ဘန်ကောက်မှာ ရထားလမ်းကူးစဉ် ကုန်တင်ရထားနဲ့ တိုက်မိပြိီး အမျိုးသမီး၁ဦး ပွဲချင်းပြီး ဆုံးပါး
BBM - မေ ၂၄
ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက််မှာ ဆိုင်ကယ်စီးလာတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ ဂိတ်မရှိတဲ့ ရထားသံလမ်းကူးနေစဉ် ကုန်တင်ရထားနဲ့တိုက်မိပြီး ပွဲချင်းပြီး ဆုံးပါးခဲ့ကြောင်း ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဒီနေ့ မေလ ၂၄ ရက်၊ သန်းခေါင်ကျော်ချိန်မှာ ဘန်ကောက်၊ လတ်ကရဘန်း (Lat Krabang) နယ်မြေထဲက ဆန်ခါရာချာဘုရားကျောင်း (Sangkaracha Temple) အနီးမှာ ဖြစ်ပွားခဲ့တာပါ။
ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အခင်းဖြစ်ပွားရာနေရာကို ရောက်သွားတဲ့အခါမှာ သေဆုံးသူမှာ အသက် ၂၁ နှစ်အရွယ် ဘုစကွန်း (Butsakorn) ဖြစ်ပြီး သူမစီးလာတဲ့ ဟွန်ဒါဆိုင်ကယ်ကတော့ တော်တော်လေးကို ကြေမွပျက်စီးနေပါတယ်။
သူမဟာ အိမ်အပြန်လမ်းကို မြန်မြန်ရောက်အောင် ဖြတ်လမ်းကနေ မောင်းလာခဲ့တာဖြစ်ပြီး အဲဒီလမ်းမှာ အတားအဆီးဂိတ်မရှိတဲ့ မီးရထားသံလမ်း သုံးခုရှိနေပါတယ်။
သူမက ပထမဆုံးရထားသံလမ်းပေါ်မှာ ဆိုင်ကယ်ကို ခဏရပ်လိုက်တဲ့အချိန်၊ ဘန်ဆူး (Bang Sue) ဘူတာဘက်ကို မောင်းနှင်လာတဲ့ ကုန်တင်ရထားနဲ့ အရှိန်ပြင်းပြင်း တိုက်မိသွားခဲ့တာ ဖြစ်ပါတယ်။
ရထားကတော့ တိုက်မိပြီး မီတာ ၁၀၀ လောက်အကွာမှာ ရပ်တန့်သွားခဲ့ပြီး ရထားမောင်းသမားလည်း ရဲတွေကို ထွက်ဆိုချက်ပေးဖို့ အခင်းဖြစ်နေရာမှာပဲ စောင့်ဆိုင်းနေခဲ့ပါတယ်။
အခုလောလောဆယ်မှာတော့ ရဲတပ်ဖွဲ့က ရထားမောင်းသမားနဲ့ အနီးနားက မျက်မြင်သက်သေတွေကို ခေါ်ယူစစ်ဆေးနေပြီး၊ ရထားမောင်းလာတဲ့အချိန် ဟွန်းတီးခဲ့ရဲ့လားဆိုတာကို အဓိက စုံစမ်းနေပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံရထားပို့ဆောင်ရေးအဖွဲ့ (SRT) နဲ့လည်း ချိတ်ဆက်ပြီး ရထားအချိန်ဇယားတွေ၊ ပုံမှန်အတိုင်း မောင်းနှင်ခဲ့တာ ဟုတ်မဟုတ်တွေကိုပါ စစ်ဆေးနေပါတယ်။ လက်ရှိမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲဆေးရုံကြီးဆီ ပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးမှုတွေလုပ်ကာ မိသားစုဝင်တွေဆီ နာရေးအခမ်းအနားလုပ်ဖို့ ပြန်လည်လွှဲပြောင်းပေးအပ်သွားမှာပါ။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘန်ကောက်မြို့လယ် မက္ကဆန် (Makkasan) လေဆိပ်ရထားလိုင်းဘူတာအနီး၊ အာစို့(က်) (Asok)-ဒင်ဒဲင်(Din Daeng) လမ်းဆုံမှာ အများပြည်သူစီးတဲ့ ဘတ်စ်ကားတစ်စီးကို မီးရထားက ဝင်တိုက်မိလို့ လူ ၈ ယောက်သေဆုံးပြီး ၃၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တဲ့ ဆိုးရွားတဲ့ မတော်တဆမှုကြီး ဖြစ်ပွားပြီး သိပ်မကြာခင်မှာပဲ ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Reference - Thaiger
Photo - Thaiger
Translation - Alice
https://www.facebook.com/share/p/18c9FFMtT1/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👎4😢3
ဗန်းမော်မြို့ ဆင်ကုန်းမှာ အုပ်စုဖွဲ့ က နေတဲ့ စကစ
တွေကို တော်လှန်ရေးအဖွဲ့တွေက FPVဒရုန်း နဲ့တိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက်သေဆုံး
BBM-မေ၂၄
သတင်း-မင်းသော်
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဆင်ကုန်းမှာ အုပ်စုဖွဲ့ က နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်
လှန်ရေးအဖွဲ့တွေက FPVဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ အစုလိုက် အပြုံ လိုက်သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်အတက်နေ့က ဗန်းမော်မြို့ ဆင်ကုန်းဒေသမှာ အခြေပြုတပ်စွဲထားတဲ့ စစ် ကောင်စီတပ်သားတွေဟာ သင်္ကြန်ကာလအတွင်း အဖွဲ့လိုက် စု က နေစဥ် KIAနဲ့ KPDF တော်လှန်ရေးအင်အားစုတွေက FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မြေပြင်သတင်းရင်းမြစ်မှ BBM ကိုပေးပို့လာတဲ့ Video file အတွင်း တော်လှန်ရေးအင်အားစုတွေက ဒရုန်းဖြင့်တိုက်ခိုက်စဥ် အဆိုပါနေရာမှာ စစ်ကောင်စီတပ်သား၁၀ ယောက်နီးပါးက ရေပတ်ဆော့ကစားနေသလို ကခုန်တာတွေကိုလည်း တွေ့ရပါတယ်။
နောက်ဆက်တွဲ သိရှိချက်အရ အဆိုပါဒရုန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား(၅)ဦးထက်မနည်းသေဆုံးသလို အမြောက်အများလည်း ဒဏ်ရာရတယ်လို့ဆိုပါတယ်။
"သင်္ကြန်အတက်နေ့က ဟုတ်တယ်၊ ဗန်မော် ဆင်ကုန်းမှာ ကျွန်တော်တို့ဖက်က FPV ဆော်
လိုက်တာပါ" ဟု အဆိုပါVideo နဲ့ပတ်သတ်ပြီး KIA သတင်းရင်းမြစ်က BBM ကိုပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်ကာလကတည်းက ဖြစ်ပေမဲ့ စစ်မြေပြင် သတင်းလုံခြုံမှုနဲ့ အခြားအကြောင်းအရာတွေကြောင့် အခုမှ ထုတ်ဖော်ပြသခြင်းဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့မကျစေရေးအတွက် စစ်တပ်က လူအင်အား၊ လက်နက်အင်အားနဲ့စားနပ်ရိက္ခါတွေ ဖြည့်တင်းဖို့ဆောင်ရွက်နေတာတွေရှိပြီး မြေပြင်မှာ ထိတွေ့တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Video-ပေးပို့
https://www.facebook.com/share/v/18prc6sUGd/

