3.48K subscribers
5.58K photos
393 videos
2.89K links
Breaking Brainwashed Media
Download Telegram
ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ သန်းနဲ့ချီတဲ့ မြန်မာတွေကြောင့် အကြီးအကျယ် တိုးတက်လာ

BBM - ဇွန် ၁၆

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲ ရောက်လာကြတဲ့ ရွှေ့ပြောင်းလူထုကြီးက အရင်လို ဝင်ငွေနည်းတဲ့ လုပ်သားအင်အားစု သက်သက်ပဲ မဟုတ်တော့ပါဘူး။

အခုဆိုရင် လက်လီအရောင်းဆိုင်တွေ၊ ဆက်သွယ်ရေး ကုမ္ပဏီတွေ၊ ငွေလွှလုပ်ငန်းတွေ၊ အိမ်ခြံမြေနဲ့ ချေးငွေလုပ်ငန်းတွေကအစ မျက်စိကျလာရတဲ့ ဈေးကွက်ကြီးတစ်ခု ဖြစ်လာနေပါပြီ။

Happio လိုခေါ်တဲ့ ဈေးကွက်သုတေသန ကုမ္ပဏီတစ်ခုရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံထဲမှာ တရားဝင်ရော တရားမဝင်ပါပေါင်းရင် မြန်မာနိုင်ငံသား ၄.၁ သန်းလောက် ရှိနေပြီးတော့ သူတိုတွေဟာ တစ်နှစ်ကို ထိုင်းဘတ်ငွေ ၂၂၁ ဘီလီယံ (စင်ကာပူဒေါ်လာ ၈.၇ ဘီလီယံခန့်) ဖိုးလောက်အထိ ထိုင်းနိုင်ငံထဲမှာ သုံးစွဲနေကြတာပါ။

ဒါတင်မကသေးဘူး၊၊ မြန်မာပြည်ကို ပြန်ပိုတဲ့ ငွေကလည်း တစ်နှစ်ကို ဘတ် ၁၁၉ ဘီလီယံလောက် ရှိတယ်လို ဆိုပါတယ်။

သမရိုးကျ အလုပ်သမားဘဝကနေ မရှိမဖြစ် စားသုံးသူတွေအထိ

Happio ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Khun Natee က အခုလို ပြောပြပါတယ်။

"7-Eleven ဆိုင်အချိုမှာဆိုရင် ထိုင်းဖောက်သည်တွေထက် မြန်မာဖောက်သည်တွေက ပိုများနေပြီ။ ဒါကြောင့် သူတို ကြိုက်တတ်မယ့် ပစ္စည်းတွေနဲ့ All member အဖွဲဝင် (Loyalty) အစီအစဉ်တွေကို မြန်မာလူထုနဲ့ ကိုက်ညီအောင် ပြောင်းလဲပြင်ဆင်ဖို အခွင့်အလမ်းတွေ အများကြီး ရှိလာတာပါ။"

ဒီလိုနဲ့ True တို၊ dtac တိုလို ဆက်သွယ်ရေး ကုမ္ပဏီတွေအပြင် Western Union လို ငွေလွှလုပ်ငန်းတွေကပါ မြန်မာလူထုကို ပစ်မှတ်ထားပြီး ဈေးကွက်ရှာလာကြပါတယ်။

အရင်ကတော့ မြန်မာတွေဟာ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ အိမ်အကူ လုပ်ငန်းတွေမှာပဲ အလုပ်ကြမ်း လုပ်ခဲ့ကြတာပါ။

ဒါပေမဲ့ ကိုဗစ် ကာလနောက်ပိုင်း၊ အထူးသဖြင့် ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ ၂၀၂၄ စစ်မှုထမ်းဥပဒေ ထွက်လာပြီးတဲ့နောက်မှာတော့ လူလတ်တန်းစားနဲ့ လူကုံထံတွေပါ ထိုင်းနိုင်ငံထဲကို အလုံးအရင်းနဲ့ ပြောင်းရွှေ့လာကြပါတယ်။

အခုဆိုရင် ဘန်ကောက်နဲ့ ချင်းမိုင်က ကွန်ဒိုတွေကို အများဆုံးဝယ်တဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာတွေက ထိပ်ဆုံး ၃ နိုင်ငံစာရင်းဝင် ဖြစ်နေသလို၊ ထိုင်းတက္ကသိုလ်တွေမှာ တက်နေတဲ့ မြန်မာကျောင်းသား ပေါင်းလည်း ၁၅,၀၀၀ ကျော် ရှိနေပါပြီ။

ရန်ကုန်မှာ အောင်မြင်ခဲ့တဲ့ ဗဟိုပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (Venture Capital) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြိုဆီ ရွှေ့ပြောင်းလာတဲ့ ကုန်သည်ကြီး ဦးတင်မင်းထွဋ်က အခြေအနေကို အခုလို သုံးသပ်ပါတယ်။

"စစ်မှုထမ်းဥပဒေ ထွက်လာတော့ လူငယ်တွေ အများကြီး ထိုင်းကို ပြောင်းလာကြတယ်။ အချိုဆိုရင် US ကနေ ဘွဲရလာတဲ့ သူဌေးသားသမီးတွေပေါ့။ မြန်မာပြည်မှာ နေလိုမရတော့ ဒီရောက်တဲ့အခါ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ကလပ်တွေလိုမျိုး စီးပွားရေးအသေးစားလေးတွေ စလုပ်ကြတာပေါ့။"

သူ့ရဲ့ AVA Ventures အနေနဲ့ ထိုင်းအခြေစိုက် မြန်မာလုပ်ငန်းသစ် ၁၄ ခုမှာ ရင်းနှီးမြှုပ်နှံထားပြီး၊ အဲဒီထဲမှာ ဘန်ကောက်က Burbrit Craft Beerဘားလည်း ပါဝင်ပါတယ်။

အရင်က မြန်မာပြည်ကနေ ဘီယာတင်သွင်းခဲ့ပေမဲ့ အခုတော့ ထိုင်းနိုင်ငံမှာပဲ ဘီယာချက်စက်ရုံကြီးတစ်ခုကို အခုနှစ် (၂၀၂၆) စက်တင်ဘာမှာ အပြီးတည်ဆောက်နေပြီလို ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်က နာမည်ကြီးတွေဖြစ်တဲ့ Feel Restaurant၊ ခိုင်ခိုင်ကျော် နဲ့ Rangoon Tea House တိုဟာလည်း ဘန်ကောက်မြိုမှာ ဆိုင်ခွဲတွေ အသီးသီး ဖွင့်လှစ်ထားကြပါတယ်။

နာမည်ကြီး Genius Coffee ရဲ့ တည်ထောင်သူ ဦးငွေထွန်းကတော့ အရင်က ရှမ်း၊ ချင်း၊ ကရင်ပြည်နယ်က ကော်ဖီစေ့တွေကို သုံးခဲ့ပေမဲ့ အခုအခါ လုပ်သားရှားပါးမှုဒဏ်ကြောင့် ထိုင်းနိုင်ငံဘက်ကို လည်ပတ်မှုတွေ ရွှေ့လာခဲ့ရပါတယ်။

သူက ၂၀၂၂ မှာ မဲဆောက်မှာ Blue Pond Cafe ကို စဖွင့်ခဲ့ပြီး ၂၀၂၆ မေလမှာတော့ ချင်းမိုင်မှာ ဒုတိယဆိုင်ခွဲကို ထပ်ဖွင့်ခဲ့ပါတယ်။

