3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
😢19🤬3👎1
ရန်ကုန်တိုင်း စစ်ဒေသ ၂၊ တပ်ရင်း ၅၁၀၃ အတွက် “နှစ်ပါးသဘင် ပြည်တော်၀င်”ဆိုတဲ့ ရန်ပုံငွေရှာတဲ့ ဇာတ်သဘင်ပွဲ ပြုလုပ်

BBM - ဇွန် ၁၉
သတင်း - မင်း

ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့မှာ ရန်ကုန်တိုင်း စစ်ဒေသ ၂၊ တပ်ရင်း ၅၁၀၃ အတွက် “နှစ်ပါးသဘင် ပြည်တော်၀င်” ရိုးရာ ဇာတ်သဘင် ရန်ပုံငွေရှာပွဲ ပြုလုပ်ခဲ့ကြောင်း ပွဲစီစဉ်သူ ကိုဥက္ကာက BBMကိုပြောပါတယ်။

“နှစ်ပါးသဘင်” ပြည်တော်၀င် ဇာတ်သဘင်ကို ဇွန်လ ၆ရက် ညနေ ၅နာရီခန့်မှာ ပြုလုပ်ခဲ့တာပါ။

အဆိုပါ ဇာတ်သဘင်ကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လိုအပ်နေတဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွက် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးတာလို့ သူကဆိုပါတယ်။

“နှစ်ပါးသဘင် ပြည်တော်၀င်” ဇာတ်သဘင်ကို ဒီနေ့မှာကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့်မွေးနေ့မှာ ပြသသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီ လက်မှတ်ရောင်းရငွေတွေရဲ့ ၁၀၀%ဟာ ရန်ကုန်တိုင်း စစ်ဒေသ ၂၊ တပ်ရင်း ၅၁၀၃ကို စီးဆင်းသွားမှာပါ”လို့ ကိုဥက္ကာက ဆက်ပြောပါတယ်။

အဆိုပါ ဇာတ်သဘင်ပွဲမှာ “သောင်ရင်းသုခုမ”နဲ့ “မြန်မာဇာတ်ပွဲကြည့်ရအောင်”ဇာတ်သဘင်အဖွဲ့တို့ကလည်း ပူးပေါင်းပါ၀င်ထားကြ တယ်လို့လည်း သိရပါတယ်။

ပုံ - မင်း၊ အောင်အောင်
https://www.facebook.com/share/p/1EsWSw5n6k/
👍93
ရေစကြိုမြို့တပ်ဆီ ပြန်လာတဲ့ စကစတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်၊ ၇ ဦး ပြင်းထန်ဒဏ်ရာရရှိ

BBM - ဇွန် ၂၀
သတင်း - Myat

မကွေးတိုင်း၊ ရေစကြိုမြို့တပ်စီကို ပြန်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကလောနယ်မြေရဲစခန်းကို ၁ လနီးပါးရောက်ရှိနေတာဖြစ်ပြီး မနေ့က ဇွန်လ ၁၈ ရက်နေ့မှာ ရေစကြိုမြို့တပ်စီပြန်လာတဲ့အခါ တော်လှန်ရေးပူးပေါင်းတပ်တွေက နံနက်အစောပိုင်းအချိန်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

"အဲဒီစစ်ကြောင်းဟာ လင်းကလော နယ်မြေရဲစခန်းကို ရောက်ရှိနေတာ ၁ လနီးလောက် ရှိပါပြီ၊ အင်အား ၁၅၀ လောက်ပါတယ်ဗျ၊ အဲတာကို ၁၈ ရက်နေ့၊ မနက်အစောပိုင်း အပြန်မှာ ရေစကြိုနယ်ထဲက တောထဲတစ်နေရာမှာ အသင့်စောင့်ဆိုင်းပြီးတော့ သူတို့လာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတွက်ဆပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်" လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)အဖွဲ့ တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

