#အုန်းလက်နွားလေးထားခဲ့ကွယ်
( သန်းတင့် )
အုန်းလက်နွားနှင့်ပတ်သက်၍ ကျွန်တော်ပြောသည်က ပို၍ပြည့်စုံပါလိမ့်မည် ။ တောသားလည်းဖြစ်ရမည် ။ အောက်ပြည်အောက်ရွာ အုန်းပင်အုန်းလက်တို့ ပေါပေါများများရှိသည့်တောမျိုးလည်းဖြစ်ရမည် ။ နောက်ဆုံးအဓိကတစ်ချက်က ခေတ်မီကစားစရာများကိုလည်း ငွေကြေးအခက်အခဲကြောင့်ဝယ်မပေးနိုင်သဖြင့် ရှိသည့်ပစ္စည်းလေးများနှင့် စိတ်ရှည်လက်ရှည်ကစားစရာလုပ်ပေးတတ်သော အဖေတစ်ယောက်လည်းရှိရပါလိမ့်မည် ။ ထို့ကြောင့်ပင် အုန်းလက်နွားလေးများနှင့်ပတ်သက်၍ ဆရာမင်းသုဝဏ်ပြီးလျှင် ကျွန်တော်အပြောနိုင်ဆုံးဖြစ်လိမ့်မည်ဟု ထင်ရခြင်းဖြစ်သည် ။
အုန်းလက် အုန်းပေါင်များမှာ ကျွန်တော်တို့ငယ်ဘဝ၏ ကစားစရာပဒေသာပင်ကြီးဖြစ်သည် ။ မင်းဘာဖြစ်ချင်သလဲဟုအုန်းပင်ကြီးကမေးပြီးနောက် ဖြစ်ချင်သည့်အတိုင်း ခဏချင်း လက်ပတ်နာရီလေးလည်း ဖြစ်၍ရပါသည် ။ အုန်းလက်စိမ်းစိမ်လေးဖြင့်လုပ်ထားသော နာရီစိမ်းစိမ်းလေးကိုပတ်၍ လက်ကိုဟန်ပါပါ ကျွန်တော်လွှဲခဲ့ဖူးပါသည် ။ အုန်းလက်အရွက်စိမ်းလေးကို အခွေလေးနှစ်ခုခွေကာ အုန်းအကြောတံလေးနှင့်ညှပ်၍ နေကာမျက်မှန်လေးလည်း လုပ်လို့ရပါသေးသည် ။
ကျွန်တော်တို့တစ်သိုက် လက်ပတ်နာရီနှင့် နေကာမျက်မှန်တပ်ကာ ထိုအချိန်ကတောသူဌေးဂိုက်ကို အမိအရဖမ်းခဲ့ကြဖူးသည် ။ တဘူဘူဖြင့်မှုတ်လို့ရသည့် အုန်းလက်နှဲကြီးများဖြင့်လည်းကောင်း ၊ အုန်းလက်ဦးထုပ်ကလေးများဆောင်း၍လည်းကောင်း ၊ တစ်ခါတလေတော့လည်း အုန်းလက်စိမ်းအိမ်ကလေးဆောက်၍ အေးအေးချမ်းချမ်းကစားခဲ့ကြဖူးပါသည် ။
ကျွန်တော်တို့နှင့်အလှမ်းဝေးသည့်ဒေသတချို့သို့ရောက်သည့်အခါ အုန်းလက်နွားကို သူတို့မသိကြ ။ ဆရာမင်းသုဝဏ်၏ကဗျာလေးကို ကျွန်တော်ကဆိုပြသော်လည်း သူတို့ရေရေရာရာနားမလည်ကြ ။ အုန်းလက်နွားလုပ်ပုံလုပ်နည်းကို လက်တွေ့လုပ်ပြတော့မှ ရေးရေးလေးသဘောပေါက်လာကြသည် ။
အုန်းလက်တစ်ခုကို ဘေးအရွက်များသင်ပြီး အုန်းပေါင်၏အလယ်သား ဗျက်အနေတော်နေရာမှ ရှစ်လက္မ သို့မဟုတ် ဆယ်လက္မခန့် ခုတ်ဖြတ်ပြလိုက်ပါသည် ။ ဒါက နွားရဲ့ကိုယ်လုံးပေါ့ဟု ရှင်းပြပြီး ၊ နွားချိုလေးကို ဆက်လုပ်ပြရပြန်သည် ။ အုန်းခွံမာမာကိုထုခွဲပြီး ပစောက်ပုံကွဲချမ်းလေး၏အလယ်လောက်ကို ခုဏနွားကိုယ်လုံးထိပ်ထဲသို့ရိုက်သွင်းလိုက်သည့်အခါ ချိုချွန်ချွန်လေးနှစ်ချောင်း တစ်ဖက်တစ်ချက်နှင့် နွားပုံလေးပေါ်သွားပါပြီ ။ ကျွန်တော်တို့ကတော့ တစ်ကောင်ထဲဆွဲရသည်ထက် နှစ်ကောင်(တစ်ရှဉ်း) လုပ်၍ ဆွဲသည်ကများပါသည် ။
နွားကိုချည်မည့်ကြိုးမှာ ငှက်ပျောပင်အလျှော်က အကောင်းဆုံးအလွယ်ဆုံးဖြစ်ပြီး ချိုလေးတွင်ရစ်သိုင်းကာ လယ်သမားကြီးတစ်ယောက်လို အုန်းလက်နွားလေးကိုဆွဲသွား၍ရပါပြီ ။ ထိုသို့ဖြင့် ကဗျာထဲက ကလေးတွေဆော့ကစားကြသည့် အုန်းလက်နွားဖြစ်ကြောင်း ရှင်းပြလိုက်ရသည် ။ ခရာဆူးခြုံကိုတော့ သူတို့နားလည်အောင် ကျွန်တော်မပြောပြတတ်ခဲ့ ။ ရိုးရာနတ်များတင်သည့်အခါနှင့် သင်္ကြန်ကြိုအတာအိုးများထိုးသည့်အခါ သူ့အရွက်ကိုအသုံးပြုကြကြောင်းလောက်သာ ပြောပြဖြစ်ခဲ့သည် ။
သူတို့အားလုံး ဝါဆိုဝါခေါင်ကဗျာကို သိကြရွတ်ကြချစ်ကြသော်လည်း အုန်းလက်နွားတို့ ခရာဆူးခြုံတို့က သူတို့နှင့်အတော်ပင်အလှမ်းဝေးပါသည် ။ ရေမြေ ၊ ဓလေ့စရိုက် ၊ ဘာသာစကား ၊ ခြားထားသည့်နယ်နိမိတ်များကြောင့် ကဗျာတစ်ပုဒ်ကိုပင် အပြည့်အဝမရရှိကြသည်ကို စိတ်မကောင်းဖြစ်လာမိရသည် ။ ထို့ထက်ပို၍ သူတို့ပတ်ဝန်းကျင်နှင့် သူတို့ရေမြေနှင့်ကိုက်ညီမည့် တခြားကဗျာလေးတစ်ပုဒ်ဆိုရင်ရောဟု ကျွန်တော်ဆက်တွေးနေမိသည် ။ ထို့ထက်ပို၍ ကျွန်တော်တို့ကအုန်းလက်နွားကိုသင်ကြား၍ သူတို့ကလည်းသူတို့အုန်းလက်နွားကိုသင်ကြားခွင့်ရရင်ကောဟု ဆက်တွေးနေမိသည် ။ ထို့ထက်ပို၍ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်အထိ အုန်းလက်နွားလေးကကျွန်တော့်အား ခေါ်ဆောင်သွားခဲ့ဖူးပါသည် ။
ဆရာကြီးမင်းသုဝဏ်က ကိုလိုနီခေတ်အမျိုးသားကျောင်း ကျောင်းဆရာဘဝဖြင့် ဆွမ်းအုပ်နီနီနှင့် ဝါဆိုဝါခေါင်ကဗျာများကို ရေးခဲ့ပါသည် ။ တချို့စာများတွင်တော့ အမျိုးသားကျောင်းများပေါ်ပေါက်ခါစအချိန်၌ ကလေးများကိုသင်ကြားရန် ဗမာစာပေဖြင့်ကလေးကဗျာများမရှိသဖြင့် ဆရာကိုယ်တိုင်ရေးစပ်ပြီး သူ့တပည့်ကလေးများကိုသင်ကြားပေးခဲ့ခြင်းဖြစ်ပါသည်တဲ့ ။ သူ့ငယ်ဘဝ၏ ပတ်ဝန်းကျင်ရေမြေနှင့် သူ့စေတနာကိုအတိုင်းသားပေါ်လွင်စေသော ကဗျာလေးများပင်ဖြစ်သည် ။ ကိုယ့်တပည့်လေးများကို ကိုယ်တိုင်ကဗျာရေး၍ သင်ကြားခဲ့သောကျောင်းဆရာ ကဗျာဆရာကြီးကို ကျွန်တော့်မှာချစ်၍မဆုံး သူ့ကဗျာလေးများကိုလည်း မြတ်နိုး၍မဆုံးဖြစ်ရသည် ။
ရွာအငှားဖြင့် တောမူလတန်းကျောင်းလေး၏ တောကျောင်းဆရာလေးဖြစ်လာသည့်အချိန်က ကျွန်တော်လည်း မင်းသုဝဏ်အိပ်မက် မက်ခဲ့ဖူးပါသည် ။ သတ်ပုံသံပေါက်များကို ကိုယ့်ဘာသာရေးပြီး ကလေးများကိုသင်ကြားပေးခဲ့ဖူးသည် ။ မြစ်ခြားမြို့ခြား ၊ ပစ်သည့်မြား ၊ ခြောက်ခြားကိုလည်းရစ်ရမည် ၊ စသည်ဖြင့် ။ သို့သော် ကျွန်တော်နှင့်ဆရာက မိုးနှင့်မြေ ၊ နေ့နှင့် ည ။ ကျွန်တော့်အဆင့်က မတန်မရာမို့ နောက်ပိုင်းတွင်ဆက်မလုပ်ဖြစ်တော့ ။ ကဗျာနှင့် မိမိပတ်ဝန်းကျင်ရေမြေအပေါ် ကလေးများချစ်စိတ်ဝင်အောင်တော့ ဆရာ့ကဗျာတချို့ကို ရွတ်ပြသင်ပြနေမိတတ်ပါသည် ။

ထိုသို့ဖြင့် ဝါဆိုဝါခေါင်ကဗျာကို ကျွန်တော်ရွတ်ဆိုသင်ကြားနေရင်း တစ်စုံတစ်ခုကို သိလာရိပ်မိလာရသည် ။ ထိုကဗျာသည် တစ်ဖွဲ့ထဲ တန်းတန်းကြီးရွတ်ဆိုရမည့်ကဗျာမဟုတ်ကြောင်း ကျွန်တော်သဘောပေါက်လာရသည် ။ ဆရာကတော့ ထို့သို့ရည်ရွယ်ပြီးရေးခဲ့သည်လား မရည်ရွယ်ခဲ့သည်လား ကျွန်တော်မသိ ။
ဝါဆိုဝါခေါင်သည် အတိုင်အဖောက်နှင့် ယောက်ျားလေးအဖွဲ့ကတစ်လှည့် မိန်းကလေးများကတစ်လှည့် အပြန်အလှန်ရွတ်ဆိုရသောကဗျာဖြစ်သည်ဟု ကျွန်တော်ထင်လာသည် ။ နောက်ဆုံးတစ်ကြောင်းဖြစ်သည့် သွားမယ် သွားမယ်ကိုရောက်မှ သံပြိုင်ဆိုရတာဖြစ်မည် ။ ကလေးများကို ထိုစိတ်ကူးဖြင့် ယောက်ျားလေးတစ်ကြောင်း မိန်းကလေးတစ်ကြောင်းရွတ်ဆိုခိုင်းပြီးနားထောင်ကြည့်သည့်နေ့က အလှပဆုံးဝါဆိုဝါခေါင်နှင့် အလှပဆုံးအုန်းလက်နွားလေးကို ကျွန်တော်ရှာဖွေတွေ့ရှိခဲ့ရဖူးပါသည် ။
ဝါဆိုဝါခေါင်ရေတွေကြီးလို့ သပြေသီးမှည့်ကောက်စို့ကွယ် ဟု ယောက်ျားလေးများက တက်တက်ကြွကြွအသံဖြင့် အဖော်စပ်ပါသည် ။ စူစမ်းလိုစိတ်နှင့်စွန့်စားလိုစိတ်များကို အထင်းသားမြင်ရနိုင်ပါသည် ။ ထိုအခါ မိန်ကလေးတို့သဘာဝ ကြောက်တတ် စိုးရိမ်တတ်သည့်သဘောကိုပေါ်လွင်အောင် ခရာဆူးခြုံဟိုအထဲက မျှော့နက်မဲကြီးတွယ်လိမ့်မယ် ဟု ကြောက်ကြောက်နှင့် အသံပျော့ပျော့လေးများဖြင့် ငြင်းလာကြပါသည် ။
မဟာဖိုဝါဒဟုပဲဆိုဆို ၊ ကျားမခွဲခြားဆက်ဆံသည်ဟုပဲ အပြစ်တင်တင် ၊ ပုခက်လွှဲသောလက်များဖြင့် မိုးစွန်တမွတ်က ကြယ်ကိုပင်ဆွတ်ဆွတ် ကျွန်တော်တို့ငယ်ဘဝပတ်ဝန်းကျင်မှာရော လက်ရှိအခြေအနေမှာရော ထိုအတိုင်းသာလျှင်ဖြစ်ပါသည် ။ မိန်းကလေးအများစုမှာ စိုးရိမ်တတ်မည် ၊ ကြောက်တတ်မည် ၊ စိတ်ကောက်လွယ်မည် ၊ လူနာတစ်ယောက်လို အချစ်ခံချင်မည် ၊ အချော့ကြိုက်မည် ၊ မျက်ရည်လွယ်မည် ၊ မိခင်စိတ်နှင့် မြေကမ္ဘာလည်းဆန်မည် ၊ လောက၏အစနှင့် ရှိသမျှဥယျာဉ်ပန်းမန်အားလုံး၏ ချစ်စရာမူလသစ်စေ့လေးများပမာလည်း ဖြစ်ပါသည် ။
ဦးဆောင်သူ၏စိတ်ဓာတ် ၊ အကာအကွယ်ပေးနိုင်သည့်သတ္တိ ၊ တာဝန်ယူနိုင်စွမ်းသောအသံမျိုးဖြင့် ယောက်ျားလေးများက မျှော့နက်ဆိုတာချိုနဲ့လားကွဲ့ မြွေနဂါးတောင်မကြောက်ဘူးကွယ် ဟု ထီမထင်စွာ အားပေးစကားဆိုကြပါသည် ။ ထိုနေရာတွင် မျှော့နက် ၊ ချိုနှင့်မြွေဆိုသောစကားလုံးများသည် အားထည့်၍ရွတ်ဆိုရန်အလွန်ကောင်းကြောင်း ကိုယ်တိုင်ရွတ်ဆိုကြည့်လျှင်သိနိုင်ပါလိမ့်မည် ။ လက်သီးလက်မောင်းတန်း၍ ဘေးလူကိုအားကိုးချင်စရာဖြစ်အောင်စပ်ဆိုထားပုံက မင်းသုဝဏ်၏အနုပညာနှင့်မင်းသုဝဏ်၏စေတနာပင်ဖြစ်ပါသည် ။ ကစားနေဆဲ ဆွဲနေဆဲ နွားနှာဖားကြိုးလေးကိုပစ်ချ၍ တို့လည်းကြောက်ပေါင်အတူသွားလို့ အုန်းလက်နွားလေးထားခဲ့မယ် ဟု မိန်းကလေးများရွတ်ဆိုအပြီးတွင်မှ အားလုံးပျော်ရွင်ညီညာစွာ သွားမယ် သွားမယ်နှင့် ချောင်းစပ်ရေဖောင်ဖောင်သို့ ထွက်သွားကြဟန်ကိုကြည့်ရင်း ကျွန်တော်ကြည်နူးလှိုက်ဖိုနေမိသည် ။
ဆရာ့ဇာတိ ကွမ်းခြံကုန်းမြို့လေးသို့ရောက်တိုင်း ချောင်းကမ်းစပ်ထမင်းဆိုင်လေးများတွင်ထမင်းစားရင်း ဆရာ့ကိုသတိရနေမိတတ်သည် ။ ထိုချောင်းကမ်းစပ်မှ ခရာဆူးခြုံများကိုကြည့်ရင်း ဆရာ့ဇာတိရေချိုရေငန်စပ်ဒေသနှင့် ကျွန်တော့်ဇာတိရေငန်ဒေသ၏ အစားအသောက်အနေအထိုင် သဘာဝ ပေါက်ပင်များအထိတူညီနေပုံက ဂုဏ်ယူချင်စရာပင်ဖြစ်ပါသည် ။ ခရာပင်ဆိုသည်က အရွက်တွန့်တွန်လေးများနှင့်ဖြစ်ပြီး ထိုအရွက်အတွန့်များ၏ထိပ်တွင် ဆူးချွန်လေးများရှိနေတတ်သည် ။ အကိုင်းအခက်များတွင်ဆူးမရှိဘဲ အရွက်မှာသာဆူးရှိသည့် ရေငန်ဒေသပေါက်ပင်ဖြစ်ပါသည် ။ ဟိုတစ်စုဒီတစ်စုနှင့်ပေါက်ရောက်ကြပြီး အပင်မြင့်မျိုးမဟုတ်ပါ ။
ကွမ်းခြံကုန်းသို့ရောက်တိုင်း နောက်ထပ်ဆန္ဒတစ်ခု ကျွန်တော့်မှာရှိပါသေးသည် ။ ဆရာကြီး၏နှမက ကဗျာဆရာမကြီးနုယဉ် ပါတဲ့ ၊ ဆရာမကြီးနုယဉ်၏ခင်ပွန်းက ဆရာကြီးတက်တိုး ပါတဲ့ ။ ထိုမိသားစု၏အိမ်ရှေ့ကွပ်ပျစ်တွင် နွေညများစွာလဝါဝါဖြင့် သူတို့စပ်မိစပ်ရာပြောစကားတွေကို တစ်ဝကြီးနားထောင်ပစ်လိုက်ချင်သည် ။
အုန်းလက်နွားလေးကကျွန်တော့်ကို တွေးစရာ ငေးစရာပေါင်းများစွာ ပေးခဲ့ပါသည် ။ ဖြူစင်ကြည်လင်သောစေတနာမေတ္တာများအပြင် ဦးဆောင်ရမည့်အချိန် ကာကွယ်ရမည့်အချိန်တွင် ချိုနဲ့လားဟေ့ နဂါးလားဟေ့အထိနှင့် ယောက်ျားတစ်ယောက်၏တာဝန်နှင့် ဂုဏ်မာနအထိပင်
ဖြစ်သည် ။
ထို့ထက်ပို၍လည်း ဝေးလံသီခေါင်သောဒေသတစ်ခု၌ အုန်းလက်နွားလေးကိုပုံကျပန်းကျ နမူနာလုပ်ပြခဲ့ရသည့်အချိန်မှစ၍ မတူကွဲပြားခြင်းသဘော ဖယ်ဒရယ်၏သဘာဝကို ပိုမိုဆင်ခြင်မိလာခဲ့သည် ။ ကျွန်တော်တို့၏အုန်းလက်နွားလေးကိုမသိခြင်းက သူတို့အပြစ်မဟုတ်ပါ ။ သူတို့မှာလည်း သူတို့သင်ကြားလိုသည့် သူတို့ချစ်သည့် သူတို့အုန်းလက်နွားလေးတွေရှိနေတာ သတိထားဖြစ်ခဲ့သည် ။ ချစ်ခွင့်ပေးလျှင် အမုန်းမရှိနိုင်တော့တာကိုလည်း ခန့်မှန်းမိလိုက်ပါသည် ။ ကျွန်တော်တို့၏အုန်းလက်နွားလေးများကို သူနှင့်သင့်ရာတော်ရာအရပ်ဒေသတွင်သာ ထားခဲ့ကြတာကောင်းပါလိမ့်မည် ။ ။
.

❤4
#ပင်လယ်ထဲခုန်ချတဲ့သုည
ဖြစ်ရပ်အပိုင်း (၁)
လိုဏ်ဂူဝမှာ ရပ်၍ မိုး ပတ်ပတ်လည်ကို ကိုယ်မျှော်ကြည့်နေဆဲ အဘိုးအို၏ စကားသံက ကျောဘက်ဆီမှ တိုးညှင်းစွာ ထွက်ပေါ်လာသည်။
”လိုဏ်ဂူ ထောင့်ဆုံးမှာ ပန်းပုဆရာကြီး စုပုံသွားတဲ့ ပန်းပုရုပ်တွေကို တွေ့ပြီးပြီလား”
ခေါင်းညိတ်ပြလိုက်ပြီး လိုဏ်ဂူထဲသို့ ကိုယ်လှည့်ဝင်လိုက်သောအခါ အဘိုးအိုက ခြေသံ တရှပ်ရှပ်ပေးပြီး နောက်မှ လျှောက်လိုက်လာ၏။ ပန်းပုရုပ် အစုအပုံကြီးရှေ့၌ သူ့ကို တချက်ငဲ့ကြည့်ပြီး လက်ထဲမှ ကျောက်တို့ဖြင့် ကိုယ်မီးခတ်၏။ ပန်းပုရုပ်များကြားသို့ မီးတောက်က ငေါက်ခနဲ လျှောဝင်ပေါက်ကွဲသွားသည်။
“ဝုန်း”
“အို”
အဘိုးအို အံ့သြလန့်ထိတ်ပြီး ဆောက်တည်ရာမရ ဖြစ်သွားချိန်မှာ မီးလျှံများက ပန်းပုရုပ်တို့ကို ဟူးဟူးဟဲဟဲ ကိုက်ခဲထားပြီဖြစ်၏။ တဖောက်ဖောက် တဖျစ်ဖျစ် အသံထွက်ကာ ပန်းပုရုပ်များ တွန့်လိမ်လောင်ကျွမ်းသွားခဲ့သည်။
“မင်း .. မင်း … ဘာဖြစ်လို့မီးရှို့လိုက်တာလဲ”
မီးတောက်ကို ငေးကြည့်နေရင်း အဘိုးအို၏ အမေးကို အေးတိအေးစက် ကိုယ်ဖြေဖြစ်၏။
”မီးတောက်ကို ကြည့်စမ်း အဘိုး၊ ဘာဖြစ်လို့ ဒီလောက်အားကောင်းနေရတယ်ဆိုတာ မတွေးမိဘူးလား။ ဒီပန်းပုရုပ်တွေကို သူ လောင်စာဖျန်းထားခဲ့တယ်။ မီးရှို့မလို့ ပုံထားပြီး မရှို့ဖြစ်ခင် သူ ဆုံးသွားတာ။ သူက သူမရှိတော့တဲ့ကာလမှာ ကမ္ဘာမြေမှာ သူ့ရဲ့ အကောင်းဆုံး ပန်းပုရုပ်နှစ်ရုပ်ကိုပဲ ထားသွားချင်တယ်။ တစ်ရုပ်ကတော့ တောင်ထိပ်မှာ အဘိုးတို့ ကိုးကွယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ပါ။ အားလုံးသိထားတဲ့အတိုင်း ပန်းပုအရာမှာ အတုမဲ့ အပြိုင်မဲ့ဖြစ်အောင် ထုဆစ်ပြနိုင်ခဲ့တဲ့ လက်ရာပဲ။ ဒီလောက် သက်ဝင်ပြီး ငြိမ်းအေးတဲ့ ဗုဒ္ဓရုပ်ထုမျိုးကို ဘယ်သူမှ လိုက်ထုနိုင်မှာ မဟုတ်ဘူး”
အဘိုးအိုက မှုန်မင်းသီရီစွာ ကိုယ့်စကားမှာ ငေးအ နေ၏။ အဘိုးအိုက အိပ်မက်မက်သူတယောက်လို လက်တွေကို မြှောက်ရမ်းရင်း မေး၏။
“ဒါ .. ဒါဖြင့် နောက်တစ်ရုပ်ကတော့ …”
လိုဏ်ဂူနံရံကို ကပ်လျက်လဲလျောင်းနေရသော ပန်းပုထုရန် အကြမ်းထွင်းထားသည့် သစ်တုံးကြီးတတုံးအား ကိုယ်ညွှန်ပြလိုက်စဉ်မှာ အဘိုးအို၏ မျက်လုံးများက ပြူးကျယ်လာကြသည်။
“အဲ .. အဲ့ဒါ သူက ဘာရု်ပထုမလို့လဲ“
ကိုယ်ပြန်မဖြေ။ သို့သော် ကိုယ်သိနေကြောင်းကို သူရိပ်မိလေသည်။ ပင့်သက်ကို အယောင်ယောင် အမှားမှား ရှိုက်ရင်း လိုဏ်ဂူအမိုးကို သူ စိုက်ကြည့်နေသည်။ ဆောက်နဲ့ ဓားများ လက်ဖဝါးမှာ ဆုပ်ကိုင်ပြီး ထိုသစ်ထွင်းတုံးကြီးရှေ့ ၌ ကိုယ်သောအခါ သူ့မျက်နှာမှာ အရိပ်အမျိုးမျိုး ဖြတ်ပြေးနေပြန်၏။ အတန်ကြာမှ အချို့သော စကားများကို သူတဦးတည်းပြောသလိုလိုနှင့် ကိုယ့်ကိုမကြည်ပပဲ ဆိုသည်။
“ ဒီ လိုဏ်ဂူ ပန်းပုဆရာကြီး ကွယ်လွန်သွားတာ နှစ်တွေ ရာချီကြာခဲ့ပြီ။ ဒီ လိုဏ်ဂူအပေါ် ယဉ်ကျေးမှုတောင်ကုန်းလေး တခုလို တက်ကြည့်ကြတဲ့ အနယ်နယ် အရပ်ရပ်က ပြည်သူတွေ ဒီဆရာကြီး ကမ္ဗည်းတိုင်ကို တရိုတသေ လာရောက် ဦးညွတ်ကြတဲ့အတိုင်း တိုင်း အပြည်ပြည်က ပန်းပုဆရာတွေ အများကြီး ကြုံခဲ့ဖူးပါပြီ။ ဒါပေမယ့် သူတို့ဟာ မင်းလောက် ငါ့ကို မအံ့သြစေခဲ့ဘူး သူငယ်”
“တခြား ပန်းပုဆရာတွေက သူတို့ရဲ့ ပန်းပုရုပ်တွေနဲ့လာတယ်။ မင်းက လက်ဗလာနဲ့လာတယ်။ တခြား ပန်းပုဆရာတွေကဒီလိုဏ်ဂူထဲကို ဖိနပ်ချွတ်ပြီးမှဝင်ကြတယ်။ မင်းက ဖိနပ်ချည်တဲ့ကြိုးကိုတောင် မဖြည်ဘူး။ တခြား ပန်းပုဆရာတွေက ဒီထဲက ပန်းပုရုပ်တွေကို ရင်သပ်ရှုမော ကြည့်ကြတယ်။ မင်းကတော့ မထုံတက်သေးနဲ့ပဲ ကြည့်တယ်။ အခု ကြည့်စမ်း။ ရှိပြီးသား ပန်းပုရုပ်တွေကို မီးရှို့ပြီး ဘာပုံမှ မပေါ်သေးတဲ့ သစ်ထွင်းတုံးကို မင်းဆက်ထုမလို့ လုပ်တယ်။ ဘုရား .. ဘုရား”
သစ်ထွင်းတုံးကို ငေးမော စိုက်ကြည့်ရင်းကိုယ့်လက်ဖဝါးထဲတွင် ကိုယ်ဆုပ်ကိုင်ထားသော ဆောက်နဲ့ ဓားမှာ သရဲ တကောင်၏ အရေပြားလို စိမ့်အေး မာကျောလာကြ၏။
“တချို့ကိုတော့ မင်းပြောပြလို့ သိခဲ့ရပြီ။ တချို့ကိုတော့ မင်းလုပ်ပြလို့ မြင်ရဦးမယ် ထင်ပါရဲ့။ ကောင်းပြီ ။ ဒီ သစ်ထွင်းတုံးကို မင်း ဆက်ထုပါ။ အင်မတန် သပ္ပာယ်တဲ့ ဘုရားရုပ်ထုကို အကောင်းမြတ်ဆုံး ဖြစ်အောင် ထုခဲ့ပြီးမှ ဒီအတုမဲ့တဲ့ ပန်းပုဆရာကြီးမှာ ဘာရုပ်တု ထုစရာကျန်သေးသလဲ ဆိုတာ ငါတို့ သိချင်တယ်။ မင်း ဆက်ထုတာကို ငါတို့ စောင့်ကြည့်မယ်။ နှစ်တွေ လတွေ ကြာချင်သလောက် ကြာပါစေ။ ငါတို့စောင့်မယ်။ မင်းရဲ့ အရည်အချင်းကို အတိုင်းအတာ တခုထိ ယုံကြည်မိလို့ ဒီစကားတွေကို ငါပြောခဲ့တာပဲ။ ကဲ .. ငါသွားမယ်”
ဖြစ်ရပ်အပိုင်း (၂)
ကိုယ့်လက်ချောင်းတို့သည် ဆောက်သွားကိုမှ မကိုင်နိုင်လောက်အောင် ထုံကျဉ်ခဲ့ပေပြီ။ ထိုအခါမျိုးမှာ ခေတ္တ ဖြေနားရင်း လက်ကိုနောက်ပစ်၍ ကိုယ်တယောက်တည်း ခေါက်တုံ့ခေါက်ပြန် စဉ်းစားနေခဲ့ဖူးသည်။ သေနေသော အိပ်မက်တခု အတွင်းမှာ ဗပြန်လည်၍ ရုန်းကန် လူးထလာသော ပန်းပုရုပ်ကိုလည်း ရန်သူတယောက်လို စိမ်းစိမ်းဝါးဝါး ကြည့်ခဲ့ဖူးသည်။ တခါ တခါ တိမ်ခိုးတွေ လွှင့်ထုတ်နေသည့် ပမာ ပန်းပုရုပ်က အိပ်ပျော်နေစဉ်မှာရော နိုးထစဉ်မှာပါ ကိုယ့်ကို ပြုစားတတ်သေး၏။ ပန်းပုရုပ်၏ အောက်ခြေမှာ သူ မလိုအပ်သော သစ်သားစတွေ ကျဲဖွာလွင့်ကျနေသည်။ ဤ လိုဏ်ဂူသည် ကိုယ့်၏ စစ်မြေပြင်ဖြစ်၏။ အနုပညာအတိပြီးသော ဓားဝါဒ တလက်ဖြင့် သစ်သားကို ကိုယ် အသက်သွင်းနေ၏။ ကိုယ်နိုင်မည်လော။ သို့တည်းမဟုတ် ကိုယ် ရှုံးမည်လော။ လေက

❤1👍1
ရိုင်းရိုင်းတိုက်၏။ အဝေးသို့ မျှော်ကြည့်နေရင်း ကိုယ့်အသားတွေ အေးစက်ကာ ကိုယ့်ဝတ်ရုံကလည်း တဖျပ်ဖျပ် လှုပ်ခါနေသည်။ အရှေ့ဘက် တောင်တန်းကလေးမှာ ပန်းတွေဝေ၏။ ရနံ့တို့သည် အပိုင်းပိုင်း အကန့်ကန့် သင်းပျံ့ ပြိုကွဲကာ လေထဲမှာ ဖရိုဖရဲ မျောပါနေသည်။ လေစီးကြောင်း က တင်းကနဲ တချက် ဖြစ်သွားသောအခါ ကိုယ့်မျက်ဝန်းတွ ကျိန်းစပ် နာကျင်သွား၏။ ထိုလမ်း၌ စမ်းရေကို လက်ခုပ်နှင့်ဆယ်သောက်ရင်း မုဆိုးဒူးထောက် ကိုယ်ထိုင်ဖူး၏။ လောက တဝေါဝေါ တိုက်သောအခါ ကိုယ့်ဆံပင်တွေ ကပိုကရို လွင့်ပါးနေသည်။ ကိုယ့်တကိုယ်လုံးမှာ ကျောက်စွန်းရှရာများက ထွန်ကြောင်းများပမာ ကွေ့စိုက်နစ်ဝင်လျက် မျက်နှာကို ရေစက်တို့နှင့် ပက်တောက်ရင်း လေဆန်ကို ဦးတည်ကာ ကိုယ်ဆက်လျှောက်ခဲ့ရသည်။ ထိုလမ်းမှာ ရိက္ခာပြတ်လပ်ကာ ကိုယ့်ခန္ဓာစင်းစင်းလဲကျထိုလမ်းမှာ သားရဲတို့ကို တွန်းလှန်ရင်း ကိုယ့်ရင်က သွေးစိမ်းပွင့်အန်၊ ထိုလမ်းမှာ ကိုယ့်ကျင်းကိုယ်တူးပြီးမှ တောက်ခေါက်ကာ အားယူပြန်ထ၊ ထိုလမ်းမှာ ကိုယ့်ဝိညာဉ်ကိုယ် ပြန်ခူးပြီး အတိုင်းမသိ ရူးမူး ရုန်းထွက်။ ထိုလမ်းမှာ ကိုယ့်ကိုယ်ကိုယ် အသံလွှင့်ပြီး နင့်သီးစွာ ကြုံးဝါး အော်ဟစ်...
ထိုသို့ဖြင့် …
မြူငွေ့တို့ တလူလူစီးမျောနေသော နွေဦးရာသီ၏ နံနက်ခင်း တခုမှာ နေရောင်ခြည်ထက်စောပြီး ဤအရပ်သို့ ကိုယ်ရောက်ရှိလာဲ့ပေသည်။
ထို့နောက် မနီးမဝေးမှာ ကသစ်ပင်ကြီးရှိရာသို့ လမ်းလျှောက်သွားကာ ကသစ်ပင်ခြေရင်းမှ အပြာရောင် အုတ်ဂူကလေးအား တမေ့တမော ကြည့်မိလျက်သား ဖြစ်နေပြန်၏။ ကြည့်နေရင်း မျက်ဝန်းတို့ စိုစွတ်ကာ ကိုယ်နှင့် အုတ်ဂူကြားမှာ တိမ်တွေ အဆင့်ဆင့် ပွင့်လာသလိုပင် မြင်ယောင် ခံစားရ။
ခြေလှမ်း အနည်းငယ် ဆက်လျှောက်သွားပြီး တိုင်ထူထားသော ကမ္ဗည်းစာတို့အား အသံတိုးတိုးဖြင့် ကိုယ်ဖတ်ကြား၏။ ထို ကမ္ဗည်းတိုင်၌ အုတ်ဂူထဲမှာ ပန်းပုပညာရှင်ကြီး အကြောင်းကို မြင့်ခေါင်သော စာအရေးအဖွဲ့တို့ဖြင့် ရေးမှတ် စုပေါင်းထားသည်။ ထိုစာတို့ကို တကြောင်းချင်း ဖတ်ရင်း ကိုယ့်ရင်ထဲမှာ ချမ်းမြေ့လေးနက်လာခဲ့သည်။ ကမ္ဗည်းတိုင်၏ နံဘေးမှာ ကြာမြင့်စွာ ရပ်တံ့ရင်း နေလနှင့် မီးတောက်တို့ထက် လင်းသော ဝိညာဉ်ပိုင်ရှင်ကို သန့်စင်စွာ ဦးခိုက်ခဲ့ပါသေး၏။
လေက ပစ်စလက်ခတ် တိုက်နေဆဲ ဖြစ်၏။ အဝေးသို့ လွင့်နေသော ကိုယ့်အတွေးတို့ကို ပြန်လည်စုယူလိုက်သောအခါ လိုဏ်ဂူထဲမှ ပန်းပုရုပ်ကလည်း ကိုယ့်ကို ဆွဲယူမျိုဝါးပြီးဖြစ်လေ၏။ ကိုယ်သည် ဤအတိုင်းမနေနိုင်တော့။ ဂူထဲသို့ လှည့်ဝင်ကာ ပန်းပုရုပ်ရှေ့ မှာ ကိုယ်ရပ်၏။ ဆောက်ျက်တို့ အကြမ်းကြမ်း အထစ်ထစ်ဖြင့် ပန်းပုရုပ်သည် ရှင်အံ့ဆဲဆဲ အသက်ငင်နေသည်။ ထို ပန်းပုရုပ်ပေါ်မှာ ဖုန်မှုန့် ဖုန်မွှားများကို ဖြည်းညှင်းစွာ ကိုယ်ခါချ၏။ ကိုယ့်လက်ချောင်းများကို ပြောင်းပျော့စွာ ပြန်စိုက်ကြည့်မိသလို ထက်မြသော ဆောက်သွားကိုလည်း လျှာဖျားဖြင့် လျက်လိုက်မိသည်။ ထို့နောက် ဘာကိုမှ မသိတော့။
ဆက်ရန်
#တာရာမင်းဝေ #taraminwai #taraminwaiwriting

*ကိုအောင်ဝေးက ကဗျာကိုသီချင်းလုပ်မယ်
ကဗျာကိုရုပ်ရှင်ရိုက်မယ်ပြောတယ် ကိုငှက်ဘယ်လိုထင်လဲဗျ*
*ကဗျာကိုသီချင်းလုပ်တာတော့ဖြစ်နိူင်တယ်ဗျ နီးလည်းနီးစပ်တယ် လုပ်လည်းလုပ်နေကြတာပဲလေ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာကို ကိုတိုးကြီးဆိုတာ
ကောင်းတာပဲလေ အခုကိုဒီရဲ့ကဗျာ ဇာမဏီငှက်ကို သီချင်းလုပ်တာဖြစ်တာပဲ
ဒါပေမယ့် ကဗျာကို ရုပ်ရှင်ရိုက်ဖို့ကတော့ ခပ်ရူးရူးအတွေးပါဗျာ ဘယ်လိုမှ
မဖြစ်နိူင်ဘူး ကဗျာရှည်ဆိုရင်တော့ တစ်မျိုးပေါ့
ကြိုးစားမကြည့်ရဘူးလို့တော့ ကျွန်တော်မပြောလိုပါဘူး
ဒါပေမယ့် ကဗျာဆိုတာက လွတ်လပ်တယ် တသီးပုဂ္ဂလဆန်တယ် ကဗျာထဲမှာ
ပါတဲ့ညနေဟာ ခင်ဗျားဖတ်ရင်ခင်ဗျားညနေပဲ ကျွန်တော်ဖတ်ရင် ကျွန်တော့်
ညနေပဲလေ တူမှာမဟုတ်ဘူး ရုပ်ရှင်ရိုက်လိုက်ရင် သူတို့ပြတဲ့ညနေကြီးဖြစ်သွားမှာပေါ့ ခင်ဗျားတို့ကျွန်တော်တို့ရဲ့ညနေမဟုတ်တော့ဘူးဖြစ်သွားမှာပေါ့
ပြီးတော့ဗျာ ကဗျာရဲ့ နူးညံသိမ်မွေ့မူကိုလည်း သူတို့လုပ်ယူနိူင်မှာမဟုတ်ဘူး*
သူနဲ့စကားပြောရတာ လွတ်လွတ်လပ်လပ် ရှိသည် ဘယ်လောက်ကြီးကျယ်တဲ့သူဖြစ်ပါစေ သူမကြိုက်ရင်မကြိုက်ဘူးပြောတက်သူ ထို့ကြောင့့်လည်း တစ်ခါက နာမည်ကြီးမင်းသားကြီးတစ်ဦးနှင့်အကြီးအကျယ်စကား
များဖူးတယ်လေ နှစ်ယောက်သားစကားပြောလာလိုက်တာ၃၄လမ်းထိပ်ရောက်တော့
*ဟာ ဦးငှက်ကြီး*
လူငယ်တစ်ဦး ဂစ်တာအသစ်တစ်လက်ကိုလွယ်လို့ အသစ်မှပလပ်စတစ်ဖြင့်
ပတ်ပြီး သားရေပင်းနှင့်စည်းထားသောဂစ်တာအသစ်လေး
*ဟာ ဦးငှက် ဝမ်းသာလိုက်တာ ကျွန်တော်ခုမှဂစ်တာဝယ်လာတာ ကျွန်တော့်ဂစ်တာမှာ ဦးငှက်လက်မှတ်ထိုးပေးပါလား နော် ဦးငှက်*
ပြီးတော့ ဂစ်တာကိုရိုရိုသေသေလှမ်းပေးလေသည်
သူ့ပရိသတ် သူ့ဂီတကို ရူးရူးမူးမူးစွဲလန်းသည့်ပရိသတ် ထိုကောင်လေး
အတွက်ဆိုလျှင် သူသည်သူရဲကောင်းတစ်ဦးဖြစ်လိမ့်မည် ကျွန်တော်အသာလေး ကြည့်နေလိုက်သည်.............
* ဘောလ်ပင်နဲ့ထိုးလို့မရဘူးဗျ ဘာမှထင်မှာမဟုတ်ဘူး ကိုရဲဝင်းခင်ဗျားမှာ ဝိုက်ပင် ပါလား*
*မပါဘူး ကိုငွက္ရ*
ကောင်လေးမျက်နာငယ်သွားသည် ထူးအိမ်သင် တစ်ယောက်လုံးတွေ့ပြီး လက်မှတ်လေးတစ်ခုကိုတော့ ရသွားချင်စိတ်က အလွန်ပြင်းထန်နေပုံရသည်
*ဒါဆိုခဏလေး ကျွန်တော်ပြေးဝယ်လိုက်မယ်*
*ဟာ ဦးငှက်မသွားနဲ့ ကျွန်တော်သွားမယ်*
ကောင်လေး လက်ပြပြီး ကမန်းကတမ်း ပြေးထွက်သွားသည်
သူဘာမှမပြော ဂစ်တာကို ဟိုကြည့်ဒီကြည့် လုပ်သည် ကြိုးစမ်းကြည့်သည်
လိုအပ်သည်များကို ပြန်ညှိသည် ပြီးတော့မျက်မှောင်ကျုံ့သည် သူသိပ်ကျေနပ်
ပုံမပေါ် သူဘာကိုမကျေနပ်မှန်းကျွန်တော်လည်းမသိဘူး ခဏနေတော့
ကောင်လေးပြန်ရောက်လာလေသည်
*ညီလေး ဂစ်တာကလှတယ် ဒါပေမယ့် ရှေ့က do(ဒို)နဲ့နောက်က do ကျူနစ်မမှန်ဘူး ဘယ်သူရွေးပေးတာလဲ*
*သူတို့ရွေးပေးလိုက်တာပါ*
သူခေါင်းခါလိုက်သည် နောက် ဆိုင်တံဆိပ်ကိုကြည့်သည် ပြီးတော့ဂစ်တာကိုကိုင်ကာ ထရပ်လိုက်ပြီး
*ဒီကောင်တွေကွာ.....လုပ်ပြန်ပြီး ကိုယ် ကိုယ်တိုင်ရွေးပေးမယ်ညီ ကိုရဲဝင်း
ခင်ဗျားလိုက်မလား*
*လိုက်ခဲ့မယ် လေ*
ကောင်လေး ထခုန်မိမတက် ဝမ်းသာနေလေသည်
အနုပညာရှင်တစ်ယောက်ရဲ့ ရိုးသားသော ရပိုင်ခွင့်ကို ကျွန်တော်အားရဝမ်းသာ ငေးကြည့်နေမိတယ်
ဆိုင်ရောက်တော့ ဆိုင်ရှင်ကလည်းသဘောပေါက်တယ်
သူတစ်လက်ပြီးတစ်လက်စမ်းတီးကြည့်သည် ပြီးမှ
*ညီ ဒါကောင်းတယ် ဒါပဲယူ ညီကရစ်သမ်ပဲ တီးမှာမဟုတ်လား*
*ဟုတ် ဦးငှက်
ကျွန်တော် နစ်လုံးစလုံးယူမယ် ဒါပေမယ့် ၂၄၀၀ လိုနေတယ် နောက်နေ့ဆတ်ဆတ်လာပေးမယ် ကျွန်တော့်မှတ်ပုံတင်ယူထားပါ ဒီမှာပါ*
*ညီရာ တစ်လုံးဆို တော်ရောပေါ့*
*ဟာ ဦးငှက်လက်မှတ်နဲ့ဂစ်တာကိုပြန်မထားခဲ့နိူင်ပါဘူး ပြီးတော့ ဦးငှက်ရွေးပေးတဲ့တစ်လက်လည်းယူရမှာပဲ*
*အေး အဲဒါဆိုလည်းယူကွာ ငါစိုက်ပေးမယ်*
*ဟာ ဦးငှက် မလုပ်နဲ့မလုပ်နဲ့*
ဒါကို ကြည့်နေတဲ့ဆိုင်ရှင်ကလည်း လိုတာကိုလျှော့ပေးလိုက်ပါတယ်
ကောင်လေးကတော့ဘာစကားမှမပြောနိူင်ဂစ်တာတွေသာပိုက်ထားတယ်
*ငါ့ညီ ဂစ်တာကိုဆရာနဲ့သင်တာလား*
*ဟင်အင်း ဒီလိုပဲလမ်းဘေးကနေတက်တာပါ*
*ဒါဆိုလမ်းဘေးကဟာကိုရပ် မင်းအခြေအနေက ပြင်လို့ရသေးတယ်
ဆရာကောင်းကောင်းနဲ့သင်ကွာ နော်*
*ဟုတ်ကဲ့ပါ ဦးငှက် အရမ်းဝမ်းသာပါတယ်*
ထိုနေ့က အဲ့ကောင်လေးနာမည်တောင်မမေးမိ
ထိုင်နေကြ ၃၄လမ်းထိပ် လမ်းဘေး ကိုထွန်းရီ ဆိုင်သို့သာ ပြန်ခဲ့ကြလေးသည်..... ........ ......... ........
#နီကိုရဲ .အစိမ်းရင့်ရောင်ရက်စွဲများ (ထူးအိမ်သင် အမှတ်တရစာအုပ်မှ)
ပိုးဟပ်ဖြူ

❤8👍5
(၁)
နိုင်မြန်မာရဲ့ "ဖြေလွှတ်လိုက်တဲ့ကြိုး" အကြောင်းကတော့ အထွေအထူး ပြောနေစရာမလိုပါဘူး။ အားလုံးလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငြိခဲ့ကြဖူး/ငြိနေဆဲ သီချင်းပဲ။
ကျနော့်စိတ်အာရုံထဲမှာတော့ အဲ့သီချင်းကြားတိုင်း
ဘဲကြီးတစ်ဗွေက သူ့အိမ်လာတဲ့ ချာတိတ်တစ်ယောက်ကို သူ့ဓါတ်ပုံတွေတစ်ပုံချင်းထုတ်ပြပြီး သူ့ဖြတ်သန်းခဲ့မှုတွေကို ထိုင်ပြောပြနေသလိုပဲလို့ ခံစားရတယ်။
သူ့ရဲ့ဘဝတစ်လျှောက် ကြုံတွေ့ခဲ့တဲ့ ဖြစ်/ပျက် မှုတွေ၊ ဝမ်းနည်းစရာတွေ၊ အမှတ်တရတွေ၊ ကိုင်ဆုပ်ထားခဲ့မိတာတွေ၊ လွှတ်ချပစ်လိုက်မိတာတွေကို ကျေနပ်ဝမ်းသာခြင်း/စိတ်ပျက်ယူကျုံးမရဖြစ်ခြင်းအလျင်းမရှိ [နာမ်(Noun)ပုဒ်တွေနဲ့ချည်း] တောက်လျှောက်ထိုင်ပြောသွားတဲ့ ဘဲကြီးတစ်ဗွေလို့ မျက်စိထဲမြင်ယောင်မိတာ။
(စိတ်မျက်စိထဲမတော့... ၈၀ ခုနှစ် ဝန်းကျင်က ဖက်ရှင်နဲ့၊ ဖက်ကြမ်းနဲ့၊ သားရေဖိနပ်နွမ်းနွမ်း ကိုစီးထားပြီး ရေဒီယိုတစ်လုံးဘေးမှာချထားတဲ့ မြင်ကွင်း၊ နောက်ပြီး အခန်းထဲမှာလည်း စာအုပ်တွေ၊ တိတ်ခွေတွေ၊ ဂစ်တာတစ်လက်နဲ့ အရက်ပုလင်းခွံတွေ ...)
(စကားဆက်လို့ပြောရရင် ကျနော်တို့ design တစ်ခုဖြစ်တဲ့ fragments of memoir ဟာ အဲ့သီချင်းရဲ့ လွှမ်းမိုးမှု ရှိတယ်ဆိုတာတော့ ဝန်ခံရလိမ့်မယ်။ ကျနော်တို့ရဲ့ အပြတ်လိုက်အပြတ်လိုက်ဖြစ်နေတဲ့ မှတ်ညဏ်တွေကို ဖော်ပြဖို့ စဉ်းစားတဲ့အခါ "အစဉ်စီးနေတဲ့ မြစ်ရေ"ကို ခုတ်ထစ်လိုက်ဖို့ အကြံရခဲ့တယ်ပေါ့။ ကျနော်တို့ မှတ်ညဏ်တွေဟာ နိုင်မြန်မာရဲ့ "ဖြေလွှတ်လိုက်တဲ့ကြိုး" သီချင်းစာသားတွေလို အပြတ်လိုက်အပြတ်လိုက်နဲ့ အပိုင်းပိုင်းကွဲထွက်နေသယောင်နဲ့ တဆက်တည်းချည်တွဲခံရသလို၊ တဆက်တည်းအတွဲလိုက်ဖြစ်နေသလိုနဲ့ ဘယ်ဟာမှအတိအကျဖမ်းဆုပ်မရဘဲ အပိုင်းလိုက်ခုတ်ထစ်ခံရသလိုပေါ့...)
(၂)
မနက်က fb သုံးတော့ သူငယ်ချင်းတစ်ယောက်နာရေးတစ်ခု share ထားတာ စမြင်တော့ "ဟ...သွားပြန်ပြီပေါ့" ပြီးတော့မှ နိုင်မြန်မာမှန်း သိလိုက်ရတော့ ဒီတစ်ခေါက် စိတ်ထဲမှာ အတော်ဝမ်းနည်းနှမြောတသ ဖြစ်ရတယ်။(ဒီတစ်ခေါက်လို့ပြောရတာရှေ့မှာကြုံတွေ့ရခဲ့တာတွေ များလွန်းလို့ ရော အကုန် ရောယှက်ကုန်တာဖြစ်မယ် )
ကျနော်တို့မှာ ခံစားစရာ အနုရသ နည်းပါးရတဲ့ ခေတ်ထဲ ကြီးပြင်းခဲ့ကြပြီး ရှိတဲ့ လက်တစ်ဆုပ်စာသော ကျနော်တို့ကိုအများကြီး လွှမ်းမိုးခဲ့တဲ့
ကျနော်တို့ချစ်ခင်စွဲလန်းရတဲ့ artists တွေ ကို ခုနှစ်ပိုင်းတွေမှာ အများကြီး ဆုံးရှုံးလိုက်ရတယ်။
အဲ့ဒါထက် ပိုဝမ်းနည်းဖို့ကောင်းတာဟာ ကျနော် တို့ငိုကြွေးဖို့ /နှမြောတသ ဖို့ အခွင့်မသာခဲ့ကြတာကိုပဲ ....
မှတ်မှတ်ရရ ဆို ကိုရေမွန် ၊ မီးမီးခဲ ( ကင်ဆာ last stage မှာ မောဟိုက်နေတဲ့ ကြားက show ဆိုနေတဲ့ moment ) တွေ ၊ ကြားထဲမှာ ကျနော်တို့ ချစ်ခင်ရတဲ့ ကဗျာဆရာတွေ …. အများကြီးပါပဲ
ကျနော်တို့အနေနဲ့ (လူသားတစ်ယောက်အနေနဲ့ ) အခုလို ဝမ်းနည်းစရာကိုတောင် ဝမ်းနည်းဖို့ကျနော်တို့ အဆင်သင့်မဖြစ်နိုင်ကြတော့တာဟာ
တကယ် ဆိုးရွားလွန်းပါတယ် 🥺
လူဟာ လူလို မနေထိုင်ရတော့တဲ့ Continent ထဲမှာ ကျနော်တို့ ရောက်ရှိနေပါတယ်။
ကျနော်တို့မှာ ကြေကွဲစရာ သင်္ခါရတပုံတပင်ကြားထဲ တစ်ယောက်ရဲ့ဝမ်းနည်းမှုကို တစ်ယောက်က ကျောသပ်ရင်သပ်ဖြောင့်ဖြပြီးသာ ပေါ့ပေါ့ဆဆကျော်ဖြတ်ဖို့ ဒီအခင်းအကျင်းကြီးက ရက်စက်စွာ တောင်းဆိုနေတော့လည်း....
illicit

👍3❤2
စာ စဖတ်တာက ဆယ်တန်းဖြေးပြီးတော့မှပါပဲ။ ပထမဆုံး စာအုပ်ဆိုင်ရောက်သွားတဲ့ ခံစားချက်က အတော်လေး အူကြောင်ကြောင်နိုင်တယ်။ စာအုပ်တွေ အများကြီးထဲက ဘယ်စာအုပ်ရွေးရမှန်းမသိ၊ စာရေးဆရာနာမည်တွေလည်း မသိ။ နောက်ဆုံးတော့ ပုံပြင်စာ အုပ်တစ်အုပ် ငှားလိုက်တယ်။
နောက်တော့ တက္ကသိုလ်တင်မြင့် စာအုပ်တွေ ဖတ်ဖြစ်လာတယ်။ ဆရာရဲ့ ဝတ္ထုတွေက လှည်ဘကွက်လေးတွေ လှတယ်။ စာဖတ်သူကို ဖမ်းစားနိုင်တယ်။ နိုင်တယ်။ အချစ်အကြောင်းလည်းပါ၊ အက်ရှင်လည်းပါ၊ ဥပဒေအကြောင်းလည်း တစ်ခါတလေပါ။
နောက်တော့ တွေ့တဲ့ စာအုပ်တွေဖတ်ရင်း ပုညခင်၊ လွန်းထားထား၊ ရှင်မိုး၊ နိုကိုဇူးဇင်၊ မီကိုဇူးဇင်၊ လမင်းမိုမို၊ စောပြည့်မာလာ၊ ကြယ်စင်မှူးဝေ၊ မနော်ဟရီ၊ သျှင်မ၊ လရောင်ကျူးရင့်၊ ပုဏ္ဏမီ၊ မမသဒ္ဒါမောင်၊ ဆုမြတ်မွန်မွန် စသဖြင့် နည်းနည်းပါးပါး ဖတ်ဖြစ်လာတယ်။
နောက်တော့ မင်းမြတ်သူရ ကို စငြိသွားတယ်။ ဝတ္ထုရဲ့ ရှေ့ဆုံးစာမျက်နှာတွေမှာပါလေ့ရှိတဲ့ ချမ်းမြေ့သရဖီလှိုင်ရဲ့ စာသားတွေကလည်း ကျနော့်ဦးနှောက်ကို အလုပ်ပေးတယ်။ ပြီးတော့ ဆရာ့ရဲ့ ဝတ္ထုတွေကလည်း လူငယ်တွေအတွက် ငြိချင်စရာ။ အကြမ်းအရမ်း၊ အချစ်၊ စွန့်စားခန်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်။ ဆရာ့ရဲ့ ဝတ္ထုတွေကို ဇာတ်ကားရိုက်ရင်တော့ သိပ်မကြိုက်လှဘူး။ စာအုပ်ဖတ်ရတာ ပိုမိုက်တယ်။ ဒါပေမဲ့ ဆရာမင်းသိင်္ခရဲ့ ဝတ္ထုတွေကျပြန်တော့ သိပ်မဖတ်ဖြစ်ပေမဲ့ ဇာတ်ကားကြည့်ရတာကို ပိုကြိုက်မိပြန်ရော။
မင်းမြတ်သူရတွေ ကုန်သလောက်ဖြစ်လာတော့ တြိစက္က ရဲ့ ဂမ္ဘီရဘက် လှည့်ပြန်တယ်။ ကြိုက်မိပြန်တယ်။
နောက်တော့ တာရာမင်းဝေ ဆီရောက်လာတယ်။ မိမိရရကို ငြိရော။ ဆရာ့ဝတ္ထုတွေက ကျနော့်ရဲ့ခံစမှုရော၊ ဦးနှောက်ကိုရော လှုံ့ဆော်နိုင်တယ်။ ဆရ။့ဝတ္ထုတွေဖတ်ရတော့ ကိုယ့်ရဲ့ စာရေးချင်စိတ်က ထိန်းမရတော့ဘူး။ ဝတ္ထုလေး ဖတ်လိုက်၊ ကဗျာမပီ စာမပီလေးတွေ ရေးလိုက်ပေါ့။ အခြားစာအုပ်တွေက ကြာသွားရင် ဖတ်ပြီးပြီလား မဖတ်ရသေးဘူးလား မသေချာတော့။ ဒါပေမဲ့ တာရာမင်းဝေရဲ့ ဝတ္ထုတွေကတော့ ခေါင်းစဉ်ဖတ်လိုက်တာနဲ့ကိာ ဖတ်ပြီးပြီလား မဖတ်ရသေးဘူးလားဆိုတာကို သိတယ်။ အဲ့လောက်ထိ တာရာမင်းဝေက လွှမ်းမိုးနိာင်တာ။ ဒါ့ကြောင့်လည်း မင်းခိုက်စိုးစန်ရဲ့ ဝတ္ထုတွေက သိပ်မတိုးတော့ဘူး။ ဒါပေမဲ့ သုည ကိုတော့ ကြိုက်မိခဲ့တယ်။
စာအုပ်ဆိုင်က တာရာမင်းဝေတွေ ကုန်သလောက် ဖြစ်လာတော့ ပြည့်ပိုင်မှူးအိမ်၊ မိုးစက်လင်းထက် တို့ငြိပြန်ရော။ လူငယ်ဘဝတွေရဲ့ အချစ်ဖွဲ့တွေမှာ အောင်မြင်ခဲ့တဲ့ ဆရာတွေပါပဲ။ နောက်တော့ မိုးစက်ဝိုင်။ နောက်တော့ မျိုးကိုမျိုး၊ ပဉ္စမံ ဒီရိုင်း တို့နည်းနည်းပါးပါး ဖတ်တယ်။ အကြည်တော်၊ မင်းလူတို့ကို တစ်အုပ်စ နှစ်အုပ်စလောက်ပဲ ဖတ်ဖြစ်ခဲ့တယ်။
အဲ့ဒီဆရာသမားတွေရဲ့ လှုံ့ဆော်မှုတွေကနေ လုံးချင်း လေးအုပ်လောက် ရေးဖြစ်ခဲ့တယ်။ ရန်ကုန်တက်၊ စာရေးဆရာ လုပ်မယ်ပေါ့။ တစ်နှစ်နေလို့ တစ်ခေါက်မရောက်တဲ့ ရန်ကုန်ကို မသွားတတ်၊ မလာတတ်မို့ သူငယ်ချင်းတစ်ယောက် အဖော်ခေါ်၊ ရေးထားတဲ့ စာမူတွေ ပိုက်လို့ပေါ့။ မှတ်မှတ်ရရ လူကိုယ်တိုင် သွားပြီး စာမူပို့တဲ့ တိုက်နှစ်တိုက်ရှိတယ်။ သူဝေးရဲ့ စာအုပ်တွေ ထုတ်ခဲ့ဖူးတဲ့ ရွှေသမီးစာအုပ်တိုက်နဲ့ မိုးစက်ဝိုင်စာအုပ်တွေ ထွက်ခဲ့တဲ့ ခုနစ်စင်ကြယ်စာပေ။
ဒါပေမဲ့ ထင်သလို ဖြစ်မလာတဲ့ နှစ်တွေမှာ စာရေးဆရာ အိပ်မက် လည်း ဝေဝါးလာတယ်။
ပထမဆုံး ဝယ်ဖြစ်တဲ့ စာအုပ်က ဆရာဖေမြင့်ရဲ့ ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်။ နောက်တော့ ဆရာဖေမြင့်စာအုပ်တွေမှာ ပျော်ဝင်ပြန်။
ဒါပေမဲ့ ကိုယ့်ဝါသနာဟာ စာရေးခြင်းဆိုတာကိုတော့ သိခဲ့ရတယ်။
ဒါ ကျနော့်ရဲ့ စကားပြေ ပထမပိုင်းဆိုပါတော့။ ပြည်တွင်းစာရေးဆရာတွေရဲ့ လွှမ်းမိုးမှုတွေနဲ့ ဆိုပါတော့။
စကားပြေရဲ့ ဒုတိယပိုင်းကျတော့ ဘာသာပြန်တွေဘက် ပြောင်းသွားတယ်။ အဓိကကတော့ မူရာကာမိပဲ။ အဲ့ဒီဆရာသမားကြောင့်ပဲ ဘာသာပြန်စာပေကို ကြိုက်ရကောင်းမှန်း သိလာတာ။ ကျနော့်အပေါ် အဓိက လွှမ်းမိုးတာကတော့ ဂျပန်စာပေပါပဲ။ ဒီအတွက်လည်း ဘာသာပြန်ဆရာသမားတွေကို ကျေးဇူးတင်မိပါတယ်။
ဘာရယ်မဟုတ်၊ ရေးချင်လာလို့ ရေးလိုက်မိတာ။ တော်ပါပြီ။
ဖတ်ရတာ မောလှရောပေါ့။
ဒီလူည

👍5
ငှက်ပျောသီး တိပ်ကပ်ထားတဲ့ လက်ရာနဲ့ အရူးပန်းချီကားဟာ အတူတူပါပဲလို့ပြောရင် တော်တော်များများကတော့ မျက်စိလည်သွားနိုင်ပါတယ်။
ကြားခံ ပစ္စည်း (Medium) ၊ ဖန်တီးပုံ (Technique ) ၊ ချည်းကပ်ပုံ ( Approach ) လုံးဝ မတူတဲ့အနုပညာလက်ရာ နှစ်ခုဖြစ်ပေမယ့် အဓိက အတွေးအခေါ် (Concept ) ကတော့ အတူတူပါပဲ။
အဲ့ဒါကို သိနိုင်ဖို့အတွက် အဆိုပါ အနုပညာလက်ရာ နှစ်ခုရဲ့ နောက်ကြောင်းတွေကို သိဖို့ လိုအပ်ပါတယ်။
အရူးပုံကို ရေးဆွဲသူက (ဆရာ) ဇော်ဇော်အောင် ပါ။ ရေးဆွဲတဲ့ကာလက ၁၉၉၃ ။ ဇော်ဇော်အောင်ရဲ့ ပန်းချီကျောင်းဆင်းပြီးကာစ ကာလ။ အရူးပုံဟာ သူ့သူငယ်ချင်း ပန်းချီဆရာတစ်ယောက်ကို ဆွဲထားတာ။ တကယ့်အရူးမဟူတ်ပါဘူး။ သူ့ကိုယ်သူလည်း သူတောင်းစားပုံရေးခဲ့ပါသေးတယ်။
ဘာလို့အဲ့ဒီလို ရေးသလဲဆိုရင် အဲ့ဒီခေတ်ကာလမှာ ပန်းချီကျောင်းဆင်းရင် လုပ်စရာ အလုပ်အကိုင်အခွင့် အလမ်းနည်းပါးတယ်။ ပန်းချီဆရာဆိုရင် ပတ်ဝန်းကျင်က အရူးလို ဆက်ဆံခံရတယ်။ ပန်းချီလမ်းကြောင်းကို ရွေးချယ်ခြင်းဟာ ရူးရင်ရူး မရူးရင် သူတောင်းစား ဖြစ်မှာပဲဆိုတာကို သရုပ်ဖော်လိုတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါကာလမှာ ပန်းချီကားရောင်းရဖို့ဆိုရင် စျေးကွက်ဝင် ကြည့်ပျော်ရှုပျော်ရှိတဲ့ကျောင်းကန်ရှုခင်းတွေ ၊ မင်းသမီးမင်းသားပုံတွေရေးကြရပါတယ်။ ဒီလို အရူးပုံတွေ သူတောင်းစားပုံတွေကို အမြတ်တနိုးဝယ်ယူစုဆောင်းကြတာ မရှိပါဘူး။ ဒီပန်းချီကားရဲ့ အဓိက အနှစ်သာရ (Concept )ဟာ ဇော်ဇော်အောင်ရဲ့ သရော်မှု ဖြစ်ပါတယ်။ သူဖြတ်သန်းရတဲ့ ခေတ်ကို သရော်ထားတာပါ။ (အနုစိတ်လက်ရာမြောက်နေတာကတော့ သူ့ကျွမ်းကျင်မှုတစ်ခုပါပဲ။ )
ငှက်ပျော်သီးကို တိပ်ကပ်ထားတဲ့ အနုပညာလက်ရာ အမည်က Comedian ဖြစ်ပြီး ဖန်တီးသူက အီတလီခေတ်ပြိုင်အနုပညာရှင် Maurizio Carttelan။ Comedian အကြောင်း ဆွေးနွေးကြတဲ့အခါမှာ လေလံအောင်စျေး ဒေါ်လာ ၆ သန်းဆိုတာကို ထည့်ပြောကြလေ့ရှိတယ်။ ငှက်ပျောသီးတစ်လုံးကို ဒေါ်လာ ၆ သန်းတောင်ပေးသတဲ့ဟေ့ဆိုပြီး နိုင်ငံတကာမှာ ဟိုးလေတကျော်ဖြစ်သွားခဲ့တာကိုး။ ကျွန်တော့်အနေနဲ့တော့ အနုပညာတစ်ခုကို လေလံအောင်စျေးနဲ့ ချည်းကပ်တာ အလွန်မလျော်ညီတဲ့ ကိစ္စရပ်ဖြစ်ပြီး အနုပညာဆိုလိုရင်းကိုပါ တိမ်ကောသွားစေပါတယ်။ ဒါကြောင့် အဆိုပါ ဒေါ်လာ ၆ သန်းကိစ္စကို မေ့ထားကြရအောင်။
Comedian လို့ ခေါ်တဲ့ ငှက်ပျောသီး တိပ်ကပ်လက်ရာကို ပေါ်လွင်ဖ်ို့ဆိုရင် အနုပညာပွဲတော်တွေအကြောင်း တီးမိခေါက်မိရှိဖို့လိုပါတယ်။ ကမ္ဘာမြို့ကြီး အသီးသီးမှာမတူညီတဲ့ Art Fairs တွေကျင်းပကြပါတယ်။ စီးပွါးရေးကိုရှေးရှုပြီး ကျင်းပကြတာ ဖြစ်ပြီး ပွဲစီစဉ်သူဟာ နိုင်ငံတကာက ပြခန်းတွေကို ဖိတ်ပါတယ်။
ဥပမာကမ္ဘာပေါ်မှာအစဉ်အလာအကြီးဆုံး Art Fair တစ်ခုဖြစ်တဲ့ Art Basel ဆိုပါစို့။ နှစ်စဉ် ဆွစ်ဇာလန်မှာတစ်ကြိမ် ပြင်သစ်မှာ တစ်ကြိမ် ဟောင်ကောင်မှာ တစ်ကြိမ် ယူအက်စ်မှာ တစ်ကြိမ်
လေးကြိမ် ကျင်းပပါတယ်။Art Basel ပွဲမှာခန်းမတစ်ခုရဖ်ို့ဆိုရင် ခန်းမကြေးဟာ စျေးအလွန်ကြီးသလို
ပိုက်ဆံရှိတိုင်းလည်း ခန်းမ တစ်ခု မရနိုင်ပါဘူး။ ပြခန်းရဲ့ ဂုဏ်သတင်းခိုင်မာမှု၊ အနုပညာရှင်တွေ၊ ဖောက်သည်တွေကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးတည်ရှိမှုတွေ အပေါ်မှာ မူတည်ပြီးမှ ခန်းမ ရမှာပါ။ ဒါပေမယ့်လည်း ဧရိယာအကျယ်အဝန်းဟာ
ကန့်သတ်ချက်ရှိတာကြောင့် တော်ရုံတန်ရုံ
ပြခန်းတွေဟာ ဝင်တိုးဖို့ မလွယ်ပါဘူး။
ဒါကတော့ ပြခန်းတွေ အပိုင်းပါ။
ပွဲတော်နေ့ကို ရောက်ပြီဆိုရင် ကမ္ဘာအနှံက အနုပညာစုဆောင်းသူတွေ၊ Art Delar တွေ Gallerists တွေ
လာကြပါတယ်။ ပွဲတော်ကာလအတွင်းမှာ
တွေ့ကြ ဆုံကြ အချက်အလက်တွေ
ဖလှယ်ကြတာပေါ့။ ပွဲတော်အတွင်းမှာ
ပြခန်းတွေဟာ အလွန်များတဲ့အတွက်ဘယ်သူကမှ အနုပညာကို အချိန်ပေးပြီး မကြည့်နိုင်ကြပါဘူး။ အနုပညာလက်ရာတွေကို လုံလုံလောက်လောက် Appreciate မလုပ်နိုင်ကြပါဘူး။ အများစုကတော့ အနုပညာထက် ငွေကြေးကိစ္စတွေ၊ ရင်းနှီးမြုပ်နှံမှုကိစ္စတွေကို ပိုပြီး ပြောဆို ဆွေးနွေးကြတဲ့ နေရာပါပဲ။ နံရံပေါ်မှာ ချိတ်ထားတဲ့ အနုပညာလက်ရာထက် ငွေကြေးကိစ္စက ပိုမို လွှမ်းမိုးသွားတဲ့ ရပ်ဝန်းပါပဲ။အဲ့ဒါကို အီတလီအနုပညာရှင်က စိတ်အချဉ်ပေါက်ပြီးပွဲတော်မှာ ပန်းချီကားတွေချိတ်ရောင်းမယ့်အစားငှက်ပျောသီးပဲ ချိတ်ရောင်းတော့မယ်ဆိုပြီး ခနဲ့ သရော်ကာ အခုလက်ရာကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ ဇော်ဇော်အောင်ရဲ့ အရူးနဲ့ Maurizio Carttelan ရဲ့ Comedian တို့ကြားက ဘုံတူညီချက်ဖြစ်တဲ့ သရော်ခြင်းဆိုတဲ့ အတွေးအခေါ်ကို တွေ့ရှိမယ် ထင်ပါရဲ့။
မြေမှုန်လွင်

❤6👍4
◾
''ငိုခန်းတွေ အလွမ်းခန်းတွေ ပြည့်နေတဲ့
တိုင်းပြည်တခုမှာ ရယ်သံတွေမပါနိုင်ခဲ့ဘူး။
ဘာဆက် ဖြစ်မယ်ဆိုတာကိုလည်း
ငါတို့မှာ ရွေးချယ်ခွင့် အကြွင်းမရှိ။
ဒီတခေါက် အိမ်ပြန်ချိန်ခရီးဟာ
အတော် ကြာဦးမယ် ထင်တယ်။
သံသရာ တလျှောက်
ပြန်တွေ့ကြတာပေါ့။ ။''
▪
မောင်ဒေါင်း

❤5
#ဝိုးတဝါးဘာသာဗေဒ
(+၁) သူတော်ကောင်းထံမှ စာအုပ်ရခြင်း
သူတော်ကောင်းတယောက်နဲ့တွေ့ပါတယ်။ “ရော့ .. အင့်.. မင်း ဖတ်ဖို့” ။ သူက ကျနော့်ကို စာအုပ်တအုပ်ပေးပတယ်။ အိမ်ရောက်တော့ ကျနော် ဖတ်ကြည့်ပါတယ်။ စာအုပ်ထဲမှာ ဘာမှရေးမထားပါဘူး။ မြတ်နိုးလွန်းတဲ့ အတွက်ကြောင့် ခေါင်းအုံးအောက်မှာထားပြီး ကျနော် အိပ်ပါတယ်။ သူ့ကိုလည်း ကျနော် အရမ်းကြည်ညိုသွားပါတယ်။ သူ့လို လူမျိုးမို့လည်း ဒီလိုကျမ်းမျိုးကို ပြုစုနိုင်တာလို့ ကျနော်ယူဆပါတယ်။
(-၁) လူရိုင်းက ခေါ်ဆောင်ခြင်း
“လာ လိုက်ခဲ့”
လူရိုင်းတယောက်က ကျနော့်ကို ခေါ်သွားပါတယ်။ ဘယ်ဆီခေါ်မှန်းမသိပဲ ကျနော်က လိုက်သွားရတာပါ။ နောက်ဆုံးမှာ သူတို့ရဲ့ နတ်ဆရာဆီရောက်သွားပါတယ်။
“ခင်ဗျားက နတ်ဆရာလား”
“ဟုတ်တယ်”
“နတ်က ခင်ဗျားရဲ့တပည့်လား”
သူ ဘာမှ ပြန်ဖြေပါဘူး။
“ကောင်းပြီ... ခင်ဗျားအတွက် ကျနော် ကြိမ်လုံးလိုက်ငှားပေးမယ်“ ဆိုပြီး လှည့်ထွက်ခဲ့ပါတယ်။
(+၂) လူသေများနှင့် စကားပြောခြင်း
လူသေတွေနဲ့တွေ့တော့ သူတို့က ကျနော့်ကို စကားပြောဖို့ အလုအယက်ကြိုးစားကြပါတယ်။ သူတို့ အင်မတန် နားထောင်စေချင်တဲ့ စကားမှန်းသိလို့ ကျနော်ကလည်း ကြိုးစားပြီး နားထောင်ပါတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။
“က+ဃ+ဝ+လ“
“ပ+အ+စျ+ဌ+ဃ”
လူသေတွေက ပြောတာမို့လို့ စကားလုံးအသေတွေဖြစ်နေပါတယ်။ ကျနော် နားမလည်ပါဘူး။ နားလည်ချင်စိတ်လည်း အရမ်းရှိပါတယ်။ အဲဒီစကားလုံးအသေတွေကို အသက်သွင်းပေးနို်ငတဲ့သူရှိရင်း အရမ်းကောင်းမယ်လို့လည်း တွေးမိပါတယ်။
(-၂) မြင်းဝါ တကောင်ကိုရခြင်း
မြင်းဝါ တကောင်နဲ့ ကျနော် ဆုံပါတယ်။
“ခင်ဗျားက အဝါရောင်ကြီးပါလား “
“အဲဒါ ဘာဖြစ်လဲ”
“ဘာမှ မဖြစ်ပါဘူး။ ခင်ဗျားကို ကျနော် စီးလို့ရမလား“
အဲဒီစကားကြောင့် သူက ကျနော့်ကို စေ့စေ့ကြည့်ပါတယ်။
“မင်းက လူဖြူလား လူမည်းလား“
“လူဖြူ လူမည်းကို ခင်ဗျား ဘာနဲ့ခွဲလဲ”
“နှလုံးသားