ဟားခါး-ထန်တလန် လမ်းပိုင်းကို စစ်ကောင်စီအင်အားဖြည့်တင်းပြီး အော်တိုတောင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
BBM-ဇွန် ၆
သတင်း-ကိုအိုက်
ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီက ဟားခါးနဲ့ ထန်တလန်ကြားက မဟာဗျူဟာမြောက် အော်တိုတောင်ကုန်းဘက်ကို ဒီနေ့ ဇွန်လ ၅ ရက်မှာ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။
မြေပြင်စစ်ကြောင်း မချီတက်ခင် လမ်းရှင်းတဲ့အနေနဲ့ ရော၊ တော်လှန်ရေးတပ်ဖွဲ့တွေ ကြိုတင်ဖြတ်တိုက်မှာကို ကာကွယ်ဖို့အတွက်ပါ ဒီနေ့ မွန်းတည့် ၁၂ နာရီကနေ ၁၂ နာရီခွဲအတွင်း ဂျက်တိုက်လေယာဉ်နဲ့ ၅ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့တာပါ။
စစ်ကောင်စီဟာ လေကြောင်းနဲ့ ဒရုန်းပစ်ကူတွေသုံးပြီး လမ်းကြောင်း အရင်ရှင်းပြီးမှ မြေပြင်စစ်ကြောင်းကို အလုံးအရင်းနဲ့ ရှေ့တိုးတဲ့ စစ်ဗျူဟာကို သုံးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။
ဒီထိုးစစ်အတွက် ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကတည်းက ဟားခါးမြို့ကနေ စစ်ကားကြီး ၄ စီး၊ စစ်အင်အား ၂၅၀ ခန့်ကို ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ သီမစ်လွင်ပြင်ဒေသဘက်ကို ကြိုတင်ပို့ထားတာပါ။
လက်ရှိမှာတော့ စစ်ကောင်စီက အဲဒီသီမစ်လွင်ပြင်ကို ရှေ့တန်းအခြေစိုက်စခန်းအဖြစ် သတ်မှတ်ပြီး စစ်ကြောင်းထိုးဖို့ လိုအပ်တဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို အလုံးအရင်းနဲ့ ဖြည့်တင်းစုဆောင်းနေပါတယ်။
"ဒီနေ့ နေ့လည်ပိုင်းမှာတင် ဂျက်ဖိုက်တာနဲ့ ငါးကြိမ်လောက် ဆက်တိုက်လာကြဲသွားတာ။ မိနစ် ၃၀ အတွင်းမှာ တရစပ် ဗုံးကျဲသံတွေ ကြားရတော့ တိုက်ပွဲတွေ ပိုပြင်းထန်လာမှာကို ဒေသခံတွေ အားလုံးက စိုးရိမ်နေကြတယ်" လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
ဗုံးကြဲခံရတဲ့ အော်တိုတောင်ကုန်းဟာ စစ်ရေးအရ အလွန်အရေးပါတဲ့ ကုန်းမြင့်တစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်ကတည်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နေရာပါ။
ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
https://www.facebook.com/share/p/1D7YL41bs6/

👎4👍2❤1😢1
ဧ၀ရတ်တောင်ပေါ် တစ်ပတ်နီးပါးပျောက်ဆုံးနေတဲ့ ရှာပါ(
တောင်တက်လမ်းပြ)ကို ပြန်လည်တွေ့ရှိ
BBM-မေ ၆
ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်စောင်းတွေပေါ်မှာ အစားအစာရော၊ အောက်ဆီဂျင်ပါ မရှိဘဲ တစ်ပတ်နီးပါးကြာအောင် ဖြတ်သန်းလွတ်မြောက်လာခဲ့တဲ့ နီပေါရှာပါလူမျိုး (Sherpa) တောင်တက်လမ်းညွှန်တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တောင်တက်လုပ်ငန်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အခုလို အခြေအနေဆိုးထဲကနေ အသက်ရှင်လွတ်မြောက်လာတာဟာ တကယ့်ကို ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပါ။
အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒါဝါရှာပါ(Dawa Sherpa) ဟာ ပိုလန်နိုင်ငံသား တောင်တက်သမားတစ်ဦးနဲ့အတူ အမြင့် ၂၉,၀၃၂ ပေ (၈,၈၄၉ မီတာ) ရှိတဲ့ တောင်ထိပ်ကို တက်ရောက်ဖို့ ကြိုးစားခဲ့ရာမှာ မအောင်မြင်ဘဲအပြန်၊ စခန်း (၃) နဲ့ စခန်း (၄) ကြား အရောက်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
