင်ကြောင့် ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကတ်စ် (Caracas) တစ်မြို့လုံးက ပြည်သူထောင်ပေါင်းများစွာ ထိတ်လန့်နေကြ
ပြီး နေအိမ်တွေထဲကနေ လမ်းမတွေပေါ်ကို အလုအယက် ပြေးထွက်ခဲ့ကြရပါတယ်။
လတ်တလောအချိန်အထိ သေဆုံးသူဦးရေ အတိအကျကို မသိရသေးပေမဲ့ မြို့ပြမြင်ကွင်းအချို့မှာမူ များစွာ ပျက်စီးသွားပြီဖြစ်ပါတယ်။
အဆောက်အအုံတွေ ပြိုကျကာ အမိုးတွေနဲ့ နံရံတွေ ကြေမွပျက်စီးသွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဒီယိုစ်ဒါဒို ကာဘဲဟိုက ထုတ်ပြန်ခဲ့ပါတယ်။
"လှေကားတွေ ကွာကျလာတယ်၊ နံရံတစ်ခုလုံးလည်း အက်ကွဲကြောင်းတွေ ဖြစ်ကုန်တာ။ မျက်နှာကြက်ကနေ ပစ္စည်းတွေ ဝုန်းကနဲ ပြုတ်ကျလာတဲ့အချိန်မှာ ဘာလုပ်ရမှန်းတောင်မသိဘဲ တကယ်ကို ကြောက်စရာကောင်းခဲ့ပါတယ်" လို့ အသက် ၅၄ နှစ်အရွယ် ဘဏ်ဝန်ထမ်း အမျိုးသမီး အိုဒါလစ် အက်စ်ကာလိုနာက သူမရဲ့ ကြောက်မက်ဖွယ် အတွေ့အကြုံကို ပြောပြပါတယ်။
ကာရာကတ်စ်မြို့တော်ရဲ့ လူစည်ကားရာ အယ်လ်တာမီရာ ရပ်ကွက်မှာ၂၂ ထပ်ရှိတဲ့ အထပ်မြင့်အဆောက်အအုံကြီးတစ်ခုလုံး 'သဲ'လို ပြိုကျပျက်စီးသွားတာကို AFP သတင်းထောက်က ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။
USGS ရဲ့ ထုတ်ပြန်ချက်အရ ပထမငလျင်ဟာ မိုရွန်ကမ်းရိုးတန်းမြို့ရဲ့ အနောက်ဘက်မှာ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ပြီး အချိန် ၃၉ စက္ကန့်အကြာမှာ ပြင်းအား ၇.၅ ရှိတဲ့ ပင်မငလျင်ကြီးက ထပ်မံထိုးနှက်ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါငလျင်ကို ပညာရှင်တွေက တစ်တွဲတည်းဖြစ်ပွားတဲ့ "အမွှာငလျင်" လို့ ခေါ်ပါတယ်။
ငလျင်ရဲ့ ပြင်းအားဟာ ဗင်နီဇွဲလားရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကိုလံဘီယာနိုင်ငံရဲ့ မြို့တော် ဘိုဂိုတာ (Bogota) အထိ ရိုက်ခတ်သွားခဲ့ပါတာ ဖြစ်ပါတယ်။
ကိုလံဘီယာနိုင်ငံတစ်ဝန်းမှာ ငလျင်လှုပ်ခတ်မှု သတင်းပို့ချက်ပေါင်း ၂၀၀ ကျော် ရရှိထားပြီး နောက်ဆက်တွဲငလျင်တွေ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် သတိပြုကြဖို့ နှိုးဆော်ထားပါတယ်။
ကိုလံဘီယာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့နဲ့ အမေရိကန် အမျိုးသားဆူနာမီသတိပေးချက်စင်တာတို့က အဆိုပါငလျင်ကြောင့် ဆူနာမီဘေးအန္တရာယ် ဖြစ်ပွားဖို့ အကြောင်းမရှိကြောင်း ပူးတွဲအတည်ပြု ထုတ်ပြန်ထားပါတယ်။
Reference -Bangkok Post
Translation -Alice
https://www.facebook.com/share/1E2hHsXrm6/

😢4
မောင်တောမြို့ စစ်ကောင်စီ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ၁၂ တန်း ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရ
BBM - ဇွန် ၂၅
သတင်း - Myat
အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ မောင်တောမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ၁၂ တန်းကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ မောင်တောမြို့ခံတွေဆီက သိရပါတယ်။
မနေ့က ဇွန်လ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်ဟာ မောင်တောမြို့၊ အမှတ် (၅) ရပ်ကွက်နဲ့ အမှတ် (၇) ရပ်ကွက်အကြားကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ၁၂ တန်း ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဟိန္ဒူလူမျိုးတွေရဲ့နေအိမ် ၁၀ ကျော်မှာလည်း ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
"၅ ရပ်ကွက်နဲ့ ၇ ရပ်ကွက်အကြားမှာ ဗုံးကျတာပါ။ အဲဒီမှာ နယ်စပ်ဒေသ လူငယ်ဖွံ့ဖြိုးရေးကျောင်းရှိပါတယ်။ အဲဒီကျောင်းမှာရှိနေတဲ့ ၁၂ တန်း ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတာ ဖြစ်ပါတယ်။ နောက်ပြီး ကျောင်းဆောင်တွေမှာလည်း ပျက်စီးမှုရှိတယ်။ အဲဒီအနားက ဟိန္ဒူလူမျိုးတွေရဲ့နေအိမ် ၁၀ ကျော်မှာလည်း ဗုံးစထိမှန်မှုကြောင့် ပျက်စီးသွားရတာ ရှိပါတယ် " လို့ မောင်တောမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။
ဗုံးစထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားကြတဲ့သူတွေမှာ မောင်တောမြို့နယ် မောရဝတီကျေးရွာမှ မနှင်းနုခိုင် (၁၈နှစ်)၊ ရသေ့တောင်မြို့နယ်၊ အင်းဒင်ကျေးရွာမှ မမေမြတ်နိုး (၁၉နှစ်) တို့ ဖြစ်ကြပါတယ်။
အာရက္ခတပ်တော် AA ဟာ မောင်တောမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်က လက်ကျန်မြို့နယ်တွေ ဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ် မတိုင်ခင်အတွင်းမှာ သိမ်းပိုက်နိုင်ဖို့အတွက် ကြွေးကြော်ထားတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဟာ ရခိုင်က မြို့နယ်တွေကို လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲချတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လာနေပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ကျောက်တော်မြို့ပေါ်နဲ့ လမ်းမတော်ကျေးရွာတွေကို ဂျက်ဖိုက်တာ လေးစီးနဲ့ တစ်နာရီနီးပါးကြာအောင် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦး သေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
Photos - West Voice
https://www.facebook.com/share/1JFJTH7sj8/