အဆိုပါ ထိတွေ့တိုက်ပွဲ အခြေအနေမှာ တစ်နာရီနီးပါးကြာအောင် ကြာမြင့်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အဲဒီစစ်ကြောင်းဟာ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာ ပျူခြံထဲကို ဝင်ရောက်သွားခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန်လ ၁၉ ရက်နေ့၊ မနက်ပိုင်းမှာ အမှတ် (၂၅၆) ခြေလျင်တပ်ရင်း (ခလရ-၂၅၆)ကို ဝင်ရောက်သွားခဲ့တယ်လို့လည်း ရေစကြိုမြို့နယ် (ပကဖ)အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အဲဒီစစ်ကြောင်းက ရေစကြိုမြို့နယ်၊ ဇီးတောပျူခွေးခြံထဲကို ဝင်သွားတာပေါ့နော်။ အဲဒီကနေတစ်ဆင့် ဒီနေ့မနက်မှာ (၂၅၆) တပ်ရင်းဖက်ကို ဝင်သွားတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ ခဲယမ်းတွေကတော့ 5.56 mm ကျည် ၄၅၀၊ MA ကျည်ဘောက်ဝိုင်းတစ်ခုနဲ့ 60 mm ဗုံးသီး ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပါတယ် လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပကဖ)နဲ့ အတူ ပခုက္ကူခရိုင်တပ်ရင်း အမှတ်-၉၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် (ပကဖ) တို့က ပူးပေါင်းပါဝင်ကာ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Video - ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)
https://www.facebook.com/share/v/1CcTELNZ7j/
👏8
ကမ္ဘောဒီးယားက နာမည်ကြီး အွန်လိုင်း ငွေလိမ်ဂိုဏ်း ခေါင်းဆောင်တစ်ဦးကို တရုတ်ဆီ လွှဲပြောင်း

BBM - ဇွန် ၂၀

ကမ္ဘောဒီးယားနိုင်ငံက နာမည်ကြီး အွန်လိုင်း ငွေလိမ်ဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးလိုက်ပြီလို့ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ဘေဂျင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

နောက်ပိုင်းမှာ ကမ္ဘောဒီးယားဟာ နိုင်ငံတကာက အင်တာနက်အသုံးပြုသူတွေကို ပစ်မှတ်ထားပြီး အချစ်ဇာတ်လမ်းဆင် လိမ်တာတွေ၊ ခရစ်ပတို (Cryptocurrency) ရင်းနှီးမြှုပ်နှံမှု အတုအယောင်တွေနဲ့ လိမ်လည်တဲ့ ဂိုဏ်းတွေ ရုံးစိုက်ရာနေရာ ဖြစ်လာခဲ့တာပါ။

ဒီလိမ်လည်မှုတွေမှာ ကိုယ့်သဘောနဲ့ကိုယ် လုပ်သူတွေရှိသလို လူကုန်ကူးခံရပြီး အဓမ္မခိုင်းစေခံရသူတွေလည်း ရှိပါတယ်။

ဒါပေမဲ့ ဒီလုပ်ငန်းတွေကို လုံးဝအမြစ်ပြတ် နှိမ်နင်းဖို့ တောင်းဆိုထားတဲ့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံအတော်များများရဲ့ ဖိအားပေးမှုကြောင့် ကမ္ဘောဒီးယားအာဏာပိုင်တွေကလည်း လက်ရှိမှာ ဒီလိမ်လည်ရေးလုပ်ငန်းတွေကို အပြင်းအထန် နှိမ်နင်းနေတယ်လို့ ပြောပါတယ်။

တရုတ်အမျိုးသားလုံခြုံရေးဝန်ကြီးဌာန (MPS) က ဇွန် ၁၇ ရက်မှာ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။

အဲဒီဗီဒီယိုထဲမှာ China Southern လေယာဉ်ပေါ်ကနေ ခေါ်ဆောင်လာပြီး လက်ထိပ်ခတ်ထားတဲ့ လျူရန် (Liu Ren) ဆိုသူရဲ့ ခေါင်းက အမည်းရောင်အိတ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖယ်ရှားပေးနေတာကို တွေ့ရပါတယ်။

