3.48K subscribers
5.58K photos
393 videos
2.88K links
Breaking Brainwashed Media
Download Telegram
မုံးကိုးမှာ ရှမ်းမြောက်စစ်ပွဲအပြီး တရုတ်ဈေး သည်တွေများလာလို့ ဒေသခံတွေ ဈေးရောင်းရခက်လာ

BBM-ဇွန် ၁၆
သတင်း-PJ

တရုတ် - မြန်မာ နယ်စပ်၊ မုံးကိုးဒေသမှာ ရှမ်းမြောက်စစ်ပွဲတွေ ပြီးပြီးတဲ့နောက် တရုတ်
နိုင်ငံသား ဈေးသည်တွေများလာလို့ ဒေသခံစျေးရောင်းသူတွေအနေနဲ့ လုပ်ကိုင်ရပိုမိုခက်ခဲလာနေတယ်လို့ သိရပါတယ်။

တရုတ်စျေးသည်တွေအနေနဲ့ တရုတ်ပြည်မှ မုံးကိုးဒေသအထိ တိုက်ရိုက်စျေးလာရောင်းခြင်းဖြစ်သလို ထိန်းချုပ်မှုလည်းမရှိတာကြောင့် ဒေသခံတွေအတွက် အခြေအနေပိုမိုဆိုးရွားလာနေတယ်လို့ ဒေသခံစျေးရောင်းသူပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။

"အခုဆို ပိုဆိုး။ တရုတ်‌‌ဘက်က တရုတ်ဈေးသည် တွေက မုံးကိုးထိ တိုက်ရိုက် လာရောင်းတော့ ကျမတို့ ဒေသခံ တွေက ဈေးရာင်းစားလို့ မရတော့ဘူး"

ဒီလိုစျေးရောင်းရာမှာ တရုတ်ဈေးသည်တွေကဒေသခံတွေထက် ငွေအရင်းအနှီးပိုမိုရင်းနှီးမြှုပ်နှံ နိုင်တာကြောင့် မုံးကိုးစျေးကွက်တစ်ခုလုံး တရုတ်ရင်းနှီးမြှပ်နှံမှုတွေသာ ပိုမိုကြီးထွားနေပြီး ဒေသခံတွေအနေနဲ့ တနိုင်တပိုင် ဆိုင်ဖွင့်တာမျိုးပင် လုပ်ကိုင်ရခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။

ဒါတင်မက ဒေသတွင်း အခြားစီးပွါးရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်း အလား တူတရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေသာ အထိန်း အကွပ်မဲ့ လွှမ်းမိုးထားပြီး အရင်လိုဒေသခံ လုပ် သားတွေအစား MNDAA နဲ့ ပူးပေါင်းပြီးထောင် သားတွေကိုသာ ခေါ်တာကြောင့် စိုက်ပျိုးရေးအလုပ်အကိုင်မှာလည်း ရှားပါးနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဆိုပါတယ်။

"တမြို့လုံး ဈေးကောင်းတာပဲ မြင်တယ်၊တရုတ်ဘက်က ဝင်လို့ရတော့ တရုတ်တွေပဲ လာရောင်းတာများတယ်။ ဈေး ပေါပေါ လာရောင်းနိုင်တော့ မုံးကိုးက လူတွေက ဈေး မရောင်းရတော့ဘူး"

ဒီလိုကိုယ့်မြို့နယ်အတွင်း အလုပ်အကိုင်ရှားပါးမှုတွေ ကြုံတွေ့နေရတာကြောင့်ပဲ ဒေသခံပြည်သူတွေအနေနဲ့က တရုတ်နယ်စပ်ဘက်ထိသွား ရောက်ရပြီး ကြုံရာကျပန်း အလုပ်တွေ လုပ်ကိုင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နေကြရတယ်လို့လည်း ဒေသခံတွေထံမှ သိရပါတယ်။

Photo Crd# ဒေသခံ
https://www.facebook.com/share/1EZMamM2nJ/
👍8
အော်စကာဆုရှင် မင်းသမီးကြီး တေလ်ဒါ ဆွင်တန် ပူးတွဲတည်ထောင်ခဲ့တဲ့ ကိုယ်ပိုင်ကျောင်း ပိတ်သိမ်းတော့မည်

BBM-ဇွန် ၁၆

စကော့တလန်နိုင်ငံ၊ မော်ရေး ပြည်နယ်မှာရှိတဲ့ အော်စကာဆုရှင် မင်းသမီးကြီး တေလ်ဒါ ဆွင်တန် (Tilda Swinton) ပူးတွဲတည်ထောင်ခဲ့တဲ့ ကိုယ်ပိုင်ကျောင်းဟာ ငွေကြေးအကျပ်အတည်းတွေကြောင့် ပိတ်သိမ်းရတော့မယ်လို့ ကြေညာလိုက်ပါတယ်။