👍5❤2👏1
ဆားဘီးယားမှာ လူသောင်းနဲ့ချီစုဝေးပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပြုလုပ်
BBM - မေ ၂၅
ဆားဘီးယားနိုင်ငံရဲ့ မြို့တော်မှာ တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး လူပေါင်းသောင်းနဲ့ချီ လမ်းပေါ်ထွက်ကာ ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။
သူတို့က အစိုးရကို ဆန့်ကျင်ကန့်ကွက်နေကြပြီး ရွေးကောက်ပွဲ အမြန်ဆုံးပြန်ကျင်းပပေးဖို့ တောင်းဆိုနေကြတာပါ။
ဒီလို ဆန္ဒပြပွဲတွေ ဖြစ်လာရတာက ၂၀၂၄ နိုဝင်ဘာတုန်းက 'နိုဗီဆတ်' (Novi Sad) ရထားဘူတာရုံမှာ လူ ၁၆ ယောက် သေဆုံးခဲ့တဲ့ မတော်တဆမှုကြောင့်ပဲ ဖြစ်ပါတယ်။
အဲဒီတုန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီး ဖြစ်စဉ်ကို ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ကြလို့ နောက်ဆုံးမှာ အဲဒီအချိန်က ဝန်ကြီးချုပ် မီလိုစ် ဗူစီဗစ် (Milos Vucevic) ရာထူးကနေ နှုတ်ထွက်ပေးခဲ့ရပါတယ်။
ဒါပေမဲ့ ဆားဘီးယားသမ္မတ အလက်ဇန္ဒာ ဗူချစ် (Aleksandar Vucic) ကတော့ နောက်ပိုင်းမှာ ဆန္ဒပြသမားတွေကို ပြန်ပြီး ပြတ်ပြတ်သားသား တုံ့ပြန်ပယ်ချခဲ့ပါတယ်။
ကျောင်းသားတွေက အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဦးဆောင်နေတာဖြစ်ပြီး အခုဆိုရင် ဒီဆန္ဒပြပွဲတွေက သမ္မတ ဗူချစ်ကို ရွေးကောက်ပွဲ အမြန်ဆုံး ပြန်ခေါ်ပေးဖို့ ဖိအားပေးတဲ့ လှုပ်ရှားမှုကြီးတစ်ခုအဖြစ် တဖြည်းဖြည်းနဲ့ ပိုပြီး အရှိန်အဟုန် ကြီးထွားလာခဲ့တာပါ။
သမ္မတ ဗူချစ်ကတော့ ရွေးကောက်ပွဲကို ဒီနှစ် စက်တင်ဘာလနဲ့ နိုဝင်ဘာလကြားထဲမှာ ကျင်းပပေးသွားနိုင်တယ်လို့ ဒီတစ်ပတ်ထဲမှာပဲ ပြောကြားထားပါတယ်။
ဆန္ဒပြသူတွေဟာ မြို့တော် ဘဲလ်ဂရိတ် (Belgrade) အလယ်ဗဟိုက ရင်ပြင်ထဲကို လမ်းပေါင်းစုံကနေ တဖွဲဖွဲ ဝင်လာခဲ့ကြတယ်။
အများစုကတော့ “ကျောင်းသားတွေ နိုင်ရမယ်” ဆိုတဲ့ လူငယ်လှုပ်ရှားမှု ဆောင်ပုဒ်ပါတဲ့ ဘန်နာတွေ ကိုင်ထားကြပြီး တီရှပ်တွေကိုလည်း ဝတ်ထားကြတာပေါ့။
အဲ့ဒီနေ့ အစောပိုင်းတုန်းကလည်း ဆားဘီးယားနိုင်ငံရဲ့ တခြားမြို့တွေကနေ မောင်းလာတဲ့ ကားတန်းကြီးတွေဟာ ဘဲလ်ဂရိတ်မြို့ထဲကို တန်းစီဝင်လာခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ မာယာ မိလပ်စ် မာကိုဗစ် (Maja Milas Markovic) ကတော့ “ကျောင်းသားတွေရဲ့ လူငယ်အင်အားနဲ့ ကောင်းမွန်တဲ့ စွမ်းအင်တွေက ကျွန်မတို့ကို ဒီကိုရောက်လာအောင် စုစည်းပေးနိုင်ခဲ့တာပါ။
ကျွန်မတို့တွေ ပုံမှန်အတိုင်း အေးအေးချမ်းချမ်း ရှင်သန်ပိုင်ခွင့်ရှိတယ်လို့ တကယ်ပဲ ယုံကြည်ပါတယ်” လို့ ပြောသွားပါတယ်။
ဘော်လ်ကန်ဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဆားဘီးယားရဲ့ တခြားဒေသတွေကလူတွေ ရောက်မလာနိုင်အောင် တားဆီးတဲ့အနေနဲ့ နိုင်ငံပိုင် မီးရထားကုမ္ပဏီကတော့ စနေနေ့မှာ ဘဲလ်ဂရိတ်ကို အဝင်အထွက်လုပ်မယ့် မီးရထားခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ပါတယ်။
ညနေပိုင်းမှာတော့ သမ္မတရုံးအနီးနဲ့ (ပြီးခဲ့တဲ့နှစ် မတ်လကတည်းက) သမ္မတ ဗူချစ် (Vucic) ကို ထောက်ခံသူတွေ စခန်းချနေတဲ့ ပန်းခြံအပြင်ဘက်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေ သုံးပြီး ဆန္ဒပြသူတွေကို လမ်းအောက်ဘက်အထိ ဆုတ်ခွာသွားအောင် တွန်းထုတ်ခဲ့သလို ဆန္ဒပြသူတွေဘက်ကလည်း အမှိုက်တွေပြည့်နေတဲ့ အမှိုက်ပုံးတွေကို မီးရှို့ခဲ့ကြပါတယ်။
ဆန္ဒပြပွဲ မစတင်ခင်တုန်းကလည်း ဆန္ဒပြသူတွေနဲ့ သမ္မတ ဗူချစ်ကို ထောက်ခံသူတွေကြား အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်လာမလားဆိုပြီး စိုးရိမ်ခဲ့ကြပါသေးတယ်။
အဲ့ဒီထောက်ခံသူတွေဟာ ခေါင်းစွပ်တွေ၊ မျက်နှာဖုံးတွေ တပ်ထားလေ့ရှိပြီး အရင်ကလည်း ကျောင်းသားဆန္ဒပြသူတွေကို တိုက်ခိုက်ခဲ့ဖူးပါတယ်။
ဘဲလ်ဂရိတ်က သတင်းထောက်တစ်ဦးဖြစ်တဲ့ တက်တျာနာ ကီကစ် (Tetyana Kekic) က Al Jazeera သတင်းဌာနကို ပြောတာကတော့ "ဒီဆန္ဒပြပွဲတွေဟာ အစိုးရကို ဆန့်ကျင်တဲ့ ဘက်စုံကဏ္ဍစုံ လှုပ်ရှားမှုကြီးဖြစ်လို့ ပြည်သူတွေဆီကနေ အင်မတန်ကြီးမားတဲ့ ထောက်ခံမှုကို ရနေတာပါ" လို့ ဆိုပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေအတွက် စိန်ခေါ်မှုကတော့ သူတို့မှာ "ရှင်းလင်းပြတ်သားတဲ့ နိုင်ငံရေးမူဝါဒ ဒါမှမဟုတ် လမ်းစဉ်တွေ မရှိကြသေးသလို သမ္မတကို တကယ်ပဲ ယှဉ်ပြိုင်နိုင်မယ့် ခေါင်းဆောင် ဒါမှမဟုတ် ထင်ရှားတဲ့ ပုဂ္ဂိုလ်မျိုးလည်း မရှိသေးတာပဲ ဖြစ်တယ်" လို့ သူမက ဆက်ပြောသွားပါတယ်။
Reference - Al Jazeera
Photos - Al Jazeera
Translation - Richard
https://www.facebook.com/share/p/1D54z3Aj3T/

👍6
မြောက်ကိုးရီးယား အမျိုးသမီး ဘောလုံးအသင်း ဖလားနဲ့အတူ အိမ်ပြန်
🟥ဆုငွေ အမေရိကန် ဒေါ်လာ ၁သန်း ထုတ်ယူခွင့်မရ
BBM - မေ ၂၅
မြောက်ကိုရီးယား အမျိုးသမီးဘောလုံးအသင်းဟာ တောင်ကိုရီးယားမှာကျင်းပတဲ့ အာရှရဲ့ ထိပ်တန်းပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် ပြုံးရွှင်တာမျိုးမရှိဘဲ တည်ငြိမ်အေးစက်တဲ့ ပုံစံနဲ့ တရုတ်နိုင်ငံကဆင့် ပြုံယမ်းကို မေလ ၂၄ရက်နေ့က ပြန်သွားခဲ့ကြပါတယ်။
ဒါဟာ နိုင်ငံရေးအခြေအနေတင်းမာနေတဲ့ ကိုရီးယားနှစ်နိုင်ငံရဲ့ ဆက်ဆံရေးကြားမှာ သေသေချာချာ စီစဉ်ထားတဲ့ မျက်နှာအမူအရာမျိုးဖြစ်ပုံရတယ်လို့ တောင်ကိုရီးယားဘက်က သတင်းဌာနတွေမှာ ရေးသားထားပါတယ်။
နဲဂိုယန်း (Naegohyang) အမျိုးသမီးဘောလုံးအသင်းဟာ ပြုံယမ်းကို မပြန်ခင် ဘေဂျင်းမှာ ခေတ္တရပ်နားဖို့အတွက် Air China လေယာဉ်စီးဖို့ နေ့လယ် ၁ နာရီခွဲလောက်မှာ ဆိုးလ်မြို့အနောက်ဘက်မှာရှိတဲ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာခဲ့ကြပါတယ်။
အသင်းခေါင်းဆောင် နည်းပြချုပ် ရီယူအီ (Ri Yu-il) ဦးဆောင်တဲ့ မြောက်ကိုးရီးယားအမျိုးသမီးဘောလုံးအသင်းဟာ လေဆိပ်ကနေ ကောင်တာတွေဆီကို စစ်ကြောင်းတစ်ခုလို တန်းစီပြီး ရှေ့ကိုပဲ စိုက်ကြည့်ပြီး လျှောက်လှမ်းသွားခဲ့ကြပါတယ်။
မြောက်ကိုရီးယားလိုလားတဲ့ တက်ကြွလှုပ်ရှားသူတချို့က "ဂုဏ်ယူပါတယ်" လို့ အော်ဟစ်နှုတ်ဆက်ပြီး "နောက်တစ်ခါ ပြန်ဆုံကြတာပေါ့" လို့ လှမ်းပြောနေကြပေမဲ့ သူတို့ကတော့ ဘာမှမတုံ့ပြန်ဘဲ ၁၀ မိနစ်လောက်အတွင်းမှာပဲ ထွက်ခွာမယ့် ဂိတ်ပေါက်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပါတယ်။
ကစားသမား ၂၇ ဦးနဲ့ အဖွဲ့ဝင် ၁၂ ဦးပါဝင်တဲ့ ဒီမြောက်ကိုရီးယားအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တရုတ်နိုင်ငံကတစ်ဆင့် တောင်ကိုရီးယားကို ရောက်လာခဲ့တာဖြစ်ပါတယ်။
ဒါဟာမြောက်ကိုရီးယားအားကစားသမားတွေအနေနဲ့ ၈ နှစ်အတွင်း တောင်ကိုရီးယားမြေပေါ်ကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်သလို မြောက်ကိုရီးယားအမျိုးသမီးဘောလုံးအသင်းတစ်သင်းအနေနဲ့လည်း တောင်ကိုရီးယားမြေကို ပထမဆုံးအကြိမ် ခြေချခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။
သူတို့ဟာ မေလ ၂၃ရက်နေ့က ဆိုးလ်မြို့တောင်ဘက် ၃၀ ကီလိုမီတာအကွာက ဆူဝမ်ကွင်းမှာ ကျင်းပခဲ့တဲ့ AFC အမျိုးသမီးချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တိုကျို ဗာဒီ ဘီလီဇာ (Tokyo Verdy Beleza) အသင်းကို ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်လာခဲ့တာပါ။
ဒါပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေ လုပ်ဆောင်နေတဲ့အတွက် နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကြောင့် ချန်ပီယံဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်းကိုတော့ မြောက်ကိုရီးယားနိုင်ငံဆီကို တိုက်ရိုက်ပေးပို့မှာမဟုတ်ပါဘူး။
ဒီဆုကြေးငွေတွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နဲ့ အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့က သီးသန့်ထိန်းသိမ်းထားမှာဖြစ်ပြီး မြောက်ကိုရီးယားအသင်း နောက်နောင် နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ကုန်ကျစရိတ်တွေအတွက်ပဲ အသုံးပြုခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
Reference - Korea Times
Photo - Korea Times
Translation - Alice
https://www.facebook.com/share/p/1EJfi6arSk/

