3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးလေး "တိုက်ချီတို "သေဆုံး

BBM-ဇွန်၂၁
သတင်း-မင်းသော်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်အိမ်မွေးခွေးလေး "တိုက်ချီတို"ဟာ ဒီနေ့ညပိုင်းမှာပဲ ခြံနံပါတ်(၅၄) ခြံဝန်းအတွင်း သေဆုံးသွားပြီလို့ သိရပါတယ်။

"တိုက်ချီတို" ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က သားဖြစ်သူ ကင်မ်အဲရစ်က လက်ဆောင်အဖြစ်ဝယ်ပေးခဲ့တာဖြစ်ပြီး မျိုးစပ်ထားတဲ့ အင်းခွေးအမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုစဥ်ကတည်းက "တိုက်ချီတို" ကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဂရုတစိုက်မွေးမြူခဲ့ပြီး အချို့သော ခရီးစဥ်တွေမှာပါ ခေါ်ဆောင်သွားတာမျိုးကို တွေ့ခဲ့ရပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့"တိုက်ချီတို" ဟာ ရန်ကုန်မြို့ရှိ ခြံနံပါတ်(၅၄)ကို ပို့ဆောင်ခံလိုက်ရပြီး နီးစပ်သူတွေက ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

၂၀၂၂ခုနှစ်အတွင်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးလေး "တိုက်ချီတို" သေဆုံးပြီဆိုတဲ့ သတင်းမျိုး ထွက်ပေါ်ခဲ့ဖူးသလို မျက်စိကွယ်သွားပြီဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့သေးပါတယ်။

ဒါပေမဲ့ ဇွန်လ၂၁ရက်နေ့ညမှာတော့ "တိုက်ချီတို" ဟာ အမှန်တကယ် သေဆုံးသွားပြီး သေဆုံးချိန်မှာ အသက်(၁၆)နှစ်ကျော်အရွယ်ရှိတယ်လို့ သိရပါတယ်။
https://www.facebook.com/share/1BN2JxjiZp/
😢29👎1
Mi-17 ရဟတ်ယာဥ် တိုက်ခိုက်မှုVideo File MGY-PDF ထုတ်ပြန်

BBM-ဇွန်၂၃
သတင်း-မင်းသော်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဥ်တိုက်ခိုက်မှု Video File ကို MGY-PDF က ထပ်မံထုတ်ပြန်ထားပါတယ်။

ဇွန်လ(၂၃)ရက်နေ့ (ဒီနေ့)ညနေခင်းမှာ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဥ်ကို မြိုင်မြို့တစ်နေရာမှာ ပစ်ချနိုင်ခဲ့တယ်လို့ MGY-PDF က ကနဦးထုတ်ပြန်ခဲ့ပြီးနောက် ဒီနေ့ညမှာ Video File နဲ့တကွ ထပ်မံထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

အဆိုပါရဟတ်ယာဥ်တိုက်ခိုက်မှုဖြစ်စဥ်ကို MGY-PDF သာမက ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်တွေမှလည်း BBMကို အတည်ပြုပြောဆိုထားသလို ရုပ်သံVideo တွေကိုလည်း အခြားတော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

တိုက်ခိုက်မှုအပြီး နောက်ဆက်တွဲ စစ်ကောင်စီထိခိုက်သေဆုံးမှုသတင်းနဲ့ ရဟတ်ယာဥ်ပျက်စီးမှုအခြေအနေကို BBM အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Video-ပေးပို့
https://www.facebook.com/share/v/1DqeYRWKrJ/
👍7
ချောက်မြို့မှာ စကစ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်

BBM - ဇွန်လ ၂၃
သတင်း - ကိုဘုဏ်း

မကွေးတိုင်း၊ချောက်မြို့နယ်၊ကျောက်တဲလမ်းခွဲ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၂၀) ရက်နေ့ ညနေ (၆)နာရီ(၁၅) မိနစ်လောက်မှာ အဲ့ဒီစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး မိနစ် (၃၀) ကြာတိုက်ပွဲအတွင်း စကစ (၂)ယောက် နေရာမှာပဲ သေဆုံးခဲ့ပြီး (၆)ယောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ချောက်မြို့နယ်အတွင်း ပြည်သူလူထုကို ဒုက္ခပေးနေတဲ့စစ်ကောင်စီနဲ့လက်ပါးစေတွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့လည်း ဆိုထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက် ပ.က.ဖ ) နဲ့ အတူမကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးခရိုင် ပ.က.ဖ တပ်ခွဲ - ၅ ( Chauk Special Attack Force )၊ ဧရာဒေါင်း ( မကွေးဖက်ဒရယ်ယူနစ် တပ်ဖွဲ့ ) နှင့် Tiger Fighter Force တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကထုတ်ပြန်ထားပါတယ်။

Video- ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကထုတ်ပြန်ထားပါတယ်။
https://www.facebook.com/share/r/1BxPZxS3vS/
👍5👏1
ချောက်မြို့ကိုလာတဲ့ အင်အား(၁၀၀)ပါ စကစ ယာဥ်တန်တိုက်ခံရပြီး (၇)ယောက်မျက်မြင်သေ

