ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ရော်နယ်လ်ဒို မှတ်တမ်းဝင်
BBM - ဇွန် ၂၄
ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနိုင်ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။
ရော်နယ်လ်ဒိုအနေနဲ့ ဂင်းနစ်မှတ်တမ်းတစ်ခုကို ထပ်မံပိုင်ဆိုင်ခဲ့တာဖြစ်တယ်။
Guinness World Records က လူမှုကွန်ရက်စာမျက်နှာကနေ ရော်နယ်လ်ဒိုရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ရေးသားခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားသွင်းဂိုး ၁၀ ဂိုးရှိလာပြီး ပေါ်တူဂီအသင်းသမိုင်းမှာ အူဆီဘီယို(၉ ဂိုး)ကို ကျော်ဖြတ်ကာ ကမ္ဘာ့ဖလားဂိုးအများဆုံး ဖြစ်လာခဲ့တယ်။
၎င်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာလည်း တစ်ပွဲတည်း နှစ်ဂိုးနဲ့အထက် သွင်းနိုင်တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ယူရိုပြိုင်ပွဲတွေမှာ ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့တယ်။
ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ မေဂျာပြိုင်ပွဲတွေမှာ ၁၀ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။
https://www.facebook.com/share/p/1BT4vjzmU6/

Facebook
BBM News
ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ရော်နယ်လ်ဒို မှတ်တမ်းဝင်
BBM - ဇွန် ၂၄
ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနိုင်ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ...

❤6
ထန်တလန် တိုက်ပွဲတွေ ပြင်းထန်ပြီး နှစ်ဖက်အကျဆုံးမှုရှိ
BBM-ဇွန် ၂၄
သတင်း-ကိုအိုက်
ချင်းပြည်နယ်၊ ထန်တလန်မြို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်အကျဆုံးမှုရှိတယ်လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က BBM ကို ပြောပါတယ်။
ဇွန်လ တတိယအပတ်မှစတင်၍ ထန်တလန်မြို့အားလုံး ထိန်ချုပ်နိုင်ရေး စစ်ကောင်စီဟာ ထိုးစစ်ဆင်ပြီး တိုက်ပွဲဟာ ဒီနေ့ထိ ဆက်လက်ပြင်းထန်နေတာ ဖြစ်ပါတယ်။
"မြို့ထဲမှာ စစ်ကောင်စီ ကလည်းရှိနေတယ်။ ကျတော်တို့ဘက်ကလည်း ရှိနေတော့ ထိတွေ့မှုက နေ့တိုင်းလိုလို ရှိတယ်။"လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ အလွန်များနေသလို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ သိရပါတယ်။
"စစ်ကောင်စီက အသေခံ ဒရုန်းတွေကို ပိုအသုံးပြုလာတာ တွေ့ရတယ်။ ဒရုန်းတွေကြောင့် တော်လှန်ရေးဘက်က ရဲဘော်တချို့တွေ ထိခိုက်ကျဆုံးမှုရှိတယ်။ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှု အတော်များတဲ့ အခြေအနေပါ။ " လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။
ဇွန်လ ၂၁ ရက်နေ့ တိုက်ပွဲတုန်းကလည်း CDF ထန်တလန် ကွန်မန်ဒို ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်က သေဆုံးမှု အသေးအစိတ်ကို မသိရသေးဘူးလို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။
https://www.facebook.com/share/p/1924pjjvFv/

Log in or sign up to view
See posts, photos and more on Facebook.
👍12
မဲဆောက်မြို့မှာ လောင်းကစားဝိုင်းလုပ်နေတဲ့သူ ၉ ဦးကို ဖမ်းဆီးရမိ
BBM - ဇွန် ၂၄
သတင်း - မင်း
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တရားမဝင် လောင်းကစားလုပ်နေတဲ့ လူ ၉ ဦးကို ဖမ်းဆီးလိုက်ကြောင်း တာ့ခ်ခရိုင် လူ၀င်မှုကြီးကြပ်ရေးဌာနက ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။
ဇွန်လ ၂၃ရက်နေ့၊ မနက် ၈နာရီ၀န်းကျင်မှာ မဲဆောက်မြို့ရှိ မဲဆောက်ရပ်ကွက်၊ ဘန်ထွန်းလမ်းပေါ်ရှိ အဆောက်အအုံတစ်ခုကို ၀င်ရောက်စီးနင်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ ထိုင်းနိုင်ငံသား ၂ဦးနဲ့ မြန်မာနိုင်ငံသား ၇ဦးပါရှိကြောင်း သိရပါတယ်။
သူတို့ကို "ခွင့်ပြုချက်မရှိဘဲ လောင်းကစားဝိုင်း ထောင်ခြင်း၊ လောင်းကစားပြုလုပ်ဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လှုံ့ဆော်စည်းရုံးခြင်း ဒါမှမဟုတ် ခွင့်ပြုချက်ရထားပေမဲ့ စည်းကမ်းဖောက်ဖျက်ပြီး လောင်းကစားပြုလုပ်ခြင်း" စတဲ့ ၁၉၃၅ ခုနှစ် လောင်းကစားဥပဒေ ပုဒ်မ ၁၂ အရ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဟာ သူတို့ကို ဖမ်းဆီးချိန်မှာ ၂၀၂၂ ခုနှစ် ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးဥပဒေ (ပုဒ်မ ၂၂) နဲ့အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့ကြောင်း ဆိုပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိသူတွေကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ မဲဆောက်ရဲစခန်းက အမှုစစ်ရဲအရာရှိထံ လွှဲပြောင်းပေးအပ်ထားပါတယ်လို့ သိရပါတယ်။
အဆိုပါ ဖမ်းဆီးမှုကို ရဲမှူးချုပ် စရာဝု ခုန်ယိုင် နဲ့ ဒုရဲမှူးကြီး ဘုသဗာဗာဒင်တို့ရဲ့ ညွှန်ကြားချက်အရ တာ့ခ်ခရိုင် လူ၀င်မှုကြီးကြပ်ရေး ရဲမှူးကြီး ချင်းနကွန် အဆဝဖုမ်၊ ဒုရဲမှူးကြီး မွန်ထရီ အင်းပရော် နဲ့ ရဲမှူး နတ်သာဝပ် မစ်ခွန်တို့ ဦးစီးတဲ့ နှိမ်နင်းရေးရဲတပ်ဖွဲ့ဟာ ဇုန် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ မဲဆောက်မြို့မရဲစခန်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။
Reference - Tak Immigration
https://www.facebook.com/share/1BT4QuCBih/

👍7
အင်အား(၄၀၀)ကျော် စကစ စစ်ကြောင်းချေမှုန်းခံရပြီး တပ်မှူးတွေအပါ(၅၀)ကျော်သေ
🟥Mi-17ရဟတ်ယာဥ်လည်းဖျတ်ဆီးခံရပြီး ခဲယမ်းအများအပြားနဲ့ ယာဥ်ယန္တရာတွေပါသိမ်းမိ
BBM-ဇွန်၂၄
သတင်း-မင်းသော်
အင်အား(၄၀၀)ကျော်ပါဝင်တဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းကိုချေမှုန်းတိုက်ခိုက်ရာ စကစ တပ်မှူးတွေအပါ (၅၀)ကျော်သေပြီး ခဲယမ်းအများအပြားနဲ့ ယာဥ်ယန္တရားတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ Magway People's Defence Force မှ ထုတ်ပြန်ထားပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)ကနေထွက်လာတဲ့ အင်အား(၄၀၀)ကျော် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက ပခုက္ကူနယ်ကနေ မြိုင်မြို့နယ် အတွင်းထိ လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ မြိုင်မြို့နယ်အတွင်းရှိ ကိုင်းတောမကျေးရွာအရောက် အထိနာပြီး တွင်းမပျူစခန်းအတွင်း ဆုတ်ခွါသွားတယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က တပ်မှူးအပါ (၅၀)ကျော်သေဆုံးပြီး အများအပြားလည်းထိခိုက်ဒဏ်ရာရသလို ခဲယမ်းအများအပြား၊ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ ယာဥ်ယန္တရားတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါတင်မက ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို သယ်ဖို့ တွင်းမပျူစခန်းတွင်းကိုလာတဲ့ စစ်ကောင်စီရဲ့ Mi-17ရဟတ်ယာဥ်ကိုလည်း တော်လှန်ရေးအင်အားစုတွေက အောင်မြင်စွာ ပစ်ခတ်ဖျတ်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့က ၎င်းတို့ချီတက်ရာ လမ်းတစ်လျှောက်က ကျေးရွာတွေကို မီးရှို့တာ၊ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လဇည်လှီးသတ်ဖြတ်တာတွေ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာကြောင့် အိမ်ခြေ(၄၀)ကျော် မီးရှို့ခံရပြီး မသန်စွမ်းအမျိုးသား(၁)ယောက်အပါ ပြည်သူ(၅)ယောက် ရက်စက်စွာသတ်ဖြတ်ခံရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဟာ ဒီထပ်ပိုပြီး ရက်စက်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ၊စစ်ရေးအသိနဲ့ နေထိုင်ကြပြီး ဘယ်နည်းနဲ့မဆို အဖမ်းမခံဘဲရှောင်ရှားနေထိုင်ရန်အတွက်လည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီရဲ့အဲ့ဒီစစ်ကြောင်းတွေကို မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ပခုက္ကူ ပကဖ၊ ရေစကြို ပကဖ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပခုက္ကူခရိုင် (၂/၆/၇/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ တိုင်းပကဖစစ်ကြောင်း(၄) ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ) ၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု ၊ 8 + အင်အားစု နဲ့ ဒေသတွင်းညီအစ်ကိုများက ညီညီညွတ်ညွတ် ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ Magway People's Defence Force မှ ထုတ်ပြန်ထားပါတယ်။
Photo-Magway - PDF
https://www.facebook.com/share/1BaE1Ch1RZ/

