ခေါဇာမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခံရပြီး စကစ (၂)ဦးသေ
BBM - ဖေဖော်ဝါရီ ၂၅
သတင်း - ကိုဘုဏ်း
ရေးမြို့နယ်၊ခေါဇာမြို့ရှိ ခေါဇာစျေးကြီးရှေ့မှာကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ(၂)ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ မွန်တော်လှန်ရေးတပ် (MSRF)က ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၈နာရီမှ စတင်ကာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက်တပ်များ မိနစ် ၂၀ခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထိတွေတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂ဦးသေပြီး ၂ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ အဆိုပါထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မူ့ကို ညီနောင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)နဲ့ နည်းဗျူဟာ ၃၃ ကွပ်ကဲမူ့အောက်ရှိ ကံပေါက် ပြည်သူ့ကာကွယ်ရေးတပ်ရင်း- အမှတ် (၈၀၀၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ထုတ်ပြန် ကြေငြာထားပါတယ်။
photo-MSRF
https://www.facebook.com/share/p/18F3wXWoAh/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍15
ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှု ပြန်လည် ဖြစ်ပွား
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - Richard
နယ်စပ်တစ်လျှောက်မှာ ထိုင်းစစ်တပ်နဲ့ ကမ္ဘောဒီးယားတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုတွေ ပြန်လည် ပြုလုပ်ခဲ့ပြီး ထိုင်းဘက်က ဒါဟာ ဒီဇင်ဘာလ တုန်းက လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ ကမ္ဘောဒီးယားကို စွပ်စွဲခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၄ရက်နေ့က ထိုင်းနိုင်ငံရဲ့ အဆိုပါ စွပ်စွဲမှုကို ကမ္ဘောဒီးယားနိုင်ငံဘက်က ငြင်းပယ်ခဲ့ပြီးတော့ "မည်သည့်လက်နက်မျှ" အသုံးမပြုကြောင်းကို အလေးပေး ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှ ၂နိုင်ငံရဲ့ ဆယ်စုနှစ်များစွာကြာဖြစ်ပွားခဲ့တဲ့ နယ်စပ်အငြင်းပွားမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း ပြန်လည် ပေါ်ပေါက်လာခဲ့ပါတယ်။
အဆိုပါ ပဋိပက္ခတွေကြောင့် ဇူလိုင်လနဲ့ ဒီဇင်ဘာလအတွင်း လူဒါဇင်ပေါင်းများစွာ သေဆုံးပြီး လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းမှာ နှစ်နိုင်ငံစလုံးက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပေမဲ့ နယ်စပ်မှာ တင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုကို အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ထိုင်းစစ်တပ်က နှစ်နိုင်ငံနယ်စပ် ပြည်နယ်ဖြစ်တဲ့ စီဆာကက်ရှိ ထိုင်းကင်းလှည့်တပ်ဖွဲ့အနီးမှာ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက "၄၀ မီလီမီတာ လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်" ခဲ့ပြီး ပြန်လည်ပစ်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။
ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဝင်းထိုင်း ဆူဗာရီက သုံးပတ်ကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို အဆုံးသတ်စေခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကမ္ဘောဒီးယားက ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ ပြန်ကြားရေးဝန်ကြီး နက်သ် ဖက်ထရာက အဆိုပါ စွပ်စွဲချက်တွေဟာ "လုံးဝမှားယွင်းတယ်" လို့ပြောကြားခဲ့ပြီး "လူထုရဲ့ ထင်မြင်ယူဆချက်ကို လှည့်ဖြားဖို့နဲ့ တင်းမာမှုကို နှိုးဆွဖို့" ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၄ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ထိုင်းတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ထိုင်းတပ်မတော်က ပြောကြားခဲ့ပါတယ်။
Reference - CNA World
Photo - CNA World
https://www.facebook.com/share/p/1DJmz5Bycr/

👍9
စက်ရုပ်ထုတ်လုပ်သူတွေက အရှေ့ပိုင်းစီးပွားရေးစင်္ကြံ(EEC)မှာ ဘတ် ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - Richard
ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI)က အရှေ့ပိုင်းစီးပွားရေးစင်္ကြံ (EEC)မှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော humanoid robot(လူသားပုံစံ စက်ရုပ်) အစိတ်အပိုင်းထုတ်လုပ်မှု အခြေစိုက်စခန်း ၁ခု တည်ထောင်ဖို့အတွက် တရုတ်ကုမ္ပဏီ ၅ခုမှ ဘတ် ၁၀ ဘီလီယံကျော်ကို ရင်းနှီးမြှုပ်နှံမယ်လို့ အတည်ပြုခဲ့ကြောင်း Bangkok Post မှာရေးသားထားပါတယ်။
ဖေဖော်ဝါရီ ၂၃ရက်နေ့က BOI အထွေထွေအတွင်းရေးမှူး Narit Therdsteerasukdiဟာ ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်နည်းပညာထောက်ပံ့ရေးကွင်းဆက်တွေကို အားကောင်းစေရန်ဖို့အတွက် robotics(စက်ရုပ်တွေ) နဲ့ automation(အလိုအလျာက်စနစ်တွေ)မှာ အခွင့်အလမ်းအသစ်တွေ ဖန်တီးဖို့ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။
"ဒီကုမ္ပဏီတွေဟာ BOI ရဲ့ ဒေသတွင်း မူဝါဒနဲ့အညီ အရည်အချင်းမြင့်မားတဲ့ အလုပ်အကိုင် ၁၀၀၀ ကျော် ဖန်တီးပေးနိုင်ပြီး ဘတ် ၄၅ ဘီလီယံတန်ဖိုးရှိ အကျိုးအမြတ်တွေကို ရယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်"လို့ သူက ပြောကြားခဲ့သည်။
အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံဟာ အဓိကစက်မှုထုတ်လုပ်တဲ့ နေရာတစ်ခုဖြစ်ခဲ့ပြီး အရာရှိတွေက နိုင်ငံဟာ ရိုဘော့တစ်နဲ့ အလိုအလျောက်စနစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ဆွဲဆောင်ခေါ်ယူဖို့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။
လူပုံသဏ္ဍာန် ရိုဘော့အစိတ်အပိုင်း ထုပ်လုပ်တဲ့စက်ရုံတွေ တည်ထောင်ဖို့ ကုမ္ပဏီများစွာ စိတ်ဝင်စားနေကြပြီဖြစ်ကြောင်း မစ္စတာ နရစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ရင်းနှီးမယ့် တရုတ်ကုမ္ပဏီ ၅ ခုမှာ Hangzhou Seenpin Electromechanical Transmission၊ Beite Technology၊ Sanhua Intelligent Drives၊ Tuopu Technology နဲ့ Xusheng Group တို့ဖြစ်ပါတယ်။
သူတို့ဟာ ဂြိုဟ်တု roller screws၊ ball screws၊ actuators နဲ့ အလေးချိန်ပေါ့ပါးတဲ့ စက်ရုပ်ကိုယ်ထည် အစိတ်အပိုင်းများကဲ့သို့သော အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်မှာပဲ ဖြစ်ပါတယ်။
Hangzhou Seenpin Electromechanical Transmissionက ဂြိုဟ်တု roller screws နဲ့ စက်ရုပ် ball screws တွေထုတ်လုပ်ဖို့ ချွန်ဘွန်ရီ ပြည်နယ်မှာ ဘတ် ၂.၁၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာပဲ ဖြစ်ပါတယ်။
Beite Technologyကတော့ ဂြိုဟ်တု roller screws တွေအတွက် ချွန်ဘွန်ရီ ပြည်နယ်မှာ ဘတ် ၁.၆၇ ဘီလီယံတန် စီမံကိန်းတစ်ခု စီစဉ်ထားပြီး စက်ရုပ် ball screwsတွေ ထုတ်လုပ်ဖို့ ဘတ် ၃ ဘီလီယံကျော်တန်တဲ့ နောက်ထပ်လျှောက်လွှာတစ်ခုကိုလည်း တင်သွင်းထားပြီး လက်ရှိမှာ ပြန်လည်သုံးသပ်နေတယ်လို့ သိရပါတယ်။
Sanhua Intelligent Drivesကတော့ စက်ရုပ်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ actuatorsတွေ ထုတ်လုပ်ဖို့ ဘတ် ၁.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာပဲဖြစ်ပါတယ်။
အဆိုပါကုမ္ပဏီက အရင်တုန်းက BYD (Build Your Dreams)၊ Volvo နဲ့ Tesla တို့အတွက် အဆင့်မြင့် မော်တော်ကား အစိတ်အပိုင်းတွေမှာ ဘတ် ၃.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
Tuopu Technology က Chachoengsao မှာ actuator တွေထုတ်လုပ်ဖို့ ဘတ် သန်း ၉၃၀ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ဘတ် ၃.၅ ဘီလီယံတန်ဖိုးရှိ အခြားမော်တော်ကားအစိတ်အပိုင်းစီမံကိန်းနှစ်ခုကိုလည်း လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။
Xusheng Group က Rayong မှာ ဘတ် ၂.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး အလေးချိန်ပေါ့ပါးပြီး ခိုင်ခံ့တဲ့ ပစ္စည်းတွေကို အသုံးပြုပြီး စက်ရုပ်ကိုယ်ထည်၊ အဆစ်နဲ့ အရိုးအစိတ်အပိုင်းတွေကို ထုတ်လုပ်မှာပဲ ဖြစ်ပါတယ်။
BOI က ထိုင်းနိုင်ငံကို အလျင်အမြန်တိုးချဲ့နေတဲ့ ကမ္ဘာလုံးဆိုင်ရာ humanoid စက်ရုပ်ဈေးကွက်အတွက် အချက်အချာနေရာအဖြစ် သတ်မှတ်ဖို့ ရည်ရွယ်ထားပြီး နှစ်စဉ် ၁၃၀% ကျော် တိုးတက်မယ်လို့ ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ်မှာ စီးပွားဖြစ် ထုတ်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
Reference - Bangkok Post
Photo - Bangkok Post
https://www.facebook.com/share/p/183ysPTTMU/