BBM-ဇွန်၂၄
သတင်း-မင်းသော်

မကွေးတိုင်း၊ ချောက်မြို့နယ်ကိုလာတဲ့ အင်အား (၁၀၀)ပါ စကစ ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာကြောင့် စကစ (၇) ယောက် မျက်မြင်သေဆုံးခဲ့တယ်လို့ ဇုန်တာဝန်ခံပိုင်ကြီးထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၂၀ရက် မနက်၁၀နာရီခွဲလောက်က ကျောက်ပန်းတောင်းမြို့ဘက်ကလာတဲ့ စကစ အင်အား(၁၀၀)ပါ Double Cab (၁)စီးနဲ့ စစ်
ကား(၆)စီး ယာဥ်တန်းကို မြေပြင်သတင်းအရ ချောက်မြို့နယ်၊ အမှတ်(၃)ပြည်ထောင်စုလမ်းပေါ်မှာ အသင့်စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ Double Cab ကားကို ထိထိမိမိမိုင်းဆွဲနှိမ်နှင်းနိုင်ခဲ့တာကြောင့် ကားပေါ်ပါလာတဲ့ စကစ(၇)ယောက်နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတာကို အတည်ပြုနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီနောက် တော်လှန်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ပါ ထပ်မံပစ်ခတ်ခဲ့တာကြောင့် စကစ (၇)ယောက်ကနေ (၁၀)ယောက်ကြား ပြင်းထန်စွာထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင်ချောက်မြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေက မထုတ်ပြန်ထားတဲ့ ပြောက်ကျားတိုက်ပွဲတွေများစွာလည်းရှိနေပြီး မိဘပြည်သူတွေအနေနဲ့ လိုအပ်တဲ့ထောက်ပံ့ကူညီမှုကို ပေးဖို့တောင်းဆိုတယ်လို့ ဇုန်တာဝန်ခံပိုင်ကြီးက BBM ကိုပြောပါတယ်။

" အခုလိုပြောက်ကျားစနစ်ကို ပီပီပြင်ပြင် အအောင်မြင်ဆုံးဖြစ်အောင် ရဲဘော်တွေထိခိုက်မှုနည်းအောင် အပွဲပွဲနွှဲခဲ့တာ ရှေ့မှာလည်း ရှိပါတယ်၊ ကျွန်တော်တို့ မဖော်ပြတဲ့ ပွဲတွေလည်း ရှိပါတယ်၊ အခုစကစ ကိုတိုက်ထုတ်ရာမှာ ကျည်ခဲယမ်းလိုအပ်ချက်လည်းရှိပါတယ်၊ တိုက်ပွဲတစ်ပွဲပြီးတိုင်းကုန်သွားတဲ့ ခဲယမ်းကို ဖြည့်တင်းဖို့ကျွန်တော်တို့မှာ လိုအပ်ချက်ရှိပါတယ်၊ ကျွန်တော်တို့အနေနဲ့ ရှေ့မှာအသက်တွေ၊ခြေလက်တွေရင်းပြီးတိုက်ပွဲဝင်ပေးပါမယ်၊ လိုအပ်တဲ့ လက်နက်၊ ခဲယမ်း၊ ကျည်တွေကို မိဘပြည်သူတွေအနေနဲ့ ထောက်ပံ့ပေးပါလို့"

အဆိုပါတိုက်ခိုက်မှုတွေကိုချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက် ပ.က.ဖ)၊ မကွေးခရိုင် ပ.က.ဖ (သခင်ဖိုးလှကြီးစစ်ကြောင်း)၊ ညောင်ဦးခရိုင် တပ်ရင်း (၄) နဲ့ ဧရာဒေါင်း (မကွေးဖက်ဒရယ်ယူနစ် တပ်ဖွဲ့) တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Video-ပကဖ၊ ချောက်မြို့နယ်
https://www.facebook.com/share/v/1F3GLT3Smd/
👍6🫡1
အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နေတာဟာ နိုင်ငံကို မတည်မငြိမ်ဖြစ်ဖို့ လုပ်နေတာဖြစ်ကြောင်း ပူတင်ဆို

BBM - ဇွန် ၂၃

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းဟာ ရုရှားနိုင်ငံတွင်းက အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ပြီး လူမှုအသိုင်းအဝိုင်းကို မတည်ငြိမ်အောင် လုပ်ဖို့ ကြိုးစားနေတယ်လို့ ဇွန်လ ၂၃ရက်နေ့က ပြောလိုက်ပါတယ်။

၂၀၂၆ ခုနှစ်အစကတည်းက ယူကရိန်းရဲ့ ရေနံချက်စက်ရုံတွေအပေါ် တိုက်ခိုက်မှုတွေဟာ နှစ်ဆလောက် တိုးလာခဲ့ပြီး အချို့ဒေသတွေမှာ ဓာတ်ဆီဈေးတွေတက်ကာ ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းရတာတွေ ဖြစ်လာစေပါတယ်။

ကိယက်ဗ် (ယူကရိန်းအစိုးရ) ကတော့ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ရုရှားရဲ့ စစ်ရံပုံငွေ အဓိကအရင်းအမြစ်ကို ဖြတ်တောက်ဖို့နဲ့ ရုရှားပြည်သူတွေအနေနဲ့ ဒီစစ်ပွဲက သူတို့နဲ့ မဝေးတော့ဘူးဆိုတာကို သိစေချင်လို့လို့ ပြောထားပါတယ်။

စစ်ဘက်နဲ့ လုံခြုံရေးတက္ကသိုလ် ဆင်းပွဲတက်ရောက်လာတဲ့ ကျောင်းဆင်းတွေကို ပူတင်က စကားပြောခဲ့တာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့အပတ်က မော်စကို ရေနံချက်စက်ရုံကို ယူကရိန်း ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီးနောက်ပိုင်း ဒီအခြေအနေအပေါ် သူ့ရဲ့ ပထမဆုံး ထုတ်ဖော်ပြောကြားချက်လည်း ဖြစ်ပါတယ်။

"အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာ ဘာကို ရည်ရွယ်တာလဲ၊ အနောက်အုပ်စု တစ်ခုလုံးက သူတို့ဘက်က ကူညီပေးနေပြီး ဒရုန်းတွေ အများကြီး ဝင်လာနေတဲ့ အရှိန်အဟုန်ပြင်းတဲ့ တိုက်ခိုက်မှုကြားမှာ လူ့အဖွဲ့အစည်းကို မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့ပါပဲ၊ ရုရှားတပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မရေမရာဖြစ်မှုကို ဖန်တီးချင်တာပါ" လို့ ရုပ်သံကနေ ထုတ်လွှင့်တဲ့ အဲဒီအစည်းအဝေးမှာ ပူတင်က ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် သူက ဒိုးနက်စ်ဒေသထဲက "ခံတပ်ခါးပတ်" လို့ ခေါ်ကြတဲ့ နေရာရဲ့ တောင်ဘက်အကျဆုံး အချက်အချာကျတဲ့ ကော့စတီယန်တီနော့ဗ်ကာ (Kostiantynivka) မြို့ကို ရုရှားတပ်တွေ သိမ်းပိုက်နိုင်လုနီးပါး ဖြစ်နေပြီလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ (ဒီမြို့ကို ယူကရိန်းဘက်က လက်လွှတ်ဖို့ မော်စကိုက တောင်းဆိုထားတာ ဖြစ်ပါတယ်။)

Reference - Reuters
Photo - Reuters
Translation - Richard
https://www.facebook.com/share/p/1BvkhEV6Uo/
👍6😁3
မီဇိုရမ်မှာ TAVI နည်းပညာနဲ့ ပထမဆုံးအကြိမ် နှလုံးအဆို့ရှင် အစားထိုးကုသမှု အောင်မြင်

BBM-ဇွန် ၂၃
သတင်း-ကိုလင်း

အိန်ဒိယနျိုငျငံ၊ မီဇိုရမ်ပြည်နယ်၊ မြန်မာနိုင်ငံသားတွေ အများစု ဆေးကုသနေတဲ့ အိုင်ဇောလ်မြို့ရှိ Ebenezer ဆေးရုံမှာ ရင်ခွဲစိတ်ကုသမှု ပြုလုပ်ဖို့ မလိုဘဲ နှလုံးအဆို့ရှင် အစားထိုးကုသမှုကို ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အခုလို ခေတ်မီနည်းပညာကို အသုံးပြုနိုင်တာဟာ မီဇိုရမ်ရဲ့ ကျန်းမာရေးကဏ္ဍမှာ အရေးပါသော တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။

ဇွန် ၂၁ ရက်က Ebenezer ဆေးရုံရဲ့ နှလုံးရောဂါကုသဌာနမှာ အသက် ၇၂ နှစ်အရွယ် အမျိုးသမီးလူနာတစ်ဦးကို TAVI (Transcatheter Aortic Valve Implantation) နည်းပညာနဲ့ ကုသပေးခဲ့တာဖြစ်ပါတယ်။

အဲဒီလူနာမှာ နှလုံးအဆို့ရှင် ကျဉ်းမြောင်းမှုကြောင့် နှလုံးအားနည်းတာ၊ နှလုံးပျက်ကွက်တာနဲ့ အသက်ရှူရခက်ခဲတာ ဝေဒနာတွေကို ပြင်းထန်စွာ ခံစားနေရသူဖြစ်ပါတယ်။

လူနာရဲ့ အသက်အရွယ်ကြီးရင့်မှုနဲ့အတူ အခြားသော ဝမ်းဗိုက်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရှိနေတဲ့အတွက် ရင်ခွဲစိတ်ကုသမှု ပြုလုပ်ရန်မှာ အလွန်အန္တရာယ်များတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါ့ကြောင့် ဆရာဝန်တွေက သွေးကြောမှတဆင့် အဆို့ရှင်အသစ်ကို အစားထိုးပေးတဲ့ နည်းလမ်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ခွဲစိတ်မှုအတွင်း လူနာကို မေ့ဆေးအပြည့်ပေးဖို့ မလိုဘဲ ထုံဆေးဖြင့်သာ ဆောင်ရွက်ခဲ့တာပါ။

ခွဲစိတ်မှုအပြီးမှာ လူနာဟာ လျင်မြန်စွာ ပြန်လည်သက်သာလာခဲ့ပြီး ကျန်းမာရေးအခြေအနေမှာလည်း ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက အတည်ပြုပြောကြားပါတယ်။

အခုကုသမှုကို ဦးဆောင်ခဲ့တဲ့ နှလုံးအထူးကုဆရာဝန် ဒေါက်တာ Vanlalmalsawmdawngliana ရဲ့ ပြောကြားချက်အရ မီဇိုရမ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသမှာ အာသံနဲ့ မီဂါလာယာပြည်နယ်ပြီးနောက် TAVI နည်းပညာနဲ့ ကုသနိုင်တဲ့ တတိယမြောက်ပြည်နယ် ဖြစ်လာပါတယ်။

အခုလို ခေတ်မီနည်းပညာတွေကို Ebenezer ဆေးရုံမှာ စတင်အသုံးပြုနိုင်တာကြောင့် အရင်က ကုသဖို့ ခက်ခဲသော နှလုံးဝေဒနာရှင်တွေကို ပြည်နယ်အတွင်းမှာ ကုသပေးနိုင်တော့မှာဖြစ်ပါတယ်။

အဲဒီနည်းပညာဟာ နှလုံးရောဂါဝေဒနာရှင်တွေအတွက် ပိုမိုသက်သာသော ကုသမှုရွေးချယ်စရာတွေကို ဖန်တီးပေးနိုင်မယ်ဖြစ်ပါတယ်။
https://www.facebook.com/share/p/1Co65YcUzp/
👍52👏1
ရေကြည်မြို့နယ်ရှိ ပွိုင့် ၁၈၈ စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိ

BBM - ဇွန် ၂၄
သတင်း - ဝရဇိန်

ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ပွိုင့် ၁၈၈ ကုန်းကို အာရက္ခတတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ အခုရက်ပိုင်းအတွင်းမှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းရှိ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့၊ နေလည်ပိုင်းလောက်က အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ပွိုင့် ၁၈၈ စခန်းကုန်းကို အပြီးသတ် သိမ်းပိုက် ရရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း သူတို့ဆုံးရှုံးလိုက်ရတဲ့ အဲဒီစခန်းကုန်းကို ဇွန်လ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၂ ရက်ဆက် လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေဟာ ပွိုင့် ၁၈၈ စခန်းကုန်းကို သိမ်းပိုက်ရရှိမှုနဲ့အတူ အဲဒီစခန်းကုန်းက လက်နက်ခဲယမ်းတွေအပါအဝင် စတားလင့် (Starlink) အင်တာနက်စက်နဲ့ ရေဒီယိုလှိုင်းကို နှောင့်ယှက်ဖျက်ဆီးတဲ့ ဂျမ်မာ (Jammer) စက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ ဧရာဝတီတိုင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"၂၀ ရက်နေ့၊ နေလည်ပိုင်းလောက်က အဲဒီစခန်းကုန်းကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ စခန်းကုန်းမှာတော့ စတားလင့်စက်တွေနဲ့ ဂျမ်မာစက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့တာရှိပါတယ်။ စစ်ကောင်စီတပ်သားတွေကတော့ စခန်းကုန်းကနေ ထွက်ပြေးသွားတာ များပါတယ်။ သိမ်းပိုက်ရရှိပြီး နောက်တစ်နေ့မှာတော့ စခန်းကုန်းအနီးတဝိုက်ကို ဗုံးလာကြဲချတာ ရှိပါတယ်။ ၂ ရက်ဆက် ဗုံးလာကြဲချတိုက်ခိုက်ခဲ့တာပါ " လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အဆိုပါ ပွိုင့် ၁၈၈ စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်လောက်က စစတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာမှာရှိတဲ့ အမြောက်တပ် (အမတ - ၃၄၄) တပ်ရင်းအပါအဝင် ဂွ - ငသိုင်းချောင်း လမ်းပိုင်းရှိ စစ်ကောင်စီတပ်တွေအတွက်လည်း အရေးပါတဲ့ စခန်းကုန်းတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကလည်း AA နဲ့ ပူးပေါင်းတပ်တွေဟာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ၊ ကြောင်လျှာကျေးရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ စိုးမိုးတောင်ကုန်း စခန်းနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့နောက် သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလအကုန် ပိုင်းလောက်ကလည်း အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေဟာ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းကျေးရွာမှာ တည်ရှိတဲ့ အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းနဲ့ တစ်မိုင်ခန့်ကာဝေးတဲ့ ကာကင်းစခန်းအကုန်လုံးနီးပါးကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ (အမတ ၃၄၄) တပ်ရင်းကို အလုံးစုံသိမ်းပိုက်ရရှိနိုင်ဖို့အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ဧရာဝတီတိုင်းအတွင်းက ငသိုင်းချောင်း၊ ရေကြည်၊ သာပေါင်း၊ လေးမျက်နှာမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေမှာ လည်း ပိုမိုပြင်းထန်နေတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က အတင်းအဓမ္မစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားတွေကို ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နေတာဖြစ်ပြီး အကျအဆုံးတွေများပြားနေတာကြောင့် အရာရှိပိုင်းတစ်ချို့ တပ်ရင်းမှ ထွက်ပြေးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

Photos - AA Info Desk
https://www.facebook.com/share/p/18fPFG6eG3/
👍6🍾1
ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ရော်နယ်လ်ဒို မှတ်တမ်းဝင်

BBM - ဇွန် ၂၄

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ္စတီယာနိုင်ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ကြိမ်မှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ ဂင်းနစ်မှတ်တမ်းတစ်ခုကို ထပ်မံပိုင်ဆိုင်ခဲ့တာဖြစ်တယ်။

Guinness World Records က လူမှုကွန်ရက်စာမျက်နှာကနေ ရော်နယ်လ်ဒိုရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ရေးသားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားသွင်းဂိုး ၁၀ ဂိုးရှိလာပြီး ပေါ်တူဂီအသင်းသမိုင်းမှာ အူဆီဘီယို(၉ ဂိုး)ကို ကျော်ဖြတ်ကာ ကမ္ဘာ့ဖလားဂိုးအများဆုံး ဖြစ်လာခဲ့တယ်။

၎င်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာလည်း တစ်ပွဲတည်း နှစ်ဂိုးနဲ့အထက် သွင်းနိုင်တဲ့ အသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ယူရိုပြိုင်ပွဲတွေမှာ ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့တယ်။

ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ မေဂျာပြိုင်ပွဲတွေမှာ ၁၀ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။
https://www.facebook.com/share/p/1BT4vjzmU6/
6
ထန်တလန် တိုက်ပွဲတွေ ပြင်းထန်ပြီး နှစ်ဖက်အကျဆုံးမှုရှိ

BBM-ဇွန် ၂၄
သတင်း-ကိုအိုက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်အကျဆုံးမှုရှိတယ်လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က BBM ကို ပြောပါတယ်။

ဇွန်လ တတိယအပတ်မှစတင်၍ ထန်တလန်မြို့အားလုံး ထိန်ချုပ်နိုင်ရေး စစ်ကောင်စီဟာ ထိုးစစ်ဆင်ပြီး တိုက်ပွဲဟာ ဒီနေ့ထိ ဆက်လက်ပြင်းထန်နေတာ ဖြစ်ပါတယ်။