သူ့ကို မေလ ၂၉ ရက်နေ့က နောက်ဆုံးတွေ့လိုက်ရတာဖြစ်ပြီး အတူပါလာတဲ့ ပိုလန်နိုင်ငံသားကတော့ အခြေစိုက်စခန်း (Base Camp) ကို ပြန်ရောက်လာခဲ့ပေမယ့် သူတို့နှစ်ယောက် ဘယ်လိုပုံစံနဲ့ လူစုကွဲသွားခဲ့ကြလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
သူတို့ဟာ ပြီးခဲ့တဲ့လကမှ ရာသီပိတ်သိမ်းသွားခဲ့တဲ့ ဒီနှစ်ဧဝရတ်တောင်တက်ရာသီရဲ့ နောက်ဆုံးအသုတ် တောင်တက်သမားတွေလည်း ဖြစ်ကြပါတယ်။
ဆာဂါမာသာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုထိန်းချုပ်ရေး ကော်မတီ (Sagarmatha Pollution Control Committee)မှ လာမာကာဇီရှာပါက သူတို့အဖွဲ့ဟာ တောင်တက်ရာသီအပြီး သန့်ရှင်းရေးလုပ်ငန်းစဥ်တွေ ဆောင်ရွက်နေတုန်းမှာပဲ အခြေစိုက်စခန်းရဲ့အထက် "ခမ်ဘူ ရေခဲလျှော" (Khumbu Icefall) အနီးမှာ ဒါဝါကို ရှာဖွေတွေ့ရှိခဲ့ပြီး ဘေးကင်းရာကို ခေါ်ဆောင်လာနိုင်ခဲ့တာလို့ ပြောပါတယ်။
လူနာတင်လှည်းပေါ်မှာ တောင်တက်ကုတ်အင်္ကျီကြီး ၀တ်လျက်အတိုင်းပဲ ဒါဝါကို ရဟတ်ယာဉ်ကွင်းကနေ ဆေးရုံဆီ အရေးပေါ် အပြေးအလွှားခေါ်ဆောင်သွားခဲ့ကြပါတယ်။
ဒါဝါရဲ့ မိသားစုကတော့ သူ အခြေအနေကောင်းမွန်ကြောင်းနဲ့ လတ်တလောမှာတော့ အအေးလွန်ပြီး တစ်သျှူးတွေပျက်စီးတဲ့ ဝေဒနာ (Frostbite) အပါအဝင် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
"အဖေက သမီးကို မှတ်မိတယ်၊ ကျန်းမာရေးအခြေအနေလည်း ကောင်းပြီး စကားလည်း ပြောနိုင်ပါတယ်။ သမီးတို့ အရမ်းဝမ်းသာရပါတယ်" လို့ ဒါဝါရဲ့သမီးဖြစ်သူ မန်ဒို လာမိုရှာပါ(Mhendo Lhamo Sherpa) က ပြောပါတယ်။
နီပေါဧဝရတ် တောင်တက်ကုမ္ပဏီကလည်း ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ "ဒါဝါဟာ အစားအစာ၊ ရေနဲ့ အရန်အောက်ဆီဂျင် လုံးဝမပါဘဲ အန္တရာယ်ဆိုးလှတဲ့ 'ခမ်ဘူ ရေခဲလျှော' ကို ဖြတ်သန်းပြီး တစ်ပတ်နီးပါးကြာအောင် တစ်ယောက်တည်း ကြံ့ကြံ့ခံ အသက်ရှင်ကျန်ရစ်ခဲ့တာပါ။ (တောင်တက်ရာသီကုန်လို့ တပ်ဆင်ထားတဲ့ လှေကားတွေကို သိမ်းဆည်းသွားပြီးတဲ့နောက်ပိုင်းမှာတောင် ဖြစ်ပါတယ်)။ ဒါဟာ အံ့သြစရာ ဖြစ်ရပ်ပဲ" လို့ ဆိုရှယ်မီဒီယာပေါ် ရေးသားဖော်ပြထားပါတယ်။
ဒီနှစ် တောင်တက်ရာသီမှာ အစိုးရက တောင်တက်ခွင့်ပြုမိန့် ၄၉၄ စောင် ထုတ်ပေးခဲ့ပြီး၊ တောင်တက်သမားနဲ့ လမ်းညွှန် စုစုပေါင်း ၁,၀၀၀ ကျော် ဧဝရတ်တောင်ထိပ်ကို စံချိန်တင် တက်ရောက်နိုင်ခဲ့ကြပါတယ်။
တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ ဒီရာသီအတွင်း ဧဝရတ်တောင်ပေါ်မှာ တောင်တက်သမားနဲ့ လမ်းညွှန် စုစုပေါင်း ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဧဝရတ်တောင်ထိပ်ဆီတက်မယ့် လမ်းကြောင်းမှာ ကြီးမားလှတဲ့ ရေခဲတုံးကြီးတစ်ခု ပြိုကျပိတ်ဆို့မှုကြောင့် လမ်းကြောင်းပွင့်ဖို့ ကြန့်ကြာခဲ့ရပြီး တောင်တက်သမားအများအပြား အခြေစိုက်စခန်းမှာ ပိတ်မိခဲ့ပါသေးတယ်။
News-Reuters
Photo-Reuters
Translation -Alice
https://www.facebook.com/share/p/1AFZVE19L3/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍6❤1👏1
၂၀၂၆ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထုတ်ပြန်
BBM - ဇွန် ၆
၂၀၂၆ ပရော်ဖက်ရှင်နယ်ကစားသမားများအဖွဲ့အစည်း(PFA) တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းကို
ထုတ်ပြန်ခဲ့ပါတယ်။
ဒီစာရင်းမှာ အာဆင်နယ်အသင်းက ဂိုးသမား ရာယာ၊ နောက်ခံလူ ဂါဘရီရယ်လ်နဲ့ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်စတဲ့ သုံးဦးအထိပါဝင်နေပြီး အခြားသူသုံးဦးကတော့ မန်ချက်စတာယူနိုက်တက်အသင်းက ဘရူနိုဖာနန်ဒက်စ်၊ မန်စီးတီးအသင်းက ချာကီနဲ့ ဟာလန်း တို့ပဲဖြစ်တယ်။