👍7❤3
အမေရိကန်သံတမန်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲချက်အပြင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေနဲ့ပါ ထိုင်းအမျိုးသမီးကို တရားရုံးမှာ စစ်ဆေး
BBM - ဇွန် ၂၄
အမေရိကန်သံတမန်တစ်ဦးဖြစ်တဲ့ ခင်ပွန်းဟောင်းကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ထိုင်းအမျိုးသမီးတစ်ဦးကို ကမာရွတ် မြို့နယ်တရားရုံးမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ပါ ဇွန်လ ၂၃ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ရှေ့နေတစ်ဦးဆီကနေ သိရပါတယ်။
မေလတုန်းက အမေရိကန်သံတမန် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ပဝီနီ စူဖစိရိဝီဆန် (Pavinee Supasirivisan) ဆိုသူဟာ လူသတ်မှုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတိုင်းနဲ့ သက်ဆိုင်တဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုရာ ဥပဒေချိုးဖောက်မှုနဲ့ သူမကို အရင်ဆုံး စတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ အရေးယူမှုကို စိုးရိမ်တာကြောင့် အမည်မဖော်လိုသူ ရှေ့နေရဲ့ ပြောကြားချက်အရ ကမာရွတ်မြို့နယ်တရားရုံးမှာ ပြုလုပ် တဲ့ ဒုတိယအကြိမ် ရုံးချိန်းမှာ လဝကအရာရှိတွေ အပါအဝင် တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
တရားခွင်မှာ အဲဒီအမျိုးသမီးအတွက် ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ် နှစ်ဦး ရှိနေပေမဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပြစ်မှုကျူးလွန်ကြောင်း သူမ ဝန်ခံထားတာ ရှိ၊ မရှိကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးဘူးလို့ ရှေ့နေက ပြောပါတယ်။
အခုစွဲချက်တင်ထားတဲ့ ပြစ်မှုဟာ ပြစ်ဒဏ်အားဖြင့် ထောင်ဒဏ် ၆ လကနေ ၅ နှစ်အထိ ကျခံရနိုင်ပါတယ်။
ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက အရာရှိတစ်ဦးကလည်း တရားခွင်မှာ သက်သေတွေကို စစ်ဆေးခဲ့တယ်ဆိုတာ Associated Press (AP) သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
မီဒီယာတွေကို ဖြေကြားဖို့ လုပ်ပိုင်ခွင့်မရှိတာကြောင့် အမည်မဖော်လိုတဲ့ အခြေအနေနဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အခုလက်ရှိ မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ကျယ်ပြန့်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကနေတစ်ဆင့် ပြည်တွင်းစစ်အသွင်ကို ကူးပြောင်းပြီး ပဋိပက္ခစစ်ပွဲတွေ ဖြစ်ပွားနေပါတယ်။
လက်ရှိမှာ အာဏာပိုင်တွေအနေနဲ့ မီဒီယာတွေကို ထုတ်ဖော်ပြောကြားခြင်းမရှိသလို အမှုကို စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့၊ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယူဆရတဲ့ အကျဉ်း ထောင်နဲ့ သူမကို ရုံးထုတ်ခဲ့တဲ့ တရားရုံးတို့ကလည်း ဝေဖန်သုံးသပ်ချက်ပေးဖို့ ငြင်းဆိုထားတဲ့အပြင် သတင်းထောက်တွေကိုလည်း တရားခွင်ထဲ ဝင်ရောက်နားထောင်ခွင့် ပိတ်ပင်ထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ သံသယရှိသူ ထိုင်းအမျိုးသမီးအတွက် ကောင်စစ်ဆိုင်ရာ အကူအညီတွေ ပေးထားတယ်လို့ အတည်ပြုပေမဲ့ တခြားအသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။
ရှေ့နေရဲ့ ပြောပြချက်အရ အမေရိကန်သံအမတ် ကို မေလ ၁၁ ရက်နေ့က အမေရိကန်သံရုံးနဲ့ ၁.၅ ကီလိုမီတာ (၁ မိုင်ခန့်) အကွာမှာ တွေ့ရှိပြီး နိုင်ငံခြားသံအမတ်၊စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာ ဧည့်သည်တွေ တည်းခိုလေ့ရှိတဲ့ ဆာကူရာဟိုတယ်မှာ ဦးခေါင်းနဲ့ လည်ပင်းတို့မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သံတမန်တစ်ဦး သေဆုံးခဲ့တယ်ဆိုတာ အတည် ပြုထားပေမဲ့ သေဆုံးသူရဲ့ နာမည်အပါအဝင် တခြားအသေးစိတ်အချက်အလက်တွေကိုတော့ တရား၀င်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Reference -Khaosod
Photo- Social Media
Translation -Alice
https://www.facebook.com/share/1CfpxKKGPc/

❤3👍2
မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်တွေရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး
BBM- ဇွန် ၂၄
သတင်း-ကိုအိုက်
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်တွေရဲ့ Biometric (ဇီဝအချက်အလက်) စာရင်းသွင်းခြင်းလုပ်ငန်းဟာလက်ရှိမှာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီဖြစ်တယ်လို့ ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီ လုပ်ငန်းစဉ်ကို ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှစတင်၍ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိစာရင်းတွေအရ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်ဦးရေမှာ စုစုပေါင်း ၂၉,၇၂၇ ဦးရှိပြီး ၂၉,၀၄၇ ဦးရဲ့ Biometric အချက်လက်တွေကို ကောက်ယူပြီးစီးခဲ့ပြီးဖြစ်ရာ စုစုပေါင်းရဲ့ ၉၇ . ၇၁ ရာခိုင်နှုန်းအထိ ပြီးစီးသွားပြီဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိမှာ Biometric စာရင်းသွင်းခြင်းလုပ်ငန်းကို ခေတ္တရပ်နားထားရပါတယ်။
ပြည်နယ်အတွင်းရှိ အစိုးရဝန်ထမ်းတွေဟာ လူဦးရေစာရင်းကောက်ယူရေးနဲ့ မဲဆန္ဒရှင်စာရင်း အထူးပြန်လည်စိစစ်ခြင်း (SIR) လုပ်ငန်းတွေမှာ အလုပ်များနေတာကြောင့် အခုလို ရပ်နားထားရတာဖြစ်တယ်လို့ ပြည်ထဲရေးဌာန တာဝန်ရှိသူတွေက ရှင်းပြထားပါတယ်။
ခရိုင်အလိုက် ပြီးစီးမှုအခြေအနေတွေကို ကြည့်ပါက မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၁၁ ခုအနက် ၆ ခုမှာ လုပ်ငန်းစဉ်တွေ အပြည့်အဝ ပြီးစီးနေပြီဖြစ်ပါတယ်။
အဲဒီခရိုင်များမှာ Aizawl၊ Champhai၊ Lunglei၊ Mamit၊ Khawzawl နဲ့ Saitual တို့ဖြစ်ပါတယ်။
အခြားခရိုင်တွေဖြစ်တဲ့ Serchhip ခရိုင်မှာ ၉၉ ဒသမ ၈၆ ရာခိုင်နှုန်း၊ Kolasib ခရိုင်မှာ ၉၆ ဒသမ ၁၅ ရာခိုင်နှုန်းနဲ့ Lawngtlai ခရိုင်မှာ ၉၅ ဒသမ ၈၃ ရာခိုင်နှုန်းအထိ အသီးသီး ပြီးစီးထားပါတယ်။
စစ်ဘေးရှောင်အများဆုံးရှိတဲ့ စတုတ္ထမြောက်ခရိုင် Siaha မှာ ၈၈ ဒသမ ၆၂ ရာခိုင်နှုန်း၊ Hnahthial ခရိုင်မှာ ၉၀ ဒသမ ၅၁ ရာခိုင်နှုန်းအထိ အသီးသီးပြီးစီးထားပြီဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသက မီဇိုရမ်သို့ ထွက်ပြေးခိုလှုံလာသူတွေရဲ့ Biometric စာရင်းသွင်းမှုလုပ်ငန်းမှာလည်း ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ပါတယ်။
ဇွန်လ ၂၀ ရက်နေ့အထိ စာရင်းတွေအရ ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင် ၁,၄၈၂ ဦးအနက် ၁,၄၄၇ ဦးရဲ့ အချက်အလက်တွေကို ကောက်ယူပြီးဖြစ်ရာ ၉၇ ဒသမ ၆၄ ရာခိုင်နှုန်းအထိ ပြီးစီးထားပြီလို့ သိရပါတယ်။
https://www.facebook.com/share/1HyW5XVMXo/

