ဒါပေမဲ့ တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင် အာရက္ခတပ်တော်အနေနဲ့က စစ်ကောင်စီအဓိက အားသာရာ တရုတ်ဖိအားဆိုတာကို သိပ်ပြီး ထည့်သွင်းစဥ်းစားစရာမလိုသလိုပဲ မြေပြင်စစ်ရေးမှာဆိုရင်လည်း ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ၊ စစ်တွေနဲ့မာန်အောင်မြို့တို့ကလွဲပြီး ကျန်မြို့နယ်တွေအကုန်ရရှိထားရုံသာမက ရခိုင်နယ်စပ်တွေဖြစ်တဲ့ မကွေး၊ပဲခူးနဲ့ ဧရာဝတီဘက်တွေမှာပါ စစ်ရေးအောင်မြင်မှုတွေရရှိနေတာကိုတွေ့ရပါတယ်။ ဒါတင်မကသေးဘဲ အခုနောက်ဆုံး မြန်မာပြည်အလယ်ပိုင်းက အညာသားတွေရှိရာ စစ်ကိုင်း၊ကန့်ဘလူဘက်မှာပါ မဟာမိတ်EROအနေနဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေပေါင်းပြီး တိုက်ပွဲဖော်ဆောင်လာတာတွေပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင်လည်း လေကြောင်းတိုက်ခိုက်မှုတွေ စတင်ရာ၂၀၂၅ခုနှစ်အတွင်းမှာကတည်းက အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကိုယ်တိုင် "စစ်ခေါင်းဆောင်တွေအနေနဲ့ ၎င်းတို့လုပ်ရပ်တစ်ခုခြင်းစီတိုင်းအတွက် မဖြစ်မနေ တာဝန်ခံရမှာဖြစ်သလို ကျူးလွန်သူတွေအားလုံးကိုလည်း ရေဆုံးမြေဆုံး ကလဲ့စားချေမယ်"ဆိုတဲ့ ရာဇသံ ကို ထုတ်ဖော်ပြောဆိုထားတာကလည်း ရှိနှင့်နေပါတယ်။
အာရက္ခတပ်တော်ဟာ ၎င်းတို့ပြောတဲ့စကားကို ဘယ်လောက်တည်အောင် ဆောင်ရွက်တတ်သလဲဆိုတာနဲ့ ပတ်သတ်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ "အမ်းထိတက်ကြိတ်ပစ်မယ်"ဆိုတဲ့စကားတွေ "ရခိုင်ပြည်နယ်အတွက်ပဲမဟုတ်ဘဲ တစ်နိုင်ငံလုံးလွတ်မြောက်ဖို့လိုကိုလိုတယ်"ဆိုတဲ့စကားတွေသာမက အခြားသောကြွေးကြော်ရာ ထုတ်ပြောထားရာ စကားတွေအတိုင်းတည်အောင် သက်သေပြခဲ့ပြီးတာမို့ အထူးအထွေ သံသယဝင်စရာတော့ ရှိမနေပါဘူး။
ဒါကြောင့် ၎င်းတို့အထပ်ထပ်အခါခါ အောင်မြင်ပြီးသား ဗျူဟာဖြစ်တဲ့ "လေကြောင်းအသာနဲ့ ဗုံးကြဲပြီးရင်အပစ်ရပ် " ဆိုတဲ့ဗျူဟာအတိုင်း ရခိုင်ကိုလည်း ရှေ့ကအဖွဲ့တွေကို လုပ်သလို ထပ်မံလုပ်လာနေတဲ့ စစ်ခေါင်းဆောင်တွေနဲ့ "မြန်မာစစ်တပ်က ကျူးလွန်သမျှတွေအကုန် ပြန်ပေးဆပ်ရမယ်"လို့ ကြုံးဝါးထားတဲ့ အာရက္ခတပ်တော်တို့ရဲ့ ရှေ့ဆက်တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာဖို့သာ ရှိနေပြီး စစ်တပ်ရဲ့အအောင်မြင်ဆုံး ဗျူဟာဖြစ်တဲ့ "ပြည်သူကို လေကြောင်းဗုံးကြဲပြီး စစ်ရေးအသာရရေး"ဆိုတဲ့နည်းဗျူဟာ ဟာလည်း ရခိုင်မှာ ပထမဦးဆုံးအကြိမ် အရေးမလှဖွယ်ရှိနေတယ်လို့ ထင်မြင်ယူဆမိပါတယ်။
#bbm #bbmnews #Article #AA #Rakhine #ArakanArmy
https://www.facebook.com/share/p/1AhcmMSYNV/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
👍6❤1
မြဝတီမြို့တောင်ဘက် တောလမ်းတနေရာမှာ စစ်တပ်က ဒရုန်းနဲ့တိုက်ခိုက်၊ DKBA အရာရှိတဦးအပါအဝင် ၅ ဦး သေဆုံး
🟥ပျက်နေတဲ့ အရပ်သားကားကို ကူညီနေစဥ်တိုက်ခိုက်ခံရခြင်းဟုလည်း သိရ
သတင်း - ကိုဟန်
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးနဲ့မဲကနယ်သွားရာ တောလမ်းတနေရာမှာ ကားပျက်လို့ ဝိုင်းတွန်း နေတဲ့အချိန် ဒရုန်းဗုံးချတိုက်ခိုက်ခံရတာကြောင့် DKBA တပ်ဖွဲ့ဝင်အရာရှိတဦးအပါအဝင် ၅ ဦး သေဆုံးသွား တယ်လို့ မြဝတီမြို့ခံတွေထံကနေ သိရပါတယ်။
မနေ့ ဖေဖော်ဝါရီလ ၂၄ ရက် မနက် ၁၁ နာရီဝန်းကျင်ခန့်က ဖလူး-မဲကနယ် တောလမ်းပိုင်း လေးကေ့ကော် မြို့သစ် ရသေ့ဂူအနီးမှာ အရပ်သားတွေ စီးနင်းလာတဲ့ ကားတစီး စက်ချို့ယွင်းသွားလို့ အနားမှာ ရှိတဲ့ DKBA တပ်ဖွဲ့ဝင်တွေက ဝိုင်းတွန်းနေချိန် စစ်တပ်က ဒရုန်းဗုံးချတိုက်ခိုက်ခဲ့တာပါ။
“ကားပျက်လို့ ဝိုင်းတွန်းနေတဲ့အချိန် ဟိုက အချိန်ကိုက်ပဲ လာချသွားတာ၊ သိသိကြီးနဲ့ ချတာလား၊ မတော်တဆ လားတော့ မသိဘူး” ဟု အဲဒီဖြစ်စဉ်ကို သိရှိထားတဲ့ မြဝတီမြို့ခံတဦးက BBM ကို ပြောပါတယ်။
BBM လက်ခံရရှိထားတဲ့ ဗီဒီယိုအရ ဒရုန်းဗုံးကြဲခံရမှုကြောင့် အမျိုးသား ၅ ဦးမြေပေါ်မှာ ဒဏ်ရာများစွာနဲ့ လဲနေပြီး အချို့ဆို လှုပ်ရှားမှု မရှိတော့ဘဲ ငြိမ်သက်နေတာကို တွေ့ရှိရပါတယ်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ဘက်ကတော့ DKBA မှ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦးနဲ့ အရပ်သား ၃ ဦးပွဲချင်းသေဆုံးကာ အရပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျားဖြန့်ကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်က DKBA တပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဖြစ်နိုင်တယ် လို့ အဲဒီနယ်မြေမှာ လှုပ်ရှားတဲ့ လက်နက်ကိုင်အဖွဲ့ ရဲဘော်အချို့က မှတ်ချက်ပေးပေမဲ့ BBM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
“အဲဒီလမ်းပိုင်းက အဖွဲ့အစည်းကားတွေ သွားလာတာ ရှိသလို အရပ်သားကားတွေလည်း သွားပါတယ်၊ ဒီတလော အခြားလမ်းပိုင်းက အဆင်မပြေတော့ အဲဒီတောလမ်းကို ပိုပြီး အသုံးပြုလာကြတယ်၊ အဓိကတော့ လက်နက်ကိုင်အဖွဲ့အချို့က ကျားဖြန့်ကိစ္စ လူပို့တာ၊ လိုအပ်တာ သယ်တာပေါ့၊ မကောင်းတာ လုပ်တဲ့အခါ အဲဒီလမ်းကို သုံးနေကြတာပေါ့” ဟု ယင်းလမ်းပိုင်း အခြေအနေကို သိရှိသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက မြဝတီမြို့ ဖလူးဒေသတဝိုက်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် မြဝတီ-ဝေါလေလမ်းပိုင်း အသုံးမပြုတော့ဘဲ ယခုလို တောလမ်းကို ပြောင်းလဲအသုံးပြုလာတာ ဖြစ်ပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်တပ်ဘက်က တစုံတရာထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။
ဓါတ်ပုံ - Social Media
#bbmnews #bbm #bbmtv #myawaddy #karen
https://www.facebook.com/share/p/14WBbRjdiXn/