Forres မြို့အနီးမှာ ဖွင့်လှစ်ထားတဲ့ Drumduan ကျောင်း တည်ထောင်ခဲ့တာဟာ နှစ်ပေါင်း ၄၀ ရှိခဲ့ပြီဖြစ်ပြီး ကလေးတွေကို စာမေးပွဲတွေပဲ ဖြေခိုင်းနေမယ့်အစား လက်တွေ့ကျပြီး အခြားရွေးချယ်စရာ skillတွေကို အဓိကဦးစားပေးသင်ကြားခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကျောင်းရဲ့ အထက်တန်းနဲ့ အခြေခံအတန်းတွေကို အရင်ကတည်းက ပိတ်ပစ်ခဲ့ရပြီးနောက် အခုအခါမှာတော့ ကျောင်းရဲ့ ဘဏ္ဍာရေးရေရှည်ရပ်တည်နိုင်မှုကို ပြန်လည်သုံးသပ်ပြီး ဇွန်လ ၃၀ ရက် ပညာသင်နှစ်အကုန်မှာ မူကြို (Kindergarten) အဆင့်ကိုပါ အပြီးပိတ်ဖို့ ဘုတ်အဖွဲ့က ဆုံးဖြတ်လိုက်ရပါတယ်။

ယူကေအစိုးရဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး ကိုယ်ပိုင်ကျောင်းလခတွေအပေါ် အခွန်တွေ စတင်ကောက်ခံခဲ့ပါတယ်။

ကျောင်းများကောင်စီ (ISC) ရဲ့ အချက်အလက်တွေအရ အဲဒီလမှာပဲ ကိုယ်ပိုင်ကျောင်းလခတွေဟာလဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီနဲ့ယှဉ်ရင် ပျမ်းမျှ ၂၂ ရာခိုင်နှုန်းလောက် သိသိသာသာ တက်သွားခဲ့ပါတယ်။

Drumduan ကျောင်းဘက်ကလည်း ဒီလို အခွန် စနစ်ပြောင်းလဲမှုဒဏ်ကို တောင့်ခံဖို့ တော်တော်လေး ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီကျောင်းဟာ ဘက်စုံဖွံ့ဖြိုးရေးကျောင်းအမျိုးအစားဖြစ်ပြီး အနုပညာ၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့အတူ သိပ္ပံ၊ သင်္ချာလို ပညာရပ်တွေကိုပါ ပေါင်းစပ်သင်ကြားပေးတဲ့ "ဘက်စုံဖွံ့ဖြိုးရေး ပညာရေး" ကို ဦးတည်တာပါ။

၂၀၁၇ ခုနှစ်တုန်းက BBC Scotland သတင်းဌာနက သွားရောက်လေ့လာစဉ်မှာဆိုရင် ကလေးတွေဟာ မနက်ခင်းမှာ ထိုက်ချိ (Tai Chi) ကစားနည်းနဲ့ တစ်နေ့တာကို စတင်လေ့ရှိပြီး သိပ္ပံဘာသာရပ်ကို သင်ကြားရာမှာလည်း လှေစပ်တာ ဒါမှမဟုတ် ဟင်းချက်တာမျိုးတွေနဲ့ လက်တွေ့ကျကျ သင်ယူခဲ့ကြတာ ဖြစ်ပါတယ်။

မင်းသမီးကြီး ဆွင်တန်ဟာ Michael Clayton ရုပ်ရှင်နဲ့ အော်စကာဆု ရရှိခဲ့ဖူးသလို Grand Budapest Hotel နဲ့ Marvel ရုပ်ရှင်တွေဖြစ်တဲ့ Doctor Strange၊ Avengers: Endgame တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ကျောင်းရဲ့ မူလတန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပိတ်ခဲ့ရပြီး အထက်တန်းခွဲကိုတော့ မတ်လမှာ ပိတ်ခဲ့ရပါတယ်။

အခုနောက်ဆုံး မူကြိုအဆင့်ကိုပါ ပိတ်လိုက်ရတဲ့အပေါ် ဘုတ်အဖွဲ့က ကျောင်းဝက်ဘ်ဆိုက်မှာ အခုလို ဝမ်းနည်းစရာ ထုတ်ပြန်ချက်ကို ရေးသားထားပါတယ်။