👍6
ဘတ်ငွေအတု သုံးစွဲတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အရာရှိကို BGF က စစ်အုပ်စုထံအပ်နှံ
BBM-ဇွန်၂၄
သတင်း - ကိုဟန်
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်မှာ ထိုင်းဘတ်ငွေအတု သုံးစွဲနေတဲ့ ကရင်လက်နက်ကိုင်အရာရှိအချို့ကို ကရင်နယ်ခြားစောင့်တပ် BGF က ဖမ်းဆီးပြီးနောက် မြန်မာစစ်အုပ်စုထံ လွှဲပြောင်းပေးလိုက်တယ်လို့ သတင်းအရင်းအမြစ်တွေထံကနေ သိရပါတယ်။
မြဝတီမြို့မှာ ကရင်လက်နက်ကိုင်အရာရှိအချို့ ငွေအတုသုံးစွဲနေတဲ့ သတင်းပေးတိုင်တန်းချက်အရ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် KNU/KNLA-PC အရာရှိ ပိုင်ပိုင် နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ဘတ်တစ်ထောင်တန်ငွေအတု ငါးသိန်းနီးပါးကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
“ပထမ စားသောက်ဆိုင်မှာ သုံးတဲ့ PC က ဗိုလ်ကြီးတယောက်ကို ဖမ်းမိတော့ သူကနေ စုံစမ်းရာကနေ အခု ဗိုလ်ကြီးပိုင်ပိုင်အိမ်ကို ဝင်
စစ်တာ ဘတ်ငွေအတုတစ်ထောင်တန်တွေ အထပ်လိုက် တွေ့တာပဲ” လို့ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့ မြဝတီမြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံသတင်းအရင်းအမြစ်တဦးက BBM ကို ပြောပါတယ်။
လက်ရှိ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ အရာရှိတစ်ဦးနဲ့အတူ လုပ်ငန်းရှင်တစ်ဦးပါဝင်တယ်လို့ ကနဦးသိထားရပေမဲ့ အတိအကျကို စုံစမ်းနေဆဲဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ ဘတ်တစ်ထောင်တန်ငွေအတုတွေဟာ ဘယ်နေရာမှာ ထုတ်လုပ်နေလဲဆိုတာကို မသိရသေးပေမဲ့ ဒေသတွင်းမီဒီယာအချို့ကတော့ ထိုင်းနိုင်ငံဘက်ကနေ ထုတ်လုပ်ပြီးတော့ နယ်စပ် မှာ သုံးစွဲဖို့ ဖြစ်တယ်လို့ ရေးသားနေကြပါတယ်။
ငွေအတု သုံးစွဲသူနှစ်ဦးကို မြဝတီမြို့ရဲစခန်းရှိ စစ်အုပ်စုထံ BGFက အပ်နှံလိုက်ပြီလို့ သိရပြီး(KNU/KNLA-PC)မှလည်း ၎င်းတို့တပ်ဖွဲ့ဝင်တွေဖမ်းဆီးခံထားရတဲ့ သတင်း မကြားရသေးဘူးလို့ တုံ့ပြန်ပြောဆိုထားတယ်လို့လည်း သိရပါတယ်။
လတ်တလော မြဝတီမြို့နယ်မှာ ပျံ့နှံ့နေတဲ့ ထိုင်းဘတ်ငွေတစ်ထောင်တန်အတုဟာ ဘတ် ၁၀ သိန်းခန့်ရှိနေပြီး ကျန်နေတဲ့ ငွေအတုတွေ ဘယ်သူ့လက်ထဲမှာ ရှိနေလဲဆိုတာကို BGF/KNA နဲ့အတူ စစ်ကောင်စီက စုံစမ်းနေဆဲ ဖြစ်တယ်လို့ မြဝတီမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။
“ငွေပမာဏက တော်တော်များတယ်၊ ဘတ်ဆယ်သိန်းလို့ ကြားတယ်၊ အခု သူတို့ ငွေအတု ကိစ္စနဲ့ လိုက်မေးမြန်း နေတာ ရှိတယ်၊ တချို့ဆိုင်တွေက မသိဘဲနဲ့ ငွေအတု လက်ခံမိတာမျိုးရှိ တယ်လေ၊ အဲဒီလို ဆက်စပ်ပြီး လိုက်စစ်ဆေးနေတာတော့ ကြားတယ်” လို့ ပြောပါတယ်။
ဇွန်လဆန်းပိုင်းကတည်းက ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်နဲ့ မဲဆောက်မြို့မှာ ဘတ်တစ်
ထောင်တန်ငွေအတုတွေ မကြာခဏတွေ့ရှိလာရပြီးနောက် ဇွန်လ ၁၁ ရက်နေ့မှာ မြဝတီမြို့ရှိ စားသောက်ဆိုင်တခုမှာ ထိုင်းဘတ်ငွေ အတုနဲ့ ငွေရှင်းခဲ့ရာကနေ နောက်ဆက်တွဲ စုံစမ်းခဲ့ပြီး အခုလို စစ်ဆေးတွေ့ရှိလာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ တတိယအပတ်ထဲမှာ မြဝတီမြို့မှာ ငွေအတုသုံးစွဲနေတဲ့သတင်း လိုက်လံစုံစမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့တာ ရှိတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ထိုင်းဘတ်ငွေကို အသုံးများတဲ့ မြဝတီမြို့မှာ အခုလို ငွေအတု ပျံ့နှံ့လာတဲ့အပေါ် ကုန်စုံဆိုင်၊ စားသောက်ဆိုင်နဲ့ ငွေလွှဲလုပ်ငန်းတွေမှာ သေချာစိစစ်ပြီးငွေလက်ခံနေရသလို လူထုအကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
ဓါတ်ပုံ - Social Media
https://www.facebook.com/share/1Bq2nRZvqq/