"မြို့ထဲမှာ စစ်ကောင်စီ ကလည်းရှိနေတယ်။ ကျတော်တို့ဘက်ကလည်း ရှိနေတော့ ထိတွေ့မှုက နေ့တိုင်းလိုလို ရှိတယ်။"လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ အလွန်များနေသလို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ သိရပါတယ်။

"စစ်ကောင်စီက အသေခံ ဒရုန်းတွေကို ပိုအသုံးပြုလာတာ တွေ့ရတယ်။ ဒရုန်းတွေကြောင့် တော်လှန်ရေးဘက်က ရဲဘော်တချို့တွေ ထိခိုက်ကျဆုံးမှုရှိတယ်။ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှု အတော်များတဲ့ အခြေအနေပါ။ " လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က BBM ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

ဇွန်လ ၂၁ ရက်နေ့ တိုက်ပွဲတုန်းကလည်း CDF ထန်တလန် ကွန်မန်ဒို ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်က သေဆုံးမှု အသေးအစိတ်ကို မသိရသေးဘူးလို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်ဆီက သိရပါတယ်။
https://www.facebook.com/share/p/1924pjjvFv/
👍12
မဲဆောက်မြို့မှာ လောင်းကစားဝိုင်းလုပ်နေတဲ့သူ ၉ ဦးကို ဖမ်းဆီးရမိ

BBM - ဇွန် ၂၄
သတင်း - မင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တရားမဝင် လောင်းကစားလုပ်နေတဲ့ လူ ၉ ဦးကို ဖမ်းဆီးလိုက်ကြောင်း တာ့ခ်ခရိုင် လူ၀င်မှုကြီးကြပ်ရေးဌာနက ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၂၃ရက်နေ့၊ မနက် ၈နာရီ၀န်းကျင်မှာ မဲဆောက်မြို့ရှိ မဲဆောက်ရပ်ကွက်၊ ဘန်ထွန်းလမ်းပေါ်ရှိ အဆောက်အအုံတစ်ခုကို ၀င်ရောက်စီးနင်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေထဲမှာ ထိုင်းနိုင်ငံသား ၂ဦးနဲ့ မြန်မာနိုင်ငံသား ၇ဦးပါရှိကြောင်း သိရပါတယ်။

သူတို့ကို "ခွင့်ပြုချက်မရှိဘဲ လောင်းကစားဝိုင်း ထောင်ခြင်း၊ လောင်းကစားပြုလုပ်ဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လှုံ့ဆော်စည်းရုံးခြင်း ဒါမှမဟုတ် ခွင့်ပြုချက်ရထားပေမဲ့ စည်းကမ်းဖောက်ဖျက်ပြီး လောင်းကစားပြုလုပ်ခြင်း" စတဲ့ ၁၉၃၅ ခုနှစ် လောင်းကစားဥပဒေ ပုဒ်မ ၁၂ အရ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဟာ သူတို့ကို ဖမ်းဆီးချိန်မှာ ၂၀၂၂ ခုနှစ် ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရေးဥပဒေ (ပုဒ်မ ၂၂) နဲ့အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့ကြောင်း ဆိုပါတယ်။

လက်ရှိမှာ ဖမ်းဆီးရမိသူတွေကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ မဲဆောက်ရဲစခန်းက အမှုစစ်ရဲအရာရှိထံ လွှဲပြောင်းပေးအပ်ထားပါတယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးမှုကို ရဲမှူးချုပ် စရာဝု ခုန်ယိုင် နဲ့ ဒုရဲမှူးကြီး ဘုသဗာဗာဒင်တို့ရဲ့ ညွှန်ကြားချက်အရ တာ့ခ်ခရိုင် လူ၀င်မှုကြီးကြပ်ရေး ရဲမှူးကြီး ချင်းနကွန် အဆဝဖုမ်၊ ဒုရဲမှူးကြီး မွန်ထရီ အင်းပရော် နဲ့ ရဲမှူး နတ်သာဝပ် မစ်ခွန်တို့ ဦးစီးတဲ့ နှိမ်နင်းရေးရဲတပ်ဖွဲ့ဟာ ဇုန် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ မဲဆောက်မြို့မရဲစခန်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။

Reference - Tak Immigration
https://www.facebook.com/share/1BT4QuCBih/
👍7
အင်အား(၄၀၀)ကျော် စကစ စစ်ကြောင်းချေမှုန်းခံရပြီး တပ်မှူးတွေအပါ(၅၀)ကျော်သေ