👍15❤2
ဖားကန့်မြို့ လုံးခင်းလမ်းမ တစ်ဝိုက်မှာ စကစနဲ့ SNA တွေက ပြည်သူတွေထံမှ တန်ဖိုးကြီးပစ္စည်းတွေကို သေနတ်ထောက်လုယူနေ
BBM-မေ၂၅
သတင်း-မင်းသော်
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းလမ်းမတစ်ဝိုက်မှာ စစ်ကောင်စီနဲ့ ရှမ်းနီတပ်ဖွဲ့(SNA)တို့ဟာ ဒေသခံပြည်သူတွေထံမှ တန်ဖိုးကြီးပစ္စည်းတွေကို အတင်းအဓမ္မ သေနတ်ထောက် လုယူတာတွေ ပြုလုပ်နေတယ်လို့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာနဲ့ မှော်စီစာ ကျေးရွာတွေအတွင်း တိုက်ပွဲတွေပြန်လည်ပြင်းထန်လာပြီးတဲ့နောက် စစ်ကောင်စီနဲ့ SNA တပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ်အပေါ်ထိတက်ကာ တန်ဖိုးကြီးပစ္စည်းတွေကို လုယူနေတဲ့အပြင် ဖြတ်သွားဖြတ်လာကားတွေကိုလည်း သေနတ်ပြကာရပ်တန့်စေပြီး ရွှေ၊ငွေ၊ ဖုန်းတွေက အစ လုယူနေတယ်လို့ သိရပါတယ်။
အဆိုပါလုပ်ရပ်ကို ပြီးခဲ့တဲ့ရက်တွေအတွင်းကတည်းက စစ်ကောင်စီတပ်သားတွေဟာ ကျူးလွန်နေတာဖြစ်ပြီး မေလ၂၅ ရက်(ဒီနေ့) နေ့ခင်းမှာလည်း မှော်စီစာ-လုံးခင်း အောက်လမ်းမကြီးဘေး Jade love အနီးမှာ ဖြတ်သွားဖြတ် လာကားတွေကို သေနတ်ထောက်လုယူနေတယ်လို့ လုံးခင်းစစ်မြေပြင်ရှိ KPDF တပ်ခွဲမှူးတစ်ဦးက BBM ကိုပြောပါတယ်။
"မှော်စီစာ လုံးခင်း ရပ်ရွာတွေထဲ စခတွေက ပြည်သူဆီကနေ အိမ်ပေါ်တက် ယူ။ ကားတွေတား ပါတာအကုန်ယူနေတော့တယ် ခုရက်ပိုင်း နေ့တိုင်းဖြစ်နေပြီ၊ဒီနေ့ကို မှော်စီစာ-လုံးခင်း အောက်လမ်းမကြီးဘေး Jade Love နားမှာ လမ်းပေါ်ထွက်တားပြီး သေနတ်တွေနဲ့ ထိုးချိန်ဓားပြတိုက်နေလို့ ဖြတ်သွားဖြတ်လာပြည်သူတွေ ရွှေ၊ငွေ တွေပါသွားတယ်လို့ ပြန်သိရတယ်ဗျ"
တော်လှန်ရေးအင်အားစုဘက်က စစ်ကောင်စီတပ်သားတွေ လုယက်နေတယ်ဆိုတဲ့ အဆိုပါမှော်စီစာ-လုံးခင်း အောက်လမ်းမကြီးကို သတင်းရရချင်း ဒရုန်းနဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် စကစ ထိခိုက်မှုအခြေအနေတွေကို စုံစမ်းနေတယ်လို့ဆိုပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ လုံးခင်းလမ်းမတွေကို မဖြစ်မနေဖြတ်သန်းသွားလာရမယ်ဆိုရင်တောင် ရွှေ၊ ငွေ၊ ဖုန်းကဲ့သို့တန်ဖိုးကြီးပစ္စည်းတွေကို မယူဆောင်ရန်နဲ့ သေနတ်သံမိုင်းသံနီးကပ်စွာကြားပါကလည်း လုံခြုံဲတဲ့နေရာမှာ နေထိုင်ရန် တော်
လှန်ရေးအင်အားစုတွေက သတိပေးပြောဆိုထားပါတယ်။
Photo-ပုံဟောင်း

😡8❤1👎1
စစ်တပ်ရဲ့ စီးပွါးရေးနဲ့ ဝါဒဖြန့်ချီရေးအပါ ဆက်စပ်အကောင့် ၁၀၀ ကျော်ကို Facebookမှ ဖယ်ရှား
BBM-မေ၂၅
သတင်း-မင်းသော်
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်အုပ်စုက အွန်လိုင်းအပေါ်ဆက်ရှိရေးအတွက် ကြိုးပမ်းနေချိန်မှာပဲ စစ်တပ်ရဲ့ စီးပွါးရေး၊ ဝါဲဒဖြန့်ချီရေးအပါ ဆက်စပ်အကောင့် ၁၀၉ ခုကို Facebookမှ ဖယ်ရှားခဲ့တယ်လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Justice For Myanmar ရဲ့တိုင်ကြားမှုအရ Facebookရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က ၂၀၂၁ခုနှစ်က ချမှတ်ထားတဲ့ စစ်တပ်ထိန်းချုပ် မီဒီယာများနဲ့ စီးပွါးရေးအပေါ်ပိတ်ပင်တဲ့ မူဝါဒအရ Mytelနဲ့ ၎င်းအရောင်းကိုယ်စားလှယ်တွေ၊ MECtel အရောင်းကိုယ်စားလှယ်တွေ ပိုင်တဲ့ စာမျက်နှာတွေ၊ ပရိုဖိုင်အကောင့်၊ Groupများနဲ့ MRTV၊ MWDတို့ရဲ့ ဝါဒဖြန့်ချီရေးစာမျက်နှာတွေကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
Mytelနဲ့ MECtelတို့ဟာ စစ်ရာဇဝတ်မှုကျူးလွန် ထားတဲ့ စစ်ခေါင်းဆောင်တွေ ထိန်းချုပ်မှုအောက်ရှိ မြန်မာ့စီးပွါးရေး ကော်ပိုရေးရှင်း(MEC) ရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အဆိုပါ MEC ကိုလည်း အီးယူ၊ ယူကေ၊ အမေရိကန်၊ သြစတြေးလျနဲ့ ကနေဒါတို့ကလည်း ဒဏ်ခတ်ပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။
Mytelနဲ့ MECtelတို့ဟာ စစ်တပ်အတွက် အခွန်ဝင်ငွေရှာပေးနေတဲ့အပြင် ၎င်းတို့ကို ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးထောက်လှမ်းရေးမှာလည်းသုံးတာကြောင့် စစ်တပ်ကကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အားပေးနေတယ်လို့လည်း သိရပါတယ်။
Facebookဟာ Mytelနဲ့အခြားစစ်တပ်ပိုင်စီးပွါးရေးလုပ်ငန်းအကောင့်တွေကို အကြိမ်ကြိမ်ဖယ်ရှားခဲ့ပေမဲ့ ၎င်းတို့ရဲ့ထုတ်ကုန်တွေ၊ဝန်ဆောင်မှုတွေကို ကြေငြာရောင်းချရန် နာမည်အမျိုးမျိုးပြောင်းလဲကာ ဖော်ထုတ်ခံရမှုကိုရှောင်ရှားနေပြီး စစ်တပ်ဝါဒဖြန့်ချီရေးကို အခြားလူမှုမီဒီယာတွေမှ ဖယ်ရှားထားတာကြောင့်လည်း စစ်တပ်ရဲ့ အမုန်းစကားနဲ့သတင်းမှားထုတ်လွှင့်မှုတွေကို ကန့်သတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမတိုင်မှီ စစ်တပ်ရဲ့ MRTV ဗီဒီယိုထုတ်လွှင့်တဲ့ ပလက်ဖောင်းတွေဖြစ်တဲ့ Twitch၊Kickတို့မှဖယ်ရှားသလို MWDကိုလည်း Tiktokကဖယ်ရှားခဲ့ပေမဲ့လည်း စစ်တပ်ရဲ့အွန်
လိုင်းတည်ရှိမှုကို ပိတ်ပင်နိုင်ရန်၊ စစ်တပ်ရဲ့ စီးပွါးရေးလုပ်ငန်းများကို Alphabet၊Apple၊ Tiktokနဲ့ Telegramတို့မှ ပိတ်ပင်တားဆီးပေးရန်အတွက် တောင်းဆိုကြောင်း Justice For Myanmarက ထုတ်ပြန်ထားပါတယ်။