ဒါတင်မကဘဲ ၂၀၂၆ မတ်လကစလို ချင်းမိုင်မှာ ကော်ဖီလှော်တဲ့ စက်ရုံပါ တည်ထောင်ခဲ့ပါတယ်။ အခုဆိုရင် သူတို ကော်ဖီရဲ့ ၉၀ ရာခိုင်နှုန်းကို ထိုင်းမြောက်ပိုင်းက ကော်ဖီစေ့တွေပဲ သုံးစွဲနေရပြီး စင်ကာပူနဲ့ တရုတ်နိုင်ငံတွေကို တင်ပိုဖိုပါ ပြင်ဆင်နေပါတယ်။

လူအများစုအတွက် အသေးစား ချေးငွေလုပ်ငန်း (Pico-Finance)

အထက်တန်းစားတွေက ဘားတွေ၊ ကော်ဖီဆိုင်တွေ သွားနိုင်ကြပေမဲ့ အခြေခံ အလုပ်သမားတွေကတော့ ဒါတွေကို မတတ်နိုင်ကြပါဘူး။

ဒါကို မြင်တဲ့ ဝါရင့် ရင်းနှီးမြှုပ်နှံသူ ဦးအောင်ထွန်းကတော့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အသေးစား ချေးငွေလုပ်ငန်းကို အာရုံစိုက်ခဲ့ပါတယ်။

သူဟာ ၂၀၂၂ ခုနှစ်မှာ Syn Pitarn Groupကို တည်ထောင်ပြီး မြန်မာအလုပ်သမားတွေကို ဘတ် ၈,၀၀၀ ကနေ ၄၀,၀၀၀ အထိ အသေးစားချေးငွေ (Pico-finance) တွေ ထုတ်ပေးခဲ့ပါတယ်။

"ထိုင်းဘဏ်တွေက သူတိုကို ဘယ်တော့မှ ချေးမှာမဟုတ်ဘူး။ ဒါကြောင့် ဒါဟာ ချေးငွေတကယ်လိုအပ်နေတဲ့၊ ဘယ်သူမှ မလုပ်ရသေးတဲ့ ဈေးကွက်ကြီးတစ်ခုပဲလို ကျွန်တော် မြင်ခဲ့တာ။" လို ဦးအောင်ထွန်းက ပြောပါတယ်။
👍4
အခုဆိုရင် ၃ နှစ်အတွင်းမှာ သူ့လုပ်ငန်းဟာ ထိုင်း ၅ ပြည်နယ်မှာ ဆိုင်ခွဲ ၁၃ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဝန်ထမ်း ၁၂၀ နဲ့ ဖောက်သည်ပေါင်း ၃၀,၀၀၀ ကျော်အထိ ရှိနေပါပြီ။ ချေးငွေပမာဏ ဘတ် ၁၂၅ သန်းလောက် လည်ပတ်နေတာပါ။

သူကတော့ မြန်မာပြည်ရဲ့ ပြဿနာတွေဟာ နောက်ထပ် ၄ နှစ်၊ ၅ နှစ်အထိ ပြေလည်ဦးမှာ မဟုတ်တာကြောင့် ဒီလို ရွှေ့ပြောင်းအခြေချမှုနဲ့ ဈေးကွက်ကြီးဟာ ရေရှည် ဆက်ရှိနေဦးမယ်လို့ သုံးသပ်ထားပါတယ်။

Reference - The Business Times
Photos - The Business Times
Translation - Alice
https://www.facebook.com/share/p/1FxkHHpXiR/
👍6
နယူးဇီလန်နဲ့ပွဲမတိုင်ခင် အမေရိကန်ရောက် အီရန်ပြည်သူများ အီရန်အစိုးရကို ဆန္ဒပြခဲ့

BBM - ဇွန် ၁၆

အမေရိကန်မှာပြောင်းရွှေ့အခြေချနေထိုင်နေတဲ့ အီရန်ပြည်သူများက နယူးဇီလန်နဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲမတိုင်ခင်
အီရန်အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။

လူပေါင်း ၃၀၀ နဲ့ ၅၀၀ ကြားရှိ ဆန္ဒပြသူများက အစ္စလာမ်မစ်တော်လှန်ရေးမတိုင်ခင် အလံများ၊ ဆိုင်းဘုတ်များ
ကိုင်ဆောင်ဆန္ဒပြခဲ့တာဖြစ်တယ်။

FIFA က ပြိုင်ပွဲအတွင်း နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ပိတ်ပင်ထားလို့ အခုဆန္ဒပြသူတွေဟာ ဥပဒေကြောင်းအရရင်ဆိုင်လာရနိုင်ပါတယ်။

အီရန်-နယူးဇီလန်ပွဲ ကစားတဲ့ လော့စ်အိန်ဂျယ်လိစ်မြို့ဟာ နိုင်ငံပြင်ပမှာ အီရန်ပြည်သူတွေ အများဆုံးနေထိုင်ရာလည်းဖြစ်တယ်။

အဲဒီထဲက အများစုဟာ အစ္စလာမ်မစ်တော်လှန်ရေးအတွင်း အီရန်နိုင်ငံကို စွန့်ခွာခဲ့ရကာ အမေရိကန်မှာ ရွှေ့ပြောင်းအခြေချနေထိုင်ခဲ့ရပါတယ်။

ဆန္ဒပြသူတွေကတော့ အီရန်အစိုးရကို ထောက်ခံသလိုဖြစ်မှာစိုးလို့ အသင်းပွဲစဉ်တွေကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

တချို့အီရန်ပရိသတ်တွေကတော့ နိုင်ငံရေးကိုမေ့ထားပြီး နိုင်ငံအသင်းကိုအားပေးဖို့ စည်းရုံးခဲ့ကြပါတယ်။
https://www.facebook.com/share/p/1cVGrmp9XK/
👍6
ဂွမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက် စာသင်ကျောင်းနဲ့ လူနေအိမ်တစ်ချို့ ပျက်စီး

BBM - ဇွန် ၁၆
သတင်း - Myat

ရခိုင်ပြည်၊ ဂွမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဟာ ဂွမြို့နယ်၊ ကျောက်ချွန်ကျေးရွာကို ညနေ ၁၁ နာရီ ၅၅ မိနစ်မှာ ၁ ကြိမ်၊ ညနေ ၁၂ နာရီ ၃ မိနစ်မှာ ၁ ကြိမ် စုစုပေါင်း လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချတိုက် ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကျောက်ချွန်ကျေးရွာက စာသင်ကျောင်းနဲ့ လူနေအိမ်တစ်ချို့မှာ ဗုံးစထိမှန်ကာ ပျက်စီးသွားခဲ့ရပြီး အဲဒီကျေးရွာရှိ နွား ၁ ကောင်မှာလည်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း ဂွမြို့နယ်၊ ကျိန္တလီမြို့ရှိ တောင်ပေါ်ဒေသကို သဲကုန်းရွာကမ်းခြေမှာ တန့်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ နေဗီတစ်စီးမှ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရခိုင်စစ်မျက်မှာ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူ တွေနေထိုင်တဲ့ မြို့နယ်နဲ့ ကျေးရွာတွေကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ နေ့စဉ်ရက်ဆက် ဗုံးကြဲချတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Photos - APM
https://www.facebook.com/share/p/1E6sjDFzmM/
😡4👎3
တီးတိန်မြို့မှာ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ရဲ့ အပြန်အလှန်စွပ်စွဲမှုနဲ့ လူငယ်တစ်ဦး သေဒဏ်စီရင်ခံရ

