3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့အခမ်းအနား MDY-PDFပြုလုပ်

BBM-ဇွန်၁၁
သတင်း-မင်းသော်

တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါတွေကို စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ အထူးလှုပ်ရှားတပ်မ မှကျင်းပပြုလုပ်ခဲ့တယ်လို့ ဇွန်လ၁၀ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ အထူးလှုပ်ရှားတပ်မ အနေနဲ့ တပ်စတင်တည်ထောင်စဥ်ကတည်းက ဒီနေ့ထိ မိမိတို့ကျရာတာဝန်တွေ၊ တပ်တည်ဆောက်ရေးလုပ်ငန်းစဥ်တွေကို အစဥ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒီလိုတာဝန်ထမ်းဆောင်ရင်း တော်လှန်ရေးကာလအတွင်း ရဲစွမ်းသတ္တိအပြည့်နဲ့ တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါတွေစွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်လ၆ရက်နေ့က ပထမဦးဆုံးအနေနဲ့ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီခမ်းအနားကို ဂုဏ်ပြုခံရဲဘော်တွေ၊ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ အထူးလှုပ်ရှားတပ်မမှ အဆင့်ဆင့်သော စစ်သည်ရဲဘော်များ စုံညီစွာတက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့လာတဲ့ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားတာတွေ၊တာဝန်ရှိသူတွေက အမှာစကားပြောကြားတာ
တွေပြုလုပ်ပြီး ဂုဏ်ပြုခံရဲဘော်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေ အသီးသီးပေးအပ်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးခရီးကြမ်း(၅)နှစ်တာ ကာလအတွင်း စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်ချေမှုန်းရေးနဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ယုံကြည်ရာကို လက်နက်စွဲကိုင် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကို ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ တပ်မမှ အရာရှိ၊ ရဲဘော် စုစုပေါင်း (၁၂၄) ဦးနဲ့ ညီနောင်
တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှ ရဲဘော်တွေရဲ့စွန့်လွှတ်စွန့်စားမှုတွေကို ပြည်သူလူထုတစ်ရပ် လုံးနဲ့ ရဲဘော်အသီးသီးက အစဉ်အမြဲ လေးမြတ် စွာ ဂုဏ်ပြုမှတ်တမ်းတင်နေမယ်ဆိုတာယုံကြည်ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ အထူးလှုပ်ရှားတပ်မ မှ ထုတ်ပြန်ထားပါတယ်။

Photo-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အထူးလှုပ်ရှားတပ်မ
https://www.facebook.com/share/p/18QXEPhojz/
👍8🫡1
စစ်ကိုင်း-မင်းကွန်းလမ်းမှာ ပျူစောထီးမျောက် ကြီးမောင်းလာတဲ့ကား တိုက်ခိုက်ခံရပြီး ပျူ(၂)ဦးဒဏ်ရာရ

BBM-ဇွန်၁၁
သတင်း-မင်းသော်

စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးမျောက်ကြီးမောင်းလာတဲ့ကားကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ပြီး ပျူစောထီး(၂)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၈ရက်နေ့က စစ်ကိုင်းမြို့နယ် အ တွင်းက စစ်ကိုင်း-မင်းကွန်းလမ်းမှာ ပြည်သူ လူထုကို ညှင်းပန်းနှိပ်စက်နေတဲ့ စကစ လက် အောက်ခံ ပျူစောထီးမျောက်ကြီး မောင်းနှင်လာ
တဲ့ကားကို တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းအရ ကြိုတင်စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအတွင်း ပျူစောထီး(၂)ဦးခန့်ထိခိုက်ဒဏ်ရာရနိုင်ပြီး ပျူခေါင်းဆောင်မျောက်ကြီးမောင်းလာတဲ့ကားကတော့ လက်ပံကျေးရွာအတွင်းကို မောင်းနှင်ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းကို အသုံးပြုနေကြတဲ့ ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သမျှစစ်တပ်နဲ့ဝေးရာရှောင်ကွင်းသွားကြရန်နဲ့ မနက်၅နာရီကနေည၈နာရီအတွင်းထိသာ သွားလာကြရန်၊အချိန်လွန်မောင်းနှင်လာတဲ့ ဘယ်ယာဥ်ကိုမဆို ဖြစ်ပေါ်လာတဲ့ကိစ္စတွေ တာဝန်ယူမှာ မဟုတ်ဘူးဟုလည်း ယူနီကွန်းျာက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Video-ယူနီကွန်းပျောက်ကြားတပ်ဖွဲ့
https://www.facebook.com/share/v/1Cwz5ZjJpm/
👍4👎3
တရားမဝင်ကုန်ပစ္စည်းတင်ဆောင်တဲ့ယာဉ်နဲ့ ယာဉ်လိုင်းကို အရေးယူဖို့ ညွှန်ကြားချက် အလုပ်ဖြစ်မှာ မဟုတ်ဟုဆို

BBM-ဇွန်၁၁
သတင်း - ကိုဟန်

ထိုင်းနိုင်ငံကနေ တရားမဝင်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်တဲ့ ယာဉ်နဲ့ ယာဉ်လိုင်းတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ မွန်လုံ/နယ်ဝန်ကြီးက ကြုံးဝါးလိုက်ပေမဲ့ မြေပြင် မှာအလုပ်ဖြစ်ဖို့မလွယ်မဟုတ်ဘူးလို့ကုန်သည် တွေကြား ပြောဆိုမှုရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ မွန်ပြည်နယ်တရားမဝင်ကုန်သွယ်ရေးတိုက်ဖျက်ရေးအစည်းအဝေးမှာ တရားမဝင်ကုန်ပစ္စည်းတွေတင်ဆောင်လာတာ တွေ့ရှိရင် ယာဉ်ပိုင်ရှင်နဲ့ ယာဉ်လိုင်းတာဝန်ခံတွေကို အရေးယူသွားဖို့အပြင် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှု မရှိအောင် ခရီးသည်ပို့ဆောင်ရေးမှန်လုံယာဉ် အသင်းက ကြပ်မတ် သွားဖို့ကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ညွှန်ကြားချက်ဟာ ဟန်ပြတခုသာဖြစ်ပြီး လက်တွေ့မှာ စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ ပြည်သူ့စစ်တွေကို လမ်းတစ်လျှောက် ဆက် ကြေး ပေးနေရတယ်လို့ မြဝတီမြို့မှ ကုန်သည်တဦးက BBM ကို ပြောပါတယ်။

“ပြောတာ ပြောနေရတာ တကယ်လည်း သူတို့(စစ်အုပ်စု)ကို ပိုက်ဆံပေးပြီး ဖြတ်သန်းနေရတာပဲ၊ ဒါကို သူတို့က အရေးယူချင်တဲ့အခါ ယူတယ်၊ မပေးတဲ့သူတွေ၊ သူတို့နဲ့ အဆင်မပြေတဲ့ လုပ်ငန်းရှင်ကုန်တွေ၊ ကုန်သည်တွေဟာ ကို အဖမ်းပြနေတာတော့ ရှိတယ်၊ ပြီးတော့ ပိုက်ဆံနဲ့ ညှိနှိုင်းပြီး ပြန်လွှတ်ပေးနေတာ လူတိုင်းသိတယ်၊ တကယ် ဖမ်းမယ်ဆို ပြည်တွင်းမှာ ထိုင်းကုန်မရှိတာတောင် ကြာပြီးပေါ့၊ အလုပ်ဖြစ်မှာ မဟုတ်
ဘူး”