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မကြာသေးခင်က ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ ပူးပေါင်းအဖွဲ့ဟာ ဖနွမ်းပင်ကနေ ချန်ကျိ (Chen Zhi) ရာဇဝတ်ဂိုဏ်းရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လျူရန် ကို တရုတ်နိုင်ငံဆီ အောင်အောင်မြင်မြင် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဖနွမ်းပင်အာဏာပိုင်တွေဟာ Prince Group ကို တည်ထောင်သူ တရုတ်ဖွား ချန်ကျိ ကို လွှဲပြောင်းပေးခဲ့ပါသေးတယ်။

သူ့ရဲ့လုပ်ငန်းစုဟာ ဆိုင်ဘာလိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး အမေရိကန်နဲ့ ဗြိတိန်အစိုးရတို့ရဲ့ ပိတ်ဆို့အရေးယူမှုကို ခံထားရတာပါ။

အခု လျူရန် ကို ဖမ်းဆီးလွှဲပြောင်းနိုင်ခဲ့တာဟာ ကမ္ဘောဒီးယားနဲ့ တရုတ်အကြား တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ ကြီးမားတဲ့ အောင်မြင်မှုပဲလို့ MPS က ချီးကျူးပြောဆိုထားပါတယ်။

ဝန်ကြီးဌာနရဲ့အဆိုအရ ချန်ကျိ ဟာ လျူရန် အပါအဝင် တခြားသူတွေကို စေခိုင်းပြီး ၂၀၁၆ ခုနှစ်မှာ ကမ္ဘောဒီးယားမှာ Jin Bei Group ကို တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကုမ္ပဏီဟာ ကမ္ဘောဒီးယားမှာ တယ်လီကွန်းလိမ်လည်မှုဇုန်တွေ ဖွင့်လှစ်ပြီး ငွေကြေးအမြောက်အမြား ပါဝင်တဲ့ အွန်လိုင်းလိမ်လည်မှုတွေကို အကြီးအကျယ် လုပ်ဆောင်ခဲ့တာပါ။

ဒါတင်မကသေးဘဲ လျူရန် ဟာ လူတွေကို မတရားဖမ်းဆီးချုပ်နှောင်တာ၊ တမင်တကာ နာကျင်စေအောင် လုပ်တာ စတဲ့ ပြင်းထန်တဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိနေကြပါတယ်။

လောလောဆယ်မှာတော့ သူ့ကို ဥပဒေအရ ထိန်းသိမ်းအရေးယူထားပြီး အမှုတွဲကို ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း မြောက်ကိုရီးယားနဲ့ အရှေ့တောင်အာရှအခြေစိုက် ဆိုင်ဘာရာဇဝတ်ကောင်တွေအတွက် တရားမဝင်ငွေကြေးတွေ ခဝတ်ပေးခဲ့တယ်လို့ အမေရိကန်ရဲ့ စွပ်စွဲခြင်းခံထားရတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း အကြီးအကဲဟောင်း တရုတ်ဖွား လီရှုန်း (Li Xiong) ကိုလည်း ကမ္ဘောဒီးယားကနေ လွှဲပြောင်းပေးခဲ့ဖူးကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

Reference - The Straits Times
Photo - The Straits Times
Translation - Richard
https://www.facebook.com/share/p/1BehVXXidd/
😁81
AA ဒုစစ်သေနာပတိချုပ်ရဲ့ မွေးနေ့ဆုတောင်းစာအတွက် ကင်မ် အဲရစ် ကျေးဇူးတင်စကားဆို

🟥Proof of life ကို ဆက်လက်တောင်းဆိုကြဖို့ တိုက်တွန်း

BBM - ဇွန် ၂၀
သတင်း - မင်း

အာရက္ခတပ်တော်ရဲ့ ဒုစစ်သေနာပတိချုပ်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့်အတွက် မွေးနေ့ဆုတောင်းကို သားဖြစ်သူ ကင်မ် အဲရစ်ဆီကို ပေးပို့ခဲ့ကြောင်း ကင်မ်က လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။

အဆိုပါ ဆုတောင်းစာကို အာရက္ခတပ်တော်ရဲ့ ဒုစစ်သေနာပတိချုပ်ဖြစ်သူ ဒေါက်တာညိုထွန်းအောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ရက်နေ့မှာ ပေးပို့ခဲ့တာပါ။