👍7❤1
ဖားကန့်တွင် စစ်သားစုဆောင်းရေး အယောင်ဆောင်ကာ လူငယ်တွေကို ဖမ်းဆီးပြီး ဓားပြတိုက်သည့် ဖြစ်စဉ်ဖြစ်ပွား
BBM-ဖေဖော်ဝါရီ ၂၅
သတင်း-ကိုအိုက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်သားစုဆောင်းရေး ဆွဲတဲ့ပုံစံဖြင့် လူငယ် (၁၀) ဦးခန့်ကို ဖမ်းဆီးကာ ပိုင်ဆိုင်မှုများအားလုံးကို အတင်းအဓမ္မ လုယက်ယူဆောင်သွားတဲ့ အယောင်ဆောင် ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်၊ ည (၇) နာရီခွဲခန့်မှာ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိ စိန်စိန်မြေစာပုံအနီးမှာ ၎င်းဓားပြအဖွဲ့ဟာ ဖိုးဝီးကားတစ်စီးဖြင့် လှည့်လည်ကာ လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
"လူငယ်တွေ မြေစာပုံက ပြန်လာတဲ့အချိန် မြေစာပုံအနီးတစ်ဝန်းကို ကားနဲ့လှည့်လှည်ပြီး အရင်က တပ်သားသစ်စုဆောင်းရေး ပုံစံနဲ့ လာဖမ်းကြတာပါ။ လူငယ်တွေကို ဘာမှမပြောဘဲ ကားပေါ်တက် ဆိုပြီး ကားပေါ် အတင်းတက်ခိုင်းတယ်။"လို့ ဖြစ်စဥ်သိရှိသူ ဖားကန့်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
ငြင်းဆန်သူတွေကိုလည်း ထိုးကြိတ်ကန်ကျောက်ခြင်း၊ လက်နောက်ပြန် ကြိုးတုပ်ခြင်းနဲ့ ခေါင်းကို အဝတ်စွပ်၍ သတင်းအမှောင်ချခြင်းတို့ ပြုလုပ်ခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတွေကို တစ်ညလုံး နေရာခွဲပြီး ထိုင်ခိုင်းထားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အဖွဲ့ဟာ ဖမ်းဆီးထားသူတွေကို ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက် ၅ နာရီခန့်မှာ မလောင်ကျေးရွာနဲ့ ကုဋေလမ်းခွဲတို့မှာ နေရာခွဲ၍ ပြန်လည်စွန့်ပစ်ခဲ့ပြီး ဖမ်းဆီးစဉ်က ပါလာတဲ့ တန်ဖိုးရှိ ပစ္စည်းများကိုမူ တစ်ခုမှ ပြန်မပေးဘဲ ယူဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။
"ဒီမနက်မှာ ပြန်လွှတ်ပေးတော့ ဆိုင်ကယ်တွေ၊ ပိုက်ဆံတွေ အကုန်ယူသွားပါတယ်။ မြေစာပုံမှာ ရှာထားတဲ့ ကျောက်တွေ၊ ကျောက်ရောင်းရငွေတွေလည်း အကုန်ယူသွားပါတယ်။"လို့ ဖြစ်စဥ်သိရှိသူ ဖားကန့်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
ကျူးလွန်သူတွေဟာ ကချင် (ဂျိန်းဖော့)စကား ပြောဆိုသူများဖြစ်ပြီး လက်နက် ကိုင်ဆောင်ထားခြင်း ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်ဟာ KIA/KPDF အပြင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့စုံ လှုပ်ရှားကြတဲ့ နယ်မြေဖြစ်သလို မည်သည့်အဖွဲ့က ကျူးလွန်သည်ကို ဒေသခံတွေက သိရှိလိုနေကြပါတယ်။
ဒေသခံများကမူ မိမိတို့နယ်မြေအတွင်း လှုပ်ရှားနေတဲ့ အဖွဲ့စည်းအသီးသီးအနေနဲ့ ၎င်းဖြစ်စဉ်ကို ဖော်ထုတ်ပေးဖို့နဲ့ မိမိတို့လက်အောက်ခံ ရဲဘော်တွေကို စနစ်တကျ ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုနေကြပါတယ်။
ဓာတ်ပုံ-လူမှုကွန်ရက်
#bbmnews #bbm #bbmtv #hpakant #kachin
https://www.facebook.com/share/p/1PL4NX9tNz/

👍4🤬3
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ လားရှိုးမြို့အတွင်း ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦး လက်နက်ကိုင်လူတစ်စုရဲ့ ပြန်ပေးဆွဲခံရ
🟥ဘယ်အဖွဲ့ကလုပ်မှန်းမသိသလို လားရှိုးအတွင်းဖြစ်တဲ့ အမှုအခင်းတွေလည်း လက်သည်မပေါ်တာတွေများနေ
BBM-ဖေဖော်ဝါရီ၂၅
သတင်း-မင်းသော်
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ လားရှိုးမြို့တွင် ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို လက်နက် ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်းကိုလည်း တိတိကျကျ သိရှိရခြင်းမရှိသေးဘူးဟု လားရှိုးဒေသခံတွေထံမှ သိရပါတယ်။
ဖေဖော်ဝါရီလ ၂၄ရက်(မနေ့)က ညနေပိုင်းမှာ လားရှိုးမြို့အစွန်၊ ရပ်ကွက်(၅) မန်အိုင်ဘက်ရှိ ကုန်စုံဆိုင်တစ်ခုမှ ပိုင်ရှင်အမျိုးသမီးကို လက်နက်ကိုင်လူ(၃)ဦးက ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။
အွန်လိုင်းပေါ်ပျံ့နှံ့လာတဲ့ CCTV မှတ်တမ်းတွေရဲ့ Video Fileတွေအရ Mask တပ်ဆင်ထားကြတဲ့ လူ(၃)ယောက်ဟာ ပစ္စတိုများကိုင်ဆောင်ထားပြီး ဆိုင်တွင်းရှိ လူတွေထဲမှာမှ အခုအဖမ်းခံရတဲ့ အမျိုးသမီးကိုသာ ရွေးခေါ်သွားတဲ့အပြင် ကောင်တာထဲမှ ပိုက်ဆံအချို့ကို နှိုက်ယူသွားခဲ့တာကိုလည်း တွေ့ရပါတယ်။
အဆိုပါ ပြန်ပေးဆွဲခံရတဲ့ ဖြစ်စဥ်နဲ့ပတ်သတ်ပြီး အခုချိန်ထိ ပြန်ပေးဆွဲသွားသူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးသလို လက်နက်ကိုင်အဖွဲ့အစည်းတွေက လုပ်ဆောင်ခြင်းမျိုးဖြစ်နိုင်တယ်လို့ လားရှိုးဒေသခံပြည်သူတွေက ပြောဆိုမှုတွေ ရှိနေပါတယ်။
"ဆိုင်ရှင်ကို ပြန်ပေးဆွဲသွားတယ်.မန်အိုင်ဘက်ကပဲ မြို့အစွန် ရပ်ကွက်(၅)ဘက်ပေါ့ ၊ အဲ့နေရာတွေက ဝင်ရထွက်ရလွယ်တဲ့နေရာတွေလေ ၊ ခုထိ မိသံတော့ မကြားမိသေးဘူး၊ ကြည့်ရတာ အဖွဲ့အစည်းတစ်ခုခုကပဲ ပြန်ပေးဆွဲ ငွေတောင်းမယ်ထင်တယ်"ဟု ဒေသခံတစ်ဦးက BBM ကိုပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစမှာလည်း လားရှိုးမြို့ပေါ်ရပ်ကွက်ရှိ ရွှေပန်းတိမ်လုပ်ငန်းရှိရာ နေအိမ်တစ်ခုကို လက်နက်ကိုင်တစ်စု ဓားပြတိုက်ခဲ့တာကြောင့် ရွှေ(၅)ပိဿာခန့်နဲ့ ငွေသားအများအပြား ပါရှိသွားတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း လားရှိုးမြို့ ရပ်ကွက်(၄)ဘက်ရှိ မဟာဗောဓရုံကျောင်းတိုက်မှ ဆရာတော်တစ်ပါးလည်း ဓားနဲ့ထိုးကာ လုပ်ကြံခြင်းကိုခံခဲ့ရသေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် (၁၂)ခုကို အင်အားဖြည့်တာတွေ၊ ထိန်းချုပ်တာတွေ ပြုလုပ်နေပေမဲ့လည်း ၎င်းတို့ထိန်းချုပ်ရာနေရာတွေမှာ ဖြစ်ပွါးနေတဲ့ မှုခင်းတွေနဲ့ပတ်သတ်ပြီး လက်ရှိအချိန်ထိ လက်သည်တရာခံမပေါ်ဘူးဟုလည်း အဆိုပါဒေသခံမှဆက်ပြောပါတယ်။
"ဟိုတခါ ဆရာတော် သတ်ခံရတဲ့ကိစ္စကော ခုထိကိုတရားခံမပေါ်သေးဘူး၊ခုလည်း ထပ်ဖြစ်နဲ့ ၊ ဖြစ်သမျှအမှု ဘာအမှုမှကိုမမိနေတာ"
လားရှိုးမြို့ကို စစ်ကောင်စီဘက်က ထိန်းချုပ်လာတာ တစ်နှစ်နီးပါးထိရှိလာပေမဲ့ လက်ရှိအချိန်ထိပြည်သူတွေအနေနဲ့က ကိုယ့်လုံခြုံရေးကိုယ်သာဂရုစိုက် နေရတဲ့ အနေအထားမျိုးသာရှိတယ်လို့လည်း သိရပါတယ်။
Video-ဒေသခံ
https://www.facebook.com/share/v/1CEZsTgvaW/