ထိုင်း-မြန်မာနယ်စပ်မှတဆင့် မြန်မာဘက်ကို အခြေခံစားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်း၊ အလှကုန်နဲ့ အရက်ဘီယာတို့ကို တင်သွင်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လထဲမှာ တိုက်ပွဲနဲ့ လမ်းပန်းဆက်သွယ် ရေးအခက်အခဲတွေကြောင့် အမှတ်(၂)တံတား မြန်မာဘက်ခြမ်းကို စစ်အစိုးရ ပိတ်လိုက်တာပါ။

အဲဒီကာလအတွင်း ကုန်သွယ်ရေးလုပ်ငန်းအတွက် အောက်လမ်းမှတဆင့် နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ကုန်ပစ္စည်းများ မှောင်ခိုတင်
သွင်းနေတာဖြစ်ပါတယ်။

ဒီလို မှောင်ခိုတင်သွင်းလာတဲ့ ထိုင်းကုန်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော်ဖို့ စစ်အုပ်စုလက်ဝေခံ လက်နက်ကိုင် အဖွဲ့တွေက တာဝန်ယူဆောင်ရွက်ပေးပြီး ပြည်တွင်းရောက်ရှိအောင် စစ်အုပ်စုကို လာဘ်ထိုးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ထိုင်း-မြန်မာနယ်စပ် အမှတ်(၂)တံတားကို မေလနောက်ဆုံး အပတ်ထဲမှာ ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ပေမဲ့ ထိုက်သင့်တဲ့ ကုန်သွယ်မှု မပြုလုပ်နိုင်သေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။

“တရားဝင်ဂိတ်က ဖွင့်လည်း ဒီမှောင်ခိုကုန်သွယ်မှုက ရှိနေမှာပဲ၊ ဒါကို လာဘ်မစားပဲနဲ့ ထိထိရောက်ရောက် တကယ်အရေးယူနိုင်ရင် ပိုကောင်းတာပေါ့၊ အဲဒီလိုမှ မဟုတ်ဘဲ ပိုက်ဆံပေးတဲ့သူ စားကြေးဆိုရင် ဘာမှ မထူးဘူး၊ ဘာအဖွဲ့မှ ဖွဲ့မနေနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး၊ အားလုံးက သူတို့ စားဖို့ ဂွင်ကြီးပဲလေ” လို့ မော်လမြိုင်မြို့မှ ကုန်သည်တဦးက ပြောပါတယ်။

စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းကတည်းက တရားမဝင်ထိုင်းကုန်ပစ္စည်းတွေကို စီမံချက်နဲ့ ဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို ပြန်လည်ရောင်းချနေတဲ့အတွက် ကုန်သည်တွေရဲ့ ဝေဖန်မှုကို ကြုံနေရပါတယ်။

အလားတူ မွန်နဲ့ ကရင်ပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်ထိုင်းကုန်ပစ္စည်းများကို လေလံအောင်ထားတဲ့ ထိုင်းကုန်ပစ္စည်းများနဲ့အတူ ရောနှောကာ ရန်ကုန်ကို ပို့ဆောင်ဖို့ ငွေကြေးရယူပြီး ခွင့်ပြုပေးတဲ့ ပဲခူးတိုင်း၊ ညောင်ခါးရှည်စစ်ဆေး ဂိတ်ရှိ တာဝန်ကျအရာထမ်းအမှုထမ်း ဆယ်ဦးနီးပါး အရေးယူခံထားရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ - Social Media ၊ MOI
ပုံစာ - တရားမဝင်ကုန်ပစ္စည်းများကို စစ်အုပ်စုက ဖမ်းဆီးစစ်ဆေးစဉ်။
https://www.facebook.com/share/p/1CJwGhsizP/
👍7
လေယာဥ်ဗုံးစထိမှန်တဲ့ ဒဏ်ရာဖြင့် ဗျုဟာ၂၂ ဗျူဟာမှူး စောဂျိမ်းကျဆုံး

BBM-ဇွန်၁၁
သတင်း-မင်းသော်၊ကိုဘုဏ်း

စစ်ကောင်စီရဲ့ လေယာဥ်ဗုံးကြဲမှုမှတဆင့်ရရှိထားတဲ့ ဒဏ်ရာဖြင့်ပင် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ဗျူဟာ၂၂ ဗျူဟာမှူး စောဂျိမ်း ကျဆုံးခဲ့တယ်လို့ မြေပြင်တော်လှန်ရေးရဲဘော် တွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ၂၇ရက်နေ့က အုတ်ဖိုမြို့နယ်၊ ချောင်းဂွကျေးရွာကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ဗျူဟာမှူးစောဂျိမ်းမှ ဗုံးစထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဒဏ်ရာတွေကို တော်လှန်ရေးလွတ် မြောက်တစ်နေရာမှာ ကုသနေရင်း ဇွန်လ၉ရက် နေ့မှာတော့ ဗျူဟာမှူး စောဂျိမ်း ကျဆုံးခဲ့ရပြီး ဇွန်လ၁၀ရက်နေ့မှာပဲ ထုံထမ်းအစဥ်အလာအတိုင်း နာရေးပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဗျူဟာမှူးစောဂျိမ်းရဲ့ကျဆုံးမှုကို ဇွန်လ၉ရက်နေ့ကတည်းက စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှ အရင်သတင်းတင်ခဲ့တာကိုတွေ့ရပြီး အဆိုပါကျဆုံးမှုနဲ့ပတ်သတ်ပြီး မှန်ကန်ကြောင်းကိုလည်း ကိုစောဂျိမ်းနဲ့နီးစပ်သူ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက BBM ကိုအတည်ပြုပါတယ်။

"ကိုစောဂျိမ်းကျသွားပြီဆိုတာဟုတ်ပါတယ်၊ Confirmတယ်၊ ပြီးတော့နှမြောတယ်"

ကိုစောဂျိမ်းဟာ နွေဦးတော်လှန်ရေးအစပိုင်းကတည်းက ဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့
တဲ့အပြင် လက်နက်ကိုင်လမ်းစဥ်နဲ့စစ်တပ်ကိုတော်လှန်ရာမှာလည်း တိုက်ခိုက်ရေးစွမ်းရည်ပြည့်ဝပြီး လက်အောက်ကော၊လူထုကိုပါစည်းရုံးနိုင်တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo-ကိုစောဂျိမ်း၊ စကစ လော်ဘီချန်နယ်
https://www.facebook.com/share/p/1EgmnnHkwh/
🫡7👎2
ကလေးမြို့မှာရာသီဥတုဆိုးရွာနေပေမဲ့ မြို့နယ်
အတွင်းက ခုံသာရွာကို ဆက်တိုက်လေကြောင်းဗုံးကြဲ

🟥တမူး-ခမ်းပတ်ကြားရှိ နမွန်းသားရွာကိုလည်း တော်လှန်ရေးအဖွဲ့ လက်လွှတ်လိုက်ရ

BBM-ဇွန်၁၁
သတင်း-မင်းသော်

ကလေးမြို့နယ်မှာ ရာသီဥတုဆိုးရွားပြီး တနေကုန်မိုးရွာနေပေမဲ့ စစ်ကောင်စီက ကလေးမြို့နယ်အတွင်းက ခုံသာရွာကို လေကြောင်းဗုံးကြဲမှုဆက်တိုက်ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူအချို့ သေဆုံးမှုရှိနေတယ်လို့ သိရပါတယ်။