ယခုနှစ်အကောင်းဆုံးဆုကို ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းသားတွေကိုကျော်ပြီး ဖာနန်ဒက်စ် ဆွတ်ခူးရရှိဖို့ ရေပန်းစားနေတာပါ။
ဖာနန်ဒက်စ်ဟာ အခုနှစ်အတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု၊ FWA အကောင်းဆုံးကစားသမားဆုတွေကိုလည်း ဆွတ်ခူးထားပါတယ်။
PFA လူငယ်အကောင်းဆုံးဆု၊ အမျိုးသမီးအကောင်းဆုံးဆု၊ လူငယ်အမျိုးသမီးအကောင်းဆုံးဆုတွေအတွက်လည်း ဆန်ခါတင်စာရင်း ထုတ်ပြန်ခဲ့ပါတယ်။
PFA ဆုပေးပွဲအခမ်းအနားကို လာမယ့် သြဂုတ်လ ၂၅ ရက်မှာ မန်ချက်စတာမြို့ရှိ The Opera House မှာ ကျင်းပမှာဖြစ်ပါတယ်။
https://www.facebook.com/share/p/1BG7NiSK57/

👍6❤2
ရွှေဈေးနှုန်း၊ ငွေလဲလှယ်နှုန်း၊ စက်သုံးဆီဈေးနှုန်း၊ ဆန်နှင့် ဆီဈေးနှုန်းများ
၀၆-၀၆-၂၀၂၆ (စနေနေ့)
မှတ်ချက်။ ။ဈေးနှုန်းများသည် အချိန်နှင့်တစ်ပြေးညီပြောင်းလဲမှုရှိနိုင်ပါသည်။
#bbm #bbmnews #exchange #gold #Pestrol #Rice #Oil #Rate #Myanmar
https://www.facebook.com/share/v/1Y2Xq2jdAC/
၀၆-၀၆-၂၀၂၆ (စနေနေ့)
မှတ်ချက်။ ။ဈေးနှုန်းများသည် အချိန်နှင့်တစ်ပြေးညီပြောင်းလဲမှုရှိနိုင်ပါသည်။
#bbm #bbmnews #exchange #gold #Pestrol #Rice #Oil #Rate #Myanmar
https://www.facebook.com/share/v/1Y2Xq2jdAC/
Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍10
(၈)မိုင်အထိ တိကျစွာပစ်ခတ်နိုင်တဲ့ Missile Rocket များထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း SDDF တပ်ရင်း ထုတ်ပြန်ကြေငြာ
BBM - ဇွန်လ ၁၀
သတင်း - ကိုဘုဏ်း
(၈)မိုင်အကွာအဝေးထိ တိကျစွာပစ်ခတ်နိုင်တဲ့ Missile Rocket များထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း Saw Dragon Drone Force - SDDF တပ်ရင်းက ဒီနေ့ မှာ ထုတ်ပြန်ကြေငြာထားပါတယ်။
SDDF တပ်ရင်းဟာ လက်ရှိအချိန်မှာ အကွာအဝေးအားဖြင့် (၄) မိုင်(၆) မိုင်(၈) မိုင်အထိတိကျစွာ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ Missile Rocket များကို(၅) နှစ်တာကာလအတွင်းမိဘပြည်သူများရဲ့ ထောက်ပံ့ကူညီမှု၊ အားပေးဝန်းရံမှုများကြောင့် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိလာပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့ပြင် SDDF တပ်ရင်းအနေနဲ့ ခေတ်မီနည်းပညာတွေ ပေါင်းစပ်ထားတဲ့ အဆင့်မြှင့်တီထွင်မှုအသစ် များကိုလည်း ဆက်လက်လုပ်ဆောင်လျက်ရှိပြီးမိဘပြည်သူများတွေအနေနဲ့ ဆက်လက်လက်တွဲ ပါဝင်ပေးကြပါရန်လည်း မေတ္တာရပ်ခံထားပါတယ်။
ဒါတင်မက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကို အသုံးပြုပြီး စစ်အာဏာရှင်စနစ် အမြစ်
ပြတ်တဲ့အထိ ဆက်လက်တိုက်ထုတ်သွားမှာကို သစ္စာဓိဋ္ဌာန်ပြုတယ်လို့လည်း SawDragon DroneForce(SDDF)တပ်ရင်းက ထုတ်ပြန်
ကြေငြာထားပါတယ်။
Video-SDDF
https://www.facebook.com/share/r/17q2TVzLLX/

👍6❤4👏2
"Operation Su" စစ်ဆင်ရေးအတွင်း စစ်သုံ့ပန်း (၅၀)ကျော်၊ လက်နက်မျိုးစုံ(၅၀)ကျော်ကို သိမ်းဆည်းရရှိ
BBM-ဇွန်၁၀
သတင်း-မင်းသော်
"Operation Su" အမည်နဲ့ဖော်ဆောင်ခဲ့တဲ့ အညာမြေ စစ်ဆင်ရေးအတွင်း ရန်သူ စစ်သုံ့ပန်း(၅၀) ကျော်၊ လက်နက်ငယ် ၅၅ လက်၊ လက်နက်ကြီး ၄လက်နဲ့အခြားဆက်စပ်ပစ္စည်းတွေကို သိမ်း ဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-မြိုင်ပကဖ ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