🤬6👍2
လဲချားမှာ တရုတ်ကျားဖြန့် ၂၅ ဦး ဖမ်းမိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်၊ ဒေသခံတွေကတော့ အရင်ကတည်းက သိနေကြတယ်လို့ ဆို
BBM-ဖေဖော်ဝါရီ ၂၄
သတင်း- ခွန်း
ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် အတွင်းမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ကိုင်နေတဲ့ တရုတ်ကျားဖြန့် ၂၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၂၂ ရက်နေ့က လဲချားမြို့နယ် ဝမ်ပန်ကျေးရွာအုပ်စုအတွင်း နောင်လုံကျေးရွာနဲ့ တပ်မောက်ကျေးရွာအနီးတဝိုက်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို လုပ်ငန်းသုံးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ နောင်လုံကျေးရွာအနီး တောတွင်းတနေရာမှာ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အမျိုးသား ၂၀ ဦး ပါဝင်ပြီး လူနေအဆောက်အအုံတွေ၊ အလုပ်ရုံအဆောက်အအုံ၊ ထမင်းစားဆောင်၊ အိမ်သာတွဲနဲ့ စတားလင့်အင်တာနက်ဗန်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့တနေ့တည်းမှာပဲ တပ်မောက်ကျေးရွာအနီးမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၅ ဦးကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုနဲ့ ပတ်သက်နေသူတွေဖြစ်တယ်ဆိုတာကို စစ်ဆေးတွေ့ရှိရလို့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီဘက်မှာ ကျားဖြန့်လုပ်နေကြတာ မနေ့မတနေ့ကမှ မဟုတ်ပါဘူး။ လူစိမ်းတွေ၊ တရုတ်တွေ အရင်ကတည်းက ဝင်ထွက်နေတာ ရွာသားတွေ အကုန်သိနေကြတာပါ။ ညဘက်ဆိုရင် ကားတွေ သွားလာတာ မကြာခဏတွေ့ရတယ်။ ဘယ်သူတွေ ကာကွယ်ပေးနေလဲဆိုတာကိုလည်း လူတိုင်း သိတယ်၊ ဒါပေမယ့် ပြောရဲတဲ့သူ မရှိဘူး အခုမှ ဖမ်းမိတယ်ဆိုတာကိုတော့ အံ့သြစရာ မရှိဘူး”လို့ လဲချားဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးရမိတဲ့ တရုတ်ကျားဖြန့်တွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပြီး နောက်ကွယ်မှာ ပါဝင်ပတ်သက်နေသူတွေကိုလည်း ဆက်လက် စိစစ်ဖော်ထုတ်သွားမယ်လို့ ဆိုထားပါတယ်။
ဝမ်ပန်ကျေးရွာအုပ်စုဟာ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေ၊ ရှမ်းပြည် SSPP တို့ လှုပ်ရှားနေတဲ့ နေရာဖြစ်တာကြောင့် ဒေသခံတွေက လုံခြုံရေးအခြေအနေကို စိုးရိမ်စွာ စောင့်ကြည့်နေကြရတယ်လို့ သိရပါတယ်။
ပုံ-ဖမ်းမိသော တရုတ်နိုင်ငံသားများနှင့် ကျားဖြန့်လုပ်ကိုင်ရာနေရာ(စစ်ကောင်စီတယ်လီဂရမ်ချန်နယ်)
https://www.facebook.com/share/p/1ETv53WYuY/

👍8😁1
ခေါဇာမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခံရပြီး စကစ (၂)ဦးသေ
BBM - ဖေဖော်ဝါရီ ၂၅
သတင်း - ကိုဘုဏ်း
ရေးမြို့နယ်၊ခေါဇာမြို့ရှိ ခေါဇာစျေးကြီးရှေ့မှာကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ(၂)ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ မွန်တော်လှန်ရေးတပ် (MSRF)က ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၈နာရီမှ စတင်ကာ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက်တပ်များ မိနစ် ၂၀ခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ထိတွေတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂ဦးသေပြီး ၂ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ အဆိုပါထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မူ့ကို ညီနောင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)နဲ့ နည်းဗျူဟာ ၃၃ ကွပ်ကဲမူ့အောက်ရှိ ကံပေါက် ပြည်သူ့ကာကွယ်ရေးတပ်ရင်း- အမှတ် (၈၀၀၂)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ထုတ်ပြန် ကြေငြာထားပါတယ်။
photo-MSRF
https://www.facebook.com/share/p/18F3wXWoAh/

👍15
ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှု ပြန်လည် ဖြစ်ပွား
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - Richard
နယ်စပ်တစ်လျှောက်မှာ ထိုင်းစစ်တပ်နဲ့ ကမ္ဘောဒီးယားတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုတွေ ပြန်လည် ပြုလုပ်ခဲ့ပြီး ထိုင်းဘက်က ဒါဟာ ဒီဇင်ဘာလ တုန်းက လက်မှတ်ရေးထိုးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ ကမ္ဘောဒီးယားကို စွပ်စွဲခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၄ရက်နေ့က ထိုင်းနိုင်ငံရဲ့ အဆိုပါ စွပ်စွဲမှုကို ကမ္ဘောဒီးယားနိုင်ငံဘက်က ငြင်းပယ်ခဲ့ပြီးတော့ "မည်သည့်လက်နက်မျှ" အသုံးမပြုကြောင်းကို အလေးပေး ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှ ၂နိုင်ငံရဲ့ ဆယ်စုနှစ်များစွာကြာဖြစ်ပွားခဲ့တဲ့ နယ်စပ်အငြင်းပွားမှုဟာ ပြီးခဲ့တဲ့နှစ်အတွင်း ပြန်လည် ပေါ်ပေါက်လာခဲ့ပါတယ်။
အဆိုပါ ပဋိပက္ခတွေကြောင့် ဇူလိုင်လနဲ့ ဒီဇင်ဘာလအတွင်း လူဒါဇင်ပေါင်းများစွာ သေဆုံးပြီး လူတစ်သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။
ဒီဇင်ဘာလကုန်ပိုင်းမှာ နှစ်နိုင်ငံစလုံးက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပေမဲ့ နယ်စပ်မှာ တင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုကို အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ထိုင်းစစ်တပ်က နှစ်နိုင်ငံနယ်စပ် ပြည်နယ်ဖြစ်တဲ့ စီဆာကက်ရှိ ထိုင်းကင်းလှည့်တပ်ဖွဲ့အနီးမှာ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက "၄၀ မီလီမီတာ လက်ပစ်ဗုံးတစ်လုံး ပစ်ခတ်" ခဲ့ပြီး ပြန်လည်ပစ်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်း ကြေညာချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။
ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဝင်းထိုင်း ဆူဗာရီက သုံးပတ်ကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို အဆုံးသတ်စေခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ကမ္ဘောဒီးယားက ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ ပြန်ကြားရေးဝန်ကြီး နက်သ် ဖက်ထရာက အဆိုပါ စွပ်စွဲချက်တွေဟာ "လုံးဝမှားယွင်းတယ်" လို့ပြောကြားခဲ့ပြီး "လူထုရဲ့ ထင်မြင်ယူဆချက်ကို လှည့်ဖြားဖို့နဲ့ တင်းမာမှုကို နှိုးဆွဖို့" ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၄ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း ထိုင်းတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ထိုင်းတပ်မတော်က ပြောကြားခဲ့ပါတယ်။
Reference - CNA World
Photo - CNA World
https://www.facebook.com/share/p/1DJmz5Bycr/