ဇွန်လ၁၁ရက်(ဒီနေ့)မှာ စစ်ကောင်စီအနေနဲ့ ၎င်းတို့စစ်ကြောင်းထိုးနေတဲ့ ကလေး-တမူး လမ်းပေါ် က အရှေ့ခုံသာရွာကို ရာသီဥတုဆိုးဝါးနေတဲ့ကြားက ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလေကြောင်းဗုံးကြဲမှုတွေကြောင့်ပဲ ပြည်သူအချို့ထိခိုက်မှုတွေရှိခဲ့သလို အသက် ၁၄နှစ်အရွယ် နယ်ခံတစ်ဦး သေဆုံးခဲ့ရတယ်လို့ ကြားသိရကြောင်းလည်း ကလေးဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။

" ဒီနေ့ ဂျက်လေယာဥ်တွေသွားတာကို သုံးခေါက်လောက်ရှိနေပြီ၊ တစ်နေကုန်မိုးရွာနေတော့ တစ်ခါသွား ဘယ်နစီးလဲတော့ မမြင်ရဘူး၊ အဲ့တာ အရှေ့ခုံသာရွာကိုဗုံးကြဲသွားလို့ ပြည်သူတွေထိခိုက်သေဆုံးတာရှိတယ်လည်း ကြားတယ်"

မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကလေး-တမူး လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်ဘက်က အရှိန်အဟုန်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် အဆိုပါလမ်းပေါ်ရှိ ပြည်သူထောင်ပေါင်းများစွာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ဒီလိုစစ်ကြောင်းထိုးရာမှာ ကလေးမြို့မှတစ်
ကြောင်း၊ တမူးမြို့မှတစ်ကြောင်းတို့ဖြင့် ညှပ်ပြီးစစ်ကြောင်းထိုးလာခြင်းဖြစ်ကာ ကလေးမြို့မှစစ်ကြောင်းဟာ ခုံသာရွာကိုရောက်ရှိလာသလို တမူးကစစ်ကြောင်းကလည်း တမူး-ခမ်းပတ်ကြားရှိ နမွန်းသားရွာကို ပြန်လည်ရရှိသွားပြီဟု မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးကBBM ကိုအတည်ပြုပါတယ်။

"ဒီနေ့ ဂျက်ဖိုက်တာက အရှေ့ခုံသာကိုချသွားတယ်ဆိုတာဟုတ်ပါတယ်၊ လိုင်းတွေဖြတ်ထားတော့ ချက်ချင်းမသိရနေတာပါ၊ တမူးကစစ်ကြောင်င်းကလည်း ခု ခမ်းပတ်-တမူးကြားက နမွန်းသားရွာကို ရထားတယ်"

စစ်တပ်အနေနဲ့ မြန်မာ-အိန္ဒိယကုန်သွယ်ရေးလမ်းပိုင်းတွေအတွက် ခုလို စစ်ရေးအရှိန်တိုးမြှင့်လာတဲ့နည်းတူအခြားတစ်ဖက်မှာလည်း ကလေးမြို့နယ်အတွင်း ပေါ်တာဆွဲမှုတွေ ပိုမိုဆောင်ရွက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိထားရှောင်တိမ်းနေရတယ်လို့လည်းသိရပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/182es6NarL/
👎4🤬3😡1
ခမရ(၅၆၂)မှ ဒုတပ်စိတ်မှူးတစ်ဦး လက်နက်၊ခဲယမ်းများနဲ့အတူ အလင်းဝင်

BBM - ဇွန်လ ၁၁
သတင်း - ကိုဘုဏ်း

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လှုပ်ရှားနေတဲ့ မစခ (၉၀၅) လက်အောက်ခံ ခမရ(၅၆၂) တပ်ရင်း မှ ဒုတပ်စိတ်မှူးအဆင့်ရှိ ရဲဘော်တစ်ဦး လက်နက်၊ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ်(၈)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၆)ရက်နေ့က တပ်သားအောင်မင်းဦးဟာ MA-2 ( ၁ ) လက် ၊ MA-3 ( ၁ ) လက် ၊ လက်ပစ်ဗုံး (၂) လုံး ၊ ကျည် ၃၂၈တောင့် ၊ကျည်အိမ် ( ၇ ) ခု ၊ Amour (၁) စုံ တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ အလင်းဝင်တပ်သားအောင်မင်းဦးကို မင်းဘူးခရိုင်အမှတ်(၈) တပ်ရင်းမှ ဂုဏ်ပြုဆုငွေများချီးမြှင့်ရန်အတွက် စီစဥ်ထားပြီး နောက်ထပ် လက်နက်ချကာ ပြည်သူ့ရင်ခွင်ခိုလှုံလိုတဲ့ စစ် ကောင်စီတပ်သားတွေကိုလည်း လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေးအပြည့်အဝရရှိစေပြီးမိသားစုနဲ့ ပြန်လည်တွေ့ဆုံနိုင်ရန် ကူညီပေးမယ် လို့ မင်းဘူးခရိုင်အမှတ်(၈) ကထုတ်ပြန်ကြေငြာထားပါသည်။

Photo-မင်းဘူးခရိုင် အမှတ်(၈)တပ်ရင်း
https://www.facebook.com/share/p/18uDTn4bxS/
👍6👏2
ဟော်မုဇ်ရေလက်ကြားကို “လုံး၀ ပိတ်လိုက်ပြီ”လို့ အီရန်ကြေညာ၊ အမေရိကန်က တိုက်ခိုက်တာကြောင့်လို့ဆို

BBM - ဇွန် ၁၂

အီရန်ရဲ့ ထိပ်တန်းပူးတွဲစစ်ဌာနချုပ်က ကြာသပတေးနေ့မှာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)ကို လုံး၀ပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ရေနံတင်သင်္ဘောတွေရော ကုန်တင်သင်္ဘောတွေရောကိုပါ ပိတ်တာဖြစ်ပြီး ဘယ်သင်္ဘောမဆို ဖြတ်သန်းဖို့ ကြိုးစားရင် ပစ်ခတ်တိုက်ခိုက်မယ်လို့ ဆိုပါတယ်။

အီရန်အစိုးရပိုင် ရုပ်သံလိုင်းကလည်း သူတို့နိုင်ငံရဲ့ ဗဟိုစစ်ဌာနချုပ် (Khatam al-Anbiya Central Headquarters) ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဟော်မုဇ်ရေလက်ကြားကို "လုံးဝပိတ်လိုက်ပြီ" လို့ သတင်းထုတ်ပြန်ခဲ့တာပါ။
Press TV သတင်းမှာ ဖော်ပြချက်အရ အမေရိကန်က အီရန်တောင်ပိုင်းပြည်နယ်တစ်ခုကို တိုက်ခိုက်ခဲ့တာ အပါအဝင် "ရန်လိုတဲ့ လုပ်ရပ်တွေ ဆက်တိုက်လုပ်နေလို့" အခုလို တုံ့ပြန်ပိတ်ဆို့ရတာလို့ အီရန်ဘက်က ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်စစ်တပ်ဘက်ကတော့ ဒါကို ချက်ချင်းငြင်းဆိုလိုက်ပါတယ်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central Command) က "ဒီညပိုင်းအထိ ကုန်တင်သင်္ဘောတွေဟာ ဟော်မုဇ်ရေလက်ကြားထဲကို ပုံမှန်အတိုင်း အဝင်အထွက် လုပ်နေတုန်းပဲ" လို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်ဘက်က လူမှုကွန်ရက်မှာလည်း "အမေရိကန် စစ်သင်္ဘောတစ်စီးမှ တိုက်ခိုက်ခံရတာ မရှိဘူး" လို့ ရေးသားထားပြီး အမေရိကန်စစ်သင်္ဘောကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အီရန်မီဒီယာတွေရဲ့ သတင်းတွေဟာ "မမှန်ကန်ဘူး" လို့ ပယ်ချလိုက်ပါတယ်။