👍10❤1
လောင်းရှည် လမ်းပိုင်း(၃)ခုနဲ့ စကစတွေအနားသွားလာခြင်းမပြုလုပ်ဖို့ တော်လှန်ရေးအဖွဲ့တွေတောင်းဆို
BBM-ဇွန်၂၅
သတင်း-မင်းသော်
မကွေးတိုင်း၊ ဆောမြို့နယ်က ဂန့်ဂေါခရိုင်အတွင်းရှိ လောင်းရှည်လမ်းပိုင်း(၃)ခုနဲ့ စကစတွေအနားသွားလာခြင်းမပြုဘဲ လုံးဝရှောင်ရှားပေးကြဖို့အတွက် တောင်းဆိုကြောင်း Laung She Regional People's Defence Force မှ ထုတ်ပြန်ထားပါတယ်။
လောင်းရှည်မြို့နယ်အတွင်းက သီးကုန်း-လောင်းရှည်လမ်းပိုင်း၊ ပိန်းချောင်း-လောင်းရှည် လမ်းပိုင်၊ အင်ဘူး-လောင်းရှည်လမ်းပိုင်းတွေကို ပြည်သူတွေအနေနဲ့ သွားလာခြင်းလုံးဝမပြုလုပ်ဖို့ ဆိုထားပါတယ်။
ဒါတင်မက စကစ တပ်စခန်းတွေရှိရာ အနီးနားက အဆောက်အဦးတွေ၊ စကစ တွေနဲ့အတူ နီးကပ် စွာနေထိုင်တာတွေရှောင်ရှားဖို့နဲ့ တော်လှန်ရေးရဲ့ ရည်ရွယ်ချက်က ပြည်သူတွေ ထိခိုက်ဖို့မဟုတ်ဘဲ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကိုသာ ရည်ရွယ်
တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့လုံခြုံရေးအတွက် အသွားအလာဂရုပြုပေးဖို့၊ တော်လှန်ရေးရဲဘော်တွေကလည်း ပြည်သူထဲက ပြည်သူမို့ ပြည်သူ့အကျိုးစီးပွါးနဲ့လုံခြုံရေးကို အလေးထားကြိုးပမ်းဆောင်ရွက်နေတာမို့ အချင်းချင်းနားလည်ပေးကြဖို့ တိုက်တွန်းတယ်လို့လည်း Laung She Regional People's Defence Force မှ ထုတ်ပြန်ထားပါတယ်။
Photo-ပုံဟောင်း
https://www.facebook.com/share/p/1CvL5hrABR/

👍9
မိုးဗြဲအနီး(၂)လတာတိုက်ပွဲအတွင်း စကစ(၁၉) ယောက်သေကာ လက်နက်ကြီး၊လက်နက်ငယ် တွေ သိမ်းဆည်းရရှိ
BBM-ဇွန်၂၅
သတင်း-မင်းသော်
ကရင်နီပြည်နယ် မိုးမြဲအနီးပတ်ဝန်းကျင်မှာ (၂)လတာတိုက်ပွဲတွေအတွင်း စစ်ကောင်စီ(၁၉) ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်၁-အယ်လ်ဖာစစ်ဒေသ၊ မိုးဗြဲနယ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ(၁၃)ရက်နေ့နဲ့ ဇွန်လ(၁၉)ရက်နေ့တို့မှာ စစ်ကောင်စီတပ်အနေနဲ့ နယ်မြေစိုးမိုးမှုပြန်လည်ရရှိရေးအတွက် ဒရုန်း၊လက်နက်ကြီး၊ တိုက်ခိုက်ရေးအင်အားအများအပြားသုံးပြီး တော်လှန်ရေးတပ်ဖွဲ့တွေရှိရာ ကာကင်းတွေကို (၂)ကြိမ်တိုင် ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်အပါ စကစ (၁၉)ယောက်လောက်သေဆုံးပြီး ဒဏ်ရာရရှိသူလည်း များကာ ၎င်းတို့ထံမှ လက်နက်ကြီး၊ လက်နက်ငယ်များအပါ ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ပေမဲ့ တော်လှန်ရေးဘက်မှလည်း ရဲဘော်(၂)
ယောက်ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ မိုးဗြဲစစ်မျက်နှာမှာ အထိနာတာကြောင့် ကရင်နီပြည် မိုးဗြဲနယ် ဒေသမရွေး မြေပြင်ထိုးစစ်ကော၊ ဝေဟင်နဲ့ပါ တိုက်ပွဲဖြစ်ရာနေရာသာမက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူနဲ့စစ်ရှောင်တွေနေရာကို တိုက်ခိုက်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးအသိ၊ လုံခြုံရေးသတိနဲ့အလေးထားကြဖို့လည်း ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်အနေနဲ့ ခေတ်အဆက်ဆက် ပြည်သူကို အကြောက်တရား၊ အယောင်ပြဖွံ့ဖြိုးရေး၊ အတုအယောင်ငြိမ်းချမ်းရေးတွေနဲ့ သက်ဆိုးရှည်ဖို့ နာ်းပရိယာယ်သုံးစွဲလေ့ရှိတာမို့ သတိထားရမယ်ဖြစ်ပြီး အမှတ်(၁)စစ်ဒေသ အယ်လ်ဖာဇုံ(မိုးဗြဲတပ်နယ်)အနေနဲ့လည်း အာဏာရှင်ချုပ်ငြိမ်းရေးမူကို လက်စွဲပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo-အမှတ်၁-အယ်လ်ဖာစစ်ဒေသ၊ မိုးဗြဲနယ်
https://www.facebook.com/share/p/16trbowSS6/

👍6❤3
မြန်မာနဲ့ အိန္ဒိယအကြား ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် အရှိန်မြှင့်တင်ဆောင်ရွက်နေ
BBM-ဇွန် ၂၅
သတင်း-ကိုလင်း
မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှုပြုလုပ်ရာမှာ အသုံးပြုတဲ့ ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်လဲလှယ်သုံးစွဲနိုင်မယ့် ဗဟိုဘဏ်အချင်းချင်း ငွေလဲလှယ်ရေးအစီအစဉ် သဘောတူညီချက်မူကြမ်းကို ရေးဆွဲနေပြီဖြစ်တယ်လို့ သိရပါတယ်။
အဲဒီကိစ္စရပ်နဲ့ ပတ်သက်၍ ဇွန် ၂၃ ရက်မှာ စကစရဲ႕မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
တွေ့ဆုံပွဲမှာ သဘောတူညီချက်မူကြမ်း ရေးဆွဲနေတဲ့ လက်ရှိအခြေအနေတွေကို အဓိကထား ဆွေးနွေးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး နှစ်နိုင်ငံအကြား ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တွေ ချိတ်ဆက်နိုင်ရေးအတွက်
လည်း အစီအစဉ်တွေ ချမှတ်ထားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့ UPI QR စနစ်နဲ့ မြန်မာနိုင်ငံရဲ့ MMQR စနစ်တို့ကို နှစ်နိုင်ငံအပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်ရေးအတွက် အိန္ဒိယဗဟိုဘဏ်နဲ့ အိန္ဒိယအမျိုးသားငွေပေးချေမှုကော်ပိုရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ဆွေးနွေးခဲ့ကြသေးတယ်လို့လည်း သိရပါတယ်။
အခုတွေ့ဆုံမှု မတိုင်ခင် ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ကိုယ်တိုင်တင် သမ္မတ မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာလည်း အိန္ဒိယဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ တွေ့ဆုံမှုရှိခဲ့တယ်လို့ စကစ လော်ဘီတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီခရီးစဉ်မှာ ကုန်သွယ်မှုငွေပေးချေမှုတွေ ပိုမိုမြန်ဆန်ချောမွေ့စေရေး၊ ရူပီးနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေးနဲ့ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ဆိုင်ရာ အတွေ့အကြုံတွေ အပြန်အလှန်
မျှဝေရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားခဲ့ကြပါတယ်။
အခုဆွေးနွေးနေတဲ့ မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့အကြား ရူပီး-ကျပ် တိုက်ရိုက်ပေးချေမှုစနစ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကတည်းက စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါငွေပေးချေမှုနဲ့ ပတ်သတ်ပြီး လက်ရှိအချိန်အထိ လုပ်ကိုင်ခွင့်ရရှိထားတဲ့ ဘဏ်တွေမှာ အိန္ဒိယဘက်က ပန်ဂျပ်အမျိုးသားဘဏ် (Punjab National Bank) ဖြစ်ပြီး မြန်မာဘက်က CB ဘဏ်နဲ့ UAB ဘဏ်တို့ ဖြစ်တယ်လို့ သိရပါတယ်။
https://www.facebook.com/share/p/1LZKV6GFAC/

👍3
.ဘရာဇီးလ်အသင်းအတွက် နေမာ သုံးနှစ်နီးပါးကြာမှ ပြန်ကစားခွင့်ရရှိ
ဘရာဇီးလ်ဘောလုံးအကျော်အမော် နေမာဟာ သုံးနှစ်နီးပါးကြာမှ နိုင်ငံလက်ရွေးစင်အသင်းအတွက် ပြန်ကစားခွင့်ရရှိခဲ့ပါတယ်။
နေမာဟာ စကော့တလန်ကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၇၆ မိနစ်အရောက် လူစားဝင်ကစားခဲ့တာပါ။
နေမာ (၃၄ နှစ်) အနေနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်က ဥရုဂွေးနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နိုင်ငံအသင်းအတွက် နောက်ဆုံးကစားခဲ့တာဖြစ်တယ်။
အဲဒီပွဲမှာ ဒူးဒဏ်ရာရခဲ့ပြီးနောက် နေမာဟာ နောက်ပိုင်းနှစ်တွေမှာ ကြံ့ခိုင်မှုပြဿနာနဲ့ ဖြတ်သန်းခဲ့ရပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်းမှ နည်းပြ အန်ဆယ်လော့တီရဲ့ ရွေးချယ်မှုခံခဲ့ရပြီး အုပ်စုပထမဆုံးနှစ်ပွဲကိုတော့ ကြံ့ခိုင်မှုမပြည့်လို့ လွဲချော်ခဲ့ပါတယ်။
စကော့တလန်နဲ့ပွဲ နေမာ လူစားဝင်ကစားချိန် ပရိသတ်များက ဂုဏ်ပြုခဲ့ပြီး အစောပိုင်းဘောလုံးထိချက်တွေမှာ လက်ခုပ်သြဘာပေးခဲ့ပါတယ်။
နေမာဟာ ဘရာဇီးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကို စတုတ္ထအကြိမ်မြောက် ဆင်နွှဲခဲ့ရခဲ့တာဖြစ်ပါတယ်။
https://www.facebook.com/share/p/1H1L2LU9ih/

👍4
ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းအား ၇.၂ နဲ့ ၇.၅ ရှိတဲ့ ငလျင်ကြီးနှစ်ခု ဆက်တိုက်ရိုက်ခတ်
BBM-ဇွန် ၂၅
ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းအား ၇.၂ နဲ့ ၇.၅ ရှိတဲ့ ငလျင်ကြီးနှစ်ခုဟာ စက္ကန့်ပိုင်းအတွင်း ဆက်တိုက်ရိုက်ခတ်ခဲ့တာကြောင့် အထပ်မြင့်အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ရတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) နဲ့ AFP သတင်းဌာနတို့က ဖော်ပြထားပါတယ်။
ဇွန်လ ၂၅ရက်နေ့ ညနေပိုင်းမှာ ပြင်းအား ၇.၂နဲ့ ၇.၅ရှိတဲ့ ငလျင်ကြောင့် ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကတ်စ် (Caracas) တစ်မြို့လုံးက ပြည်သူထောင်ပေါင်းများစွာ ထိတ်လန့်နေကြ
ပြီး နေအိမ်တွေထဲကနေ လမ်းမတွေပေါ်ကို အလုအယက် ပြေးထွက်ခဲ့ကြရပါတယ်။
လတ်တလောအချိန်အထိ သေဆုံးသူဦးရေ အတိအကျကို မသိရသေးပေမဲ့ မြို့ပြမြင်ကွင်းအချို့မှာမူ များစွာ ပျက်စီးသွားပြီဖြစ်ပါတယ်။
အဆောက်အအုံတွေ ပြိုကျကာ အမိုးတွေနဲ့ နံရံတွေ ကြေမွပျက်စီးသွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ဒီယိုစ်ဒါဒို ကာဘဲဟိုက ထုတ်ပြန်ခဲ့ပါတယ်။
"လှေကားတွေ ကွာကျလာတယ်၊ နံရံတစ်ခုလုံးလည်း အက်ကွဲကြောင်းတွေ ဖြစ်ကုန်တာ။ မျက်နှာကြက်ကနေ ပစ္စည်းတွေ ဝုန်းကနဲ ပြုတ်ကျလာတဲ့အချိန်မှာ ဘာလုပ်ရမှန်းတောင်မသိဘဲ တကယ်ကို ကြောက်စရာကောင်းခဲ့ပါတယ်" လို့ အသက် ၅၄ နှစ်အရွယ် ဘဏ်ဝန်ထမ်း အမျိုးသမီး အိုဒါလစ် အက်စ်ကာလိုနာက သူမရဲ့ ကြောက်မက်ဖွယ် အတွေ့အကြုံကို ပြောပြပါတယ်။
ကာရာကတ်စ်မြို့တော်ရဲ့ လူစည်ကားရာ အယ်လ်တာမီရာ ရပ်ကွက်မှာ၂၂ ထပ်ရှိတဲ့ အထပ်မြင့်အဆောက်အအုံကြီးတစ်ခုလုံး 'သဲ'လို ပြိုကျပျက်စီးသွားတာကို AFP သတင်းထောက်က ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။
USGS ရဲ့ ထုတ်ပြန်ချက်အရ ပထမငလျင်ဟာ မိုရွန်ကမ်းရိုးတန်းမြို့ရဲ့ အနောက်ဘက်မှာ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ပြီး အချိန် ၃၉ စက္ကန့်အကြာမှာ ပြင်းအား ၇.၅ ရှိတဲ့ ပင်မငလျင်ကြီးက ထပ်မံထိုးနှက်ရိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါငလျင်ကို ပညာရှင်တွေက တစ်တွဲတည်းဖြစ်ပွားတဲ့ "အမွှာငလျင်" လို့ ခေါ်ပါတယ်။
ငလျင်ရဲ့ ပြင်းအားဟာ ဗင်နီဇွဲလားရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကိုလံဘီယာနိုင်ငံရဲ့ မြို့တော် ဘိုဂိုတာ (Bogota) အထိ ရိုက်ခတ်သွားခဲ့ပါတာ ဖြစ်ပါတယ်။
ကိုလံဘီယာနိုင်ငံတစ်ဝန်းမှာ ငလျင်လှုပ်ခတ်မှု သတင်းပို့ချက်ပေါင်း ၂၀၀ ကျော် ရရှိထားပြီး နောက်ဆက်တွဲငလျင်တွေ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် သတိပြုကြဖို့ နှိုးဆော်ထားပါတယ်။
ကိုလံဘီယာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့နဲ့ အမေရိကန် အမျိုးသားဆူနာမီသတိပေးချက်စင်တာတို့က အဆိုပါငလျင်ကြောင့် ဆူနာမီဘေးအန္တရာယ် ဖြစ်ပွားဖို့ အကြောင်းမရှိကြောင်း ပူးတွဲအတည်ပြု ထုတ်ပြန်ထားပါတယ်။
Reference -Bangkok Post
Translation -Alice
https://www.facebook.com/share/1E2hHsXrm6/

😢4
မောင်တောမြို့ စစ်ကောင်စီ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ၁၂ တန်း ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရ
BBM - ဇွန် ၂၅
သတင်း - Myat
အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ မောင်တောမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ၁၂ တန်းကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ မောင်တောမြို့ခံတွေဆီက သိရပါတယ်။
မနေ့က ဇွန်လ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်ဟာ မောင်တောမြို့၊ အမှတ် (၅) ရပ်ကွက်နဲ့ အမှတ် (၇) ရပ်ကွက်အကြားကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ၁၂ တန်း ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဟိန္ဒူလူမျိုးတွေရဲ့နေအိမ် ၁၀ ကျော်မှာလည်း ထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
"၅ ရပ်ကွက်နဲ့ ၇ ရပ်ကွက်အကြားမှာ ဗုံးကျတာပါ။ အဲဒီမှာ နယ်စပ်ဒေသ လူငယ်ဖွံ့ဖြိုးရေးကျောင်းရှိပါတယ်။ အဲဒီကျောင်းမှာရှိနေတဲ့ ၁၂ တန်း ကျောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတာ ဖြစ်ပါတယ်။ နောက်ပြီး ကျောင်းဆောင်တွေမှာလည်း ပျက်စီးမှုရှိတယ်။ အဲဒီအနားက ဟိန္ဒူလူမျိုးတွေရဲ့နေအိမ် ၁၀ ကျော်မှာလည်း ဗုံးစထိမှန်မှုကြောင့် ပျက်စီးသွားရတာ ရှိပါတယ် " လို့ မောင်တောမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။
ဗုံးစထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသွားကြတဲ့သူတွေမှာ မောင်တောမြို့နယ် မောရဝတီကျေးရွာမှ မနှင်းနုခိုင် (၁၈နှစ်)၊ ရသေ့တောင်မြို့နယ်၊ အင်းဒင်ကျေးရွာမှ မမေမြတ်နိုး (၁၉နှစ်) တို့ ဖြစ်ကြပါတယ်။
အာရက္ခတပ်တော် AA ဟာ မောင်တောမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်က လက်ကျန်မြို့နယ်တွေ ဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ် မတိုင်ခင်အတွင်းမှာ သိမ်းပိုက်နိုင်ဖို့အတွက် ကြွေးကြော်ထားတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဟာ ရခိုင်က မြို့နယ်တွေကို လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲချတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်လာနေပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ ကျောက်တော်မြို့ပေါ်နဲ့ လမ်းမတော်ကျေးရွာတွေကို ဂျက်ဖိုက်တာ လေးစီးနဲ့ တစ်နာရီနီးပါးကြာအောင် ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦး သေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
Photos - West Voice
https://www.facebook.com/share/1JFJTH7sj8/