"ဒီဆုံးဖြတ်ချက်ဟာ ကျောင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို သေချာသုံးသပ်ပြီးမှ Drumduan ကျောင်းကို ထိန်းသိမ်းဖို့ ဘုတ်အဖွဲ့၀င်တွေရဲ့ တာဝန်ဝတ္တရားအရ ဆုံးဖြတ်ခဲ့ရတာပါ၊ အခြားရန်ပုံငွေတွေရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်လည်း ကျောင်းဆက်လက်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ဘဏ္ဍာရေးအခြေခံအုတ်မြစ်ကို မတည်ဆောက်နိုင်ခဲ့ပါဘူး၊ ဒါဟာ လွယ်လွယ်နဲ့ ချခဲ့တဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။"

ဒါ့အပြင် ကျောင်းဝန်ထမ်းတွေနဲ့ မိဘတွေကိုလည်း အသွင်ကူးပြောင်းရေးကာလအတွင်း တစ်ဦးချင်း ဆွေးနွေးမှုတွေ၊ လမ်းညွှန်မှုတွေနဲ့ ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ခက်ခဲတဲ့အချိန်တွေမှာ ကလေးတွေကို မေတ္တာနဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိရှိ ပြုစုပျိုးထောင်ပေးခဲ့တဲ့ မူကြိုဝန်ထမ်းတွေအပြင် နှစ်ပေါင်း ၄၀ အတွင်း ကျောင်းတော်ကြီးမှာ ပါဝင်ပတ်သက်ခဲ့ကြဖူးတဲ့ မိဘများ၊ ဝန်ထမ်းများနဲ့ အလှူရှင်အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။

ကျောင်းဘက်က နောက်ထပ်ထုတ်ပြန်ချက်တစ်ခုကတော့ အခုလို "လူနေမှုစရိတ်ကြီးမြင့်နေတဲ့ အကျပ်အတည်း" ကြားထဲမှာ အခွန်အသစ် တိုးလာတာဟာ မိဘတွေအတွက် ပိုပြီး ဝန်ထုတ်ဝန်ပိုးဖြစ်စေသလို ကျောင်းရဲ့ လည်ပတ်စရိတ်တွေကိုလည်း ပိုမိုမြင့်တက်စေခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းဘုတ်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစပြီး ကျောင်းလခကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ရတာကြောင့် ကျောင်းသားဦးရေ လျော့နည်းသွားခဲ့ပါတယ်။

ဒီလို ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေတာဟာ Drumduan ကျောင်းတစ်ခုတည်းတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း စကော့တလန်ရဲ့ ထိပ်တန်းပိုင်ကျောင်းတစ်ခုဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ တက်ရောက်ခဲ့ဖူးတဲ့ Edinburgh က Fettes College ဟာ စရိတ်လျှော့ချဖို့အတွက် ဝန်ထမ်းတွေ လျှော့ချရနိုင်တယ်လို့ ပြောခဲ့ဖူးပြီး၊ ဒီလိုဖြစ်ရတာဟာ ကျောင်းလခအပေါ် VATအခွန် ကောက်ခံမှုကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း Aberdeen က ကျောင်းသား ၆၀၀ ကျော်ရှိတဲ့ Albyn School မှာ ဝန်ထမ်းနေရာ တစ်ဒါဇင်ကျော် အန္တရာယ်ရှိနေတယ်လို့ ကြေညာခဲ့ပြီး လွတ်လပ်သော ကျောင်းပညာရေးကဏ္ဍဟာ "ပညာရေးနဲ့ ဘဏ္ဍာရေးပတ်ဝန်းကျင် အလျင်အမြန်ပြောင်းလဲမှု" နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုထားပါတယ်။

Reference - BBC
Photo - BBC
Translation - Alice
https://www.facebook.com/share/1Kcn9dE4UY/
👍13😢2
မြန်မာနိုင်ငံက စာမျက်နှာသစ်ကို စတင်နေပြီး တရုတ်ကလည်း ထောက်ခံဟု မင်းအောင်လှိုင်ဆို