Reference - NHK
Translation - Richard
https://www.facebook.com/share/p/18kxFMCyhB/
👍72
ဂျပန်မှာ ဆောင်းခိုရာကနေ နိုးလာတဲ့ ဝက်ဝံတွေရဲ့ တိုက်ခိုက်မှုတွေ စိပ်လာလို့ ကျောင်းပေါင်း ၁၀၀ နီးပါးလောက် ပိတ်လိုက်ရ

BBM - ဇွန် ၁၂

ဂျပန်နိုင်ငံ၊ တိုကျိုမြောက်ဘက်က လူဦးရေ ငါးသိန်းလောက်ရှိတဲ့ ဥဆုနိုမိယ (Utsunomiya) မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၆ရက်နေ့က ဝက်ဝံတစ်ကောင်ကို စတွေ့ခဲ့တာပါ။

အဲဒီနောက် ရက်မှာတော့ အလယ်တန်းကျောင်းတစ်ကျောင်းထဲအထိ ရောက်လာပြီး ညဘက်မှာလည်း မြို့လယ်ဈေးဆိုင်တန်းက လုံခြုံရေးကင်မရာတွေမှာပါ ဝက်ဝံကို မြင်ခဲ့ရတယ်။

ဒါကြောင့် မြို့ထဲက အစိုးရမူလတန်းနဲ့ အလယ်တန်းကျောင်းအားလုံးကို တနင်္လာနေ့ကစပြီး ပိတ်လိုက်ရပါတယ်။

ရဲတွေနဲ့ ဒေသခံမုဆိုးအဖွဲ့တွေ ဝိုင်းရှာကြလို့ အင်္ဂါနေ့ညနေမှာတော့ အဲဒီဝက်ဝံကို မေ့ဆေးသေနတ်နဲ့ပစ်ပြီး ဖမ်းမိသွားပါပြီ။

အာဏာပိုင်တွေကတော့ ပြည်သူတွေကို အိမ်တံခါး၊ ပြတင်းပေါက်တွေ သေချာပိတ်ထားဖို့နဲ့ ညဘက် အမှိုက်အပြင်မထုတ်ဖို့ သတိပေးထားတယ်။

ဂျပန်မှာ မနှစ်ကလည်း ဝက်ဝံတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုတွေ စံချိန်တင်များခဲ့လို့ စစ်တပ်အထိပါ အကူအညီတောင်းခဲ့ရဖူးတယ်လို့ သိရပါတယ်။

အမဲလိုက်သူနည်းလာလို့ ဝက်ဝံကောင်ရေ တိုးလာတာ၊ ရာသီဥတုကြောင့် တောထဲမှာ အစားအစာရှားလာတာနဲ့ ကျေးလက်တွေမှာ လူနေနည်းလာတာတွေကြောင့် ဝက်ဝံတွေ မြို့ပေါ်တက်လာကြတာပါ။

ဒီနှစ်ဆန်းပိုင်း ဆောင်းခိုချိန်မှာ ခဏငြိမ်သွားပေမဲ့ အခု နွေရာသီရောက်လို့ ပြန်နိုးလာချိန်မှာတော့ မြို့တွေထဲ ပြန်ရောက်လာကြတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့ကတင် ဖူကူရှီးမားက သံမဏိစက်ရုံတစ်ခုမှာ ဝက်ဝံကိုက်လို့ လူ ၄ ယောက် ဒဏ်ရာရခဲ့သလို၊ ဧပြီလကနေ ဇွန်လဆန်းအထိ ၃ ယောက်သေပြီး ၂၀ ကျော်

ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

Reference - CNN World
Photo - CNN World
Translation - Alice
https://www.facebook.com/share/p/1E5Bvk6Jtg/
👍81
ထိုင်းတော်ဝင်မင်းသမီး ဖာချရကီတီယာဖား နတ်ရွာစံ

BBM- ဇွန် ၁၂

ထိုင်းဘုရင် မဟာဝိဇီရာလောင်ကွန်းရဲ့တော်ဝင်သမီးတော်ကြီး ဘာချရကီတီယာဖာ ဟာ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်းဆေးရုံကြီးမှာ ၃နှစ်တာ ဆေးကုသမှုခံယူပြီးနောက် သက်တော် ၄၇နှစ်မှာ နတ်ရွာစံခဲ့ပါတယ်။

မင်းသမီးကြီးဟာ ၂၀၂၂ ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ကုသမှုခံယူပြီးနောက် ၂၀၂၆ ၊ မေလ ၂၁ ရက်နေ့မှာ အူမကြီးရောင်ရမ်းမှုကြောင့် ဝမ်းဗိုက်ခေါင်းအတွင်း ပိုးဝင်ကာကျန်းမာရေးအခြေအနေမှာ တဖြည်းဖြည်း ယုတ်လျော့လာခဲ့ပါတယ်။

ဒါ့အပြင် သွေးဖိအားကျဆင်းခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းနှင့် သွေးခဲမှုစနစ်မမှန်ကန်ခြင်း စတဲ့ ဝေဒနာကိုလည်း ခံစားခဲ့ရပါတယ်။

ဆေးဘက်ဆိုင်ရာ ပါရဂူအဖွဲ့က စွမ်းဆောင်နိုင်သမျှ အနီးကပ်ဆုံး အစွမ်းကုန် ပြုစုကုသပေးခဲ့သော်လည်း သမီးတော်ကြီးရဲ့တော်ဝင်ကျန်းမာရေးအခြေအနေမှာ ဆိုးရွားလာခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ ကြာသပတေးနေ့ ညပိုင်းမှာ ငြိမ်းချမ်းစွာ နတ်ရွာစံ ကံတော်ကုန်ခဲ့ပါတယ်။

ထိုင်းဘုရင်ကြီးက မင်းသမီးကို တော်ဝင်ရိုးရာဓလေ့ထုံးတမ်း‌တွေ
နဲ့အညီ အမြင့်ဆုံးသော တော်ဝင်ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းပြီး တော်ဝင်သုဿာန်အခမ်းအနားကို စီမံကျင်းပမှာ ဖြစ်ကြောင်း တော်၀င်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

မင်းသမီးကြီးရဲ့ ရုပ်ကလာပ်တော်ကို မဟာနန်းတော်ရဲ့ ပီမန်ရတနာ ပလ္လင်ခန်းမဆောင် (Piman Rattaya Throne Hall) မှာ ဂူသွင်းထားမှာဖြစ်ပါတယ်။

Reference - The Nation Thailand
Translation - Alice
https://www.facebook.com/share/p/1EaUuzMmFv/
👍11
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြအဖြစ် မော်ရင်ညိုကို တရားဝင်ခန့်အပ်

BBM - ဇွန် ၁၂

ရီးရဲလ်မက်ဒရစ်အသင်းက အသင်းနည်းပြသစ်အဖြစ် မော်ရင်ညိုကို တရားဝင်ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။

ရီးရဲလ်အနေနဲ့ မော်ရင်ညို(၆၃ နှစ်)ကို သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။

၎င်းဟာ ရာသီကြိုလေ့ကျင့်ရေးစတင်မယ့် ဇူလိုင်လ ၁၃ ရက်မှာ ရာထူးတာဝန်ကို စတင်ထမ်းဆောင်ပါလိမ့်မယ်။