မြိုင်ပကဖ ဟာ ဒေသတွင်းတော်လှန်ရေးအင်အား စုတွေနဲ့ပူးပေါင်းပြီး "Operation Su"ကို ပြီးခဲ့တဲ့ ဇွန်လ၂ရက်နေ့ မနက်၄နာရီခွဲလောက်မှာ ပေါက် မြို့နယ် ရေပြာရဲစခန်း၊ ကုက္ကိုစုပျူစောထီးစခန်းတွေကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က လေ ကြောင်းပစ်ကူ အကြိမ်ရေ၈၀ထက်မနည်းပစ်ကူပေးပြီး ခုခံခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေက ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့တာကြောင့် ဇွန်လ၂ရက် နေ့မှာ ရေပြာရဲစခန်း၊ ဇွန်လ၄ရက်နေ့မှာ ကုက္ကိုစုပျူစောထီးစခန်းတို့ကို အောင်မြင်စွာသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါ စစ်ဆင်ရေးအတွင်း ရန်သူထံကလက်နက်ငယ် ၅၅ လက် ၊ လက်နက်ကြီး ၄ လက် နဲ့ အခြား လက်နက်ခဲယမ်းများ သိမ်းဆီးနိုင်ခဲ့သလို စစ်သုံ့ပန်း ၅၀ ကျော်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး စစ်တပ်ရဲ့ အတင်းအဓမ္မ လူသားတံတိုင်းအဖြစ် ခိုင်းစေခံခဲ့ရတဲ့အမျိုးသမီးနဲ့ကလေးငယ် အပါ ပြည်သူ ၂၀၀ ကျော် ကိုလည်း ကယ်တင် နိုင်ခဲ့ကာ ကောင်းမွန်စွာ စောင့်ရှောက်ထားရှိတယ်လို့လည်း ဆိုပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို မြိုင် ပကဖ ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ပခုက္ကူခရိုင် ပကဖ ၊ KG တပ်ဖွဲ့ ၊ ပေါက်ပကဖတပ်ရင်း ၊ BLY တပ်ဖွဲ့ ၊ YRF တပ်ဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇/၁၂ /၁၄/၁၇ / ၁၈ ) တပ်ရင်းများ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်းများ ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ)၊ PLC တပ်ပေါင်းစု ၊ အညာမြေတပ်ပေါင်းစု ၊ PDO/PDA တပ် ၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄ ၊ ပေါက်မြို့နယ် ဆေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ် ပအဖ နဲ့တော်လှန်ပြည်သူများက စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ MOD ပကဖရုံးချုပ်၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးဝန်ကြီးတို့မှလည်း လမ်းညွှန်ပူးပေါင်းကူညီခဲ့တယ်လို့သိရပါတယ်။
စစ်ဆင်ရေးကာလအတွင်း အသက်ကို ပဓာနမထားဘဲ ရဲဝင့်စွာတိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူး၊ တပ်သား ရဲဘော်အပေါင်းကို မှတ်တမ်းတင် ဂုဏ်ပြုသလိုပဲ ထိခိုက်ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ပြည်သူတွေကိုလည်း ဦးညွှတ်အလေးပြုကာ မိသားစုနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရပြီး စစ်အာဏာရှင်စနစ်အလုံးစုံပျက်သုန်းပြီးဖက်ဒရယ်ဒီမိုကရေစီရရှိရန်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့-မြိုင်ပကဖ ကထုတ်ပြန်ကြေငြာထားပါတယ်။
Photo-မြိုင် ပကဖ
https://www.facebook.com/share/p/1HRgmfgPdS/

👍7🥰3
ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့အခမ်းအနား MDY-PDFပြုလုပ်
BBM-ဇွန်၁၁
သတင်း-မင်းသော်
တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါတွေကို စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ အထူးလှုပ်ရှားတပ်မ မှကျင်းပပြုလုပ်ခဲ့တယ်လို့ ဇွန်လ၁၀ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ အထူးလှုပ်ရှားတပ်မ အနေနဲ့ တပ်စတင်တည်ထောင်စဥ်ကတည်းက ဒီနေ့ထိ မိမိတို့ကျရာတာဝန်တွေ၊ တပ်တည်ဆောက်ရေးလုပ်ငန်းစဥ်တွေကို အစဥ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