🟥Mi-17ရဟတ်ယာဥ်လည်းဖျတ်ဆီးခံရပြီး ခဲယမ်းအများအပြားနဲ့ ယာဥ်ယန္တရာတွေပါသိမ်းမိ

BBM-ဇွန်၂၄
သတင်း-မင်းသော်

အင်အား(၄၀၀)ကျော်ပါဝင်တဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းကိုချေမှုန်းတိုက်ခိုက်ရာ စကစ တပ်မှူးတွေအပါ (၅၀)ကျော်သေပြီး ခဲယမ်းအများအပြားနဲ့ ယာဥ်ယန္တရားတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ Magway People's Defence Force မှ ထုတ်ပြန်ထားပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)ကနေထွက်လာတဲ့ အင်အား(၄၀၀)ကျော် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုတွေက ပခုက္ကူနယ်ကနေ မြိုင်မြို့နယ် အတွင်းထိ လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ မြိုင်မြို့နယ်အတွင်းရှိ ကိုင်းတောမကျေးရွာအရောက် အထိနာပြီး တွင်းမပျူစခန်းအတွင်း ဆုတ်ခွါသွားတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က တပ်မှူးအပါ (၅၀)ကျော်သေဆုံးပြီး အများအပြားလည်းထိခိုက်ဒဏ်ရာရသလို ခဲယမ်းအများအပြား၊ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ ယာဥ်ယန္တရားတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါတင်မက ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို သယ်ဖို့ တွင်းမပျူစခန်းတွင်းကိုလာတဲ့ စစ်ကောင်စီရဲ့ Mi-17ရဟတ်ယာဥ်ကိုလည်း တော်လှန်ရေးအင်အားစုတွေက အောင်မြင်စွာ ပစ်ခတ်ဖျတ်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့က ၎င်းတို့ချီတက်ရာ လမ်းတစ်လျှောက်က ကျေးရွာတွေကို မီးရှို့တာ၊ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လဇည်လှီးသတ်ဖြတ်တာတွေ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာကြောင့် အိမ်ခြေ(၄၀)ကျော် မီးရှို့ခံရပြီး မသန်စွမ်းအမျိုးသား(၁)ယောက်အပါ ပြည်သူ(၅)ယောက် ရက်စက်စွာသတ်ဖြတ်ခံရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ ဒီထပ်ပိုပြီး ရက်စက်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိ၊စစ်ရေးအသိနဲ့ နေထိုင်ကြပြီး ဘယ်နည်းနဲ့မဆို အဖမ်းမခံဘဲရှောင်ရှားနေထိုင်ရန်အတွက်လည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့အဲ့ဒီစစ်ကြောင်းတွေကို မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ KG တပ်ဖွဲ့၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ပခုက္ကူ ပကဖ၊ ရေစကြို ပကဖ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပခုက္ကူခရိုင် (၂/၆/၇/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ တိုင်းပကဖစစ်ကြောင်း(၄) ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ) ၊ PLC တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု ၊ 8 + အင်အားစု နဲ့ ဒေသတွင်းညီအစ်ကိုများက ညီညီညွတ်ညွတ် ပူးပေါင်းဖော်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ Magway People's Defence Force မှ ထုတ်ပြန်ထားပါတယ်။

Photo-Magway - PDF
https://www.facebook.com/share/1BaE1Ch1RZ/
👍73
အမေရိကန်သံတမန်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲချက်အပြင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေနဲ့ပါ ထိုင်းအမျိုးသမီးကို တရားရုံးမှာ စစ်ဆေး

BBM - ဇွန် ၂၄

အမေရိကန်သံတမန်တစ်ဦးဖြစ်တဲ့ ခင်ပွန်းဟောင်းကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ထိုင်းအမျိုးသမီးတစ်ဦးကို ကမာရွတ် မြို့နယ်တရားရုံးမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ပါ ဇွန်လ ၂၃ရက်နေ့က ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ရှေ့နေတစ်ဦးဆီကနေ သိရပါတယ်။

​မေလတုန်းက အမေရိကန်သံတမန် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ပဝီနီ စူဖစိရိဝီဆန် (Pavinee Supasirivisan) ဆိုသူဟာ လူသတ်မှုနဲ့ တရားစွဲခံထားရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတိုင်းနဲ့ သက်ဆိုင်တဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုရာ ဥပဒေချိုးဖောက်မှုနဲ့ သူမကို အရင်ဆုံး စတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။

​မြန်မာစစ်အစိုးရရဲ့ အရေးယူမှုကို စိုးရိမ်တာကြောင့် အမည်မဖော်လိုသူ ရှေ့နေရဲ့ ပြောကြားချက်အရ ကမာရွတ်မြို့နယ်တရားရုံးမှာ ပြုလုပ် တဲ့ ဒုတိယအကြိမ် ရုံးချိန်းမှာ လဝကအရာရှိတွေ အပါအဝင် တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

​တရားခွင်မှာ အဲဒီအမျိုးသမီးအတွက် ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ် နှစ်ဦး ရှိနေပေမဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ပြစ်မှုကျူးလွန်ကြောင်း သူမ ဝန်ခံထားတာ ရှိ၊ မရှိကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးဘူးလို့ ရှေ့နေက ပြောပါတယ်။

အခုစွဲချက်တင်ထားတဲ့ ပြစ်မှုဟာ ပြစ်ဒဏ်အားဖြင့် ထောင်ဒဏ် ၆ လကနေ ၅ နှစ်အထိ ကျခံရနိုင်ပါတယ်။

​ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက အရာရှိတစ်ဦးကလည်း တရားခွင်မှာ သက်သေတွေကို စစ်ဆေးခဲ့တယ်ဆိုတာ Associated Press (AP) သတင်းဌာနကို အတည်ပြုပြောကြားခဲ့ပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

မီဒီယာတွေကို ဖြေကြားဖို့ လုပ်ပိုင်ခွင့်မရှိတာကြောင့် အမည်မဖော်လိုတဲ့ အခြေအနေနဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ​၂၀၂၁ ခုနှစ်က ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ကျယ်ပြန့်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေကနေတစ်ဆင့် ပြည်တွင်းစစ်အသွင်ကို ကူးပြောင်းပြီး ပဋိပက္ခစစ်ပွဲတွေ ဖြစ်ပွားနေပါတယ်။

​လက်ရှိမှာ အာဏာပိုင်တွေအနေနဲ့ မီဒီယာတွေကို ထုတ်ဖော်ပြောကြားခြင်းမရှိသလို အမှုကို စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့၊ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယူဆရတဲ့ အကျဉ်း ထောင်နဲ့ သူမကို ရုံးထုတ်ခဲ့တဲ့ တရားရုံးတို့ကလည်း ဝေဖန်သုံးသပ်ချက်ပေးဖို့ ငြင်းဆိုထားတဲ့အပြင် သတင်းထောက်တွေကိုလည်း တရားခွင်ထဲ ဝင်ရောက်နားထောင်ခွင့် ပိတ်ပင်ထားပါတယ်။

​ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ သံသယရှိသူ ထိုင်းအမျိုးသမီးအတွက် ကောင်စစ်ဆိုင်ရာ အကူအညီတွေ ပေးထားတယ်လို့ အတည်ပြုပေမဲ့ တခြားအသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။

​ရှေ့နေရဲ့ ပြောပြချက်အရ အမေရိကန်သံအမတ် ကို မေလ ၁၁ ရက်နေ့က အမေရိကန်သံရုံးနဲ့ ၁.၅ ကီလိုမီတာ (၁ မိုင်ခန့်) အကွာမှာ တွေ့ရှိပြီး နိုင်ငံခြားသံအမတ်၊စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာ ဧည့်သည်တွေ တည်းခိုလေ့ရှိတဲ့ ဆာကူရာဟိုတယ်မှာ ဦးခေါင်းနဲ့ လည်ပင်းတို့မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

​အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သံတမန်တစ်ဦး သေဆုံးခဲ့တယ်ဆိုတာ အတည် ပြုထားပေမဲ့ သေဆုံးသူရဲ့ နာမည်အပါအဝင် တခြားအသေးစိတ်အချက်အလက်တွေကိုတော့ တရား‌၀င်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Reference -Khaosod
Photo- Social Media
Translation -Alice
https://www.facebook.com/share/1CfpxKKGPc/
3👍2
မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်တွေရဲ့ Biometric စာရင်းသွင်းမှု ၉၇ ရာခိုင်နှုန်းကျော် ပြီးစီး

BBM- ဇွန် ၂၄
သတင်း-ကိုအိုက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်တွေရဲ့ Biometric (ဇီဝအချက်အလက်) စာရင်းသွင်းခြင်းလုပ်ငန်းဟာလက်ရှိမှာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီဖြစ်တယ်လို့ ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီ လုပ်ငန်းစဉ်ကို ၂၀၂၅ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှစတင်၍ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိစာရင်းတွေအရ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်ဦးရေမှာ စုစုပေါင်း ၂၉,၇၂၇ ဦးရှိပြီး ၂၉,၀၄၇ ဦးရဲ့ Biometric အချက်လက်တွေကို ကောက်ယူပြီးစီးခဲ့ပြီးဖြစ်ရာ စုစုပေါင်းရဲ့ ၉၇ . ၇၁ ရာခိုင်နှုန်းအထိ ပြီးစီးသွားပြီဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာ Biometric စာရင်းသွင်းခြင်းလုပ်ငန်းကို ခေတ္တရပ်နားထားရပါတယ်။

ပြည်နယ်အတွင်းရှိ အစိုးရဝန်ထမ်းတွေဟာ လူဦးရေစာရင်းကောက်ယူရေးနဲ့ မဲဆန္ဒရှင်စာရင်း အထူးပြန်လည်စိစစ်ခြင်း (SIR) လုပ်ငန်းတွေမှာ အလုပ်များနေတာကြောင့် အခုလို ရပ်နားထားရတာဖြစ်တယ်လို့ ပြည်ထဲရေးဌာန တာဝန်ရှိသူတွေက ရှင်းပြထားပါတယ်။

ခရိုင်အလိုက် ပြီးစီးမှုအခြေအနေတွေကို ကြည့်ပါက မီဇိုရမ်ပြည်နယ်ရှိ ခရိုင် ၁၁ ခုအနက် ၆ ခုမှာ လုပ်ငန်းစဉ်တွေ အပြည့်အဝ ပြီးစီးနေပြီဖြစ်ပါတယ်။

အဲဒီခရိုင်များမှာ Aizawl၊ Champhai၊ Lunglei၊ Mamit၊ Khawzawl နဲ့ Saitual တို့ဖြစ်ပါတယ်။

အခြားခရိုင်တွေဖြစ်တဲ့ Serchhip ခရိုင်မှာ ၉၉ ဒသမ ၈၆ ရာခိုင်နှုန်း၊ Kolasib ခရိုင်မှာ ၉၆ ဒသမ ၁၅ ရာခိုင်နှုန်းနဲ့ Lawngtlai ခရိုင်မှာ ၉၅ ဒသမ ၈၃ ရာခိုင်နှုန်းအထိ အသီးသီး ပြီးစီးထားပါတယ်။

စစ်ဘေးရှောင်အများဆုံးရှိတဲ့ စတုတ္ထမြောက်ခရိုင် Siaha မှာ ၈၈ ဒသမ ၆၂ ရာခိုင်နှုန်း၊ Hnahthial ခရိုင်မှာ ၉၀ ဒသမ ၅၁ ရာခိုင်နှုန်းအထိ အသီးသီးပြီးစီးထားပြီဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသက မီဇိုရမ်သို့ ထွက်ပြေးခိုလှုံလာသူတွေရဲ့ Biometric စာရင်းသွင်းမှုလုပ်ငန်းမှာလည်း ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့အထိ စာရင်းတွေအရ ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင် ၁,၄၈၂ ဦးအနက် ၁,၄၄၇ ဦးရဲ့ အချက်အလက်တွေကို ကောက်ယူပြီးဖြစ်ရာ ၉၇ ဒသမ ၆၄ ရာခိုင်နှုန်းအထိ ပြီးစီးထားပြီလို့ သိရပါတယ်။
https://www.facebook.com/share/1HyW5XVMXo/
👍6
ဘတ်ငွေအတု သုံးစွဲတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အရာရှိကို BGF က စစ်အုပ်စုထံအပ်နှံ