ရီးရဲလ်အသင်းဟာ မော်ရင်ညိုကို ခန့်အပ်မှုအတွက် ဘင်ဖီကာအသင်းထံ လျော်ကြေး ယူရို ၁၅ သန်း ပေးချေခဲ့ရတယ်လို့ သိရပါတယ်။

မော်ရင်ညိုဟာ ၁၃ နှစ်ကြာပြီးနောက် အသင်းဟောင်းကို ပြန်ရောက်လာတာလည်းဖြစ်တယ်။

ရီးရဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်ဟာ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးကောက်ခံရရင် မော်ရင်ညို အသင်းနည်းပြဖြစ်လာမယ်လို့ ကြိုပြောထားပြီး အခု တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုရဲ့ ပထမဆုံးအကြိမ် ကိုင်တွယ်မှုမှာ ရီးရဲလ်အသင်းက လာလီဂါ၊ စပိန်ဘုရင့်ဖလားနဲ့ စပိန်စူပါဖလားတစ်ကြိမ်စီ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
https://www.facebook.com/share/p/1GSUf6xo1X/
👍6
ကင်ဂျုံအန်က ရုရှားကို ထောက်ခံတဲ့အနေနဲ့ “ရုရှားအမျိုးသားနေ့”မှာ ပူတင်ဆီကို ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

BBM - ဇွန် ၁၂

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရုရှား အမျိုးသားနေ့မှာ သမ္မတ ဗလာဒီမီရာ ပူတင်ဆီကို ဂုဏ်ပြုသဝဏ်လွှာ ပို့လိုက်တယ်လို့ ဇွန်လ ၁၂ရက် ဒီ‌နေ့မှာ ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNAက ဖော်ပြခဲ့ပါတယ်။

အဲဒီသဝဏ်လွှာထဲမှာ ရုရှားရဲ့ ပြည်တွင်း၊ ပြည်ပ မူဝါဒတွေအားလုံးကို အပြည့်အဝ ထောက်ခံတယ်လို့လည်း သူက ဆိုထားပါတယ်။

အခုဆိုရင် မြောက်ကိုရီးယားနဲ့ ရုရှားကြား ဆက်ဆံရေးဟာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးစာချုပ်အပေါ် အခြေခံပြီး မဟာမိတ်အဆင့်အထိ ပိုခိုင်မာလာနေပြီလို့ ကင်ဂျုံအန်က ပြောပြီး ရုရှားနဲ့အတူ “အမြဲတမ်း အတူတူရှိနေမှာပါ” လို့လည်း ကတိပြုခဲ့ကြောင်း KCNA က ဖော်ပြပါတယ်။

ဒါ့အပြင် ရုရှားအမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ ရုရှားနဲ့ မြောက်ကိုရီးယား အရာရှိတွေဟာ ကျဆုံးသွားတဲ့ ဆိုဗီယက်စစ်သည်တော်တွေရဲ့ အထိမ်းအမှတ်ကျောက်တိုင်နဲ့ သုသာန်ကို သွားရောက် ဂါရဝပြုခဲ့ကြသလို မြောက်ကိုရီးယားအရာရှိကြီးတွေအတွက်လည်း ရုရှားသံရုံးက ဧည့်ခံပွဲတစ်ခု လုပ်ပေးခဲ့ပါသေးတယ်။

ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီဖို့အတွက် မြောက်ကိုရီးယားက စစ်သည် ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပြီးတဲ့နောက်ပိုင်း ဒီနှစ်နိုင်ငံကြား ဆက်ဆံရေးက ပိုပြီးတော့ နက်ရှိုင်းလာခဲ့တာပါ။

ဝါရှင်တန်နဲ့ ဆိုးလ် (အမေရိကန်နဲ့ တောင်ကိုရီးယား) အရာရှိတွေကတော့ ယူကရိန်းစစ်ပွဲမှာ သုံးဖို့ မြောက်ကိုရီးယားက ရုရှားကို လက်နက်ကြီးကျည်တွေ၊ ဒုံးကျည်တွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲထားကြပါတယ်။

ဒါပေမဲ့ မော်စကိုနဲ့ ပြုံယမ်း (ရုရှားနဲ့ မြောက်ကိုရီးယား) ကတော့ ဒီလို လက်နက်လွှဲပြောင်းပေးနေတာမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လတုန်းက ပူတင် ပြုံယမ်းကို လာရောက်လည်ပတ်စဉ်အတွင်း နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး၊ နှစ်နိုင်ငံကို ဆက်သွယ်ပေးမယ့် အဓိက ကုန်းလမ်းတံတားတစ်ခု ဖွင့်လှစ်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

လေ့လာဆန်းစစ်သူတွေရဲ့ အဆိုအရ ဇွန်လ ၁၉ ရက်နေ့မှာ အပြီးသတ်မယ့် အဲဒီတံတားဟာ နှစ်နိုင်ငံကြား ကုန်သွယ်မှုကို ပိုမိုချောမွေ့စေမှာ ဖြစ်သလို မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကြောင့် ခံထားရတဲ့ နိုင်ငံတကာပိတ်ဆို့ အရေးယူမှုတွေကို ရှောင်ကွင်းဖို့အတွက် နောက်ထပ် လမ်းစတစ်ခု ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

Reference - Reuters
Photo - Reuters
Translation - Richard
https://www.facebook.com/share/p/1E4jzFHbsZ/
👍6🖕1
ရန်ကုန်မှာ အမေရိကန်သံတမန် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို လူသတ်မှုနဲ့ တရားစွဲဆိုထား

BBM - ဇွန် ၁၂

ရန်ကုန်မြို့မှာ အမေရိကန်သံတမန်တစ်ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ထိုင်းအမျိုးသမီးတစ်ယောက်ဟာ မြန်မာနိုင်ငံက တရားရုံးတစ်ခုမှာ လူသတ်မှုနဲ့ ရင်ဆိုင်ဖို့ ရုံးထုတ်ခံခဲ့ရတယ်လို့ ဒီအမှုနဲ့ နီးစပ်တဲ့ ရှေ့နေနှစ်ယောက်ဆီကနေ ဇွန်လ ၁၁ရက်နေ့မှာ သိရပါတယ်။

ဘယ်သူဘယ်ဝါဆိုတာ ထုတ်ဖော်မပြောထားတဲ့ အဲဒီအမျိုးသမီးကို လူသတ်မှုအပြင် မြန်မာနိုင်ငံတွင်းမှာ ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို အရေးယူတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မနဲ့ပါ တရားစွဲထားတာလို့ ရှေ့နေတစ်ယောက်က ပြောပါတယ်။

ကမာရွတ်မြို့နယ်တရားရုံးမှာ လုပ်ခဲ့တဲ့ အဲဒီရုံးချိန်းမှာ သူက အပြစ်ရှိမရှိ ဝန်ခံခဲ့လား၊ ဒါမှမဟုတ် ရှေ့နေ ငှားရမ်းထားပြီးပြီလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

အကယ်၍သာ သူမဟာ လူသတ်မှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချခံရမယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်ကနေ သေဒဏ်အထိ ကျခံရနိုင်ခြေ ရှိနေပါတယ်။

မြန်မာစစ်အစိုးရရဲ့ အရေးယူပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဒီအကြောင်းကို ပြောပြခဲ့တဲ့ ရှေ့နေနှစ်ယောက်စလုံးက သူတို့ရဲ့ နာမည်တွေကို လျှို့ဝှက်ပေးထားဖို့ တောင်းဆိုခဲ့ကြပါတယ်။