👍9
စက်ရုပ်ထုတ်လုပ်သူတွေက အရှေ့ပိုင်းစီးပွားရေးစင်္ကြံ(EEC)မှာ ဘတ် ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - Richard
ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI)က အရှေ့ပိုင်းစီးပွားရေးစင်္ကြံ (EEC)မှာ ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော humanoid robot(လူသားပုံစံ စက်ရုပ်) အစိတ်အပိုင်းထုတ်လုပ်မှု အခြေစိုက်စခန်း ၁ခု တည်ထောင်ဖို့အတွက် တရုတ်ကုမ္ပဏီ ၅ခုမှ ဘတ် ၁၀ ဘီလီယံကျော်ကို ရင်းနှီးမြှုပ်နှံမယ်လို့ အတည်ပြုခဲ့ကြောင်း Bangkok Post မှာရေးသားထားပါတယ်။
ဖေဖော်ဝါရီ ၂၃ရက်နေ့က BOI အထွေထွေအတွင်းရေးမှူး Narit Therdsteerasukdiဟာ ထိုင်းနိုင်ငံရဲ့ အဆင့်မြင့်နည်းပညာထောက်ပံ့ရေးကွင်းဆက်တွေကို အားကောင်းစေရန်ဖို့အတွက် robotics(စက်ရုပ်တွေ) နဲ့ automation(အလိုအလျာက်စနစ်တွေ)မှာ အခွင့်အလမ်းအသစ်တွေ ဖန်တီးဖို့ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။
"ဒီကုမ္ပဏီတွေဟာ BOI ရဲ့ ဒေသတွင်း မူဝါဒနဲ့အညီ အရည်အချင်းမြင့်မားတဲ့ အလုပ်အကိုင် ၁၀၀၀ ကျော် ဖန်တီးပေးနိုင်ပြီး ဘတ် ၄၅ ဘီလီယံတန်ဖိုးရှိ အကျိုးအမြတ်တွေကို ရယူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်"လို့ သူက ပြောကြားခဲ့သည်။
အရှေ့တောင်အာရှမှာ ထိုင်းနိုင်ငံဟာ အဓိကစက်မှုထုတ်လုပ်တဲ့ နေရာတစ်ခုဖြစ်ခဲ့ပြီး အရာရှိတွေက နိုင်ငံဟာ ရိုဘော့တစ်နဲ့ အလိုအလျောက်စနစ်တွေမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ဆွဲဆောင်ခေါ်ယူဖို့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။
လူပုံသဏ္ဍာန် ရိုဘော့အစိတ်အပိုင်း ထုပ်လုပ်တဲ့စက်ရုံတွေ တည်ထောင်ဖို့ ကုမ္ပဏီများစွာ စိတ်ဝင်စားနေကြပြီဖြစ်ကြောင်း မစ္စတာ နရစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ရင်းနှီးမယ့် တရုတ်ကုမ္ပဏီ ၅ ခုမှာ Hangzhou Seenpin Electromechanical Transmission၊ Beite Technology၊ Sanhua Intelligent Drives၊ Tuopu Technology နဲ့ Xusheng Group တို့ဖြစ်ပါတယ်။
သူတို့ဟာ ဂြိုဟ်တု roller screws၊ ball screws၊ actuators နဲ့ အလေးချိန်ပေါ့ပါးတဲ့ စက်ရုပ်ကိုယ်ထည် အစိတ်အပိုင်းများကဲ့သို့သော အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်မှာပဲ ဖြစ်ပါတယ်။
Hangzhou Seenpin Electromechanical Transmissionက ဂြိုဟ်တု roller screws နဲ့ စက်ရုပ် ball screws တွေထုတ်လုပ်ဖို့ ချွန်ဘွန်ရီ ပြည်နယ်မှာ ဘတ် ၂.၁၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာပဲ ဖြစ်ပါတယ်။
Beite Technologyကတော့ ဂြိုဟ်တု roller screws တွေအတွက် ချွန်ဘွန်ရီ ပြည်နယ်မှာ ဘတ် ၁.၆၇ ဘီလီယံတန် စီမံကိန်းတစ်ခု စီစဉ်ထားပြီး စက်ရုပ် ball screwsတွေ ထုတ်လုပ်ဖို့ ဘတ် ၃ ဘီလီယံကျော်တန်တဲ့ နောက်ထပ်လျှောက်လွှာတစ်ခုကိုလည်း တင်သွင်းထားပြီး လက်ရှိမှာ ပြန်လည်သုံးသပ်နေတယ်လို့ သိရပါတယ်။
Sanhua Intelligent Drivesကတော့ စက်ရုပ်လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ actuatorsတွေ ထုတ်လုပ်ဖို့ ဘတ် ၁.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာပဲဖြစ်ပါတယ်။
အဆိုပါကုမ္ပဏီက အရင်တုန်းက BYD (Build Your Dreams)၊ Volvo နဲ့ Tesla တို့အတွက် အဆင့်မြင့် မော်တော်ကား အစိတ်အပိုင်းတွေမှာ ဘတ် ၃.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။
Tuopu Technology က Chachoengsao မှာ actuator တွေထုတ်လုပ်ဖို့ ဘတ် သန်း ၉၃၀ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ဘတ် ၃.၅ ဘီလီယံတန်ဖိုးရှိ အခြားမော်တော်ကားအစိတ်အပိုင်းစီမံကိန်းနှစ်ခုကိုလည်း လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။
Xusheng Group က Rayong မှာ ဘတ် ၂.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး အလေးချိန်ပေါ့ပါးပြီး ခိုင်ခံ့တဲ့ ပစ္စည်းတွေကို အသုံးပြုပြီး စက်ရုပ်ကိုယ်ထည်၊ အဆစ်နဲ့ အရိုးအစိတ်အပိုင်းတွေကို ထုတ်လုပ်မှာပဲ ဖြစ်ပါတယ်။
BOI က ထိုင်းနိုင်ငံကို အလျင်အမြန်တိုးချဲ့နေတဲ့ ကမ္ဘာလုံးဆိုင်ရာ humanoid စက်ရုပ်ဈေးကွက်အတွက် အချက်အချာနေရာအဖြစ် သတ်မှတ်ဖို့ ရည်ရွယ်ထားပြီး နှစ်စဉ် ၁၃၀% ကျော် တိုးတက်မယ်လို့ ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ်မှာ စီးပွားဖြစ် ထုတ်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။
Reference - Bangkok Post
Photo - Bangkok Post
https://www.facebook.com/share/p/183ysPTTMU/

👍8❤1
နဂါးကဲ့သို့ လမ်းမှားရောက်မှာစိုး၍ BNRA တပ်ဖွဲ့ဝင်တွေကို ခေတ္တထိန်းသိမ်းထားဟု PDF တပ်မှူးပြော
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - ခက်ဆစ်
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲဘော်တွေကို ဖမ်းဆီးထောင်ချဖို့မဟုတ်ဘဲ နဂါးကဲ့သို့ လမ်းမှားရောက်မှာစိုးတဲ့အတွက် ခေတ္တထိန်းသိမ်းထားပြီး လမ်းမှန်ရောက်အောင်လည်း အားပေးစကားပြောကြားခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ မှ တပ်မှူး ဗိုလ်စွမ်းက အသိပေးထားပါတယ်။
"BNRA ရဲဘော်များကို ဖမ်းဆီးထောင်ချဖို့မဟုတ်ပါဘူး၊ သူတို့ဆရာလို ကိုယ့်လိပ်ပြာကိုယ်မလုံပြီး လမ်းမှားရောက်မှာစိုးလို့ ခဏထိန်းသိမ်းပြီး လမ်းမှန်ကမ်းမှန်ရောက်အောင် အားပေးစကားပြောရင်း အချိန်တန်ရင် မုန့်ဖိုးပေးဖို့ စီစဥ်နေပါတယ်" လို့ ဗိုလ်စွမ်းက သူရဲ့ Facebook စာမျက်နှာမှာ ရုပ်သံမှတ်တမ်းတဲ့တကွ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဖော်ပြထားတာပါ။
လက်နက်တွေအပေါ်မှာ သွေးနားထင်မရောက်စေဖို့၊ ရာထူးအပေါ်မှာ သာယာမှုတွေ မဖြစ်သွားစေဖို့ မိမိကိုယ်တိုင်လည်း သုံးသပ်ကြောင်း၊ BNRA ရဲဘော်တွေထဲမှ ပါဝင်ခဲ့တဲ့သူတွေကို မုန့်ဖိုးပေးဖို့ အစီအစဉ်ရှိကြောင်းနဲ့ မိမိနေအိမ်တွေသို့ ပြန်လွှတ်ပေးမှာ ဖြစ်ကြောင်းကိုလည်း ဗိုလ်စွမ်းက အဆိုပါ ရုပ်သံမှတ်တမ်းမှာ အသိပေးထားပါတယ်။
"မှာချင်တာက နောက် စိတ်မကုန်လို့ တော်လှန်ရေးလုပ်ချင်တယ် ဆိုရင်လည်း မင်းတို့ လမ်းမှန်ကမ်းမှန်နဲ့ မင်းတို့မှာ မျက်လုံးတွေရှိတယ်၊ နားတွေရှိတယ်၊ မှန်ကန်တဲ့ အဖွဲ့အစည်းတွေရောက်အောင် ကြိုးစားကြနော့်" လို့ BNRA ရဲဘော်တွေကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၈၊ တပ်မှူး ဗိုလ်စွမ်းက ပြောကြားခဲ့ပါတယ်။
BNRA အဖွဲ့မှ ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ တပ်ဖွဲ့ဝင်တွေကို စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာ ပူးပေါင်းပါဝင်ပြီး တော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ စီစဉ်သွားမှာ ဖြစ်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
နဂါးနဲ့အတူ စစ်ကောင်စီထံ လက်နက်ချအညံ့ခံထားတဲ့ BNRA တပ်ဖွဲ့ဝင်အချို့က ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းသိမ်းထားတဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေကို ဖုန်းနဲ့အဆက်အသွယ်ပြုလုပ်ပြီး စည်းရုံးမှုတွေ ရှိနေတယ်လို့လည်း PDF ရဲဘော်တွေထံမှ သိရပါတယ်။
Video - ဗိုလ်စွမ်း
https://www.facebook.com/share/v/1F2fydWbEE/

ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးဒဏ်ရာရ
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - နိုင်နိုင်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ င/အုပ်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က အသေခံဒရုန်း ၂ စီးနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက် ၁၁ နာရီခန့်မှာ ကျောက်ဖြူမြို့နယ်၊ င/အုပ်ကျေးရွာနားရှိ စစ်ဘေးရှောင်စခန်းကို အသေခံဒရုန်း ၂ စီးနဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းမှာ ယာယီခိုလှုံနေတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ဗုံးစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
"အသေခံ ဒရုန်းနှစ်စီးနဲ့ ဗုံးလာကြဲတာပါ၊ စစ်ရှောင်စခန်းအနီးကို ကျရောက်ပေါက်ကွဲတော့ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတာရှိပါတယ်၊ လက်ရှိမှာ သူတို့နှစ်ဦးတော့ ဆေးကုသမှုခံယူနေကြပါတယ်၊ အမြဲတမ်းလိုလို စစ်ကောင်စီတပ်က ကျောက်ဖြူမှာ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို လေကြောင်းနဲ့ ဗုံးချတာ၊ ဒရုန်းနဲ့ဗုံးချတာတွေ ပြုလုပ်နေပါတယ်" လို့ အဆိုပါ ကျောက်ဖြူဒေသခံက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေ ၄ နာရီအချိန်မှာလည်း စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ မိကျောင်းရေသောက်ကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်ဟာ ကျောက်ဖြူမြို့နယ်၊ ဝမျှောင်ကျေးရွာနဲ့ ငအုပ်ကျေးရွာကို ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇ နှစ် အရွယ်ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် AA နဲ့ ထိတွေ့ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ အရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို လေကြောင်း၊ ရေကြောင်းအပါအဝင် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတယ်လို့ ရခိုင်လှုမှုကူညီရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာလည်း စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ စျေးတည်ရှိတဲ့နေရာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စျေးရောင်း၊ စျေးဝယ်ပြုလုပ်နေကြတဲ့ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Photo - စစ်ကောင်စီတပ်သားများ ဒရုန်းလေ့ကျင့်နေစဉ်(ပုံဟောင်း)
https://www.facebook.com/share/p/16GcVecnYK/