👎3😡3
ဂျပန်မြောက်ပိုင်းမှာ ပြင်းအား ၆.၉ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက်မရှိ
BBM-ဇွန် ၂၅
ဒီနေ့ ဂျပန်နိုင်ငံ မြောက်ပိုင်းကမ်းလွန်မှာ ပြင်းအား ၆.၉ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားပေမဲ့ ဆူနာမီဘေးအန္တရာယ် မရှိနိုင်ကြောင်း ဂျပန်မိုးလေဝသနှင့် ဇလဗေဒအေဂျင်စီက ပြောကြားခဲ့ပါတယ်။
ဇွန်လ ၂၅ရက်နေ့ မနက်ပိုင်း လူသွားလူလာများပြားတဲ့အချိန်မှာ ဂျပန်နိုင်ငံ မြောက်ပိုင်းကမ်းလွန်မှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားပေမဲ့ ဆူနာမီဘေးအန္တရာယ် ကျရောက်နိုင်ခြေ မရှိဘူးလို့ သိရပါတယ်။
အဆိုပါငလျင်ဟာ အိုင်ဝါတေးစီရင်စု (Iwate) ရဲ့ အရှေ့ဘက်ကမ်းလွန်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်ပြီး အောက်ခြေအနက် ၅၀ ကီလိုမီတာ (မိုင် ၃၀ ခန့်) မှာ ဖြစ်ပွားခဲ့ရာ တိုင်းထွာချက်တွေအရ ပြင်းအား ၆.၉ အဆင့်ရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ပါတယ်။
အလားတူ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ကလည်း ငလျင်ပြင်းအားဟာ ၆.၉ အဆင့်ရှိကြောင်း ထပ်မံအတည်ပြုထားပါတယ်။
ငလျင်လှုပ်ခတ်ခဲ့တဲ့နေရာဟာ ပြီးခဲ့တဲ့လက အင်အားပြင်း ငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့ဖူးတဲ့ နေရာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း အကြီးစားငလျင် သတိပေးချက်ကို တစ်ပတ်ကြာ ထုတ်ပြန်ခဲ့ရဖူးပါတယ်။
ငလျင်ကြောင့် ဂျပန်နိုင်ငံ မြို့တော်တိုကျိုအထိ အတုန်ခါမှု အနည်းငယ် ခံစားခဲ့ရပေမဲ့ လတ်တလောမှာ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပျက်စီးဆုံးရှုံးမှု သတင်းများ မရရှိသေးကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ မီနိုရူ ကီဟာရ (Minoru Kihara) က ပြောကြားပါတယ်။
ဝန်ကြီးချုပ် စာနာအဲ တာကာအီချီ (Sanae Takaichi) ကလည်း တိုကျိုမြို့ရှိ သတင်းထောက်တွေကို အခုလို ပြောကြားထားပါတယ်။
" အစိုးရရဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ 'ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ပထမဦးစားပေး' အဖြစ် သတ်မှတ်ပြီး ငလျင်သတိပေးအချက်အလက်များကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လိုအပ်ရင် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲငလျင်များ (Aftershocks) ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒေသခံများအနေနဲ့ သတိရှိရှိ သွားလာနေထိုင်ဖို့ အင်မတန် အရေးကြီးပါတယ်"
အအိုမိုရီ စီရင်စု (Aomori)ဟာရှီကာမီ (Hashikami) မြို့မှာရှိတဲ့ မူလတန်းကျောင်းအုပ်ဆရာမကြီး တိုမိုကို နာဂါနဲ (Tomoko Nagane) ကလည်း သူမကားမောင်းနေစဉ် ငလျင်သတိပေးချက် တက်လာပြီး ဘေးတိုက်လှုပ်ခါမှုကို အတော်အတန်ခံစားခဲ့ရကြောင်း NHK သတင်းဌာနကို ပြောကြားပါတယ်။
ကျောင်းရောက်ရှိနေတဲ့ ကလေးငယ်တွေ
အားလုံး ဘေးကင်းပေမဲ့ တချို့ကလေးငယ်အများစုမှာ ထိတ်လန့်ငိုကြွေးနေတာကြောင့် ဒီနေ့ အတန်းကို ဖျက်သိမ်းပြီး ကလေးတွေကို နေအိမ်ဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သူမက ဖြည့်စွက်ပြောပါတယ်။
ဂျပန်အမျိုးသားရုပ်သံလိုင်း NHK ရဲ့ ရုပ်သံမှတ်တမ်းအရ ဆင်ဒိုင်း (Sendai) နဲ့ မိုရီအိုကာ (Morioka) အပါအဝင် ငလျင်ဒဏ်ပြင်းထန်စွာခံရတဲ့ မြို့တွေမှာရှိတဲ့ သတင်းထောက်တွေဟာ မိနစ်အနည်းငယ်ကြာ တုန်ခါမှုကို ခံစားခဲ့ရပေမဲ့ သိသာထင်ရှားတဲ့ ပျက်စီးဆုံးရှုံးမှုများကိုမူ မတွေ့ရှိရကြောင်းနဲ့ ပြည်သူလူထုအနေနဲ့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြကြောင်း သတင်းပေးပို့ထားပါတယ်။
အရှေ့ဂျပန်မီးရထားကုမ္ပဏီ (East Japan Railway Co.) က ဘေးကင်းလုံခြုံရေး စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် မြောက်ပိုင်းဒေသရှိ ကျည်ဆန်ရထား (Bullet Trains) အချို့နဲ့ ဒေသခံရထားလိုင်းအချို့ကို ယာယီရပ်ဆိုင်းထားပါတယ်။
၂၀၁၁ ခုနှစ် ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် ပျက်စီးခဲ့ဖူးတဲ့ ဖူကူရှီးမား ဒိုင်အီချီ (Fukushima Daiichi) နျူကလီးယားစက်ရုံ အပါအဝင် အအိုမိုရီနယ်မြေရှိ အသုံးပြုပြီးသား နျူကလီးယားလောင်စာ ပြန်လည်ပြုပြင်မွမ်းမံတဲ့ စက်ရုံတွေမှာလည်း အခုငလျင်ကြောင့် တစ်စုံတစ်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုး မရှိကြောင်း ကီဟာရ က အတည်ပြုပြောကြားသွားပါတယ်။
ဂျပန်နိုင်ငံဟာ ကမ္ဘာ့ငလျင်ပြတ်ရွေဇုန်ဖြစ်တဲ့ "ပစိဖိတ်မီးကွင်းဒေသ" (Pacific Ring of Fire) ပေါ်မှာ တည်ရှိနေတာကြောင့် ကမ္ဘာပေါ်မှာ ငလျင်အန္တရာယ် အရှိဆုံးနိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်ပါတယ်။
Reference - AP News
Translation -Alice
https://www.facebook.com/share/18nnEoDMKn/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍13❤1
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံရတာ (၅၀) နှစ်ပြည့်မြောက်
BBM-ဇွန် ၂၆
သတင်း-ကိုအိုက်
စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တော်လှန်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကွပ်မျက်ခံရတာဟာ ဒီနေ့ ဇွန်လ ၂၅ ရက်နေ့မှာ (၅၀) နှစ်
ပြည့်မြောက်ခဲ့ပြီလို့ မြန်မာနိုင်ငံ ချင်းကျောင်းသားများသမဂ္ဂ (CSU Myanmar) က ထုတ်ပြန်ထားပါတယ်။
ဆလိုင်းတင်မောင်ဦးဟာ စစ်အာဏာရှင်ကို ရဲဝံ့စွာဆန့်ကျင်တော်လှန်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လွတ်လပ်မှု၊တရားမျှတမှုနဲ့ ပြည်သူလူထုအခွင့်အရေးတွေအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်သူရဲကောင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် ကွပ်မျက်ခံရခါနီးအချိန်ထိ "မင်းတို့ငါ့ခန္ဓာကိုယ်ကို သတ်လို့ရပေမယ့် ငါခံယူချက်နဲ့စိတ်ဓာတ်ကိုတော့ ဘယ်တော့မှသတ်လို့မရဘူး၊ မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး" ဆိုတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်၊ရပ်တည်ချက်ဟာ ကျောင်းသားလူငယ်တွေရဲ့နှလုံးထဲ ရှင်သန်နေဆဲဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် ဆလိုင်းတင်မောင်ဦး ကွပ်မျက်ခံရ
တာ နှစ်ပေါင်း (၅၀) ကြာမြင့်ခဲ့ပေမဲ့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်အောက်မှ အပြည့်အဝ မလွတ်မြောက်သေးဘဲ အထူးသဖြင့်၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေ၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို နေ့စဉ်နဲ့အမျှ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်ကို အတုယူပြီးကျောင်းသားလူငယ်တွေ၊ ပြည်သူတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မြန်မာနိုင်ငံ ချင်းကျောင်းသားများသမဂ္ဂ (CSU Myanmar) က ထုတ်ပြန်ထားပါတယ်။
Photo-ဆလိုင်းတင်မောင်ဦး
https://www.facebook.com/share/1hyscSaVUu/

👍8❤1😢1
Mi-17 ရဟတ်ယာဉ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ကမ္ဘာ့လေကြောင်းကဏ္ဍအတွင်း အသုံးပြုမှု အခြေအနေ
ကမ္ဘာတစ်ဝှမ်းရှိ စစ်ရေးနဲ့ အရပ်ဘက်ကဏ္ဍတွေမှာ အဓိက အားထား အသုံးပြုလျက်ရှိတဲ့ Mil Mi-17 ရဟတ်ယာဉ်တွေဟာ ၎င်းတို့ရဲ့ ကြံ့ခိုင်မှုနဲ့ စွယ်စုံသုံးနိုင်စွမ်းတို့ကြောင့် လေကြောင်းလောကမှာ ဒီနေ့တိုင် အရေးပါသော နေရာကနေ ပါဝင်နေဆဲဖြစ်ပါတယ်။
ဆိုဗီယက်ခေတ် Mil Moscow Helicopter Plant မှ စတင်ထုတ်လုပ်ခဲ့တဲ့ ဒီရဟတ်ယာဉ်တွေဟာ Mi-8 မော်ဒယ်ရဲ့ တိုးမြှင့်ထုတ်လုပ်ထားတဲ့ ဗားရှင်းတစ်ခုဖြစ်ပြီး ခက်ခဲကြမ်းတမ်းသော ပထဝီအနေအထားတွေနဲ့ ရာသီဥတုဒဏ်ကို အထူးခံနိုင်ရည်ရှိတဲ့အတွက် နာမည်ကျော်ကြားပါတယ်။
နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေအရ Mi-17 တွေဟာ အမြင့်ဆုံးပျံသန်းနိုင်တဲ့အလေးချိန် ၁၃,၀၀၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပြီး ကုန်စည် သို့မဟုတ် ခရီးသည် ၂၄ ဦးအထိ တင်ဆောင်ကာ တစ်နာရီလျှင် ပျမ်းမျှ ၂၆၀ ကီလိုမီတာနှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။
၎င်းမှာ တပ်ဆင်ထားတဲ့ TV3-117VM Turboshaft အင်ဂျင်နှစ်လုံးရဲ့ စွမ်းအားဟာ ပျံသန်းမှုအကွာအဝေး ၅၀၀ ကီလိုမီတာအထိ ယုံကြည်စိတ်ချစွာ လုပ်ဆောင်နိုင်စေပါတယ်။
ထိုကဲ့သို့ မြင့်မားသော စွမ်းဆောင်ရည်တွေကြောင့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေ သယ်ယူပို့ဆောင်ရေးနဲ့ လေကြောင်းကနေ ပံ့ပိုးကူညီရေးလုပ်ငန်းတွေမှာ မရှိမဖြစ်လိုအပ်သော ယာဉ်အဖြစ် သတ်မှတ်ထားပါတယ်။
စစ်ရေးအသုံးပြုမှုအပြင် သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ဒဏ်ရာရရှိသူတွေကို အရေးပေါ်ဆေးကုသမှုခံယူဖို့ ဆေးရုံ ပို့ဆောင်ပေးတာ (Medevac) နဲ့ အရပ်ဘက်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေမှာလည်း ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါတယ်။
လိုအပ်ပါက မစ်ရှင်အမျိုးမျိုးအတွက် အလိုက်သင့် ပြောင်းလဲတပ်ဆင်နိုင်တဲ့ ပြင်ဆင်မှုအပိုင်းတွေဟာ ဒီရဟတ်ယာဉ်ရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။
စီးပွားရေးဆိုင်ရာ သုံးသပ်ချက်တွေအရ Mi-17 ရဟတ်ယာဉ်အသစ်တစ်စီးရဲ့ ဝယ်ယူမှုကုန်ကျစရိတ်မှာ တပ်ဆင်ထားတဲ့ ခေတ်မီ Avionics စနစ်တွေနဲ့ မော်ဒယ်ကွဲပြားမှုအပေါ် မူတည်၍ အမေရိကန်ဒေါ်လာ ၄ သန်းမှ ၆ သန်းကြား ရှိပါတယ်။
ပျမ်းမျှသက်တမ်း နှစ် ၃၀ ရှိသော ဒီရဟတ် ယာဉ်တွေရဲ့ လည်ပတ်မှုကုန်ကျစရိတ်မှာ လောင်စာဆီ၊ ပုံမှန်ပြုပြင်ထိန်းသိမ်းမှု၊ ဝန်ထမ်းလစာနဲ့ အာမခံစရိတ်တို့ ပါဝင်တယ်။
သက်တမ်းတစ်လျှောက် စုစုပေါင်းပိုင်ဆိုင်မှုစရိတ်မှာ အမေရိကန်ဒေါ်လာ ၆ သန်းမှ ၈ သန်းအထိ ကုန်ကျနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ကျွမ်းကျင်သူတွေရဲ့ အဆိုအရ Mi-17 တွေရဲ့ အောင်မြင်မှုမှာ ၎င်းတို့ရဲ့ ကြံ့ခိုင်သော တည်ဆောက်ပုံ၊ ထိန်းသိမ်းရလွယ်ကူတာနဲ့ မစ်ရှင်အမျိုးမျိုးမှာ လိုက်လျောညီထွေ ပြောင်းလဲအသုံးပြုနိုင်မှုတို့ကြောင့်ဖြစ်ပါတယ်။
ဒီအချက်တွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စစ်ရေးအရ အင်အားကြီးနိုင်ငံတွေရဲ့ လေတပ်တွေအတွက် ရေရှည်တည်တံ့သော လေကြောင်းပံ့ပိုးမှုအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး နောင်နှစ်ပေါင်းများစွာအထိ လေကြောင်းလောကမှာ ဆက်လက်အသုံးပြုသွားမယ့် ရဟတ်ယာဉ်အမျိုးအစားအဖြစ် သုံးသပ်ထားပါတယ်။
https://www.facebook.com/share/1Ek8vw8RBA/

