3.48K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားကို ရောက်ရှိ

BBM - မေ ၂၇

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်ဟာ ပြီးခဲ့တဲ့ မေလ ၂၆ရက်နေ့က ပြုံယမ်းမြို့မှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်းဟီးနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုကောင်းလာအောင် လုပ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက မေလ ၂၇ရက်နေ့မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဝန်ကြီးနှစ်ယောက်ဟာ ဒေသတွင်းကိစ္စတွေနဲ့ ကမ္ဘာ့ရေးရာ ကိစ္စရပ်တွေကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ KCNA က ဆိုပေမဲ့ အသေးစိတ်ကိုတော့ ရှင်းရှင်းလင်းလင်း ထည့်သွင်းပြောကြားသွားတာမျိုး မရှိပါဘူး။

ဝန်ကြီး ဘာလာခရစ်ရှနန်ဟာ မြောက်ကိုရီးယားခရီးစဉ်အပြီးမှာ တောင်ကိုရီးယားနိုင်ငံဆီ ဆက်ပြီး သွားဖို့ ရှိနေပါတယ်။

စင်ကာပူ သံတမန်တစ်ယောက်အနေနဲ့ ကိုရီးယားနှစ်နိုင်ငံစလုံးဆီကို အခုလို ဆက်တိုက်သွားရောက်တာမျိုးက တော်တော့်ကို ရှားပါးတဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးအစည်းအဝေးကို စင်ကာပူက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့စဉ်ကတည်းက ဝန်ကြီး ဘာလာခရစ်ရှနန်ဟာ စင်ကာပူအစိုးရအဖွဲ့ရဲ့ ဝန်ကြီးတစ်ယောက် ဖြစ်နေခဲ့တာပါ။

အဲ့ဒီ ၂၀၁၈ ဇွန်လတုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ဟာ ငြိမ်းချမ်းတဲ့ ဆက်ဆံရေးအသစ်တွေ စတင်ဖို့နဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ကို ရပ်တန့်ဖို့ ပူးတွဲကြေညာချက်တစ်ခုကို လက်မှတ်ရေးထိုး သဘောတူခဲ့ကြပါတယ်။

အခုလည်း ထရမ့်က ကင်ဂျုံအွန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ထပ်ပြီး ဆန္ဒရှိနေသလို သူတို့နှစ်ယောက်ကြား ဆက်ဆံရေး ကောင်းမွန်ပါတယ်လို့ ပြောဆိုထားပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ ဒီကမ်းလှမ်းချက်အပေါ် တိုက်ရိုက်တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

Reference - Reuters
Photo - Reuters
Translation - Richard
https://www.facebook.com/share/p/18f8RkwJwP/
5👍1
မြိုင်မှာ ရွာတွေမီးလိုက်ရှို့နေတဲ့ စကစ စစ် ကြောင်း မိုင်းဆွဲမှု စကစ(၁၅)ယောက်သေနိုင်

BBM - မေလ ၂၇
သတင်း - ကိုဘုဏ်း

မြိုင်မြို့နယ်အတွင်း ကျေးရွာများကို မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ (၁၅)ယောက် သေဆုံးနိုင်တယ်လို့ မြိုင်မြို့နယ် ပကဖ ကထုတ်ပြန်ကြေငြာထားပါတယ်။

ပြီးခဲ့တဲ့ မေလ၂၆ရက်နေ့က လင်းကတောစခန်းကို အခြေပြုပြီး အနီးကရွာတွေကို မီးရှို့နေတဲ့ စကစ စစ်ကြောင်းကို ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး လိုက်လံတိုက်ခိုက် ရာ လင်းကတောကျေးရွာ အဝင်မှာမိုင်းဆွဲ
တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး (၁၅)ယောက် သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရနိုင် ကြောင်း သိရတယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်တွင် ဒေသတွင်းနဲ့ထိစပ်မြို့နယ်များအတွင်းမှာ စစ်ရေးများ ပြင်းထန်လာနိုင်တာကြောင့် ရဲဘော်များနဲ့ပြည်သူလူထုများ အနေဖြင့် စစ်ရေးသတိဖြင့် သွားလာလှုပ်ရှားနေထိုင်ကြရန် မြိုင်မြို့နယ် ပကဖ က ထုတ်ပြန်ကြေငြာထားပါတယ်။

Video-မြိုင်မြို့နယ် ပကဖ
https://www.facebook.com/share/r/1JL4J334HC/
👍42👏1
ရန်ကုန်မှာ ဒုစရိုက်မှုနဲ့ ခိုးဆိုးလုယက်သူ ပေါများနေတာကြောင့် ပြည်သူတွေသတိနဲ့နေထိုင်နေရ

BBM-မေ၂၈
သတင်း-မင်းသော်

ရန်ကုန်မြို့မှာ ဒုစရိုက်မှုတွေနဲ့ ခိုးဆိုလုယက်သူတွေ ပေါများလာတာကြောင့် မြို့နေပြည်သူလူထုတွေအနေနဲ့ သတိထားပြီး နေထိုင်သွားလာနေရတယ်လို့ ရန်သူနေပြည်သူလူထုထံမှ သိရပါတယ်။

အာဏာသိမ်းကာလ ၅နှစ်ကျော်လာတာနဲ့အမျှ နိုင်ငံရေးမကောင်းတာကို အကြောင်းပြပြီး ရန်ကုန်လိုမြို့ကြီးတွေမှာ ဒုစရိုက်မှုတွေပိုမိုများပြားလာနေပြီး နည်းမျိုးစုံနဲ့ လုယက်မှုတွေ ဖြစ်ပွါးနေတယ်လို့ ဒေသခံအများစုက ဆိုကြပါတယ်။

ဒီလိုဒုစရိုက်မှုတွေများပြားနေပေမဲ့လည်း ရန်
ကုန်နေ ပြည်သူအများစုအနေနဲ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို တိုင်တန်းတာမျိုးတွေထက် ကိုယ့်ဟာကိုယ်သာ သတိထားနေထိုင်ပြီး ပြည်သူအချင်းချင်း ကူညီဖြေရှင်းနေရတာမျိုးတွေသာ ပြုလုပ်နေရတယ်လို့ မကြာသေးခင်ကမှ လုယက်မှုကြုံတွေ့ခံစားခဲ့ရသူ အင်းစိန်နေ ပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။

"လုယက်ခံရလို့ပဲဖြစ်ဖြစ် အနုကြမ်းစီးခံရတာမျိုးဖြစ်ဖြစ် ရဲတိုင်ရင်လည်း ရဲဖိုးက နောက်ထပ် ၄၊၅သိန်း ထပ်ကုန်ရင်ကုန်တာလေ အဲ့တော့ တကူးတကကြီးတိုင်မနေကြဘူး၊ ပြီးတော့ တိုင်
ရင်ကော သူတို့က ဘာလိုက်လုပ်ပေးမှာမို့လဲ၊ ကိုယ့်ဟာကိုယ်ပဲဖြေရှင်းလိုက်ကြတော့တယ်၊ လုခံရလို့ ပါသွားရင်လည်း ငြိမ်ခံရတာပဲပေါ့"

ဒါ့အပြင် အများသုံးဘတ်စ်ကားယာဥ်လိုင်းတွေမှာလည်း အခုနောက်ပိုင်း ဒုစရိုက်မှုတွေ၊ ခါးပိုက်နှိုက်လုယက်မှုတွေ အများအပြား ဖြစ်ပွါးနေပြီး ဒီလိုအမှုတွေကိုလည်း ပြည်သူအချင်းချင်းကသာ အများဆုံး ကူညီဆောင်ရွက်နေရတယ်လို့လည်း ဆိုကြပါတယ်။

အရင်ကတည်းက ရန်ကုန်မြို့မှာ လုယက်မှုတွေ၊ ခါးပိုက်နှိုက်မှုတွေရှိတယ်ဆိုပေမဲ့ အခုနောက်ပိုင်းမှာက ပိုမိုများပြားစွာ အုပ်စုလိုက်ဖြင့် လုယက်တာတွေ၊ ခါးပိုက်နှိုက်တာတွေ ကြုံလာရတယ်လို့ နေ့စဥ်ဘတ်စ်ကားစီးနေရတဲ့ သင်တန်းသူတစ်ဦးကလည်း ပြောပါတယ်။

"ခုနောက်ပိုင်းက ဘတ်စ်ကားပေါ်ဆိုလည်း အုပ်လိုက်ကြီးတွေ၊ ခါးပိုက်နှိုက်တွေက သိသာတယ်၊ တစ်ခါမှလည်း ခါးပိုက်နှိုက်တွေကိုရဲဖမ်းသွားတယ်ဆိုတာလည်းမကြားဖူးဘူး၊ ကိုယ့်ဟာကိုယ် ကာကွယ်နေရတယ်"

ရန်ကုန်တိုင်းအတွင်းက ခါးပိုက်နှိုက်မှုတွေနဲ့ ပတ်သတ်ပြီး စကစ လက်အောက်ခံရဲတပ်ဖွဲ့က ၅လ ကျော်အတွင်း ခါးပိုက်နှိုက်စုစုပေါင်း ၁၇၀ ကျော်ဖမ်းမိထားတယ်လို့ ဆိုထားပေမဲ့ မြေပြင်မှာတော့ နေ့စဥ် လုယက်မှုတွေ ဖြစ်ပွါးနေဆဲပဲလို့ သိရပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/1D42nQXtey/
👍4💯1
ဘန်ဘောက်မှာ (၆)နှစ်အရွယ်ကလေးတွေကို ခိုင်းစားပြီးနှိပ်စက်တဲ့ မြန်မာ(၃)ယောက် အဖမ်းခံရ

BBM-မေ၂၈
သတင်း-မင်းသော်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အသက် ၆ နှစ်
အရွယ် ကလေးတွေကို ခိုင်းစားပြီး ညှင်းပန်းနှိပ်စက်လေ့ရှိတဲ့ မြန်မာနိုင်ငံအမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၁ ဦးတို့ အဖမ်းခံရတယ်လို့ ဘန်ကောက်ပိုစ်သတင်း အရ သိရပါတယ်။

မေလ(၂၇)ရက်(မနေ့က) ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးချုပ် စယမ် ဘွန်ဆွန် (Sayam Boonsom)ရဲ့ ညွှန်ကြားမှုနဲ့ကလေး သူငယ်နှင့် အမျိုးသမီးကာကွယ်ရေးဌာနခွဲမှ ရဲတပ်ဖွဲ့ဝင်များက ဘန်ကောက်မြို့၊ စွမ်းလွမ် (Suan Luang) ခရိုင်ရှိ နေအိမ်တစ်အိမ်မှာ ညှင်း ပန်းနှိပ်စက်ခံထားရမှုကြောင့် လက်မောင်း ရိုးကျိုးနေတဲ့ ကလေးငယ်တစ်ဦးကို ကယ်ဆယ်
နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါနေအိမ်အတွင်း နောက်ထပ် ကလေးငယ် ၅ ဦးကိုလည်း ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေဟာ ကလေးငယ်တွေကို နေ့စဉ် နေ့ခင်း၃ နာရီကနေ နောက်နေ့မနက် ၃ နာရီအထိ မြို့တော်ရှိ စားသောက်ဆိုင်တွေ၊ ဖျော်ဖြေရေးဝန်ဆောင်မှုလုပ်ငန်းနေရာတွေမှာ ပန်းများနဲ့ မုန့်များလိုက်လံရောင်းချခိုင်းပြီး သတ်မှတ်တဲ့ရောင်းအားပမာဏ မပြည့်မီပါက ရိုက်နှက်ခြင်း၊အစာငတ်ထားခြင်းတို့ ပြုလုပ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

အဆိုပါ ကလေးငယ်တွေဟာ မြန်မာနိုင်ငံမှတိုင်းရင်းသားလူနည်းစုအုပ်စုဝင်များဖြစ်ကြပြီး ဖမ်းဆီးထားသူတွေကို ထိရောက်စွာအရေးယူနိုင်ဖို့ ဆက်လက်စစ်မေးနေတယ်လို့ ဆိုပါတယ်။

Photo-ဘန်ကောက်ပိုစ်
https://www.facebook.com/share/p/1CycmY733u/
👍16😢1
မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်း ခမ်းနားစွာ ကြိုဆိုခံရ

BBM-မေ၂၈

မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့ ဒေသတွင်းဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နိုင်ဂိုယန် (Naegohyang) အမျိုးသမီးဘောလုံးအသင်းဟာ ပြုံယမ်းမြို့ကို ပြန်လည်ရောက်ရှိလာချိန်မှာ သောင်းသောင်းဖြဖြ ကြိုဆိုခြင်း ခံခဲ့ရတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက မေလ ၂၇မှာ ဖော်ပြခဲ့ပါတယ်။

မေလ ၂၆ရက်နေ့က လေဆိပ်ကို အသင်းသားတွေ ဆိုက်ရောက်လာချိန်မှာ အစိုးရနဲ့ အားကစားဌာနက တာဝန်ရှိသူတွေအပြင် မိသားစုဝင်တွေကပါ လာရောက်ကြိုဆိုခဲ့ကြတာပါ။

အဲဒီနောက် သူတို့စီးလာတဲ့ ဘတ်စ်ကားဟာ ပြုံယမ်းမြို့လမ်းမတွေအတိုင်း မောင်းနှင်သွားခဲ့ပြီး လမ်းဘေးတစ်လျှောက်မှာလည်း နိုင်ငံတော်အလံတွေ ဝှေ့ယမ်းပြီး အော်ဟစ်အားပေးနေတဲ့ မြို့ခံပြည်သူတွေနဲ့ ပြည့်နှက်နေခဲ့တယ်လို့ ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဆိုပါတယ်။

မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီရဲ့ တရားဝင်သတင်းစာဖြစ်တဲ့ 'ရိုဒေါင်ဆင်မွန်' (Rodong Sinmun) မှာလည်း ပန်းစည်းတွေ ကိုင်ဆောင်ပြီး ပြုံးရွှင်နေတဲ့ ကစားသမားပြန်လည်ရောက်ရှိလာပုံကို ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာတွေက သူတို့အသင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနိုင်ရခဲ့တာကို အမွမ်းတင် ချီးကျူးခဲ့ကြပေမဲ့ ပြိုင်ပွဲကျင်းပခဲ့တဲ့နေရာကိုတော့ လုံးဝထည့်သွင်းပြောကြားခြင်း မရှိခဲ့ပါဘူး။ အမှန်တော့ ဒီပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲစဉ်တွေကို ပြီးခဲ့တဲ့အပတ်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရဲ့တောင်ဘက် ၃၀ ကီလိုမီတာအကွာမှာရှိတဲ့ ဆူဝမ် (Suwon) မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေတာကြောင့် ကစားသမားတွေဟာ မေလ-၂၄ရက်က တောင်ကိုရီးယားကနေတစ်ဆင့် တရုတ်နိုင်ငံကို ထွက်ခွာခဲ့ပြီးမှ ပြုံယမ်းကို ပြန်လာခဲ့ကြတာပါ။ တောင်ကိုရီးယားမှာ ရှိနေစဉ်အတွင်းမှာတော့ ကစားသမားတွေဟာ ကြိုတင်ဇာတ်တိုက်ထားတဲ့အတိုင်း ခံစားချက်မရှိတဲ့ မျက်နှာပေးနဲ့ ဂရုတစိုက်နဲ့ထိန်းထိန်းသိမ်းသိမ်း နေထိုင်ခဲ့ကြတာကို တွေ့ရပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားအသင်းဟာ ဒီလအစောပိုင်းက ကျင်းပခဲ့တဲ့ AFC U-17 အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့ပြီး ၅ ကြိမ်မြောက် ချန်ပီယံဆုကို စံချိန်တင် သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ ဒါဟာ တခြားဘယ်နိုင်ငံထက်မဆို ဆုဖလားအများဆုံး ရရှိထားတဲ့ စံချိန်လည်း ဖြစ်ပါတယ်။

News-The Korean Times
Photos-The Korean Times
Translation -Alice
https://www.facebook.com/share/p/18wT9zAmGx/
👍3
ဒရုန်းနဲ့ကျည်ကာတွေအပါ ထောက်ပံ့ပစ္စည်းတွေကို Dawna Column တပ်ဖွဲ့ရရှိ

BBM - မေလ ၂၈
သတင်း - ကိုဘုဏ်း

Victory Spear ဒေါနအင်အား Campaign မှတဆင့် ဒရုန်းနဲ့ကျည်ကာတွေအပါ ထောက်ပံ့ပစ္စည်းများ ကို တပ်ဖွဲ့ ဝင်များကိုပေးအပ်ခဲ့တယ်လို့ ဒေါနတပ်ရင်း P -9902 က ထုတ်ပြန်ကြေငြာထားပါတယ်။

Campaign မှာပြည်သူများရဲ့ ပါဝင်ကူညီမှု၊ ယုံကြည်အားပေးမှုများကြောင့် P - 9902 တပ်ရင်းထံ ကျည်ကာပြား (31)ခု၊ ကျည်ကာဦးထုတ် (37) လုံး၊ကျည်ကာ Vest (25) ခု ၊Drone (1) စီး၊ဆက်သွယ်ရေးစက်တိုင် (16)ချောင်းနှင့် အပိုပစ္စည်းများအောင်မြင်စွာ ရောက်ရှိလာခဲ့ပြီး ယခုအခါ ရဲဘော်များထံ တပ်ဆင်ပေးအပ်နေပြီ ဖြစ်တယ်လို့သိရပါတယ်။

Campaign တွင် ပါဝင်ကူညီပေးကြသော အလှူရှင်ပြည်သူများ၊ စီစဉ်ဆောင်ရွက်ပေးသူများနှင့် အားပေးဝန်းရံပေးနေသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းကိုလည်းဖော်ပြထားပါတယ်။

ပြည်သူများ၏ ထောက်ပံ့မှုတိုင်းသည်ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော ရဲဘော်များအတွက်အသက်ကယ်ဒိုင်းတစ်ချပ်၊ အားအင်တစ်ခု ဖြစ်တယ်လို့ အဆိုပါ ဒေါနတပ်ရင်း P - 9902 တပ်ရင်းက ထုတ်ပြန်ကြေငြာထားပါတယ်။

Photo-Dawna Column
https://www.facebook.com/share/p/1C3MUV5hzE/
👍41👏1
စစ်ကောင်စီတပ်သား (၁)ဦးကို လက်နက်ခဲယမ်းများနဲ့ အတူ ငါ့သရောက်မြို့မှာ အရှင်ဖမ်းမိ

BBM - မေလ ၂၈
သတင်း -ကိုဘုဏ်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့မှာ စစ်ကောင်စီတပ်သား(၁)ဦးကို လက်နက်ခဲယမ်းများနဲ့ အတူအရှင်ဖမ်းမိခဲ့တယ်လို့Earthquake People’s Defence Force က မေလ (၂၈) ရက်နေ့(ဒီနေ့) မှာထုတ်ပြန်ထားပါတယ်။

ပြီခဲ့တဲ့မေလ (၂၆) ရက်နေ့က စစ်ကောင်စီတပ်သား မျိုးထက်ဇော်ကို MA (1) သေနတ် (၁)လတ်၊ ကျည် (၁၀၀)၊ ကျည်အိမ် (၄)ခု၊ (၆၀) မမ (၁)ခုတို့နဲ့ အတူ ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါ ဖမ်းဆီးမှုကို Earthquake People's Defense Force၊ ပခုက္ကူခရိုင်တပ်ရင်း (၈)၊ ပခုက္ကူခရိုင် Localတပ်ရင်း(PDLB)၊ 21Bagan-People Defense Force ၊ Bagan Garuda Force ၊ ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့-DYTနဲ့ Badassess Burma Force တို့မှပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ Earthquake People's Defense Forceမှ ထုတ်ပြန်ထားပါတယ်။

Photo- Earthquake People's Defense Force
https://www.facebook.com/share/p/1NDkYrLnsg/
👍51
မြောက်ကိုရီးယား အနေနဲ့ တံခါးဖွင့်သင့်ပြီဖြစ်ကြောင်း စင်ကာပူ အကြံပြု

BBM - မေ ၂၉

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန် (Vivian Balakrishnan) က မြောက်ကိုရီးယားအနေနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုး ရှိစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စကားပြောလို့ရမယ့် လမ်းကြောင်းတွေကိုလည်း ဆက်ဖွင့်ထားစေချင်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

အာဆီယံဒေသတွင်းဖိုရမ် (ARF) ကို တက်ရောက်ဖို့ကိုလည်း ဆက်လက် တိုက်တွန်းခဲ့ပါတယ်။

အခုလို ကမ္ဘာကြီးမှာ အခြေအနေတွေ မရေမရာ ဖြစ်နေတဲ့အချိန်မှာ ဒီလို အဆက်အသွယ်ရှိနေဖို့က အရေးကြီးတယ်လို့ သူက အလေးအနက် ပြောသွားခဲ့ပါတယ်။

ဒေါက်တာ ဘာလာခရစ်ရှနန်ဟာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး မစ္စ ချွဲဆွန်းဟီး (Choe Son Hui) ရဲ့ ဖိတ်ကြားချက်အရ မေလ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ မြောက်ကိုရီးယားကို ရောက်နေခဲ့တာပါ။

ဒါက တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေပါဝင်တဲ့ သူ့ရဲ့ အရှေ့မြောက်အာရှ ခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

မေလ ၂၇ ရက်နေ့မှာ ဒေါက်တာ ဘာလာခရစ်ရှနန်က ဒေသတွင်း လုံခြုံရေးနဲ့ နိုင်ငံတကာ ဖြစ်ပျက်ပြောင်းလဲမှုတွေအပေါ် အမြင်ချင်း ပွင့်ပွင့်လင်းလင်း နှီးနှောဖလှယ်ခွင့်ရခဲ့တယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အခုလို ဒေသတွင်းမှာ စိန်ခေါ်မှုတွေ များနေတဲ့အချိန် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ နိုင်ငံတွေဘက်က တတ်နိုင်တဲ့ဘက်ကနေ ဆက်ပြီး ဝိုင်းဝန်းလုပ်ဆောင်သွားကြဖို့ မျှော်လင့်တယ် လို့ မစ္စ ချွဲဆွန်းဟီးနဲ့ ဆွေးနွေးခဲ့တာတွေကို ရေးသား ဖော်ပြထားပါတယ်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန (MFA) ရဲ့ ထုတ်ပြန်ချက်အရ ဒေါက်တာ ဘာလာခရစ်ရှနန်က မစ္စ ချွဲဆွန်းဟီးကို နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲဖြစ်တဲ့ အာဆီယံဒေသတွင်းဖိုရမ် (ARF) ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြောရရင် မြောက်ကိုရီးယားဟာ ၂၀၀၀ ပြည့်နှစ်ကတည်းက အဆိုပါ ဖိုရမ်ရဲ့ အဖွဲ့ဝင် ဖြစ်ခဲ့တာပါ။

ဒေါက်တာ ဘာလာခရစ်ရှနန်က “ကျွန်တော်တို့ နှစ်နိုင်ငံကြား ဆက်ဆံရေးက ချစ်ကြည်ရင်းနှီးမှု ရှိပါတယ်၊ ဆယ်စုနှစ်တွေနဲ့ချီပြီး အပြန်အလှန် လေးစားမှု၊ အစဉ်တစိုက် ထိတွေ့ဆက်ဆံမှုတွေအပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်” လို့လည်း ဆက်ပြီး ရေးသားထားပါသေးတယ်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာန (MFA) ရဲ့ ပြောပြချက်အရ ဝန်ကြီးနှစ်ယောက်စလုံးက စင်ကာပူနဲ့ မြောက်ကိုရီးယားကြားမှာ ရှိနေတဲ့ “ရေရှည်တည်တံ့ခိုင်မြဲပြီး ရင်းနှီးချစ်ကြည်တဲ့ ဆက်ဆံရေး”ကို ထပ်လောင်း အတည်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါက်တာ ဘာလာခရစ်ရှနန်ကို မစ္စ ချွဲဆွန်းဟီးက ဂုဏ်ပြုညစာစားပွဲနဲ့လည်း တည်ခင်းဧည့်ခံခဲ့ပါသေးတယ်။

ဒီခရီးစဉ်က စင်ကာပူနဲ့ မြောက်ကိုရီးယားတို့ရဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၅၀ ပြည့်မြောက်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အလွန် ကိုရီးယားကျွန်းဆွယ်အခြေအနေတွေ ပိုပြီး တင်းမာလှုပ်ခတ်နေတဲ့ အချိန်မျိုးမှာ ပေါ်ပေါက်လာတာပါ။

မေလ ၂၇ ရက်နေ့တုန်းကတင် ပြံုယမ်း (မြောက်ကိုရီးယား) ဘက်က ဒုံးကျည်လက်နက်စနစ်အသစ်တွေကို စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြောခဲ့တာကြောင့် ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် စိုးရိမ်စရာတွေ ထပ်ပြီး ဖြစ်လာခဲ့ရပါတယ်။

ဒါက ၂၀၁၈ ခုနှစ်နောက်ပိုင်း ဒေါက်တာ ဘာလာခရစ်ရှနန်အတွက်တော့ လူသူမနီးတဲ့ ဒီနိုင်ငံကို ဒုတိယအကြိမ်မြောက် သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

အဲ့ဒီ ၂၀၁၈ တုန်းကတော့ ဇွန်လထဲမှာ စင်ကာပူက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ရဲ့ ထိပ်သီးအစည်းအဝေးကြီး မတိုင်ခင် ပျုံယမ်းကို သူ သွားရောက်ခဲ့တာပါ။

ဒေါက်တာ ဘာလာခရစ်ရှနန်က နောက်ဆုံးအကြိမ် လာခဲ့ပြီးတဲ့နောက်ပိုင်း ‘ပြုံယမ်းကို တစ်ခေါက် ပြန်ရောက်ရတာ ဝမ်းသာပါတယ်’ လို့ ရေးသားထားပြီး မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကိုလည်း အာဆီယံဒေသတွင်းဖိုရမ် (ARF) ကို တက်ရောက်ဖို့ ထပ်ပြီး တိုက်တွန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သူက ဆက်ပြီးတော့ “အခုလို စကားပြောဆို ဆွေးနွေးမှုတွေ၊ သံတမန်ရေးရာ နည်းလမ်းတွေက ဘယ်တုန်းကထက်မဆို ပိုပြီး လိုအပ်နေတဲ့ အချိန်မျိုးမှာ မြောက်ကိုရီးယား (DPRK) ဟာ အာဆီယံဒေသတွင်းဖိုရမ် (ARF) ရဲ့ အရေးကြီးတဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်ရှိနေပါတယ်” လို့လည်း ရေးသားထားပါသေးတယ်။

ဒါက သူက မြောက်ကိုရီးယားကို သူ့ရဲ့ တရားဝင်နိုင်ငံအမည်ဖြစ်တဲ့ ‘ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ’ ဆိုတဲ့ အသုံးအနှုန်းနဲ့ ရည်ညွှန်းပြီး ရေးခဲ့တာပါ။

တကယ်တော့ မြောက်ကိုရီးယားဟာ ၂၀၀၀ ပြည့်နှစ်မှာ ဖိုရမ်ကို စတင်ဝင်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ကွာလာလမ်ပူမှာ လုပ်ခဲ့တဲ့ ဖိုရမ်ကို ပထမဆုံးအကြိမ်အဖြစ် ပျက်ကွက်ခဲ့ဖူးပါတယ်။

အဲ့ဒီအချိန်တုန်းက အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံက သူတို့ကို ဖိတ်ကြားတာမျိုး မရှိခဲ့ပါဘူး။
👍31
ဒါနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးက Korea Joong Ang Daily သတင်းစာကို နောက်ပိုင်းမှာ ရှင်းပြခဲ့တာကတော့ ၂၀၂၁ ခုနှစ်မှာ ပျုံယမ်းဘက်က သံတမန်ဆက်သွယ်ရေး ဖြတ်တောက်ခဲ့ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်မတည်ဆောက်ရသေးတာကြောင့်လို့ ဆိုပါတယ်။

ဒီနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မနီလာမြို့မှာ ကျင်းပမယ့် (၃၃) ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ် (ARF) ကိုတော့ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေပါတယ်။

ဒါ့အပြင် ဒေါက်တာ ဘာလာခရစ်ရှနန်ဟာ ပျုံယမ်းမြို့မှာရှိစဉ်အတွင်း မြောက်ကိုရီးယားရဲ့ ဥပဒေပြုလွှတ်တော်ဖြစ်တဲ့ ပြည်သူ့လွှတ်တော် (Supreme People's Assembly) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ဂျိုယောင်ဝမ် (Jo Yong Won) နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

မစ္စတာ ဂျိုက ဒေါက်တာ ဘာလာခရစ်ရှနန်ကို သူတို့နိုင်ငံရဲ့ လတ်တလော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို ရှင်းပြခဲ့သလို၊ နှစ်ဦးစလုံးကလည်း အမေရိကန်-မြောက်ကိုရီးယား ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးအတွက် ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ သမိုင်းဝင် စင်ကာပူခရီးစဉ်အကြောင်းကို ပြန်ပြောင်းပြောဆိုခဲ့ကြပါတယ်။

ထရမ့်နဲ့ ကင်တို့ဟာ ထရမ့်ရဲ့ အမေရိကန်သမ္မတ ပထမသက်တမ်းတုန်းက သုံးကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြဖူးပါတယ်။

အဲ့ဒီတုန်းက ရီပတ်ဘလီကန်ခေါင်းဆောင် ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင်ကို သူတို့ရဲ့ နျူကလီးယားအစီအစဉ်တွေ လျှော့ချလာအောင် စည်းရုံးဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီကြိုးပမ်းမှုတွေက မအောင်မြင်ခဲ့ပါဘူး။

ဒါနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့တုန်းကလည်း အမေရိကန် ဝါရှင်တန်ဘက်ကသာ ပြံုယမ်းရဲ့ နျူကလီးယားပိုင်ဆိုင်မှု အဆင့်အတန်းကို အသိအမှတ်ပြု လက်ခံမယ်ဆိုရင် မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ “အဆင်ပြေပြေ ဆက်ဆံသွားလို့ရပါတယ်” ဆိုပြီး ကင်က ပြောခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။

ဒေါက်တာ ဘာလာခရစ်ရှနန်ရဲ့ ဒီမြောက်ကိုရီးယားခရီးစဉ်ဟာ ဒီသီတင်းပတ်အစောပိုင်း ဘေဂျင်းမြို့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) နဲ့ မေလ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ပြီးတဲ့နောက် ထွက်ပေါ်လာတာပါ။

အဲ့ဒီတုန်းက ဆွေးနွေးပွဲအပြီးမှာ သူတို့နှစ်ယောက်စလုံးက အရှေ့အလယ်ပိုင်းဒေသမှာ အပစ်အခတ်ချက်ချင်းရပ်စဲဖို့နဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့ထားမှုကို အဆုံးသတ်ဖို့ ပူးတွဲတောင်းဆိုခဲ့ကြပါသေးတယ်။

အခုတော့ ဒေါက်တာ ဘာလာခရစ်ရှနန်ဟာ သူ့ရဲ့ အလုပ်သဘောခရီးစဉ် နောက်ဆုံးအဆင့်အနေနဲ့ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ဖို့ မေလ ၂၇ ရက်နေ့ကတင် မြောက်ကိုရီးယားကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (MFA) က အရာရှိတွေလည်း အတူလိုက်ပါသွားကြတယ်လို့ သိရပါတယ်။

Reference - The Strait Times
Photo - The Strait Times
Translation - Richard
https://www.facebook.com/share/p/1JYKXx8vMN/
👍21
အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ အီဘိုလာကြောင့် ကမ္ဘာ့ဖလားအတွက် ခရီးသွားလာခွင့်တွေ ကန့်သတ်

BBM - မေ ၂၉

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း(WHO)က အီဘိုလာရောဂါကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးနောက် ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံတွေက အီဘိုလာခြိမ်းခြောက်မှုကို ကာကွယ်ဖို့ ပူးပေါင်းလုပ်ဆောင်လာ ကြပါတယ်။

အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ဟာ လာမယ့်လမှာ စတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း သူတို့ရဲ့နိုင်ငံသားတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို အကာအကွယ်ပေးဖို့ လုပ်ဆောင်နေပါတယ်။

အီဘိုလာကူးစက်နိုင်ခြေ အမြင့်ဆုံးဖြစ်တဲ့ အာဖရိကဒေသတွေကနေ လာမယ့်သူတွေကိုကျန်းမာရေးနဲ့ ခရီးသွားလာမှုဆိုင်ရာ တားမြစ်ချက်တွေကို ချမှတ်လိုက်ကြောင်း ပူးတွဲကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဘယ်လိုအရေးယူဆောင်ရွက်မှုမျိုးတွေ လုပ်မလဲဆိုတာ အသေးစိတ် မပြောထားပေမဲ့ "မြောက်အမေရိကဒေသက လာရောက်ကြမယ့် ကမ္ဘာ့ပြည်သူတွေကို ကြိုဆိုရင်း ဒေသတွင်းက လူတိုင်းရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကို အမြင့်ဆုံး ဦးစားပေး ဆောင်ရွက်သွားမှာပါ" လို့ ဖော်ပြထားပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) မှာ ဖြစ်ပွားနေတဲ့ အီဘိုလာကူးစက်ရောဂါဟာ အိမ်နီးနားချင်းနိုင်ငံတွေကို ကူးစက်ပြန့်ပွားဖို့ အန္တရာယ်အလွန်များနေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၁၇ ရက်နေ့မှာ နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။

ဒါကြောင့် အစိုးရအသီးသီးက ခရီးသွားလာမှု ထိန်းချုပ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်လာကြတာပါ။

ပြီးခဲ့တဲ့အပတ်တွေအတွင်း ကွန်ဂို၊ ယူဂန်ဒါနဲ့ တောင်ဆူဒန်နိုင်ငံတွေကို သွားရောက်ခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေကို အမေရိကန်နိုင်ငံထဲကို ပေးမဝင်ဘဲ ပိတ်ပင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ရက်နေ့မှာတော့ အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာတွေက အဆိုပါနိုင်ငံတွေကနေ ၂၁ ရက်အတွင်း ရောက်ရှိခဲ့ဖူးတဲ့ Green Card (အမြဲတမ်းနေထိုင်ခွင့်) ရထားသူတွေကိုပါ ခရီးသွားလာခွင့် ထပ်မံပိတ်ပင်လိုက်ပါတယ်။

ကနေဒါနိုင်ငံက ပြီးခဲ့တဲ့ မေ ၂၇ရက်က စပြီး ကွန်ဂို၊ ယူဂန်းဒါနဲ့ တောင်ဆူဒန်နိုင်ငံသားတွေကို ကနေဒါနိုင်ငံထဲ ဝင်ရောက်ခွင့် ရက်ပေါင်း ၉၀ ပိတ်ပင်ထားပါတယ်။

ဒါ့အပြင် အဆိုပါဒေသတွေကနေ ပြန်လာတဲ့ ကနေဒါနိုင်ငံသားတွေ၊ အမြဲတမ်းနေထိုင်ခွင့်ရသူတွေနဲ့ အခြားနိုင်ငံခြားသားတွေအနေနဲ့ ရောဂါလက္ခဏာမပြရင်တောင် လာမယ့်စနေနေ့ကစပြီး ၂၁ ရက်ကြာ ကွာရန်တင်း (Quarantine) ဝင်ရမှာ ဖြစ်ပါတယ်။

မက္ကဆီကို ကျန်းမာရေးဝန်ကြီး ဒေးဗစ်ကာရှန်နိုဗစ်ခ်ျ (David Kershenovich)က လေဆိပ်တွေမှာ အီဘိုလာ စစ်ဆေးမှုတွေကို ပိုမိုတင်းကျပ်ထားကြောင်း မေလ၂၅ရက်နေ့က ပြောကြားခဲ့ပါတယ်။

ပြည်သူတွေအနေနဲ့ Democratic Republic of the Congo (DRC)ကို ခရီးမသွားကြဖို့ တိုက်တွန်းထားပြီး DRC ကနေ ရောက်ရှိလာသူတွေကိုလည်း ၂၁ ရက်ကြာ ကွာရန်တင်း ဝင်ရောက်စောင့်ကြည့်ဖို့ တောင်းဆိုထားပါတယ်။

Reference - Al Jazeera
Photo - Al Jazeera
Translation - Alice
https://www.facebook.com/share/p/1BmztG5ZF4/
👍3
ဆင်ပေါင်ဝဲမြို့နယ်မှာ စကစ ကားတွေကို သရက်ခရိုင်အမှတ်(၅)တပ်ရင်းက မိုင်းဆွဲရာ စကစ(၆)ဦးသေ

🟥KTVက ပြန်လာတဲ့ ထောင်ဦးစီးတို့ကားကိုလည်း ပစ်ခတ်ဖမ်းဆီးပြီးMA-5တစ်လက်ရရှိ

BBM - ဇွန်လ ၅
သတင်း - ကိုဘုဏ်း

မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်မှာ စစ်ကောင်စီရဲ့ကားတွေကို သရက်ခရိုင် အမှတ် (၅)တပ်ရင်းမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ(၆)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၁)ရက်နေ့က ဆင်ပေါင်ဝဲမြို့နယ်အတွင်းက သာဂရ ကိုးပင် လမ်းတွင်းပိုင်း တစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကာစစ်ကောင်စီနဲ့ ရဲ (၆)ဦးသေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ၁ ရက်နေ့ကလည်း အဆိုပါလမ်းပိုင်းမှာတင် တော်လှန်ရေးအင်အားစုတွေက နောက်ထပ် ထောင်ဦးစီးအရာရှိနဲ့ထောင် တန်းစီးတို့မောင်းလာတဲ့ကားကို ပစ်ခတ်ပြီး ဖမ်းဆီးဖို့ကြိုးပမ်းခဲ့သေးတယ်လို့ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း ထောင်ဦးစီးအရာရှိနဲ့ ထောင်တန်းစီးတို့မှ အတင်းမောင်းနှင်ထွက်ပြေးသွားတာကြောင့် လူကိုမဖမ်းနိုင်ခဲ့ပေမဲ့ MA-5 သေနတ် တစ်လက်နဲ့ ကျည်ဘောက်(၃)ခုတို့ကိုတော့ သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို သရက်ခရိုင် အမှတ် (၅)တပ်ရင်းမှ တော်လှန်ရေးရဲဘော်တွေက လုပ်ဆောင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ဖော်ပြထားပါတယ်။

Photo-မေလ၁ရက်နေ့တိုက်ခိုက်မှုအတွင်းသိမ်းမိလက်နက်
https://www.facebook.com/share/p/1F4NkmLyCy/
👍61
ဘုတလင်မြို့၊ ပဲပြစ်တောရွာတိုက်ပွဲမှာ ရဲကွန်မန် ဒို(၃) ယောက်သေဆုံး

🟥မြေပြင်မှာ စကစ နည်းတူ ရဲကွန်မန်ဒိုတွေလည်း သောင်ကျန်းနေပြီး သေဆုံးမှုများနေ

BBM-ဇွန်၅
သတင်း-မင်းသော်

စစ်ကိုင်းတိုင်းရှိ ဘုတလင်မြို့နယ်၊ ပဲမြစ်တောရွာတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲကွန်မန်ဒို(၃)ယောက်သေပြီး သူတို့ကို သင်္ဂြိုလ်တဲ့သက်သေVideo အထောက်အထားတွေကိုပါ ရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ တာဝန်ခံ ကိုဝဏ္ဏထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ(၂၀)ရက်နေ့က ဘုတလင်မြို့မှ ထွက်လာတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းဟာ မုံရွာခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တိုက်ပွဲအတွင်း ရဲကွန်မန် ဒို(၃)ယောက် သေပြီး နာရေးချတာကို မှတ်တမ်း Video ရိုက်ကူးခဲ့ပါတယ်။

Video File အတွင်း အရာရှိဖြစ်ဟန်တူသူက သေဆုံးသူ ရတဖ(၂၆)မှ ရဲတပ်သား ပြည့်ဖြိုးအောင်၊ ရတဖ(၁၆)မှ ရဲတပ်သား ချစ်ဦးနဲ့ ရတဖ(၂၈)မှ ရဲတပ်သား ကျော်သန်းတို့ကို အမိန့်ပြန်ပေးနေတာကိုလည်း တွေ့ရပါတယ်။

အဆိုပါ Videoကို ယင်းမာပင်မြို့နယ်တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ ရဲတပ်သားတစ်ဦးရဲ့ဖုန်းမှတဆင့် ယင်းမာပင်ခရိုင်ပကဖမှ ဆက် သွယ်ရရှိခဲ့တာဖြစ်ပြီး ဖြစ်စဥ်ဖြစ်ပွါးရာ ဘုတလင်မြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေကိုလည်း အကြောင်းကြားအသိပေးထားတယ်လို့ ယင်းမာပင်ခရိုင်ပကဖ တာဝန်ခံ ကိုဝဏ္ဏက BBM ကိုပြောပါတယ်။

"ဒီဟာက ဘုတလင်ဘက်က တော်လှန်ရေးတပ်တွေ၊ မုံရွာခရိုင်ပေါ့၊ အဲ့က PDF တွေ ပကဖ တွေလုပ်တဲ့ လုပ်ငန်းစဥ်၊ တိုက်တဲ့ တိုက်ပွဲတော့ဖြစ်တယ်၊ ဒါပေမဲ့ ဒီVideo File ကိုဆက်စပ်ပြီးတော့ သူတို့ဆီကို လှမ်းပို့ထားတယ်လည်း ရှိတယ်"

အခုနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း စစ်တပ် သာမက ရဲကွန်မန်ဒိုတွေကပါ စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး အဆိုပါရဲကွန်မန်ဒိုဆိုသူတွေက စစ်တပ်နည်းတူ ယုတ်မာသောင်း ကျန်းကြတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေအတွင်း ရဲကွန်မန်ဒိုတွေနဲ့ စကစ ထိခိုက်သေဆုံးမှုအများအပြားရှိနေပေမဲ့ အခုနောက်ပိုင်း သက်သေမကျန်အောင် အ လောင်း၊လက်နက်တွေကို ရအောင်ပြန်သယ်ယူနေတဲ့ အနေအထားမျိုးတွေ့ရတယ်လို့လည်း ယင်းမာပင်ခရိုင် ပကဖ တာဝန်ခံ ကိုဝဏ္ဏက ဆက်ပြောပါတယ်။

"ခုနောက်ပိုင်း ရဲကွန်မန်ဒိုတွေကိုလည်း စစ်ကြောင်းထဲ ခဏတိုင်းတွေ့ရတယ်၊ သူတို့လည်း စစ်တပ်လိုသောင်းကျန်းတာပဲ၊ ဒီဘက်ကိုလာတဲ့ စစ်ကြောင်းတွေကတော့ ခုသူတို့အ လောင်းတွေကို ရအောင်ပြန်သယ်ယူတယ်၊ မဆိုးဘူးလို့ ပြောရမယ်"

စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေ အားကောင်းရာ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် တွေကို တပ်မ(၃၃)လက်အောက်ခံ စစ်ကောင်စီတပ်သားတွေသာမက ရဲ၊ ပျူစောထီးတွေကိုပါ အသုံးပြုပြီးစစ်ကြောင်းထိုးနေပြီး နေ့စဥ်တိုက်ပွဲဖြစ်ပွါးမှုတွေရှိနေတယ်လို့လည်း တော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။

Video-ယင်းမာပင်ခရိုင် ပကဖ
https://www.facebook.com/share/v/1bAgVxemwt/
👍51
မဲဆောက်မှာ မြန်မာပန်းချီဆရာ ၅ဦးရဲ့ ‘မြစ်များ’ အမည်ရ ပန်းချီပြပွဲ ကျင်းပပြုလုပ်

BBM - ဇွန် ၆
သတင်း - မင်း

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်း၊ တာ့ခရိုင်ရှိ မဲဆောက်မြိုမှာ မြန်မာပန်းချီဆရာ၅ဦးရဲ့ ‘မြစ်များ’ အမည်ရ ပန်းချီပြပွဲ ကျင်းပပြုလုပ်လျက် ရှိပါတယ်။

အဆိုပါ အခမ်းအနားဖွင့်ပွဲကို မဲဆောက်မြိုရှိ Borderline Art Galleryမှာ ဇွန်လ ၅ရက်နေ့၊ ညနေ ၅နာရီကနေ ည၉နာရီအထိ ကျင်းပခဲ့တာပါ။

ဖွင့်ပွဲ အခမ်းအနားမှာ တယောဆရာ ကိုအောင်သွေးကလည်း တီးခတ်‌ ဖျော်ဖြေခဲ့ပါတယ်။

“အစကတော့ ရောင်စုံမြစ်များဆိုပြီးတော့ အရင်ပေးလိုက်ကြတာ၊ နောက်‌‌မှ ‘မြစ်များ’ဆိုပြီးပြန်ပြောင်းလိုက်တာ၊ ဘာလိုဆို ကျွန်တော်တို ဒီ အနုပညာသမားတွေက အမြဲတမ်းစီးဆင်းနေကြတယ်‌ဆိုတဲ့ အဓိပ္ပာယ်လေးပါအောင်ပါ”လို ပန်းချီဆရာ Edo Vaderက ပြောပါတယ်။

“အကိုကား ၁၃ကားပါတယ်၊ ဒီ ဗိုလ်ချုပ်ဂွမ်မော်တို၊ ဗိုလ်ချုပ် ထွန်းမြတ်နိုင်တိုဆိုတာ အခုချိန်ထိ အကိုတိုနဲ့အတူတူ အမှန်တရားဘက်က ရပ်တည်နေကြတဲ့ ခေါင်းဆောင်တွေလေ၊
အကိုတိုလေးစားအားကျရတဲ့ ပုဂ္ငိုလ်တွေပဲ၊ ကျန်တဲ့ ကားတွေကို စာအုပ်တွေထဲက လေးစားအားကျရတဲ့သူတွေကိုပဲ ရေးဆွဲထားပါတယ်”လို ပန်းချီဆရာ Black Townက ပြောပါတယ်။

ဒါ့အပြင် ပြပွဲကရတဲ့ ငွေကြေးတစ်စိတ်တစ်ပိုင်းကို ပဲခူးနဲ့ မကွေးမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ကူညီသွားမယ်လို သူက ဆက်ပြောပါတယ်။

အဆိုပါ ပန်းချီပြပွဲမှာ The Blacktown team နဲ့အတူ အနုပညာရှင်တွေဖြစ်ကြတဲ့ Edo Vader, Day Day Zoyar, Khay Lu , Ran Ran, BLACKTOWNတို ဖန်တီးထားတဲ့ ပန်းချီကားတွေကို ဇွန်လ ၅ရက်နေ့ကနေ ၇ရက်နေ့အထိ ပြသသွားမှာပဲ ဖြစ်ပါတယ်။

ပုံ - မင်း
https://www.facebook.com/share/p/1DSAdwaoFL/
👍61
အီရန်က အိုမန်ပင်လယ်ကွေ့ရှိ အမေရိကန်စစ်သင်္ဘောတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ သတိပေးပစ်ခတ်ခဲ့

BBM - ဇွန် ၆

အီရန်အစိုးရမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ရေတပ်က ပင်လယ်ရေကြောင်း သွားလာရေးကို နှောင့်ယှက်နေပြီး ကုန်တင်သင်္ဘောတွေနဲ့ ရေနံတင်သင်္ဘောတွေကို သိမ်းဆည်းနေကြောင်း အီရန်ဘက်က စွပ်စွဲထားပါတယ်။

ဒါကြောင့် ဇွန်လ ၅ရက်နေ့တုန်းက အိုမန်ပင်လယ်ကွေ့ထဲမှာရှိတဲ့ အမေရိကန်စစ်သင်္ဘောတွေကို သတိပေးတဲ့အနေနဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အီရန်ရေတပ်က ပြောပါတယ်။

ဒါပေမဲ့ အဲဒီမတိုင်ခင်လေးတင်ပဲ အမေရိကန်အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် (U.S. Indo-Pacific Command) ဘက်ကလည်း အိန္ဒိယသမုဒ္ဒရာထဲမှာ ပိတ်ဆို့အရေးယူခံထားရပြီး နိုင်ငံအလံလည်း လွှင့်ထူမထားတဲ့ M/T DAVINA ဆိုတဲ့ အရပ်ဘက်သင်္ဘောတစ်စီးကို ညတွင်းချင်းပဲ အမေရိကန်တပ်ဖွဲ့တွေက တားဆီးစစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမေရိကန်က”အီရန်ကို ပစ္စည်းပစ္စယတွေနဲ့ ထောက်ပံ့ကူညီပေးနေတဲ့ တရားမဝင်ကွန်ရက်တွေကို ဖြိုခွင်းဖို့နဲ့ အဲဒီလိုသင်္ဘောတွေကို တားဆီးပိတ်ဆို့ဖို့အတွက် ကမ္ဘာ့ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို ဘယ်နေရာမှာမဆို ဆက်ပြီးတော့ ပြတ်ပြတ်သားသား လုပ်ဆောင်သွားမယ်”လို့ Xမှာ ရေးသားထားပါတယ်။

ဒီလို အပြန်အလှန် ဖြစ်ပျက်နေတာတွေဟာ အီရန်ပတ်ဝန်းကျင်က ပင်လယ်ရေကြောင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး အခြေအနေတွေ တင်းမာနေတဲ့အချိန်မှာ ပေါ်ပေါက်လာတာပါ။

ဝါရှင်တန် (အမေရိကန်) ဘက်က အီရန်ရဲ့ ရေနံတင်ပို့မှုတွေကို ပိတ်ဆို့အရေးယူဖို့ ပြတ်ပြတ်သားသား လုပ်ဆောင်နေသလို တဟီရန် (အီရန်) ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားနဲ့ အနီးတဝိုက်က သင်္ဘောသွားလာရေးတွေကို ပိတ်ဆို့ပစ်မယ်ဆိုပြီး ခဏခဏ ခြိမ်းခြောက်နေတာကြောင့်လည်း ဖြစ်ပါတယ်။

Reference - Reuters
Translation - Reuters
https://www.facebook.com/share/p/1M6LvHRSNu/
👍5
ဟားခါး-ထန်တလန် လမ်းပိုင်းကို စစ်ကောင်စီအင်အားဖြည့်တင်းပြီး အော်တိုတောင်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

BBM-ဇွန် ၆
သတင်း-ကိုအိုက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီက ဟားခါးနဲ့ ထန်တလန်ကြားက မဟာဗျူဟာမြောက် အော်တိုတောင်ကုန်းဘက်ကို ဒီနေ့ ဇွန်လ ၅ ရက်မှာ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

မြေပြင်စစ်ကြောင်း မချီတက်ခင် လမ်းရှင်းတဲ့အနေနဲ့ ရော၊ တော်လှန်ရေးတပ်ဖွဲ့တွေ ကြိုတင်ဖြတ်တိုက်မှာကို ကာကွယ်ဖို့အတွက်ပါ ဒီနေ့ မွန်းတည့် ၁၂ နာရီကနေ ၁၂ နာရီခွဲအတွင်း ဂျက်တိုက်လေယာဉ်နဲ့ ၅ ကြိမ်တိုင်တိုင် ဗုံးကြဲခဲ့တာပါ။

စစ်ကောင်စီဟာ လေကြောင်းနဲ့ ဒရုန်းပစ်ကူတွေသုံးပြီး လမ်းကြောင်း အရင်ရှင်းပြီးမှ မြေပြင်စစ်ကြောင်းကို အလုံးအရင်းနဲ့ ရှေ့တိုးတဲ့ စစ်ဗျူဟာကို သုံးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

ဒီထိုးစစ်အတွက် ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကတည်းက ဟားခါးမြို့ကနေ စစ်ကားကြီး ၄ စီး၊ စစ်အင်အား ၂၅၀ ခန့်ကို ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ သီမစ်လွင်ပြင်ဒေသဘက်ကို ကြိုတင်ပို့ထားတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီက အဲဒီသီမစ်လွင်ပြင်ကို ရှေ့တန်းအခြေစိုက်စခန်းအဖြစ် သတ်မှတ်ပြီး စစ်ကြောင်းထိုးဖို့ လိုအပ်တဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို အလုံးအရင်းနဲ့ ဖြည့်တင်းစုဆောင်းနေပါတယ်။