🤬4😢1
အမေရိကန် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်တစ်ဦးကို မုန့်ဆိုင်နားမှာ စွန့်ပစ်ခဲ့တာကြောင့် သေဆုံး
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - Richard
အမေရိိကန် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက အမြင်အာရုံ ချို့တဲ့နေတဲ့ မြန်မာနိုင်ငံမှ ဒုက္ခသည်တစ်ဦးကို လမ်းပေါ်မှာ စွန့်ပစ်ထားခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ Independent News မှာ ဖော်ပြထားပါတယ်။
မြို့တော်ခန်းမပြောရေးဆိုခွင့်ရှိသူ Ian Ott က အသက် ၅၆ နှစ်အရွယ် Shah Alam ကို ဖေဖော်ဝါရီလ ၂၃ရက် ည ၈နာရီခွဲမှာ Perry လမ်းရဲ့ ပထမဘလောက်မှာ ဖုန်းခေါ်ဆိုမှုတစ်ခုကြောင့် ရဲတပ်ဖွဲ့ကို သွားရောက်စစ်ဆေးခိုင်းခဲ့ကြောင်း သိရပါတယ်။
“Mr. Shah Alam ကို ဒီနေ့အစောပိုင်းမှာ Erie ကောင်တီ ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးမှူးက ဖော်ထုတ်ခဲ့ပြီး သူ့ရဲ့မိသားစုကို နောက်ပိုင်းမှာ အကြောင်းကြားခဲ့တယ်”လို့ Ott က ကြေညာချက်တစ်စောင်မှာ ပြောကြားခဲ့ပါတယ်။
အမြင်အာရုံချို့ယွင်းပြီး အင်္ဂလိပ်စကားအနည်းငယ်သာ ပြောတတ်တဲ့ Shah Alamဟာ ၂၀၂၅ ခုနှစ်အတွင်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ဖမ်းဆီးခံရပြီးနောက် လပေါင်းများစွာကြာ ထောင်ဒဏ်ကျခံခဲ့ရပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ချုပ်နှောင်မှုမှ ပြီးခဲ့တဲ့ရက်ပိုင်းကမှ လွတ်မြောက်ထားတာပါ။
သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းတွေကို ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုက “ကျန်းမာရေးနဲ့ ဆက်စပ်မှုရှိပြီး ဓာတုဗေဒဆိုင်ရာ ထိတွေ့မှုနဲ့ လူသတ်မှုကြောင့် သေဆုံးခြင်းမဟုတ်ကြောင်း ဆုံးဖြတ်ခဲ့တယ်”လို့ Ott က ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အရမ်းစိတ်ထိခိုက်မိပါတယ်၊ အရမ်းလည်း စိတ်ပျက်မိပါတယ်”လို့ မိသားစုနဲ့ရင်းနှီးတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရှေ့နေတစ်ဦးဖြစ်သူ Imran Fazel က ပြောကြားခဲ့ပါတယ်။
“အမေရိကန်ပြည်ထောင်စုကို ရောက်လာကတည်းက ဘယ်သူမှ ဒီလိုအရာမျိုး ကြုံတွေ့ရလိမ့်မယ်လို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ဒီလိုနိုင်ငံမှာ ကျွန်တော့်ကို လုံခြုံမှု မခံစားရစေပါဘူး”လို့ သူကဆက်ပြောခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်တဲ့ ရှာအလမ်ဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစပြီးတော့ ပျောက်ဆုံးနေခဲ့တာပါ။
PEOPLE Newsမှ ကြည့်ရှုခဲ့တဲ့ တရားရုံးမှတ်တမ်းတွေအရ Shah Alamမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ "အသေးစားဒဏ်ရာတွေ" ရရှိစေခဲ့တဲ့ လက်နက်ကိုင်ဆောင်ထားတယ်လို့ စွပ်စွဲခံခဲ့ရပြီးနောက် ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ရာဇဝတ်မှုဆိုင်ရာ စွဲချက်များစွာနဲ့ ဖမ်းဆီးခံခဲ့ရကြောင်း WKBW မှ ဖော်ပြခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် နူရူလ် အာမိန် ရှာအလမ်ဟာ လမ်းလျှောက်တုတ်အဖြစ် အသုံးပြုတဲ့ တုတ် (Curtain rod) တစ်ခုကို ကိုင်ဆောင်လာမှုတဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာပါ။
အင်္ဂလိပ်စကားနဲ့ ပြောတဲ့ အမိန့်တွေကြောင့် ရဲတပ်ဖွဲ့ရဲ့ လျှစ်စစ်သေနတ် (Taser)နဲ့ ပစ်ခတ်တာ၊ ရိုက်နှက်တာတွေကို ခံခဲ့ရကာ ထောင်ထဲကို ရောက်ရှိခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် နူရူလ် အာမိန် ရှာအလမ်ရဲ့ မိသားစုက သူ့ကို အခြားပြည်နယ်ရှိ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (ICE)ကို ပို့ဆောင်ခံရမှာကို စိုးရိမ်တာကြောင့် အာမခံမယူဘဲ နောက်ဆုံးမှာ အမှုကို ညှိနှိုင်းဖြေရှင်းကာ ICE လက်ထဲကို မရောက်ရှိစေရန် စီစဉ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာအလမ်ကို ပြန်လွှတ်ပေးစဉ် မိသားစုဆီ အကြောင်းကြားတာ မရှိဘဲ သူ့ရဲ့နေအိမ်နဲ့ ငါးမိုင်ဝေးတဲ့ Tim Hortons မုန့်ဆိုင်တစ်ခုရှေ့မှာ ချထားကာ စွန့်ပစ်ခဲ့ကြကြောင်း သိရှိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည် နူရူလ် အာမိန် ရှာအလမ်မှာ ပြန်လည် လွတ်မြောက်လာချိန်မှာ ဖုန်းလည်းမပါ၊ အင်္ဂလိပ်စကားလည်း မပြောတတ်တဲ့အပြင် မျက်စိလည်း မမြင်ရတာကြောင့် အိမ်အပြန်လမ်းကို ရှာမတွေ့ခဲ့တဲ့အပြင် မိသားစုဝင်တွေကလည်း ရက်ပေါင်းများစွာ လိုက်လံရှာဖွေခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ICE လက်ထဲမှာ ရှိနေသေးတယ်လို့ မှားယွင်းယုံကြည်ကာ လူပျောက်မှုကို ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါတယ်။
သေဆုံးသွားတဲ့ အဆိုပါ ရိုဟင်ဂျာဒုက္ခသည်မှာ ဇနီးနဲ့ ကလေး၂ဦး ကျန်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ICEအဖွဲ့ကြောင့် ၂၀၂၅ခုနှစ်မှာ ၃၅ဦးသေဆုံးခဲ့ပြီး ၂၀၂၆ခုနှစ်မှာ ၈ဦးအထိသေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
Reference - Investigative News/ People .com
Photo - Investigative News
https://www.facebook.com/share/p/17pgsPc2wU/