👍8❤1
နဂါးကဲ့သို့ လမ်းမှားရောက်မှာစိုး၍ BNRA တပ်ဖွဲ့ဝင်တွေကို ခေတ္တထိန်းသိမ်းထားဟု PDF တပ်မှူးပြော
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - ခက်ဆစ်
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲဘော်တွေကို ဖမ်းဆီးထောင်ချဖို့မဟုတ်ဘဲ နဂါးကဲ့သို့ လမ်းမှားရောက်မှာစိုးတဲ့အတွက် ခေတ္တထိန်းသိမ်းထားပြီး လမ်းမှန်ရောက်အောင်လည်း အားပေးစကားပြောကြားခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ မှ တပ်မှူး ဗိုလ်စွမ်းက အသိပေးထားပါတယ်။
"BNRA ရဲဘော်များကို ဖမ်းဆီးထောင်ချဖို့မဟုတ်ပါဘူး၊ သူတို့ဆရာလို ကိုယ့်လိပ်ပြာကိုယ်မလုံပြီး လမ်းမှားရောက်မှာစိုးလို့ ခဏထိန်းသိမ်းပြီး လမ်းမှန်ကမ်းမှန်ရောက်အောင် အားပေးစကားပြောရင်း အချိန်တန်ရင် မုန့်ဖိုးပေးဖို့ စီစဥ်နေပါတယ်" လို့ ဗိုလ်စွမ်းက သူရဲ့ Facebook စာမျက်နှာမှာ ရုပ်သံမှတ်တမ်းတဲ့တကွ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဖော်ပြထားတာပါ။
လက်နက်တွေအပေါ်မှာ သွေးနားထင်မရောက်စေဖို့၊ ရာထူးအပေါ်မှာ သာယာမှုတွေ မဖြစ်သွားစေဖို့ မိမိကိုယ်တိုင်လည်း သုံးသပ်ကြောင်း၊ BNRA ရဲဘော်တွေထဲမှ ပါဝင်ခဲ့တဲ့သူတွေကို မုန့်ဖိုးပေးဖို့ အစီအစဉ်ရှိကြောင်းနဲ့ မိမိနေအိမ်တွေသို့ ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်းကိုလည်း ဗိုလ်စွမ်းက အဆိုပါ ရုပ်သံမှတ်တမ်းမှာ အသိပေးထားပါတယ်။
"မှာချင်တာက နောက် စိတ်မကုန်လို့ တော်လှန်ရေးလုပ်ချင်တယ် ဆိုရင်လည်း မင်းတို့ လမ်းမှန်ကမ်းမှန်နဲ့ မင်းတို့မှာ မျက်လုံးတွေရှိတယ်၊ နားတွေရှိတယ်၊ မှန်ကန်တဲ့ အဖွဲ့အစည်းတွေရောက်အောင် ကြိုးစားကြနော့်" လို့ BNRA ရဲဘော်တွေကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၈၊ တပ်မှူး ဗိုလ်စွမ်းက ပြောကြားခဲ့ပါတယ်။
BNRA အဖွဲ့မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ တပ်ဖွဲ့ဝင်တွေကို စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာ ပူးပေါင်းပါဝင်ပြီး တော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ စီစဉ်သွားမှာ ဖြစ်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
နဂါးနဲ့အတူ စစ်ကောင်စီထံ လက်နက်ချအညံ့ခံထားတဲ့ BNRA တပ်ဖွဲ့ဝင်အချို့က ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းသိမ်းထားတဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေကို ဖုန်းနဲ့အဆက်အသွယ်ပြုလုပ်ပြီး စည်းရုံးမှုတွေ ရှိနေတယ်လို့လည်း PDF ရဲဘော်တွေထံမှ သိရပါတယ်။
Video - ဗိုလ်စွမ်း
https://www.facebook.com/share/v/1F2fydWbEE/

ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးဒဏ်ရာရ
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - နိုင်နိုင်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ င/အုပ်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က အသေခံဒရုန်း ၂ စီးနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက် ၁၁ နာရီခန့်မှာ ကျောက်ဖြူမြို့နယ်၊ င/အုပ်ကျေးရွာနားရှိ စစ်ဘေးရှောင်စခန်းကို အသေခံဒရုန်း ၂ စီးနဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းမှာ ယာယီခိုလှုံနေတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ဗုံးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
"အသေခံ ဒရုန်းနှစ်စီးနဲ့ ဗုံးလာကြဲတာပါ၊ စစ်ရှောင်စခန်းအနီးကို ကျရောက်ပေါက်ကွဲတော့ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတာရှိပါတယ်၊ လက်ရှိမှာ သူတို့နှစ်ဦးတော့ ဆေးကုသမှုခံယူနေကြပါတယ်၊ အမြဲတမ်းလိုလို စစ်ကောင်စီတပ်က ကျောက်ဖြူမှာ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို လေကြောင်းနဲ့ ဗုံးချတာ၊ ဒရုန်းနဲ့ဗုံးချတာတွေ ပြုလုပ်နေပါတယ်" လို့ အဆိုပါ ကျောက်ဖြူဒေသခံက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေ ၄ နာရီအချိန်မှာလည်း စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ မိကျောင်းရေသောက်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ ဝမျှောင်ကျေးရွာနဲ့ ငအုပ်ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇ နှစ် အရွယ်ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် AA နဲ့ ထိတွေ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ အရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို လေကြောင်း၊ ရေကြောင်းအပါအဝင် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ ရခိုင်လှုမှုကူညီရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ စျေးတည်ရှိတဲ့နေရာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စျေးရောင်း၊ စျေးဝယ်ပြုလုပ်နေကြတဲ့ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo - စစ်ကောင်စီတပ်သားများ ဒရုန်းလေ့ကျင့်နေစဉ်(ပုံဟောင်း)
https://www.facebook.com/share/p/16GcVecnYK/