👎3😡3
ဂျပန်မြောက်ပိုင်းမှာ ပြင်းအား ၆.၉ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက်မရှိ
BBM-ဇွန် ၂၅
ဒီနေ့ ဂျပန်နိုင်ငံ မြောက်ပိုင်းကမ်းလွန်မှာ ပြင်းအား ၆.၉ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားပေမဲ့ ဆူနာမီဘေးအန္တရာယ် မရှိနိုင်ကြောင်း ဂျပန်မိုးလေဝသနှင့် ဇလဗေဒအေဂျင်စီက ပြောကြားခဲ့ပါတယ်။
ဇွန်လ ၂၅ရက်နေ့ မနက်ပိုင်း လူသွားလူလာများပြားတဲ့အချိန်မှာ ဂျပန်နိုင်ငံ မြောက်ပိုင်းကမ်းလွန်မှာ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားပေမဲ့ ဆူနာမီဘေးအန္တရာယ် ကျရောက်နိုင်ခြေ မရှိဘူးလို့ သိရပါတယ်။
အဆိုပါငလျင်ဟာ အိုင်ဝါတေးစီရင်စု (Iwate) ရဲ့ အရှေ့ဘက်ကမ်းလွန်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာဖြစ်ပြီး အောက်ခြေအနက် ၅၀ ကီလိုမီတာ (မိုင် ၃၀ ခန့်) မှာ ဖြစ်ပွားခဲ့ရာ တိုင်းထွာချက်တွေအရ ပြင်းအား ၆.၉ အဆင့်ရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ပါတယ်။
အလားတူ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ကလည်း ငလျင်ပြင်းအားဟာ ၆.၉ အဆင့်ရှိကြောင်း ထပ်မံအတည်ပြုထားပါတယ်။
ငလျင်လှုပ်ခတ်ခဲ့တဲ့နေရာဟာ ပြီးခဲ့တဲ့လက အင်အားပြင်း ငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့ဖူးတဲ့ နေရာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း အကြီးစားငလျင် သတိပေးချက်ကို တစ်ပတ်ကြာ ထုတ်ပြန်ခဲ့ရဖူးပါတယ်။
ငလျင်ကြောင့် ဂျပန်နိုင်ငံ မြို့တော်တိုကျိုအထိ အတုန်ခါမှု အနည်းငယ် ခံစားခဲ့ရပေမဲ့ လတ်တလောမှာ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပျက်စီးဆုံးရှုံးမှု သတင်းများ မရရှိသေးကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ မီနိုရူ ကီဟာရ (Minoru Kihara) က ပြောကြားပါတယ်။
ဝန်ကြီးချုပ် စာနာအဲ တာကာအီချီ (Sanae Takaichi) ကလည်း တိုကျိုမြို့ရှိ သတင်းထောက်တွေကို အခုလို ပြောကြားထားပါတယ်။
" အစိုးရရဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ 'ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ပထမဦးစားပေး' အဖြစ် သတ်မှတ်ပြီး ငလျင်သတိပေးအချက်အလက်များကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး လိုအပ်ရင် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲငလျင်များ (Aftershocks) ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒေသခံများအနေနဲ့ သတိရှိရှိ သွားလာနေထိုင်ဖို့ အင်မတန် အရေးကြီးပါတယ်"
အအိုမိုရီ စီရင်စု (Aomori)ဟာရှီကာမီ (Hashikami) မြို့မှာရှိတဲ့ မူလတန်းကျောင်းအုပ်ဆရာမကြီး တိုမိုကို နာဂါနဲ (Tomoko Nagane) ကလည်း သူမကားမောင်းနေစဉ် ငလျင်သတိပေးချက် တက်လာပြီး ဘေးတိုက်လှုပ်ခါမှုကို အတော်အတန်ခံစားခဲ့ရကြောင်း NHK သတင်းဌာနကို ပြောကြားပါတယ်။
ကျောင်းရောက်ရှိနေတဲ့ ကလေးငယ်တွေ
အားလုံး ဘေးကင်းပေမဲ့ တချို့ကလေးငယ်အများစုမှာ ထိတ်လန့်ငိုကြွေးနေတာကြောင့် ဒီနေ့ အတန်းကို ဖျက်သိမ်းပြီး ကလေးတွေကို နေအိမ်ဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သူမက ဖြည့်စွက်ပြောပါတယ်။
ဂျပန်အမျိုးသားရုပ်သံလိုင်း NHK ရဲ့ ရုပ်သံမှတ်တမ်းအရ ဆင်ဒိုင်း (Sendai) နဲ့ မိုရီအိုကာ (Morioka) အပါအဝင် ငလျင်ဒဏ်ပြင်းထန်စွာခံရတဲ့ မြို့တွေမှာရှိတဲ့ သတင်းထောက်တွေဟာ မိနစ်အနည်းငယ်ကြာ တုန်ခါမှုကို ခံစားခဲ့ရပေမဲ့ သိသာထင်ရှားတဲ့ ပျက်စီးဆုံးရှုံးမှုများကိုမူ မတွေ့ရှိရကြောင်းနဲ့ ပြည်သူလူထုအနေနဲ့ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြကြောင်း သတင်းပေးပို့ထားပါတယ်။
အရှေ့ဂျပန်မီးရထားကုမ္ပဏီ (East Japan Railway Co.) က ဘေးကင်းလုံခြုံရေး စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် မြောက်ပိုင်းဒေသရှိ ကျည်ဆန်ရထား (Bullet Trains) အချို့နဲ့ ဒေသခံရထားလိုင်းအချို့ကို ယာယီရပ်ဆိုင်းထားပါတယ်။
၂၀၁၁ ခုနှစ် ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် ပျက်စီးခဲ့ဖူးတဲ့ ဖူကူရှီးမား ဒိုင်အီချီ (Fukushima Daiichi) နျူကလီးယားစက်ရုံ အပါအဝင် အအိုမိုရီနယ်မြေရှိ အသုံးပြုပြီးသား နျူကလီးယားလောင်စာ ပြန်လည်ပြုပြင်မွမ်းမံတဲ့ စက်ရုံတွေမှာလည်း အခုငလျင်ကြောင့် တစ်စုံတစ်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုး မရှိကြောင်း ကီဟာရ က အတည်ပြုပြောကြားသွားပါတယ်။
ဂျပန်နိုင်ငံဟာ ကမ္ဘာ့ငလျင်ပြတ်ရွေဇုန်ဖြစ်တဲ့ "ပစိဖိတ်မီးကွင်းဒေသ" (Pacific Ring of Fire) ပေါ်မှာ တည်ရှိနေတာကြောင့် ကမ္ဘာပေါ်မှာ ငလျင်အန္တရာယ် အရှိဆုံးနိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်ပါတယ်။
Reference - AP News
Translation -Alice
https://www.facebook.com/share/18nnEoDMKn/

👍13❤1
ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံရတာ (၅၀) နှစ်ပြည့်မြောက်
BBM-ဇွန် ၂၆
သတင်း-ကိုအိုက်
စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တော်လှန်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကွပ်မျက်ခံရတာဟာ ဒီနေ့ ဇွန်လ ၂၅ ရက်နေ့မှာ (၅၀) နှစ်
ပြည့်မြောက်ခဲ့ပြီလို့ မြန်မာနိုင်ငံ ချင်းကျောင်းသားများသမဂ္ဂ (CSU Myanmar) က ထုတ်ပြန်ထားပါတယ်။
ဆလိုင်းတင်မောင်ဦးဟာ စစ်အာဏာရှင်ကို ရဲဝံ့စွာဆန့်ကျင်တော်လှန်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး လွတ်လပ်မှု၊တရားမျှတမှုနဲ့ ပြည်သူလူထုအခွင့်အရေးတွေအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်သူရဲကောင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် ကွပ်မျက်ခံရခါနီးအချိန်ထိ "မင်းတို့ငါ့ခန္ဓာကိုယ်ကို သတ်လို့ရပေမယ့် ငါခံယူချက်နဲ့စိတ်ဓာတ်ကိုတော့ ဘယ်တော့မှသတ်လို့မရဘူး၊ မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး" ဆိုတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်၊ရပ်တည်ချက်ဟာ ကျောင်းသားလူငယ်တွေရဲ့နှလုံးထဲ ရှင်သန်နေဆဲဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် ဆလိုင်းတင်မောင်ဦး ကွပ်မျက်ခံရ
တာ နှစ်ပေါင်း (၅၀) ကြာမြင့်ခဲ့ပေမဲ့ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်အောက်မှ အပြည့်အဝ မလွတ်မြောက်သေးဘဲ အထူးသဖြင့်၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေ၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို နေ့စဉ်နဲ့အမျှ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
ဒါ့ကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်ကို အတုယူပြီးကျောင်းသားလူငယ်တွေ၊ ပြည်သူတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မြန်မာနိုင်ငံ ချင်းကျောင်းသားများသမဂ္ဂ (CSU Myanmar) က ထုတ်ပြန်ထားပါတယ်။
Photo-ဆလိုင်းတင်မောင်ဦး
https://www.facebook.com/share/1hyscSaVUu/