😱3
နဂါးကို ကယ်ထုတ်ပေးခဲ့တဲ့ ကံကြီးရွာဆရာတော် ဦးအရိယာဝံသကို ဥပဒေကြောင်းအရ စစ်ဆေးနေပြီး အရေးယူသွားမည်ဟုဆို
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - နိုင်နိုင်
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးကို စစ်တပ်ထံ ပူးပေါင်းရေးအတွက် အဓိကကူညီပေးခဲ့တဲ့ ကံကြီးရွာ ဆရာတော် ဦးအရိယာဝံသကို ဥပဒေကြောင်းအရ စစ်ဆေးမေးမြန်းနေပြီး အရေးယူသွားမည်မှာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ရဲဘော်တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ပုလဲမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်တွေဟာ BNRA စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရှေ့တန်းတပ်အရာရှိတချို့နဲ့ ဆွေးနွေးစကားပြောနေတဲ့အချိန်မှာ ဗိုလ်နဂါး စစ်တပ်ထံပူးပေါင်းနိုင်အောင် ကံကြီးရွာ ဆရာတော် ဦးအရိယာဝံသက အဓိကကူညီပေးခဲ့တာ ဖြစ်တယ်လို့ မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးက BBM ကို ပြောပါတယ်။
နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ ပုလဲမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်တွေဟာ သက်တော် ၄၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကံကြီးဆရာတော် ဦးအရိယာဝံသကို သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
"နဂါးကို ဖမ်းဆီးဖို့အတွက် တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားချိန်၊ ဆရာတော်က သာသနာ့အလံထောင်ပြီး ကားနဲ့လိုက်ပို့ပေးခဲ့တာပါ၊ နဂါးနဲ့ အဲဒီဆရာတော်က အရင်ကတည်းကပင် အဆက်အသွယ်ရှိနေပြီးသားပါ၊ အခု အဲဒီဆရာတော်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ စစ်ဆေးနေတာရှိပါတယ်၊ အပြစ်ရှိရင်တော့ ဥပဒေကြောင်းအရပဲ အရေးယူသွားပါမယ်" လို့ ပုလဲမြို့နယ်က မြေပြင်ရဲဘော်တစ်ဦးက BBM ကို ပြောပါတယ်။
ဆရာတော်ကို ဖမ်းဆီးမိချိန်မှာလည်း BNRA တပ်ရဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတစ်ချို့နဲ့ အချက်အလက်အချို့ကို ရှာဖွေတွေ့ရှိခဲ့ရတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ဆရာတော်ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ဒေသခံတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပုလဲမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ စာပေးပို့တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
အခုနှစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ မနက်ပိုင်းက အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်တွေဟာ BNRA စခန်းတွေကို ဝင်ရောက်ကာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်က တပ်ဖွဲ့ဝင်အင်အား ၁၅၀ ခန့်ဟာ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဆီမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်မှာတော့ နဂါးဟာ သူရဲ့မိသားစုဝင်တွေနဲ့အတူ စစ်အုပ်စုထံလက်နက်ချအညံ့ခံပူးပေါင်းခဲ့ပြီး ၂ ရက်အကြာပဲ BNRA ဒုဥက္ကဋ္ဌ ကိုဖြိုးနဲ့ စစ်ရေးတာဝန်ခံ ကိုလတ် အပါအဝင်တပ်ဖွဲ့ဝင် ၅ ဦးကလည်း စစ်အုပ်စုထံ ထပ်မံလက်နက်ချ ပူးပေါင်းသွားပါတယ်။
NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ BNRA တပ်ဖွဲ့ဝင် ၉၀ ရာခိုင်နှုန်းကို ဖမ်းဆီးထိန်းသိမ်းထားနိုင်တာရှိပြီး ပုလဲမြို့နယ်အတွင်း လွတ်မြောက်နေသေးတဲ့ BNRA တပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီးထိန်းသိမ်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာလည်း နဂါးလက်နက်ချပြီးနောက် ပုလဲမြို့နယ်အနောက်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းတွေကို စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထိုးနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်မှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းကျေးရွာနဲ့ နွယ်အင်းကျေးရွာတွေမှ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ပုလဲဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ သေတ္တရာကျေးရွာကနေ အနောက်ဘက် ဆင်ရှင်၊ ငှက်ပျောတော၊ ဇီးဖြူကုန်း၊ နှောရိုးနဲ့ ချင်ပြစ်ကျင်းကျေးရွာဘက်ကို ထိုးနေတဲ့စစ်ကြောင်းဖြစ်ပြီး နောက်ထပ်စစ်ကြောင်းတစ်ကြောင်းကတော့ အင်းကန်၊ သပြေကုန်း၊ အင်ကြင်းစု ရွာတွေဘက်သို့ စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ စစ်ကြောင်းတွေကြောင့် ပုလဲမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
https://www.facebook.com/share/p/17HsxBfQAc/

👍5🤬1
ဂန့်ဂေါမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့မှုကြောင့် ပျူရွာတွေမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေ
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - ကိုအိုက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ဒေသခံ တော်လှန်ရေးတပ်တွေရဲ့ နှစ်နဲ့ချီ လမ်းပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာတွေမှာ ကုန်စည်တွေပြတ်လပ်ပြီး ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အမာခံကျေးရွာတွေဖြစ်တဲ့ ဟံသာဝတီနဲ့ မြောက်ခင်ရန်းရွာတို့မှာ တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာပါ။
"မြောက်ခင်ရန်း၊ ဟံသာဝတီရွာတွေက စစ်တပ်နဲ့ပျူစောထီး တပ်စွဲထားတဲ့ရွာတွေဖြစ်တဲ့အတွက် တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားတာပါ၊ ရွာသားတွေကလည်း စစ်တပ်အမာခံတွေဖြစ်ကြသလို အများစုက ပျူစောထီးအဖွဲ့ဝင်တွေဖြစ်ကြပါတယ်၊ အဲနှစ်ရွာက ဂန့်ဂေါမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတာပါ"လို့ တော်လှန်ရေးတပ်တွေနဲ့နီးစပ်သူ ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။
အဲဒီကျေးရွာ နှစ်ရွာဟာ ပြီးခဲ့တဲ့ တစ်နှစ်ခွဲကျော်ကာလမှစတင်၍ ဆန်၊ ဆီ၊ ဆား၊ ငပိ စတဲ့ အခြေခံကုန်ပစ္စည်းတွေ ပြတ်လပ်နေတာဖြစ်ပြီး လက်ရှိမှာ ကုန်ဈေးနှုန်းတွေဟာ သာမန်ထက် အဆပေါင်းများစွာ မြင့်တက်လျက်ရှိနေပါတယ်။
လက်ရှိ မြောက်ခရန်းနဲ့ ဟံသာဝတီရွာ ကုန်စျေးနှုန်းမှာ ဆား (၁) ပိဿာ ၈ သောင်းကျပ်၊ ကွမ်းသီး (၁) ပိဿာ ၁ သိန်းကျော် ကျပ်၊ ဖက်ကြမ်းဆေးလိပ် (၁) စည်း ၆ သောင်းကျပ်၊ ထန်းလျက် (၁) ပိဿာ ၆ သောင်းကျပ်အထိ ရှိနေသလို တချို့ကုန်စည်တွေမှာ ပြတ်လပ်နေတယ်လို့ သိရပါတယ်။
"အရင်လတွေက ရဟတ်ယာဥ်နဲ့ လာပြီး ဆား၊ ငပိ ရောင်းပေးတယ်လို့ သိရတယ်၊ အဲရွာနှစ်ရွာက ရွာသားတွေက ပျူစောထီး မိသားစုဝင်ချည်းဆိုပေမဲ့ အလကားပေးတာ မဟုတ်ဘူး၊ တန်းစီပြီး ဝယ်ရတယ်လို့ပြောတယ်၊ စျေးကတော့ ပုံမှန်စျေးပေါ့၊ အခု စစ်ကောင်စီကလည်း ရဟတ်ယာဥ် မလာနိုင်တော့ဘူး"လို့ ဖြစ်စဥ်သိရှိသူ ဂန့်ဂေါဒေသခံ အမျိုးသားတစ်ဦးက BBM ကို ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်နဲ့ ရိက္ခာလာရောက်ပို့ဆောင် ရောင်းချပေးမှုမှာလည်း ပြတ်တောက်နေသည်မှာ ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။
မြောက်ခင်ရန်းနဲ့ ဟံသာဝတီရွာတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြပြီး စစ်တပ်မှ လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီး အားကောင်းတဲ့ ရွာတွေလည်း ဖြစ်ပါတယ်။
အဲဒီရွာတွေက အစပိုင်းမှာ လက်နက်အားကိုးနဲ့ အနီးနားကျေးရွာတွေကို စစ်ကြောင်းထိုး လုယက်ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ အင်အားကောင်းလာခြင်းနဲ့ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် အခုလိုရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - လူမှုကွန်ရက်
https://www.facebook.com/share/p/17P3n5ejci/

❤4👍3
ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်ကြား ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တစ်ခုရေးဆွဲဖို့ မျှော်လင့်ဟု AA စာပို့
BBM - ဖေဖော်ဝါရီ ၂၆
သတင်း - နိုင်နိုင်
အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါက်တာ ခါလီလာရာမန် (Dr. Khalilur Rahman) ဆီကို ပထမဆုံးအကြိမ် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် သတင်းအေဂျင်စီ (BSS) သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ယမန်နေ့က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ "ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် လက်တွေ့ကျတဲ့၊ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေဖို့ ကျွန်တော်တို့နဲ့အတူ ဆက်လက်လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ရဲ့ ရှိပြီးသားချစ်ကြည်ရေးကို အခြေခံပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ရက္ခိုင့်အကြား ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းသစ်တစ်ခုကို ရေးဆွဲဖို့မျှော်လင့်ပါတယ်" လို့ ဆိုထားပါတယ်။
အဆိုပါသတင်းစကားတွေဟာ ရိုဟင်ဂျာအကျပ်အတည်းအတွက် ဖြေရှင်းချက်ရှာဖွေဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခတပ်တော် (AA) နှစ်ဖက်စလုံးဟာ ဖွဲ့စည်းခါစ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ်နေကြောင်း ညွှန်ပြနေပုံရပါတယ်လို့ BSS သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါက်တာ ခါလီလာရာမန် (Dr. Khalilur Rahman) ဆီကို စစ်ကောင်စီတပ်ရဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကလည်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ဖို့နဲ့ နေပြည်တော်နဲ့ ဒါကာအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ ခိုင်မာတဲ့ ကတိကဝတ်ကို ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးသစ် ဒေါက်တာ ခါလီလာရာမန် (Dr. Khalilur Rahman) ဟာ မကြာသေးမီအချိန်ကလည်း အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရ၊ အာရက္ခတပ်တော် AA နှစ်ဘက်စလုံးနဲ့ ဆက်သွယ်မှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။
"မြန်မာအစိုးရနဲ့ အာရက္ခတပ်တော် အာဏာပိုင်တွေဆီက သတင်းစကားတွေဟာ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်၊ အဆိုပါ စဉ်ဆက်မပြတ်ဆက်သွယ်မှုနဲ့ ဆွေးနွေးမှုတွေမှတဆင့် ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရသစ်အပေါ် ယုံကြည်မှုကို ထင်ဟပ်စေတယ်" လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက မနေ့က ညနေပိုင်းမှာ BSS ကို ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာပြဿနာအတွက် အခြားအဓိကနိုင်ငံတွေ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကြိုးပမ်းလျက်ရှိနေတယ်လို့လည်း သိရပါတယ်။
https://www.facebook.com/share/p/1E6p7TWcLN/