BBM-ဇွန် ၁၈
သတင်း-မင်းသော်

မြန်မာနိုင်ငံဟာ စာမျက်နှာသစ်ကို စတင်နေပြီဖြစ်ပြီး သူဦးဆောင်တဲ့အစိုးရကိုလည်း တရုတ်နိုင်ငံက ထောက်ခံကြောင်း ကိုယ်တိုင်တင်သမ္မတ မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ်အတွင်း ပေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံး၊ စစ်သံရုံးတွေက ဝန်ထမ်းတွေ၊ မိသားစုဝင်တွေနဲ့ ပညာတော်သင် တွေကို တွေ့ဆုံစကားပြောရာမှာ မင်းအောင်လှိုင်က ယခုလို ပြောခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်က တရုတ်နဲ့မြန်မာဟာ ဆွေးမျိုးပေါက်ဖော်နဲ့ မဟာဗျူဟာမိတ်ဖက်နိုင်ငံတွေဖြစ်ပြီး ခုခရီးစဥ်မှာ တရုတ်သမ္မတ၊ ဝန်ကြီးချုပ် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဌတို့နဲ့ တွေ့ခဲ့ကာ ဘက်စုံဗျူဟာမြောက်ကိစ္စတွေကို ဆွေးနွေးနိုင်တဲ့အပြင် သူဦးဆောင်တဲ့အစိုးရရဲ့တည်ငြိမ်ရေးနဲ့ စီးပွါးရေးလုပ်ဆောင်ချက်တွေကို တရုတ်က အသိအမှတ်ပြုတာမို့ အောင်မြင်တဲ့ခရီးစဥ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ၎င်းဦးဆောင်တဲ့အစိုးရဟာ နိုင်ငံရဲ့စာမျက်နှာသစ်ကို စတင်နေပြီဖြစ်ပြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပြီး ဝန်ထမ်းတွေအနေနဲ့ နိုင်ငံကဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်း နောက်ခံအခြေအနေတွေကို သိရှိရန်နဲ့ ကိုယ့်တာဝန် ကိုယ် ကျေပြွန်ရန်လည်း မင်းအောင်လှိုင်က ဆက်ပြောခဲ့တယ်လို့ သိရပါတယ်။

ဒါတင်မကသေးဘဲ သူဦးဆောင်တဲ့ အစိုးရကပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိတာမို့ နိုင်ငံရဲ့ ရေခံမြေခံကောင်းတွေ၊အခြေခံကောင်းတွေကို အကျိုးရှိရှိ အသုံးချပြီး အမှန်တကယ်အလုပ်လုပ်ပါက မလွဲမသွေ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုပြီးလည်း မင်းအောင်လှိုင်ကကြွေးကြော်သွားခဲ့တယ်လို့ သိရပါတယ်။

တရုတ်ခရီးစဥ်နဲ့ပတ်သတ်ပြီး မင်းအောင်လှိုင်က အောင်မြင်တဲ့ခရီးစဥ်လို့ ဆက်တိုက်ပြောနေပေမဲ့ တရုတ်နိုင်ငံအနေနဲ့က ၎င်းတို့ရဲ့ အကျိုးစီးပွါးကိုသာ အာရုံစိုက်ခဲ့တယ်ဆိုပြီး ရိုက်တာသတင်းဌာနကဲ့သို့ အရှိန်အဝါကြီး သတင်းဌာနတွေက ရေးသားဖော်ပြနေကြပါတယ်။

Photo-မင်းအောင်လှိုင်
https://www.facebook.com/share/1B5fJFnBsi/
🖕8🤣2👍1
ကလေးမှာ ရက်ပေါင်း၃၀အတွင်း Kalay UGက စကစ ၇ ယောက်ရှင်းခဲ့ပြီး ၃ယောက် အရှင်ဖမ်းမိ

BBM-ဇွန်၁၈
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရက်ပေါင်း၃၀ အတွင်း စစ်ကောင်စီတပ်သား ၇ ယောက်ကို ရှင်းလင်းနိုင်ခဲ့ပြီး အရှင်၃ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ Kalay UG တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Kalay UGတပ်ဖွဲ့အနေနဲ့ ရက်ပေါင်း၃၀ အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို မိုင်းခွဲတိုက်ခိုက်တာတွေ၊ ပြောက်ကျားဝင်ရောက်တိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့ပြီး တိုက်ပွဲတွေအတွင်း ဒုအရာခံဗိုလ်(၁)ယောက်၊ တပ်ကြပ်(၁)ယောက်အပါ စကစ(၇)ယောက်ကိုရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ်လည်း စကစ တပ်သား (၃) ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိကာ ၎င်းတို့ထံမှ ကျည်ဆန်များ၊ လက်ပစ်ဗုံးများအပါ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Kalay UGတပ်ဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့လည်း မြို့တွင်းစစ်ဆင်ရေးတွေကို ခြေသံလုံလုံနဲ့အထိရောက်ဆုံး ဆောင်ရွက်သွားဖို့ရှိတာမို့ မိဘပြည်သူတွေအနေနဲ့ စကစ စစ်ယာဥ်တန်းတွေ၊ စစ်ဆင်ရေးဂိတ်တွေအနီး သွားလာလှုပ်ရှားတာကို ရှောင်ကြဥ် သတိပြုနေထိုင်ရန် မေတ္တာရပ်ခံထားပါတယ်။