BBM-ဇွန် ၁၆
သတင်း-ကိုလင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အခြေစိုက် ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) နဲ့ ဇိုမီးအမျိုးသားတပ်မတော် (ZNA) တို့အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ဒေသခံ လူငယ်တစ်ဦး သေဒဏ်စီရင်ခံလိုက်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ ZRA ရဲ့ ပြည်ထဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Pa Pau Ngaih Mang ဟာ ဆွောင်းဇန်ရွာမှ တုန်းဇံရွာကို သွားရောက်စဉ် လမ်းခုလပ်မှာ လုပ်ကြံသတ်ဖြတ်ခံတာ ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီလုပ်ကြံမှုအတွက် တရားခံများကို စုံစမ်းရာမှာ ZNA အဖွဲ့နဲ့ ဆက်စပ်သူတွေ ပါဝင်ပတ်သက်နေသည်ဟု ယူဆပြီး ZRA ဘက်က တုံ့ပြန်မှုတွေ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ZRA က တွီးထန်ရွာသား Kap Lian Mang ကို အဲဒီ လုပ်ကြံမှုမှာ ပါဝင်ပတ်သက်သည်ဟုဆိုပြီး ရွာအတွင်းမှ ဖမ်းဆီးခဲ့ပြီးနောက် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်စီရင်လိုက်တယ်လို့ ဇွန်လ ၁၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။

ZRA ဟာ ဇိုမီးလူမျိုးတွေအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုတည်းသာ ရှိသင့်သည်ဟူသော မူဝါဒကို ကျင့်သုံးလျက်ရှိပြီး အခုလို အဖွဲ့အစည်းသစ် ပေါ်ပေါက်လာတာကို လုံးဝလက်မခံဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

"သေဆုံးသွားတဲ့ Kap Lian Mang ရဲ့ အလောင်းကို ထုတ်ယူဖို့ ရွာအုပ်ချုပ်ရေးမှူးတွေ၊ လူငယ်ခေါင်းဆောင်တွေကို အကြောင်းကြားတယ်။ ရုပ်အလောင်းကို တွန်းဇံမြို့မှာထုတ်ရမယ်တဲ့။"လို့ တီးတိန်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ZRA အနေနဲ့လည်း ZNA အဖွဲ့ဝင်တွေနဲ့ ၎င်းတို့နဲံ ပတ်သက်ဆက်နွှယ်နေသူတွေကို ဆက်လက်အရေးယူသွားမယ်လို့ ပြင်းထန်စွာ သတိပေးထားပါတယ်။

အဲဒီ စွပ်စွဲချက်တွေနဲ့ ပတ်သက်၍ ZNA အဖွဲ့က ၎င်းတို့ရဲ့ ကြေညာချက်မှတစ်ဆင့် ပြန်လည်ချေပခဲ့ပြီး မဟုတ်မမှန်စွပ်စွဲနေတာဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။
https://www.facebook.com/share/p/14ix8k5Eu7j/
😁3👎1😢1
တော်လှန်ရေးနယ်မြေတွေအတွင်း လောင်းကစားဝိုင်းများမလုပ်ကြဖို့ ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်းထုတ်ပြန်

BBM - ဇွန်လ ၁၆
သတင်း - ကိုဘုဏ်း

တော်လှန်ရေးနယ်မြေတွေအတွင်း လောင်းကစားဝိုင်းများမလုပ်ကြဖို့နဲ့ ဖမ်းမိပါက လူငယ်တွေကို တော်လှန်ရေးရဲဘော်အဖြစ်တာဝန်ပေးမယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်းက ဇွန်လ (၁၄) ရက်နေ့က ထုတ်ပြန်ကြေငြာထားပါတယ်။

တော်လှန်ရေးနယ်မြေတွေအတွင်းမှာ လောင်းကစားဝိုင်းတွေကို အကြောင်းအမျိူးမျိူးပြကာ အကြီးအကျယ် ပြုလုပ်နေကြတယ်လို့ ပြည်သူတွေကဇွန်လ (၁၃) ရက်နေ့မှာအဆိုပါ တပ်ရင်းရုံးကို တိုင်ကြားလာတယ်လို့ သိရပါတယ်။

လောင်းကစားဝိုင်းတွေဟာ ပြည်သူတွေကို ဆိုးကျိုးတွေဖြစ်စေပြီး တော်လှန်ရေးအရှိန်အဟုန်ကိုပါထိခိုက်စေကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် လောင်းကစားဝိုင်းတွေမှာ ပါဝင်ကစားနေသောသူ‌တွေ၊ ဦးဆောင်နေသူတွေအနေနဲ့ ပြည်သူတွေရဲ့ မျက်နှာ ၊ရှေ့တန်းမှာ ပါဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့မျက်နှာတွေကို ထောက်ကာ ရပ်တန်းကရပ်ပေးကြဖို့နဲ့ လောင်းကစားဝိုင်း‌တွေမှာ အချိန် ဖြုန်း ၊ငွေဖြုန်းနေမယ့်အစား တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြရန် ကိုလည်း တိုက်တွန်းထားပါတယ်။

အကယ်၍ထုတ်ပြန်ချက်ကို မလိုက်နာပဲ ဆက်လက်လုပ်ကိုင်နေပါက ပိတ်ဆို့ဖမ်းဆီးပြီး ဖမ်းမိပါက ငွေဒဏ်၊ အချူပ်ဒဏ်၊ကြိမ်ဒဏ်အပြင် အသက် (၁၈)နှစ်မှ (၃၀)ကြားရှိသော လူငယ်များကို တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးသွားမယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း ကထုတ်ပြန်ကြေငြာထားပါတယ်။
https://www.facebook.com/share/p/1CskiHbQar/
👍7
နိုင်ငံရေးအခြေအနေတွေကြားထဲက ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ အီရန်နဲ့ နယူးဇီလန် ၂ ဂိုးစီ သရေကျ

BBM - ဇွန် ၁၆

နိုင်ငံရေးအရ တင်းမာမှုတွေ ရှိနေတဲ့ကြားက ကစားခဲ့ရတဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ အီရန်အသင်းဟာ နယူးဇီလန်အသင်းကို ၂ ကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားပြီး ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အီရန်အတွက် အဖိုးတန်ခြေပဂိုးကိုတော့ ပွဲချိန် ၆၄ မိနစ်မှာ မိုဟာမက် မိုဟက်ဘီ (Mohammad Mohebbi) က သွင်းယူပေးခဲ့တာပါ။

ဒီပွဲမှာ အီရန်ရဲ့ ပထမခြေပဂိုးကို ရာမင် ရီဇာအီယန် (Ramin Rezaeian) က သွင်းခဲ့ပြီး မိုဟက်ဘီရဲ့ ဒုတိယဂိုးကိုလည်း သူကပဲ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက အမေရိကန်၊ အစ္စရေးတို့နဲ့ အီရန်အကြား စစ်မီးစတင်တောက်လောင်ခဲ့တာကြောင့် အီရန်အသင်းရဲ့ ကမ္ဘာ့ဖလားပြင်ဆင်မှုတွေဟာ အတော်လေး အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။

အုပ်စုတွင်း ပွဲစဉ် ၃ ပွဲလုံးကို အမေရိကန်နိုင်ငံပြင်ပမှာ ရွှေ့ပြောင်းကစားပေးဖို့ အီရန်ရဲ့ တောင်းဆိုချက်ကို ဖီဖာ (FIFA) က ပယ်ချခဲ့ပြီးနောက်ပိုင်းမှာတော့ အီရန်အသင်းဟာ ပြိုင်ပွဲဝင်ဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့တာပါ။