နိုင်ငံမှာအန္တရာယ်ကြုံလာတိုင်း "လူ့အသက်ထက် မည်သည့်အရာမှ အရေးမကြီး"ဆိုတဲ့ မင်းအောင်လှိုင်ညွှန်ကြားချက်အတိုင်း စစ်တပ်ကဖြေရှင်းပေးဟု ဒုချုပ်စိုးဝင်းပြော
BBM-ဖေဖော်ဝါရီ၂၆
သတင်း-မင်းသော်
နိုင်ငံမှာ ဘေးအန္တရာယ်ကြုံလာတဲ့အချိန်တိုင်း "လူ့အသက်ထက် မည်သည့်အရာမှ အရေးမကြီး"ဆိုတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်အတိုင်း စစ်တပ်ကဖြေရှင်းပေးနေတယ်လို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ ဒုချုပ်စိုးဝင်းက ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၅ ရက်နေ့က ရှမ်းပြည်နယ် ဗထူးမြို့မှာ ပြုလုပ်ခဲ့တဲ့ အမှတ်စဥ်(၁၂၉) ဗိုလ်သင်တန်းကျောင်း ကျောင်းဆင်းမိန့်ခွန်းမှာ အထက်ပါအတိုင်း ဒုချုပ် စိုးဝင်းကပြောဆိုလိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက် စစ်တပ်အနေနဲ့ စစ်ရေးခြိမ်းခြောက်မှုတွေနဲ့သာမက ကိုဗစ်ရောဂါ၊ မိုခါမုန်းတိုင်း၊ ရာဂီမုန်တိုင်းရဲ့နောက်ဆက်တွဲ ရေကြီးရေလျှံမှု၊ စစ်ကိုင်းငလျင် စတဲ့ ဘေးအန္တရာယ်တွေနဲ့ကြုံလာတိုင်း နိုင်ငံနဲ့ပြည်သူ့အတွက် "လူ့အသက်ထက် မည်သည့်အရာမှ အရေးမကြီး" ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အတိုင်း ဦးစွာ ရင်ဆိုင်ဖြေရှင်းပေးခဲ့တယ်လို့ စိုးဝင်းက ဆိုပါတယ်။
ဒါ့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာမှာလည်း စစ်တပ်က သက်ဆိုင်ရာအစိုးရအဖွဲ့တွေနဲ့ပေါင်းပြီး မူလအခြေအနေထက် မြင့်မားစေရန် အားကြိုးမာန်တက် ဆောင်ရွက်ပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
ဒါတင်မက နိုင်ငံအနေနဲ့ တည်ငြိမ်အေးချမ်းရေးကိုလိုအပ်နေပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ တံတားဖျတ်မိုင်းခွဲတာတွေပြုလုပ်တာကြောင့် တိုင်းပြည်မတည်ငြိမ်သလို လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုခက်ခဲပြီး လူမှုစီးပွါးရေးတွေလည်း အဆင်မပြေ ဖြစ်စေတယ်လို့ ၎င်းကအပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်တွေအနေနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုတည်ငြိမ်အေးချမ်းအောင် အစဥ်တစိုက်ဆောင်ရွက်နေတယ်လို့ ပြောဆိုနေပေမဲ့လည်း အရပ်သားပြည်သူလူထုတွေရှိရာကိုလေကြောင်းမှ မကြာခဏဗုံးကြဲချတိုက်ခိုက်တာတွေအပြင် ပြည်သူတွေနေထိုင်ရာကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးတာတွေကို နေ့စဥ်ပြုလုပ်နေတယ်လို့လည်း ပြည်တွင်းပြည်ပအင်အားစုတွေက ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။
Photo-ပုံဟောင်း
https://www.facebook.com/share/p/1a64wnvT81/

👍9❤1🖕1
ပိတ်ထားတဲ့ ပလက်ဝနဲ့ ရခိုင်ဒေသအတွက် အဓိကကျတဲ့ မီဇိုရမ်-ပလက်ဝ နယ်စပ်လမ်းကြောင်းတွေ အားလုံးပြန်ဖွင့်
BBM-ဖေဖော်ဝါရီ ၂၆
သတင်း-ကိုအိုက်
လုံခြုံရေးအခြေအနေကြောင့် တစ်ပတ်ကြာ ပိတ်ထားခဲ့တဲ့ မီဇိုရမ်-ပလက်ဝ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို အိန္ဒိယအာဏာပိုင်တွေက မနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ ဒေသခံတွေက BBM ကို ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက နယ်စပ်လမ်းများပြန်ဖွင့်ရန် အမိန့်ထုတ်ပြန်တာဖြစ်ပါတယ်။
အဆိုပါ လမ်းကြောင်းဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း တင်သွင်းရာမှာ အားထားရတဲ့ တစ်ခုတည်းသော အဓိက ကုန်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မီဇိုးယာဉ်မောင်းတစ်ဦး မြန်မာဘက်ခြမ်းသို့ ကုန်ပစ္စည်းသွားပို့စဉ် သေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့် လုံခြုံရေးစိုးရိမ်မှုတွေ မြင့်တက်ကာ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ လမ်းကြောင်းတွေကို အိန္ဒိယဘက်က တင်းကျပ်စွာ ပိတ်ပင်ခဲ့တာပါ။
လောင်တလိုင်ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ ထုတ်ပြန်ချက်အရ နယ်စပ်ဒေသမှာ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရှိလာပြီဖြစ်တာကြောင့် ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို ရုပ်သိမ်းပြီး ကုန်သွယ်မှုလုပ်ငန်းတွေကို ပြန်လည်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
"မနေ့ကစပြီး လမ်းကြောင်းတွေ အားလုံး မီဇိုရမ်ဘက်ကနေ ပြန်ဖွင့်ပေးပါပြီ။ အခု နယ်စပ်တလျှောက်မှာ ကုန်သည်တွေ ပုံမှန်အတိုင်း ကုန်စည်တွေ ပြန်လည် သယ်ယူနေကြပါပြီ"လို့ ရခိုင်ကုန်သည်တစ်ဦးက BBM ကို ပြောပါတယ်။
အခြားအရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်သော ရှာဟာ (Siaha) ခရိုင်ဘက်က လမ်းကြောင်းကိုမူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကတည်းက ကြိုတင်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။
လက်ရှိ စစ်ရေးအခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့ ပလက်ဝနဲ့ ရခိုင်ဒေသအတွက် အခုလို နယ်စပ်လမ်းကြောင်းတွေ ပြန်လည်ပွင့်လင်းလာခြင်းဟာ ပြတ်လပ်နေတဲ့ အခြေခံရိက္ခာနဲ့ ကုန်စည်တွေ ပြန်လည်ဝင်ရောက်နိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။
ပုံ-လူမှုကွန်ရက်
#bbmnews #bbm #bbmtv #Palawa #rakhine
https://www.facebook.com/share/p/1QN9EdgYrX/

👍5
ရွာငံမြို့နယ်မှာ သံဃာအပါအဝင် ဒေသခံ ၂၀ ဦး ဖမ်းဆီးခံရ၊ တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနဲ့ ပြန်ရွေးယူနေရ
BBM- ဖေဖော်ဝါရီလ ၂၆
သတင်း-ခွန်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အချိန်မှာ သံဃာတော်တွေပါအဝင် ဒေသခံပြည်သူ စုစုပေါင်း ၂၀ ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေပြောပြတာကတော့ ဖေဖော်ဝါရီလအတွင်း စစ်ကြောင်းတွေ ရွာထဲဝင်လာတဲ့အခါ လမ်းမှာတွေ့တဲ့ အမျိုးသားတွေကို အကြောင်းရင်းမရှိဘဲ ဖမ်းခေါ်သွားတာဖြစ်ပြီး ဖမ်းပြီးနောက်မှာတော့ ပုဒ်မအမျိုးမျိုး တပ်ပြီး မိသားစုတွေကို ဆက်သွယ်ကာ ရွာငံရဲစခန်းမှာ တစ်ယောက်ကို ငွေကျပ် ၁၀ သိန်းနဲ့ လာရွေးဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။
“စစ်ကြောင်းဝင်လာရင် ရွာထဲမှာတွေ့တဲ့သူကို အကြောင်းမရှိဘဲ ဖမ်းသွားတာပါ။ သံဃာတော်တွေတောင် မချန်ဘူး။ နောက်မှ ဆယ်သိန်းနဲ့ လာရွေးခိုင်းတယ်။ မပေးနိုင်ရင် မလွတ်ဘူးလို့ မိသားစုတွေကို ဖိအားပေးတယ်။ ဒါဟာ ဥပဒေအရ ဖမ်းတာမဟုတ်ဘဲ အာဏာသုံးပြီး ပြည်သူတွေကို ငွေညှစ်နေတာနဲ့ တူပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ နွားဘန်းကြီးကျေးရွာ၊ အင်တောကျေးရွာ နဲ့ ရေချမ်းကျေးရွာ တို့က အသက် ၂၅ နှစ်ကနေ ၄၀ နှစ်အရွယ်အထိရှိတဲ့ အမျိုးသားတွေဖြစ်ပြီး သံဃာတော်အချို့လည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“တချို့မိသားစုတွေဆို အဆင်မပြေကြပါဘူး။ ဖမ်းခံရသူကို ပြန်ထုတ်ဖို့ အိမ်ခြံမြေတွေတောင် ပေါင်ပြီး ချေးငွေထုတ်ရတယ်။ ဆယ်သိန်းဆိုတာ ပြည်သူတွေအတွက် အလွန်ကြီးတဲ့ ငွေပမာဏပါ” လို့ နောက်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလို ဖမ်းဆီးပြီး ငွေညှစ်ယူတဲ့အမှုတွေ မကြာခဏ ဖြစ်နေတဲ့အတွက် စစ်ကြောင်းဝင်လာတဲ့အချိန်တိုင်း ဒေသခံအမျိုးသားအများစုက အိမ်မှာ မနေရဲကြဘဲ တောတောင်တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ရွာငံမြို့နယ်အရှေ့ဘက် အုတ်တွင်းကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။
လက်ရှိအခြေအနေအရ စစ်ကောင်စီဘက်က ထိခိုက်ဆုံးရှုံးမှုများနေတာကြောင့် နောက်ထပ် အင်အားအများကြီးနဲ့ ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာနိုင်တယ်လို့ ခန့်မှန်းထားပြီး ဒေသခံပြည်သူတွေကို သွားလာရာမှာ အထူးသတိထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
ပုံ-ရွာငံမြို့ဆိုင်းဘုတ်
https://www.facebook.com/share/p/1Cdeg3k5K1/

🤬4👍2
သရက်ချောင်းမှာ စစ်တပ်က အရပ်သားကားတစ်စီးကို အကြောင်းမဲ့ ပစ်ခတ်လို့ တဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိ
BBM-ဖေဖော်ဝါရီ၂၆
သတင်း - ကိုဟန်
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားတွေ စီးနင်းလာတဲ့ ကားကို ပစ်ခတ်လို့ တဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေထံကနေ သိရပါတယ်။
စစ်ရေးတင်းမာနေတဲ့ မြိတ်-ထားဝယ်ကားလမ်းပိုင်းတလျှောက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေဟာ မနက် ၁၀ နာရီခန့် ပိန်းတောကျေးရွာကို ရောက်ရှိချိန် အဲဒီလမ်းပိုင်းမှာ ဖြတ်သန်း မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။
“ပိန်းတောရွာမှာ ဖြစ်သွားတာက ခရီးသွားကားတော့ မဟုတ်ဘူး၊ ဒီနယ်က ကားတွေပဲ ကြက်စာတင်လာတယ် ပြောတယ်၊ ၆ ဘီးကားလေးပဲ၊ စစ်တပ်က လှမ်းတားတယ်၊ ကားသမားက မကြားလို့ ထင်ပါတယ်၊ မောင်းသွားတာ အဲဒါကို လှမ်းပစ်လိုက်တာ” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံတဦးက BBM ကို ပြောပါတယ်။
စစ်တပ်ပစ်ခတ်မှုကြောင့် အသက်(၄၀)ဝန်းကျင် အရွယ် ထားဝယ်ဒေသခံဖြစ်တဲ့ ယာဉ်မောင်းဖြစ်သူမှာ ဦးခေါင်းကျည်ထိမှန်ပြီး နေရာမှာပင် ပွဲချင်းသေဆုံးခဲ့ကာ အသက် ၃၀ ဝန်းကျင်အရွယ် ယာဉ်နောက်လိုက် နှစ်ဦးက ခန္ဓာကိုယ်အနှံ့မှာ ကျည်ထိဒဏ်ရာများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအနက် တဦးက ဒဏ်ရာပြင်းထန်နေပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
အထက်ပါစစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၂၃ ရက်မှာလည်း ညောင်ဇင်ရွာကို ဆိုင်ကယ်မောင်းပြန် လာတဲ့ အသက် ၂၀ ကျော် လူငယ်တဦးက ပစ်ခတ်လို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
“အခုက သရက်ချောင်းမှာရော နေရာအတော်များများမှာ စစ်ကြောင်းထိုးနေတော့ သတိထားသွားလာနေရတယ်၊ ဒီစစ်တပ်က တွေ့ရာလူကို လုပ်ချင်သလို လုပ်နေတာ သူတို့နဲ့ ရှောင်ပြီး သွားလာတာအကောင်းဆုံးပဲ၊ ကျွန်တော်တို့ဆို အဲဒီမြိတ်-ထားဝယ်လမ်းဘက် ကားမထွက်တာ ကြာပြီး” လို့ မော်လမြိုင်-တနင်္သာရီ ကုန်တင်
ယာဉ်ပြေးဆွဲနေသူ တဦးက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ခတ်မှုတွေ ရက်ဆက် ပြုလုပ်နေတယ်လို့ ဒေသအခြေ စိုက်တော်လှန်ရေးတပ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်မှာလည်း သရက်ချောင်းမြို့နယ် စုံစင်ဖျားရွာတဝိုက်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
တိုင်းတခုလုံးနီးပါးကို စစ်မျက်နှာဖွင့်ထားတဲ့ စစ်တပ်က လေကြောင်းပစ်ကူအားကို ပိုမိုအသုံးပြုနေပြီး အရပ်သားထိခိုက် သေဆုံးမှု မြင့်တက်လာနေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - Social Media
https://www.facebook.com/share/p/1FSxcpSpQc/

🤬5👎1
မြောက်ကိုရီးယားက အမေရိကန်နဲ့ 'အဆင်ပြေအောင်' လုပ်နိုင်တယ်လို့ ကင်မ်ပြော၊ ဆိုးလ်နဲ့ ပိုနီးစပ်တဲ့ ဆက်ဆံရေးကို ငြင်းဆန်
BBM - ဖေဖော်ဝါရီ ၂၇
သတင်း - Richard
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က အမေရိကန်ပြည်ထောင်စုနဲ့ “သင့်မြတ်အောင်” လုပ်ဆောင်နိုင်တယ်လို့ပြောကြားခဲ့ပေမဲ့ အမေရိကန်ရဲ့ လုံခြုံရေးမဟာမိတ် တောင်ကိုရီးယားကတော့ ရန်သူအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ကြေညာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီလ ၂၆ရက် ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။
ကင်မ်က ပါတီကွန်ဂရက်တစ်ခုမှာ အမေရိကန်အနေနဲ့ မြောက်ကိုရီးယားကို နျူကလီးယားအင်အားကြီးနိုင်ငံအဖြစ် လေးစားဖို့ တိုက်တွန်းတဲ့ မှတ်ချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံကို သွားရောက်လည်ပတ်စဉ် ကင်မ်နဲ့ တွေ့ဆုံဖို့ ကြိုးပမ်းနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ တိုးပွားလာချိန်မှာ ကင်မ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမယ့် သူက တောင်ကိုရီးယားနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ကို တံခါးပိတ်လိုက်ပုံရပြီး ဆိုးလ်ကို သူ့နိုင်ငံရဲ့ “တစ်နိုင်ငံတည်းသား”တွေအဖြစ် “အပြီးတိုင် ချန်လှပ်ထား”မယ်လို့ ပြောကြားခဲ့ပါတယ်။
“မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ဘယ်လိုအခြေအနေမှာမဆို ဆက်ဆံဖို့ မရှိပါဘူး” လို့ ကင်မ်က ပြောကြားခဲ့ပြီး ဆိုးလ်ရဲ့ မကြာသေးမီက ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို “လှည့်စားမှု” လို့ ခေါ်ဆိုခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားကို ပထမဆုံးအကြိမ်အဖြစ် “ရန်လိုတဲ့နိုင်ငံ” အဖြစ် သတ်မှတ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အတိတ်ကာလက စစ်ရေးပြပွဲတွေမှာ နောက်ဆုံးပေါ် လက်နက်တွေကို ပြသခဲ့ပြီး သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိကိုလည်း ပြသလေ့ရှိပါတယ်။
“အမေရိကန်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအဆင့်အတန်းကို လေးစားပြီး ရန်လိုတဲ့မူဝါဒကို ရုပ်သိမ်းပါက အမေရိကန်ပြည်ထောင်စုနဲ့ ကျွန်တော်တို့ ကောင်းစွာ ဆက်ဆံနိုင်လိမ့်မယ်” လို့ ကင်မ်က ကိုရီးယားဗဟိုသတင်းဌာန (KCNA)ကို ဖြေကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အာရှခရီးစဉ်အတွင်း ကင်မ်နဲ့ ရင်းနှီးမှုကို တိုးမြှင့်ခဲ့ပြီး တွေ့ဆုံဖို့ “၁၀၀ ရာခိုင်နှုန်း” အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ထရမ့်က မြောက်ကိုရီးယားဟာ “နျူကလီးယားအင်အားကြီးနိုင်ငံ” ဖြစ်ကြောင်း ဝန်ခံခြင်းအားဖြင့် ဆယ်စုနှစ်များစွာကြာ တည်ရှိနေခဲ့တဲ့ အမေရိကန်ရဲ့ မူဝါဒကိုပင် ဆန့်ကျင်ပြောဆိုခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တုန်းက ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေး ပျက်ပြားပြီးနောက် ဧပြီလမှာ ပြုလုပ်မယ့် ထရမ့်-ကင်မ် တွေ့ဆုံမှုဟာ နှစ်ပေါင်းများစွာကြာ သံတမန်ရေးအရ မပြေလည်မှုတွေဟာ ပြန်လည်သင့်မြတ်လာမယ့်အနေအထားမှာ ရှိပါတယ်။
Reference - France 24
Photos - BBC
https://www.facebook.com/share/p/1CZfiRV9er/

👍3