🤬4😢1
အမေရိကန် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကို မုန့်ဆိုင်နားမှာ စွန့်ပစ်ခဲ့တာကြောင့် သေဆုံး
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - Richard
အမေရိိကန် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက အမြင်အာရုံ ချို့တဲ့နေတဲ့ မြန်မာနိုင်ငံမှ ဒုက္ခသည်တစ်ဦးကို လမ်းပေါ်မှာ စွန့်ပစ်ထားခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ Independent News မှာ ဖော်ပြထားပါတယ်။
မြို့တော်ခန်းမပြောရေးဆိုခွင့်ရှိသူ Ian Ott က အသက် ၅၆ နှစ်အရွယ် Shah Alam ကို ဖေဖော်ဝါရီလ ၂၃ရက် ည ၈နာရီခွဲမှာ Perry လမ်းရဲ့ ပထမဘလောက်မှာ ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် ရဲတပ်ဖွဲ့ကို သွားရောက်စစ်ဆေးခိုင်းခဲ့ကြောင်း သိရပါတယ်။
“Mr. Shah Alam ကို ဒီနေ့အစောပိုင်းမှာ Erie ကောင်တီ ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးမှူးက ဖော်ထုတ်ခဲ့ပြီး သူ့ရဲ့မိသားစုကို နောက်ပိုင်းမှာ အကြောင်းကြားခဲ့တယ်”လို့ Ott က ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
အမြင်အာရုံချို့ယွင်းပြီး အင်္ဂလိပ်စကားအနည်းငယ်သာ ပြောတတ်တဲ့ Shah Alamဟာ ၂၀၂၅ ခုနှစ်အတွင်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ဖမ်းဆီးခံရပြီးနောက် လပေါင်းများစွာကြာ ထောင်ဒဏ်ကျခံခဲ့ရပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ချုပ်နှောင်မှုမှ ပြီးခဲ့တဲ့ရက်ပိုင်းကမှ လွတ်မြောက်ထားတာပါ။
သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းတွေကို ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုက “ကျန်းမာရေးနဲ့ ဆက်စပ်မှုရှိပြီး ဓာတုဗေဒဆိုင်ရာ ထိတွေ့မှုနဲ့ လူသတ်မှုကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း ဆုံးဖြတ်ခဲ့တယ်”လို့ Ott က ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အရမ်းစိတ်ထိခိုက်မိပါတယ်၊ အရမ်းလည်း စိတ်ပျက်မိပါတယ်”လို့ မိသားစုနဲ့ရင်းနှီးတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရှေ့နေတစ်ဦးဖြစ်သူ Imran Fazel က ပြောကြားခဲ့ပါတယ်။
“အမေရိကန်ပြည်ထောင်စုကို ရောက်လာကတည်းက ဘယ်သူမှ ဒီလိုအရာမျိုး ကြုံတွေ့ရလိမ့်မယ်လို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ဒီလိုနိုင်ငံမှာ ကျွန်တော့်ကို လုံခြုံမှု မခံစားရစေပါဘူး”လို့ သူကဆက်ပြောခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်တဲ့ ရှာအလမ်ဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစပြီးတော့ ပျောက်ဆုံးနေခဲ့တာပါ။
PEOPLE Newsမှ ကြည့်ရှုခဲ့တဲ့ တရားရုံးမှတ်တမ်းတွေအရ Shah Alamမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ "အသေးစားဒဏ်ရာတွေ" ရရှိစေခဲ့တဲ့ လက်နက်ကိုင်ဆောင်ထားတယ်လို့ စွပ်စွဲခံခဲ့ရပြီးနောက် ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ရာဇဝတ်မှုဆိုင်ရာ စွဲချက်များစွာနဲ့ ဖမ်းဆီးခံခဲ့ရကြောင်း WKBW မှ ဖော်ပြခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် နူရူလ် အာမိန် ရှာအလမ်ဟာ လမ်းလျှောက်တုတ်အဖြစ် အသုံးပြုတဲ့ တုတ် (Curtain rod) တစ်ခုကို ကိုင်ဆောင်လာမှုတဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာပါ။
အင်္ဂလိပ်စကားနဲ့ ပြောတဲ့ အမိန့်တွေကြောင့် ရဲတပ်ဖွဲ့ရဲ့ လျှစ်စစ်သေနတ် (Taser)နဲ့ ပစ်ခတ်တာ၊ ရိုက်နှက်တာတွေကို ခံခဲ့ရကာ ထောင်ထဲကို ရောက်ရှိခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် နူရူလ် အာမိန် ရှာအလမ်ရဲ့ မိသားစုက သူ့ကို အခြားပြည်နယ်ရှိ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (ICE)ကို ပို့ဆောင်ခံရမှာကို စိုးရိမ်တာကြောင့် အာမခံမယူဘဲ နောက်ဆုံးမှာ အမှုကို ညှိနှိုင်းဖြေရှင်းကာ ICE လက်ထဲကို မရောက်ရှိစေရန် စီစဉ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာအလမ်ကို ပြန်လွှတ်ပေးစဉ် မိသားစုဆီ အကြောင်းကြားတာ မရှိဘဲ သူ့ရဲ့နေအိမ်နဲ့ ငါးမိုင်ဝေးတဲ့ Tim Hortons မုန့်ဆိုင်တစ်ခုရှေ့မှာ ချထားကာ စွန့်ပစ်ခဲ့ကြကြောင်း သိရှိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည် နူရူလ် အာမိန် ရှာအလမ်မှာ ပြန်လည် လွတ်မြောက်လာချိန်မှာ ဖုန်းလည်းမပါ၊ အင်္ဂလိပ်စကားလည်း မပြောတတ်တဲ့အပြင် မျက်စိလည်း မမြင်ရတာကြောင့် အိမ်အပြန်လမ်းကို ရှာမတွေ့ခဲ့တဲ့အပြင် မိသားစုဝင်တွေကလည်း ရက်ပေါင်းများစွာ လိုက်လံရှာဖွေခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ICE လက်ထဲမှာ ရှိနေသေးတယ်လို့ မှားယွင်းယုံကြည်ကာ လူပျောက်မှုကို ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။
သေဆုံးသွားတဲ့ အဆိုပါ ရိုဟင်ဂျာဒုက္ခသည်မှာ ဇနီးနဲ့ ကလေး၂ဦး ကျန်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ICEအဖွဲ့ကြောင့် ၂၀၂၅ခုနှစ်မှာ ၃၅ဦးသေဆုံးခဲ့ပြီး ၂၀၂၆ခုနှစ်မှာ ၈ဦးအထိသေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
Reference - Investigative News/ People .com
Photo - Investigative News
https://www.facebook.com/share/p/17pgsPc2wU/