ဒါကြောင့်လည်း အီရန်အသင်းဟာ သူတို့ရဲ့ လေ့ကျင့်ရေးစခန်းကို အမေရိကန် အရီဇိုးနားကနေ မက္ကဆီကိုနိုင်ငံ တီဟွာနာ (Tijuana) မြို့ဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။

ပွဲကစားမယ့်ရက် မတိုင်ခင်တစ်ရက်မှပဲ အမေရိကန်ထဲကို လေယာဉ်နဲ့လာပြီး ပွဲပြီးတာနဲ့ မက္ကဆီကိုဆီ ချက်ချင်းပြန်တဲ့ စနစ်နဲ့ သွားနေရတာပါ။

အီရန်အသင်းခေါင်းဆောင် မက်ဒီ တာရီမီ (Mehdi Taremi) ကတော့ "ဒီတစ်ခေါက် ကမ္ဘာ့ဖလားဟာ တကယ့်ကို ခက်ခဲတဲ့ အတွေ့အကြုံဖြစ်ပြီး ဘောလုံးအားကစားကနေ ပေးစွမ်းလေ့ရှိတဲ့ ပျော်ရွှင်မှုမျိုးကို သူတို့အသင်းသားတွေ မခံစားရဘူး" လို့ ဝန်ခံပြောကြားသွားပါတယ်။

ဒီပွဲကို အီရန်နိုင်ငံပြင်ပမှာ အီရန်လူမျိုး အများဆုံးနေထိုင်တဲ့ လော့စ်အိန်ဂျလိစ်မြို့နားက SoFi ကွင်းကြီးထဲမှာ ကစားခဲ့တာဖြစ်ပြီး အီရန်ပရိသတ် အများအပြား လာရောက်အားပေးခဲ့ကြပါတယ်။

ကွင်းအပြင်ဘက်မှာတော့ အီရန်အမေရိကန်နွယ်ဖွား ရာဂဏန်းလောက်က အီရန်အစိုးရကို ဆန္ဒပြခဲ့ကြသလို၊ ကွင်းထဲမှာလည်း အမျိုးသားသီချင်း လာပြတ်တဲ့အချိန်မှာ လှောင်ပြောင်တာနဲ့ ကျောခိုင်းတာမျိုးတွေ လုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ပွဲစတာနဲ့ တပြိုင်နက် ပရိသတ်အများစုဟာ အီရန်ကစားသမားတွေကိုပဲ အားသွန်ခွန်စိုက် အားပေးခဲ့ကြပါတယ်။

နယူးဇီလန်အသင်းအတွက် ဦးဆောင်ဂိုးတွေကိုတော့ အီလိုင်ဂျာ ဂျပ်စ် (Elijah Just) က ပထမပိုင်းနဲ့ ဒုတိယပိုင်း အစောပိုင်းတွေမှာ သွင်းယူခဲ့တာပါ။

ဒါပေမဲ့လည်း အီရန်ဘက်က ၂ ကြိမ်စလုံး ပြန်ခြေပနိုင်ခဲ့လို့ နယူးဇီလန်တို့ သမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလားနိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

ဒါတောင်မှ နယူးဇီလန်အသင်းဟာ သူတို့အရင်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ၂ ကြိမ်လုံးက သွင်းဂိုးစုစုပေါင်းကို ဒီပွဲတစ်ပွဲတည်းနဲ့တင် စံချိန်လိုက်မီသွားခဲ့သလို သူတို့ထက် ဖီဖာအဆင့် ၆၅ ဆင့်လောက် မြင့်တဲ့အသင်းကို သရေကစားနိုင်ခဲ့လို့ အားရစရာ ရလဒ်လို့ ပြောရမှာပါ။

ပွဲအစ ၇ မိနစ်မှာတင် ကွင်းထဲက အီရန်ပရိသတ်တွေ ဆိတ်ငြိမ်သွားစေမယ့် အဖြစ်အပျက် ဖြစ်ခဲ့ပါတယ်။

အီရန်ဂိုးသမား ကန်တင်လိုက်တဲ့ ဘောလုံးကို နယူးဇီလန်အသင်းခေါင်းဆောင် ခရစ်ဝုဒ် (Chris Wood) က ဖြတ်တောက်ပြီး အကွက်ချပေးရာကနေ ဂျပ်စ် က ပရိသတ်ကြားထဲကနေ လှပတဲ့ ဘော်လီကန်ချက်နဲ့ ဂိုးသွင်းယူပြီး နယူးဇီလန်ကို ဦးဆောင်စေခဲ့ပါတယ်။

အဲဒီနောက် အီရန်အသင်း ကစားကွက်ပြန်မိလာပြီး ပွဲချိန် ၃၂ မိနစ်မှာတော့ ရီဇာအီယန် က ခြေဖမိုးအပြင်ကန်ချက်နဲ့ အသာစီးချစ်ပ်ပြီး ကန်သွင်းကာ ပထမခြေပဂိုး သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ ခရစ်ဝုဒ်က ဘောလုံးကို ထိန်းထားပေးပြီး ပေးပို့လိုက်တာကနေ ဂျပ်စ် ကပဲ လူအုပ်ကြားထဲကနေ ကန်သွင်းပြီး နယူးဇီလန်အတွက် ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းခဲ့ပြန်ပါတယ်။

ဒါပေမဲ့လည်း အီရန်တို့ သိပ်မကြာခင်မှာပဲ ပြန်ခြေပနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာ ရီဇာအီယန်က အဝေးကနေ တိကျတဲ့ ဖြတ်တင်ဘော ပေးပို့ခဲ့တာကို မိုဟက်ဘီက ခေါင်းတိုက်ပြီး ဒုတိယမြောက် ခြေပဂိုး သွင်းပေးခဲ့တာပါ။

အဲဒီနောက်ပိုင်း နှစ်ဖက်စလုံး အခွင့်အရေးတွေ ရခဲ့ကြပေမယ့် အနိုင်ဂိုးတော့ ထပ်မသွင်းနိုင်ခဲ့ကြပါဘူး။

ပွဲအပြီး လေချွန်သံအဆုံးမှာတော့ နှစ်ဖက်ကစားသမားတွေဟာ တစ်ဦးနဲ့တစ်ဦး ဖက်လဲတကင်း နှုတ်ဆက်ခဲ့ကြသလို အင်္ကျီလဲတာမျိုးတွေပါ ရှိခဲ့ပါတယ်။

အီရန်အသင်းနည်းပြ အမီးရ် ဂါလီနွိုင်း (Amir Ghalenoei) တစ်ယောက်တည်း ကစားသမား အရံခုံမှာ စိတ်ပျက်လက်ပျက် ထိုင်နေချိန်မှာတော့ သူ့ရဲ့ ကစားသမားတွေက ကွင်းထဲမှာ အလံတလူလူနဲ့ အားပေးနေတဲ့ မိမိတို့ ပရိသတ်တွေကို လှည့်လည် လက်ခုပ်တီး ဂါရဝပြုခဲ့ကြပါတယ်။