👍8
ခက်ခဲနေချိန်မှာ တရုတ်ဆီက ဆန်အကူအညီရလို့ ကျူးဘား ကျေးဇူးတင် စကားဆို
BBM - မေ ၂၆
ကျူးဘားနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတဲ့အချိန်မှာပဲ တရုတ်နိုင်ငံ ဆန်တန်ချိန် စုစုပေါင်း ၆ သောင်းလောက် ပေးပို့ဖို့ရှိနေပြီး အဲဒီထဲက ပထမဆုံးအသုတ် ရောက်ရှိလာပြီဖြစ်ကြောင်း ကျူးဘားအစိုးရက ကြေညာထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ရက်နေ့က ကျူးဘားသမ္မတ မီဂွယ် ဒီယက်ဇ်-ကာနယ်က ပထမဆုံးအသုတ်အနေနဲ့ ဆန်တန်ချိန် ၁ သောင်း ၅ ထောင် တင်ဆောင်လာတဲ့ သင်္ဘောဟာ မေလ ၂၄ရက်နေ့က ဟာဗားနား (Havana) ဆိပ်ကမ်းကို ဆိုက်ရောက်နေပြီဖြစ်ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
သူက တရုတ်နိုင်ငံကို "အထူးပဲ ကျေးဇူးတင်ရှိကြောင်း" ပြောခဲ့သလို သူ့အစိုးရအပေါ် ဖိအားပေးနေတာတွေကို ကန့်ကွက်ရှုတ်ချပေးခဲ့တဲ့ ဥရောပပါလီမန် အမတ်တွေကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။
ဒီနှစ် ဇန်နဝါရီလကစပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဒုတိယမြောက် သက်တမ်းအောက်မှာ ပေါ်လစီတွေ ပိုတင်းမာလာခဲ့ပြီး ကျူးဘားအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကိုလည်း ပိုတိုးပြီး လုပ်လာခဲ့တာပါ။
ဒါနဲ့ပတ်သက်လို့ ကျူးဘားသမ္မတ ဒီယက်ဇ်-ကာနယ်က "ကျွန်တော်တို့ ပြည်သူတွေအပေါ် အုပ်စုလိုက် ဒဏ်ခတ်အရေးယူနေတာတွေကို ပြတ်ပြတ်သားသားနဲ့ ထင်ထင်ရှားရှား ကန့်ကွက်ရှုတ်ချပေးတဲ့အတွက် ပြီးတော့ အခုလို တစ်သားတည်း ရပ်တည်ကူညီပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်" လို့ ရေးသားခဲ့ပြီး ကျူးဘား ကြုံတွေ့နေရတဲ့ အခြေအနေဟာ "လူမျိုးတုံး သတ်ဖြတ်မှု" နဲ့တောင် တူနေပြီလို့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။
တစ်ဖက်မှာလည်း ထရမ့်က လက်တင်အမေရိက ဒေသတွင်းမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးထွားလာနေတာကို တားဆီးဖို့ ကြိုးစားနေပေမဲ့ ကျူးဘားကတော့ အခုလို အခက်အခဲတွေကြားထဲမှာ အာရှအင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်ရဲ့ အကူအညီကိုပဲ ပိုပြီး အားကိုးလာရတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ကျူးဘားရဲ့ ဟောင်းနွမ်းနေတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို အဆင့်မြှင့်တင်ဖို့နဲ့ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကနေ ကူးပြောင်းနိုင်ဖို့အတွက် ဆိုလာပြားတွေကိုလည်း လှူဒါန်းပေးထားပါသေးတယ်။
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ရဲ့ အဆိုအရ လက်ရှိမှာ ကျူးဘားဟာ သူတို့သုံးနေတဲ့ ရေနံလိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးကို ပြည်ပကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနှစ်ဆန်းပိုင်းကစပြီး ထရမ့်အစိုးရက ကျူးဘားဆီ ရေနံတင်ပို့မှုကို ပိတ်ဆို့ ဖြတ်တောက်လိုက်ပါတယ်။
ဒီလို လက်တွေ့ဖြစ်လာတဲ့ ရေနံပိတ်ဆို့မှုဟာ ဇန်နဝါရီလ ၃ ရက်နေ့ နောက်ပိုင်းမှာ ချက်ချင်း စတင်ခဲ့တာပါ။
အဲဒီနေ့တုန်းက အမေရိကန်ဟာ ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရိုကို ဖမ်းဆီးထိန်းသိမ်းဖို့အတွက် စစ်ရေးအရ စစ်ဆင်ရေးတစ်ခုကို စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးပြီးတာနဲ့ ထရန့်က ဗင်နီဇွဲလားကနေ ကျူးဘားဆီ ရေနံတွေ၊ ငွေကြေးတွေ နောက်ထပ် မလွှဲပြောင်းပေးဖို့ ပိတ်ပင်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။
ဇန်နဝါရီလကုန်ပိုင်းမှာတော့ သူက သမ္မတအမိန့်တစ်ရပ် ထပ်ထုတ်ပြန်ခဲ့ပြီး ကျူးဘားဟာ အမေရိကန်အတွက် ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ သတ်မှတ်လိုက်သလို ကျူးဘားဆီ ရေနံပံ့ပိုးပေးမယ့် ဘယ်နိုင်ငံကိုမဆို စီးပွားရေးအရ အရေးယူဒဏ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ရုရှားရေနံတင်သင်္ဘော တစ်စီးတည်းပဲ ကျူးဘားကျွန်းဆီ ရောက်လာခွင့်ရခဲ့တာပါ။
ဒီလအစောပိုင်းမှာတော့ ကျူးဘား စွမ်းအင်ဝန်ကြီး ဗီဆင်းတေး ဒီလာအို လီဗီက နိုင်ငံထဲမှာ ရေနံလက်ကျန် လုံးဝပြတ်တောက်သွားပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
ကျူးဘားမှာ လျှပ်စစ်မီးခဏခဏပျက်တာက ဆန်းတဲ့ကိစ္စမဟုတ်ပေမဲ့ အခုနောက်ဆုံးကြုံရတဲ့ အကျပ်အတည်းကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးလိုင်းတွေအကုန် ပြတ်တောက်သွားစေခဲ့ပါတယ်။
ဒါ့အပြင် ဒေသအတော်များများမှာ သယ်ယူပို့ဆောင်ရေးနဲ့ ဆေးဝါးကုသမှုအပါအဝင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေပါ အကုန်လုံး ရပ်တန့်ကုန်တဲ့အထိ ဖြစ်သွားခဲ့ရတာပါ။
ဒါပေမဲ့လည်း ထရမ့်ကတော့ ကျူးဘားရဲ့ ကွန်မြူနစ်အစိုးရကို ဖြုတ်ချပြီး အစိုးရအပြောင်းအလဲဖြစ်အောင် တွန်းအားပေးတဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဆက်တိုက် ဖိအားပေးလုပ်ဆောင်နေပါတယ်။
မီဒီယာတွေရဲ့ ဖော်ပြချက်အရ ထရမ့်ဟာ သမ္မတ ဒီယက်ဇ်-ကာနယ်ကို ရာထူးကနေ နှုတ်ထွက်စေချင်နေတာပါ။
သူက ဗင်နီဇွဲလားမှာလိုမျိုး အခြေအနေမျိုးဖြစ်လာရင် လက်ခံမယ့်သဘောရှိပြီး အဲဒါကတော့ ဗင်နီဇွဲလားသမ္မတ မာဒူရိုကိုပဲ ဖယ်ရှားပြီး ကျန်တဲ့သူ့အစိုးရအဖွဲ့ကိုတော့ ဒီအတိုင်း ဆက်ထားလိုက်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
ထရမ့်က ကျူးဘားဘက်ကသာ သူ့တောင်းဆိုချက်တွေကို မလိုက်လျောရင် စစ်ရေးအရ အရေးယူဖို့အထိ စဉ်းစားနိုင်တယ်လို့ ခဏခဏ ပြောဆိုနေပေမဲ့ သူ့အစိုးရအဖွဲ့ဘက်ကတော့ ကျူးဘားကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး တစ်ယောက်တစ်မျိုးနဲ့ ဝေဝေဝါးဝါး သတင်းစကားတွေပဲ ပါးနေပါတယ်။

👍3
"တခြားသမ္မတတွေကတော့ ဒီကိစ္စကို နှစ်ပေါင်း ၅၀၊ ၆၀ လောက်ပဲ စောင့်ကြည့်ပြီး တစ်ခုခုလုပ်ဖို့ ကြိုးစားခဲ့ကြတာ။ ဒါပေမဲ့ ကျွန်တော်ကပဲ ဒါကို တကယ်အကောင်အထည်ဖော်မယ့်သူ ဖြစ်လာလိမ့်မယ် ထင်တယ်" လို့ ထရန့်က ပြီးခဲ့တဲ့အပတ်က သမ္မတရုံးခန်း (Oval Office) ကနေ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း နှစ်နိုင်ငံကြား ဆွေးနွေးညှိနှိုင်းမှုတွေကတော့ ပိုပြီး တင်းမာသွားဖို့ပဲ ရှိပါတယ်။
ဒါဟာ ၁၉၉၆ တုန်းက ကျူးဘားကနေ ထွက်ပြေးတိမ်းရှောင်သွားသူတွေ မောင်းနှင်တဲ့ လေယာဉ်နှစ်စီးကို ပစ်ချခဲ့မှုနဲ့ပတ်သက်ပြီး ကျူးဘားသမ္မတဟောင်း ရာအူးလ် ကက်စထရို (Raul Castro) ကို လူသတ်မှုနဲ့ တရားစွဲဆိုထားတယ်လို့ ထရမ့်အစိုးရက ထုတ်ဖော်ကြေညာခဲ့တာကြောင့်ပါ။
တကယ်တော့ ကျူးဘားဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက အမေရိကန်ရဲ့ ဘက်စုံစီးပွားရေးပိတ်ဆို့မှုကို ခံထားရတာဖြစ်ပြီး အဲဒီဒဏ်ကြောင့်ပဲ စီးပွားရေးက တော်တော်လေး ကျဆင်းခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်အရာရှိတွေဘက်ကတော့ ကျူးဘားအစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲမှု လွဲမှားတာတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေအပါအဝင် ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့်သာ အခုလိုဖြစ်ရတာလို့ အပြစ်တင်ထားပါတယ်။
ဒီလအစောပိုင်းတုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ထရန့်အစိုးရအနေနဲ့ ကျူးဘားကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ သန်း ၁၀၀ ပေးဖို့ ကမ်းလှမ်းထားတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အဲဒီလိုကူညီဖို့အတွက် ကျူးဘားဘက်က "ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ" လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တော့ ပါပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တင်ခဲ့တဲ့စာတွေထဲမှာတော့ သမ္မတ ဒီယက်ဇ်-ကာနယ်က ထရန့်ရဲ့ "အပြင်းထန်ဆုံး ဖိအားပေးမှု" ကမ်ပိန်းကို အရှုံးမပေးဘဲ တုံ့ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။
သူက "အမေရိကန်က လူအချို့ သွေးရူးသွေးတန်း လျှောက်အော်နေကြတဲ့ 'အပြင်းထန်ဆုံး ဖိအားပေးမှု' ဆိုတဲ့ ဗျူဟာဟာ ကျူးဘားအစိုးရ ပြိုလဲတော့မယ်ဆိုတဲ့ သတင်းအမှားတွေကို ဖန်တီးဖို့နဲ့၊ အဲဒီကတစ်ဆင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ လမ်းခင်းပေးဖို့အတွက်ပဲ ဖြစ်တယ်" လို့ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ကျူးဘားအနေနဲ့ အမေရိကန်ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ပိုပြီးတော့တောင် ခိုင်မာအောင် ဆက်လုပ်သွားမယ်လို့ ဒီယက်ဇ်-ကာနယ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
သူက "အခုလို အကျပ်အတည်းဖြစ်နေတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့နှစ်နိုင်ငံကြားက တန်ဖိုးထားရတဲ့ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု သံယောဇဉ်တွေဟာ ပိုပြီးတော့တောင် ခိုင်မြဲလာပါတယ်" လို့လည်း ပြောခဲ့ပါသေးတယ်။
Reference - Al Jazeera
Photo - Al Jazeera
Translation - Richard
https://www.facebook.com/share/p/1HabKQt1uM/