“ဖတ်ရတာ တကယ်ပဲ စိတ်လှုပ်ရှားထိခိုက်ရပါတယ်၊ အမေ့ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့မှာ အမေ့ကို အမြဲတမ်းသတိရပေးကြ၊ ဆုတောင်းပေးကြသလို အမေ့အတွက် ဆက်ပြီးတော့ အသံထွက်ပေးနေကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်”လို့ ကင်မ်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဒေါက်တာညိုထွန်းအောင်က ကိုထိန်လင်း‌ (ခ) ကင်မ် အဲရစ် လက်ဆောင်ပေးခဲ့တဲ့ စာရေးဆရာ Alan Clementsရဲ့ “Conversation with a dictator”စာအုပ်အတွက် ကျေးဇူးတင်ကြောင်း စာပြန်ရင်း ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ဆုတောင်းနဲ့ အားပေးစကားတွေကို ထည့်သွင်း ပေးပို့ခဲ့တာပါ။

“ညီအစ်ကိုတို့ရေ အားတင်းထားကြပါ။ စည်းလုံးညီညွတ်စွာနဲ့ လိုရာခရီးပန်းတိုင်ကို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီသို့ မရောက်ရောက်အောင် သွားကြရအောင်” လို့လည်း ဒေါက်တာ ညိုထွန်းအောင်က အားပေး စကားဆိုထားပါတယ်။

“ကျွန်တော့်အမေနဲ့ တစ်နေ့ပြန်ဆုံရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေပါတယ်”လို့ ကင်မ်ကလည်း ရေးသားထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းတာ ၅နှစ်ကျော်ကြာလာပေမဲ့ အမေဖြစ်သူ "ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာလဲ" ဆိုတဲ့ မေးခွန်းကို အဖြေတစ်ခုခု မရမချင်း တူတူ ဆက်ကြိုးစားကြဖို့ကိုလည်း ကင်မ်က ဆိုထားပါတယ်။
ပုံ - Kim Aris
https://www.facebook.com/share/1E7tnyYQtS/
👍156
လူ့အခွင့်အရေးကော်မရှင်အဖွဲ့က အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဆရာဖြစ်သင်တန်း ကျင်းပ

BBM- ဇွန် ၂၀

ဆော်ဒီအာရေဗီးယားနိင်ငံ၊ ရီယာ့ဒ်မြို့မှာ လူ့အခွင့်အရေးကော်မရှင် (HRC) က "အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားနှိမ့်ချမှု ပပျောက်ရေးဆိုင်ရာ သဘောတူညီချက်" (CEDAW) အကြောင်းကို ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ပူးပေါင်းပြီး (၅)ရက်တာ ဆရာဖြစ်သင်တန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်က ကျင်းပပြီးစီးခဲ့ပါတယ်။

လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ ဟာလာ အယ်လ် တူဝိုက်ဂျရီ က လူ့အခွင့်အရေးကဏ္ဍမှာ နိုင်ငံတကာအဆင့်မီ အတတ်ပညာရှင်တွေကို မွေးထုတ်ပေးတာဟာ လူ့အခွင့်အရေး အသိပညာတွေ တိုးပွားလာဖို့နဲ့ လူ့အခွင့်အရေး ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလာဖို့အတွက် အဓိက အရေးကြီးတဲ့ မဏ္ဍိုင်ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းက အရည်အချင်းရှိတဲ့ ပညာရှင်တွေကို မြှင့်တင်ပေးတာ၊ စွမ်းဆောင်ရည် မြှင့်တင်ပေးတာတွေဟာ သူတို့ရထားတဲ့ အသိပညာတွေကို တစ်ဆင့်ပြန်မျှဝေတဲ့အခါ (ဒါမှမဟုတ်) အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်တဲ့အခါ အလွန်အရေးကြီးတယ်လို့ သူက အလေးအနက် ပြောကြားသွားပါတယ်။

