သရက်ချောင်းမှာ စစ်တပ်က အရပ်သားကားတစ်စီးကို အကြောင်းမဲ့ ပစ်ခတ်လို့ တဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိ
BBM-ဖေဖော်ဝါရီ၂၆
သတင်း - ကိုဟန်
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားတွေ စီးနင်းလာတဲ့ ကားကို ပစ်ခတ်လို့ တဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေထံကနေ သိရပါတယ်။
စစ်ရေးတင်းမာနေတဲ့ မြိတ်-ထားဝယ်ကားလမ်းပိုင်းတလျှောက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေဟာ မနက် ၁၀ နာရီခန့် ပိန်းတောကျေးရွာကို ရောက်ရှိချိန် အဲဒီလမ်းပိုင်းမှာ ဖြတ်သန်း မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။
“ပိန်းတောရွာမှာ ဖြစ်သွားတာက ခရီးသွားကားတော့ မဟုတ်ဘူး၊ ဒီနယ်က ကားတွေပဲ ကြက်စာတင်လာတယ် ပြောတယ်၊ ၆ ဘီးကားလေးပဲ၊ စစ်တပ်က လှမ်းတားတယ်၊ ကားသမားက မကြားလို့ ထင်ပါတယ်၊ မောင်းသွားတာ အဲဒါကို လှမ်းပစ်လိုက်တာ” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံတဦးက BBM ကို ပြောပါတယ်။
စစ်တပ်ပစ်ခတ်မှုကြောင့် အသက်(၄၀)ဝန်းကျင် အရွယ် ထားဝယ်ဒေသခံဖြစ်တဲ့ ယာဉ်မောင်းဖြစ်သူမှာ ဦးခေါင်းကျည်ထိမှန်ပြီး နေရာမှာပင် ပွဲချင်းသေဆုံးခဲ့ကာ အသက် ၃၀ ဝန်းကျင်အရွယ် ယာဉ်နောက်လိုက် နှစ်ဦးက ခန္ဓာကိုယ်အနှံ့မှာ ကျည်ထိဒဏ်ရာများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအနက် တဦးက ဒဏ်ရာပြင်းထန်နေပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
အထက်ပါစစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၃ ရက်မှာလည်း ညောင်ဇင်ရွာကို ဆိုင်ကယ်မောင်းပြန် လာတဲ့ အသက် ၂၀ ကျော် လူငယ်တဦးက ပစ်ခတ်လို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
“အခုက သရက်ချောင်းမှာရော နေရာအတော်များများမှာ စစ်ကြောင်းထိုးနေတော့ သတိထားသွားလာနေရတယ်၊ ဒီစစ်တပ်က တွေ့ရာလူကို လုပ်ချင်သလို လုပ်နေတာ သူတို့နဲ့ ရှောင်ပြီး သွားလာတာအကောင်းဆုံးပဲ၊ ကျွန်တော်တို့ဆို အဲဒီမြိတ်-ထားဝယ်လမ်းဘက် ကားမထွက်တာ ကြာပြီး” လို့ မော်လမြိုင်-တနင်္သာရီ ကုန်တင်
ယာဉ်ပြေးဆွဲနေသူ တဦးက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်မှုတွေ ရက်ဆက် ပြုလုပ်နေတယ်လို့ ဒေသအခြေ စိုက်တော်လှန်ရေးတပ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်မှာလည်း သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာတဝိုက်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
တိုင်းတခုလုံးနီးပါးကို စစ်မျက်နှာဖွင့်ထားတဲ့ စစ်တပ်က လေကြောင်းပစ်ကူအားကို ပိုမိုအသုံးပြုနေပြီး အရပ်သားထိခိုက် သေဆုံးမှု မြင့်တက်လာနေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - Social Media
https://www.facebook.com/share/p/1FSxcpSpQc/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
🤬5👎1
မြောက်ကိုရီးယားက အမေရိကန်နဲ့ 'အဆင်ပြေအောင်' လုပ်နိုင်တယ်လို့ ကင်မ်ပြော၊ ဆိုးလ်နဲ့ ပိုနီးစပ်တဲ့ ဆက်ဆံရေးကို ငြင်းဆန်
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - Richard
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန်ပြည်ထောင်စုနဲ့ “သင့်မြတ်အောင်” လုပ်ဆောင်နိုင်တယ်လို့ပြောကြားခဲ့ပေမဲ့ အမေရိကန်ရဲ့ လုံခြုံရေးမဟာမိတ် တောင်ကိုရီးယားကတော့ ရန်သူအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ကြေညာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီလ ၂၆ရက် ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။
ကင်မ်က ပါတီကွန်ဂရက်တစ်ခုမှာ အမေရိကန်အနေနဲ့ မြောက်ကိုရီးယားကို နျူကလီးယားအင်အားကြီးနိုင်ငံအဖြစ် လေးစားဖို့ တိုက်တွန်းတဲ့ မှတ်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံကို သွားရောက်လည်ပတ်စဉ် ကင်မ်နဲ့ တွေ့ဆုံဖို့ ကြိုးပမ်းနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ တိုးပွားလာချိန်မှာ ကင်မ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမယ့် သူက တောင်ကိုရီးယားနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ကို တံခါးပိတ်လိုက်ပုံရပြီး ဆိုးလ်ကို သူ့နိုင်ငံရဲ့ “တစ်နိုင်ငံတည်းသား”တွေအဖြစ် “အပြီးတိုင် ချန်လှပ်ထား”မယ်လို့ ပြောကြားခဲ့ပါတယ်။
“မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ဘယ်လိုအခြေအနေမှာမဆို ဆက်ဆံဖို့ မရှိပါဘူး” လို့ ကင်မ်က ပြောကြားခဲ့ပြီး ဆိုးလ်ရဲ့ မကြာသေးမီက ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို “လှည့်စားမှု” လို့ ခေါ်ဆိုခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားကို ပထမဆုံးအကြိမ်အဖြစ် “ရန်လိုတဲ့နိုင်ငံ” အဖြစ် သတ်မှတ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အတိတ်ကာလက စစ်ရေးပြပွဲတွေမှာ နောက်ဆုံးပေါ် လက်နက်တွေကို ပြသခဲ့ပြီး သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိကိုလည်း ပြသလေ့ရှိပါတယ်။
“အမေရိကန်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအဆင့်အတန်းကို လေးစားပြီး ရန်လိုတဲ့မူဝါဒကို ရုပ်သိမ်းပါက အမေရိကန်ပြည်ထောင်စုနဲ့ ကျွန်တော်တို့ ကောင်းစွာ ဆက်ဆံနိုင်လိမ့်မယ်” လို့ ကင်မ်က ကိုရီးယားဗဟိုသတင်းဌာန (KCNA)ကို ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာရှခရီးစဉ်အတွင်း ကင်မ်နဲ့ ရင်းနှီးမှုကို တိုးမြှင့်ခဲ့ပြီး တွေ့ဆုံဖို့ “၁၀၀ ရာခိုင်နှုန်း” အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ထရမ့်က မြောက်ကိုရီးယားဟာ “နျူကလီးယားအင်အားကြီးနိုင်ငံ” ဖြစ်ကြောင်း ဝန်ခံခြင်းအားဖြင့် ဆယ်စုနှစ်များစွာကြာ တည်ရှိနေခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒကိုပင် ဆန့်ကျင်ပြောဆိုခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တုန်းက ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေး ပျက်ပြားပြီးနောက် ဧပြီလမှာ ပြုလုပ်မယ့် ထရမ့်-ကင်မ် တွေ့ဆုံမှုဟာ နှစ်ပေါင်းများစွာကြာ သံတမန်ရေးအရ မပြေလည်မှုတွေဟာ ပြန်လည်သင့်မြတ်လာမယ့်အနေအထားမှာ ရှိပါတယ်။
Reference - France 24
Photos - BBC
https://www.facebook.com/share/p/1CZfiRV9er/

👍3
ဖားဆောင်းရှိ သံလွင်မြစ်ကူးတံတား တစ်လအတွင်း ဒုတိယအကြိမ် မိုင်းခွဲခံရ
BBM -ဖေဖော်ဝါရီ ၂၇
သတင်း-ခွန်း
ကရင်နီပြည်နယ် အတွင်းရှိ ဖားဆောင်းမြို့နယ် မှာရှိတဲ့ သံလွင်မြစ် ကူးတံတားဖြစ်တဲ့ ဖားဆောင်းတံတားဟာ တစ်လအတွင်း ဒုတိယအကြိမ်မြောက် မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တံတားကို ထပ်မံ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားအရှည် ပေ ၃၀၀ ခန့်အထိ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီတံတားဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတင် ပထမအကြိမ် မိုင်းခွဲခံထားရပြီး အဲဒီနောက် ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးတဲ့အချိန်အတွင်းမှာပဲ ထပ်မံ မိုင်းခွဲခံရတာဖြစ်ပါတယ်။
ဒါကြောင့် ဒီလမ်းကြောင်းကို ရေရှည်အသုံးပြုနိုင်ဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေထိ ရောက်လာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ ပထမအကြိမ် တံတားပျက်သွားပြီးနောက်ပိုင်းမှာ သံလွင်မြစ်ကို စက်လှေနဲ့သာ ကူးသန်းရတာဖြစ်ပြီး သွားလာရေးမှာ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
အခု ဒုတိယအကြိမ် ထပ်မံ မိုင်းခွဲခံရတဲ့အတွက် လမ်းကြောင်းကို ဘယ်အချိန် ပြန်ဖွင့်နိုင်မလဲဆိုတာကိုတောင် ခန့်မှန်းလို့ မရတော့ဘူးလို့လည်း ပြောပါတယ်။
“ပထမတစ်ခါကတည်းက အခက်အခဲတွေ အများကြီးရှိနေပါပြီ။ အခုတော့ ဒုတိယအကြိမ်ထပ်မံ မိုင်းခွဲခံရတော့ ဒီလမ်းကြောင်းကို လုံးဝ မမျှော်လင့်နိုင်တော့ပါဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလို ဒုတိယအကြိမ် မိုင်းခွဲခံရပြီးနောက်ပိုင်းမှာတော့ တံတားအနီးတဝိုက်ကို စစ်တပ်က ပိုပြီး တင်းကျပ်စွာ ထိန်းချုပ်လာခဲ့သလို ခဲမဖြူရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောပါတယ်။
ဒေသခံတွေကတော့ တံတားကို တစ်ကြိမ်ပြီးတစ်ကြိမ် ပစ်မှတ်ထား ဖျက်ဆီးနေတာဟာ စစ်ရေးပဋိပက္ခတွေ ပိုပြီး ပြင်းထန်လာနေတဲ့အချက်ကို ပြသနေတာဖြစ်ပြီး သာမန်ပြည်သူတွေရဲ့ သွားလာရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအပေါ် တိုက်ရိုက် သက်ရောက်မှုရှိလာနေတယ်လို့ စိုးရိမ်နေကြပါတယ်။
လက်ရှိအချိန်မှာ ဖားဆောင်းမြို့နယ် အတွင်း အရေးပါတဲ့ လမ်းတံတားနဲ့ အခြေခံအဆောက်အအုံတွေကို ဆက်တိုက် ပစ်မှတ်ထားလာနေတာကြောင့် ဒေသခံတွေအကြား နောက်ထပ် ပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။
ပုံ-စစ်ကောင်စီတယ်လီဂရန်ချန်တယ်
https://www.facebook.com/share/p/1CefWvBd3S/

👍4
ပွဲကောင်းတွေကို မြင်တွေ့ရဖို့ရှိတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - David
ချန်ပီယံလိဂ် Knockout Phase Play-offs ပွဲတွေကတော့ ပြီးဆုံးသွားခဲ့ပါတယ်။
၁၆ သင်းအဆင့်ကို လက်ရှိချန်ပီယံ PSG၊ ရီးရဲလ်မက်ဒရစ်၊ အတ္တလန်တာ၊ ဂါလာတာစာရေး၊ နယူးကာဆယ်၊ ဘိုဒါဂလင့်၊ လေဗာကူဆင်နဲ့ အက်သလက်တီကိုအသင်းတွေ တက်ရောက်ခဲ့ကြပါတယ်။
၁၆ သင်းအဆင့် ပွဲစဉ်ရေးဆွဲပွဲကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက် မြန်မာစံတော်ချိန် ညနေ ငါးနာရီခွဲ ပြုလုပ်မှာဖြစ်ပြီး ပွဲကြီးပွဲကောင်းတွေမြင်တွေ့ရဖို့ ရှိနေပါတယ်။
ချန်ပီယံ PSG အသင်းက ပွဲကျပ်ရင်ဆိုင်ရဖို့ရှိပြီး ချယ်လ်ဆီး သို့မဟုတ် ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံရပါလိမ့်မယ်။
အက်သလက်တီကိုကလည်း စပါး သို့မဟုတ် လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။
ရီးရဲလ်-မန်စီးတီးတွေ့ဆုံမှုလည်း ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
League Phase ဇယားထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်တို့ကတော့ လေဗာကူဆင်၊ အတ္တလန်တာတို့နဲ့ တွေ့ဆုံရမယ့် အတွဲအဖက်မှာ ပါဝင်နေပါတယ်။
Photo - Bleacher Report
#bbmnews #bbm #bbmtv #Chanpion #SportsNews
https://www.facebook.com/share/p/1HaqEJ78im/

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ တိုက်ခိုက်မှုများ စတင်
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - Richard
အာဖဂန်နစ္စတန်နိုင်ငံရဲ့ တာလီဘန်အာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်က ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ နယ်စပ်တစ်လျှောက်ရှိ ပါကစ္စတန်စစ်စခန်းတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၆ရက်နေ့နှောင်းပိုင်းမှာ အာဖဂန်နစ္စတန် အရှေ့ပိုင်းရှိ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ မီဒီယာရုံးက “ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ” စတင်ခဲ့ကြောင်း ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
“ပါကစ္စတန်ဘက်က ထပ်ခါတလဲလဲ ရန်လိုမှုနဲ့ ချိုးဖောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ Durand Line တလျှောက်ရှိ ပါကစ္စတန်စစ်ဘက်စခန်းတွေကို အကြီးစားထိုးစစ်ဆင်မှုတွေ စတင်ခဲ့တယ်” လို့ တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်(Zabihullah Mujahid) က X မှာ ရေးသားခဲ့ပါတ်ူ။
မကြာသေးမီလများအတွင်း အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ကီလိုမီတာ ၂,၆၁၁ (မိုင် ၁,၆၂၂) ရှည်လျားတဲ့ Durand Line လို့လူသိများတဲ့ နယ်စပ်တလျှောက် အောက်တိုဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ အသေအပျောက်များတဲ့ တိုက်ပွဲတွေကြောင့် နှစ်ဖက်စလုံးမှ လူ ၇၀ ကျော် နယ်စပ်ဖြတ်ကျော်ဂိတ် အများစုကို ပိတ်ထားခဲ့ပါတယ်။
“ကြာသပတေးနေ့ တိုက်ခိုက်မှုတွေအတွင်း ပါကစ္စတန်စစ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ကင်းစခန်း ၁၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်၊ ဒါဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယ်စပ်တလျှောက် ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုတွေအတွက် အာဖဂန်တာလီဘန်တွေဘက်က လက်စားချေခြင်းဖြစ်တယ်”လို့ အာဖဂန်စစ်ဘက်သတင်းရင်းမြစ်တစ်ခုက Al Jazeeraကို ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်ရဲ့ တနင်္ဂနွေနေ့တိုက်ခိုက်မှုတွေအတွင်း တိုက်ခိုက်ရေးသမား အနည်းဆုံး ၇၀ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပြီး အာဖဂန်နစ္စတန်က ငြင်းဆိုခဲ့ကာ ဒါဟာ အရပ်သားတွေ (အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင်)သာ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ပါကစ္စတန် သတင်းအချက်အလက်နဲ့ ရုပ်သံထုတ်လွှင့်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့နှောင်းပိုင်းမှာ ပါကစ္စတန်တပ်ဖွဲ့တွေက ခိုင်ဘာပက်တွန်ခွာပြည်နယ်ရှိ နေရာအတော်များများမှာ တာလီဘန်တွေရဲ့ ပစ်ခတ်မှုကို “ချက်ချင်း ထိရောက်တဲ့ တုံ့ပြန်မှု” ပြုလုပ်ခဲ့ကြောင်း Xလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
Reference - Al Jazeera
Photo - Al Jazeera/BBC
https://www.facebook.com/share/v/18cap5F8qy/

👍2
ရွာငံမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ လှည့်ကင်းတွေကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါ ၁၀ ဦးသေဆုံး
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - ခက်ဆစ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ လှည့်ကင်းတွေကို တိုက်ခိုက်မှုအတွင်း ဗိုလ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး လက်နက် ၇ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဓနု PDF ၁၀၀၃ တပ်ရင်းက ဒီနေ့ထုတ်ပြန်ပါတယ်။
ရွာငံမြို့နယ်၊ မျှားကလေးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျ မသိရသော်လည်း နာရေးကူညီမှုကားတွေနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၁၈ ရက်မှာလည်း ကျောက်ငှက်-အုတ်တွင်းလမ်းပိုင်းမှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ် ၁ ဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးပြီး ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီထံမှ လက်နက် ၅ လက်၊ ကျည် ၆၀၀ တောင့်၊ အီနာဂါ ၁ လုံး၊ ဆက်သွယ်ရေးစက်ကြီး ၁ လုံးနဲ့ ကျည်ဘောက် ၁၁ ခု တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်မှာလည်း ၁၀၀၃ တပ်ရင်း ဓနု PDF ရဲဘော်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန်မှာ ပြည်သူရဲ့ ကားတစ်စီးက တိုက်ပွဲဇုံထဲသို့ မောင်းနှင်လာတာကြောင့် ပြည်သူတွေထိခိုက်မှာစိုးရိမ်တဲ့အတွက် ဓနု PDF ရဲဘော်တွေက ပစ်ခတ်မှုရပ်တန့်ပေးလိုက်စဉ် စစ်ကောင်စီတပ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပေါ်နေတဲ့အခြေအနေ တိုက်ပွဲဇုံတွေမှာ သတိဝီရိယနဲ့ သွားလာပြီး ဘေးလွတ်ရာကို ပုန်းရှောင်တာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီဒေါက်တိုင်တွေနဲ့ ဝေးဝေးနေကြဖို့ မေတ္တာရပ်ခံကြောင်း ဓနု PDF က သတိပေးထားပါတယ်။
Photo - Danu PDF
https://www.facebook.com/share/p/14ZtsMdyrmr/

👍4❤1
ဧရာဝတီတိုင်းစစ်မျက်နှာမှာ ဗိုလ်ကြီးအဆင့်ရှိသူတွေသေဆုံးပြီး ရွှေမြင်တင်မီးသင်္ဂြိုဟ်စက်မှာ သင်္ဂြိုဟ်နေရ
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - နိုင်နိုင်
ဧရာဝတီတိုင်း၊ ရှေ့တန်းစစ်မြေပြင်တွေမှာ ဗိုလ်ကြီးအဆင့်ရှိတဲ့သူတွေ သေဆုံးမှုတွေများပြားနေတာကြောင့် ရွှေမြင်တင်မီးသင်္ဂြိုဟ်စက်မှာ သင်္ဂြိုဟ်ပေးနေရတယ်လို့ ပုသိမ်ဒေသခံတွေဆီက သိရပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ မနက် ၁၀ နာရီကျော်အချိန်မှာ ပုသိမ်မြို့နယ်၊ နတခ - မဆရ (၄) မှာ ရှေ့တန်းစစ်မြေပြင်မှ ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေတဲ့ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသွားတာကြောင့် ရွှေမြင်တင်မီးသသင်္ဂြိုဟ်စက်ကို ကား ၇ စီးနဲ့အတူ သွားရောက်မီးသသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ နေ့လည် ၂ နာရီခန့်မှာလည်း ဆေးကုသမှုခံယူနေတဲ့ စစ်ကောင်စီတပ်သား နောက်ထပ်တစ်ဦး သေဆုံးသွားတာကြောင့် ရွှေမြင်တင်မီးသင်္ဂြိုဟ်စက်ကို ထပ်မံရောက်လာကာ မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့လည်း ပုသိမ်ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ သေဆုံးသွားတဲ့သူတွေမှာ ဗိုလ်ကြီးအဆင့်ရှိသူတွေ ဖြစ်နိုင်ပြီး ဧရာဝတီရှေ့တန်းစစ်မြေပြင်အတွင်းမှာ အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားရတာ ဖြစ်တယ်လို့လည်း ပုသိမ်ဒေသခံတစ်ဦးက ဆိုပါတယ်။
"လေးမျက်နှာ၊ အင်္ဂပူမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေကြတာရှိပါတယ်၊ အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်က အထိအခိုက်အကျဆုံး များပြားနေပါတယ်၊ ဒါကြောင့် ရွှေမြင်တင် မီးသသင်္ဂြိုဟ်စက်မှာ တစ်နေ့ကို ၂ လောင်း၊ ၃ လောင်းခန့် အမြဲတမ်းလိုလို သင်္ဂြိုဟ်ဖို့အတွက် ပို့ဆောင်နေတာရှိပါတယ်" လို့ ပုသိမ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းရှိ လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်၊ သာပေါင်း စတဲ့မြို့နယ်တွေကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ဖြစ်ကြတဲ့ PDF တပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း အင်အားအများအပြားနဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အဆိုပါမြို့နယ်တွေရှိ တိုက်ပွဲတွေအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသွားတဲ့ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်ဟာ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) ကို ပို့ဆောင်နေရတာဖြစ်ပြီး အဲဒီကနေတစ်ဆင့် ရွှေမြင်တင် မီးသင်္ဂြိုဟ်စက်မှာ တိတ်တဆိတ် လာရောက်သင်္ဂြိုဟ်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ - သတင်းအထူးတပ်ဖွဲ့ - ပုသိမ်
https://www.facebook.com/share/p/1AoEwFiUAZ/

👍7❤1
ဂန့်ဂေါမှာ တပ်မအပြောင်းအလဲလုပ်ပြီး စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်ရန် ပြင်ဆင်နေ
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - ကိုအိုက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ရင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ တပ်မအပြောင်းအလဲနဲ့ အင်အားဖြည့်တင်းမှုတွေ ပြုလုပ်လိုက်တဲ့အတွက် ဒေသတွင်း စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနိုင်တယ်လို့ စစ်ရေးအခြေအနေ လေ့လာစောင့်ကြည်သူ ဒေသခံတွေက BBM ကို ပြောပါတယ်။
မနေ့က ဖေဖော်ဝါရီလ ၂၆ ရက်၊ နေ့လယ်ပိုင်းမှာ မုံရွာ နမခ တပ်မှ တက်လာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်တစ်စီးဟာ ဂန့်ဂေါမြို့ရှိ အမတ (၃၇၁) တပ်ရင်းသို့ ဆင်းသက်ကာ အင်အားအပြောင်းအလဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီရဟတ်ယာဥ်မှာ တပ်မ (၉၉) မှ စစ်ကြောင်းမှူး တစ်ဦး ဦးဆောင်တဲ့ အင်အား ၁၅ ဦးထက်မနည်း ပါဝင်သော စစ်ကြောင်း အသစ် ရောက်ရှိလာတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီလကတည်းက ရောက်ရှိနေတဲ့ တပ်မ (၃၃) မှ တပ်ရင်းမှူးနဲ့ အဖွဲ့ကို အဆိုပါ ရဟတ်ယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
"ဒါကတော့ ရှင်းပါတယ်၊ ရှေ့တန်းစစ်ဆင်ရေး အစီအမံသစ်တွေအတွက် ပြင်ဆင်တာလို့ပဲ မြင်တယ်၊ တပ်မ(၉၉) ဆိုတာ စစ်တပ်မှာ တိုက်ခိုက်ရေးပိုကြမ်းတယ်လို့ နာမည်ထွက်ထားတဲ့အဖွဲ့၊ အခု စစ်ကြောင်းမှူးကိုယ်တိုင် ရောက်လာတယ်ဆိုတော့ ဂန့်ဂေါပတ်ဝန်းကျင်မှာ စစ်ဆင်ရေးအရှိန်မြှင့်ဖို့ အစီအစဉ်ရှိပုံရတယ်၊ ဗျူဟာအသစ်တွေနဲ့ ထိုးစစ်ဆင်ဖို့ လမ်းခင်းနေတာ ဖြစ်နိုင်ပါတယ်"လို့ စစ်ရေးအခြေအနေ လေ့လာစောင့်ကြည်သူ ဂန့်ဂေါဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂန့်ဂေါမြို့ပတ်ဝန်းကျင်မှာ ကင်းပုန်းဝပ်တာနဲ့ ထောက်လှမ်းတာတွေကို ခပ်စိပ်စိပ် ပြုလုပ်လာနေသလို ပြီးခဲ့တဲ့ အပတ်အတွင်းက ဒေသခံ အရပ်သား ၃ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေမှာ ရောင်နက်ကျေးရွာမှ ဆေးခန်းလာပြတဲ့ အရပ်သား ၂ ဦးနဲ့ အသက် ၂၀ ကျော် လူငယ် ၁ ဦးတို့ ဖြစ်ပြီး ဖမ်းဆီးခံရတဲ့ လူငယ်မှာ ပြန်လည်လွတ်မြောက်လာပေမဲ့ ကျန်ရှိတဲ့ ရောင်နက်ကျေးရွာသား ၂ ဦးမှာ ယနေ့တိုင် ပျောက်ဆုံးနေဆဲ ဖြစ်တာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
ဂန့်ဂေါမြို့ပေါ်ရှိ စစ်ကောင်စီ တပ်စခန်းတွေ အနီးနဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့ နေရာများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နဲ့ သွားလာရာမှာလည်း အထူးသတိပြုကြဖို့ ဒေသခံတော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
https://www.facebook.com/share/p/17JPygUSYp/

👍5
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရတဲ့သူတွေ ဆေးကုသမှုခံယူဖို့ အကူအညီလိုအပ်နေ
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - နိုင်နိုင်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ စျေးတည်ရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၈ ဦးအထိ သေဆုံးခဲ့ပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိတဲ့အပြင် နေအိမ် ၁၃ လုံး ပျက်စီးသွားတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လယ် ၂ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိသွားကြတဲ့သူတွေမှာ ဆေးကုသမှုခံယူဖို့အတွက် ငွေကြေးအခက်အခဲတွေ ရှိနေကြတယ်လို့ လူမှုကူညီရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
"ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေအတွက် ဆေးဝါးကုသမှုအပိုင်းတွေ လိုအပ်ချက်အများကြီးရှိပါတယ်၊ ကျနော်တို့စစ်ဖြစ်နေတဲ့ဒေသမှာ ဆေးဝါးမလုံလောက်မှုတွေ နောက်ပြီး စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ပင်ထားတဲ့အတွက် အဲဒီအထဲက ဆေးတစ်လုံးရဖို့အတွက် အရမ်းကိုခက်ခဲပါတယ်၊ အဲဒီကြားထဲမှာ ထိခိုက်ဒဏ်ရာရရှိသွားတဲ့လူနာတွေအတွက် ဆေးဝါးပြည့်စုံဖို့က မလွယ်ကူပါ" လို့ လူမှုကူညီရေးဆောင်ရွက်နေသူ ကိုဝေဟင်အောင်က BBM ကို ပြောပါတယ်။
လက်ရှိအရေးပေါ် ဆေးဝါးကုသနေကြတဲ့ လူနာ ၁၅ ဦးထဲမှာလည်း စိုးရိမ်ရတဲ့လူနာတွေ ရှိနေသေးပြီး ဆေးဝါးကုသဖို့အတွက် ငွေကြေးနဲ့ ဆေးဝါးပစ္စည်းတွေများစွာ လိုအပ်လျက်ရှိနေတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့လူနာတွေမှာ အသက် ၆ နှစ်ကနေ ၇၀ နှစ် ဝန်းကျင်အရွယ်တွေဖြစ်ကြပြီး စစ်ရေးနဲ့မသက်ဆိုင်ဘဲ အရပ်သားပြည်သူတွေကို ဦးတည်ကာ လေကြောင်းမှဗုံးကြဲသတ်ဖြတ်နေတာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်တယ်လို့ လူမှုရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက BBM ကို ပြောပါတယ်။
"အခုလုပ်ရပ်ဟာ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်၊ အဲဒီရွာဟာဆိုရင် စစ်ဖြစ်နေတဲ့နေရာလည်း မဟုတ်ဘူး၊ စစ်ရေးနဲ့လည်း ဘာမှမသက်ဆိုင်ဘူး၊ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေပဲနေကြတာပါ၊ နောက်ပြီး စျေးရောင်း၊ စျေးဝယ်ပြုလုပ်နေတဲ့ နေရာကိုပဲ အဓိကတိုက်ခိုက်တာဖြစ်တော့ ဒါဟာ စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်တာဖြစ်ပါတယ်၊ ဒီကိစ္စကိုတော့ နိုင်ငံတကာက ကြီးလေးတဲ့ပြစ်မှုတွေနဲ့ အရေးယူပေးစေချင်ပါတယ်"လို့ သူကဆက်ပြောပါတယ်။
သေဆုံးသွားသူ ၁၈ ဦးမှာ ဒေါ်မသိန်းခင် ၅၆ နှစ်၊ ဒေါ်ဆန်းဆန်းဝင်း ၃၉ နှစ်၊ ဦးမြတင် ၅၃ နှစ်၊ ဒေါ်လှသာနု ၅၆ နှစ်၊ မောင်ပြည်ငြိမ်းစိုး ၁၃ နှစ်၊ ဦးမောင်ဝင်းကျိုင် ၅၃ နှစ်၊ ဒေါ်အေးစံလှ ၅၁ နှစ်၊ ဒေါ်ယဥ်ယဥ်မူ ၄၀ နှစ်၊ ဒေါ်ဇင်မာအေး ၃၆ နှစ်၊ ဦးစောတင်လှ ၄၀ နှစ်၊ မစောသဇင်မျိုး ၁၄ နှစ်၊ မမျိုးသက်နွယ် ၆ နှစ်၊ ဒေါ်မပုစိန် ၇၀ နှစ်၊ ဒေါ်မချေ ၃၀ နှစ်၊ ဒေါ်စောမြယဥ် ၅၃ နှစ်၊ မအိမြတ်ဝေ ၁၅ နှစ်နဲ့ နောက်ထပ်သက်ကြီးပိုင်း တစ်ဦးတို့ ဖြစ်ကြပါတယ်။
Photo - Ponnagyun Youths Association - PYA
https://www.facebook.com/share/p/1C7FBWBFQi/

💯2
စပိန်ဒုတိယတန်းကလပ်ရဲ့ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ရော်နယ်လ်ဒို ဝယ်ယူ
BBM - ဖေဖော်ဝါရီ၂၇
သတင်း - David
ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ စပိန်ဒုတိယတန်း(Segunda)ကလပ် အယ်မယ်ရီယာအသင်းရဲ့ ရှယ်ယာ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပါတယ်။
အယ်မယ်ရီယာအသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံသူ အယ်လ်ခါရယ်ဂျီက ၂၀၂၅ ခုနှစ် မေလကတည်းက ပိုင်ဆိုင်ခဲ့တာပါ။
ရော်နယ်လ်ဒို(၄၁ နှစ်)ဟာ လက်ရှိတည်ထောင်ထားတဲ့ CR7 Sports Investments ကနေတစ်ဆင့် ဝယ်ယူခဲ့တာဖြစ်တယ်။
ဒါပေမဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းအတွက် ကုန်ကျစရိတ်ကို သတင်းမထုတ်ပြန်ခဲ့ပါဘူး။
ရော်နယ်လ်ဒိုကလည်း အယ်မယ်ရီယာအသင်းရှယ်ယာ ဝယ်ယူမှုကို အတည်ပြုခဲ့ပါတယ်။
၎င်းဟာ စပိန်လာလီဂါမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ကိုးနှစ်ကြာ ကစားခဲ့ပြီး ကစားသမားဘ၀ အမြင့်ဆုံးအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
အယ်မယ်ရီယာအသင်းဟာ ၁၉၈၉ ခုနှစ်က တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပြီး Segunda အမှတ်ပေးဇယားမှာ တတိယနေရာ ရပ်တည်နေကာ လာလီဂါကိုတန်းတက်ဖို့ အခြေအနေကောင်းနေပါတယ်။
လက်ကျန် ၁၅ ပွဲကစားဖို့ရှိနေချိန်မှာ ထိပ်ဆုံးက ရေးဆင်းအသင်းနဲ့ နှစ်မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။
Photo - Ronaldo facebook
#bbmnews #BBMTV #bbm #SportsNews #ronaldo
https://www.facebook.com/share/p/1ZxufwpRQG/

❤8👍4
ထိုင်းလေတပ်ဦးစီးချုပ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံ
🟥ဒေသတွင်း တည်ငြိမ်ရေး၊ ၂ နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေး
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - Richard
ထိုင်းတော်ဝင်လေတပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် မာရှယ် ဆက်ဆန်ကန်တာက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့ပါတယ်။
ထိုင်းတော်ဝင်လေတပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်က AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဈေးတစ်ခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေအပါအ၀င် အရပ်သား ၁၈ ဦး သေဆုံးစေခဲ့တဲ့ဖြစ်စဉ်အပြီး တစ်ရက်အကြာမှာ အခုလို လာရောက်တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ ရက်ကလည်း စစ်ကိုင်းတိုင်း မြင်းမူးမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အောက် ကလေး ၁ ဦးအပါအဝင် လူ ၉ ဦး သေဆုံးခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် တစ်ရက်အလိုမှာ နေပြည်တော်ရှိ စစ်ကောင်စီလေတပ် အကြီးတန်း အရာရှိတွေနဲ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေဖို့၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်းတော်ဝင်လေတပ်က ပြောကြားထားပါတယ်။
“နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း” စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာလည်း ဖော်ပြထားပါတယ်။
အဆိုပါ ဆွေးနွေးပွဲအတွင် လေတပ်အဆင့် ယုံကြည်မှုတည်ဆောက်ရေး၊ လေ့ကျင့်ရေး တိုးမြှင့်ရေးနဲ့ ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး မြှင့်တင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းမှု တိုးမြှင့်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
တော်ဝင်ထိုင်းလေတပ်ကလည်း အမျိုးသားအကျိုးစီးပွားရေး၊ ဒေသတွင်းတည်ငြိမ်ရေး၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကတိပြုထားကြောင်း ပြောကြားခဲ့ပါတယ်။
Reference - စစ်ကောင်စီဝါဒဖြန့် မီဒီယာ/ Khaosod English
https://www.facebook.com/share/p/1CKhgxikz9/

👎3
ကျောက်ဖြူမှာ AA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အထိနာနေ
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - နိုင်နိုင်
တရုတ်စီမံကိန်းတွေ များစွာရှိတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အထိနာနေတယ်လို့ ကျောက်ဖြူဒေသခံစစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်းမှာ သူတို့အခြေစိုက်တဲ့ ဓညဝတီရေတပ်ဌာနချုပ်နဲ့ မြို့ပေါ်ရှိတပ်ရင်းတွေကနေ AA က တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ဇိုင်ချောင်းကျေးရွာအနီးက စစ်တောလမ်းဆုံကို စစ်ကြောင်းထိုးမှုတွေရှိလာနေတာကြောင့် အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဂဏန်းကျော် သေဆုံးမှုရှိခဲ့တယ်လို့ ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။
"ဒီလ ၂၀ ကျော်မှာ စကစက စစ်ကြောင်းထိုးတာတွေ ပိုလုပ်လာလို့ကြားရတယ်။ အဓိကတော့ ပြည်သူ့စစ်တွေနဲ့ ထိုးတာပေါ့။ AA ရောက်ရှိနေတဲ့နေရာတွေကို စစ်ကြောင်းထိုးနေတာပေါ့။ အဲတာမှာ AA ကလည်း နေရာအတည်အကျမဟုတ်ပဲ စစ်တောလမ်းဆုံအရောက်မှာ ကြားဖြတ်တိုက်ခိုက်တော့ ၁၀ ကျော်လောက် သေဆုံးသွားတယ်လို့ ကြားပါတယ်။ အခုကတော့ လက်နက်ကြီးသံတွေကို နေ့တိုင်းကြားရပါတယ်။ နေဗီးတွေကပစ်လိုက်၊ တပ်ရင်းဌာနတွေက ပစ်လိုက်ပေါ့ " လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
AA ရဲ့ တိုက်ခိုက်မှုကြောင့် လက်ရှိ စစ်ကောင်စီ စစ်ကြောင်းဟာ ဓညဝတီရေတပ်ဌာနချုပ်အနီးက ကပ်သပြေကျေးရွာကို ပြန်လည်ဆုတ်ခွာသွားပြီး စစ်ရေးပြင်ဆင်ပြုမှုတွေ ပြုလုပ်ကာ ထပ်မံစစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ကျော်နဲ့အတူ အမှတ် ၃၂ ရဲတပ်ရင်းကနေ သိုင်းချောင်း၊ မင်းပြင်ကျေးရွာဖက်တွေကို စစ်ကြောင်းထိုးလာတာကြောင့် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခန့်မှန်း စစ်ကောင်စီတပ်သား၂၀ ကျော်သေဆုံးမှု ရှိခဲ့တယ်လို့လည်း ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ရေးအရှိန်မြှင့်တင်ကာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး နေဗီ၊ ဒရုန်းနဲ့ လေကြောင်းတွေကလည်း အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို ဗုံးကြဲချတိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
" နေဗီက လက်နက်ကြီးတွေ နေ့တိုင်းပစ်ခတ်တာရှိပါတယ်။ လက်နက်ကြီး ပစ်ခတ်ရင်တော့ ဗုံးခိုကျင်းကို တန်းပြီး ပြေးရပါတယ်။ သူတို့က တစ်လုံး၊ နှစ်လုံးပစ်ခတ်တာမဟုတ်ဘူး ဆက်တိုက်ပစ်ခတ်နေတာပါ။ တိုက်ပွဲတွေမှာ အထိနာရင်တော့ လေကြောင်းတွေကိုပါ အသုံးပြုပြီး အရပ်သားတွေနေတဲ့ နေရာတွေကို ဗုံးကြဲချမှုတွေ လုပ်နေပါတယ် " လို့ ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီကျော်အချိန်ခန့်က ကျောက်ဖြူမြို့နယ်၊ င/အုပ်ကျေးရွာနားရှိ စစ်ဘေးရှောင်စခန်းကို အသေခံဒရုန်း ၂ စီးနဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဓညဝတီရေတပ်ဌာနချုပ် အနီးက ကပ်သပြေကျေးရွာနဲ့ ၊ ကုလာဘာ၊ ပျားတဲ၊ မင်းတက်တောင်စတဲ့ ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။
Photo-ပုံဟောင်း
https://www.facebook.com/share/p/1AxYoBii6z/

👍7
စစ်ကောင်စီက မတူပီမြို့ရှိ ၎င်းတို့ တပ်စခန်းဟောင်းတွေကို လေကြောင်းမှတိုက်ခိုက်
BBM-ဖေဖော်ဝါရီ ၂၇
သတင်း-ကိုအိုက်
ချင်းပြည်နယ်၊ မတူမြို့ရှိ စစ်ကောင်စီက ၎င်းတို့ တပ်စခန်းဟောင်းတွေဖြစ်တဲ့ ခရလ ၁၄၀ တပ်ကုန်း နဲ့ ခလရ ၃၀၄ တပ်ကုန်းတို့ အပါအဝင် မြို့အနီးနား ဝန်းကျင်တွေကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှစ၍ တံတားဦး လေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ မတူပီမြို့ရှိ ခလရ ၁၄၀ တပ်ကုန်း (ဟောင်း) ကို လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားပါတယ်။
ဒါ့အပြင် မနက် ၁၀ နာရီ ၃၀ မိနစ် ဝန်းကျင်မှာလည်း စစ်ကောင်စီက မတူပီမြို့ရှိ ခလရ ၃၀၄ တပ်ကုန်း (ဟောင်း) ကို ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်မိနစ်ခြား လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်သွားတယ်လို့ သိရပါတယ်။
"စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ သူတို့ တပ်စခန်းတွေကို ဗုံးကြဲသွားတာပါ။ အဲစခန်းဘက်မှာတော့ ဗုံးခဏခဏ ကြဲတာကြောင့် အရပ်သားတွေ နေထိုင်တာတွေ မရှိဘူး။ ဒီမနက် ဗုံးကြဲတာ သူတို့တပ်စခန်းအပြင် အနီးနားမှာလည်း ကျပေါက်ကွဲတယ်။"လို့ မတူပီမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။
စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တဲ့ ၎င်းတို့တပ်စခန်း(ဟောင်း) အနီးအနားမှာ အရပ်သားတွေ နေထိုင်ခြင်း မရှိတာကြောင့် ဒီနေ့မနက် ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သားတွေ ထိခိုက်မှုမရှိပေမဲ့ အဆောက်အဦးတွေ ပျက်စီးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။
"စခန်းကုန်းဘက် ခဏခဏ ဗုံးကြဲခံရတော့ အရပ်သားတွေက နေထိုင်တာ၊ သွားလာတာတွေ မလုပ်ကြဘူး။ ဒီနေ့မနက် ဗုံးကြဲမှုမှာလည်း အရပ်သားတွေ ထိခိုက်မှုမရှိလောက်ဘူး။ ဒါပေမဲ့ ဗုံးသီး အလုံးရေ များတဲ့အတွက် အဆောက်အဦးတွေက ပျက်စီးရှိလောက်တယ်။ ဗုံးထပ်ကြဲခံရမှာ စိုးလို့သွားမကြည့်ရသေးတော့ အသေးအစိတ် မသိရသေးပါဘူး။"လို့ မတူပီမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။
စစ်ကောင်စီတပ်က မတူပီမြို့ကို လက်လွတ်လိုက်ရပေမဲ့ ၎င်းတို့တပ်စခန်း (ဟောင်း)တွေနဲ့ အရပ်သားတွေ နေထိုင်တဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ မကြာခဏ ဆက်လက် လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း မတူပီမြို့နယ်ရှိ ချန်းပြန်း (က) ရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသားတစ်ဦး သေဆုံးပြီး ကလေးတွေအပါအဝင် အရပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်
https://www.facebook.com/share/p/1E14B56C5M/

👍2👎1🤬1
MNDAA နဲ့ဖြစ်နေတဲ့ ပြဿနာနဲ့ပတ်သတ်ပြီး ကြားဝင်ဖြေရှင်းပေးရန် ယူနန်အစိုးရကို TNLAမှတောင်းဆို
BBM-ဖေဖော်ဝါရီ၂၈
သတင်း-မင်းသော်
မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ထဲက MNDAA တပ်ဖွဲ့နဲ့ လက်တလောဖြစ်ပွါးနေတဲ့ ပြဿနာတွေနဲ့ပတ်သတ်ပြီး ကြားဝင်ဖြေရှင်းပေးရန် TNLA တပ်ဖွဲ့က ယူနန်အစိုးရထံ ဖေဖော်ဝါရီလ၂၅ ရက် နေ့ ရက်စွဲဖြင့် စာထုတ်တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၃ ရက်အထိ TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ လားရှိုးမြို့မိုင်းယော်ဒေသက နမ့်ခိုင်ရွာ၊ ပန်နွဲ့ရွာနဲ့ မန်ကန်ရွာတို့ရှိ TNLA အုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်တွေကို MNDAA ဘက်က အတင်းအဓမ္မနှင်ထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းသလို လက်နက်တွေကိုလည်းသိမ်းဆည်းထားတယ်လို့ TNLAက ဆိုပါတယ်။
အဆိုပါဖမ်းဆီးမှုတွေကြောင့် အုပ်ချုပ်ရေးဝန်ထမ်း ဒုတိယဗိုလ်၊ ဒုတိယတပ်ကြပ်၊ တပ်သားအပါအဝင် ဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်စုစုပေါင်း ၁၅ ဦး ဖမ်းဆီးခံခဲ့ရသလို လက်နက် ၁၅ လက်၊ ကျည်ဆံ ၄၀၀ ကျော်နဲ့ စကားပြောစက်၊ ဆိုင်ကယ်၊ လက်ထိပ်တွေကိုလည်း MNDAA ဘက်က သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ဖမ်းဆီးခံထားရတဲ့သူတချို့ပြန်လည်လွတ်လာပေမဲ့ အရာရှိတစ်ဦးနဲ့ လက်နက်ခဲယမ်းတွေကိုတော့ MNDAAဘက်ကဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါကြောင့်မြေပြင်အခြေအနေအကျဥ်းချုပ်နဲ့ပတ်သတ်ပြီး ယူနန်ပြည်နယ်အစိုးရမှသိရှိစေရန်နဲ့ ကြားဝင်ဖြေရှင်းပေးရန်အတွက်လည်း TNLAမှ တောင်းဆိုကြောင်း ထုတ်ပြန်ထားပါတယ်။
Photo-ပုံဟောင်း
https://www.facebook.com/share/p/1AiN9Ccit2/

😁6👍2
မန္တလေးနန်းတွင်းမြောက်လက်ရှိ ရှေးဟောင်းအမွေသုဓမ္မာဇရပ်တန်းကို စစ်ကောင်စီက သံထည်များနဲ့ ဖြစ်သလိုပြန်လည်ပြုပြင်နေ
🟥စကစရဲ့ အဆိုပါလုပ်ရပ်ကြောင့် မန္တလေးဒေသခံတွေက နှမြောတသဖြစ်ကြောင်း ပြောဆိုမှုတွေရှိ
BBM-ဖေဖော်ဝါရီ၂၇
သတင်း-မင်းသော်
မန္တလေးနန်းတွင်းအနီးမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့ သုဓမ္မာဇရပ်
တန်းကို စစ်ကောင်စီက သံထည်များနဲ့ ပြုပြင်မှုတွေ ပြုလုပ်နေတာကြောင့် မန္တလေးဒေသခံတွေအနေနဲ့ အဆိုပါအမွေအနှစ်တွေကို နှမြောတသဖြစ်မိကြောင်း ထုတ်ဖော်ပြောဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအနေနဲ့ မန္တလေးနန်းမြို့ရိုးရဲ့ မြောက်ဘက်ရှိ သုဓမ္မာဇရပ်များကိုသာမက ကျုံးမြို့ရိုးနေရာအချို့မှာလည်း အကြီးစားပြင်ဆင်မှုတွေပြုလုပ်နေတာကို တွေ့ရကြောင်းနဲ့ ထိုသို့ပြင်ဆင်ရာမှာလည်း အဆိုပါနေရာတွေအားလုံးကို ပိတ်စအပြာတွေဖြင့်ကာကာ ပြင်ဆင်နေတာတွေ့ရကြောင်း မြို့ခံပြည်သူအချို့မှပြောပါတယ်။
စစ်ကောင်စီရဲ့ ဒီလိုပြင်ဆင်မှုတွေနဲ့ပတ်သတ်ပြီး ပြည်သူတွေအနေနဲ့ ရှေ့ဟောင်းအမွေကို ရှေ့ဟောင်းနဲ့သင့်တော်တဲ့ ပြင်ဆင်ထိန်းသိမ်းမှုမျိုး ပြုလုပ်စေချင်တယ်လို့လည်း မန္တလေး ဒေသခံပြည်သူတစ်ဦးမှ BBM ကိုပြောပါတယ်။
"တကယ်တော့ ရှေးဟောင်းကို ရှေ့ဟောင်းနဲ့ သင့်တော်တဲ့ ပြင်ဆင်မှုမျိုးလုပ်စေချင်တာလေ၊ အခုက သူတို့အတွက် ဘတ်ဂျက်ထွက်ဖို့ လုပ်ပြနေသလိုမျိုးကြီးဖြစ်နေတာ၊ ဘယ်သူမှလည်း ထောက်မပြရဲကြဘူး"
ဒါ့အပြင် အဆိုပါပြုပြင်မှုတွေနဲ့ ပတ်သတ်ပြီး ဒါဟာ စစ်ခေါင်းဆောင်တွေရဲ့ ဝသီအတိုင်း ဗေဒင်ယတြာကို အဓိကထားပြီး ပြုပြင်တာမျိုးဖြစ်နိုင်သလို မျိုးရိုးစဥ်ဆက်အတိုင်း ရှိခဲ့တဲ့ သုဓမ္မာဇရပ်တန်းကို ခုလို ပြီးစလွယ်ပြင်နေတာမျိုးမြင်ရတာကိုလည်း ဝမ်းနည်းမိတယ်လို့ နောက်ထပ် အသက်(၅၀)ကျော် မန္တလေးဒေသခံပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။
"သုဓမ္မာဇရပ်တန်းတွေပြင်တာက ခါတိုင်းလို ယတြာကိုအဓိကထားပြီး ပြင်တာနေမှာပေါ့၊အဲ့တာတွေက အရင်ကတည်းကသူတို့ဝင်ဆိုဝင် မဝင်နဲ့ဆိုမဝင်ရဘူးလေ၊ မြို့ခံတွေချက်မြုပ်တွေလာမပြောနဲ့မရဘူး၊ခုလို သုဓမ္မာဇရပ်တွေပြင်တာကတော့အတိုင်းမရှိဝမ်းနည်းစရာပေါ့၊ရှေးအမွေပျက်တာလေ"
စစ်ကောင်စီဘက်က သံထည်များနဲ့ ဖြစ်သလိုပြန်လည်ပြုပြင်နေတဲ့ အဆိုပါ သုဓမ္မာဇရပ်တန်းတွေကို မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၂၆ ခုနှစ်လောက်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီး ရတနာပုံခေတ်လက်ရာ သစ်သားအဆောက်အအုံများလည်းဖြစ်ပါတယ်။
Video-ဒေသခံပေးပို့
https://www.facebook.com/share/v/1FskVsdAP5/

👍4😱1
ကဘူးလ်မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပါကစ္စတန်-အာဖဂန်နစ္စတန် စစ်ပွဲ ပိုမိုပြင်းထန်လာနေ
BBM - ဖေဖော်ဝါရီ ၂၈
သတင်း - Richard
ပါကစ္စတန်က အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်အပြင် ကန်ဒါဟာနဲ့ ပက်တီးယားတို့ကို လည်း ဖေဖော်၀ါရီ ၂၉ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Al Jazeeraမှာ ဖော်ပြထားပါတယ်။
ပါကစ္စတန်က အာဖဂန်နစ္စတန်ကို “Open War”စတင်ပြီလို့ ကြေငြာလိုက်ပြီးနောက် တာလီဘန်စစ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
ဒါဟာ နှစ်ပေါင်းများစွာအတွင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား အပြင်းထန်ဆုံး စစ်ရေးထိပ်တိုက်တွေ့မှုပဲဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂8ရက် ကြာသပတေးနေ့နှောင်းပိုင်းမှာ အာဖဂန်တပ်ဖွဲ့တွေက နယ်စပ်ပြည်နယ် ၆ ခုရှိ ပါကစ္စတန်စစ်စခန်းတွေကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက် နာရီပိုင်းအကြာမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
အာဖဂန်နစ္စတန်က ပါကစ္စတန်စစ်သား ၅၅ ဦး သေဆုံးပြီး ကင်းစခန်း ၁၉ ခုကို သိမ်းပိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်ဘက်က စစ်သား ၂ဦး သေဆုံးခဲ့ကြောင်း ဝန်ခံခဲ့ပေမဲ့ အာဖဂန်နစ္စတန်ဘက်က အခြားပြောဆိုချက်တွေကို ဝါဒဖြန့်ချိရေးစကားတွေအဖြစ် ပယ်ချခဲ့ပါတယ်။
ပါကစ္စတန်ဘက်က လက်စားချေတဲ့ အနေနဲ့ အာဖဂန်တိုက်ခိုက်ရေးသမား အနည်းဆုံး ၁၃၃ ဦးကို သုတ်သင်ရှင်းလင်းခဲ့ပြီး အာဖဂန်စခန်း အနည်းဆုံး ၂၇ ခုကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခေါ်ဝါဂျာ အက်ဆစစ်ဖ်(Khawaja Asif) က ပါကစ္စတန်ဘက်က စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီလို့ ကြေညာခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ စိတ်ရှည်သည်းခံမှုဟာ ကုန်ဆုံးသွားပါပြီ။ အခုလက်ရှိကတော့ ကျွန်တော်တို့နဲ့ ခင်ဗျားတို့အကြား ပွင့်လင်းတဲ့ စစ်ပွဲတစ်ခု ဖြစ်သွားပြီ” လို့ သူက လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ် ရှက်ဘက်ဇ် ရှယ်ရစ်ဖ်(Shehbaz Sharif)က ပါကစ္စတန်ကို ကာကွယ်ရာမှာ လုံး၀ သက်ညှာမှု ရှိမှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။
အာဖဂန်နစ္စတန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်( Zabihullah Mujahid)က ကဘူးလ်၊ ကန်ဒါဟာနဲ့ ပက်တီးယားတို့ တိုက်ခိုက်ခံရမှုကို အတည်ပြုခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကန်ဒါဟာနဲ့ ဟယ်လ်မန်းတို့မှ လက်စားချေစစ်ဆင်ရေးတွေ စတင်နေပြီလို့ ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နှစ်ဖက်စလုံးမှ လူ ၇၀ ကျော် သေဆုံးခဲ့တဲ့ တိုက်ပွဲခဲ့တာကြောင့် တူရကီနဲ့ ကာတာတို့ ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ပျက်ပြားသွားခဲ့ပြီ ပဲဖြစ်ပါတယ်။
Reference - Al Jazeera
Photo-Al Jazeera/ Reuters
https://www.facebook.com/share/p/17xKts6gaL/

👍10