Burma Podcast Network
283 subscribers
22 photos
51 videos
3 files
48 links
Burma Podcast Network မှ Podcast episodes များကို လွယ်ကူစွာ နားဆင်နိင်ပါသည်။
Download Telegram
Media is too big
VIEW IN TELEGRAM
အဲ့ဒီခေတ်က ဝန်ထမ်း လိမ္မာတယ်ဆိုတာ လာဘ်ရအောင်၊ ရာထူးတိုးအောင်၊ ဘဝရှေ့ရေးကောင်းအောင် ငြိမ်ငြိမ်လေး လုပ်နိုင်တဲ့လူမျိုးကို ဆိုလိုတာပါ။ သူတို့ ရွေးချယ်လိုက်ရတဲ့ လမ်းပါပေါ့။

Spotify တွင်နားဆင်ရန်နှိပ်ပါ။

YouTube တွင်နားဆင်ရန်နှိပ်ပါ။

Burma Podcast Network မှ အစီစဉ်များနားဆင်ရန်နှိပ်ပါ။

#burmapodcastnetwork #bpn #myanmarpodcast #rebelwisdom
Burma Podcast Network
ငါတို့ခေတ်ရဲ့မဟာဂီတ မိတ်ဆက် Spotify တွင်နားဆင်ရန်နှိပ်ပါ။ YouTube တွင်နားဆင်ရန်နှိပ်ပါ။ Facebook တွင်နားဆင်ရန်နှိပ်ပါ။ Burma Podcast Network မှ အစီစဉ်များနားဆင်ရန်နှိပ်ပါ။ #burmapodcastnetwork #bpn #myanmarpodcast #MusicPodcasts
ငါတို့ခေတ်ရဲ့မဟာဂီတ
မိတ်ဆက်

ဂန္ထဝင်ဖြစ်မှုဆိုတာမှာ ခေတ်အဆက်ဆက် မှတ်တမ်းအစဉ်၊ ကျမ်းအစဉ်မှာ သမိုင်းဝင်ဖော်ပြခံရမှု၊ လက်ရှိထိလည်း မတိမ်ကောသေးမှု စတာတွေပါဝင်ပါတယ်။ စာပေနဲ့အနုပညာလောကမှာ အမေမာလို့ ခေါ်ကြတဲ့ လူထုဒေါ်အမာကလည်း “ပေမီဒေါက်မီရှိမှု၊ ခမ်းနားမှုနဲ့ ဂုဏ်ယူနိုင်လောက်မှု၊ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်မှု” ဆိုတဲ့ အတိုင်းအတာနဲ့ ဂန္ထဝင်ဆန်တာကို လက်တွေ့ကျကျဖွင့်ဆိုပါတယ်။

တကယ်တော့ “ငါတို့ခေတ်ရဲ့မဟာဂီတ” အစီစဉ်က ရှေးကတီးမှုတ်ရေးသားသီဆိုခဲ့ကြတဲ့ ကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ ယိုးဒယား အစရှိတဲ့ မဟာဂီတသီချင်းကြီးတွေအကြောင်းမဟုတ်ပါဘူး။ မဟာဂီတဆိုတာ နာမည်နဲ့အညီ သီချင်းကြီးလို့ အလွယ်ပြောနိုင်တယ်။ ခေတ်အဆက်ဆက် ကျမ်းအစဉ်နဲ့ သမားစဉ်အဆက်ဆက် လက်ဆင့်ကမ်းပေါက်ဖွားခဲ့တဲ့ဂီတ။ ပဒေသရာဇ်ခေတ်ကတည်းက တည်ရှိမှတ်တမ်းတင်ခဲ့ကြလို့ ရွှေနန်းထွက်မဟာဂီတလို့လည်း တော်ဝင်အသုံးနဲ့သုံးနှုန်းကြပါတယ်။