"ဒီနေ့ နေ့လည်ပိုင်းမှာတင် ဂျက်ဖိုက်တာနဲ့ ငါးကြိမ်လောက် ဆက်တိုက်လာကြဲသွားတာ။ မိနစ် ၃၀ အတွင်းမှာ တရစပ် ဗုံးကျဲသံတွေ ကြားရတော့ တိုက်ပွဲတွေ ပိုပြင်းထန်လာမှာကို ဒေသခံတွေ အားလုံးက စိုးရိမ်နေကြတယ်" လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ဗုံးကြဲခံရတဲ့ အော်တိုတောင်ကုန်းဟာ စစ်ရေးအရ အလွန်အရေးပါတဲ့ ကုန်းမြင့်တစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်ကတည်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နေရာပါ။

ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ မသိရသေးပါဘူး။
https://www.facebook.com/share/p/1D7YL41bs6/
👎4👍21😢1
ဧ၀ရတ်တောင်ပေါ် တစ်ပတ်‌နီးပါးပျောက်ဆုံးနေတဲ့ ရှာပါ(
တောင်တက်လမ်းပြ)ကို ပြန်လည်တွေ့ရှိ

BBM-မေ ၆

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်စောင်းတွေပေါ်မှာ အစားအစာရော၊ အောက်ဆီဂျင်ပါ မရှိဘဲ တစ်ပတ်နီးပါးကြာအောင် ဖြတ်သန်းလွတ်မြောက်လာခဲ့တဲ့ နီပေါရှာပါလူမျိုး (Sherpa) တောင်တက်လမ်းညွှန်တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တောင်တက်လုပ်ငန်း တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အခုလို အခြေအနေဆိုးထဲကနေ အသက်ရှင်လွတ်မြောက်လာတာဟာ တကယ့်ကို ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပါ။

အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒါဝါရှာပါ(Dawa Sherpa) ဟာ ပိုလန်နိုင်ငံသား တောင်တက်သမားတစ်ဦးနဲ့အတူ အမြင့် ၂၉,၀၃၂ ပေ (၈,၈၄၉ မီတာ) ရှိတဲ့ တောင်ထိပ်ကို တက်ရောက်ဖို့ ကြိုးစားခဲ့ရာမှာ မအောင်မြင်ဘဲအပြန်၊ စခန်း (၃) နဲ့ စခန်း (၄) ကြား အရောက်မှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သူ့ကို မေလ ၂၉ ရက်နေ့က နောက်ဆုံးတွေ့လိုက်ရတာဖြစ်ပြီး အတူပါလာတဲ့ ပိုလန်နိုင်ငံသားကတော့ အခြေစိုက်စခန်း (Base Camp) ကို ပြန်ရောက်လာခဲ့ပေမယ့် သူတို့နှစ်ယောက် ဘယ်လိုပုံစံနဲ့ လူစုကွဲသွားခဲ့ကြလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

သူတို့ဟာ ပြီးခဲ့တဲ့လကမှ ရာသီပိတ်သိမ်းသွားခဲ့တဲ့ ဒီနှစ်ဧဝရတ်တောင်တက်ရာသီရဲ့ နောက်ဆုံးအသုတ် တောင်တက်သမားတွေလည်း ဖြစ်ကြပါတယ်။

ဆာဂါမာသာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုထိန်းချုပ်ရေး ကော်မတီ (Sagarmatha Pollution Control Committee)မှ လာမာကာဇီရှာပါက သူတို့အဖွဲ့ဟာ တောင်တက်ရာသီအပြီး သန့်ရှင်းရေးလုပ်ငန်းစဥ်တွေ ဆောင်ရွက်နေတုန်းမှာပဲ အခြေစိုက်စခန်းရဲ့အထက် "ခမ်ဘူ ရေခဲလျှော" (Khumbu Icefall) အနီးမှာ ဒါဝါကို ရှာဖွေတွေ့ရှိခဲ့ပြီး ဘေးကင်းရာကို ခေါ်ဆောင်လာနိုင်ခဲ့တာလို့ ပြောပါတယ်။

လူနာတင်လှည်းပေါ်မှာ တောင်တက်ကုတ်အင်္ကျီကြီး ၀တ်လျက်အတိုင်းပဲ ဒါဝါကို ရဟတ်ယာဉ်ကွင်းကနေ ဆေးရုံဆီ အရေးပေါ် အပြေးအလွှားခေါ်ဆောင်သွားခဲ့ကြပါတယ်။

ဒါဝါရဲ့ မိသားစုကတော့ သူ အခြေအနေကောင်းမွန်ကြောင်းနဲ့ လတ်တလောမှာတော့ အအေးလွန်ပြီး တစ်သျှူးတွေပျက်စီးတဲ့ ဝေဒနာ (Frostbite) အပါအဝင် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

"အဖေက သမီးကို မှတ်မိတယ်၊ ကျန်းမာရေးအခြေအနေလည်း ကောင်းပြီး စကားလည်း ပြောနိုင်ပါတယ်။ သမီးတို့ အရမ်းဝမ်းသာရပါတယ်" လို့ ဒါဝါရဲ့သမီးဖြစ်သူ မန်ဒို လာမိုရှာပါ(Mhendo Lhamo Sherpa) က ပြောပါတယ်။

နီပေါဧဝရတ် တောင်တက်ကုမ္ပဏီကလည်း ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ "ဒါဝါဟာ အစားအစာ၊ ရေနဲ့ အရန်အောက်ဆီဂျင် လုံးဝမပါဘဲ အန္တရာယ်ဆိုးလှတဲ့ 'ခမ်ဘူ ရေခဲလျှော' ကို ဖြတ်သန်းပြီး တစ်ပတ်နီးပါးကြာအောင် တစ်ယောက်တည်း ကြံ့ကြံ့ခံ အသက်ရှင်ကျန်ရစ်ခဲ့တာပါ။ (တောင်တက်ရာသီကုန်လို့ တပ်ဆင်ထားတဲ့ လှေကားတွေကို သိမ်းဆည်းသွားပြီးတဲ့နောက်ပိုင်းမှာတောင် ဖြစ်ပါတယ်)။ ဒါဟာ အံ့သြစရာ ဖြစ်ရပ်ပဲ" လို့ ဆိုရှယ်မီဒီယာပေါ် ရေးသားဖော်ပြထားပါတယ်။

ဒီနှစ် တောင်တက်ရာသီမှာ အစိုးရက တောင်တက်ခွင့်ပြုမိန့် ၄၉၄ စောင် ထုတ်ပေးခဲ့ပြီး၊ တောင်တက်သမားနဲ့ လမ်းညွှန် စုစုပေါင်း ၁,၀၀၀ ကျော် ဧဝရတ်တောင်ထိပ်ကို စံချိန်တင် တက်ရောက်နိုင်ခဲ့ကြပါတယ်။

တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ ဒီရာသီအတွင်း ဧဝရတ်တောင်ပေါ်မှာ တောင်တက်သမားနဲ့ လမ်းညွှန် စုစုပေါင်း ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဧဝရတ်တောင်ထိပ်ဆီတက်မယ့် လမ်းကြောင်းမှာ ကြီးမားလှတဲ့ ရေခဲတုံးကြီးတစ်ခု ပြိုကျပိတ်ဆို့မှုကြောင့် လမ်းကြောင်းပွင့်ဖို့ ကြန့်ကြာခဲ့ရပြီး တောင်တက်သမားအများအပြား အခြေစိုက်စခန်းမှာ ပိတ်မိခဲ့ပါသေးတယ်။

News-Reuters
Photo-Reuters
Translation -Alice
https://www.facebook.com/share/p/1AFZVE19L3/
👍61👏1