ဒီလိုသတိပေးမှုတွေကို မလိုက်နာဘဲ သွားလာလို့ တစ်စုံတစ်ရာထိခိုက်မှုဖြစ်ခဲ့ရင် လုံးဝတာဝန်ယူမှာမဟုတ်ဘူးဟုလည်း Kalay UG မှ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-Kalay UG
https://www.facebook.com/share/p/1HpsWj6ayY/
👍143👏1
ကျောက်တော်ကို စကစ ဗုံးကြဲချမှုကြောင့် ပြည်သူ ၈ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရ

BBM - ဇွန် ၁၈
သတင်း - Myat

ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၈ ဦး သေဆုံးကာ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ဇွန်လ ၁၇ ရက်နေ့၊ ညနေ ၃ နာရီအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာ ရပ်ကွက်တွေနဲ့ လမ်းမတော်ကျေးရွာရှိ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာ ၄ စီးနဲ့ တစ်နာရီ နီးပါးကြာအောင် နှစ်ကြိမ်တိုင် ဗုံးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပထမအကြိမ် ဂျက်ဖိုက်တာ (၂) စီးနဲ့ ကျောက်တော်မြို့ပေါ်ရှိ ပိုက်သည်ရပ်ကွက်၊ ရွာမရပ်ကွက်၊ ကတ - ၃ လမ်းမ အပါအဝင် စုစုပေါင်း အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာ (၅) ခုကို Rocket ဗုံးသီး (၁၃) လုံးနဲ့ ပေါင် (၅၀၀) ဗုံး (၃) လုံး အသုံးပြု တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ဒုတိယအကြိမ်အဖြစ် ဂျက်ဖိုက်တာ (၂) စီးနဲ့ ကျောက်တော်မြို့၊ လမ်းမတော်ကျေးရွာရှိ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို ပေါင် (၅၀၀) ဗုံး (၄) လုံး၊ ပေါင် (၃၀၀) ဗုံး (၁) လုံးနဲ့ Rocket ဗုံးသီး (၂) လုံး အသုံးပြုတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က တစ်နာရီနီးပါးကြာတဲ့အထိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ (၈) ဦး သေဆုံးကာ (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသွားကြတဲ့သူတွေမှာ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာက ဦးမောင်သန်းဌေး (၄၅) နှစ်၊ ဦးမောင်နုသာ (၆၄) နှစ်၊ မြောက်ဦးမြို့နယ်၊ ထိပ်ဝပြင်ကျေးရွာက မစိုးစန္ဒာ (၂၃) နှစ်၊ မောင်မြတ်ဟိန်းကျော် (၄) နှစ်၊ ဦးလူချေမောင် (၄၀) နှစ်၊ စစ်တွေမြို့နယ်၊ ရွှေပြားရပ်ကွက်က ဦးစောအေးမောင် (၄၀) နှစ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာက ဦးတူးတူး (၃၆) နှစ်၊ ကျောက်တော်မြို့နယ်၊ တောင်ဘက်စု (၂) လမ်းက ဒေါ်စိန်စိန် (ခ) ဘားယေ (၇၈) နှစ် တို့ ဖြစ်ကြပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေမှာ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်က (၃) ဦး၊ မောင်တောမြို့က (၁) ဦး၊ စစ်တွေမြို့က (၁) ဦး၊ ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာက (၉) ဦး၊ ကျောက်တော်မြို့၊ ကတ(၃) လမ်းက (၁) ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာက (၁) ဦး၊ ပေါက်တောမြို့နယ်၊ ကြိမ်ခမော်ကျေးရွာ (၁) ဦး၊ ကျောက်တော်မြို့နယ်၊ ပြည်တော်သာရပ်ကွက်က (၂) ဦး တို့ ဖြစ်ကြပါတယ်။

အဆိုပါ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်က လူနေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေအပါအဝင် အဆောက်အအုံ (၃၀) ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့၊ ညနေ ၁၂ နာရီအချိန်ကလည်း စစ်ကောင်စီတပ်ဟာ ဂွမြို့နယ်၊ အမှတ် (၁၁) တိုက်နယ်၊ ကျောက်ချွန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း AA က ဆိုထားပါတယ်။

ဒါ့အပြင် စာသင်ကျောင်းဆောင်တွေနဲ့ အနီးအနားရှိ ပြည်သူတွေရဲ့ နေအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့ပြီး နွားတစ်ကောင်မှာလည်း သေဆုံးကာ အခြားနွားတစ်ကောင်မှာလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁၅) ရက်နေ့၊ ည (၇) နာရီ (၁၅) မိနစ် အချိန်ခန့်မှာလည်း စစ်ကောင်စီတပ်ဟာ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာကို လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦးသေဆုံးခဲ့ပြီး (၄) ဦးမှာ ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်အချို့ ပျက်စီးသွားခဲ့ရတယ်လို့လည်း AA က ဆိုထားပါတယ်။