👍12❤3
Elon Musk ထရီလီယံနာအဆင့်မှ ပြန်လည်ကျဆင်း
BBM-ဇွန် ၂၅
သတင်း-အိုက်ကျော်
နည်းပညာလုပ်ငန်းရှင်ကြီး Elon Musk ဟာ မနေ့ ဇွန်လ ၂၄ ရက်နေ့ ထရီလီယံနာအဆင့်မှ ပြန်လည် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
Tesla နဲ့ SpaceX ကုမ္ပဏီတို့ရဲ့ ရှယ်ယာဈေးနှုန်းတွေ ရုတ်တရက် ကျဆင်းသွားတာကြောင့် သူရဲ့ ကြွယ်ဝချမ်းသာမှုမှာ ဘီလီယံနာအဆင့်ကို ပြန်လည်ရောက်ရှိသွားတာ ဖြစ်ပါတယ်။
Forbes စာရင်းအရ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီမှာ Musk ရဲ့ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၉၇၀.၂ ဘီလီယံအထိ ရှိခဲ့ပါတယ်။
အခုလ အစောပိုင်း ဇွန် ၁၂ ရက်နေ့မှာ SpaceX ရဲ့ သမိုင်းဝင် ရှယ်ယာစတင်ရောင်းချမှု (IPO) အပြီးမှာ Musk ဟာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့စတော့ဈေးကွက် ရောင်းထုတ်မှုတွေက နည်းပညာကုမ္ပဏီကြီးတွေကို ရိုက်ခတ်ခဲ့ပါတယ်။
အတိုးနှုန်းတွေ တိုးမြှင့်နိုင်မယ့် အခြေအနေနဲ့ AI နည်းပညာအပေါ် စိုးရိမ်မှုတွေက ရင်းနှီးမြှုပ်နှံသူတွေကို တုန်လှုပ်စေခဲ့ပါတယ်။
AI ကဏ္ဍနဲ့ ဆက်စပ်နေတဲ့ Google ရဲ့ Alphabet နဲ့ Samsung လို ကုမ္ပဏီတွေမှာလည်း ရှယ်ယာဈေးနှုန်းတွေ အကြီးအကျယ် ကျဆင်းခဲ့ပါတယ်။
SpaceX ဟာ ၎င်းရဲ့ IPO မှ ဒေါ်လာ ၇၅ ဘီလီယံ ရရှိခဲ့ပြီး စတင်ရောင်းချချိန်မှာ ရှယ်ယာဈေးနှုန်းတွေ သိသိသာသာ မြင့်တက်ခဲ့ပေမဲ့လည်း အခုအခါ ဈေးကွက်ရဲ့ အတက်အကျဒဏ်ကို ခံစားနေရပါတယ်။
Musk ရဲ့ ပိုင်ဆိုင်မှုအများစုမှာ စတော့ရှယ်ယာတွေမှာ မြှုပ်နှံထားတာဖြစ်သဖြင့် ဈေးကွက်အတက်အကျပေါ် အဓိကမူတည်နေပါတယ်။
တကယ်လို Tesla သို့မဟုတ် SpaceX ရှယ်ယာဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာပါက Musk ဟာ မဝေးတော့တဲ့အနာဂတ်မှာ ထရီလီယံနာအဆင့်ကို ပြန်လည်ရရှိနိုင်ဖွယ် ရှိပါတယ်။
လက်ရှိအခြေအနေမှာ ထရီလီယံနာအဆင့်မှ ကျဆင်းသွားပေမဲ့လည်း Elon Musk ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။
သူရဲ့ နောက်မှာ Google ပူးတွဲတည်ထောင်သူ Larry Page က ပိုင်ဆိုင်မှု ဒေါ်လာ ၂၈၄ ဘီလီယံနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
Musk ဟာ အခုနှစ်အတွင်းတင် ပိုင်ဆိုင်မှု ဒေါ်လာ ၃၃၈ ဘီလီယံအထိ တိုးမြှင့်နိုင်ခဲ့ပြီး သူရဲ့ စီးပွားရေးလွှမ်းမိုးမှုမှာ အလွန်ပင် ကြီးမားနေဆဲ ဖြစ်ပါတယ်။
ကိုးကား-Guardian US
https://www.facebook.com/share/1BHdCS32dH/

👍13
ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာ ရွှေတူးဖော်မှု အရှိန်
မြင့်လာပြီး လယ်ယာမြေတွေ ပျက်စီး
BBM-ဇွန် ၂၅
သတင်း-PJ
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွှေတူးဖော်မှုတွေ အရှိန်မြင့်လာနေပြီး ဒေသခံတွေရဲ့ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးကာ စိုက်ပျိုးရေးလုပ်ငန်းတွေပါ ထိခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရှမ်းမြောက်ရှိ ရတီးမ၊ နောင်းအိန်၊ မိုင်းငေါ့၊ ဟန်ကိုင်၊ နမ့်ဖတ်ကာ အနီးဝန်းကျင်နဲ့ အခြားကျေးရွာတွေ အနီးမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာလို့ ဘိုးဘေးစဉ်ဆက် စိုက်ပျိုးလာခဲ့တဲ့ စပါးခင်းတွေနဲ့ လယ်ယာမြေတွေ ပျောက်ဆုံးလာနေကြောင်း ဒေသခံတွေက ပြောပါတယ်။
“တီးမ၊ နောင်းအိန်ဘက်က လယ်ကွက်တွေ ရွှေတူးလိုက်ကုန်ပြီ။ ဒေသခံတွေ ဘယ်လိုမြင်ကြလဲတော့ မသိဘူး။ ကျနော်လည်း ရွှေလုပ်ကွက်မှာ ရောက်နေတယ်။ အလုပ်အကိုင် ရှားပါးတော့ ဒီအလုပ်ပဲ အဆင်ပြေနေတာ။ တခြားအလုပ်တွေက ဝင်ငွေနည်းတယ်လေ” လို့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။
ဒေသခံတွေအနေနဲ့ ဘိုးဘေးစဉ်ဆက် စပါးစိုက်လာတဲ့ မြေတွေမှာ ရွှေတူးတာတွေကြောင့် ပျက်စီးကုန်တဲ့အပြင် ဒေသခံအချို့မှာ စီးပွားရေးအခက်အခဲတွေကြောင့် ခြံမြေတွေကို ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေဆီ ရောင်းချခဲ့ရတာတွေလည်း ရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်
ယောက်ကလည်း BBM ကိုပြောပါတယ်။
“ခြံကိုလည်း အကွက်ချပြီး ရောင်းစားလိုက်ကြတယ်။ စိတ်တော့ မကောင်းဘူး။ လယ်တွေ အကုန်လုံး တူးလိုက်ရင် နောက်နောင် အားလုံး ဒုက္ခရောက်ကုန်မှာ”
ဒါ့အပြင် မိုင်းငေါ့ဒေသမှာလည်း တရုတ်လုပ်ငန်းရှင်တွေဟာ SSPP နဲ့ TNLA တို့ဖြင့် ပူးပေါင်းပူးပေါင်းပြီး ရွှေတူးဖော်မှုတွေ လုပ်ဆောင်နေကြတယ်လို့လည်း ဆိုပါတယ်။
ဒါတင်မက တရုတ်လုပ်ငန်းရှင်အများအပြာဟာလည်း ဒေသတွင်း မြေရှားအပါ အခြားသတ္တု ရှာဖွေမှုတွေကို ရှမ်းမြောက်မှာအကြီးအကျယ်
ပြုလုပ်နေပြီး တရုတ်ပြည်ထဲ ပြန်သွင်းနေတယ်လို့လည်း ဆိုပါတယ်။
ဒီလို အကြီးအကျယ်တူးဖော်ပြီး သယ်ယူပို့ဆောင် မှုတွေပြုလုပ်နေတာကြောင့်ပဲ နမ္မတူလမ်း၊ နမ့်
ဖတ်ကာ-နမ့်ခမ်းလမ်း၊ မိုင်းဝီးလမ်းပိုင်း တွေဟာ အတော်ပျက်စီးနေပြီး ပြုပြင်ထိန်းသိမ်းပေမဲ့သူရှိမနေဘူးဟုလည်း ဒေသခံတွေက ပြောပါတယ်။
“ရှမ်းမြောက်မှာ တရုတ်လုပ်ငန်းရှင်တွေ မြေရှားသတ္တုကို အသည်းအသန် လိုက်ရှာနေကြတယ်။ သတ္တုတွေ ကုန်မလားတော့ မသိဘူး”
ဒီလို ရွှေတူးဖော်မှု၊ သတ္တုနဲ့မြေရှား တို့ကို စည်းကမ်းမဲ့ အလွန်အကျွံတူးဖော်မှုတို့ကနေ ထွက်လာတဲ့ မြေစာပုံတွေဟာလည်း အနီးရှိ လယ်တွေ၊ ချောင်း၊မြောင်းတွေထဲ ဝင်ရောက်မှုတွေရှိနေပြီး အချို့ဒေသတွေမှာ သောက်စရာ ရေပင် ရှားလာတယ်လို့လည်း ပြည်သူတစ်ယောက်က ဆိုပါတယ်။
“ဟန်ကိုင်မှာ မြေစာပုံတွေက လယ်ထဲ ရောက်ကုန်တာ။ ချောင်းမှာ ရွှေကျင်တော့ ရေက သောက်မရတော့ဘူး။ ရေမရှိလို့ အဲဒီကို သွားတုန်းက နွားခြေရာထဲက ရေတောင် ငုံ့သောက်ခဲ့ရတယ်”
ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို အဓိက တရုတ်လူမျိုး လုပ်ငန်းရှင်တွေက လက်ဝါးကြီးအုပ်ချယ်လှယ်နေပြီး
MNDAA၊ TNLA၊ KIA၊ SSPP/SSA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ပါဝင်ပတ်သတ်မှုအချို့ရှိနေတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
Photo Crd# ဒေသခံ တစ်ဦး
https://www.facebook.com/share/p/1BvjayoCvM/

👍4😢1
အခြေခံစစ်သင်တန်းနဲ့ မွမ်းမံသင်တန်းတို့ကိုအောင်မြင်စွာကျင်းပခဲ့ကြောင်း စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်
BBM - ဇွန်လ ၂၅
သတင်း - ကိုဘုဏ်း
မင်းဘူးခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့ နဲ့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ဦးစီးပြီးအခြေခံစစ်သင်တန်း အပတ်စဉ်(၈) နဲ့ မွမ်းမံသင်တန်းအပတ်စဉ် (၁/၂) တို့ကို အောင်မြင်စွာကျင်းပခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်ကြေငြာထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ (၁၉)ရက်နေ့က ကျင်းပခဲ့တဲ့ သင်တန်းဆင်းပွဲကို မင်းဘူးခရိုင်(ပကဖ)တာဝန်ခံများနဲ့ သင်တန်းဆင်းရဲဘော်များက တက်
ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
သင်တန်းတွင် ထူးချွန်ဆုရ ရဲဘော်တွေကိုလည်း ခရိုင်တာဝန်ခံတွေနဲ့ မြို့နယ်တာဝန်ခံတွေက ဆုချီးမြှင့်ပေးခဲ့ပြီး ဂုဏ်ပြုအားပေးစကားများပြောကြားခဲ့တယ်လိုလည်းသိရပါတယ်။
ဒါ့အပြင် ဆက်လက်ပြီး နောက်ထပ်အခြေခံ
စစ်သင်တန်းတွေကို ပို့ချဖို့အတွက်ကိုလည်း အစဥ်တစိုက်ကြိုးစားလျက်ရှိပါတယ်လို့လည်း စလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ကြေငြာထားပါတယ်။
Photo-ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း
https://www.facebook.com/share/p/1H98EefdBN/