အသတ်ခံရတဲ့ သံတမန်ကိုတော့ မေလ ၁၁ ရက်နေ့တုန်းက သံတမန်တွေ၊ စီးပွားရေးသမားတွေနဲ့ နိုင်ငံခြားသား အများစု နေထိုင်လေ့ရှိတဲ့ အမေရိကန်သံရုံးနဲ့ ၁ မိုင် (၁.၅ ကီလိုမီတာ) လောက်ပဲဝေးတဲ့ "ဆာကူရာ Residence & Hotel" မှာ သေဆုံးလျက်သား တွေ့ခဲ့ရတာပါ။

သူ့ရဲ့ ဦးခေါင်းနဲ့ လည်ပင်းတွေမှာ ဓားဒဏ်ရာတွေ တွေ့ခဲ့ရတယ်လို့ ရှေ့နေတစ်ယောက်က ပြောပြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီသေဆုံးမှုကို အတည်ပြုထားပေမဲ့ အသတ်ခံရတဲ့ သံတမန်ရဲ့ နာမည်အပါအဝင် တခြားအသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားဖို့ ငြင်းဆန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ်တုန်းက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ထံကနေ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ကန့်ကွက်ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ သွေးထွက်သံယိုဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အသွင် ကူးပြောင်းနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာပိုင်တွေဘက်က မီဒီယာတွေကို ဖြေကြားလေ့မရှိသလို အမှုကို စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့၊ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယူဆရတဲ့ ထောင်နဲ့ သူ ရုံးထုတ်ခဲ့တဲ့ တရားရုံးတွေကပါ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဇွန်လ ၁၁ရက်နေ့က ရုံးချိန်းကို အမေရိကန်ဘက်က လေ့လာစောင့်ကြည့်သူတွေ စေလွှတ်ခဲ့သလားဆိုတဲ့ မေးခွန်းကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှပစိဖိတ် မီဒီယာဌာနက မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးကိုပဲ လွှဲပြောင်းမေးမြန်းခိုင်းခဲ့ပါတယ်။

အမေရိကန်သံရုံးဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မူလထုတ်ပြန်ချက်အတိုင်းပဲ ပြန်လည်ဖြေကြားခဲ့ပြီး ကျန်တဲ့မေးခွန်းတွေကိုတော့ မြန်မာနိုင်ငံက ဒေသခံအာဏာပိုင်တွေကိုပဲ မေးမြန်းဖို့ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဖမ်းဆီးခံထားရတဲ့ အဲဒီအမျိုးသမီးအတွက် ကောင်စစ်ရေးရာ ကူညီမှုတွေ ပေးနေတယ်လို့ ပြောထားပေမဲ့ ကြာသပတေးနေ့ ရုံးချိန်းမှာ ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးဖို့ စီစဉ်ပေးခဲ့သလားဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်ကို မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးကို ဆက်လက်မေးမြန်းဖို့ လွှဲပြောင်းခဲ့ပေမဲ့ ထိုင်းသံရုံးဘက်ကတော့ ဖုန်းနဲ့ ဖြေကြားဖို့ ငြင်းဆန်ခဲ့သလို ပေးပို့ထားတဲ့ အီးမေးလ်ကိုလည်း ပြန်လည်ဖြေကြားတာမျိုး မရှိသေးပါဘူး။

Reference - ABC News
Translation - Richard

ပုံစာ - အမေရိကန်သံတမန် သတ်ဖြတ်ခံခဲ့ရတဲ့ Sakura Resident အဆောက်အအုံ
https://www.facebook.com/share/p/1Ete3YtxTP/
👍156👎2🥱1
ကျောက်ဆည်မှာ ပြည်သူကို ကျောခိုင်းပြီး စကစနဲ့ ပူးပေါင်းခဲ့သူတွေကို ဖမ်းဆီးတဲ့ရုပ်/သံ Kyaukse Revolution Army ထုတ်ပြန်

BBM - ဇွန်လ ၁၅
သတင်း - ကိုဘုဏ်း

ကျောက်ဆည် ခရိုင်အတွင်း ပြည်သူကို ကျောခိုင်းပြီး စစ်ကောင်စီနှင့် ပူးပေါင်းခဲ့သူများကို ဖမ်းဆီးတဲ့ရုပ်/သံ Kyaukse Revolution Army က ဇွန်လ ၁၄ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

ဖမ်းဆီမိတဲ့ စစ်ကောင်စီလက်ကိုင်ဒုတ် (၂)ဦးကို သက်ဆိုင်ရာ ကျောက်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်။

ဆက်လက်ပြီးမိမိပတ်ဝန်းကျင်တွင် ပြည်သူအပေါ် မတရားဖိနှိပ်မှုများ၊ အနိုင်ကျင့်မှုများ တွေ့ရှိပါက အချက်အလက်များကို Page Messenger ကို ပေးပို့တိုင်ကြားနိုင်ပြီးပြည်သူ့အသံတိုင်းကို အလေးထား နားထောင်နေကြောင်း Kyaukse Revolution Army (KRA)အဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။
https://www.facebook.com/share/r/1EbzyeZ9UB/
👍8
မင်းအောင်လှိုင် တရုတ်ကို ရောက်ရှိလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြ

BBM - ဇွန် ၁၆
သတင်း - မင်း

ကိုယ်တိုင်တင်သမ္မတ မင်းအောင်လှိုင်ဟာ မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ရောက်ရှိလာပြီဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြလာပါတယ်။

မင်းအောင်လှိုင်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ငါးရက်ကြာ ခရီးစဉ်အဖြစ် ဇွန်လ ၁၅ရက်နေ့က ဘေဂျင်းကို ရောက်ရှိလာတာပါ။

ဒါဟာ သူ သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက်ပိုင်း ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ မင်းအောင်လှိုင်ဟာ လူထုရွေးချယ် တင်မြောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့တာကြောင့် မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ဖြစ်ပွားစေခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဆက်တိုက်ခံရအောင်၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းမှာ စစ်ကောင်စီတပ်ထောက်ခံသူတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကနေ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

ဒါဟာ ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းခဲ့ရတဲ့ ဒီမိုကရေစီစနစ်ကို အဆုံးသတ်စေခဲ့ပြီး တစ်ချိန်က အာရှမှာ အလားအလာအကောင်းဆုံးဖြစ်ခဲ့တဲ့ ဈေးကွက်သစ်ကြီးကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အစုလိုက်အပြုံလိုက် ထွက်ခွာသွားစေခဲ့တဲ့ အာဏာသိမ်းမှုအပြီးမှာတော့ အခုလို ထိပ်တန်းစစ်ဗိုလ်ချုပ်ဘဝကနေ အရပ်သားသမ္မတ ဖြစ်လာတာဟာ သူ့ရဲ့အာဏာချုပ်ကိုင်မှုကို တရားဝင်ဖြစ်အောင် လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

ဒီတစ်ပတ် ခရီးစဉ်အတွင်းမှာတော့ မင်းအောင်လှိုင်ဟာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အဆင့် ၂ နဲ့ အဆင့် ၃ ခေါင်းဆောင်တွေဖြစ်တဲ့ ဝန်ကြီးချုပ် လီချန်၊ ထိပ်တန်းဥပဒေပြုအမတ် ကျောက်လဲ့ကျီတို့နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