👍4❤1
ရခိုင်ကမ်းရိုးတန်းမှာ ဇွန်လဆန်းအတွင်း မုန်တိုင်းဖြစ်လာနိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူတွေ ခန့်မှန်းနေ
BBM - မေ ၂၆
သတင်း - ဧက
ဧရာဝတိတိုင်းကိုဖြတ်ကျော်လာမယ့် လေဖိအားနည်းဆဲလ်တွေဟာ ဇွန်လပထမပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကိုရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ခန့်မှန်းနေကြပါတယ်။
ဒီကနေ့ မေလ ၂၅ ရက်တိုင်းထွာချက်အရ ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်လာမယ့် အလွန်အားကောင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းရဲ့ ဆွဲအားကြောင့် ဟိုင်းကြီးကလမ်းလွန်နဲ့ ဘင်္ဂလားပင်လယ်မှာ လေဖိအားနည်းဆဲလ်တွေအစပျိုးလာမှာဖြစ်တယ်လို့ ဆိုကြပါတယ်။
အဲ့ဒီဆဲလ်တွေဟာ မေလ ၃၁ ရက်မှာ မုတ္တမကွေ့တစ်ဝိုက်မှာအစပျိုးပြီးနောက်ရက်မှာတော့ မြစ်ဝကျွန်းပေါ်ကိုဖြတ်ကာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မြောက်ဘက်ကိုရွေ့လျားသွားမှာဖြစ်တယ်ဆိုပြီး ခန့်မှန်းထားကြတာပါ။
မြောက်ဘက်ကိုရွေးလျားရာတစ်လျှောက် ဇွန်လ ၄ ရက်မှာ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ကိုရောက်ရှိလာနိုင်ပြီး ဇွန်လ ၅ ရက် မာန်အောင်၊ ကျောက်ဖြူကမ်းလွန်အရောက်မှာတော့ ပိုမိုအားကောင်းလာပြီး ဇွန်လ ၆ ရက်မှာ စစ်တွေကမ်းခြေနားကနေ ဖြတ်ကျော်သွားမှာဖြစ်တယ်ဆိုပြီး ခန့်မှန်းထားကြတာဖြစ်ပါတယ်။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့ဟာ ဒီမုန်တိုင်းအစိုဓာတ်နဲ့ လေပြင်းပင့်တင်ရာလမ်းကြောင်းထဲကို တိုက်ရိုက်ကျရောက်နေတယ်လို့ မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ကအသိပေးထားပါတယ်။
ဒီမုန်တိုင်းရဲ့သက်ရောက်မှုကြောင့် ရခိုင်ကမ်းရိုးတန်းနဲ့ ချင်းပြည်နယ်တို့မှာ မိုးအလွန်များတာ၊ လေပြင်းတိုက်ခတ်တာနဲ့ တောင်ကျချောင်းရေလျံတာ၊ ရုတ်တရက်ရေကြီးတာတွေဖြစ်နိုင်တယ်လို့သိရပါတယ်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္ဿာရီတိုင်းတို့မှာတော့ မုတ်သုံလေစီးကြောင်းကို မုန်တိုင်းဆွဲအားက ထပ်ဆင့်ပင့်တင်ပေးသလိုဖြစ်တာကြောင့် နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာရွာသွန်းမယ့်အပြင် ကမ်းရိုးတန်းတစ်လျှောက်နဲ့ ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းကျရောက်မှုဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
https://www.facebook.com/share/p/1FSkq6mETd/

👍6😱1
ကွန်ဂိုမှာ အလောင်းလာလုတဲ့ လူငယ်တွေကြောင့် အီဗိုလာဆေးရုံမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွား
BBM - မေ ၂၆
ကွန်ဂိုနိုင်ငံအရှေ့ပိုင်းက အီဗို
လာဗိုင်းရပ်စ် အဆိုးဆုံးဖြစ်နေတဲ့ ဒေသတစ်ခုမှာ မေလ ၂၅ရက်နေ့ ညနေပိုင်းက စိတ်ဆိုးဒေါသထွက်နေတဲ့ လူငယ်တစ်စု ဆေးရုံထဲကို အတင်းဝင်စီးခဲ့ကြတယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အဆိုဖြစ်စဥ်မှာ သေနတ်သံတွေပါ ထွက်ပေါ်လာတာကြောင့် ဆေးရုံဝန်ထမ်းတွေဟာ လူနာတွေကို ခက်ခက်ခဲခဲရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဘယ်သူဘယ်ဝါ ထိခိုက်ဒဏ်ရာရသွားတယ်ဆိုတာကိုတော့ ချက်ချင်းမသိရသေးပါဘူး။
ဒါပေမဲ့ Mongbwalu အထွေထွေရောဂါကုဆေးရုံရဲ့ ဒါရိုက်တာဖြစ်သူ ဒေါက်တာ ရစ်ချက်လိုကူဒူက အဲ့ဒီလူငယ်တွေဟာ ဆေးရုံမှာသေဆုံးသွားတဲ့ သူတို့ဆွေမျိုးနှစ်ယောက်ရဲ့ ရုပ်အလောင်းကို လာတောင်းတာလို့ AP သတင်းဌာနကို ပြောပြခဲ့ပါတယ်။
ဒေါက်တာ လိုကူဒူက ဖုန်းနဲ့ဖြေကြားရာမှာ "သေနတ်သံတွေ ကြားနေရတယ်၊ ဆရာတို့လည်း လူနာတွေနဲ့ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ဖို့ ကြိုးစားနေရတယ်" လို့ ပြောပြီး၊ ဆေးရုံတစ်ခုလုံး အရေးပေါ်အခြေအနေ ကြေညာထားရပေမဲ့ အခြေအနေတွေက အရမ်းရှုပ်ထွေးနေတုန်းပဲလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဆေးရုံဝန်ထမ်းတွေ ဆေးဝါးပစ္စည်းမလုံလောက်မှုကြားက အီဗိုလာလူနာတွေကို အသည်းအသန် ကုသပေးနေရတဲ့ ဆေးရုံတွေပေါ် တစ်ပတ်အတွင်း တတိယအကြိမ်မြောက် အကြမ်းဖက်ခံရတာလည်း ဖြစ်ပါတယ်။
လက်ရှိ အီဗိုလာကူးစက်မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာက စိုးရိမ်ရတဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာထားရတာပါ။
အီဗိုလာရောဂါနဲ့ သေဆုံးသွားတဲ့သူတွေရဲ့ ရုပ်အလောင်းဟာ ကူးစက်နိုင်ခြေ အရမ်းမြင့်မားပါတယ်။ အသုဘပြင်ဆင်တာ ဒါမှမဟုတ် ဈာပနမှာ လူစုလူဝေးလုပ်တာတွေကနေ ရောဂါပိုပြန့်ပွားစေနိုင်ပါတယ်။
ဒီပြဿနာကို ထိန်းချုပ်ဖို့ ကွန်ဂိုအာဏာပိုင်တွေက သေဆုံးသူတွေရဲ့ အလောင်းကို အစိုးရအဖွဲ့အစည်းတွေကပဲ စနစ်တကျ သင်္ဂြိုဟ်ပေးဖို့ သတ်မှတ်ထားပါတယ်။
ဒါပေမဲ့ ဒါကို သေဆုံးသူတွေရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက လက်မခံဘဲ ဆန္ဒပြကန့်ကွက်နေကြတာပါ။
ပြီးခဲ့တဲ့ မေလ ၂၃ရက်နေ့က ဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးဖို့အတွက် ကွန်ဂိုအရှေ့မြောက်ပိုင်းမှာ လူ ၅၀ ထက်ပိုတဲ့ ဈာပနအခမ်းအနားတွေနဲ့ လူစုလူဝေးတွေကို ပိတ်ပင်တားမြစ်ထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
Reference - Ap News
Photo - Ap News
Translation - Alice
https://www.facebook.com/share/p/1Ga3XJfg43/