BBM-ဇွန်၂၄
သတင်း - ကိုဟန်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်မှာ ထိုင်းဘတ်ငွေအတု သုံးစွဲနေတဲ့ ကရင်လက်နက်ကိုင်အရာရှိအချို့ကို ကရင်နယ်ခြားစောင့်တပ် BGF က ဖမ်းဆီးပြီးနောက် မြန်မာစစ်အုပ်စုထံ လွှဲပြောင်းပေးလိုက်တယ်လို့ သတင်းအရင်းအမြစ်တွေထံကနေ သိရပါတယ်။

မြဝတီမြို့မှာ ကရင်လက်နက်ကိုင်အရာရှိအချို့ ငွေအတုသုံးစွဲနေတဲ့ သတင်းပေးတိုင်တန်းချက်အရ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် KNU/KNLA-PC အရာရှိ ပိုင်ပိုင် နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ဘတ်တစ်ထောင်တန်ငွေအတု ငါးသိန်းနီးပါးကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

“ပထမ စားသောက်ဆိုင်မှာ သုံးတဲ့ PC က ဗိုလ်ကြီးတယောက်ကို ဖမ်းမိတော့ သူကနေ စုံစမ်းရာကနေ အခု ဗိုလ်ကြီးပိုင်ပိုင်အိမ်ကို ဝင်
စစ်တာ ဘတ်ငွေအတုတစ်ထောင်တန်တွေ အထပ်လိုက် တွေ့တာပဲ” လို့ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်တဲ့ မြဝတီမြို့ပေါ်မှာ နေထိုင်တဲ့ ဒေသခံသတင်းအရင်းအမြစ်တဦးက BBM ကို ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ အရာရှိတစ်ဦးနဲ့အတူ လုပ်ငန်းရှင်တစ်ဦးပါဝင်တယ်လို့ ကနဦးသိထားရပေမဲ့ အတိအကျကို စုံစမ်းနေဆဲဖြစ်ပါတယ်။

ဖမ်းဆီးရမိတဲ့ ဘတ်တစ်ထောင်တန်ငွေအတုတွေဟာ ဘယ်နေရာမှာ ထုတ်လုပ်နေလဲဆိုတာကို မသိရသေးပေမဲ့ ဒေသတွင်းမီဒီယာအချို့ကတော့ ထိုင်းနိုင်ငံဘက်ကနေ ထုတ်လုပ်ပြီးတော့ နယ်စပ် မှာ သုံးစွဲဖို့ ဖြစ်တယ်လို့ ရေးသားနေကြပါတယ်။

ငွေအတု သုံးစွဲသူနှစ်ဦးကို မြဝတီမြို့ရဲစခန်းရှိ စစ်အုပ်စုထံ BGFက အပ်နှံလိုက်ပြီလို့ သိရပြီး(KNU/KNLA-PC)မှလည်း ၎င်းတို့တပ်ဖွဲ့ဝင်တွေဖမ်းဆီးခံထားရတဲ့ သတင်း မကြားရသေးဘူးလို့ တုံ့ပြန်ပြောဆိုထားတယ်လို့လည်း သိရပါတယ်။

လတ်တလော မြဝတီမြို့နယ်မှာ ပျံ့နှံ့နေတဲ့ ထိုင်းဘတ်ငွေတစ်ထောင်တန်အတုဟာ ဘတ် ၁၀ သိန်းခန့်ရှိနေပြီး ကျန်နေတဲ့ ငွေအတုတွေ ဘယ်သူ့လက်ထဲမှာ ရှိနေလဲဆိုတာကို BGF/KNA နဲ့အတူ စစ်ကောင်စီက စုံစမ်းနေဆဲ ဖြစ်တယ်လို့ မြဝတီမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ငွေပမာဏက တော်တော်များတယ်၊ ဘတ်ဆယ်သိန်းလို့ ကြားတယ်၊ အခု သူတို့ ငွေအတု ကိစ္စနဲ့ လိုက်မေးမြန်း နေတာ ရှိတယ်၊ တချို့ဆိုင်တွေက မသိဘဲနဲ့ ငွေအတု လက်ခံမိတာမျိုးရှိ တယ်လေ၊ အဲဒီလို ဆက်စပ်ပြီး လိုက်စစ်ဆေးနေတာတော့ ကြားတယ်” လို့ ပြောပါတယ်။

ဇွန်လဆန်းပိုင်းကတည်းက ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်နဲ့ မဲဆောက်မြို့မှာ ဘတ်တစ်
ထောင်တန်ငွေအတုတွေ မကြာခဏတွေ့ရှိလာရပြီးနောက် ဇွန်လ ၁၁ ရက်နေ့မှာ မြဝတီမြို့ရှိ စားသောက်ဆိုင်တခုမှာ ထိုင်းဘတ်ငွေ အတုနဲ့ ငွေရှင်းခဲ့ရာကနေ နောက်ဆက်တွဲ စုံစမ်းခဲ့ပြီး အခုလို စစ်ဆေးတွေ့ရှိလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ တတိယအပတ်ထဲမှာ မြဝတီမြို့မှာ ငွေအတုသုံးစွဲနေတဲ့သတင်း လိုက်လံစုံစမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့တာ ရှိတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ထိုင်းဘတ်ငွေကို အသုံးများတဲ့ မြဝတီမြို့မှာ အခုလို ငွေအတု ပျံ့နှံ့လာတဲ့အပေါ် ကုန်စုံဆိုင်၊ စားသောက်ဆိုင်နဲ့ ငွေလွှဲလုပ်ငန်းတွေမှာ သေချာစိစစ်ပြီးငွေလက်ခံနေရသလို လူထုအကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဓါတ်ပုံ - Social Media
https://www.facebook.com/share/1Bq2nRZvqq/
👍101