"တရုတ်နဲ့ မြန်မာဟာ အေးတူပူအမျှ အခက်အခဲတွေကို အတူတူရင်ဆိုင်ပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ကာ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တည်ဆောက်ခဲ့ကြပါတယ်၊ ဒါကြောင့်လည်း တရုတ်-မြန်မာ ဆက်ဆံရေးဟာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိခဲ့တာပါ" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံဟာ မင်းအောင်လှိုင် သမ္မတဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးသွားရောက်တဲ့ နိုင်ငံတော့ မဟုတ်ပါဘူး။

နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့ရာကနေ ကမ္ဘာကြီးနဲ့ ပြန်လည်ထိတွေ့ဆက်ဆံဖို့ ကြိုးပမ်းတဲ့အနေနဲ့ ပြီးခဲ့တဲ့ မေလကုန်ပိုင်းတုန်းက မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း အရှည်ကြီး ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံကို ငါးရက်ကြာ ခရီးစဉ်အဖြစ် အရင်ဆုံး သွားရောက်ခဲ့ပါသေးတယ်။

လက်ရှိမှာ ကိုယ်တိုင်တင် သမ္မတ မင်းအောင်လှိုင်ဟာ
အာဆီယံနိုင်ငံ ၁၁နိုင်ငံထဲက မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဆက်တိုက်ဆိုသလို တွေ့ဆုံနေတာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အာဆီယံရဲ့ အလှည့်ကျ ဋ္ဋ္ဌယဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီးက တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေ ဦးဆောင်ကော်မတီကလည်း သံတမန်ရေးရာ ရှင်းလင်းပွဲမှာ နိုင်ငံပေါင်း ၂၄နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
https://www.facebook.com/share/p/1BS2Nbc7Xp/
👎5💩3
ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာ သန်းနဲ့ချီတဲ့ မြန်မာတွေကြောင့် အကြီးအကျယ် တိုးတက်လာ

BBM - ဇွန် ၁၆

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲ ရောက်လာကြတဲ့ ရွှေ့ပြောင်းလူထုကြီးက အရင်လို ဝင်ငွေနည်းတဲ့ လုပ်သားအင်အားစု သက်သက်ပဲ မဟုတ်တော့ပါဘူး။

အခုဆိုရင် လက်လီအရောင်းဆိုင်တွေ၊ ဆက်သွယ်ရေး ကုမ္ပဏီတွေ၊ ငွေလွှလုပ်ငန်းတွေ၊ အိမ်ခြံမြေနဲ့ ချေးငွေလုပ်ငန်းတွေကအစ မျက်စိကျလာရတဲ့ ဈေးကွက်ကြီးတစ်ခု ဖြစ်လာနေပါပြီ။

Happio လိုခေါ်တဲ့ ဈေးကွက်သုတေသန ကုမ္ပဏီတစ်ခုရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံထဲမှာ တရားဝင်ရော တရားမဝင်ပါပေါင်းရင် မြန်မာနိုင်ငံသား ၄.၁ သန်းလောက် ရှိနေပြီးတော့ သူတိုတွေဟာ တစ်နှစ်ကို ထိုင်းဘတ်ငွေ ၂၂၁ ဘီလီယံ (စင်ကာပူဒေါ်လာ ၈.၇ ဘီလီယံခန့်) ဖိုးလောက်အထိ ထိုင်းနိုင်ငံထဲမှာ သုံးစွဲနေကြတာပါ။

ဒါတင်မကသေးဘူး၊၊ မြန်မာပြည်ကို ပြန်ပိုတဲ့ ငွေကလည်း တစ်နှစ်ကို ဘတ် ၁၁၉ ဘီလီယံလောက် ရှိတယ်လို ဆိုပါတယ်။

သမရိုးကျ အလုပ်သမားဘဝကနေ မရှိမဖြစ် စားသုံးသူတွေအထိ

Happio ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Khun Natee က အခုလို ပြောပြပါတယ်။

"7-Eleven ဆိုင်အချိုမှာဆိုရင် ထိုင်းဖောက်သည်တွေထက် မြန်မာဖောက်သည်တွေက ပိုများနေပြီ။ ဒါကြောင့် သူတို ကြိုက်တတ်မယ့် ပစ္စည်းတွေနဲ့ All member အဖွဲဝင် (Loyalty) အစီအစဉ်တွေကို မြန်မာလူထုနဲ့ ကိုက်ညီအောင် ပြောင်းလဲပြင်ဆင်ဖို အခွင့်အလမ်းတွေ အများကြီး ရှိလာတာပါ။"

ဒီလိုနဲ့ True တို၊ dtac တိုလို ဆက်သွယ်ရေး ကုမ္ပဏီတွေအပြင် Western Union လို ငွေလွှလုပ်ငန်းတွေကပါ မြန်မာလူထုကို ပစ်မှတ်ထားပြီး ဈေးကွက်ရှာလာကြပါတယ်။

အရင်ကတော့ မြန်မာတွေဟာ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ အိမ်အကူ လုပ်ငန်းတွေမှာပဲ အလုပ်ကြမ်း လုပ်ခဲ့ကြတာပါ။

ဒါပေမဲ့ ကိုဗစ် ကာလနောက်ပိုင်း၊ အထူးသဖြင့် ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ ၂၀၂၄ စစ်မှုထမ်းဥပဒေ ထွက်လာပြီးတဲ့နောက်မှာတော့ လူလတ်တန်းစားနဲ့ လူကုံထံတွေပါ ထိုင်းနိုင်ငံထဲကို အလုံးအရင်းနဲ့ ပြောင်းရွှေ့လာကြပါတယ်။

အခုဆိုရင် ဘန်ကောက်နဲ့ ချင်းမိုင်က ကွန်ဒိုတွေကို အများဆုံးဝယ်တဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာတွေက ထိပ်ဆုံး ၃ နိုင်ငံစာရင်းဝင် ဖြစ်နေသလို၊ ထိုင်းတက္ကသိုလ်တွေမှာ တက်နေတဲ့ မြန်မာကျောင်းသား ပေါင်းလည်း ၁၅,၀၀၀ ကျော် ရှိနေပါပြီ။

ရန်ကုန်မှာ အောင်မြင်ခဲ့တဲ့ ဗဟိုပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (Venture Capital) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြိုဆီ ရွှေ့ပြောင်းလာတဲ့ ကုန်သည်ကြီး ဦးတင်မင်းထွဋ်က အခြေအနေကို အခုလို သုံးသပ်ပါတယ်။

"စစ်မှုထမ်းဥပဒေ ထွက်လာတော့ လူငယ်တွေ အများကြီး ထိုင်းကို ပြောင်းလာကြတယ်။ အချိုဆိုရင် US ကနေ ဘွဲရလာတဲ့ သူဌေးသားသမီးတွေပေါ့။ မြန်မာပြည်မှာ နေလိုမရတော့ ဒီရောက်တဲ့အခါ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ကလပ်တွေလိုမျိုး စီးပွားရေးအသေးစားလေးတွေ စလုပ်ကြတာပေါ့။"

သူ့ရဲ့ AVA Ventures အနေနဲ့ ထိုင်းအခြေစိုက် မြန်မာလုပ်ငန်းသစ် ၁၄ ခုမှာ ရင်းနှီးမြှုပ်နှံထားပြီး၊ အဲဒီထဲမှာ ဘန်ကောက်က Burbrit Craft Beerဘားလည်း ပါဝင်ပါတယ်။