👍5😱2
စစ်တွေမြို့မှာ ညအပြင်ထွက်ရင် ပစ်မိန့်ထုတ်ပြန်ထားတာကြောင့် မြိုခံတွေ စိုးရိမ်မှုမြင့်တက်
BBM - မေ ၂၆
သတင်း - နိုင်နိုင်
စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မှာ ညမထွက်ရအမိန်နဲ့အတူ ပစ်မိန့်ကိုပါ တစ်ပါတည်းထုတ်ပြန်ထားတာကြောင့် မြို့ခံတွေမှာ စိုးရိမ်မှုမြင့်တက်နေတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။
အာရက္ခတပ်တော် AA ဟာ စစ်တွေမြို့ကို ထိုးစစ်အရှိန်မြင့် တိုက်ခိုက်လာနေတာကြောင့် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလတတိယ အပတ်ကတည်းကနေ ညမထွက်ရအမိန့်ကို ထပ်မံထုတ်ပြန်လိုက်ပြီး ညအပြင်ထွက်ရင် ပစ်မိန့်ကိုပါ ပူးတွဲထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ရဲ့ ထုတ်ပြန်ချက်ကြောင့် မြို့ပေါ်မှာ ပိတ်မိနေကြတဲ့ စစ်တွေဒေသခံတွေမှာ စိုးရိမ်ထိတ်လန့်ကာ နေထိုင်နေကြရတယ်လို့ စစ်တွေဒေသခံအမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။
"ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုတော့ အရင်ကတည်းက ထုတ်ပြန်ထားတာရှိပါတယ်။ ဒီလမှာပဲ ထပ်မံသက်တမ်းတိုးလိုက်တာပါ။ အဲဒီအထဲမှာ ညအပြင်ထွက်တဲ့အခါ တွေ့လို့ရှိရင် ပစ်မိန့်ကိုပါ တစ်ပါတည်း ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုထုတ်ပြန်လိုက်တော့ မြို့ပေါ်ကလူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေကြပါတယ်" လို့ အဆိုပါ အမျိုးသားက ပြောပါတယ်။
စစ်ကောင်စီတပ်က ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ဟာ ညနေ ၉ နာရီကနေ အာရုဏ်တက်ချိန် နံနက် ၄ အထိဖြစ်ပြီး ပစ်မိန့်ကိုတော့ ရပ်ကွက်အတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေတဆင့် ရပ်ကွက်သူ၊ ရပ်ကွက်သားတွေကို အကြောင်းကြားလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထုတ်ပြန်ချက်ကြောင့် မြို့ပေါ်မှာရှိကြတဲ့ ပြည်သူတွေဟာ ညနေအချိန် အရေးပေါ်ကျန်းမာရေးကိစ္စတွေ ပေါ်ပေါက်လာပါက အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိတဲ့သူတွေဆီက တစ်ဆင့်သွားသင့်တယ်လို့ စစ်တွေဒေသခံ လူငယ်တစ်ဦးက BBM ကို ပြောပါတယ်။
"စစ်တွေမှာ ကျန်ခဲ့တဲ့သူတွေက သက်ကြီးရွယ်အိုတွေ ကျန်ခဲ့တာများပါတယ်။ ညအချိန်ကျန်းမာရေးကိစ္စတစ်ခုခုဖြစ်ရင် ဒုက္ခရောက်ပါပြီ။ အခုက ပစ်မိန့်လည်းပါတာဆိုတော့ ဘယ်သူမှ ထွက်ရဲ့မှာမဟုတ်ဘူး။ အရေးပေါ်ဖြစ်ပြီးဆိုရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ယူပြီးမှ သွားရမယ်။ အဲလိုမှအဆင်ပြေပါမယ် " လို့ အဆိုပါ လူငယ်က ဆက်ပြောပါတယ်။
အလားတူ စစ်တွေမြို့ထဲမှာ မရှိဆင်းရဲသားတွေလည်း ကျန်ရစ်နေခဲ့တာဖြစ်ပြီး သူတို့တွေမှာ စားဝတ်နေရေးဖြေရှင်းဖို့အတွက် ညနေ ငါးရှာ၊ ဖားရှာထွက်ကြရသလို လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ ထုတ်ပြန်ချက်ကြောင့် မထွက်ဝံ့ကြဘူး ဖြစ်နေကြ တယ်လို့လည်း သိရပါတယ်။
စစ်တွေမြို့ပေါ်ကို အာရက္ခတပ်တော် AA က ဝိုင်းရံပိတ်ဆို့ထားတဲ့ အခြေအနေမှာ ရှိနေတာကြောင့် စစ်ကောင်စီတပ်ဟာ မြို့ပေါ်ကို လေကြောင်း၊ ရေကြောင်းကနေပါ စစ်အင်အားတွေ အဆက်မပြတ် တိုးချဲ့နေရာချထားတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တွေမြို့ ပတ်ပတ်လည်ကိုလည်း စစ်ကောင်စီတပ်က ခြံစည်းရိုးခတ်ကာ ဒေသခံတွေကို ပိတ်လှောင်ထားတာဖြစ်ပြီး စစ်တွေဟိုတယ်မှ ကမ်းနားတစ်လျှောက် စာတိုက်အနီးအနားထိကို ဘန်ကာတွေအများအပြား တိုးချဲ့ချထားတယ်လို့လည်း သိရပါတယ်။
Photos - Social Media
https://www.facebook.com/share/p/14cyLUaRByW/

👍10❤2
မြင်းခြံ-တောင်သာလမ်းပေါ်မှာ စကစ ကား(၂)စီးတိုက်ခိုက်မှု အရာရှိအပါ(၁၂)ဦးသေ
BBM - မေလ ၂၆
သတင်း - ကိုဘုဏ်း
မြင်းခြံမြို့အနီး မြင်းခြံ-တောင်သာလမ်းပေါ်မှာ စစ်ကောင်စီ၊ရဲနဲ့ ပျူများစီးလာတဲ့ ကား(၂)စီးကို တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ခဲ့တာကြောင့် စကစအရာရှိအပါ (၁၂)ဦးသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်းက ထုတ်ပြန်ကြေငြာထားပါတယ်။
ပြီးခဲ့တဲ့ မေလ (၂၄)ရက်နေ့က တောင်သာ- မြင်းခြံလမ်းအားအသုံးပြု၍ စကစတပ်များ သွားလာနေကြောင်း သတင်းရတာ ကြောင့်မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်းနှင့် မဟာမိတ်များမှ လမ်းပိုင်း စစ်ဆေးရေး ပြုလုပ်ပြီး ကင်းပုန်းစောင့်တိုက်ခိုက်ချေမှုန်ခဲ့တယ်လို့သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များက စစ်ဆေးမှု့များပြုလုပ်နေချိန် မြင်းခြံမြို့မှ ထွက်ခွာလာတဲ့ စစ်ကောင်စီ၊ပျူနဲ့ ရဲများစီးလာတဲ့ 4×4ကား (၁)စီး/ supercustomကား ၁စီးတို့ကို တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
တိုက်ခိုက်မူ့အတွင်း စစ်ကောင်စီနဲ့ လက်ပါးစေများစီးလာတဲ့ super custom ကား မှစကစအလောင်း များနဲ့ လက်နက်များ သိမ်းဆည်းရမိခဲ့ပြီး4×4ကားအားတိုက်ခိုက်ခဲ့သော်လည်း သေ ဆုံး ထိခိုက်များ၍ မြင်းခြံမြို့သို့ ပြန်လည်မောင်းနှင်းထွက်ပြေးသွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့များရဲ့တိုက်ခိုက်မူ့ကြောင့် စစ်သား၊ ရဲ ၊ပျူ (၄)လောင်းနှင့်အတူ MA1- (၁)လက်/ PA (၁) လတ် /M22 (၁)လက်/ ကာဘိုင် (၁)လတ်နှင့်အတူ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီးစကစ အရာရှိ (၁)ဉီးအပါအဝင် (၁၂)ဉီးသေဆုံးကြောင်းလည်းသိရှိရပါတယ်။
တိုက်ခိုက်မှုပြီးချိန်မှာစကစ ဘက်မှတပ်ကူ ကား များ၊ဒရုန်းကား များရောက်ရှိလာသဖြင့် တော်လှန် ရေးရဲဘော်များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မူ့ကိုမြင်းခြံခရိုင်အမှ(၁)တပ်ရင်း ၊အမှတ် (၂)တပ်ရင်း၊အမှတ် (၇)တပ်ရင်း၊မြင်းခြံမြို့နယ် ပကဖ( တိုက်နယ်၂)နှင့် နွားထိုးကြီးမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး မြင်းခြံခရိုင်အတွင်း ကာကွယ်ရေးအဖွဲ့ များ မှစစ်ကော်မရှင်ထံ ပူးပေါင်း သွားတဲ့ သစ္စာဖောက်များကိုလည်း ချေမှုန်းန်ိုင်ခဲ့တယ်လို့မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Photo-မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်း

❤7👍3
မင်းအောင်လှိုင်က သူအုပ်ချုပ်မည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင် ရွက်မယ်လို့ဆို
🟥PDF များလက်နက်ကိုင်ခြင်းက နိုင်ငံရဲ့ပညာရေးအားနည်းချက်ကို နိုင်ငံရေးသမားတွေက အမြတ်ထုတ်ခြင်းဖြစ်ဟုလည်းပြော
BBM-မေ၂၆
သတင်း-မင်းသော်
စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်အနေနဲ့ သူသမ္မတလုပ် အုပ်ချုပ်မည့် (၅)နှစ်တာ ကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် မျှော်မှန်းချက်ထားပြီး ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားတယ်လို့ သိရပါတယ်။
မေလ၂၆ ရက်နေ့(ဒီနေ့) နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအစည်းအဝေးအတွင်း မင်းအောင်လှိုင်က နိုင်ငံရဲ့ လုံခြုံရေး၊ပညာရေးအကြောင်းပြောရာမှာ ၎င်းစတင်တာဝန်ယူခဲ့တဲ့အချိန်ကစပြီး ရက်ပေါင်း၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းတွေဆောင်ရွက်ဖို့ ဖိတ်ခေါ်ပြီးလက်ရှိ EAOတွေနဲ့ အောက်ခြေမှာ ထိတွေ့ဆောင်ရွက်မှုတွေရှိနေတယ်လို့ဆိုကာ PDFများအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲက နိုင်ငံရေးဖြစ်စဥ်တွေကို လက်မခံဘဲ လက်နက်ကိုင်ကြခြင်းဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
ဒီလိုဖြစ်လာရခြင်းက တိုင်းပြည်ရဲ့ပညာရေးအားနည်းချက်ကို ပြည်တွင်း၊ပြည်ပ နိုင်ငံရေးသမားတွေက ၎င်းတို့ကိုယ်ကျိုးအတွက် သွေးထိုးလှုံ့ဆော်ပြီး အသုံးချလုပ်ဆောင်ခဲ့တာကြောင့် ၎င်းအနေနဲ့ နိုင်ငံပညာရေးကို မဖြစ်မနေပြုပြင်ပြောင်းလဲဖို့ အကြိမ်များစွာ ပြောကြားခဲ့ခြင်းဖြစ်တယ်လို့လည်း ပြောပါတယ်။
ပညာရေးဖွံ့ဖြိုးတိုးတက်စေဖို့က တည်ငြိမ်အေးချမ်းဖို့လိုအပ်တာမို့ လာမဲ့(၅)နှစ်တာ ကာလအတွင်း ထာဝရငြိမ်းချမ်းရေးရဖို့ မျှော်မှန်းချက်ထားကာ ကြိုးပမ်းဆောင်ရွက်မှာဖြစ်ပြီး ၎င်းတို့က ဘယ်လောက်ပဲကြိုးစားနေပါစေ လက်နက်ကိုင်အဖွဲ့တွေက ယုံကြည်ချက်၊ခံယူချက်ရှိစွာနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့လည်း ပြောဆိုထားပါတယ်။
အဆိုပါအစည်းအဝေးအတွင်း နောက်ထပ်လည်း မင်းအောင်လှိုင်က နိုင်ငံတကာဆက်ဆံရေး၊ အလုပ်အကိုင်ရရှိရေး၊ ကျောင်းနေအရွယ်ကလေးငယ်တွေ ပညာသင်ကြားနိုင်ရေးနဲ့ ချင်းပြည်နယ် အတွင်းထိခိုက်တဲ့ ပြည်သူပိုင်အဆောက်အဦးတွေကို ပြန်လည်ထူထောင်ရေးသာမက အားကစားကဏ္ဍမြှင့်တင်ခြင်းတွေကိုပါ ထည့်သွင်းပြောခဲ့ပြီး တော်လှန်ရေးအင်အားစုတွေအပေါ် ပြစ်တင်ရှုတ်ချမှုတွေလည်း ပြုလုပ်သွားတယ်လို့ သိရပါတယ်။