ကမ္ဘာ့အဆင့် ၂၀ ရှိတဲ့ အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်ဆက်တိုက် အပါအဝင် ၇ ကြိမ်မြောက်အဖြစ် လာရောက်ယှဉ်ပြိုင်တာ ဖြစ်ပေမယ့် သမိုင်းတစ်လျှောက် အုပ်စုအဆင့်ကနေ ကျော်လွန်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။
👍41
တစ်ဖက်က နယူးဇီလန်အသင်းကတော့ အခုပြိုင်ပွဲမှာ အဆင့် ၈၅ နဲ့ အဆင့်အနိမ့်ဆုံးအသင်းအဖြစ် ဝင်ရောက်လာတာဖြစ်ပြီး ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ပြန်တက်ခွင့်ရတာပါ။

ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၄၈ သင်းအထိ တိုးမြှင့်လိုက်ပြီးနောက်ပိုင်း အိုရှေးနီးယားဘောလုံးအဖွဲ့ချုပ် (OFC) ရဲ့ တိုက်ရိုက်ကမ္ဘာ့ဖလား ဝင်ခွင့်ကို ပထမဆုံး ရရှိခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။

Reference - Jakarta global
Translation - Richard
https://www.facebook.com/share/p/16uux2DzJg/
👍41
ဘင်္ဂလားဒေရှ့်နိုင်ငံသား ငါးခိုးဖမ်းသမား ၇ ဦးကို အာရက္ခတပ်တော် AA ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိ

BBM - ဇွန် ၁၆
သတင်း - Myat

ရခိုင်ရေပိုင်နက်အတွင်းကို တရားမဝင်ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ငါးခိုးဖမ်းသမား ၇ ဦးကို အာရက္ခတပ်တော် AA ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ် လို့သိရပါတယ်။

မနေ့က ဇွန်လ ၁၅ ရက်နေ့က အာရက္ခရေပိုင်နက် ကမ်းစပ်နဲ့ မီတာ (၅၀၀) ခန့်အကွာမှာ ကျူးကျော်ဝင် ရောက်ကာ ငါးခိုးဖမ်းနေကြတဲ့ ငါးဖမ်းစက်လှေ (၄) စီးကို အာရက္ခကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ ကမ်းစပ်နဲ့ မီတာ (၅၇၀) ခန့်အကွာမှာ ဘင်္ဂလားဒေရှ့်နိုင်ငံသား ငါးဖမ်းသမား (၄) ဦးပါ စက်လှေတစ်စီးကို နံနက် ၉ နာရီခန့် အချိန်မှာ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အာရက္ခကမ်းစပ်နဲ့ မီတာ (၆၂၀) ခန့်အကွာ ဘင်္ဂလားဒေရှ့်နိုင်ငံသား ငါးဖမ်းသမား (၃) ဦးပါ နောက်ထပ်စက်လှေတစ်စီးကိုလည်း နံနက် ၉ နာရီအချိန်မှာ အာရက္ခကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့က ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

အာရက္ခကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့က အဆိုပါ ငါးဖမ်းစက်လှေတွေကို ဖမ်းဆီးနေစဉ် နောက်ထပ် ငါးဖမ်းစက်လှေ(၂) စီးမှာလည်း ဘင်္ဂလားဒေရှ့် ရေပိုင်နက်အတွင်းကို ထွက်ပြေးလွတ်မြောက်သွားတယ် လို့လည်း သိရပါတယ်။

လက်ရှိ ဖမ်းဆီးရမိထားတဲ့ ငါးဖမ်းစက်လှေ (၂) စီးနဲ့ ငါးခိုးဖမ်းသမား ၇ ဦးကို အာရက္ခတပ်တော် AA က တရားဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့အညီ စစ်ဆေးလျက်ရှိနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ကလည်း ရခိုင်ရေပိုင်နက်အတွင်း ငါးခိုးဖမ်းနေကြတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ငါးခိုးဖမ်းသမား (၄) ဦးနဲ့ စက်လှေတစ်စီးကို အာရက္ခကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်က ရေပိုင်နက်အတွင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံမှ တရားမဝင်ကျူးကျော် ဝင်ရောက်ကာ ငါးခိုးဖမ်းတဲ့ ငါးခိုးဖမ်းသမား ၇၉ ဦးကို အာရက္ခတပ်တော် AA ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ဖမ်းဆီးရမိခဲ့တဲ့ ငါးခိုးဖမ်းသူတွေထဲက (၇၃) ဦးကို အာရက္ခတပ်တော် AA က ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဆီ ပြန်လည် လွှဲအပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

Photos - APM
https://www.facebook.com/share/p/14eys7UfFx7/
👍3👏1
နယူးဇီလန်နဲ့ပွဲမတိုင်ခင် အမေရိကန်ရောက် အီရန်ပြည်သူများ အီရန်အစိုးရကို ဆန္ဒပြခဲ့
BBM ရုပ်သံသတင်း (၁၆-၀၆-၂၀၂၆)

အမေရိကန်မှာပြောင်းရွှေ့အခြေချနေထိုင်နေတဲ့ အီရန်ပြည်သူများက နယူးဇီလန်နဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲမတိုင်ခင်အီရန်အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။

#bbmnews #bbm #bbmtv #UpadateNews #sagarthanmedia
https://www.facebook.com/share/r/1D38TQBKG9/
👍3
“ရန်ကုန်က နှင်းဆီများ”ဆိုတဲ့ ကမ်ပိန်းပြုလုပ်

BBM - ဇွန် ၁၆
သတင်း - မင်း

ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ရဲ့ စောင့်ကြည့်မှုတွေကြားထဲက “ရန်ကုန်က နှင်းဆီများ”ကမ်ပိန်းကို ပြုလုပ်ခဲ့ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB)က ဇွန်လ ၁၆ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ နှင်းဆီလှုပ်ရှားမှုကို ရန်ကုန်မြို့ရဲ့ အထင်ကရ‌ နေရာတွေ ၊ လမ်းတွေမှတဆင့် စီးကူးသယ်ဆောင်ရင်း
စစ်ကောင်စီတပ်အခြေစိုက်နယ်မြေမှာဘဲ စစ်ကောင်စီတပ်ကြောက်တဲ့ နှင်းဆီပန်းတွေကို မြင်တွေ့နိုင်အောင် ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။

နှင်းဆီ လှုပ်ရှားမှုကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မွေးနေ့ဖြစ်တဲ့
ဇွန်လ ၁၉ ရက်နေ့မှာ ပြည်တွင်း ပြည်ပ ပြည်သူတစ်ရပ်လုံး မိမိ ဒေသနဲ့ လုံခြုံရေးအခြေအနေတွေအလိုက် အောက်ပါ နည်းလမ်းတစ်ခုခုနဲ့ လှုပ်ရှားကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နှင်းဆီပန်း (ဒါမှမဟုတ်) ရရှိနိုင်တဲ့ အခြားပန်းတစ်မျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာ၊ အပြန်အလှန် ဝေငှတာတွေ ပြုလုပ်ကြဖို့ GSCBက ဖော်ပြထားပါတယ်။

ဒါ့အပြင် မိမိတို့ ပန်ဆင်၊ ကိုင်ဆောင်ထားတဲ့ ပန်းဓာတ်ပုံတွေကို Social Media ပေါ်မှာ တင်ပြီး အွန်လိုင်းမှ ပါဝင်တာတွေလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

မြေပြင်သပိတ်လှုပ်ရှားမှုတွေမှာ နှင်းဆီပန်းတွေ ကိုင်ဆောင်ပြီး ပါဝင်တာအပြင် အမေစုနဲ့ အတူ ဆက်လက်တိုက်ပွဲဝင်ကြဖို့ GSCBက တိုက်တွန်း ထုတ်ပြန်ထားပါတယ်