ဇွန်လ (၄) ရက်နေ့၊ ညနေ (၃) နာရီ (၂၀) မိနစ် အချိန်ခန့်မှာလည်း စစ်ကောင်စီတပ်ဟာ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်၊ တောလယ်ရပ် အရှေ့ဘက်ရှိ ရေနံတူးရာအနီးတစ်ဝိုက်ကို အသေခံဒရုန်း (၂) စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နွား (၂) ကောင်မှာ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်နေ့၊ ညနေ (၁၁) နာရီခွဲ အချိန်ခန့်မှာလည်း အကြမ်းဖက်စစ်ကောင်စီ တပ်ဟာ ကျောက်ဖြူမြို့နယ်၊ အမှတ် (၄) တိုက်နယ်၊ ကုလားတွင်းကျေးရွာနဲ့ ဘယာကျေးရွာတို့ကို Y12 လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းတော်ကြီးကျောင်းနဲ့ ပြည်သူတွေရဲ့ နေအိမ်တစ် ချို့ပျက်စီးဆုံးရှုံးခဲ့ပြီး နွား (၃) ကောင်မှာလည်း သေဆုံးခဲ့တယ်လို့ AA က ဆိုထားပါတယ်။

အလားတူ ဇွန်လ (၇) ရက်နေ့မှာလည်း ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ရေကြောင်းမှ ခရီးသွားပြည်သူတွေကို အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေပေါ်က စက်သေနတ်တွေနဲ့ လှမ်းပစ်ခဲ့တာကြောင့် ခရီးသွားပြည်သူတစ်ချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
👎7🤬41
ဇွန်လ ၇ ရက်နေ့မှာလည်း ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း မင်းပြားမြို့မှ ရမ်းဗြဲမြို့ကို ကုန်ပစ္စည်းတွေသယ်ယူပြီး ပြန်လာတဲ့ မော်တော်ဘုတ်တစ်စီးကို စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောမှ ဖမ်းဆီးခဲ့ပြီး အဲဒီမော်တော်ဘုတ်မှာ လိုက်ပါလာတဲ့ ကုန်သည်နဲ့ လုပ်သား စုစုပေါင်း (၁၄) ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photos - AA Info Desk
👎6🤬3
😢19🤬3👎1
ရန်ကုန်တိုင်း စစ်ဒေသ ၂၊ တပ်ရင်း ၅၁၀၃ အတွက် “နှစ်ပါးသဘင် ပြည်တော်၀င်”ဆိုတဲ့ ရန်ပုံငွေရှာတဲ့ ဇာတ်သဘင်ပွဲ ပြုလုပ်

BBM - ဇွန် ၁၉
သတင်း - မင်း

ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့မှာ ရန်ကုန်တိုင်း စစ်ဒေသ ၂၊ တပ်ရင်း ၅၁၀၃ အတွက် “နှစ်ပါးသဘင် ပြည်တော်၀င်” ရိုးရာ ဇာတ်သဘင် ရန်ပုံငွေရှာပွဲ ပြုလုပ်ခဲ့ကြောင်း ပွဲစီစဉ်သူ ကိုဥက္ကာက BBMကိုပြောပါတယ်။

“နှစ်ပါးသဘင်” ပြည်တော်၀င် ဇာတ်သဘင်ကို ဇွန်လ ၆ရက် ညနေ ၅နာရီခန့်မှာ ပြုလုပ်ခဲ့တာပါ။

အဆိုပါ ဇာတ်သဘင်ကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လိုအပ်နေတဲ့ တပ်ရင်းတပ်ဖွဲ့တွေအတွက် တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးတာလို့ သူကဆိုပါတယ်။

“နှစ်ပါးသဘင် ပြည်တော်၀င်” ဇာတ်သဘင်ကို ဒီနေ့မှာကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့်မွေးနေ့မှာ ပြသသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီ လက်မှတ်ရောင်းရငွေတွေရဲ့ ၁၀၀%ဟာ ရန်ကုန်တိုင်း စစ်ဒေသ ၂၊ တပ်ရင်း ၅၁၀၃ကို စီးဆင်းသွားမှာပါ”လို့ ကိုဥက္ကာက ဆက်ပြောပါတယ်။

အဆိုပါ ဇာတ်သဘင်ပွဲမှာ “သောင်ရင်းသုခုမ”နဲ့ “မြန်မာဇာတ်ပွဲကြည့်ရအောင်”ဇာတ်သဘင်အဖွဲ့တို့ကလည်း ပူးပေါင်းပါ၀င်ထားကြ တယ်လို့လည်း သိရပါတယ်။