ဒီလိုတာဝန်ထမ်းဆောင်ရင်း တော်လှန်ရေးကာလအတွင်း ရဲစွမ်းသတ္တိအပြည့်နဲ့ တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါတွေစွန့်လွှတ်ပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို ပြီးခဲ့တဲ့ ဇွန်လ၆ရက်နေ့က ပထမဦးဆုံးအနေနဲ့ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီခမ်းအနားကို ဂုဏ်ပြုခံရဲဘော်တွေ၊ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ အထူးလှုပ်ရှားတပ်မမှ အဆင့်ဆင့်သော စစ်သည်ရဲဘော်များ စုံညီစွာတက်ရောက်ခဲ့ကြပြီး အမျိုးသားညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့လာတဲ့ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားတာတွေ၊တာဝန်ရှိသူတွေက အမှာစကားပြောကြားတာ
တွေပြုလုပ်ပြီး ဂုဏ်ပြုခံရဲဘော်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုချီးမြှင့်ငွေ အသီးသီးပေးအပ်ကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့လည်း သိရပါတယ်။
တော်လှန်ရေးခရီးကြမ်း(၅)နှစ်တာ ကာလအတွင်း စစ်အာဏာရှင်စနစ်ဆိုး အမြစ်ပြတ်ချေမှုန်းရေးနဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ယုံကြည်ရာကို လက်နက်စွဲကိုင် တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေကို ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ တပ်မမှ အရာရှိ၊ ရဲဘော် စုစုပေါင်း (၁၂၄) ဦးနဲ့ ညီနောင်
တော်လှန်ရေးတပ်ဖွဲ့အသီးသီးမှ ရဲဘော်တွေရဲ့စွန့်လွှတ်စွန့်စားမှုတွေကို ပြည်သူလူထုတစ်ရပ် လုံးနဲ့ ရဲဘော်အသီးသီးက အစဉ်အမြဲ လေးမြတ် စွာ ဂုဏ်ပြုမှတ်တမ်းတင်နေမယ်ဆိုတာယုံကြည်ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ အထူးလှုပ်ရှားတပ်မ မှ ထုတ်ပြန်ထားပါတယ်။
Photo-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အထူးလှုပ်ရှားတပ်မ
https://www.facebook.com/share/p/18QXEPhojz/

👍8🫡1
စစ်ကိုင်း-မင်းကွန်းလမ်းမှာ ပျူစောထီးမျောက် ကြီးမောင်းလာတဲ့ကား တိုက်ခိုက်ခံရပြီး ပျူ(၂)ဦးဒဏ်ရာရ
BBM-ဇွန်၁၁
သတင်း-မင်းသော်
စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးမျောက်ကြီးမောင်းလာတဲ့ကားကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ပြီး ပျူစောထီး(၂)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ၈ရက်နေ့က စစ်ကိုင်းမြို့နယ် အ တွင်းက စစ်ကိုင်း-မင်းကွန်းလမ်းမှာ ပြည်သူ လူထုကို ညှင်းပန်းနှိပ်စက်နေတဲ့ စကစ လက် အောက်ခံ ပျူစောထီးမျောက်ကြီး မောင်းနှင်လာ
တဲ့ကားကို တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းအရ ကြိုတင်စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအတွင်း ပျူစောထီး(၂)ဦးခန့်ထိခိုက်ဒဏ်ရာရနိုင်ပြီး ပျူခေါင်းဆောင်မျောက်ကြီးမောင်းလာတဲ့ကားကတော့ လက်ပံကျေးရွာအတွင်းကို မောင်းနှင်ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။
စစ်ကိုင်း-မင်းကွန်းလမ်းပိုင်းကို အသုံးပြုနေကြတဲ့ ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သမျှစစ်တပ်နဲ့ဝေးရာရှောင်ကွင်းသွားကြရန်နဲ့ မနက်၅နာရီကနေည၈နာရီအတွင်းထိသာ သွားလာကြရန်၊အချိန်လွန်မောင်းနှင်လာတဲ့ ဘယ်ယာဥ်ကိုမဆို ဖြစ်ပေါ်လာတဲ့ကိစ္စတွေ တာဝန်ယူမှာ မဟုတ်ဘူးဟုလည်း ယူနီကွန်းျာက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Video-ယူနီကွန်းပျောက်ကြားတပ်ဖွဲ့