😁9
မြင်းခြံ-တောင်သာလမ်း တိုက်ခိုက်မှုမှာ စစ်တပ် ထံသွားပေါင်းတဲ့ တော်လှန်ရေးရဲဘော်ဟောင်း (၂) ဦးအပါ စကစအလောင်း (၄)လောင်းရ
BBM-မေ၂၆
သတင်း-မင်းသော်
မြင်းခြံမြို့နယ်အတွင်းက မြင်းခြံ-တောင်သာလမ်းပိုင်း တိုက်ခိုက်မှုအတွင်း စစ်တပ်နဲ့သွား ရောက်ပူးပေါင်းတဲ့ တော်လှန်ရေးရဲဘော်ဟောင်း (၂)ဦးအပါ စကစ အလောင်း (၄)လောင်းနဲ့ လက်နက်(၄)လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့မြင်းခြံခရိုင်တပ်ရင်း(၁) ထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ၂၄ ရက်နေ့ကတည်းက တော်လှန် ရေးအင်အားစုတွေက မြင်းခြံ-တောင်သာလမ်းမှာ စကစ အသွားအလာရှိတာကြောင့် ရှောင်တခင်စစ်ဆေးနေစဥ်မှာ စစ်ကောင်စီကား(၂)စီးရောက်လာကာ ပစ်ခတ်မှုဖြစ်ပြီး စကစ (၁၂)ဦးထိသေဆုံးတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအဖွဲ့ဝင်တချို့ဟာ ရှောင်တခင်စစ်ဆေးရာနေရာမတိုင်မှီ ကြိုတင်ကင်းပုန်းဝပ်ထားကြပြီး စစ်ကောင်စီကား(၂)စီးကလည်း ရှောင်တခင်စစ်ဆေးနေတာကိုတွေ့တာကြောင့် ကင်းပုန်းဝပ်ရာနေရာတည့်တည့်မှာပဲ ကားရပ်လိုက်တာကြောင့် ကင်းပုန်းဝပ်သူတော်လှန်ရေးအင်အားစုတွေက လက်ဦးမှုယူပစ်ခတ်နိုင်ခဲ့ကာ စကစ အလောင်း(၄)လောင်း၊လက်နက် (၄)လက်နဲ့ ကား(၁)စီးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးအဖွဲ့တွေရရှိလိုက်တဲ့ စကစဘက်မှ အလောင်း(၄)လောင်းအတွင်း စစ်ကောင်စီထံ အညံ့ခံသွားရောက်ပူးပေါင်းခဲ့တဲ့ သစ္စာဖောက် တော်လှန်ရေးရဲဘော်ဟောင်း(၂)ဦးပါဝင်တယ်လို့ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်းမှ ကိုဝမ်းတူးက BBM ကိုပြောပါတယ်။
"ကျွန်တော်တို့က သတင်းရလို့ စစ်တာကတစ်နေရာပေါ့ ကင်းပုန်းက ကြိုပြီး ချထားပီသား၊ ကားတွေက ကင်းပုန်းရှေ့ ပထမ တစ်စီးလာရပ်တာ၊ ကင်းပုန်းအဖွဲ့ က စပြီးတိုက်လိုက်တာ ပထမ ကားသမားမှန်ပြီး ပစ်ခတ်ရှင်းလင်းတာ၊အလောင်း၄ လောင်းအလက်လေးလက်ရတယ်၊ အလောင်း(၄) လောင်းထဲ စကစ ထံ အညံ့ခံသွားတဲ့ ရဲဘော်ဟောင်းအောင်ကြီးနဲ့ ချေဆေး ဆိုတဲ့ နှစ်ကောင်လည်းပါပါတယ်"
အဆိုပါ ကားအပြင် နောက်ကပါလာတဲ့ စကစ ကားကိုလည်း တော်လှန်ရေးအဖွဲ့တွေက လိုက်လံပစ်ခတ်ခဲ့ပေမဲ့လည်း ပြန်မောင်းပြေးသွားတာကြောင့် အ လောင်း၊လက်နက်တွေထပ်မံမရရှိပေမဲ့ စုစုပေါင်း စကစ အရာရှိ(၁)ဦးအပါ (၁၂)ဦးအထိ သေဆုံးမှုများတယ်လို့လည်း ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း၊အမှတ်(၂)တပ်ရင်း၊ အမှတ်(၇)တပ်ရင်း၊ မြင်းခြံမြို့နယ် ပကဖ(တိုက်နယ်၂)နဲ့ နွားထိုးကြီးမြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
Photo- တိုက်ပွဲအတွင်းပုံ
https://www.facebook.com/share/p/1Tw9MRwGje/

BBM News
မြင်းခြံ-တောင်သာလမ်း တိုက်ခိုက်မှုမှာ စစ်တပ် ထံသွားပေါင်းတဲ့ တော်လှန်ရေးရဲဘော်ဟောင်း (၂) ဦးအပါ စကစအလောင်း (၄)လောင်းရ
BBM-မေ၂၆
သတင်း-မင်းသော်
မြင်းခြံမြို့နယ်အတွင်းက မြင်းခြံ-တောင်သာလမ်းပိုင်း...