👍8❤1😢1
Mi-17 ရဟတ်ယာဉ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ကမ္ဘာ့လေကြောင်းကဏ္ဍအတွင်း အသုံးပြုမှု အခြေအနေ
ကမ္ဘာတစ်ဝှမ်းရှိ စစ်ရေးနဲ့ အရပ်ဘက်ကဏ္ဍတွေမှာ အဓိက အားထား အသုံးပြုလျက်ရှိတဲ့ Mil Mi-17 ရဟတ်ယာဉ်တွေဟာ ၎င်းတို့ရဲ့ ကြံ့ခိုင်မှုနဲ့ စွယ်စုံသုံးနိုင်စွမ်းတို့ကြောင့် လေကြောင်းလောကမှာ ဒီနေ့တိုင် အရေးပါသော နေရာကနေ ပါဝင်နေဆဲဖြစ်ပါတယ်။
ဆိုဗီယက်ခေတ် Mil Moscow Helicopter Plant မှ စတင်ထုတ်လုပ်ခဲ့တဲ့ ဒီရဟတ်ယာဉ်တွေဟာ Mi-8 မော်ဒယ်ရဲ့ တိုးမြှင့်ထုတ်လုပ်ထားတဲ့ ဗားရှင်းတစ်ခုဖြစ်ပြီး ခက်ခဲကြမ်းတမ်းသော ပထဝီအနေအထားတွေနဲ့ ရာသီဥတုဒဏ်ကို အထူးခံနိုင်ရည်ရှိတဲ့အတွက် နာမည်ကျော်ကြားပါတယ်။
နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေအရ Mi-17 တွေဟာ အမြင့်ဆုံးပျံသန်းနိုင်တဲ့အလေးချိန် ၁၃,၀၀၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်ပြီး ကုန်စည် သို့မဟုတ် ခရီးသည် ၂၄ ဦးအထိ တင်ဆောင်ကာ တစ်နာရီလျှင် ပျမ်းမျှ ၂၆၀ ကီလိုမီတာနှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။
၎င်းမှာ တပ်ဆင်ထားတဲ့ TV3-117VM Turboshaft အင်ဂျင်နှစ်လုံးရဲ့ စွမ်းအားဟာ ပျံသန်းမှုအကွာအဝေး ၅၀၀ ကီလိုမီတာအထိ ယုံကြည်စိတ်ချစွာ လုပ်ဆောင်နိုင်စေပါတယ်။
ထိုကဲ့သို့ မြင့်မားသော စွမ်းဆောင်ရည်တွေကြောင့် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေ သယ်ယူပို့ဆောင်ရေးနဲ့ လေကြောင်းကနေ ပံ့ပိုးကူညီရေးလုပ်ငန်းတွေမှာ မရှိမဖြစ်လိုအပ်သော ယာဉ်အဖြစ် သတ်မှတ်ထားပါတယ်။
စစ်ရေးအသုံးပြုမှုအပြင် သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ဒဏ်ရာရရှိသူတွေကို အရေးပေါ်ဆေးကုသမှုခံယူဖို့ ဆေးရုံ ပို့ဆောင်ပေးတာ (Medevac) နဲ့ အရပ်ဘက်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေမှာလည်း ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိပါတယ်။
လိုအပ်ပါက မစ်ရှင်အမျိုးမျိုးအတွက် အလိုက်သင့် ပြောင်းလဲတပ်ဆင်နိုင်တဲ့ ပြင်ဆင်မှုအပိုင်းတွေဟာ ဒီရဟတ်ယာဉ်ရဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။
စီးပွားရေးဆိုင်ရာ သုံးသပ်ချက်တွေအရ Mi-17 ရဟတ်ယာဉ်အသစ်တစ်စီးရဲ့ ဝယ်ယူမှုကုန်ကျစရိတ်မှာ တပ်ဆင်ထားတဲ့ ခေတ်မီ Avionics စနစ်တွေနဲ့ မော်ဒယ်ကွဲပြားမှုအပေါ် မူတည်၍ အမေရိကန်ဒေါ်လာ ၄ သန်းမှ ၆ သန်းကြား ရှိပါတယ်။
ပျမ်းမျှသက်တမ်း နှစ် ၃၀ ရှိသော ဒီရဟတ် ယာဉ်တွေရဲ့ လည်ပတ်မှုကုန်ကျစရိတ်မှာ လောင်စာဆီ၊ ပုံမှန်ပြုပြင်ထိန်းသိမ်းမှု၊ ဝန်ထမ်းလစာနဲ့ အာမခံစရိတ်တို့ ပါဝင်တယ်။
သက်တမ်းတစ်လျှောက် စုစုပေါင်းပိုင်ဆိုင်မှုစရိတ်မှာ အမေရိကန်ဒေါ်လာ ၆ သန်းမှ ၈ သန်းအထိ ကုန်ကျနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ကျွမ်းကျင်သူတွေရဲ့ အဆိုအရ Mi-17 တွေရဲ့ အောင်မြင်မှုမှာ ၎င်းတို့ရဲ့ ကြံ့ခိုင်သော တည်ဆောက်ပုံ၊ ထိန်းသိမ်းရလွယ်ကူတာနဲ့ မစ်ရှင်အမျိုးမျိုးမှာ လိုက်လျောညီထွေ ပြောင်းလဲအသုံးပြုနိုင်မှုတို့ကြောင့်ဖြစ်ပါတယ်။
ဒီအချက်တွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စစ်ရေးအရ အင်အားကြီးနိုင်ငံတွေရဲ့ လေတပ်တွေအတွက် ရေရှည်တည်တံ့သော လေကြောင်းပံ့ပိုးမှုအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး နောင်နှစ်ပေါင်းများစွာအထိ လေကြောင်းလောကမှာ ဆက်လက်အသုံးပြုသွားမယ့် ရဟတ်ယာဉ်အမျိုးအစားအဖြစ် သုံးသပ်ထားပါတယ်။
https://www.facebook.com/share/1Ek8vw8RBA/