https://www.facebook.com/share/v/1Cwz5ZjJpm/

👍4👎3
တရားမဝင်ကုန်ပစ္စည်းတင်ဆောင်တဲ့ယာဉ်နဲ့ ယာဉ်လိုင်းကို အရေးယူဖို့ ညွှန်ကြားချက် အလုပ်ဖြစ်မှာ မဟုတ်ဟုဆို
BBM-ဇွန်၁၁
သတင်း - ကိုဟန်
ထိုင်းနိုင်ငံကနေ တရားမဝင်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်တဲ့ ယာဉ်နဲ့ ယာဉ်လိုင်းတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ မွန်လုံ/နယ်ဝန်ကြီးက ကြုံးဝါးလိုက်ပေမဲ့ မြေပြင် မှာအလုပ်ဖြစ်ဖို့မလွယ်မဟုတ်ဘူးလို့ကုန်သည် တွေကြား ပြောဆိုမှုရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ မွန်ပြည်နယ်တရားမဝင်ကုန်သွယ်ရေးတိုက်ဖျက်ရေးအစည်းအဝေးမှာ တရားမဝင်ကုန်ပစ္စည်းတွေတင်ဆောင်လာတာ တွေ့ရှိရင် ယာဉ်ပိုင်ရှင်နဲ့ ယာဉ်လိုင်းတာဝန်ခံတွေကို အရေးယူသွားဖို့အပြင် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှု မရှိအောင် ခရီးသည်ပို့ဆောင်ရေးမှန်လုံယာဉ် အသင်းက ကြပ်မတ် သွားဖို့ကို ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ညွှန်ကြားချက်ဟာ ဟန်ပြတခုသာဖြစ်ပြီး လက်တွေ့မှာ စစ်တပ်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ ပြည်သူ့စစ်တွေကို လမ်းတစ်လျှောက် ဆက် ကြေး ပေးနေရတယ်လို့ မြဝတီမြို့မှ ကုန်သည်တဦးက BBM ကို ပြောပါတယ်။
“ပြောတာ ပြောနေရတာ တကယ်လည်း သူတို့(စစ်အုပ်စု)ကို ပိုက်ဆံပေးပြီး ဖြတ်သန်းနေရတာပဲ၊ ဒါကို သူတို့က အရေးယူချင်တဲ့အခါ ယူတယ်၊ မပေးတဲ့သူတွေ၊ သူတို့နဲ့ အဆင်မပြေတဲ့ လုပ်ငန်းရှင်ကုန်တွေ၊ ကုန်သည်တွေဟာ ကို အဖမ်းပြနေတာတော့ ရှိတယ်၊ ပြီးတော့ ပိုက်ဆံနဲ့ ညှိနှိုင်းပြီး ပြန်လွှတ်ပေးနေတာ လူတိုင်းသိတယ်၊ တကယ် ဖမ်းမယ်ဆို ပြည်တွင်းမှာ ထိုင်းကုန်မရှိတာတောင် ကြာပြီးပေါ့၊ အလုပ်ဖြစ်မှာ မဟုတ်
ဘူး”
ထိုင်း-မြန်မာနယ်စပ်မှတဆင့် မြန်မာဘက်ကို အခြေခံစားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်း၊ အလှကုန်နဲ့ အရက်ဘီယာတို့ကို တင်သွင်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လထဲမှာ တိုက်ပွဲနဲ့ လမ်းပန်းဆက်သွယ် ရေးအခက်အခဲတွေကြောင့် အမှတ်(၂)တံတား မြန်မာဘက်ခြမ်းကို စစ်အစိုးရ ပိတ်လိုက်တာပါ။
အဲဒီကာလအတွင်း ကုန်သွယ်ရေးလုပ်ငန်းအတွက် အောက်လမ်းမှတဆင့် နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ကုန်ပစ္စည်းများ မှောင်ခိုတင်
သွင်းနေတာဖြစ်ပါတယ်။
ဒီလို မှောင်ခိုတင်သွင်းလာတဲ့ ထိုင်းကုန်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော်ဖို့ စစ်အုပ်စုလက်ဝေခံ လက်နက်ကိုင် အဖွဲ့တွေက တာဝန်ယူဆောင်ရွက်ပေးပြီး ပြည်တွင်းရောက်ရှိအောင် စစ်အုပ်စုကို လာဘ်ထိုးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ထိုင်း-မြန်မာနယ်စပ် အမှတ်(၂)တံတားကို မေလနောက်ဆုံး အပတ်ထဲမှာ ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ပေမဲ့ ထိုက်သင့်တဲ့ ကုန်သွယ်မှု မပြုလုပ်နိုင်သေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။
“တရားဝင်ဂိတ်က ဖွင့်လည်း ဒီမှောင်ခိုကုန်သွယ်မှုက ရှိနေမှာပဲ၊ ဒါကို လာဘ်မစားပဲနဲ့ ထိထိရောက်ရောက် တကယ်အရေးယူနိုင်ရင် ပိုကောင်းတာပေါ့၊ အဲဒီလိုမှ မဟုတ်ဘဲ ပိုက်ဆံပေးတဲ့သူ စားကြေးဆိုရင် ဘာမှ မထူးဘူး၊ ဘာအဖွဲ့မှ ဖွဲ့မနေနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး၊ အားလုံးက သူတို့ စားဖို့ ဂွင်ကြီးပဲလေ” လို့ မော်လမြိုင်မြို့မှ ကုန်သည်တဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းကတည်းက တရားမဝင်ထိုင်းကုန်ပစ္စည်းတွေကို စီမံချက်နဲ့ ဖမ်းဆီးနေတာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို ပြန်လည်ရောင်းချနေတဲ့အတွက် ကုန်သည်တွေရဲ့ ဝေဖန်မှုကို ကြုံနေရပါတယ်။
အလားတူ မွန်နဲ့ ကရင်ပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်ထိုင်းကုန်ပစ္စည်းများကို လေလံအောင်ထားတဲ့ ထိုင်းကုန်ပစ္စည်းများနဲ့အတူ ရောနှောကာ ရန်ကုန်ကို ပို့ဆောင်ဖို့ ငွေကြေးရယူပြီး ခွင့်ပြုပေးတဲ့ ပဲခူးတိုင်း၊ ညောင်ခါးရှည်စစ်ဆေး ဂိတ်ရှိ တာဝန်ကျအရာထမ်းအမှုထမ်း ဆယ်ဦးနီးပါး အရေးယူခံထားရတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - Social Media ၊ MOI
ပုံစာ - တရားမဝင်ကုန်ပစ္စည်းများကို စစ်အုပ်စုက ဖမ်းဆီးစစ်ဆေးစဉ်။
https://www.facebook.com/share/p/1CJwGhsizP/

👍7
လေယာဥ်ဗုံးစထိမှန်တဲ့ ဒဏ်ရာဖြင့် ဗျုဟာ၂၂ ဗျူဟာမှူး စောဂျိမ်းကျဆုံး
BBM-ဇွန်၁၁
သတင်း-မင်းသော်၊ကိုဘုဏ်း
စစ်ကောင်စီရဲ့ လေယာဥ်ဗုံးကြဲမှုမှတဆင့်ရရှိထားတဲ့ ဒဏ်ရာဖြင့်ပင် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ဗျူဟာ၂၂ ဗျူဟာမှူး စောဂျိမ်း ကျဆုံးခဲ့တယ်လို့ မြေပြင်တော်လှန်ရေးရဲဘော် တွေထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ၂၇ရက်နေ့က အုတ်ဖိုမြို့နယ်၊ ချောင်းဂွကျေးရွာကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ဗျူဟာမှူးစောဂျိမ်းမှ ဗုံးစထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဒဏ်ရာတွေကို တော်လှန်ရေးလွတ် မြောက်တစ်နေရာမှာ ကုသနေရင်း ဇွန်လ၉ရက် နေ့မှာတော့ ဗျူဟာမှူး စောဂျိမ်း ကျဆုံးခဲ့ရပြီး ဇွန်လ၁၀ရက်နေ့မှာပဲ ထုံထမ်းအစဥ်အလာအတိုင်း နာရေးပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဗျူဟာမှူးစောဂျိမ်းရဲ့ကျဆုံးမှုကို ဇွန်လ၉ရက်နေ့ကတည်းက စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှ အရင်သတင်းတင်ခဲ့တာကိုတွေ့ရပြီး အဆိုပါကျဆုံးမှုနဲ့ပတ်သတ်ပြီး မှန်ကန်ကြောင်းကိုလည်း ကိုစောဂျိမ်းနဲ့နီးစပ်သူ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက BBM ကိုအတည်ပြုပါတယ်။
"ကိုစောဂျိမ်းကျသွားပြီဆိုတာဟုတ်ပါတယ်၊ Confirmတယ်၊ ပြီးတော့နှမြောတယ်"
ကိုစောဂျိမ်းဟာ နွေဦးတော်လှန်ရေးအစပိုင်းကတည်းက ဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့
တဲ့အပြင် လက်နက်ကိုင်လမ်းစဥ်နဲ့စစ်တပ်ကိုတော်လှန်ရာမှာလည်း တိုက်ခိုက်ရေးစွမ်းရည်ပြည့်ဝပြီး လက်အောက်ကော၊လူထုကိုပါစည်းရုံးနိုင်တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
Photo-ကိုစောဂျိမ်း၊ စကစ လော်ဘီချန်နယ်
https://www.facebook.com/share/p/1EgmnnHkwh/

🫡7👎2
ကလေးမြို့မှာရာသီဥတုဆိုးရွာနေပေမဲ့ မြို့နယ်
အတွင်းက ခုံသာရွာကို ဆက်တိုက်လေကြောင်းဗုံးကြဲ
🟥တမူး-ခမ်းပတ်ကြားရှိ နမွန်းသားရွာကိုလည်း တော်လှန်ရေးအဖွဲ့ လက်လွှတ်လိုက်ရ
BBM-ဇွန်၁၁
သတင်း-မင်းသော်
ကလေးမြို့နယ်မှာ ရာသီဥတုဆိုးရွားပြီး တနေကုန်မိုးရွာနေပေမဲ့ စစ်ကောင်စီက ကလေးမြို့နယ်အတွင်းက ခုံသာရွာကို လေကြောင်းဗုံးကြဲမှုဆက်တိုက်ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူအချို့ သေဆုံးမှုရှိနေတယ်လို့ သိရပါတယ်။
ဇွန်လ၁၁ရက်(ဒီနေ့)မှာ စစ်ကောင်စီအနေနဲ့ ၎င်းတို့စစ်ကြောင်းထိုးနေတဲ့ ကလေး-တမူး လမ်းပေါ် က အရှေ့ခုံသာရွာကို ရာသီဥတုဆိုးဝါးနေတဲ့ကြားက ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါလေကြောင်းဗုံးကြဲမှုတွေကြောင့်ပဲ ပြည်သူအချို့ထိခိုက်မှုတွေရှိခဲ့သလို အသက် ၁၄နှစ်အရွယ် နယ်ခံတစ်ဦး သေဆုံးခဲ့ရတယ်လို့ ကြားသိရကြောင်းလည်း ကလေးဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။
" ဒီနေ့ ဂျက်လေယာဥ်တွေသွားတာကို သုံးခေါက်လောက်ရှိနေပြီ၊ တစ်နေကုန်မိုးရွာနေတော့ တစ်ခါသွား ဘယ်နစီးလဲတော့ မမြင်ရဘူး၊ အဲ့တာ အရှေ့ခုံသာရွာကိုဗုံးကြဲသွားလို့ ပြည်သူတွေထိခိုက်သေဆုံးတာရှိတယ်လည်း ကြားတယ်"
မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်အပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကလေး-တမူး လမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်ဘက်က အရှိန်အဟုန်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် အဆိုပါလမ်းပေါ်ရှိ ပြည်သူထောင်ပေါင်းများစွာ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ဒီလိုစစ်ကြောင်းထိုးရာမှာ ကလေးမြို့မှတစ်
ကြောင်း၊ တမူးမြို့မှတစ်ကြောင်းတို့ဖြင့် ညှပ်ပြီးစစ်ကြောင်းထိုးလာခြင်းဖြစ်ကာ ကလေးမြို့မှစစ်ကြောင်းဟာ ခုံသာရွာကိုရောက်ရှိလာသလို တမူးကစစ်ကြောင်းကလည်း တမူး-ခမ်းပတ်ကြားရှိ နမွန်းသားရွာကို ပြန်လည်ရရှိသွားပြီဟု မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးကBBM ကိုအတည်ပြုပါတယ်။
"ဒီနေ့ ဂျက်ဖိုက်တာက အရှေ့ခုံသာကိုချသွားတယ်ဆိုတာဟုတ်ပါတယ်၊ လိုင်းတွေဖြတ်ထားတော့ ချက်ချင်းမသိရနေတာပါ၊ တမူးကစစ်ကြောင်င်းကလည်း ခု ခမ်းပတ်-တမူးကြားက နမွန်းသားရွာကို ရထားတယ်"
စစ်တပ်အနေနဲ့ မြန်မာ-အိန္ဒိယကုန်သွယ်ရေးလမ်းပိုင်းတွေအတွက် ခုလို စစ်ရေးအရှိန်တိုးမြှင့်လာတဲ့နည်းတူအခြားတစ်ဖက်မှာလည်း ကလေးမြို့နယ်အတွင်း ပေါ်တာဆွဲမှုတွေ ပိုမိုဆောင်ရွက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိထားရှောင်တိမ်းနေရတယ်လို့လည်းသိရပါတယ်။
Photo-ပုံဟောင်း
https://www.facebook.com/share/p/182es6NarL/

👎4🤬3😡1
ခမရ(၅၆၂)မှ ဒုတပ်စိတ်မှူးတစ်ဦး လက်နက်၊ခဲယမ်းများနဲ့အတူ အလင်းဝင်
BBM - ဇွန်လ ၁၁
သတင်း - ကိုဘုဏ်း
မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လှုပ်ရှားနေတဲ့ မစခ (၉၀၅) လက်အောက်ခံ ခမရ(၅၆၂) တပ်ရင်း မှ ဒုတပ်စိတ်မှူးအဆင့်ရှိ ရဲဘော်တစ်ဦး လက်နက်၊ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ်(၈)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ (၆)ရက်နေ့က တပ်သားအောင်မင်းဦးဟာ MA-2 ( ၁ ) လက် ၊ MA-3 ( ၁ ) လက် ၊ လက်ပစ်ဗုံး (၂) လုံး ၊ ကျည် ၃၂၈တောင့် ၊ကျည်အိမ် ( ၇ ) ခု ၊ Amour (၁) စုံ တို့ကို ယူဆောင်လာပြီး အလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ အလင်းဝင်တပ်သားအောင်မင်းဦးကို မင်းဘူးခရိုင်အမှတ်(၈) တပ်ရင်းမှ ဂုဏ်ပြုဆုငွေများချီးမြှင့်ရန်အတွက် စီစဥ်ထားပြီး နောက်ထပ် လက်နက်ချကာ ပြည်သူ့ရင်ခွင်ခိုလှုံလိုတဲ့ စစ် ကောင်စီတပ်သားတွေကိုလည်း လက်ခံကြိုဆိုလျက်ရှိကာ လူ့အခွင့်အရေးအပြည့်အဝရရှိစေပြီးမိသားစုနဲ့ ပြန်လည်တွေ့ဆုံနိုင်ရန် ကူညီပေးမယ် လို့ မင်းဘူးခရိုင်အမှတ်(၈) ကထုတ်ပြန်ကြေငြာထားပါသည်။
Photo-မင်းဘူးခရိုင် အမှတ်(၈)တပ်ရင်း
https://www.facebook.com/share/p/18uDTn4bxS/

👍6👏2