ပုံ - GSCB
https://www.facebook.com/share/p/1BjowKmk1y/
8👍2
ကလေးမြို့မှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲရာက စစ်ကောင်စီအရာရှိရဲ့ သားကို ရိုက်နှက်မိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၅ ရက်အကြာ ပြန်လွတ်

BBM-ဇွန် ၁၆
သတင်း-ကိုအိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြုလုပ်ရာမှ ဖြစ်ပွားခဲ့တဲ့ ရိုက်နှက်မှုတစ်ခုကြောင့် အောင်သစ္စာရပ်ကွက် အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီ အုပ်ချုပ်ရေးမှူးဟာ ဖမ်းဆီးမှုအတွင်း စစ်ကောင်စီလက်အောက်ခံ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) မှ အရာရှိတစ်ဦးရဲ့သားကို မှားယွင်းဖမ်းဆီးပြီး ရိုက်နှက်မိခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ရပ်ကွက်အတွင်း စစ်မှုထမ်းဖို့ လူငယ်တွေကို လိုက်လံစုဆောင်းရာမှ အဆိုပါအရာရှိရဲ့ သားကို ဖမ်းဆီးမိတာဖြစ်ပါတယ်။

အဲဒီလို ရိုက်နှက်မှုတွေ ရှိခဲ့တာကြောင့် ဒကစဘက်က တာဝန်ရှိသူတွေက အုပ်ချုပ်ရေးမှူးကို ခေါ်ယူစစ်ဆေးကာ ၅ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

ယင်းအုပ်ချုပ်ရေးမှူးမှာ ဇွန်လ ၁၄ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။

"အုပ်ချုပ်ရေးမှူးက စစ်တပ်နဲ့ အဆင်ပြေအောင် လုပ်ပေးနေတဲ့သူ။ ဒါပေမဲ့ အရာရှိသားမှန်းမသိလို့ ရိုက်မိတာ၊ အဲဒါကြောင့် အဖမ်းခံရတာ။ အခုတော့ ၅ ရက်အကြာမှာ ပြန်လွတ်လာပြီ"လို့ ရပ်ကွက်နေ ဒေသခံတဦးက BBM ကို ပြောပါတယ်။

လက်ရှိမှာ ကလေးမြို့ပေါ်ရှိ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေအပြင် ပျူစောထီးအဖွဲ့တွေနဲ့ အပြာရောင်ဝတ်ဆင်ထားသူတွေ ပူးပေါင်းကာ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲဖမ်းဆီးတာတို့ အရင်ကထက် ပိုမိုအရှိန်မြှင့်လုပ်ဆောင်လျက်ရှိပါတယ်။

အဲဒီလုပ်ဆောင်ချက်တွေကြောင့် ဒေသခံပြည်သူတွေ အကြား စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိပါတယ်။

"ဒီရက်ပိုင်းမှာ ပေါ်တာဆွဲတာ အရမ်းကြမ်းတယ်။ အထူးသဖြင့် ကလေးမြို့ရဲ့ မြို့မဈေးကြီး နဲ့ တက္ကသိုလ်လမ်းဆုံအနီးနားတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေက အရပ်ဝတ်တွေနဲ့ပါ လိုက်ဖမ်းနေတာမို့ လမ်းသွားလမ်းလာတွေ အတော်လေး ကြောက်နေကြရတယ်"လို့ မြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

ဒါ့အပြင် မနေ့နံနက်ပိုင်းမှာလည်း ကျောင်းသားတွေကို ပို့ဆောင်ပေးနေတဲ့ ဆိုက်တွဲမောင်းသူ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။
https://www.facebook.com/share/17k66fRvM6/
👎4😁2
မုံးကိုးမှာ ရှမ်းမြောက်စစ်ပွဲအပြီး တရုတ်ဈေး သည်တွေများလာလို့ ဒေသခံတွေ ဈေးရောင်းရခက်လာ

BBM-ဇွန် ၁၆
သတင်း-PJ

တရုတ် - မြန်မာ နယ်စပ်၊ မုံးကိုးဒေသမှာ ရှမ်းမြောက်စစ်ပွဲတွေ ပြီးပြီးတဲ့နောက် တရုတ်
နိုင်ငံသား ဈေးသည်တွေများလာလို့ ဒေသခံစျေးရောင်းသူတွေအနေနဲ့ လုပ်ကိုင်ရပိုမိုခက်ခဲလာနေတယ်လို့ သိရပါတယ်။

တရုတ်စျေးသည်တွေအနေနဲ့ တရုတ်ပြည်မှ မုံးကိုးဒေသအထိ တိုက်ရိုက်စျေးလာရောင်းခြင်းဖြစ်သလို ထိန်းချုပ်မှုလည်းမရှိတာကြောင့် ဒေသခံတွေအတွက် အခြေအနေပိုမိုဆိုးရွားလာနေတယ်လို့ ဒေသခံစျေးရောင်းသူပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။

"အခုဆို ပိုဆိုး။ တရုတ်‌‌ဘက်က တရုတ်ဈေးသည် တွေက မုံးကိုးထိ တိုက်ရိုက် လာရောင်းတော့ ကျမတို့ ဒေသခံ တွေက ဈေးရာင်းစားလို့ မရတော့ဘူး"

ဒီလိုစျေးရောင်းရာမှာ တရုတ်ဈေးသည်တွေကဒေသခံတွေထက် ငွေအရင်းအနှီးပိုမိုရင်းနှီးမြှုပ်နှံ နိုင်တာကြောင့် မုံးကိုးစျေးကွက်တစ်ခုလုံး တရုတ်ရင်းနှီးမြှပ်နှံမှုတွေသာ ပိုမိုကြီးထွားနေပြီး ဒေသခံတွေအနေနဲ့ တနိုင်တပိုင် ဆိုင်ဖွင့်တာမျိုးပင် လုပ်ကိုင်ရခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။

ဒါတင်မက ဒေသတွင်း အခြားစီးပွါးရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်း အလား တူတရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေသာ အထိန်း အကွပ်မဲ့ လွှမ်းမိုးထားပြီး အရင်လိုဒေသခံ လုပ် သားတွေအစား MNDAA နဲ့ ပူးပေါင်းပြီးထောင် သားတွေကိုသာ ခေါ်တာကြောင့် စိုက်ပျိုးရေးအလုပ်အကိုင်မှာလည်း ရှားပါးနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ဆိုပါတယ်။

"တမြို့လုံး ဈေးကောင်းတာပဲ မြင်တယ်၊တရုတ်ဘက်က ဝင်လို့ရတော့ တရုတ်တွေပဲ လာရောင်းတာများတယ်။ ဈေး ပေါပေါ လာရောင်းနိုင်တော့ မုံးကိုးက လူတွေက ဈေး မရောင်းရတော့ဘူး"

ဒီလိုကိုယ့်မြို့နယ်အတွင်း အလုပ်အကိုင်ရှားပါးမှုတွေ ကြုံတွေ့နေရတာကြောင့်ပဲ ဒေသခံပြည်သူတွေအနေနဲ့က တရုတ်နယ်စပ်ဘက်ထိသွား ရောက်ရပြီး ကြုံရာကျပန်း အလုပ်တွေ လုပ်ကိုင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နေကြရတယ်လို့လည်း ဒေသခံတွေထံမှ သိရပါတယ်။