😱3
နဂါးကို ကယ်ထုတ်ပေးခဲ့တဲ့ ကံကြီးရွာဆရာတော် ဦးအရိယာဝံသကို ဥပဒေကြောင်းအရ စစ်ဆေးနေပြီး အရေးယူသွားမည်ဟုဆို
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - နိုင်နိုင်
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးကို စစ်တပ်ထံ ပူးပေါင်းရေးအတွက် အဓိကကူညီပေးခဲ့တဲ့ ကံကြီးရွာ ဆရာတော် ဦးအရိယာဝံသကို ဥပဒေကြောင်းအရ စစ်ဆေးမေးမြန်းနေပြီး အရေးယူသွားမည်မှာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရဲဘော်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပုလဲမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်တွေဟာ BNRA စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရှေ့တန်းတပ်အရာရှိတချို့နဲ့ ဆွေးနွေးစကားပြောနေတဲ့အချိန်မှာ ဗိုလ်နဂါး စစ်တပ်ထံပူးပေါင်းနိုင်အောင် ကံကြီးရွာ ဆရာတော် ဦးအရိယာဝံသက အဓိကကူညီပေးခဲ့တာ ဖြစ်တယ်လို့ မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးက BBM ကို ပြောပါတယ်။
နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ ပုလဲမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်တွေဟာ သက်တော် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကံကြီးဆရာတော် ဦးအရိယာဝံသကို သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
"နဂါးကို ဖမ်းဆီးဖို့အတွက် တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားချိန်၊ ဆရာတော်က သာသနာ့အလံထောင်ပြီး ကားနဲ့လိုက်ပို့ပေးခဲ့တာပါ၊ နဂါးနဲ့ အဲဒီဆရာတော်က အရင်ကတည်းကပင် အဆက်အသွယ်ရှိနေပြီးသားပါ၊ အခု အဲဒီဆရာတော်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ စစ်ဆေးနေတာရှိပါတယ်၊ အပြစ်ရှိရင်တော့ ဥပဒေကြောင်းအရပဲ အရေးယူသွားပါမယ်" လို့ ပုလဲမြို့နယ်က မြေပြင်ရဲဘော်တစ်ဦးက BBM ကို ပြောပါတယ်။
ဆရာတော်ကို ဖမ်းဆီးမိချိန်မှာလည်း BNRA တပ်ရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတစ်ချို့နဲ့ အချက်အလက်အချို့ကို ရှာဖွေတွေ့ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ဆရာတော်ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ဒေသခံတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပုလဲမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ စာပေးပို့တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
အခုနှစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ မနက်ပိုင်းက အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်တွေဟာ BNRA စခန်းတွေကို ဝင်ရောက်ကာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်က တပ်ဖွဲ့ဝင်အင်အား ၁၅၀ ခန့်ဟာ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဆီမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်မှာတော့ နဂါးဟာ သူရဲ့မိသားစုဝင်တွေနဲ့အတူ စစ်အုပ်စုထံလက်နက်ချအညံ့ခံပူးပေါင်းခဲ့ပြီး ၂ ရက်အကြာပဲ BNRA ဒုဥက္ကဋ္ဌ ကိုဖြိုးနဲ့ စစ်ရေးတာဝန်ခံ ကိုလတ် အပါအဝင်တပ်ဖွဲ့ဝင် ၅ ဦးကလည်း စစ်အုပ်စုထံ ထပ်မံလက်နက်ချ ပူးပေါင်းသွားပါတယ်။
NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ BNRA တပ်ဖွဲ့ဝင် ၉၀ ရာခိုင်နှုန်းကို ဖမ်းဆီးထိန်းသိမ်းထားနိုင်တာရှိပြီး ပုလဲမြို့နယ်အတွင်း လွတ်မြောက်နေသေးတဲ့ BNRA တပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီးထိန်းသိမ်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာလည်း နဂါးလက်နက်ချပြီးနောက် ပုလဲမြို့နယ်အနောက်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းတွေကို စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထိုးနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းကျေးရွာနဲ့ နွယ်အင်းကျေးရွာတွေမှ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ပုလဲဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ သေတ္တရာကျေးရွာကနေ အနောက်ဘက် ဆင်ရှင်၊ ငှက်ပျောတော၊ ဇီးဖြူကုန်း၊ နှောရိုးနဲ့ ချင်ပြစ်ကျင်းကျေးရွာဘက်ကို ထိုးနေတဲ့စစ်ကြောင်းဖြစ်ပြီး နောက်ထပ်စစ်ကြောင်းတစ်ကြောင်းကတော့ အင်းကန်၊ သပြေကုန်း၊ အင်ကြင်းစု ရွာတွေဘက်သို့ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ စစ်ကြောင်းတွေကြောင့် ပုလဲမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
https://www.facebook.com/share/p/17HsxBfQAc/

👍5🤬1
ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့မှုကြောင့် ပျူရွာတွေမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေ
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - ကိုအိုက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ဒေသခံ တော်လှန်ရေးတပ်တွေရဲ့ နှစ်နဲ့ချီ လမ်းပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာတွေမှာ ကုန်စည်တွေပြတ်လပ်ပြီး ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အမာခံကျေးရွာတွေဖြစ်တဲ့ ဟံသာဝတီနဲ့ မြောက်ခင်ရန်းရွာတို့မှာ တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာပါ။
"မြောက်ခင်ရန်း၊ ဟံသာဝတီရွာတွေက စစ်တပ်နဲ့ပျူစောထီး တပ်စွဲထားတဲ့ရွာတွေဖြစ်တဲ့အတွက် တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားတာပါ၊ ရွာသားတွေကလည်း စစ်တပ်အမာခံတွေဖြစ်ကြသလို အများစုက ပျူစောထီးအဖွဲ့ဝင်တွေဖြစ်ကြပါတယ်၊ အဲနှစ်ရွာက ဂန့်ဂေါမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတာပါ"လို့ တော်လှန်ရေးတပ်တွေနဲ့နီးစပ်သူ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
အဲဒီကျေးရွာ နှစ်ရွာဟာ ပြီးခဲ့တဲ့ တစ်နှစ်ခွဲကျော်ကာလမှစတင်၍ ဆန်၊ ဆီ၊ ဆား၊ ငပိ စတဲ့ အခြေခံကုန်ပစ္စည်းတွေ ပြတ်လပ်နေတာဖြစ်ပြီး လက်ရှိမှာ ကုန်ဈေးနှုန်းတွေဟာ သာမန်ထက် အဆပေါင်းများစွာ မြင့်တက်လျက်ရှိနေပါတယ်။
လက်ရှိ မြောက်ခရန်းနဲ့ ဟံသာဝတီရွာ ကုန်စျေးနှုန်းမှာ ဆား (၁) ပိဿာ ၈ သောင်းကျပ်၊ ကွမ်းသီး (၁) ပိဿာ ၁ သိန်းကျော် ကျပ်၊ ဖက်ကြမ်းဆေးလိပ် (၁) စည်း ၆ သောင်းကျပ်၊ ထန်းလျက် (၁) ပိဿာ ၆ သောင်းကျပ်အထိ ရှိနေသလို တချို့ကုန်စည်တွေမှာ ပြတ်လပ်နေတယ်လို့ သိရပါတယ်။
"အရင်လတွေက ရဟတ်ယာဥ်နဲ့ လာပြီး ဆား၊ ငပိ ရောင်းပေးတယ်လို့ သိရတယ်၊ အဲရွာနှစ်ရွာက ရွာသားတွေက ပျူစောထီး မိသားစုဝင်ချည်းဆိုပေမဲ့ အလကားပေးတာ မဟုတ်ဘူး၊ တန်းစီပြီး ဝယ်ရတယ်လို့ပြောတယ်၊ စျေးကတော့ ပုံမှန်စျေးပေါ့၊ အခု စစ်ကောင်စီကလည်း ရဟတ်ယာဥ် မလာနိုင်တော့ဘူး"လို့ ဖြစ်စဥ်သိရှိသူ ဂန့်ဂေါဒေသခံ အမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်နဲ့ ရိက္ခာလာရောက်ပို့ဆောင် ရောင်းချပေးမှုမှာလည်း ပြတ်တောက်နေသည်မှာ ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။
မြောက်ခင်ရန်းနဲ့ ဟံသာဝတီရွာတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြပြီး စစ်တပ်မှ လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီး အားကောင်းတဲ့ ရွာတွေလည်း ဖြစ်ပါတယ်။
အဲဒီရွာတွေက အစပိုင်းမှာ လက်နက်အားကိုးနဲ့ အနီးနားကျေးရွာတွေကို စစ်ကြောင်းထိုး လုယက်ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားကောင်းလာခြင်းနဲ့ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် အခုလိုရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
https://www.facebook.com/share/p/17P3n5ejci/