ပုံ - မင်း၊ အောင်အောင်
https://www.facebook.com/share/p/1EsWSw5n6k/
👍93
ရေစကြိုမြို့တပ်ဆီ ပြန်လာတဲ့ စကစတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်၊ ၇ ဦး ပြင်းထန်ဒဏ်ရာရရှိ

BBM - ဇွန် ၂၀
သတင်း - Myat

မကွေးတိုင်း၊ ရေစကြိုမြို့တပ်စီကို ပြန်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကလောနယ်မြေရဲစခန်းကို ၁ လနီးပါးရောက်ရှိနေတာဖြစ်ပြီး မနေ့က ဇွန်လ ၁၈ ရက်နေ့မှာ ရေစကြိုမြို့တပ်စီပြန်လာတဲ့အခါ တော်လှန်ရေးပူးပေါင်းတပ်တွေက နံနက်အစောပိုင်းအချိန်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

"အဲဒီစစ်ကြောင်းဟာ လင်းကလော နယ်မြေရဲစခန်းကို ရောက်ရှိနေတာ ၁ လနီးလောက် ရှိပါပြီ၊ အင်အား ၁၅၀ လောက်ပါတယ်ဗျ၊ အဲတာကို ၁၈ ရက်နေ့၊ မနက်အစောပိုင်း အပြန်မှာ ရေစကြိုနယ်ထဲက တောထဲတစ်နေရာမှာ အသင့်စောင့်ဆိုင်းပြီးတော့ သူတို့လာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတွက်ဆပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်" လို့ ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)အဖွဲ့ တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

အဆိုပါ ထိတွေ့တိုက်ပွဲ အခြေအနေမှာ တစ်နာရီနီးပါးကြာအောင် ကြာမြင့်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အဲဒီစစ်ကြောင်းဟာ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာ ပျူခြံထဲကို ဝင်ရောက်သွားခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန်လ ၁၉ ရက်နေ့၊ မနက်ပိုင်းမှာ အမှတ် (၂၅၆) ခြေလျင်တပ်ရင်း (ခလရ-၂၅၆)ကို ဝင်ရောက်သွားခဲ့တယ်လို့လည်း ရေစကြိုမြို့နယ် (ပကဖ)အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက BBM ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အဲဒီစစ်ကြောင်းက ရေစကြိုမြို့နယ်၊ ဇီးတောပျူခွေးခြံထဲကို ဝင်သွားတာပေါ့နော်။ အဲဒီကနေတစ်ဆင့် ဒီနေ့မနက်မှာ (၂၅၆) တပ်ရင်းဖက်ကို ဝင်သွားတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း သိမ်းဆည်းရမိတဲ့ ခဲယမ်းတွေကတော့ 5.56 mm ကျည် ၄၅၀၊ MA ကျည်ဘောက်ဝိုင်းတစ်ခုနဲ့ 60 mm ဗုံးသီး ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပါတယ် လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပကဖ)နဲ့ အတူ ပခုက္ကူခရိုင်တပ်ရင်း အမှတ်-၉၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် (ပကဖ) တို့က ပူးပေါင်းပါဝင်ကာ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Video - ရေစကြိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)
https://www.facebook.com/share/v/1CcTELNZ7j/
👏8
ကမ္ဘောဒီးယားက နာမည်ကြီး အွန်လိုင်း ငွေလိမ်ဂိုဏ်း ခေါင်းဆောင်တစ်ဦးကို တရုတ်ဆီ လွှဲပြောင်း

BBM - ဇွန် ၂၀

ကမ္ဘောဒီးယားနိုင်ငံက နာမည်ကြီး အွန်လိုင်း ငွေလိမ်ဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးလိုက်ပြီလို့ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ဘေဂျင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

နောက်ပိုင်းမှာ ကမ္ဘောဒီးယားဟာ နိုင်ငံတကာက အင်တာနက်အသုံးပြုသူတွေကို ပစ်မှတ်ထားပြီး အချစ်ဇာတ်လမ်းဆင် လိမ်တာတွေ၊ ခရစ်ပတို (Cryptocurrency) ရင်းနှီးမြှုပ်နှံမှု အတုအယောင်တွေနဲ့ လိမ်လည်တဲ့ ဂိုဏ်းတွေ ရုံးစိုက်ရာနေရာ ဖြစ်လာခဲ့တာပါ။

ဒီလိမ်လည်မှုတွေမှာ ကိုယ့်သဘောနဲ့ကိုယ် လုပ်သူတွေရှိသလို လူကုန်ကူးခံရပြီး အဓမ္မခိုင်းစေခံရသူတွေလည်း ရှိပါတယ်။