Photo Crd# ဒေသခံ
https://www.facebook.com/share/1EZMamM2nJ/
👍8
အော်စကာဆုရှင် မင်းသမီးကြီး တေလ်ဒါ ဆွင်တန် ပူးတွဲတည်ထောင်ခဲ့တဲ့ ကိုယ်ပိုင်ကျောင်း ပိတ်သိမ်းတော့မည်

BBM-ဇွန် ၁၆

စကော့တလန်နိုင်ငံ၊ မော်ရေး ပြည်နယ်မှာရှိတဲ့ အော်စကာဆုရှင် မင်းသမီးကြီး တေလ်ဒါ ဆွင်တန် (Tilda Swinton) ပူးတွဲတည်ထောင်ခဲ့တဲ့ ကိုယ်ပိုင်ကျောင်းဟာ ငွေကြေးအကျပ်အတည်းတွေကြောင့် ပိတ်သိမ်းရတော့မယ်လို့ ကြေညာလိုက်ပါတယ်။

Forres မြို့အနီးမှာ ဖွင့်လှစ်ထားတဲ့ Drumduan ကျောင်း တည်ထောင်ခဲ့တာဟာ နှစ်ပေါင်း ၄၀ ရှိခဲ့ပြီဖြစ်ပြီး ကလေးတွေကို စာမေးပွဲတွေပဲ ဖြေခိုင်းနေမယ့်အစား လက်တွေ့ကျပြီး အခြားရွေးချယ်စရာ skillတွေကို အဓိကဦးစားပေးသင်ကြားခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကျောင်းရဲ့ အထက်တန်းနဲ့ အခြေခံအတန်းတွေကို အရင်ကတည်းက ပိတ်ပစ်ခဲ့ရပြီးနောက် အခုအခါမှာတော့ ကျောင်းရဲ့ ဘဏ္ဍာရေးရေရှည်ရပ်တည်နိုင်မှုကို ပြန်လည်သုံးသပ်ပြီး ဇွန်လ ၃၀ ရက် ပညာသင်နှစ်အကုန်မှာ မူကြို (Kindergarten) အဆင့်ကိုပါ အပြီးပိတ်ဖို့ ဘုတ်အဖွဲ့က ဆုံးဖြတ်လိုက်ရပါတယ်။

ယူကေအစိုးရဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး ကိုယ်ပိုင်ကျောင်းလခတွေအပေါ် အခွန်တွေ စတင်ကောက်ခံခဲ့ပါတယ်။

ကျောင်းများကောင်စီ (ISC) ရဲ့ အချက်အလက်တွေအရ အဲဒီလမှာပဲ ကိုယ်ပိုင်ကျောင်းလခတွေဟာလဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီနဲ့ယှဉ်ရင် ပျမ်းမျှ ၂၂ ရာခိုင်နှုန်းလောက် သိသိသာသာ တက်သွားခဲ့ပါတယ်။

Drumduan ကျောင်းဘက်ကလည်း ဒီလို အခွန် စနစ်ပြောင်းလဲမှုဒဏ်ကို တောင့်ခံဖို့ တော်တော်လေး ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

ဒီကျောင်းဟာ ဘက်စုံဖွံ့ဖြိုးရေးကျောင်းအမျိုးအစားဖြစ်ပြီး အနုပညာ၊ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့အတူ သိပ္ပံ၊ သင်္ချာလို ပညာရပ်တွေကိုပါ ပေါင်းစပ်သင်ကြားပေးတဲ့ "ဘက်စုံဖွံ့ဖြိုးရေး ပညာရေး" ကို ဦးတည်တာပါ။

၂၀၁၇ ခုနှစ်တုန်းက BBC Scotland သတင်းဌာနက သွားရောက်လေ့လာစဉ်မှာဆိုရင် ကလေးတွေဟာ မနက်ခင်းမှာ ထိုက်ချိ (Tai Chi) ကစားနည်းနဲ့ တစ်နေ့တာကို စတင်လေ့ရှိပြီး သိပ္ပံဘာသာရပ်ကို သင်ကြားရာမှာလည်း လှေစပ်တာ ဒါမှမဟုတ် ဟင်းချက်တာမျိုးတွေနဲ့ လက်တွေ့ကျကျ သင်ယူခဲ့ကြတာ ဖြစ်ပါတယ်။

မင်းသမီးကြီး ဆွင်တန်ဟာ Michael Clayton ရုပ်ရှင်နဲ့ အော်စကာဆု ရရှိခဲ့ဖူးသလို Grand Budapest Hotel နဲ့ Marvel ရုပ်ရှင်တွေဖြစ်တဲ့ Doctor Strange၊ Avengers: Endgame တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ကျောင်းရဲ့ မူလတန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပိတ်ခဲ့ရပြီး အထက်တန်းခွဲကိုတော့ မတ်လမှာ ပိတ်ခဲ့ရပါတယ်။

အခုနောက်ဆုံး မူကြိုအဆင့်ကိုပါ ပိတ်လိုက်ရတဲ့အပေါ် ဘုတ်အဖွဲ့က ကျောင်းဝက်ဘ်ဆိုက်မှာ အခုလို ဝမ်းနည်းစရာ ထုတ်ပြန်ချက်ကို ရေးသားထားပါတယ်။

"ဒီဆုံးဖြတ်ချက်ဟာ ကျောင်းရဲ့ ဘဏ္ဍာရေးအခြေအနေကို သေချာသုံးသပ်ပြီးမှ Drumduan ကျောင်းကို ထိန်းသိမ်းဖို့ ဘုတ်အဖွဲ့၀င်တွေရဲ့ တာဝန်ဝတ္တရားအရ ဆုံးဖြတ်ခဲ့ရတာပါ၊ အခြားရန်ပုံငွေတွေရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်လည်း ကျောင်းဆက်လက်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ဘဏ္ဍာရေးအခြေခံအုတ်မြစ်ကို မတည်ဆောက်နိုင်ခဲ့ပါဘူး၊ ဒါဟာ လွယ်လွယ်နဲ့ ချခဲ့တဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။"

ဒါ့အပြင် ကျောင်းဝန်ထမ်းတွေနဲ့ မိဘတွေကိုလည်း အသွင်ကူးပြောင်းရေးကာလအတွင်း တစ်ဦးချင်း ဆွေးနွေးမှုတွေ၊ လမ်းညွှန်မှုတွေနဲ့ ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ခက်ခဲတဲ့အချိန်တွေမှာ ကလေးတွေကို မေတ္တာနဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိရှိ ပြုစုပျိုးထောင်ပေးခဲ့တဲ့ မူကြိုဝန်ထမ်းတွေအပြင် နှစ်ပေါင်း ၄၀ အတွင်း ကျောင်းတော်ကြီးမှာ ပါဝင်ပတ်သက်ခဲ့ကြဖူးတဲ့ မိဘများ၊ ဝန်ထမ်းများနဲ့ အလှူရှင်အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။

ကျောင်းဘက်က နောက်ထပ်ထုတ်ပြန်ချက်တစ်ခုကတော့ အခုလို "လူနေမှုစရိတ်ကြီးမြင့်နေတဲ့ အကျပ်အတည်း" ကြားထဲမှာ အခွန်အသစ် တိုးလာတာဟာ မိဘတွေအတွက် ပိုပြီး ဝန်ထုတ်ဝန်ပိုးဖြစ်စေသလို ကျောင်းရဲ့ လည်ပတ်စရိတ်တွေကိုလည်း ပိုမိုမြင့်တက်စေခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းဘုတ်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစပြီး ကျောင်းလခကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ရတာကြောင့် ကျောင်းသားဦးရေ လျော့နည်းသွားခဲ့ပါတယ်။