အရင်က မြန်မာပြည်ကနေ ဘီယာတင်သွင်းခဲ့ပေမဲ့ အခုတော့ ထိုင်းနိုင်ငံမှာပဲ ဘီယာချက်စက်ရုံကြီးတစ်ခုကို အခုနှစ် (၂၀၂၆) စက်တင်ဘာမှာ အပြီးတည်ဆောက်နေပြီလို ဆိုပါတယ်။

ဒါ့အပြင် မြန်မာပြည်က နာမည်ကြီးတွေဖြစ်တဲ့ Feel Restaurant၊ ခိုင်ခိုင်ကျော် နဲ့ Rangoon Tea House တိုဟာလည်း ဘန်ကောက်မြိုမှာ ဆိုင်ခွဲတွေ အသီးသီး ဖွင့်လှစ်ထားကြပါတယ်။

နာမည်ကြီး Genius Coffee ရဲ့ တည်ထောင်သူ ဦးငွေထွန်းကတော့ အရင်က ရှမ်း၊ ချင်း၊ ကရင်ပြည်နယ်က ကော်ဖီစေ့တွေကို သုံးခဲ့ပေမဲ့ အခုအခါ လုပ်သားရှားပါးမှုဒဏ်ကြောင့် ထိုင်းနိုင်ငံဘက်ကို လည်ပတ်မှုတွေ ရွှေ့လာခဲ့ရပါတယ်။

သူက ၂၀၂၂ မှာ မဲဆောက်မှာ Blue Pond Cafe ကို စဖွင့်ခဲ့ပြီး ၂၀၂၆ မေလမှာတော့ ချင်းမိုင်မှာ ဒုတိယဆိုင်ခွဲကို ထပ်ဖွင့်ခဲ့ပါတယ်။

ဒါတင်မကဘဲ ၂၀၂၆ မတ်လကစလို ချင်းမိုင်မှာ ကော်ဖီလှော်တဲ့ စက်ရုံပါ တည်ထောင်ခဲ့ပါတယ်။ အခုဆိုရင် သူတို ကော်ဖီရဲ့ ၉၀ ရာခိုင်နှုန်းကို ထိုင်းမြောက်ပိုင်းက ကော်ဖီစေ့တွေပဲ သုံးစွဲနေရပြီး စင်ကာပူနဲ့ တရုတ်နိုင်ငံတွေကို တင်ပိုဖိုပါ ပြင်ဆင်နေပါတယ်။

လူအများစုအတွက် အသေးစား ချေးငွေလုပ်ငန်း (Pico-Finance)

အထက်တန်းစားတွေက ဘားတွေ၊ ကော်ဖီဆိုင်တွေ သွားနိုင်ကြပေမဲ့ အခြေခံ အလုပ်သမားတွေကတော့ ဒါတွေကို မတတ်နိုင်ကြပါဘူး။

ဒါကို မြင်တဲ့ ဝါရင့် ရင်းနှီးမြှုပ်နှံသူ ဦးအောင်ထွန်းကတော့ ရွှေ့ပြောင်းလုပ်သားတွေအတွက် အသေးစား ချေးငွေလုပ်ငန်းကို အာရုံစိုက်ခဲ့ပါတယ်။

သူဟာ ၂၀၂၂ ခုနှစ်မှာ Syn Pitarn Groupကို တည်ထောင်ပြီး မြန်မာအလုပ်သမားတွေကို ဘတ် ၈,၀၀၀ ကနေ ၄၀,၀၀၀ အထိ အသေးစားချေးငွေ (Pico-finance) တွေ ထုတ်ပေးခဲ့ပါတယ်။

"ထိုင်းဘဏ်တွေက သူတိုကို ဘယ်တော့မှ ချေးမှာမဟုတ်ဘူး။ ဒါကြောင့် ဒါဟာ ချေးငွေတကယ်လိုအပ်နေတဲ့၊ ဘယ်သူမှ မလုပ်ရသေးတဲ့ ဈေးကွက်ကြီးတစ်ခုပဲလို ကျွန်တော် မြင်ခဲ့တာ။" လို ဦးအောင်ထွန်းက ပြောပါတယ်။
👍4
အခုဆိုရင် ၃ နှစ်အတွင်းမှာ သူ့လုပ်ငန်းဟာ ထိုင်း ၅ ပြည်နယ်မှာ ဆိုင်ခွဲ ၁၃ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဝန်ထမ်း ၁၂၀ နဲ့ ဖောက်သည်ပေါင်း ၃၀,၀၀၀ ကျော်အထိ ရှိနေပါပြီ။ ချေးငွေပမာဏ ဘတ် ၁၂၅ သန်းလောက် လည်ပတ်နေတာပါ။

သူကတော့ မြန်မာပြည်ရဲ့ ပြဿနာတွေဟာ နောက်ထပ် ၄ နှစ်၊ ၅ နှစ်အထိ ပြေလည်ဦးမှာ မဟုတ်တာကြောင့် ဒီလို ရွှေ့ပြောင်းအခြေချမှုနဲ့ ဈေးကွက်ကြီးဟာ ရေရှည် ဆက်ရှိနေဦးမယ်လို့ သုံးသပ်ထားပါတယ်။

Reference - The Business Times
Photos - The Business Times
Translation - Alice
https://www.facebook.com/share/p/1FxkHHpXiR/
👍6
နယူးဇီလန်နဲ့ပွဲမတိုင်ခင် အမေရိကန်ရောက် အီရန်ပြည်သူများ အီရန်အစိုးရကို ဆန္ဒပြခဲ့

BBM - ဇွန် ၁၆

အမေရိကန်မှာပြောင်းရွှေ့အခြေချနေထိုင်နေတဲ့ အီရန်ပြည်သူများက နယူးဇီလန်နဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲမတိုင်ခင်
အီရန်အစိုးရကို ဆန္ဒပြခဲ့ကြပါတယ်။

လူပေါင်း ၃၀၀ နဲ့ ၅၀၀ ကြားရှိ ဆန္ဒပြသူများက အစ္စလာမ်မစ်တော်လှန်ရေးမတိုင်ခင် အလံများ၊ ဆိုင်းဘုတ်များ
ကိုင်ဆောင်ဆန္ဒပြခဲ့တာဖြစ်တယ်။

FIFA က ပြိုင်ပွဲအတွင်း နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ပိတ်ပင်ထားလို့ အခုဆန္ဒပြသူတွေဟာ ဥပဒေကြောင်းအရရင်ဆိုင်လာရနိုင်ပါတယ်။

အီရန်-နယူးဇီလန်ပွဲ ကစားတဲ့ လော့စ်အိန်ဂျယ်လိစ်မြို့ဟာ နိုင်ငံပြင်ပမှာ အီရန်ပြည်သူတွေ အများဆုံးနေထိုင်ရာလည်းဖြစ်တယ်။

အဲဒီထဲက အများစုဟာ အစ္စလာမ်မစ်တော်လှန်ရေးအတွင်း အီရန်နိုင်ငံကို စွန့်ခွာခဲ့ရကာ အမေရိကန်မှာ ရွှေ့ပြောင်းအခြေချနေထိုင်ခဲ့ရပါတယ်။

ဆန္ဒပြသူတွေကတော့ အီရန်အစိုးရကို ထောက်ခံသလိုဖြစ်မှာစိုးလို့ အသင်းပွဲစဉ်တွေကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

တချို့အီရန်ပရိသတ်တွေကတော့ နိုင်ငံရေးကိုမေ့ထားပြီး နိုင်ငံအသင်းကိုအားပေးဖို့ စည်းရုံးခဲ့ကြပါတယ်။
https://www.facebook.com/share/p/1cVGrmp9XK/
👍6