ဒါပေမဲ့ ဒီလုပ်ငန်းတွေကို လုံးဝအမြစ်ပြတ် နှိမ်နင်းဖို့ တောင်းဆိုထားတဲ့ တရုတ်နိုင်ငံအပါအဝင် နိုင်ငံအတော်များများရဲ့ ဖိအားပေးမှုကြောင့် ကမ္ဘောဒီးယားအာဏာပိုင်တွေကလည်း လက်ရှိမှာ ဒီလိမ်လည်ရေးလုပ်ငန်းတွေကို အပြင်းအထန် နှိမ်နင်းနေတယ်လို့ ပြောပါတယ်။

တရုတ်အမျိုးသားလုံခြုံရေးဝန်ကြီးဌာန (MPS) က ဇွန် ၁၇ ရက်မှာ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။

အဲဒီဗီဒီယိုထဲမှာ China Southern လေယာဉ်ပေါ်ကနေ ခေါ်ဆောင်လာပြီး လက်ထိပ်ခတ်ထားတဲ့ လျူရန် (Liu Ren) ဆိုသူရဲ့ ခေါင်းက အမည်းရောင်အိတ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖယ်ရှားပေးနေတာကို တွေ့ရပါတယ်။

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မကြာသေးခင်က ကမ္ဘောဒီးယားအာဏာပိုင်တွေရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ ပူးပေါင်းအဖွဲ့ဟာ ဖနွမ်းပင်ကနေ ချန်ကျိ (Chen Zhi) ရာဇဝတ်ဂိုဏ်းရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လျူရန် ကို တရုတ်နိုင်ငံဆီ အောင်အောင်မြင်မြင် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ဖနွမ်းပင်အာဏာပိုင်တွေဟာ Prince Group ကို တည်ထောင်သူ တရုတ်ဖွား ချန်ကျိ ကို လွှဲပြောင်းပေးခဲ့ပါသေးတယ်။

သူ့ရဲ့လုပ်ငန်းစုဟာ ဆိုင်ဘာလိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး အမေရိကန်နဲ့ ဗြိတိန်အစိုးရတို့ရဲ့ ပိတ်ဆို့အရေးယူမှုကို ခံထားရတာပါ။

အခု လျူရန် ကို ဖမ်းဆီးလွှဲပြောင်းနိုင်ခဲ့တာဟာ ကမ္ဘောဒီးယားနဲ့ တရုတ်အကြား တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ ကြီးမားတဲ့ အောင်မြင်မှုပဲလို့ MPS က ချီးကျူးပြောဆိုထားပါတယ်။

ဝန်ကြီးဌာနရဲ့အဆိုအရ ချန်ကျိ ဟာ လျူရန် အပါအဝင် တခြားသူတွေကို စေခိုင်းပြီး ၂၀၁၆ ခုနှစ်မှာ ကမ္ဘောဒီးယားမှာ Jin Bei Group ကို တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကုမ္ပဏီဟာ ကမ္ဘောဒီးယားမှာ တယ်လီကွန်းလိမ်လည်မှုဇုန်တွေ ဖွင့်လှစ်ပြီး ငွေကြေးအမြောက်အမြား ပါဝင်တဲ့ အွန်လိုင်းလိမ်လည်မှုတွေကို အကြီးအကျယ် လုပ်ဆောင်ခဲ့တာပါ။

ဒါတင်မကသေးဘဲ လျူရန် ဟာ လူတွေကို မတရားဖမ်းဆီးချုပ်နှောင်တာ၊ တမင်တကာ နာကျင်စေအောင် လုပ်တာ စတဲ့ ပြင်းထန်တဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိနေကြပါတယ်။

လောလောဆယ်မှာတော့ သူ့ကို ဥပဒေအရ ထိန်းသိမ်းအရေးယူထားပြီး အမှုတွဲကို ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း မြောက်ကိုရီးယားနဲ့ အရှေ့တောင်အာရှအခြေစိုက် ဆိုင်ဘာရာဇဝတ်ကောင်တွေအတွက် တရားမဝင်ငွေကြေးတွေ ခဝတ်ပေးခဲ့တယ်လို့ အမေရိကန်ရဲ့ စွပ်စွဲခြင်းခံထားရတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း အကြီးအကဲဟောင်း တရုတ်ဖွား လီရှုန်း (Li Xiong) ကိုလည်း ကမ္ဘောဒီးယားကနေ လွှဲပြောင်းပေးခဲ့ဖူးကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

Reference - The Straits Times
Photo - The Straits Times
Translation - Richard
https://www.facebook.com/share/p/1BehVXXidd/
😁81