ဒါပေမဲ့အခုတင်ဆက်မယ့် ပေါ့ဒ်ကတ်စ်တွေထဲမှာ ကမ္ဘာကနေ မြန်မာကို ကူးလူးလာတဲ့ နိုင်ငံတကာဂီတ အမျိုးအစားတွေနဲ့ ကိုင်းခွဲတွေအကြောင်းကို စာရေးသူဖြတ်သန်းခဲ့တဲ့ ခေတ်အပေါ်မူတည်ပြီး ခံစားသုတေသနပြုထားမှာ ဖြစ်ပါတယ်။ အနောက်တိုင်းမှာ ပေါ်ပြူလာမြူးဇစ်လို့‌ခေါ်ကြတဲ့ ဂျက်ဇ်၊ ဘလူးစ်၊ ရော့ခ်အဲန်ရိုး၊ ရော့ခ်၊ ဟဲဗီးမက်တဲလ် အစရှိတဲ့ဂီတအမျိုးအစားတွေဟာ အခုလက်ရှိ ၂၁ ရာစုထဲမှာဆိုရင် ဂန္ထဝင်ဂီတစာရင်းဝင်နေပါပြီ။ ၂၀ ရာစုအလယ်နဲ့ နှောင်းပိုင်းဂီတရေစီးကြောင်းဟာ အရင်လို နှစ်ရာထောင်ချီရှိတဲ့ သမိုင်းတန်ဖိုးတွေ၊ ဂီတဆင့်ကဲဖြစ်စဉ်တွေရှိမှ ဂန္ထဝင်မဟာဂီတဖြစ်လာသလိုမျိုး မဟုတ်တော့ပါဘူး။ ခေတ်ကာလတိုတိုထဲမှာပဲ နည်းပညာတိုးတက်မှု၊ တူရိယာပစ္စည်းတီထွင်မှု‌၊ ယဉ်ကျေးမှုအရွေ့အပြောင်း၊ ခံစားရှုမြင်ဖန်တီးမှုတွေ ရှိလာခဲ့တာပါ။ အဲ့ဒီအနုပညာသမားနဲ့ ဖန်တီးသူတွေဟာ ဘဝတိုတို၊ အချိန်တိုတိုတွင်းမှာပဲ ဂီတအနုပညာကို အကြမ်းဆုံး၊ အကောင်းဆုံး ဂန္ထဝင်မြောက်၊ ဒဏ္ဍာရီမြောက် ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဂီတတွေကို ပညာရပ်သရုပ်ခွဲသူတွေက ကွန်တမ်ပိုရာရီကလပ်စစ်၊ နီယိုကလပ်စစ် စသဖြင့် သမုတ်ကြပါတယ်။

၁၉၈၀ ကာလများမှာမွေးဖွားခဲ့တဲ့ စာရေးသူရဲ့ သူ့ခေတ်ကသီချင်းတွေသာမက သူလက်လှမ်းမီတဲ့ သူ့ရှေ့က ဂီတအမျိုးအစားတချို့ကနေ သူ့ခေတ်မှာ ခေတ်စားလာတဲ့ဂီတတွေထိ ဆင်းသက်ပေါက်ဖွား လာပုံတွေကို အခုအစီစဉ်မှာ ဆက်စပ်ထားပါတယ်။ အဲ့ဒီဂီတတွေဟာ အခုခေတ်မျိုးဆက်တွေအထိ လွှမ်းမိုးမှုရှိနေတာကြောင့် ဂီတချစ်သူမျိုးဆက်အသီးသီးကို ဂုဏ်ပြုသောအားဖြင့် ပြီးတော့ ရှေးခေတ်က ရွှေနန်းထွက်မဟာဂီတသီချင်းကြီးတွေလို တန်ဖိုးထားသောအားဖြင့် “ငါတို့ခေတ်ရဲ့ မဟာဂီတ” လို့ ခေါင်းစဉ် တပ်ထားတာဖြစ်ပါတယ်။ နိုင်ငံတကာက သီချင်းပေါင်းစုံ၊ ဂီတအမျိုးအစားပေါင်းစုံနဲ့ မြန်မာပြည်ရဲ့ နှောင်းခေတ်ဂီတရေစီးကြောင်းကို ကဗျာဆရာ၊ စာရေးဆရာ မောင်ယုပိုင်က ခံစားသုတေသနပြု ဇာတ်ညွှန်းရေးဖွဲ့ပါတယ်။ ဒါတွေကို လက်ဆင့်ကမ်းခံစားရင်ခုန်ပြောပြမယ့်သူက ဂီတသမား၊ အဆိုတော်၊ သီချင်းရေးဆရာ ဝီရမိုးနေဖြစ်ပါတယ်။