❤4👍3
ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ကြား ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တစ်ခုရေးဆွဲဖို့ မျှော်လင့်ဟု AA စာပို့
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - နိုင်နိုင်
အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါက်တာ ခါလီလာရာမန် (Dr. Khalilur Rahman) ဆီကို ပထမဆုံးအကြိမ် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် သတင်းအေဂျင်စီ (BSS) သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ယမန်နေ့က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ "ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် လက်တွေ့ကျတဲ့၊ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေဖို့ ကျွန်တော်တို့နဲ့အတူ ဆက်လက်လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ရဲ့ ရှိပြီးသားချစ်ကြည်ရေးကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ရက္ခိုင့်အကြား ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တစ်ခုကို ရေးဆွဲဖို့မျှော်လင့်ပါတယ်" လို့ ဆိုထားပါတယ်။
အဆိုပါသတင်းစကားတွေဟာ ရိုဟင်ဂျာအကျပ်အတည်းအတွက် ဖြေရှင်းချက်ရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခတပ်တော် (AA) နှစ်ဖက်စလုံးဟာ ဖွဲ့စည်းခါစ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ်နေကြောင်း ညွှန်ပြနေပုံရပါတယ်လို့ BSS သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါက်တာ ခါလီလာရာမန် (Dr. Khalilur Rahman) ဆီကို စစ်ကောင်စီတပ်ရဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကလည်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ဖို့နဲ့ နေပြည်တော်နဲ့ ဒါကာအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ ခိုင်မာတဲ့ ကတိကဝတ်ကို ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါက်တာ ခါလီလာရာမန် (Dr. Khalilur Rahman) ဟာ မကြာသေးမီအချိန်ကလည်း အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရ၊ အာရက္ခတပ်တော် AA နှစ်ဘက်စလုံးနဲ့ ဆက်သွယ်မှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။
"မြန်မာအစိုးရနဲ့ အာရက္ခတပ်တော် အာဏာပိုင်တွေဆီက သတင်းစကားတွေဟာ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်၊ အဆိုပါ စဉ်ဆက်မပြတ်ဆက်သွယ်မှုနဲ့ ဆွေးနွေးမှုတွေမှတဆင့် ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်အပေါ် ယုံကြည်မှုကို ထင်ဟပ်စေတယ်" လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက မနေ့က ညနေပိုင်းမှာ BSS ကို ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာပြဿနာအတွက် အခြားအဓိကနိုင်ငံတွေ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့လည်း သိရပါတယ်။
https://www.facebook.com/share/p/1E6p7TWcLN/

နိုင်ငံမှာအန္တရာယ်ကြုံလာတိုင်း "လူ့အသက်ထက် မည်သည့်အရာမှ အရေးမကြီး"ဆိုတဲ့ မင်းအောင်လှိုင်ညွှန်ကြားချက်အတိုင်း စစ်တပ်ကဖြေရှင်းပေးဟု ဒုချုပ်စိုးဝင်းပြော
BBM-ဖေဖော်ဝါရီ၂၆
သတင်း-မင်းသော်
နိုင်ငံမှာ ဘေးအန္တရာယ်ကြုံလာတဲ့အချိန်တိုင်း "လူ့အသက်ထက် မည်သည့်အရာမှ အရေးမကြီး"ဆိုတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်အတိုင်း စစ်တပ်ကဖြေရှင်းပေးနေတယ်လို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ ဒုချုပ်စိုးဝင်းက ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၅ ရက်နေ့က ရှမ်းပြည်နယ် ဗထူးမြို့မှာ ပြုလုပ်ခဲ့တဲ့ အမှတ်စဥ်(၁၂၉) ဗိုလ်သင်တန်းကျောင်း ကျောင်းဆင်းမိန့်ခွန်းမှာ အထက်ပါအတိုင်း ဒုချုပ် စိုးဝင်းကပြောဆိုလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက် စစ်တပ်အနေနဲ့ စစ်ရေးခြိမ်းခြောက်မှုတွေနဲ့သာမက ကိုဗစ်ရောဂါ၊ မိုခါမုန်းတိုင်း၊ ရာဂီမုန်တိုင်းရဲ့နောက်ဆက်တွဲ ရေကြီးရေလျှံမှု၊ စစ်ကိုင်းငလျင် စတဲ့ ဘေးအန္တရာယ်တွေနဲ့ကြုံလာတိုင်း နိုင်ငံနဲ့ပြည်သူ့အတွက် "လူ့အသက်ထက် မည်သည့်အရာမှ အရေးမကြီး" ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အတိုင်း ဦးစွာ ရင်ဆိုင်ဖြေရှင်းပေးခဲ့တယ်လို့ စိုးဝင်းက ဆိုပါတယ်။
ဒါ့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာမှာလည်း စစ်တပ်က သက်ဆိုင်ရာအစိုးရအဖွဲ့တွေနဲ့ပေါင်းပြီး မူလအခြေအနေထက် မြင့်မားစေရန် အားကြိုးမာန်တက် ဆောင်ရွက်ပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
ဒါတင်မက နိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်းရေးကိုလိုအပ်နေပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ တံတားဖျတ်မိုင်းခွဲတာတွေပြုလုပ်တာကြောင့် တိုင်းပြည်မတည်ငြိမ်သလို လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုခက်ခဲပြီး လူမှုစီးပွါးရေးတွေလည်း အဆင်မပြေ ဖြစ်စေတယ်လို့ ၎င်းကအပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်တွေအနေနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုတည်ငြိမ်အေးချမ်းအောင် အစဥ်တစိုက်ဆောင်ရွက်နေတယ်လို့ ပြောဆိုနေပေမဲ့လည်း အရပ်သားပြည်သူလူထုတွေရှိရာကိုလေကြောင်းမှ မကြာခဏဗုံးကြဲချတိုက်ခိုက်တာတွေအပြင် ပြည်သူတွေနေထိုင်ရာကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးတာတွေကို နေ့စဥ်ပြုလုပ်နေတယ်လို့လည်း ပြည်တွင်းပြည်ပအင်အားစုတွေက ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။
Photo-ပုံဟောင်း
https://www.facebook.com/share/p/1a64wnvT81/

👍9❤1🖕1
ပိတ်ထားတဲ့ ပလက်ဝနဲ့ ရခိုင်ဒေသအတွက် အဓိကကျတဲ့ မီဇိုရမ်-ပလက်ဝ နယ်စပ်လမ်းကြောင်းတွေ အားလုံးပြန်ဖွင့်
BBM-ဖေဖော်ဝါရီ ၂၆
သတင်း-ကိုအိုက်
လုံခြုံရေးအခြေအနေကြောင့် တစ်ပတ်ကြာ ပိတ်ထားခဲ့တဲ့ မီဇိုရမ်-ပလက်ဝ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို အိန္ဒိယအာဏာပိုင်တွေက မနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ ဒေသခံတွေက BBM ကို ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက နယ်စပ်လမ်းများပြန်ဖွင့်ရန် အမိန့်ထုတ်ပြန်တာဖြစ်ပါတယ်။
အဆိုပါ လမ်းကြောင်းဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း တင်သွင်းရာမှာ အားထားရတဲ့ တစ်ခုတည်းသော အဓိက ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မီဇိုးယာဉ်မောင်းတစ်ဦး မြန်မာဘက်ခြမ်းသို့ ကုန်ပစ္စည်းသွားပို့စဉ် သေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့် လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်ကာ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ လမ်းကြောင်းတွေကို အိန္ဒိယဘက်က တင်းကျပ်စွာ ပိတ်ပင်ခဲ့တာပါ။
လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ ထုတ်ပြန်ချက်အရ နယ်စပ်ဒေသမှာ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရှိလာပြီဖြစ်တာကြောင့် ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို ရုပ်သိမ်းပြီး ကုန်သွယ်မှုလုပ်ငန်းတွေကို ပြန်လည်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
"မနေ့ကစပြီး လမ်းကြောင်းတွေ အားလုံး မီဇိုရမ်ဘက်ကနေ ပြန်ဖွင့်ပေးပါပြီ။ အခု နယ်စပ်တလျှောက်မှာ ကုန်သည်တွေ ပုံမှန်အတိုင်း ကုန်စည်တွေ ပြန်လည် သယ်ယူနေကြပါပြီ"လို့ ရခိုင်ကုန်သည်တစ်ဦးက BBM ကို ပြောပါတယ်။
အခြားအရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်သော ရှာဟာ (Siaha) ခရိုင်ဘက်က လမ်းကြောင်းကိုမူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကတည်းက ကြိုတင်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။
လက်ရှိ စစ်ရေးအခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့ ပလက်ဝနဲ့ ရခိုင်ဒေသအတွက် အခုလို နယ်စပ်လမ်းကြောင်းတွေ ပြန်လည်ပွင့်လင်းလာခြင်းဟာ ပြတ်လပ်နေတဲ့ အခြေခံရိက္ခာနဲ့ ကုန်စည်တွေ ပြန်လည်ဝင်ရောက်နိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။
ပုံ-လူမှုကွန်ရက်
#bbmnews #bbm #bbmtv #Palawa #rakhine
https://www.facebook.com/share/p/1QN9EdgYrX/

👍5
ရွာငံမြို့နယ်မှာ သံဃာအပါအဝင် ဒေသခံ ၂၀ ဦး ဖမ်းဆီးခံရ၊ တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနဲ့ ပြန်ရွေးယူနေရ
BBM- ဖေဖော်ဝါရီလ ၂၆
သတင်း-ခွန်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အချိန်မှာ သံဃာတော်တွေပါအဝင် ဒေသခံပြည်သူ စုစုပေါင်း ၂၀ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေပြောပြတာကတော့ ဖေဖော်ဝါရီလအတွင်း စစ်ကြောင်းတွေ ရွာထဲဝင်လာတဲ့အခါ လမ်းမှာတွေ့တဲ့ အမျိုးသားတွေကို အကြောင်းရင်းမရှိဘဲ ဖမ်းခေါ်သွားတာဖြစ်ပြီး ဖမ်းပြီးနောက်မှာတော့ ပုဒ်မအမျိုးမျိုး တပ်ပြီး မိသားစုတွေကို ဆက်သွယ်ကာ ရွာငံရဲစခန်းမှာ တစ်ယောက်ကို ငွေကျပ် ၁၀ သိန်းနဲ့ လာရွေးဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။
“စစ်ကြောင်းဝင်လာရင် ရွာထဲမှာတွေ့တဲ့သူကို အကြောင်းမရှိဘဲ ဖမ်းသွားတာပါ။ သံဃာတော်တွေတောင် မချန်ဘူး။ နောက်မှ ဆယ်သိန်းနဲ့ လာရွေးခိုင်းတယ်။ မပေးနိုင်ရင် မလွတ်ဘူးလို့ မိသားစုတွေကို ဖိအားပေးတယ်။ ဒါဟာ ဥပဒေအရ ဖမ်းတာမဟုတ်ဘဲ အာဏာသုံးပြီး ပြည်သူတွေကို ငွေညှစ်နေတာနဲ့ တူပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ နွားဘန်းကြီးကျေးရွာ၊ အင်တောကျေးရွာ နဲ့ ရေချမ်းကျေးရွာ တို့က အသက် ၂၅ နှစ်ကနေ ၄၀ နှစ်အရွယ်အထိရှိတဲ့ အမျိုးသားတွေဖြစ်ပြီး သံဃာတော်အချို့လည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တချို့မိသားစုတွေဆို အဆင်မပြေကြပါဘူး။ ဖမ်းခံရသူကို ပြန်ထုတ်ဖို့ အိမ်ခြံမြေတွေတောင် ပေါင်ပြီး ချေးငွေထုတ်ရတယ်။ ဆယ်သိန်းဆိုတာ ပြည်သူတွေအတွက် အလွန်ကြီးတဲ့ ငွေပမာဏပါ” လို့ နောက်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလို ဖမ်းဆီးပြီး ငွေညှစ်ယူတဲ့အမှုတွေ မကြာခဏ ဖြစ်နေတဲ့အတွက် စစ်ကြောင်းဝင်လာတဲ့အချိန်တိုင်း ဒေသခံအမျိုးသားအများစုက အိမ်မှာ မနေရဲကြဘဲ တောတောင်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ရွာငံမြို့နယ်အရှေ့ဘက် အုတ်တွင်းကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။
လက်ရှိအခြေအနေအရ စစ်ကောင်စီဘက်က ထိခိုက်ဆုံးရှုံးမှုများနေတာကြောင့် နောက်ထပ် အင်အားအများကြီးနဲ့ ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ ခန့်မှန်းထားပြီး ဒေသခံပြည်သူတွေကို သွားလာရာမှာ အထူးသတိထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
ပုံ-ရွာငံမြို့ဆိုင်းဘုတ်
https://www.facebook.com/share/p/1Cdeg3k5K1/

🤬4👍2
သရက်ချောင်းမှာ စစ်တပ်က အရပ်သားကားတစ်စီးကို အကြောင်းမဲ့ ပစ်ခတ်လို့ တဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိ
BBM-ဖေဖော်ဝါရီ၂၆
သတင်း - ကိုဟန်
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားတွေ စီးနင်းလာတဲ့ ကားကို ပစ်ခတ်လို့ တဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေထံကနေ သိရပါတယ်။
စစ်ရေးတင်းမာနေတဲ့ မြိတ်-ထားဝယ်ကားလမ်းပိုင်းတလျှောက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေဟာ မနက် ၁၀ နာရီခန့် ပိန်းတောကျေးရွာကို ရောက်ရှိချိန် အဲဒီလမ်းပိုင်းမှာ ဖြတ်သန်း မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။
“ပိန်းတောရွာမှာ ဖြစ်သွားတာက ခရီးသွားကားတော့ မဟုတ်ဘူး၊ ဒီနယ်က ကားတွေပဲ ကြက်စာတင်လာတယ် ပြောတယ်၊ ၆ ဘီးကားလေးပဲ၊ စစ်တပ်က လှမ်းတားတယ်၊ ကားသမားက မကြားလို့ ထင်ပါတယ်၊ မောင်းသွားတာ အဲဒါကို လှမ်းပစ်လိုက်တာ” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံတဦးက BBM ကို ပြောပါတယ်။
စစ်တပ်ပစ်ခတ်မှုကြောင့် အသက်(၄၀)ဝန်းကျင် အရွယ် ထားဝယ်ဒေသခံဖြစ်တဲ့ ယာဉ်မောင်းဖြစ်သူမှာ ဦးခေါင်းကျည်ထိမှန်ပြီး နေရာမှာပင် ပွဲချင်းသေဆုံးခဲ့ကာ အသက် ၃၀ ဝန်းကျင်အရွယ် ယာဉ်နောက်လိုက် နှစ်ဦးက ခန္ဓာကိုယ်အနှံ့မှာ ကျည်ထိဒဏ်ရာများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအနက် တဦးက ဒဏ်ရာပြင်းထန်နေပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
အထက်ပါစစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၃ ရက်မှာလည်း ညောင်ဇင်ရွာကို ဆိုင်ကယ်မောင်းပြန် လာတဲ့ အသက် ၂၀ ကျော် လူငယ်တဦးက ပစ်ခတ်လို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
“အခုက သရက်ချောင်းမှာရော နေရာအတော်များများမှာ စစ်ကြောင်းထိုးနေတော့ သတိထားသွားလာနေရတယ်၊ ဒီစစ်တပ်က တွေ့ရာလူကို လုပ်ချင်သလို လုပ်နေတာ သူတို့နဲ့ ရှောင်ပြီး သွားလာတာအကောင်းဆုံးပဲ၊ ကျွန်တော်တို့ဆို အဲဒီမြိတ်-ထားဝယ်လမ်းဘက် ကားမထွက်တာ ကြာပြီး” လို့ မော်လမြိုင်-တနင်္သာရီ ကုန်တင်
ယာဉ်ပြေးဆွဲနေသူ တဦးက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်မှုတွေ ရက်ဆက် ပြုလုပ်နေတယ်လို့ ဒေသအခြေ စိုက်တော်လှန်ရေးတပ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်မှာလည်း သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာတဝိုက်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
တိုင်းတခုလုံးနီးပါးကို စစ်မျက်နှာဖွင့်ထားတဲ့ စစ်တပ်က လေကြောင်းပစ်ကူအားကို ပိုမိုအသုံးပြုနေပြီး အရပ်သားထိခိုက် သေဆုံးမှု မြင့်တက်လာနေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - Social Media
https://www.facebook.com/share/p/1FSxcpSpQc/

🤬5👎1
မြောက်ကိုရီးယားက အမေရိကန်နဲ့ 'အဆင်ပြေအောင်' လုပ်နိုင်တယ်လို့ ကင်မ်ပြော၊ ဆိုးလ်နဲ့ ပိုနီးစပ်တဲ့ ဆက်ဆံရေးကို ငြင်းဆန်
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - Richard
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန်ပြည်ထောင်စုနဲ့ “သင့်မြတ်အောင်” လုပ်ဆောင်နိုင်တယ်လို့ပြောကြားခဲ့ပေမဲ့ အမေရိကန်ရဲ့ လုံခြုံရေးမဟာမိတ် တောင်ကိုရီးယားကတော့ ရန်သူအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ကြေညာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီလ ၂၆ရက် ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။
ကင်မ်က ပါတီကွန်ဂရက်တစ်ခုမှာ အမေရိကန်အနေနဲ့ မြောက်ကိုရီးယားကို နျူကလီးယားအင်အားကြီးနိုင်ငံအဖြစ် လေးစားဖို့ တိုက်တွန်းတဲ့ မှတ်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံကို သွားရောက်လည်ပတ်စဉ် ကင်မ်နဲ့ တွေ့ဆုံဖို့ ကြိုးပမ်းနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ တိုးပွားလာချိန်မှာ ကင်မ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမယ့် သူက တောင်ကိုရီးယားနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ကို တံခါးပိတ်လိုက်ပုံရပြီး ဆိုးလ်ကို သူ့နိုင်ငံရဲ့ “တစ်နိုင်ငံတည်းသား”တွေအဖြစ် “အပြီးတိုင် ချန်လှပ်ထား”မယ်လို့ ပြောကြားခဲ့ပါတယ်။
“မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ဘယ်လိုအခြေအနေမှာမဆို ဆက်ဆံဖို့ မရှိပါဘူး” လို့ ကင်မ်က ပြောကြားခဲ့ပြီး ဆိုးလ်ရဲ့ မကြာသေးမီက ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို “လှည့်စားမှု” လို့ ခေါ်ဆိုခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားကို ပထမဆုံးအကြိမ်အဖြစ် “ရန်လိုတဲ့နိုင်ငံ” အဖြစ် သတ်မှတ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အတိတ်ကာလက စစ်ရေးပြပွဲတွေမှာ နောက်ဆုံးပေါ် လက်နက်တွေကို ပြသခဲ့ပြီး သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိကိုလည်း ပြသလေ့ရှိပါတယ်။
“အမေရိကန်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအဆင့်အတန်းကို လေးစားပြီး ရန်လိုတဲ့မူဝါဒကို ရုပ်သိမ်းပါက အမေရိကန်ပြည်ထောင်စုနဲ့ ကျွန်တော်တို့ ကောင်းစွာ ဆက်ဆံနိုင်လိမ့်မယ်” လို့ ကင်မ်က ကိုရီးယားဗဟိုသတင်းဌာန (KCNA)ကို ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာရှခရီးစဉ်အတွင်း ကင်မ်နဲ့ ရင်းနှီးမှုကို တိုးမြှင့်ခဲ့ပြီး တွေ့ဆုံဖို့ “၁၀၀ ရာခိုင်နှုန်း” အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ထရမ့်က မြောက်ကိုရီးယားဟာ “နျူကလီးယားအင်အားကြီးနိုင်ငံ” ဖြစ်ကြောင်း ဝန်ခံခြင်းအားဖြင့် ဆယ်စုနှစ်များစွာကြာ တည်ရှိနေခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒကိုပင် ဆန့်ကျင်ပြောဆိုခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တုန်းက ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေး ပျက်ပြားပြီးနောက် ဧပြီလမှာ ပြုလုပ်မယ့် ထရမ့်-ကင်မ် တွေ့ဆုံမှုဟာ နှစ်ပေါင်းများစွာကြာ သံတမန်ရေးအရ မပြေလည်မှုတွေဟာ ပြန်လည်သင့်မြတ်လာမယ့်အနေအထားမှာ ရှိပါတယ်။
Reference - France 24
Photos - BBC
https://www.facebook.com/share/p/1CZfiRV9er/

👍3
ဖားဆောင်းရှိ သံလွင်မြစ်ကူးတံတား တစ်လအတွင်း ဒုတိယအကြိမ် မိုင်းခွဲခံရ
BBM -ဖေဖော်ဝါရီ ၂၇
သတင်း-ခွန်း
ကရင်နီပြည်နယ် အတွင်းရှိ ဖားဆောင်းမြို့နယ် မှာရှိတဲ့ သံလွင်မြစ် ကူးတံတားဖြစ်တဲ့ ဖားဆောင်းတံတားဟာ တစ်လအတွင်း ဒုတိယအကြိမ်မြောက် မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တံတားကို ထပ်မံ မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားအရှည် ပေ ၃၀၀ ခန့်အထိ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီတံတားဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာတင် ပထမအကြိမ် မိုင်းခွဲခံထားရပြီး အဲဒီနောက် ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးတဲ့အချိန်အတွင်းမှာပဲ ထပ်မံ မိုင်းခွဲခံရတာဖြစ်ပါတယ်။
ဒါကြောင့် ဒီလမ်းကြောင်းကို ရေရှည်အသုံးပြုနိုင်ဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေထိ ရောက်လာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေပြောပြချက်အရ ပထမအကြိမ် တံတားပျက်သွားပြီးနောက်ပိုင်းမှာ သံလွင်မြစ်ကို စက်လှေနဲ့သာ ကူးသန်းရတာဖြစ်ပြီး သွားလာရေးမှာ အခက်အခဲတွေ အများကြီးကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
အခု ဒုတိယအကြိမ် ထပ်မံ မိုင်းခွဲခံရတဲ့အတွက် လမ်းကြောင်းကို ဘယ်အချိန် ပြန်ဖွင့်နိုင်မလဲဆိုတာကိုတောင် ခန့်မှန်းလို့ မရတော့ဘူးလို့လည်း ပြောပါတယ်။
“ပထမတစ်ခါကတည်းက အခက်အခဲတွေ အများကြီးရှိနေပါပြီ။ အခုတော့ ဒုတိယအကြိမ်ထပ်မံ မိုင်းခွဲခံရတော့ ဒီလမ်းကြောင်းကို လုံးဝ မမျှော်လင့်နိုင်တော့ပါဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလို ဒုတိယအကြိမ် မိုင်းခွဲခံရပြီးနောက်ပိုင်းမှာတော့ တံတားအနီးတဝိုက်ကို စစ်တပ်က ပိုပြီး တင်းကျပ်စွာ ထိန်းချုပ်လာခဲ့သလို ခဲမဖြူရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ဒေသခံတွေကပြောပါတယ်။
ဒေသခံတွေကတော့ တံတားကို တစ်ကြိမ်ပြီးတစ်ကြိမ် ပစ်မှတ်ထား ဖျက်ဆီးနေတာဟာ စစ်ရေးပဋိပက္ခတွေ ပိုပြီး ပြင်းထန်လာနေတဲ့အချက်ကို ပြသနေတာဖြစ်ပြီး သာမန်ပြည်သူတွေရဲ့ သွားလာရေး၊ စီးပွားရေးနဲ့ လုံခြုံရေးအပေါ် တိုက်ရိုက် သက်ရောက်မှုရှိလာနေတယ်လို့ စိုးရိမ်နေကြပါတယ်။
လက်ရှိအချိန်မှာ ဖားဆောင်းမြို့နယ် အတွင်း အရေးပါတဲ့ လမ်းတံတားနဲ့ အခြေခံအဆောက်အအုံတွေကို ဆက်တိုက် ပစ်မှတ်ထားလာနေတာကြောင့် ဒေသခံတွေအကြား နောက်ထပ် ပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်ပါတယ်။
ပုံ-စစ်ကောင်စီတယ်လီဂရန်ချန်တယ်
https://www.facebook.com/share/p/1CefWvBd3S/

👍4
ပွဲကောင်းတွေကို မြင်တွေ့ရဖို့ရှိတဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - David
ချန်ပီယံလိဂ် Knockout Phase Play-offs ပွဲတွေကတော့ ပြီးဆုံးသွားခဲ့ပါတယ်။
၁၆ သင်းအဆင့်ကို လက်ရှိချန်ပီယံ PSG၊ ရီးရဲလ်မက်ဒရစ်၊ အတ္တလန်တာ၊ ဂါလာတာစာရေး၊ နယူးကာဆယ်၊ ဘိုဒါဂလင့်၊ လေဗာကူဆင်နဲ့ အက်သလက်တီကိုအသင်းတွေ တက်ရောက်ခဲ့ကြပါတယ်။
၁၆ သင်းအဆင့် ပွဲစဉ်ရေးဆွဲပွဲကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက် မြန်မာစံတော်ချိန် ညနေ ငါးနာရီခွဲ ပြုလုပ်မှာဖြစ်ပြီး ပွဲကြီးပွဲကောင်းတွေမြင်တွေ့ရဖို့ ရှိနေပါတယ်။
ချန်ပီယံ PSG အသင်းက ပွဲကျပ်ရင်ဆိုင်ရဖို့ရှိပြီး ချယ်လ်ဆီး သို့မဟုတ် ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံရပါလိမ့်မယ်။
အက်သလက်တီကိုကလည်း စပါး သို့မဟုတ် လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။
ရီးရဲလ်-မန်စီးတီးတွေ့ဆုံမှုလည်း ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
League Phase ဇယားထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်တို့ကတော့ လေဗာကူဆင်၊ အတ္တလန်တာတို့နဲ့ တွေ့ဆုံရမယ့် အတွဲအဖက်မှာ ပါဝင်နေပါတယ်။
Photo - Bleacher Report
#bbmnews #bbm #bbmtv #Chanpion #SportsNews
https://www.facebook.com/share/p/1HaqEJ78im/

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့ တိုက်ခိုက်မှုများ စတင်
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - Richard
အာဖဂန်နစ္စတန်နိုင်ငံရဲ့ တာလီဘန်အာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်က ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ နယ်စပ်တစ်လျှောက်ရှိ ပါကစ္စတန်စစ်စခန်းတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၆ရက်နေ့နှောင်းပိုင်းမှာ အာဖဂန်နစ္စတန် အရှေ့ပိုင်းရှိ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ မီဒီယာရုံးက “ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ” စတင်ခဲ့ကြောင်း ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
“ပါကစ္စတန်ဘက်က ထပ်ခါတလဲလဲ ရန်လိုမှုနဲ့ ချိုးဖောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ Durand Line တလျှောက်ရှိ ပါကစ္စတန်စစ်ဘက်စခန်းတွေကို အကြီးစားထိုးစစ်ဆင်မှုတွေ စတင်ခဲ့တယ်” လို့ တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်(Zabihullah Mujahid) က X မှာ ရေးသားခဲ့ပါတ်ူ။
မကြာသေးမီလများအတွင်း အိမ်နီးချင်းနှစ်နိုင်ငံကြား ဆက်ဆံရေးဟာ ကီလိုမီတာ ၂,၆၁၁ (မိုင် ၁,၆၂၂) ရှည်လျားတဲ့ Durand Line လို့လူသိများတဲ့ နယ်စပ်တလျှောက် အောက်တိုဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ အသေအပျောက်များတဲ့ တိုက်ပွဲတွေကြောင့် နှစ်ဖက်စလုံးမှ လူ ၇၀ ကျော် နယ်စပ်ဖြတ်ကျော်ဂိတ် အများစုကို ပိတ်ထားခဲ့ပါတယ်။
“ကြာသပတေးနေ့ တိုက်ခိုက်မှုတွေအတွင်း ပါကစ္စတန်စစ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ကင်းစခန်း ၁၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်၊ ဒါဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယ်စပ်တလျှောက် ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုတွေအတွက် အာဖဂန်တာလီဘန်တွေဘက်က လက်စားချေခြင်းဖြစ်တယ်”လို့ အာဖဂန်စစ်ဘက်သတင်းရင်းမြစ်တစ်ခုက Al Jazeeraကို ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်ရဲ့ တနင်္ဂနွေနေ့တိုက်ခိုက်မှုတွေအတွင်း တိုက်ခိုက်ရေးသမား အနည်းဆုံး ၇၀ ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပြီး အာဖဂန်နစ္စတန်က ငြင်းဆိုခဲ့ကာ ဒါဟာ အရပ်သားတွေ (အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင်)သာ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ပါကစ္စတန် သတင်းအချက်အလက်နဲ့ ရုပ်သံထုတ်လွှင့်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့နှောင်းပိုင်းမှာ ပါကစ္စတန်တပ်ဖွဲ့တွေက ခိုင်ဘာပက်တွန်ခွာပြည်နယ်ရှိ နေရာအတော်များများမှာ တာလီဘန်တွေရဲ့ ပစ်ခတ်မှုကို “ချက်ချင်း ထိရောက်တဲ့ တုံ့ပြန်မှု” ပြုလုပ်ခဲ့ကြောင်း Xလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
Reference - Al Jazeera
Photo - Al Jazeera/BBC
https://www.facebook.com/share/v/18cap5F8qy/

👍2
ရွာငံမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ လှည့်ကင်းတွေကို တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦးအပါ ၁၀ ဦးသေဆုံး
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - ခက်ဆစ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ လှည့်ကင်းတွေကို တိုက်ခိုက်မှုအတွင်း ဗိုလ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး လက်နက် ၇ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဓနု PDF ၁၀၀၃ တပ်ရင်းက ဒီနေ့ထုတ်ပြန်ပါတယ်။
ရွာငံမြို့နယ်၊ မျှားကလေးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျ မသိရသော်လည်း နာရေးကူညီမှုကားတွေနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၁၈ ရက်မှာလည်း ကျောက်ငှက်-အုတ်တွင်းလမ်းပိုင်းမှာ ပတ်ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ် ၁ ဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးပြီး ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီထံမှ လက်နက် ၅ လက်၊ ကျည် ၆၀၀ တောင့်၊ အီနာဂါ ၁ လုံး၊ ဆက်သွယ်ရေးစက်ကြီး ၁ လုံးနဲ့ ကျည်ဘောက် ၁၁ ခု တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်မှာလည်း ၁၀၀၃ တပ်ရင်း ဓနု PDF ရဲဘော်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန်မှာ ပြည်သူရဲ့ ကားတစ်စီးက တိုက်ပွဲဇုံထဲသို့ မောင်းနှင်လာတာကြောင့် ပြည်သူတွေထိခိုက်မှာစိုးရိမ်တဲ့အတွက် ဓနု PDF ရဲဘော်တွေက ပစ်ခတ်မှုရပ်တန့်ပေးလိုက်စဉ် စစ်ကောင်စီတပ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပေါ်နေတဲ့အခြေအနေ တိုက်ပွဲဇုံတွေမှာ သတိဝီရိယနဲ့ သွားလာပြီး ဘေးလွတ်ရာကို ပုန်းရှောင်တာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီဒေါက်တိုင်တွေနဲ့ ဝေးဝေးနေကြဖို့ မေတ္တာရပ်ခံကြောင်း ဓနု PDF က သတိပေးထားပါတယ်။
Photo - Danu PDF
https://www.facebook.com/share/p/14ZtsMdyrmr/

👍4❤1