သွေးသစ္စာသီချင်းဟာ စစ်ချီတေးမဟုတ်ဘူးလို့ စစ်တပ် CDM တွေဖွင့်ဟ
BBM - မေ ၂၇
သတင်း - ဧက
လူထုလှုပ်ရှားမှုတွေတိုင်း ပြည်သူရဲ့စိတ်ဓာတ်ကိုမြှင့်တင်ဖို့ရေးစပ်ထားတဲ့ သွေးသစ္စာသီချင်းကို စစ်တပ်ကခိုးယူကာ စစ်ချီတေးဆိုပြီး တွင်တွင်ပြောနေပေမယ့် ဒီသီချင်းဟာ စစ်ချီတေးမဟုတ်ဘူးလို့ စစ်တပ် CDM အသိုင်းအဝိုင်းက ဖွင့်ဟလိုက်ပါတယ်။
စစ်တပ်ထဲမှာ နှစ်ပေါင်း ၂၀ ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ CDM အရာရှိတစ်ဦးက သူစစ်သားဘဝတစ်လျှောက်လုံးသင်ခဲ့တဲ့ရတဲ့စစ်ချီတေးတွေထဲမှာ ဒီသီတင်းမပါဘူးလို့ ဆိုပါတယ်။
စစ်တပ်က သွေးသစ္စာသီချင်းသံစဉ်ရော စာသားအများစုကိုခိုးယူကာ စားသားအနည်းငယ်ပြောင်းပြီး စစ်သားသွေးနီရှေ့သို့ချီ ဆိုတဲ့ သီချင်းခေါင်းစဉ်နဲ့ စစ်ချီတေးအဖြစ် စစ်တပ်ရော၊ စစ်တပ်လော်ဘီတွေကပုံဖော်နေကြတာဖြစ်ပါတယ်။
"ကျွန်တော်အကြမ်းဖက်စစ်တပ်ထဲမှာ အနှစ် ၂၀ နေခဲ့တယ်။ ပြီးရင်လဲ စစ်သင်တန်းတွေတော်တော်များများလည်းတက်ခဲ့ရတာတွေရှိတယ်။ စစ်သင်တန်းတွေ၊ တော်လှန်ရေးနေ့လိုနေ့တွေမှာ စစ်သီချင်းတွေကမဆိုမဖြစ်ဆိုကိုဆိုရတယ်။ စစ်သီချင်းတွေအားလုံးကိုလည်း အခြေခံစစ်ပညာသင်တန်းထဲက မရရအောင် လေ့ကျင့်ပြီးတော့သင်ပေးတယ်။ ဒီသီချင်းကိုတော့ လုံးဝမဆိုခဲ့ဖူးဘူး။ ဒီသီချင်းကစစ်ချီတေးလည်းမဟုတ်ဘူး။ စစ်သည်တေးလဲမဟုတ်ဘူး"လို့ CDM အရာရှိတစ်ဦးကပြောပါတယ်။
အဲ့ဒီ သွေးသစ္စာသီချင်းဟာ ၁၉၈၉ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာ တေသံရှင်ထူးအိမ်သင်က ကိုယ်တိုင်ရေးသားဖန်တီးခဲ့တာဖြစ်ပြီး ၁၉၉၂ မှာတော့ အဆိုတော်မွန်းအောင်က ဘန်ကောက်မှာအသံသွင်းကာ တော်လှန်ရေးလှုံ့ဆော်တေးအဖြစ် သီဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေတိုင်းမှာ လူထုစိတ်ဓာတ်ကိုမြှင့်တင်ဖို့ ရေးဖွဲ့ထားတဲ့ သွေးသစ္စာသီချင်းကိုသီဆိုခဲ့ကြပြီး စစ်တပ်ဝါဒဖြန့်ချီရေးဌာနက စာသားတချို့ပြောင်းလဲကာ နာမည်ပြောင်းထုတ်လွှင့်ခဲ့တဲ့အပေါ် မူရင်းအဆိုတော်မွန်းအောင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်ထားပါတယ်။
အဲ့ဒီသီချင်းကို စစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးရဲ့ အစီအစဉ်နဲ့ စာသားတချို့ပြောင်းလဲပြီး စစ်သားသွေးနီရှေ့သို့ချီ ဆိုတဲ့နာမည်နဲ့ စစ်တပ်ပိုင်မြဝတီရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
"လက်ရှိအခြေအနေမှာ စစ်ရေးအရ စစ်တပ်ဘက်က အသာစီးရလာတာတွေရှိတယ်။ အဲ့ဒီလိုရှိလာချိန် တော်လှန်ရေးဘက်ကို ရည်ရွယ်ချက်ရှိရှိဦးနှိမ်ချင်လို့ အခုလိုအချိန်ကိုက်ပြုလုပ်တာဖြစ်နိုင်တယ်"လို့ CDM ဗိုလ်ကြီးတစ်ဦးက သုံးသပ်ပါတယ်။
သွေးသစ္စာသီချင်းကို စစ်တပ်ကအရှက်သိက္ခာမဲ့စွာခိုးယူပြောင်းလဲပြီး ထုတ်လွှင့်ခဲ့တဲ့အပေါ် လူမှုကွန်ရက်စာမျက်နှာသုံးစွဲသူအများစုကလည်း ပြင်းပြင်းထန်ထန်လှောင်ပြောင်ဝေဖန်နေကြပါတယ်။
လူမှုကွန်ရက်သုံးစွဲသူအမျိုးသားတစ်ဦးက "စစ်တပ်က သွေးသစ္စာသီချင်းကိုတော့ ခိုးဆိုနေပြီ။ နောက်ဆို ရောင်နီသီချင်းလည်း ဆိုပါတော့မယ်ဗျာ"ဆိုပြီးပြောဆိုနေကြသလို နောက်တစ်ဦးကလည်း "သွေးသစ္စာခွေးဆွဲခံရ၊ ကမ္ဘာမကြေလည်းအမြန်ရှောင်"ဆိုပြီး လှောင်ပြောင်ရေးသားထားကြပါတယ်။
အဆိုတော်မွန်းအောင်ရဲ့ပြောပြချက်အရ စစ်တပ်ဟာ အဆိုတော်ထူးအိမ်သင်ရဲ့အနုပညာလက်ရာကို ခိုးယူပြီး သူတို့စိတ်ကြိုက်စာသားတွေညှပ်ထည့် အမြတ်ထုတ်နေတာဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကလည်း ကြံ့ဖွတ်ပါတီနဲ့ စစ်တပ်က ဝါဒဖြန့်ဖို့အတွက် ဒီသီချင်းကို စာသားပြင်ကာ လုပ်ကြံဖန်တီးဖူးခဲ့သေးတယ်လို့ သိရပါတယ်။
အဲ့ဒီတုန်းကလည်း စစ်တပ်က သမိုင်းကိုလိမ်ဖို့အတွက် ဓာတ်ပြားဟောင်းအတုတစ်ခုကိုဖန်တီးပြသဖူးပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က ရှင်းလင်းချေပခဲ့ပြီးဖြစ်သလို အတုအယောင်ဓာတ်ပြားတွေနဲ့ ဘယ်လောက်ပဲလိမ်ညာဖို့ကြိုးစားပါစေ သမိုင်းသက်သေရှိနေသမျှတော့ အတုကအစစ်ကိုမကျော်နိုင်ဘူးလို့ အဆိုတော်မွန်းအောင်က ရေးသားထားတာဖြစ်ပါတယ်။
https://www.facebook.com/share/p/1PjjcL39wR/

လူထုလှုပ်ရှားမှုတွေတိုင်း ပြည်သူရဲ့စိတ်ဓာတ်ကိုမြှင့်တင်ဖို့ရေးစပ်ထားတဲ့ သွေးသစ္စာသီချင်းကို စစ်တပ်ကခိုးယူကာ...

👍11
တောင်ကိုရီးယားက ၂၀၃၀ခုနှစ် အလွန်မှာ ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော အသုံးပြုဖို့ ရည်မှန်းထား
BBM - မေ ၂၇
တောင်ကိုရီးယားက မြောက်ကိုရီးယားရဲ့ ရေငုပ်သင်္ဘောသုံး နျူကလီးယားနဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို ပြန်တုံ့ပြန်ဖို့အတွက် စီမံကိန်းအသစ်တစ်ခု ရေးဆွဲနေတယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
အဲဒီစီမံကိန်းအရ ၂၀၃၀ ပြည့်လွန်နှစ်တွေရဲ့ အလယ်ပိုင်းလောက်မှာ ပထမဆုံး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို လွှတ်တင်ဖို့ ကြိုးစားသွားမယ်လို့ ကာကွယ်ရေးဝန်ကြီး အန်ဂယူဘတ် (Ahn Gyu-back) က မေလ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားဟာ နျူကလီးယားရေငုပ်သင်္ဘော ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းနိုင်ငံတွေထဲ ဝင်နိုင်ဖို့ ကြိုးစားနေတာ ကြာပါပြီ။
ဒီခြေလှမ်းက အာရှရဲ့ လုံခြုံရေးအခြေအနေကို ပုံစံတစ်မျိုး ပြောင်းလဲသွားစေနိုင်သလို ရေအောက် လက်နက်ပြိုင်ဆိုင်မှုကိုလည်း ပိုပြီး ပြင်းထန်လာစေနိုင်ပါတယ်။
တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) ကလည်း “ခိုင်မာတဲ့ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်အပေါ် အခြေခံပြီး တည်ဆောက်မယ့် ဒီနျူကလီးယားရေငုပ်သင်္ဘောဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကျွန်တော်တို့ ကိုယ်တိုင် တာဝန်ယူ စောင့်ရှောက်မယ်ဆိုတဲ့ ဆန္ဒကို ပြသလိုက်တာပဲ” လို့ နိုင်ငံရဲ့ အနာဂတ် ကာကွယ်ရေးဗျူဟာကို စိစစ်တဲ့ ကော်မတီမှာ ပြောခဲ့ပါသေးတယ်။
ကာကွယ်ရေးဝန်ကြီး အန်က တောင်ကိုရီးယားရဲ့ နျူကလီးယားရေငုပ်သင်္ဘော ပိုင်ဆိုင်ခွင့် ရရှိရေး အခြေခံအစီအစဉ်ကို ချပြရာမှာ ဒီရေငုပ်သင်္ဘောဟာ ယူရေနီယံအနိမ့်စား လောင်စာကိုပဲ သုံးမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ ပြည်တွင်းမှာပဲ ဒီဇိုင်းဆွဲ တည်ဆောက်သွားမယ်လို့ ပြောပါတယ်။
အဲဒီအပြင် ဒီစီမံကိန်းဟာ တောင်ကိုရီးယားရဲ့ နျူကလီးယားနည်းပညာ၊ သင်္ဘောကျင်းလုပ်ငန်းနဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းတွေကို အခြေခံပြီး အကောင်အထည်ဖော်သွားမှာ ဖြစ်သလို နျူကလီးယားလက်နက်တွေကို လုံးဝဝယ်ယူတာ ဒါမှမဟုတ် တီထွင်ထုတ်လုပ်တာမျိုး မလုပ်ဘူးဆိုတဲ့ ဆိုးလ်ရဲ့ ကတိကဝတ်ကိုလည်း ဆက်ပြီး ထိန်းသိမ်းသွားမှာပါလို့ သူက ဆိုပါတယ်။
သမ္မတ လီက အစိုးရအဖွဲ့အစည်းအဝေးမှာ ဒီစီမံကိန်းရဲ့ အရေးပါပုံကို အလေးအနက်ထား ပြောကြားခဲ့တာကြောင့် တောင်ကိုရီးယားရဲ့ နာမည်ကြီး သင်္ဘောကျင်းကုမ္ပဏီတွေဖြစ်တဲ့ Hanwha Ocean ရဲ့ ရှယ်ယာဈေးက ၁၀.၂ ရာခိုင်နှုန်း၊ HD Hyundai Heavy ရဲ့ ရှယ်ယာဈေးက ၉.၆ ရာခိုင်နှုန်းစီ အသီးသီး တက်ပြီး ဈေးပိတ်သွားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး အန်က နျူကလီးယားလက်နက်တွေ မပြန့်ပွားစေဖို့အတွက် လိုအပ်တဲ့ ယူရေနီယံအနိမ့်စား လောင်စာကို ရယူမယ့် လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ တောင်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်သလို၊ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) နဲ့လည်း အတူတူ လက်တွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီစီမံကိန်းအရ ပထမဆုံး ရေငုပ်သင်္ဘောကို ၂၀၃၀ ပြည့်လွန်နှစ်တွေရဲ့ အလယ်ပိုင်းလောက်မှာ စတင်လွှတ်တင်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ကာကွယ်ရေးဝန်ကြီး အန်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အစိုးရရဲ့ ပြောကြားချက်အရ နျူကလီးယားစွမ်းအင်သုံး မောင်းနှင်စနစ်ကြောင့် ဒီရေငုပ်သင်္ဘောအသစ်တွေဟာ အခုလောလောဆယ် တောင်ကိုရီးယားမှာ ရှိနေတဲ့ ရေငုပ်သင်္ဘောတွေထက် ရေအောက်မှာ အကြာကြီး ငုပ်လျှိုးနေနိုင်မှာ ဖြစ်သလို ပိုပြီးတော့လည်း လျင်လျင်မြန်မြန် သွားလာလှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။
Reference - The Straits Times
Photo - The Straits Times
Translation - Richard
https://www.facebook.com/share/p/1PFkUwEvnr/