👍4👏1
စကစ လက်နက်ကြီးကြောင့် အမြွှာကိုယ်ဝန် ဆောင်မိခင်နဲ့ကလေး(၁)ယောက်သေဆုံး
BBM - ဇွန်လ ၂၅
သတင်း - ကိုဘုဏ်း
ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊သထုံမြို့နယ်မှာ စကစလက်နက်ကြီးကြောင့် အမြွှာကိုယ်ဝန် ဆောင်မိခင် (၁)ယောက်နဲ့ ကလေး(၁)ယောက် သေဆုံးပြီး အခြား(၂)ယောက်လည်း ထိခိုက်
ဒဏ်ရာရခဲ့တယ်လို့ KNU မှထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ(၂၂) ရက်နေ့က စစ်ကောင်စီရဲ့ တပ်မ (၄၄) လက်အောက်ခံ ခမရ (၃)မှ ကဒီပုကျေးရွာအုပ်စု၊ ပဏ္ဍိကုန်းကျေးရွာအတွင်း ကို လက်နက်ကြီး (၂)လုံးပစ်ခတ်ခဲ့တာကြောင့်အဆိုပါကျေးရွာနေ ကိုငယ်ရဲ့ နေအိမ် ထိမှန်
မီးလောင်ပျက်စီးခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ဇင်မာစိုး
(အသက် ၄၁ နှစ်) လည်း လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့သည်ဟုသိရပါတယ်။
လက်နက်ကြီးထိမှန်သေဆုံးခဲ့တဲ့ ဒေါ်ဇင်မာစိုးမှာ ကိုယ်ဝန် (၇) လရှိသူဖြစ်ပြီး သူ့ဝမ်းအတွင်းရှိ အမြွှာသမီး (၂)ယောက်လည်း အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် နောက်ထပ် ရွာအတွင်းက ကိုမောင်လေး ဆိုသူ ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရရှိခဲ့ပြီး သူ့သမီးဖြစ်သူ အသက်(၁၁)နှစ်အရွယ် မိစနေမှာ လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့သလို အခြားသမီးဖြစ်တဲ့ အသက်(၅)နှစ်အရွယ် မိယွန်း လည်း ကျောပြင်မှာ လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာအရပ်သားပြည်သူတွေ နေထိုင်ရာကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက် ခိုက်လျက်ရှိပြီး အပြစ်မဲ့ အရပ်သားပြည်
သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုတွေ ဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNUကထုတ်ပြန်ကြေငြာထားပါတယ်။
Photo-KNU
https://www.facebook.com/share/p/1cgdEDENPZ/

👎3😡2👍1
စစ်ကောင်စီနဲ့ စကားပြောနေတဲ့ မွန်ပြည်သစ်ပါတီစခန်းကို စစ်ကောင်စီက၀င်ရောက် စီးနင်းပြီး တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီး
BBM - ဇွန် ၂၅
သတင်း - ကိုဟန်
စစ်ကောင်စီတပ်နဲ့ အပစ်ခတ်ရပ်စဲရေး(NCA) လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ(NMSP)တပ်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရှေ့တန်း သတင်း အရင်းအမြစ်တွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်-ဘဲလမုလမ်းပိုင်း မြို့ဟောင်းစခန်းမှာ ရှိနေတဲ့ မွန်ပြည်သစ်ပါတီ(NMSP)တပ်ဖွဲ့ဝင်တွေကို အင်အား တရာနီးပါးရှိတဲ့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာပါ။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားတာမျိုး မရှိပေမဲ့ မြို့ဟောင်းစခန်းမှာ ရှိနေတဲ့ NMSP တပ်ဖွဲ့ဝင် သုံးဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တဦးက BBM ကို ပြောပါတယ်။
“သူတို့ အဲဒီမြို့ဟောင်းစခန်းကို ဝိုင်းပြီး ဝင်လာတာပဲ ပြီးတော့ လက်နက်ချခိုင်းပြီး ဖမ်းခေါ်သွားတာပဲ၊ လက်နက်ကအစ သိမ်းသွားတယ်” လို့ ပြောပါတယ်။
NMSP တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသွားတဲ့ စစ်ကောင်စီတပ်ဟာ ရေးမြို့နယ် မော့ကနင်အခြေစိုက် အမှတ်(၅၈၈) ခြေမြန်တပ်ရင်းဖြစ်ပြီး သူတို့လွှတ်မြောက်ရေးအတွက် နှစ်ဖက်တာဝန်ရှိသူတွေ ဆက်သွယ်စကားပြောဆို နေတယ်လို့ သိထားရပေမဲ့ ပြန်လည်လွတ်မြောက်လာခြင်း ရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
NMSP တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ်က မည်သည့်အကြောင်းအရင်းနဲ့ ဖမ်းဆီးသွားတာကို မသိရပေမဲ့ အဲဒီနယ်မြေမှာ တော်လှန်ရေးအင်အားစုတွေလည်း လှုပ်ရှားသွားလာမှု ရှိတယ်လို့ ပြောဆိုကြပါတယ်။
“နေရာတိုင်းမှာ စစ်မျက်နှာဖွင့်ထားရတဲ့ စစ်တပ်က သူ့နဲ့ စကားပြောနေတဲ့ အဖွဲ့ကို ရန်သူအဖြစ် ဆက်ဆံဖို့ ဆိုတာ ဖြစ်နိုင်ခြေက နည်းပါတယ်၊ ဒါမဟုတ် မှားဖမ်းတာလားပေါ့၊
အဲဒီလိုဆိုလည်း ပြောချင်ရင် ပြောလို့ရ နိုင်တယ်၊ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်လာတဲ့ NMSP-AD ကို ဖမ်းချင်တာ အဖွဲ့မှားပြီး ဖမ်းဆီးတာမျိုး ဖြစ်နိုင်တယ်၊ ဒီတလော NMSP နယ်မြေမှာ စစ်တပ်က တောက်လျှောက်ဗုံးကြဲနေတာ ရှိတယ်၊ NMSP နယ်မြေမှာ တော်လှန်ရေးအဖွဲ့တွေ ရှိနေတာကို စစ်တပ်က သိတယ်၊ ဒီအပေါ်အခြေခံပြီး ဖိအားပေးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ မွန်နိုင်ငံရေးအကြောင်း လေ့လာနေသူတဦးက သုံးသပ်ပါတယ်။
အခုလို တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ NMSP ပါတီဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးဘဲ နှုတ်ဆိတ်နေပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီတာဝန်ရှိသူတွေကို BBM က ဆက်သွယ်မေးမြန်းနေဆဲပါ။
မွန်ပြည်သစ်ပါတီဗဟိုနဲ့ နီးစပ်သူတဦးကတော့ ဒီအခြေအနေကို အထက်အရာရှိပိုင်းက ကိုင်တွယ်နေတယ်လို့ ပြောဆိုပေမဲ့ အသေးစိတ်ကို ဖြေကြားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီ NMSP ဟာ ၂၀၁၈ ခုနှစ်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း စစ်တပ်နဲ့ တွေ့ဆုံနေတဲ့အဖွဲ့တခုဖြစ်ပါတယ်။
ဓါတ်ပုံ - NMSP
ပုံစာ - NMSP တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
https://www.facebook.com/share/p/1L5cR4F8Ty/

😁4👍1
ဟော်မုဇ်ရေလက်ကြား ကို ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းတာမျိုး မလုပ်ဖို့ အီရန် သတိပေး
BBM - ဇွန် ၂၆
အီရန်က ဟော်မုဇ်ရေလက်ကြားကို ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းတာမျိုး မလုပ်ဖို့ သတိပေးလိုက်ပါတယ်။
ခွင့်ပြုချက်မယူဘဲ ဖြတ်တဲ့ သင်္ဘောတွေကို အအရေးယူသွားမှာဖြစ်ပြီး အဲ့ဒီရေလမ်းကြောင်းမှာ လမ်းကြောင်းသစ်တစ်ခု ထွင်သုံးနေတာကိုလည်း ဝေဖန်လိုက်ပါတယ်။
ဒီရေလက်ကြားဟာ ကမ္ဘာ့အရေးပါဆုံး စွမ်းအင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့ အမေရိကန်နဲ့ အီရန်တို့ကြား ရက်ပေါင်း ၁၀၀ ကျော်ကြာဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်းမှာ အီရန်ဘက်က ပိတ်ဆို့ထားခဲ့တာပါ။
အခုအခါမှာတော့ ဒါဟာ နှစ်ဖက်ဆွေးနွေးပွဲတွေကြားမှာ အဓိက အငြင်းပွားစရာ အချက် ဖြစ်နေပါတယ်။
တဟီရန် (အီရန်အစိုးရ) ဘက်ကတော့ နောင်တချိန်မှာ ဒါကို ရေကြောင်းဝန်ဆောင်ခ (Maritime service fees) အဖြစ် ကောက်ခံသွားဖို့ ပြင်ဆင်နေပြီး အခွန်ကောက်တာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ အမေရိကန်ဘက်ကတော့ ဒါဟာ နိုင်ငံတကာရေပိုင်နက် ဖြစ်တဲ့အတွက် ဘာကြေးမှ ကောက်ခံပိုင်ခွင့်မရှိဘူးလို့ ငြင်းဆိုထားတာပါ။
"ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ တရားဝင်ခွင့်ပြုထားတဲ့ တစ်ခုတည်းသော လမ်းကြောင်းကတော့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံက ကြေညာထားတဲ့ လမ်းကြောင်းပဲ ဖြစ်တယ်" လို့ အီရန်စစ်တပ်ရဲ့ အမာခံတပ်ဖွဲ့ဖြစ်တဲ့ တော်လှန်ရေးအစောင့်တပ် (IRGC) က ဇွန်လ ၂၅ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းတာမျိုးဟာ "လက်ခံနိုင်စရာမရှိသလို အင်မတန်မှလည်း အန္တရာယ်များပါတယ်" လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ဒါ့အပြင် "အာဏာပိုင်တချို့" က ကြေညာထားတဲ့ ရေလမ်းကြောင်းအသစ်ကိုလည်း သူတို့က ရှုံ့ချလိုက်ပေမယ့် ဘယ်သူတွေလဲဆိုတာကိုတော့ အသေးစိတ် ထည့်မပြောသွားပါဘူး။
ဒီသတိပေးချက်ဟာ ဇွန်လ ၂၅ရက်နေ့က လိုက်ဘေးရီးယားနိုင်ငံပိုင် ဆီတင်သင်္ဘောတစ်စီး အိုမန်နိုင်ငံ ကမ်းခြေနဲ့ နီးကပ်တဲ့ လမ်းကြောင်းကိုသုံးပြီး ရေလက်ကြားထဲကနေ ထွက်ခွာသွားခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာပါ။
The Associated Press (AP) သတင်းဌာနရဲ့ အဆိုအရ "The Stoic Warrior" လို့ အမည်ရတဲ့ အဲ့ဒီသင်္ဘောဟာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ အချက်ပြခဲ့ပြီး ဇွန်လ ၂၅ရက်နေ့ မနက်အစောပိုင်းမှာ ယူအေအီး (UAE) နဲ့ အိုမန်ကမ်းရိုးတန်းတွေကို ကပ်ပြီး ခရီးနှင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီသင်္ဘောဟာ ကုလသမဂ္ဂ ရေကြောင်းအဖွဲ့အစည်း (IMO) နဲ့ အိုမန်နိုင်ငံတို့ ပူးပေါင်းသတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း အိုမန်ရဲ့ Musandam ကျွန်းဆွယ် ကမ်းခြေနဲ့ တော်တော်လေးနီးကပ်တဲ့ နေရာကနေ ဖြတ်သန်းမောင်းနှင်သွားခဲ့တာလို့ AP သတင်းမှာ ဖော်ပြထားပါတယ်။
Reference - Reuters
Photo - Reuters
Translation - Richard
https://www.facebook.com/share/p/18kdY4kT98/