ဒီနေရာမှာ ရှင်းလင်းချင်တာက တချို့သော ဂီတသမားများ၊ အနုပညာသမားများဟာ ၎င်းတို့ဖြတ်သန်းခဲ့တဲ့ ဂီတသမိုင်းရှိသော်ငြား ခုခေတ်ကာလအရ ဝိဝါဒမကွဲခြင်း၊ လူ့အဖွဲ့အစည်းထဲက ပေါ်ပေါက်ခဲ့တဲ့ဂီတတွေရဲ့ အနှစ်သာရကိုမှမထောက် ပြည်သူကိုစော်ကားခြင်းအပါအဝင် ပြည်သူကိုမျက်နှာမမူဘဲ အကျိုးစီးပွားနဲ့ ကျော်ကြားမှုလောက်ကိုသာ ရှေ့တန်းတင်ကြတဲ့အတွက် သူတို့နာမည်တွေ၊ ရုပ်ပုံတွေ၊ သီချင်းတွေကို ချန်လှပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ BPN အနေနဲ့ သမိုင်းကို အဂတိကင်းကင်းချဉ်းကပ်လိုတဲ့အတွက် သူတို့သီဆိုခဲ့တဲ့ သီချင်းခွေနာမည်နဲ့ သီချင်းနာမည်တွေကိုတော့ အစီစဉ်တွင်း ထည့်သွင်းဖော်ပြသွားမှာ ဖြစ်ပါတယ်။ ပေါ့ဒ်ကတ်စ်ထဲမှာပါတဲ့ ဖော်ပြတဲ့ ပြည်တွင်းဖြစ် နိုင်ငံခြားမိတ္တူ သီချင်းတွေကိုလည်း မူလဖန်တီးသူတွေနဲ့ ဆင့်ပွားဖန်တီးသူတွေရဲ့ ဂီတပညာကို လေးစားစွာဖြင့်ဖော်ပြပါတယ်။ ဂီတချစ်သူများအားလုံး ကလိယုဂ်ခေတ်ဆိုးထဲ အာလျပြေရာပြေကြောင်းနဲ့ သုတရသပွားများနိုင်ကြစေကြောင်း စေတနာအရင်းခံပြီး BPN က ပူးပေါင်းစီစဉ်တင်ဆက်လိုက်ရပါတယ်။
Media is too big
VIEW IN TELEGRAM
မြေမြှုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ရင် ဒီအကြောင်းအရာတွေပဲ ထပ်ခါထပ်ခါဖြစ်နေတတ်ပါတယ်။ ဘာလို့ဆို သတိလေးခဏလွတ်သွားတာနဲ့ မတန်မရာ ပြန်ပေးဆပ်လိုက်ရတာတွေ ဖြစ်ပျက်နေဆဲမို့ပါ။ အခုလည်း မြန်မာပြည်အနှံ့ကမိဘပြည်သူအပေါင်းကို ဆောင်ရန် ရှောင်ရန်တွေနဲ့ ထပ်ကြိမ်သတိပေးလိုက်ရပါတယ်။

Spotify တွင်နားဆင်ရန်နှိပ်ပါ။

YouTube တွင်နားဆင်ရန်နှိပ်ပါ။

Burma Podcast Network မှ အစီစဉ်များနားဆင်ရန်နှိပ်ပါ။

#burmapodcastnetwork #bpn #myanmarpodcast #podcastforchange
Burma Podcast Network
ကြင်နာတဲ့အိပ်ဆေးပေးရပါရင် Spotify တွင်နားဆင်ရန်နှိပ်ပါ။ YouTube တွင်နားဆင်ရန်နှိပ်ပါ။ Facebook တွင်နားဆင်ရန်နှိပ်ပါ။ Burma Podcast Network မှ အစီစဉ်များနားဆင်ရန်နှိပ်ပါ။ #burmapodcastnetwork #bpn #myanmarpodcast #podcastforwellbeing
“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုလို့ရှိရင် လာဘ်ရဖို့အတွက် အဓိက မောင်းနှင်အားတစ်ခုက “အိပ်စက်ခြင်း” ဆိုတဲ့ ဇာတ်လိုက်ကျော်ကြီးပါပဲ။ မိတ်ပေါင်းဆွေသဟာတို့ရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာဖို့ဆိုရင် အိပ်ပျော်ဖို့က အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ လူမှုစီးပွား၊ နိုင်ငံရေး၊ စစ်ရေးအရှုပ်ထွေးတွေ၊ မချစ်သူနဲ့ပေါင်း၊ ချစ်သူနဲ့ကွဲ၊ ချစ်သူကိုမရသေးသူအပေါင်းရဲ့ ဒုက္ခတွေကိုလည်း အိပ်စက်ခြင်းနဲ့ ခဏတဖြုတ် စိတ်ပြောင်းအားဖြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဒီစိတ်တွေဖြစ်နေရင် ဘယ်အိပ်လို့ပျော်ပါ့မလဲ။ အဲ့တာဆို ဒီအပိုင်းကို နားထောင်လိုက်ပါ။

ဒီအပိုင်းမှာ အိပ်မပျော်တဲ့ကိစ္စကို ကျော်လွှားအောင်မြင်နည်းအမျိုးမျိုးကို နားထောင်ကြရမှာဖြစ်ပါတယ်။ ဆရာမ Agnes နဲ့ Serenity ရဲ့ စေတနာပါပါ လက်တွေ့ကျကျအကြံပြုချက်တွေ၊ ကိုယ်တိုင်အိပ်စက်ခြင်းကိစ္စကို ကျော်ဖြတ်ပုံတွေကို ပြောပြထားပါတယ်။ အားလုံးအိပ်ပျော်ညတွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။

Burma Podcast Network ရဲ့ "Podcast for Well Being" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးနေတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။

Disclaimer
နားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။
Spotify တွင်နားဆင်ရန်နှိပ်ပါ။

YouTube တွင်နားဆင်ရန်နှိပ်ပါ။

Facebook တွင်နားဆင်ရန်နှိပ်ပါ။

Burma Podcast Network မှ အစီစဉ်များနားဆင်ရန်နှိပ်ပါ။

အိပ်မပျော်တာကို ကျော်လွှားအောင်မြင်နိုင်တဲ့ နည်းအမျိုးမျိုးကို အခုအပိုင်းမှာ နားဆင်ကြရမှာဖြစ်ပါတယ်။ ဆရာမ Agnes နဲ့ Serenity ရဲ့ စေတနာပါပါ လက်တွေ့ကျကျအကြံပြုချက်တွေ၊ ကိုယ်တိုင်အိပ်စက်ခြင်းကိစ္စကို ကျော်ဖြတ်ပုံတွေကို ပြောပြထားပါတယ်။ အားလုံးအိပ်ပျော်ညတွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။

Burma Podcast Network ရဲ့ "Podcast for Well Being" အစီအစဥ်ဟာ အများပြည်သူများအတွက် တစ်ကိုယ်ရည် စိတ်နှင့်ရုပ် ကျန်းမာရေး ဗဟုသုတများတိုးပွားစေရန်အတွက် ကျန်းမာရေးအထောက်အကူပြုအဖွဲ့အစည်းများ၊ အတတ်ပညာရှင်များဖြင့် လက်တွဲတင်ဆက်ပေးနေတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။

Disclaimer
နားဆင်သူများအနေဖြင့် မိမိတို့ကြုံတွေ့ခံစားနေရသော ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ ခံစားမှုများအတွက် သက်ဆိုင်ရာ ကျွမ်းကျင်သူဆရာဝန်များဖြင့် ညှိနှိုင်းအဖြေရှာခြင်းသည်သာ ထိရောက်မှန်ကန်သောအဖြေဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။

#burmapodcastnetwork #bpn #myanmarpodcast #podcastforwellbeing
Media is too big
VIEW IN TELEGRAM
၁၄၅/၅၀၅ ထောင်မှတ်စု
အပိုင်း ၂ - ၂၀၂၁ ရဲ့မတ်လမှာ

Spotify တွင်နားဆင်ရန်နှိပ်ပါ။

YouTube တွင်နားဆင်ရန်နှိပ်ပါ။

Facebook တွင်နားဆင်ရန်နှိပ်ပါ။

အဲ့ဒီနှစ်ရဲ့ အစောပိုင်းလတွေမှာ လူတွေဟာ လမ်းပေါ်မှာတရုန်းရုန်းနဲ့ ရာဘာကျည်ကနေ ဗုံးသီးတွေအထိ ကြံ့ကြံ့ခံခဲ့ကြတယ်။

တောင့်ခံနေရင်းနဲ့ ခုမြင် ခုပျောက် ဖြစ်သွားသူတွေ၊ ဘယ်တော့မှ ပြန်မဆုံတော့မယ့် အထိအတွေ့ အမူအရာတွေ၊ လွင့်စင်သွားတဲ့ ဘဝတွေများခဲ့တယ်။ ဒီဘဝတွေထဲမှာ စာရေးဆရာရဲ့ ဘဝခဏခဏ‌ တွေထဲက ကိုယ်ပိုင်ဖြစ်တည်မှုတစ်ခုလည်း ပါသွားတယ်။ မတရားမှုကို ရှိသမျှအားနဲ့ ကန်ဖြိုရင်း အဖမ်းခံလိုက်ရတဲ့ ဘဝဖြစ်ရပ်တစ်ခု။

၂၀၂၁ ရဲ့မတ်လမှာ သူ့ဘဝက သီချင်းစာသားတစ်ခုထဲကလိုမျိုး ရာဇဝင်ပြောင်းခဲ့ပြီပေါ့။

အနုပညာသမားတစ်ယောက်ရဲ့ အဖမ်းခံရတဲ့အခန်းနဲ့ စစ်ကြောရေးငရဲခန်းကအသံတွေကို အခုအပိုင်းမှာ အကြမ်း အလွမ်း အတွေး များစွာနဲ့ ခံစားကြားသိကြရမှာဖြစ်ပါတယ်။

ဇာတ်ညွှန်း - MYP
ဇာတ်ကြောင်းပြော - မင်းခေါင်
Cover Art - Wooh Hmo
#burmapodcastnetwork #bpn #myanmarpodcast #145505
2
အခုတစ်ခါအပိုင်းမှာတော့ အနုပညာသမားတစ်ယောက်ရဲ့ အဖမ်းခံရတဲ့အခန်းနဲ့ စစ်ကြောရေးကအသံတွေကို အကြမ်း အလွမ်း အတွေး များစွာနဲ့ ခံစားကြားသိကြရမှာဖြစ်ပါတယ်။

Spotify တွင်နားဆင်ရန်နှိပ်ပါ။

YouTube တွင်နားဆင်ရန်နှိပ်ပါ။

Facebook တွင်နားဆင်ရန်နှိပ်ပါ။

Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။

ဇာတ်ညွှန်း - MYP
ဇာတ်ကြောင်းပြော - မင်းခေါင်
Illustration by Wooh
Produced by Burma Podcast Network

#burmapodcastnetwork #bpn #myanmarpodcast
Media is too big
VIEW IN TELEGRAM
နိုင်ငံတကာမှာ ရွေ့ပြောင်းသွားလာသူတွေအပေါ် ပစ်မှတ်ထားနှိပ်ကွပ်တဲ့ အစီစဉ်တွေ တဖန်ခေါင်းထောင်လာပါတယ်။

ဒီအပိုင်းမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းရင် ဘယ်လိုအဆင့်ဆင့်ဖြတ်ကျော်ရလဲဆိုတာ အထက်ဆင်က မငြိမ်းချမ်းမေနဲ့ ဂျာမနီမှ ရွေ့ပြောင်းနေထိုင်မှုနှင့် နိုင်ငံရေးခိုလှုံခွင့် ဥပဒေဆိုင်ရာ ကျွမ်းကျင်ရှေ့နေ Mr. Christopher Wohnig တို့က ဆွေးနွေးထားပါတယ်။

Spotify တွင်နားဆင်ရန်နှိပ်ပါ။

YouTube တွင်နားဆင်ရန်နှိပ်ပါ။

#burmapodcastnetwork #bpn #myanmarpodcast #အထက်ဆင် #ahtetsin
ထမင်းစား My Day တင်၊ ခြင်ကိုက်တဲ့အကြောင်း ပို့စ်အရှည်ကြီးတင်၊ အိပ်မပျော် Live လွှင့် ဆိုတဲ့ မိတ်ဆွေတွေရှိသလို ပါရဂူဘွဲ့ရရ၊ ဟိမဝန္တာတောင်တက်တက်၊ ဂင်္ဂါမြစ်ထဲဖုန်းပြုတ်ပဲကျကျ ဘယ်သူမှသိစရာမလိုဘူးဆိုတဲ့ မိတ်ဆွေတွေလည်း အများကြီးရှိပါတယ်။ အခု အွန်လိုင်းအော်ပရာ ဆိုတဲ့ Radio အသံဇာတ်လမ်းက Social Media ပေါ်ငွေကြေးနဲ့ လူမှုသြဇာတည်ဆောက်တဲ့ ရေစီးကြောင်းမှာ အလုံးစုံ စီးမြောသူတွေနဲ့ ချင့်ချိန်သူတွေကြား အတွန်းအတိုက်ဖြစ်စဥ်တွေကို စိတ်ကူးပုံဖော်တင်ဆက်ထားခြင်းဖြစ်ပါတယ်။

Facebook တွင် နားဆင်ရန်နှိပ်ပါ။

YouTube တွင် နားဆင်ရန်နှိပ်ပါ။

Spotify တွင် နားဆင်ရန်နှိပ်ပါ။

မဝါအဖြစ် မြတ်
ကြေးမုံအဖြစ် Tohn
နောက်ခံစကားပြောသူ BPN ဝိုင်းတော်သား တစ်ဦး

Produced by ©Burma Podcast Network In collaboration with Doh Hlay.

#burmapodcastnetwork #BPN #myanmarpodcast #တခန်းရပ်ပေါ့ဒ်ကတ်စ်များ