👍12❤3
Elon Musk ထရီလီယံနာအဆင့်မှ ပြန်လည်ကျဆင်း
BBM-ဇွန် ၂၅
သတင်း-အိုက်ကျော်
နည်းပညာလုပ်ငန်းရှင်ကြီး Elon Musk ဟာ မနေ့ ဇွန်လ ၂၄ ရက်နေ့ ထရီလီယံနာအဆင့်မှ ပြန်လည် ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
Tesla နဲ့ SpaceX ကုမ္ပဏီတို့ရဲ့ ရှယ်ယာဈေးနှုန်းတွေ ရုတ်တရက် ကျဆင်းသွားတာကြောင့် သူရဲ့ ကြွယ်ဝချမ်းသာမှုမှာ ဘီလီယံနာအဆင့်ကို ပြန်လည်ရောက်ရှိသွားတာ ဖြစ်ပါတယ်။
Forbes စာရင်းအရ ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီမှာ Musk ရဲ့ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၉၇၀.၂ ဘီလီယံအထိ ရှိခဲ့ပါတယ်။
အခုလ အစောပိုင်း ဇွန် ၁၂ ရက်နေ့မှာ SpaceX ရဲ့ သမိုင်းဝင် ရှယ်ယာစတင်ရောင်းချမှု (IPO) အပြီးမှာ Musk ဟာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာအဖြစ် စံချိန်တင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့စတော့ဈေးကွက် ရောင်းထုတ်မှုတွေက နည်းပညာကုမ္ပဏီကြီးတွေကို ရိုက်ခတ်ခဲ့ပါတယ်။
အတိုးနှုန်းတွေ တိုးမြှင့်နိုင်မယ့် အခြေအနေနဲ့ AI နည်းပညာအပေါ် စိုးရိမ်မှုတွေက ရင်းနှီးမြှုပ်နှံသူတွေကို တုန်လှုပ်စေခဲ့ပါတယ်။
AI ကဏ္ဍနဲ့ ဆက်စပ်နေတဲ့ Google ရဲ့ Alphabet နဲ့ Samsung လို ကုမ္ပဏီတွေမှာလည်း ရှယ်ယာဈေးနှုန်းတွေ အကြီးအကျယ် ကျဆင်းခဲ့ပါတယ်။
SpaceX ဟာ ၎င်းရဲ့ IPO မှ ဒေါ်လာ ၇၅ ဘီလီယံ ရရှိခဲ့ပြီး စတင်ရောင်းချချိန်မှာ ရှယ်ယာဈေးနှုန်းတွေ သိသိသာသာ မြင့်တက်ခဲ့ပေမဲ့လည်း အခုအခါ ဈေးကွက်ရဲ့ အတက်အကျဒဏ်ကို ခံစားနေရပါတယ်။
Musk ရဲ့ ပိုင်ဆိုင်မှုအများစုမှာ စတော့ရှယ်ယာတွေမှာ မြှုပ်နှံထားတာဖြစ်သဖြင့် ဈေးကွက်အတက်အကျပေါ် အဓိကမူတည်နေပါတယ်။
တကယ်လို Tesla သို့မဟုတ် SpaceX ရှယ်ယာဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာပါက Musk ဟာ မဝေးတော့တဲ့အနာဂတ်မှာ ထရီလီယံနာအဆင့်ကို ပြန်လည်ရရှိနိုင်ဖွယ် ရှိပါတယ်။
လက်ရှိအခြေအနေမှာ ထရီလီယံနာအဆင့်မှ ကျဆင်းသွားပေမဲ့လည်း Elon Musk ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။
သူရဲ့ နောက်မှာ Google ပူးတွဲတည်ထောင်သူ Larry Page က ပိုင်ဆိုင်မှု ဒေါ်လာ ၂၈၄ ဘီလီယံနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
Musk ဟာ အခုနှစ်အတွင်းတင် ပိုင်ဆိုင်မှု ဒေါ်လာ ၃၃၈ ဘီလီယံအထိ တိုးမြှင့်နိုင်ခဲ့ပြီး သူရဲ့ စီးပွားရေးလွှမ်းမိုးမှုမှာ အလွန်ပင် ကြီးမားနေဆဲ ဖြစ်ပါတယ်။
ကိုးကား-Guardian US
https://www.facebook.com/share/1BHdCS32dH/

👍13
ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာ ရွှေတူးဖော်မှု အရှိန်
မြင့်လာပြီး လယ်ယာမြေတွေ ပျက်စီး
BBM-ဇွန် ၂၅
သတင်း-PJ
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရွှေတူးဖော်မှုတွေ အရှိန်မြင့်လာနေပြီး ဒေသခံတွေရဲ့ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးကာ စိုက်ပျိုးရေးလုပ်ငန်းတွေပါ ထိခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရှမ်းမြောက်ရှိ ရတီးမ၊ နောင်းအိန်၊ မိုင်းငေါ့၊ ဟန်ကိုင်၊ နမ့်ဖတ်ကာ အနီးဝန်းကျင်နဲ့ အခြားကျေးရွာတွေ အနီးမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာလို့ ဘိုးဘေးစဉ်ဆက် စိုက်ပျိုးလာခဲ့တဲ့ စပါးခင်းတွေနဲ့ လယ်ယာမြေတွေ ပျောက်ဆုံးလာနေကြောင်း ဒေသခံတွေက ပြောပါတယ်။
“တီးမ၊ နောင်းအိန်ဘက်က လယ်ကွက်တွေ ရွှေတူးလိုက်ကုန်ပြီ။ ဒေသခံတွေ ဘယ်လိုမြင်ကြလဲတော့ မသိဘူး။ ကျနော်လည်း ရွှေလုပ်ကွက်မှာ ရောက်နေတယ်။ အလုပ်အကိုင် ရှားပါးတော့ ဒီအလုပ်ပဲ အဆင်ပြေနေတာ။ တခြားအလုပ်တွေက ဝင်ငွေနည်းတယ်လေ” လို့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။
ဒေသခံတွေအနေနဲ့ ဘိုးဘေးစဉ်ဆက် စပါးစိုက်လာတဲ့ မြေတွေမှာ ရွှေတူးတာတွေကြောင့် ပျက်စီးကုန်တဲ့အပြင် ဒေသခံအချို့မှာ စီးပွားရေးအခက်အခဲတွေကြောင့် ခြံမြေတွေကို ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေဆီ ရောင်းချခဲ့ရတာတွေလည်း ရှိတယ်လို့ ဒေသခံအမျိုးသမီးတစ်
ယောက်ကလည်း BBM ကိုပြောပါတယ်။
“ခြံကိုလည်း အကွက်ချပြီး ရောင်းစားလိုက်ကြတယ်။ စိတ်တော့ မကောင်းဘူး။ လယ်တွေ အကုန်လုံး တူးလိုက်ရင် နောက်နောင် အားလုံး ဒုက္ခရောက်ကုန်မှာ”
ဒါ့အပြင် မိုင်းငေါ့ဒေသမှာလည်း တရုတ်လုပ်ငန်းရှင်တွေဟာ SSPP နဲ့ TNLA တို့ဖြင့် ပူးပေါင်းပူးပေါင်းပြီး ရွှေတူးဖော်မှုတွေ လုပ်ဆောင်နေကြတယ်လို့လည်း ဆိုပါတယ်။
ဒါတင်မက တရုတ်လုပ်ငန်းရှင်အများအပြာဟာလည်း ဒေသတွင်း မြေရှားအပါ အခြားသတ္တု ရှာဖွေမှုတွေကို ရှမ်းမြောက်မှာအကြီးအကျယ်
ပြုလုပ်နေပြီး တရုတ်ပြည်ထဲ ပြန်သွင်းနေတယ်လို့လည်း ဆိုပါတယ်။
ဒီလို အကြီးအကျယ်တူးဖော်ပြီး သယ်ယူပို့ဆောင် မှုတွေပြုလုပ်နေတာကြောင့်ပဲ နမ္မတူလမ်း၊ နမ့်
ဖတ်ကာ-နမ့်ခမ်းလမ်း၊ မိုင်းဝီးလမ်းပိုင်း တွေဟာ အတော်ပျက်စီးနေပြီး ပြုပြင်ထိန်းသိမ်းပေမဲ့သူရှိမနေဘူးဟုလည်း ဒေသခံတွေက ပြောပါတယ်။
“ရှမ်းမြောက်မှာ တရုတ်လုပ်ငန်းရှင်တွေ မြေရှားသတ္တုကို အသည်းအသန် လိုက်ရှာနေကြတယ်။ သတ္တုတွေ ကုန်မလားတော့ မသိဘူး”
ဒီလို ရွှေတူးဖော်မှု၊ သတ္တုနဲ့မြေရှား တို့ကို စည်းကမ်းမဲ့ အလွန်အကျွံတူးဖော်မှုတို့ကနေ ထွက်လာတဲ့ မြေစာပုံတွေဟာလည်း အနီးရှိ လယ်တွေ၊ ချောင်း၊မြောင်းတွေထဲ ဝင်ရောက်မှုတွေရှိနေပြီး အချို့ဒေသတွေမှာ သောက်စရာ ရေပင် ရှားလာတယ်လို့လည်း ပြည်သူတစ်ယောက်က ဆိုပါတယ်။
“ဟန်ကိုင်မှာ မြေစာပုံတွေက လယ်ထဲ ရောက်ကုန်တာ။ ချောင်းမှာ ရွှေကျင်တော့ ရေက သောက်မရတော့ဘူး။ ရေမရှိလို့ အဲဒီကို သွားတုန်းက နွားခြေရာထဲက ရေတောင် ငုံ့သောက်ခဲ့ရတယ်”
ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို အဓိက တရုတ်လူမျိုး လုပ်ငန်းရှင်တွေက လက်ဝါးကြီးအုပ်ချယ်လှယ်နေပြီး
MNDAA၊ TNLA၊ KIA၊ SSPP/SSA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ပါဝင်ပတ်သတ်မှုအချို့ရှိနေတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။
Photo Crd# ဒေသခံ တစ်ဦး
https://www.facebook.com/share/p/1BvjayoCvM/

👍4😢1