🤔3
ပွိုင့် (၅၀၀) ဗျူဟာကုန်းရှိ ကာကင်းစခန်း ၃ ခုထက်မနည်းကို AA သိမ်းပိုက်
BBM - ဇွန် ၂၆
သတင်း - Myat
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာရှိ စစ်ကောင်စီတပ်ရဲ့ ကပစ (၁၆) စက်ရုံအနီးအနား ပွိုင့် (၅၀၀) ဗျူဟာကုန်းနဲ့ ၃ မိုင်အကွာက ကာကင်းစခန်း ၃ ခုထက်မနည်းကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့က ၂ လခန့် ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးမှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ဟာ ကပစ ၁၆ စက်ရုံရဲ့ ကာကင်းစခန်းဖြစ်တဲ့ ပွိုင့် (၅၀၀) ကုန်း ဗျူဟာကုန်းအနီးရှိ ကာကင်းစခန်းတွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာည်း ဖြစ်ပါတယ်။
AA နဲ့ ပူးပေါင်းမဟာတပ်တွေဟာ ၂ လခန့် ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီး ဇွန် ၂၂ ရက်နေ့မှာတော့ ပွိုင့် (၅၀၀) ဗျူဟာကုန်းအနီးရှိ ကာကင်းစခန်း ၃ ခုနဲ့အတူ စစ်ကောင်စီတပ်ရဲ့ အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တာ ရှိတယ်လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။
"ပွိုင့် ၅၀၀ ကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေက တိုးနေတာရှိပါတယ်။ ပြီးခဲ့တဲ့ လကစပြီး တိုက်ခိုက်လာနေတာပါ။ ဇွန်လ ၂၂ ရက်နေ့မှာတော့ ပွိုင့် ၅၀၀ ကုန်းရှိ ကာကင်းစခန်း ၃ ခုထက်မနည်းကို AA နဲ့ ပူးပေါင်းတပ်တွေက ရရှိထားတာ ရှိပါတယ်။ အဲဒီစခန်းသိမ်း တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်သား ကျဆုံးမှုတွေနဲ့အတူ လက်နက်ခဲယမ်းတစ်ချို့ကိုလည်း သိမ်းဆည်းရမိခဲ့တာ ရှိပါတယ်" လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။
အဲဒီ စခန်းသိမ်း တိုက်ပွဲအတွင်းမှာ ကစဥ်ကလျားထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း အာရက္ခတပ်တော် AA က လိုက်လံဖမ်းဆီးရှင်းလင်းနေတာတွေရှိသလို လက်ကျန်ကာကင်းစခန်းတွေနဲ့ ပွိုင့် ၅၀၀ ဗျူဟာကုန်းကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
"စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စကစတပ်သားတွေ ထွက်ပြေးမှုတွေ ရှိပါတယ်။ အဲတာကို AA ကလည်း လိုက်လံဖမ်းဆီး ရှင်းလင်းတာမျိုးတွေရှိပါတယ်။ နောက်ပြီး တစ်ချို့ကာကင်းစခန်း တစ်ခု၊ နှစ်ခုလောက် ကျန်ရှိနေတာရှိပါတယ်။ အဲတာကိုလည်း AAနဲ့ ပူးပေါင်းတပ်တွေက ဆက်လက် တိုက်ခိုက်နေတာရှိပြီး ပွိုင့် ၅၀၀ ဗျူဟာကုန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာ ရှိပါတယ်" လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ပွိုင့် (၅၀၀) ဗျူဟာကုန်းရှိ ကာကင်းစခန်း ၄ ခုကို ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား အလောင်း ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေကို AA က သိမ်းဆည်းရမိခဲ့တာ ရှိခဲ့တယ်လို့လည်း AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဆိုပါ ကာကင်းစခန်းသိမ်း တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စကစ (၁၀) လက်အောက်ခံ ခမရ (၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉) တပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေ ပါဝင်နေတာကို တွေ့ရှိရတယ်လို့လည်း သိရပါတယ်။
ပွိုင့် ၅၀၀ စခန်းကုန်းကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဟာ ကပစ ၅ စက်ရုံရဲ့ အနောက်ဖက်ခြမ်း ကမြိုင်ကျေးရွာအနီးရှိ တောင်မောက်တောင် ဆည်အနားက ပွိုင့် ၂၂၉ စခန်းကုန်းမှ လက်နက်ကြီးတွေ လှမ်းပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း စစ်ရေးသတင်း ရင်းမြစ်တွေဆီက သိရပါတယ်။
(ကပစ ၁၆) စက်ရုံအနီးအနားမှာ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ ပွိုင့် ၅၀၀ စခန်းကုန်း၊ ပွိုင့် ၅၀၆ စခန်းကုန်း၊ ပွိုင့် ၃၅၃ စခန်းကုန်း၊ ပွိုင့် ၂၆၈ စခန်းကုန်းတို့ရှိနေတာလည်း ဖြစ်ပါတယ်။
Photos - AA Info Desk
https://www.facebook.com/share/p/18DjSUoTse/