ကော်မရှင်အဖွဲ့အနေနဲ့ ဒီလိုသင်တန်းတွေကို သင်တန်းပေးတဲ့ ကာလမှာတင် မဟုတ်ဘဲ သင်တန်းပြီးသွားတဲ့အထိပါ ရေရှည် ဆက်သွားရမယ့် လုပ်ငန်းစဉ်တစ်ခုအဖြစ် မြင်တယ်လို့ ဒေါက်တာ အယ်လ် တူဝိုက်ဂျရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သင်တန်းသားတွေအနေနဲ့ သင်တန်းကရတဲ့ အသိပညာတွေ၊ နည်းလမ်းတွေကို သူတို့ရဲ့ လုပ်ငန်းခွင်တွေနဲ့ သင်တန်းပို့ချတဲ့နေရာတွေမှာ ထိရောက်မှုရှိရှိ ပြန်အသုံးချနိုင်အောင် ကော်မရှင်အဖွဲ့ဘက်က ဆက်ပြီး ပံ့ပိုးကူညီသွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။

ဒီသင်တန်းကို အစိုးရဌာနတွေနဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး အမျိုးသမီးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေကို ပိုနားလည်လာစေဖို့၊ကျွမ်းကျင်မှုတွေ တိုးတက်လာစေဖို့နဲ့ အသိပညာတွေကို တစ်ဆင့်ပြန်မျှဝေပေးနိုင်မယ့် အရည်အချင်းရှိတဲ့ သင်တန်းဆရာတွေကို မွေးထုတ်ပေးဖို့ အဓိကထား ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ အသိပညာကို မြှင့်တင်ဖို့နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို ရေရှည်တည်တံ့အောင် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

Reference - Saudi Gazette
Photo - Saudi Gazette
Translation - Alice
https://www.facebook.com/share/p/1BNziuXwjS/
👍5
လောင်းလုံးမှာ တပ်စွဲဖို့လာတဲ့ စကစတွေတိုက် ခိုက်ခံရပြီး ပြန်လည်ထွက်ပြေးသွားရ

BBM - ဇွန်လ ၂၀
သတင်း - ကိုဘုဏ်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊စစ်ပြဲရွာကို တပ်စွဲဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော် လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ ပြန်လည်
ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေးတပ်(SRF) ကထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ဇွန်လ (၁၄) ရက်နေ့ မနက်(၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ မနက်(၄)နာရီအထိ စစ်ပြဲကျေးရွာ ကိုတပ်စွဲရန် လာတဲ့ စကစတပ်နဲ့တော်
လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စကစ ဖက်မှထိခိုက်သေဆုံးပြီးဒဏ်ရာအများရကာ ပြန်လည်ဆုန်ခွာသွားပြီး နောက်စကစ အလောင်းများနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်းသိရပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို ကျောင်းသားတော်လှန်ရေးတပ်(SRF) ၊ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း ၊ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း(ပင်လယ်
ကြယ်တပ်ခွဲ)၊ထားဝယ်ခရိုင်အမှတ်(၈၀၀၃) တပ်ရင်း၊ လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ (LLSBF)၊ လောင်းလုံးပြည်သူကာကွယ်ရေး
အဖွဲ့(ပကဖ)၊ ဒေါင်းညီနောင်စစ်ကြောင်း(သရက် ချောင်း ပကဖ)Guerrila Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့)၊ အထူးပျောက်ကြားတပ်ဖွဲ့၊ Dragon Squad (2)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ကျောင်းသားတော်လှန်ရေးတပ်(SRF) ကထုတ်ပြန်ထားပါတယ်။

Photo-ကျောင်းသားတော်လှန်ရေးတပ်(SRF)
https://www.facebook.com/share/p/14TxhwYj4VN/
👍5
အမေရိကန်နဲ့ ဆွေးနွေးဖို့ အီရန်အဖွဲ့ ဆွတ်ဇာလန်ကို ဦးတည်နေပေမဲ့ လက်ဘနွန်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေ

🟥အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပြန်ပိတ်

BBM - ဇွန် ၂၁

အမေရိကန်နဲ့ ဆွေးနွေးဖို့အတွက် အီရန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ဆွတ်ဇာလန်နိုင်ငံကို ထွက်ခွာသွားပြီလို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက ဇွန်လ ၂၀ရက်နေ့က ဖော်ပြထားပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကလည်း ဇွန်လ ၂၁ရက်နေ့မှာစမယ့် ဆွေးနွေးပွဲတွေအတွက် မကြာခင်ထွက်ခွာတော့မယ်လို့ အရိပ်အမြွက်ပြောထားသလို ဒီဆွေးနွေးပွဲတွေကို ပါကစ္စတန်က စီစဉ်ပေးကြောင်း သိရပါတယ်။

အီရန်ကိုယ်စားလှယ်အဖွဲ့ကိုတော့ အဓိကဆွေးနွေးပွဲခေါင်းဆောင် မိုဟာမက် ဘာကေ ကာလီဘတ်ဖ် (Mohammad Baqer Qalibaf) က ဦးဆောင်ပြီး နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ချီ (Abbas Araqchi) အပြင် လုံခြုံရေး၊ ဗဟိုဘဏ်နဲ့ ရေနံပိုင်းဆိုင်ရာ အဆင့်မြင့်အရာရှိတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဆွေးနွေးပွဲမစခင် နာရီပိုင်းအလိုမှာပဲ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ အဓိကသယ်ယူပို့ဆောင်နေတဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

ဒါဟာ ဆွေးနွေးပွဲမှာ အသာစီးရဖို့အတွက် အီရန်ဘက်က ကစားကွက်ရွှေ့လိုက်တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ ၄ လနီးပါးကြာဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ပါကစ္စတန်ကြားဝင်စေ့စပ်ပေးထားတဲ့ ယာယီသဘောတူညီချက်ကို နှစ်ဖက်စလုံးက အကောင်အထည်ဖော်ချင်နေကြတာပဲ ဖြစ်ပါတယ်။

IRGC ဘက်ကတော့ လက်ဘနွန်မှာ အစ္စရေးရဲ့ ကျူးလွန်မှုတွေနဲ့ အမေရိကန်ဘက်က အပစ်အခတ်ရပ်စဲရေး ကတိကဝတ်တွေကို ချိုးဖောက်နေတာကြောင့်လို့ အကြောင်းပြပြီး သင်္ဘောတွေကို ဒီရေလမ်းကြောင်းထဲမဝင်ဖို့၊ ဝင်လာရင် အန္တရာယ်ရှိနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါပေမဲ့ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ဘက်ကတော့ ကုန်တင်သင်္ဘော ၅၅ စီးဟာ ဟော်မုဇ်ရေလက်ကြားကို ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခဲ့ပြီး ရေနံစိမ်း စည်ပေါင်း ၁၇ သန်းကျော်ကို ကမ္ဘာ့ဈေးကွက်ထဲ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ဇွန်လ ၂၁ရက်နေ့က ဆိုပါတယ်။

သင်္ဘောတွေ လုံခြုံစိတ်ချစွာ ဖြတ်သန်းနိုင်ဖို့ အမေရိကန်စစ်တပ်က ဆက်လက်တာဝန်ယူသွားမယ်လို့လည်း ပြောပါတယ်။

တစ်ဖက်မှာလည်း အီရန် အနှိုင်းမဲ့ခေါင်းဆောင် အယာတိုလာ မိုဂျ့်တာဘာ ခါမေနီရဲ့ အကြံပေးဖြစ်သူ မိုဟာမက် မော့ခ်ဘာ (Mohammad Mokhber) က X (တွစ်တာ) ပေါ်မှာ အမေရိကန်ကို ဝေဖန်လိုက်ပါတယ်။

အမေရိကန်ဟာ လက်ဘနွန်အပါအဝင် "စစ်မျက်နှာအားလုံးမှာ အပစ်ရပ်စဲဖို့" ဆိုတဲ့ ၁၄ ချက်ပါ ယာယီသဘောတူညီချက်ရဲ့ ပထမဆုံးအချက်ကိုတောင် အကောင်အထည်မဖော်ဘူးလို့ သူက စွပ်စွဲထားတာပါ။