ဒီလို ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေတာဟာ Drumduan ကျောင်းတစ်ခုတည်းတော့ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းကလည်း စကော့တလန်ရဲ့ ထိပ်တန်းပိုင်ကျောင်းတစ်ခုဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ တက်ရောက်ခဲ့ဖူးတဲ့ Edinburgh က Fettes College ဟာ စရိတ်လျှော့ချဖို့အတွက် ဝန်ထမ်းတွေ လျှော့ချရနိုင်တယ်လို့ ပြောခဲ့ဖူးပြီး၊ ဒီလိုဖြစ်ရတာဟာ ကျောင်းလခအပေါ် VATအခွန် ကောက်ခံမှုကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း Aberdeen က ကျောင်းသား ၆၀၀ ကျော်ရှိတဲ့ Albyn School မှာ ဝန်ထမ်းနေရာ တစ်ဒါဇင်ကျော် အန္တရာယ်ရှိနေတယ်လို့ ကြေညာခဲ့ပြီး လွတ်လပ်သော ကျောင်းပညာရေးကဏ္ဍဟာ "ပညာရေးနဲ့ ဘဏ္ဍာရေးပတ်ဝန်းကျင် အလျင်အမြန်ပြောင်းလဲမှု" နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုထားပါတယ်။

Reference - BBC
Photo - BBC
Translation - Alice
https://www.facebook.com/share/1Kcn9dE4UY/
👍13😢2
မြန်မာနိုင်ငံက စာမျက်နှာသစ်ကို စတင်နေပြီး တရုတ်ကလည်း ထောက်ခံဟု မင်းအောင်လှိုင်ဆို

BBM-ဇွန် ၁၈
သတင်း-မင်းသော်

မြန်မာနိုင်ငံဟာ စာမျက်နှာသစ်ကို စတင်နေပြီဖြစ်ပြီး သူဦးဆောင်တဲ့အစိုးရကိုလည်း တရုတ်နိုင်ငံက ထောက်ခံကြောင်း ကိုယ်တိုင်တင်သမ္မတ မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ်အတွင်း ပေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံး၊ စစ်သံရုံးတွေက ဝန်ထမ်းတွေ၊ မိသားစုဝင်တွေနဲ့ ပညာတော်သင် တွေကို တွေ့ဆုံစကားပြောရာမှာ မင်းအောင်လှိုင်က ယခုလို ပြောခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်က တရုတ်နဲ့မြန်မာဟာ ဆွေးမျိုးပေါက်ဖော်နဲ့ မဟာဗျူဟာမိတ်ဖက်နိုင်ငံတွေဖြစ်ပြီး ခုခရီးစဥ်မှာ တရုတ်သမ္မတ၊ ဝန်ကြီးချုပ် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဌတို့နဲ့ တွေ့ခဲ့ကာ ဘက်စုံဗျူဟာမြောက်ကိစ္စတွေကို ဆွေးနွေးနိုင်တဲ့အပြင် သူဦးဆောင်တဲ့အစိုးရရဲ့တည်ငြိမ်ရေးနဲ့ စီးပွါးရေးလုပ်ဆောင်ချက်တွေကို တရုတ်က အသိအမှတ်ပြုတာမို့ အောင်မြင်တဲ့ခရီးစဥ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ၎င်းဦးဆောင်တဲ့အစိုးရဟာ နိုင်ငံရဲ့စာမျက်နှာသစ်ကို စတင်နေပြီဖြစ်ပြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်ဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပြီး ဝန်ထမ်းတွေအနေနဲ့ နိုင်ငံကဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်း နောက်ခံအခြေအနေတွေကို သိရှိရန်နဲ့ ကိုယ့်တာဝန် ကိုယ် ကျေပြွန်ရန်လည်း မင်းအောင်လှိုင်က ဆက်ပြောခဲ့တယ်လို့ သိရပါတယ်။

ဒါတင်မကသေးဘဲ သူဦးဆောင်တဲ့ အစိုးရကပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိတာမို့ နိုင်ငံရဲ့ ရေခံမြေခံကောင်းတွေ၊အခြေခံကောင်းတွေကို အကျိုးရှိရှိ အသုံးချပြီး အမှန်တကယ်အလုပ်လုပ်ပါက မလွဲမသွေ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုပြီးလည်း မင်းအောင်လှိုင်ကကြွေးကြော်သွားခဲ့တယ်လို့ သိရပါတယ်။

တရုတ်ခရီးစဥ်နဲ့ပတ်သတ်ပြီး မင်းအောင်လှိုင်က အောင်မြင်တဲ့ခရီးစဥ်လို့ ဆက်တိုက်ပြောနေပေမဲ့ တရုတ်နိုင်ငံအနေနဲ့က ၎င်းတို့ရဲ့ အကျိုးစီးပွါးကိုသာ အာရုံစိုက်ခဲ့တယ်ဆိုပြီး ရိုက်တာသတင်းဌာနကဲ့သို့ အရှိန်အဝါကြီး သတင်းဌာနတွေက ရေးသားဖော်ပြနေကြပါတယ်။

Photo-မင်းအောင်လှိုင်
https://www.facebook.com/share/1B5fJFnBsi/
🖕8🤣2👍1
ကလေးမှာ ရက်ပေါင်း၃၀အတွင်း Kalay UGက စကစ ၇ ယောက်ရှင်းခဲ့ပြီး ၃ယောက် အရှင်ဖမ်းမိ

BBM-ဇွန်၁၈
သတင်း-မင်းသော်

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရက်ပေါင်း၃၀ အတွင်း စစ်ကောင်စီတပ်သား ၇ ယောက်ကို ရှင်းလင်းနိုင်ခဲ့ပြီး အရှင်၃ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ Kalay UG တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Kalay UGတပ်ဖွဲ့အနေနဲ့ ရက်ပေါင်း၃၀ အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို မိုင်းခွဲတိုက်ခိုက်တာတွေ၊ ပြောက်ကျားဝင်ရောက်တိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့ပြီး တိုက်ပွဲတွေအတွင်း ဒုအရာခံဗိုလ်(၁)ယောက်၊ တပ်ကြပ်(၁)ယောက်အပါ စကစ(၇)ယောက်ကိုရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ်လည်း စကစ တပ်သား (၃) ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိကာ ၎င်းတို့ထံမှ ကျည်ဆန်များ၊ လက်ပစ်ဗုံးများအပါ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Kalay UGတပ်ဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့လည်း မြို့တွင်းစစ်ဆင်ရေးတွေကို ခြေသံလုံလုံနဲ့အထိရောက်ဆုံး ဆောင်ရွက်သွားဖို့ရှိတာမို့ မိဘပြည်သူတွေအနေနဲ့ စကစ စစ်ယာဥ်တန်းတွေ၊ စစ်ဆင်ရေးဂိတ်တွေအနီး သွားလာလှုပ်ရှားတာကို ရှောင်ကြဥ် သတိပြုနေထိုင်ရန် မေတ္တာရပ်ခံထားပါတယ်။

ဒီလိုသတိပေးမှုတွေကို မလိုက်နာဘဲ သွားလာလို့ တစ်စုံတစ်ရာထိခိုက်မှုဖြစ်ခဲ့ရင် လုံးဝတာဝန်ယူမှာမဟုတ်ဘူးဟုလည်း Kalay UG မှ ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-Kalay UG
https://www.facebook.com/share/p/1HpsWj6ayY/
👍143👏1