👍10❤1👏1
မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းအထိ လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားဆို
BBM - ဇွန် ၂၆
တောင်ကိုရီးယားက မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းအထိ လေ့ကျင့်ပေးသွားမယ်လို့ ရိုက်တာစ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရှေ့တန်းစစ်မျက်နှာက တပ်ဖွဲ့တွေဆီကိုလည်း ဒရုန်းပေါင်း သောင်းနဲ့ချီ ဖြန့်ကြက်ချထားပြီး ဒရုန်းနဲ့ ဒရုန်းကာကွယ်ရေးစွမ်းရည်တွေကို အရှိန်အဟုန်နဲ့ တိုးမြှင့်သွားမှာဖြစ်ကြောင်း သောကြာနေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
စစ်တပ်အနေနဲ့ ၂၀၂၉ ခုနှစ်မတိုင်ခင် ဒရုန်းအစီးရေ ၁ သိန်း ၁ သောင်းအထိ ထုတ်လုပ်ပြီး ကြည်း၊ ရေ၊ လေနဲ့ မရိန်းတပ်ဖွဲ့တွေဆီ ဖြန့်ကြက်ပေးသွားဖို့ စီစဉ်နေပါတယ်။
ရည်ရွယ်ချက်ကတော့ ဒရုန်းတွေကို စစ်သားတစ်ဦးချင်းစီရဲ့ အခြေခံသုံးပစ္စည်းတစ်ခု ဖြစ်လာစေဖို့ပါပဲ။
"ဒရုန်းဆိုတာ တပ်ဖွဲ့အနည်းငယ်ပဲ သုံးတဲ့ပစ္စည်းမျိုး မဟုတ်တော့ဘဲ နေရာတိုင်းမှာသုံးမယ့် တိုက်ခိုက်ရေးလက်နက် ဖြစ်လာရပါမယ်" လို့ ကာကွယ်ရေးဝန်ကြီး အန်ဂယူဘတ် (Ahn Gyu-back) က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စစ်သားတွေအတွက် ဒုတိယမြောက် ကိုယ်ပိုင်လက်နက်လိုမျိုး ဖြစ်လာရမယ်လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ဒီဒရုန်းစနစ်တွေကို တည်ဆောက်တဲ့နေရာမှာ တရုတ်နိုင်ငံထုတ် အစိတ်အပိုင်းတွေကို မသုံးဘဲ ပြည်တွင်းဖြစ် အစိတ်အပိုင်းတွေကိုပဲ ၁၀၀ ရာခိုင်နှုန်း အားကိုးပြီး ထုတ်လုပ်သွားမယ်လို့ ဝန်ကြီးအန်က ဆိုပါတယ်။
ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေထဲမှာ လူမဲ့ဒရုန်းစနစ်တွေဟာ စစ်မြေပြင်ရဲ့ အလှည့်အပြောင်းတွေ ဖြစ်လာခဲ့ပါတယ်။
အဲဒီကရတဲ့ သင်ခန်းစာတွေကြောင့် ကိုရီးယားနှစ်နိုင်ငံစလုံးဟာ သူတို့ရဲ့ ဒရုန်းစွမ်းရည်တွေကို အပြိုင်အဆိုင် မြှင့်တင်နေကြတဲ့အချိန်မှာပဲ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။
"တန်ဖိုးနည်းဒရုန်းတွေကို အရေအတွက်အများကြီးနဲ့ အသုံးပြုလာတာက စစ်ပွဲရဲ့ သဘာဝကို အခြေခံကအစ ပြောင်းလဲပစ်နေပါပြီ" လို့ ဝန်ကြီးအန်က သတိပေးပါတယ်။
မြောက်ကိုရီးယားဘက်ကလည်း လူမဲ့ဒရုန်းစနစ်တွေကို အဆင့်မြှင့်တင်နေတာကြောင့် တောင်ကိုရီးယားရဲ့ စစ်ဘက်နဲ့ အရပ်ဘက် အဆောက်အအုံတွေအတွက် ခြိမ်းခြောက်မှုတွေ ပိုများလာနေတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားရဲ့ အစီအစဉ်ထဲမှာ လေဆာနဲ့ စွမ်းအားမြင့် မိုက်ခရိုဝေ့ဖ်လက်နက်တွေလိုမျိုး ဒရုန်းရန်ကာကွယ်ရေးစနစ်တွေကို တိုးချဲ့ဖို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ဗဟိုကွပ်ကဲမှုစနစ်တစ်ခုတည်းကိုပဲ အားကိုးမနေတော့ဘဲ စစ်တပ်တစ်ခုချင်းစီအလိုက် ဒရုန်းတွေကိုသုံးပြီး ထောက်လှမ်းတာ၊ တိုက်ခိုက်တာတွေ လုပ်နိုင်ဖို့ စစ်ဆင်ရေးပုံစံကို ပြောင်းလဲသွားမှာပါ။
အဆင့်မြင့် ကာကွယ်ရေးအရာရှိတစ်ဦးရဲ့ အဆိုအရ တန်ဖိုးနည်းပြီး တစ်ခါသုံး ဒရုန်းအစီးရေ ၂ သောင်းကျော်ကို အမြန်ဆုံးဝယ်ယူသွားမှာ ဖြစ်သလို၊ AI အခြေပြု ဒရုန်းအုပ်စုလိုက်စနစ် (AI-based swarm systems) တွေနဲ့ လေထဲမှာ ပျံဝဲပြီး ပစ်မှတ်ကို ရှာဖွေတိုက်ခိုက်နိုင်တဲ့ ခဲယမ်း (loitering munitions) တွေကိုပါ မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။
အရပ်ဘက်နည်းပညာတွေကို စစ်တပ်ထဲ အမြန်ဆုံး သွတ်သွင်းနိုင်ဖို့အတွက် ပစ္စည်းဝယ်ယူရေး စည်းမျဉ်းတွေကို ပြင်ဆင်သွားမှာဖြစ်ပြီး ပြည်တွင်းဒရုန်းလုပ်ငန်းခွင် ဖွံ့ဖြိုးလာအောင် စစ်တပ်ကနေ အဓိက အဝယ်တော်အဖြစ် ရပ်တည်ပေးသွားမယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
တကယ်တော့ ပြီးခဲ့တဲ့အစိုးရလက်ထက်က ဒရုန်းစစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ အလွန်ထိခိုက်လွယ်တဲ့ ကိစ္စရပ်တွေ ရှိခဲ့ပါတယ်။
တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆော့ယော (Yoon Suk Yeol) ဟာ ၂၀၂၄ ခုနှစ်တုန်းက စစ်အုပ်ချုပ်ရေးကြေညာဖို့ အကြောင်းပြချက် ဖန်တီးတဲ့အနေနဲ့ မြောက်ကိုရီးယားထဲကို စစ်ဘက်သုံးဒရုန်း ကျူးကျော်ဝင်ရောက်စေခဲ့တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရကာ ဒီလထဲမှာပဲ တရားရုံးက သူ့ကို ထောင်ဒဏ် ၃၀ ချမှတ်ခဲ့ပါတယ်။
လက်ရှိ သမ္မတ လီဂျေမြောင် (Lee Jae Myung) အစိုးရကတော့ အဲဒီစွပ်စွဲချက်တွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဒရုန်းစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။
ဇွန်လ ၂၆ရက် ဒီနေ့မှာ ထုတ်ပြန်တဲ့ အစီအစဉ်ကတော့ ဌာနချုပ်ဟောင်းနေရာမှာ မူဝါဒပိုင်း၊ စွမ်းရည်မြှင့်တင်ရေးနဲ့ ပံ့ပိုးကူညီရေးပိုင်းကိုပဲ အဓိကလုပ်မယ့် အဖွဲ့အစည်းအသစ်တစ်ခုနဲ့ အစားထိုးဖို့ ဖြစ်ပြီး စစ်ဆင်ရေးပိုင်းကိုတော့ စစ်တပ်တစ်ခုချင်းစီရဲ့ လက်အောက်ကိုပဲ ခွဲဝေပေးလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားဟာ လူဦးရေ လျော့နည်းလာတဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရတာကြောင့် တိုက်ခိုက်ရေးစွမ်းရည်ကို ဆက်ထိန်းထားနိုင်ဖို့အတွက် အလိုအလျောက်စနစ်တွေနဲ့ လူမဲ့စနစ်တွေကိုပဲ ပိုပြီး အားကိုးလာရတာ ဖြစ်ပါတယ်။
Reference - Reuters
Photo - Reuters
Translation - Richard
https://www.facebook.com/share/1BRspc854u/

👍8
ဗင်နီဇွဲလားမှာ ငလျင်ကြောင့် ၂၃၅ ယောက်ခန့် သေဆုံးပြီး ၄,၃၀၀ ကျော် ဒဏ်ရာရ
BBM- ဇွန်၂၆
ဗင်နီဇွဲလားနိုင်ငံမှာ ဇွန် ၂၄ရက်နေ့က ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ၂၃၅ ယောက်ခန့် သေဆုံးပြီး ၄,၃၀၀ ကျော် ဒဏ်ရာရကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ဇွန်လ ၂၅ရက်နေ့မှာ ပြည်သူတွေက ပြိုကျပျက်စီးသွားတဲ့ အဆောက်အအုံတွေအောက် ပိတ်မိနေသူတွေကို လိုက်လံရှာဖွေခဲ့ကြသလို ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ငလျင်ဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ မြောက်ပိုင်းဒေသတွေကို သွားရောက်ကူညီခဲ့ကြပါတယ်။
ကျန်းမာရေးဝန်ကြီး ကားလော့စ် အယ်လ်ဗာရာဒိုက “စိတ်မကောင်းစရာကတော့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဌာနတွေကို ရောက်လာတဲ့ လူနာတွေထဲက ၂၃၅ ယောက်လောက်ဟာ အသက်မပါတော့တာ ဒါမှမဟုတ် ရောက်ရောက်ချင်းမှာပဲ ဆုံးပါးသွားခဲ့ကြပါတယ်” လို့ ဇွန်လ ၂၅ရက်နေ့က နိုင်ငံပိုင်မီဒီယာကို ပြောကြားခဲ့ပါတယ်။
ဇွန်လ ၂၄ရက်နေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၂ နဲ့ ၇.၅ ရှိတဲ့ ငလျင်ဟာ ဗင်နီဇွဲလားနိုင်ငံမှာ ရာစုနှစ်တစ်ခုကျော်အတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ပြီး ဒေသတွင်း ထောင်နဲ့ချီတဲ့ လူတွေ ပျောက်ဆုံးနေတာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူအရေအတွက်ဟာ ဒီထက်မက ပိုတိုးလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေသူတွေကို ဘရာဇီးနိုင်ငံ အမေဇုန်အထိပါ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဒီလို ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ရတဲ့အတွက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဗင်နီဇွဲလားရဲ့ ငလျင်ကယ်ဆယ်ရေးနဲ့ ကူညီရေးလုပ်ငန်းတွေအတွက် (ပုံမှန်ဆိုရင် ပိတ်ပင်ထားမယ့်) ငွေကြေးလွှဲပြောင်းမှုတွေကို လာမယ့် အောက်တိုဘာ ၂၃ ရက်အထိ ယာယီဖြေလျှော့ပေးဖို့ ဇွန်လ ၂၅ရက်နေ့က ဆုံးဖြတ်လိုက်ပါတယ်။
ဒဏ်ရာရသူတွေကို ဖုန်တထောင်းထောင်း၊ သွေးသံရဲရဲနဲ့ အပျက်အစီးတွေအောက်ကနေ ဆွဲထုတ်ခဲ့ကြရပြီး အဲဒီထဲမှာ ကလေးတွေနဲ့ တိရစ္ဆာန်တွေလည်း ပါဝင်ပါတယ်။
ဗင်နီဇွဲလား နိုင်ငံပိုင်ရုပ်သံလိုင်းက စိတ်မကောင်းစရာ ကယ်ဆယ်ရေးပုံရိပ်တွေကို ပြသခဲ့ရာမှာ ကွန်ကရစ်တုံးကြီးအောက် ပိတ်မိနေပြီး ခြေဖ၀ါးတစ်ဖက်ပဲ ထွက်နေတဲ့ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ရေးသမားတွေက အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တဲ့ မြင်ကွင်းလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ မြို့တော် ကာရာကတ်စ် ပြင်ဘက် တခြားဒေသတွေမှာတော့ အစိုးရရဲ့ ရှာဖွေရေးအဖွဲ့တွေကို သိပ်မတွေ့ရပါဘူး။
မြို့တော်မှာတော့ ကလေးသုံးယောက်အမေဖြစ်သူ ဒါယာနာ ဒယ်လ်ဂါဒိုက အစိုးရတာဝန်ရှိသူတွေ ကတိပေးထားတဲ့ စက်ယန္တရားကြီးတွေ ဘယ်ရောက်နေလဲလို့ မေးခွန်းထုတ်ခဲ့ပြီး “အိမ်နီးနားချင်းတွေပဲ အပျက်အစီးတွေကို လိုက်တူးနေကြရတာ” လို့ ပြောပါတယ်။
မိခင်တစ်ဦးကလည်း ပျောက်ဆုံးနေတဲ့ သူမရဲ့ ၈ နှစ်အရွယ် သားလေးနဲ့ ပတ်သက်ပြီး “ကျွန်မ သားလေး ဘယ်မှာလဲ၊ အပျက်အစီးအောက်မှာ ပိတ်မိနေတာလား ဒါမှမဟုတ် ကယ်ဆယ်ရေးစခန်းမှာ ရောက်နေတာလားဆိုတာ သိချင်လှပြီ” လို့ ဆိုပါတယ်။
ဗင်နီဇွဲလား ယာယီသမ္မတ ရိုဒရီဂွက်ဇ်ဟာ ဇွန်လ ၂၄ရက် ညနှောင်းပိုင်း နိုင်ငံတော်မိန့်ခွန်းမှာ အရေးပေါ်အခြေအနေ ကြေညာသွားပါတယ်။ ပျက်စီးသွားတဲ့ ဆေးရုံတွေနဲ့ နေအိမ်တွေကို ပြန်လည်ထူထောင်ဖို့အတွက် အစိုးရက ဒေါ်လာ သန်း ၂၀၀ ရန်ပုံငွေ မတည်ပေးသွားမယ်လို့လည်း သူက ပြောပါတယ်။
မက္ကဆီကို၊ ကာတာ၊ ဘရာဇီး၊ စပိန်၊ ပေါ်တူဂီနဲ့ ကနေဒါက နိုင်ငံခေါင်းဆောင်တွေကလည်း ကူညီပံ့ပိုးပေးမယ်လို့ ကတိပြုထားကြပြီး ဇွန်လ ၂၅ရက်နေ့မှာ ကူညီမယ့်ပစ္စည်းတွေ အတော်များများ လမ်းခရီးကို ရောက်ရှိနေပါပြီ ဖြစ်ပါတယ်။
အဲဒီအကူအညီတွေထဲမှာ အရေးပေါ်နဲ့ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေ၊ ရှာဖွေကယ်ဆယ်ရေး ခွေးအဖွဲ့တွေ၊ ဆေးဝါးအထောက်အပံ့တွေ၊ ရေသန့်စင်စက်တွေအပြင် လေယာဉ်တွေနဲ့ ဒရုန်းတွေလည်း ပါဝင်ပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် ရိုဒရီဂွက်ဇ်နဲ့ စကားပြောခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း အမေရိကန်နိုင်ငံအနေနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ ဆေးဝါးအရင်းအမြစ်တွေနဲ့ အခြားအကူအညီတွေကို "ချက်ချင်း" ပို့ဆောင်ပေးနေပြီလို့ ပြောပါတယ်။
ဒါပေမဲ့ ဗင်နီဇွဲလားရဲ့ အဓိကလေဆိပ်ဟာ ငလျင်ဒဏ် ခံရပြီး ပျက်စီးသွားတာကြောင့် သယ်ယူပို့ဆောင်ရေးပိုင်းမှာ အခက်အခဲတချို့ ရှိနေနိုင်ပါတယ်လို့ ပြောကြားသွားပါတယ်။
"ကျွန်တော်တို့ အစိုးရတစ်ရပ်လုံး အင်တိုက်အားတိုက် တုံ့ပြန်ဆောင်ရွက်နေပါတယ်။ ဒါက အကြီးအကျယ်အကူအညီဖြစ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက်လည်း ရှိမှာပါ" လို့ ရူဘီယိုက ပြောကြားခဲ့ပါတယ်။
Reference - AP News
Translation -Alice
https://www.facebook.com/share/17bngNZdG9/

😢12❤2
မကွေးတိုင်း ဆေးတပ်ဖွဲ့ရဲ့အခြေခံ စစ်/ဆေး သင်တန်း သင်တန်းဆင်းပွဲပြုလုပ်
BBM-ဇွန်၂၇
သတင်း-မင်းသော်
မကွေးတိုင်းစစ်ဌာန၊ မကွေးတိုင်း ဆေးတပ်ဖွဲ့ရဲ့အခြေခံ စစ်/ဆေး သင်တန်း အပတ်စဥ် ( ၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို မကွေးတိုင်း တနေရာမှာ မကွေးတိုင်းဆေးတပ်ဖွဲ့ က တာဝန်ခံ အရာရှိများ တက်ရောက်ပြီးကျင်းပ ပြီးစီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFမှ ထုတ်ပြန်ထားပါတယ်။
သင်တန်းကာလအတွင်းမှာ စစ်ဘက်ကျွမ်းကျင်မှုဆိုင်ရာ ဘာသာရပ်တွေနဲ့ ရှေ့တန်း/နောက်တန်း ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ဘာသာရပ်တွေကို ထည့်သွင်းခဲ့ပြီး သင်တန်းကာလ ( ၃ ) လ ဖွင့်လှစ်ကာ မကွေးတိုင်းအတွင်းရှိ ခရိုင်စစ်ဌာနတွေမှ တပ်ရင်းဆေးတပ်ဆွယ် ဆေးတပ်သား အင်အားသစ်များ တက်
ရောက်အောင်မြင်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါသင်တန်းနဲ့ပတ်သတ်ပြီး မကွေးတိုင်းအတွင်း တော်လှန်ရေးအသိ မြင့်မားကာ စစ်ပုံကျပြီး ဆေးပညာကို အပတ်တကုပ် ကြိုးစားလေ့လာနေတဲ့ အရည်အချင်းမီ ဆေးတပ်သားတွေ မွေးထုတ်နိုင်ရန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု
လိုအပ်တဲ့ တော်လှန်ရေးရဲဘော်တွေကို နယ်မြေဒေသမရွေး ပြုစုကုသမဲ့ စစ်ဘက်ဆိုင်ရာ ကျန်းမာရေးယန္တရားတရပ် ပီပြင်စွာ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ရည်ရွယ်တယ်လို့လည်း
ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFမှ ထုတ်ပြန်ထားပါတယ်။
Photo-ပြည်သူ့ကာကွယ်ရေးတပ်မတော်PDF
https://www.facebook.com/share/p/192zEZiD3c/

👍9
ရေကြည်မြို့နယ်က ပွိုင့်စခန်းကုန်း ၃ ခုကို AA သိမ်းပိုက်ပြီးအလောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိ
BBM - ဇွန် ၂၇
သတင်း - Myat
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်းက ပွိုင့်စခန်း ကုန်း ၃ ခုကို အာရက္ခတပ်တော် AA က သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်းတစ်ချို့နဲ့ လက်နက်ခဲယမ်း အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA က ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော် AA သိမ်းပိုက်ရရှိခဲ့တဲ့ ပွိုင့်စခန်းကုန်းတွေမှာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနဲ့ ပွိုင့် (၁၄၈) ကုန်းတို့ဖြစ်ပါတယ်။
AA ဟာ အခု ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှာ ပွိုင့် (၂၈၈) ကုန်းကိုလည်းကောင်း၊ ဇွန်လ (၁၉) ရက်နေ့မှာ ပွိုင့် (၁၈၈) ကုန်းကိုလည်းကောင်း၊ ဇွန်လ (၂၁) ရက်နေ့တွင် ပွိုင့် (၁၄၈) ကုန်းကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ သိမ်းပိုက်ရရှိခဲ့တဲ့ ပွိုင့်စခန်းကုန်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်တပ်သားတွေရဲ့ အလောင်းတစ်ချို့နဲ့ လက်နက်ခဲယမ်းတွေ စစ်အသုံးအဆောင်ပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တာ ရှိတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာမှာ ရှိတဲ့ အမြောက်တပ် (အမတ ၃၄၄)နဲ့ ပုသိမ်အခြေစိုက်တပ်ရင်းတွေမှ ထုတ်နုတ်အင်အား (၄၀၀) ကျော်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာဖြစ်ပြီး အခုထိုးစစ်မှာလည်း တစ်ကြိမ်တည်းမဟုတ်ဘဲ ကြိမ်ဖန်များစွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဖြစ်တာကြောင့် AA ကလည်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်တိုင်းကို အကောင်းဆုံး ခုခံစစ်တွေနဲ့အတူ တန်ပြန်တိုက်စစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ပွိုင့်စခန်းကုန်း ၃ ခုကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်တယ်လို့ AA က ဆိုထားပါတယ်။
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ဟာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ရက္ခိုင်-ဧရာဝတီအစပ်က တိုက်ပွဲတွေ ပိုမိုပြင်းထန်နေခဲ့တယ်လို့လည်း AA က ဆိုထားပါတယ်။
အလားတူ စစ်ကောင်စီတပ်ဟာ AA ထိန်းချုပ်ထားတဲ့ဂွမြို့နယ်အတွင်းကို ဝင်ရောက်နိုင်ဖို့အတွက် လေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာရှိပြီး ကုန်းလမ်း၊ ရေလမ်းတို့မှလည်း နည်းအမျိုးမျိုးနဲ့ ထိုးဖောက်ဖို့ ကြိုးစားလျက်ရှိနေတာကြောင့် ရက္ခိုင်-ဧရာဝတီအစပ် နေရာတွေမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ AA တို့ဟာ ဧရာဝတီစစ်မျက်နှာ တစ်ခုတည်းမဟုတ်ဘဲ တစ်ပြိုင်နက်တည်းအတွင်းမှာ စစ်တွေ၊ ကျောက်ဖြူမြို့ ပတ်ဝန်းကျင်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်နဲ့ထိစပ်နေတဲ့ ချင်းပြည်၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အစပ်နေရာတွေနဲ့ အာရက္ခတပ်တော် AA လှုပ်ရှားရာနေရာအနှံ့မှာလည်း လူလှိုင်းအသုံးပြု ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေတယ်လို့လည်း သိရပါတယ်။
Photos - AA Info Desk
https://www.facebook.com/share/p/194wmU9ZSy/

👍6❤2
ခမရ-၅၉၆ တပ်ရင်းမှ တပ်သားတစ်ဦး KNDO တပ်ရင်း (၃)ထံ လက်နက်ခဲယမ်းများနဲ့ အလင်းဝင်
BBM - ဇွန် ၂၈
သတင်း - ကိုဘုဏ်း
ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူခရိုင်မှာ စစ်ကောင်စီ ခမရ-၅၉၆ တပ်ရင်းမှ တပ်သားတစ်ဦး KNDO တပ်ရင်း (၃)ထံ လက်နက်ခဲယမ်းများနဲ့ အလင်းဝင်ခဲ့တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၇ ရက်နေ့မှာ ခမရ -၅၉၆ မှ အလင်းဝင်တပ်သား မောင်ပြည့်စုံအောင်ဟာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။
အဆိုပါအလင်းဝင်တပ်သားနဲ့အတူMA-1 သေနတ် (၁) လက်၊ ကျည်အိမ် (၃) ခု၊ လက်ပစ်ဗုံး (၁) လုံးနှင့် ကျည်ဆံ (၂၀၀) တောင့်တို့ကို ယူဆောင်၍ KNDO တပ်ရင်း (၃) ထံ အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာတာကြောင့် အဆိုပါအလင်းဝင် တပ်သားအား ခလယ်လွီထူခရိုင်မှ ဆုငွေ ကျပ် (၁၀) သိန်းတိတိ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံအလင်းဝင်ကြရန်ကိုလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းထားပါတယ်။
ပုံ - KNU
https://www.facebook.com/share/p/1DvhrCeJLr/

👍6
အမေရိကန်ကြားဝင်စေ့စပ်ပေးတဲ့ အစ္စရေး-လက်ဘနွန် လုံခြုံရေးသဘောတူညီချက်ကို ဟစ်ဇဘိုလာ ပယ်ချ
BBM - ဇွန် ၂၈
လက်ဘနွန်နဲ့ အစ္စရေးနိုင်ငံအကြား အမေရိကန်က ကြားဝင်စေ့စပ်ပေးထားတဲ့ လုံခြုံရေးသဘောတူညီချက်ကို ဇွန်လ ၂၆ရက်နေ့က လက်မှတ်ထိုးခဲ့ကြပါတယ်။
ဒါပေမဲ့ နောက်တစ်နေ့ ဇွန်လ ၂၇ရက်နေ့မှာ ဟစ်ဇဘိုလာခေါင်းဆောင် နာအင် ကာဆမ် (Naim Qassem) က ဒါဟာ အစ္စရေးကို ဒူးထောက်အညံ့ခံလိုက်တာပဲဆိုပြီး သဘောတူညီချက်ကို ပယ်ချလိုက်ပါတယ်။
အပစ်အခတ်ရပ်စဲရေးနဲ့ သဘောတူညီချက်တွေ ခဏခဏလုပ်နေကြပေမဲ့လည်း တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပါ။
ဇွန်လ ၂၇ရက်နေ့ကလည်း လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးက ဒရုန်းနဲ့ ထပ်ပြီးဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ကျယ်ပြန့်လာတဲ့ အီရန်စစ်ပွဲနဲ့အတူ ပူးတွဲဖြစ်ပွားနေတဲ့ ဒီပဋိပက္ခကြောင့် လက်ဘနွန်ပြည်သူ တစ်သန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
ဟစ်ဇဘိုလာနဲ့ အီရန်ဘက်ကတော့ လွန်ခဲ့တဲ့ နှစ်ပတ်က စစ်ပွဲအဆုံးသတ်ဖို့ လက်မှတ်ထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာမှာ အမေရိကန်က လက်ဘနွန်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကိုပါ ရပ်တန့်ပေးမယ်လို့ ကတိပြုထားတယ်လို့ ပြောပါတယ်။
ဇွန်လ ၂၆ရက်နေ့က သဘောတူညီခဲ့တဲ့ မူ
ဘောင်အရ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်တောင်ပိုင်းက အချို့နေရာတွေကနေ အဆင့်လိုက် ပြန်လည်ဆုတ်ခွာပေးရမှာ ဖြစ်ပြီး၊ အဲဒီနေရာတွေမှာ လက်ဘနွန်အစိုးရစစ်တပ်က ဝင်ရောက်နေရာယူမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တိုးချဲ့သတ်မှတ်ထားတဲ့ လုံခြုံရေးဇုန်တွေထဲမှာ အစ္စရေးစစ်တပ် ဆက်ရှိနေခွင့်ပြုမှာ ဖြစ်ပါတယ်။
ဒါကို ဟစ်ဇဘိုလာခေါင်းဆောင် ကာဆမ်က ဒီသဘောတူညီချက်ဟာ "အလိုအလျောက် ပျက်ပြယ်တယ်" လို့ ကြေညာလိုက်ပြီး လက်ဘနွန်အစိုးရဟာ တစ်ဖက်သတ်အလျှော့ပေးလိုက်တာဖြစ်သလို နိုင်ငံရဲ့အချုပ်အခြာအာဏာကိုလည်း ထိခိုက်စေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
တစ်ဖက်မှာလည်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့ဇ် (Israel Katz) က ဒီသဘောတူညီချက်ကို ချီးကျူးလိုက်ပြီး၊ ဒါဟာ အစ္စရေးအနေနဲ့ လက်ဘနွန်ထဲက လုံခြုံရေးဇုန်လို့ခေါ်တဲ့နေရာကို ဆက်ပြီးသိမ်းပိုက်ထားခွင့်ရမယ့်အပြင် နေရပ်စွန့်ခွာသွားရတဲ့ လက်ဘနွန်ဒေသခံတွေကိုလည်း ပြန်ပေးမဝင်ဘူးလို့ ပြောပါတယ်။
အစ္စရေးက သူတို့တပ်တွေ ဆက်ပြီးထိန်းချုပ်ထားမယ့် နယ်မြေမြေပုံကို ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ လက်ဘနွန်အစိုးရသတင်းဌာနရဲ့ အဆိုအရ ဇွန်လ ၂၆ရက်နေ့က အစ္စရေးဒရုန်းပစ်ခတ်မှုဟာ အဲဒီမြေပုံထဲက လုံခြုံရေးဇုန်ရဲ့ အပြင်ဘက်မှာရှိတဲ့ နာဘာတီးယား အယ်လ်-ဖောင်ကာ (Nabatieh al-Fawqa) ဒေသကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်က Reuters သတင်းဌာနကို ပြောရာမှာတော့ အဲဒီဒေသမှာ သူတို့မြေပြင်တပ်ဖွဲ့တွေ မရှိတာကြောင့် ဒရုန်းသုံးပြီး တိုက်ခိုက်ခဲ့တာလို့ ဝန်ခံထားပါတယ်။
သူတို့တပ်ဖွဲ့တွေကို အန္တရာယ်ပြုနိုင်တဲ့သူတစ်ယောက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ပြောပေမဲ့ အသေးစိတ်အချက်အလက် ဒါမှမဟုတ် သက်သေအထောက်အထားကိုတော့ ထုတ်မပြောပါဘူး။
နောက်ဆုံးအနေနဲ့ ကာဆမ်ကတော့ အခုသောကြာနေ့က အမေရိကန် (ဝါရှင်တန်) ရဲ့ သဘောတူညီချက်ကို အခြေမခံဘဲ လက်ဘနွန်ရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို အာမခံထားတဲ့ ဒီလဆန်းပိုင်းက အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာကိုပဲ ပဋိပက္ခအဆုံးသတ်ဖို့ အခြေခံအဖြစ် အသုံးပြုသင့်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
Reference - Reuters
Photos - Reuters
Translation - Richard
https://www.facebook.com/share/p/1EXffwgnFq/

👍3
ထိုင်းမိန်းကလေးတစ်ဦးကို ခရီးဆောင်အိတ်ထဲထည့်ပြီး လူသတ်အလောင်းဖျောက်ခဲ့မှုနဲ့ ဩစတြေးလျနိုင်ငံသားကို ဖမ်းဆီး
BBM- ဇွန် ၂၈
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အသက် ၁၇ နှစ်အရွယ် ထိုင်းမိန်းကလေးတစ်ဦးကို ခရီးဆောင်အိတ်ထဲ ထည့်ပြီး လူသတ်အလောင်းဖျောက်ခဲ့မှုနဲ့ ဩစတြေးလျနိုင်ငံသားကို ဇွန်လ ၂၆ရက်၊ ည ၉နာရီ၀န်းကျင် သုဝဏ္ဏဘူမိလေဆိပ်မှာ
ဖမ်းဆီးခဲ့ပါတယ်။
ပတ္တရားမြို့မရဲစခန်းက ၁၇ နှစ်အရွယ်
နောင့်ကိတ် (ခေါ်) ထန်ချနော့ ဒွန်ဟွန်မ်လာ့ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အဆိုပါအမျိုးသားကို ပြည်ပသို့ ထွက်ခွာခွင့်မပြုဖို့ တားမြစ်ချက် (Watch Notice) ထုတ်ပြန်ထားတာကို ကွန်ပျူတာစနစ်မှာ သတိပေးချက် ပြခဲ့တာကြောင့် ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးရမိသူဟာ အသက် ၄၆ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ဆိုင်မွန် ပီတာ ကာမန် (Simon Peter Carman)ဆိုသူ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးရေးအရာရှိတွေရဲ့ အဆိုအရ သံသယရှိသူ ကာမန်ဟာ ပတ္တရားရှိ ကွန်ဒိုတစ်ခုကနေ ခရီးဆောင်အိတ်တစ်လုံးကို ဆွဲထုတ်လာတဲ့ CCTV မှတ်တမ်းကို အဓိကသက်သေအဖြစ် ရရှိခဲ့ပြီးနောက် ၎င်းကို လူဝင်မှုကြီးကြပ်ရေးက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
ကာမန်ရဲ့ ထွက်ဆိုချက်အရ ပတ္တရားရှိ ရထားလမ်းဘေး တောအုပ်အတွင်း စွန့်ပစ်ထားတဲ့ ခရီးဆောင်အိတ်အတွင်းကနေ ပျောက်ဆုံးနေသူ မိန်းကလေးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပတ္တရားရောက်မှသာ သိကျွမ်းခဲ့တဲ့ သေဆုံးသူမိန်းကလေးနဲ့ ကွန်ဒိုကို အတူလိုက်ပါလာခဲ့ပြီး ငွေကြေး ၁,၀၀၀ ဘတ်ပေးဖို့ ကနဦးသဘောတူခဲ့ပေမယ့် အဆိုပါအမျိုးသားက ၅၀၀ ဘတ်သာ ပေးခဲ့တာကြောင့် အငြင်းပွားမှု စတင်ခဲ့ပြီး မိန်းကလေးက ဓားနဲ့ ခြိမ်းခြောက်ကာ ငွေပိုတောင်းတာကြောင့် ခုခံလုံးထွေးရင်း သေဆုံးသွားခဲ့ကြောင်း ဖမ်းဆီးရမိသူက ထွက်ဆိုပါတယ်။
ဒါပေမဲ့ အဆိုပါထွက်ဆိုချက်ဟာ တစ်ဖက်သတ် ဆင်ခြေပေးချက်သာဖြစ်ပြီး အမှန်တရားအဖြစ် အတည်မပြုနိုင်သေးကြောင်း ပတ္တရားရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။
ကွန်ဒိုအတွင်းကနေ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေ၊ CCTV မှတ်တမ်းတွေနဲ့ မှုခင်းဆေးပညာဆိုင်ရာ ရင်ခွဲစစ်ဆေးချက် အဖြေတွေကို တိုက်ဆိုင်စစ်ဆေးပြီး လူသတ်မှု၊အလောင်းဖျောက်ဖျက်မှုတို့နဲ့ ထိရောက်စွာ တရားစွဲဆိုနိုင်ဖို့
ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
Reference - The Nation Thailand
Translation - Alice
https://www.facebook.com/share/p/1R53kmCaBt/

👏2
အင်္ဂလန်အသင်းသမိုင်းမှာ ကမ္ဘာ့ဖလားဂိုးအများဆုံးဖြစ်လာတဲ့ ဟာရီကိန်း
BBM - ဇွန် ၂၈
အင်္ဂလန်အသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ အသင်းရဲ့ကမ္ဘာ့ဖလားသမိုင်းမှာ ဂိုးအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
ဟာရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၁၁ ဂိုးအထိ ရှိလာခဲ့တာပါ။
ဂန္ထဝင်တိုက်စစ်မှူး ဂယ်ရီလိုင်နီကာ ၁၉၈၆နဲ့ ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ရပ်မှာ သွင်းယူခဲ့တဲ့ ၁၀ ဂိုးကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။
ဂယ်ရီလိုင်နီကာက ဟာရီကိန်း သူ့ရဲ့မှတ်တမ်းကို လိုက်မီခဲ့တဲ့ အုပ်စုအဖွင့်ပွဲပြီးကတည်းက အင်္ဂလန်ရဲ့အကြီးကျယ်ဆုံးတိုက်စစ်မှူးလို့ ချီးကျူးခဲ့ပါတယ်။
ဟာရီကိန်းအနေနဲ့ ကမ္ဘာ့ဖလားဂိုးအများဆုံးစာရင်းမှာ ကော့ဆစ်၊ ကလင်းစမန်းတို့နဲ့အတူ ပူးတွဲ ရပ်တည်နိုင်ခဲ့ပါတယ်။
ဟာရီကိန်းဟာ လက်ရွေးစင်သွင်းဂိုး ၈၂ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
https://www.facebook.com/share/p/1EX8Ga65PD/