သဘောတူညီချက်က စာရွက်ပေါ်မှာပဲ ရှိနေဦးမယ်ဆိုရင် အရှေ့အလယ်ပိုင်းရဲ့ စွမ်းအင်စီးဆင်းမှုဟာ ဆက်ပြီးရပ်တန့်နေမှာပဲလို့လည်း သတိပေးခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ အစ္စရေးစစ်တပ်နဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တို့ဟာ တစ်ဖက်နဲ့တစ်ဖက် ဆက်လက်တိုက်ခိုက်နေကြတာကြောင့် လက်ဘနွန်ရဲ့ အပစ်အခတ်ရပ်စဲရေးဟာ အတော်လေးကို ပျက်ပြယ်လုနီးပါး ဖြစ်နေပါတယ်။

Reference - Reuters
Photo - Reuters
Translation - Richard
https://www.facebook.com/share/p/1L1VVCTgw8/
👍4
ဒိုမီနီကန်မှာ ကမ်းခြေဟိုတယ်တစ်ခု မီးလောင်၊ အမျိုးသမီး ၁ဦး သေဆုံး၊ ခရီးသွား ၁,၇၀၀ နီးပါး ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

BBM - ဇွန် ၂၁

ဒိုမီနီကန်နိုင်ငံရဲ့ နာမည်ကြီးကမ်းခြေအပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ ဘာယာဟီဘီ (Bayahibe) မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ အကြီးအကျယ်မီးလောင်မှုဖြစ်ပွားခဲ့လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ကမ္ဘာလှည့်ခရီးသွား ၁,၇၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသခံအာဏာပိုင်တွေက ဇွန်လ ၁၉ရက်နေ့က ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တာကတော့ ဗီဗာ ဝင်းဟမ် ဒိုမီနီကတ်စ် ဘိချ် ဟိုတယ် (Viva Wyndham Dominicus Beach Hotel) မှာဖြစ်ပြီး သေဆုံးသွားသူကတော့ အသက် ၄၆ နှစ်အရွယ် အီတလီအမျိုးသမီး ဖရန်ဆက်စကာ ဗလန်တီနို (Francesca Valentino) ဖြစ်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (DAEH) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လူ ၃ ဦးကို ဆေးရုံတင်လိုက်ရပြီး ဧည့်သည်တွေ၊ လာရောက်လည်ပတ်သူတွေနဲ့ ကယ်ဆယ်ရေးသမားတွေအပါအဝင် နောက်ထပ် ၆ ဦးကိုတော့ အခင်းဖြစ်နေရာမှာတင် ဆေးကုသပေးခဲ့ရပါတယ်။

ဒေသတွင်းမီဒီယာတွေက တင်ထားတဲ့ ဗီဒီယိုတွေထဲမှာတော့ ဟိုတယ်ရဲ့ သက်ငယ်မိုးခေါင်မိုးတွေဆီကနေ မီးတောက်တွေ ဝါးမြိုနေပြီး ကာရစ်ဘီယံကမ်းရိုးတန်းတစ်လျှောက်မှာ မီးခိုးလုံးကြီးတွေ အလိပ်လိုက် တက်နေတာကို တွေ့ရပါတယ်။

အရေးပေါ်ပူးပေါင်းဆောင်ရွက်ရေးစင်တာ (COE) ကတော့ "အစောပိုင်း လေ့လာချက်တွေအရ ဟိုတယ်အမိုးတွေကို ထန်းလက်တွေနဲ့ မိုးထားလို့ မီးကူးလွယ်တာရယ် လေတိုက်နှုန်းပြင်းတာရယ်ကြောင့် မီးက အရမ်းမြန်မြန်ကူးစက်သွားတာ" လို့ ပြောပါတယ်။

အခုတော့ မီးကို ထိန်းချုပ်နိုင်ပြီဖြစ်ပေမဲ့ ဘာကြောင့်လောင်ရလဲဆိုတာကိုတော့ ဆက်ပြီး စုံစမ်းစစ်ဆေးနေတုန်းပဲလို့ ဆိုပါတယ်။

ဟိုတယ်က ဧည့်သည်တွေကိုတော့ အနီးနားက တခြားဟိုတယ်တွေကို ပြောင်းရွှေ့ပေးထားပါတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအထဲကမှ တစ်ဆက်တည်းရှိတဲ့ ဗီဗာ ဝင်းဟမ် ဒိုမီနီကတ်စ် ပဲလေ့စ် (Viva Wyndham Dominicus Palace) ဟိုတယ်ကတော့ ဘာပျက်စီးမှုမှ မရှိခဲ့ပါဘူး။

ဒါ့အပြင် ဘာယာဟီဘီနဲ့ ပတ်ဝန်းကျင်က ခရီးသွားလုပ်ငန်းတွေကတော့ ဘာမှထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်း စိတ်ချလက်ချ လည်ပတ်နေကြတယ်လို့ COE က ဖြည့်စွက်ပြောထားပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဟိုတယ်ပေါင်း ၈,၄၀၀ ကျော်ကို လုပ်ပိုင်ခွင့် (Franchise) ပေးထားတဲ့ ဝင်းဟမ် ဟိုတယ်စု (Wyndham Hotels and Resorts) ကတော့ အခုလို ဧည့်သည်တစ်ဦး သေဆုံးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဆိုပါဟိုတယ်ကို လောလောဆယ် ပိတ်ထားပြီး နောက်ထပ်အကြောင်းမပြန်မချင်း ဆက်ပိတ်ထားဦးမယ်လို့ ဆိုပါတယ်။

ရေပြာပြာ သဲသောင်ပြင်ဖြူဖြူတွေကြောင့် နာမည်ကြီးတဲ့ ဒိုမီနီကန်သမ္မတနိုင်ငံဟာ ကာရစ်ဘီယံဒေသမှာ ခရီးသွားအများဆုံးလာတဲ့ နေရာတစ်ခုဖြစ်ပြီး ဒီနှစ်ရဲ့ ပထမဆုံး ၅ လအတွင်းမှာတင် လာရောက်လည်ပတ်သူ ၅.၆ သန်းကျော် ရှိခဲ့တာဖြစ်ပါတယ်။

Reference - Reuters
Photos - Reuters
Translation - Alice
https://www.facebook.com/share/p/1Dm5RUfRmF/
👍52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးလေး "တိုက်ချီတို "သေဆုံး

BBM-ဇွန်၂၁
သတင်း-မင်းသော်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်အိမ်မွေးခွေးလေး "တိုက်ချီတို"ဟာ ဒီနေ့ညပိုင်းမှာပဲ ခြံနံပါတ်(၅၄) ခြံဝန်းအတွင်း သေဆုံးသွားပြီလို့ သိရပါတယ်။

"တိုက်ချီတို" ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က သားဖြစ်သူ ကင်မ်အဲရစ်က လက်ဆောင်အဖြစ်ဝယ်ပေးခဲ့တာဖြစ်ပြီး မျိုးစပ်ထားတဲ့ အင်းခွေးအမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုစဥ်ကတည်းက "တိုက်ချီတို" ကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဂရုတစိုက်မွေးမြူခဲ့ပြီး အချို့သော ခရီးစဥ်တွေမှာပါ ခေါ်ဆောင်သွားတာမျိုးကို တွေ့ခဲ့ရပါတယ်။

၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့"တိုက်ချီတို" ဟာ ရန်ကုန်မြို့ရှိ ခြံနံပါတ်(၅၄)ကို ပို့ဆောင်ခံလိုက်ရပြီး နီးစပ်သူတွေက ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

၂၀၂၂ခုနှစ်အတွင်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးလေး "တိုက်ချီတို" သေဆုံးပြီဆိုတဲ့ သတင်းမျိုး ထွက်ပေါ်ခဲ့ဖူးသလို မျက်စိကွယ်သွားပြီဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့သေးပါတယ်။

ဒါပေမဲ့ ဇွန်လ၂၁ရက်နေ့ညမှာတော့ "တိုက်ချီတို" ဟာ အမှန်တကယ် သေဆုံးသွားပြီး သေဆုံးချိန်မှာ အသက်(၁၆)နှစ်ကျော်အရွယ်ရှိတယ်လို့ သိရပါတယ်။
https://www.facebook.com/share/1BN2JxjiZp/
😢29👎1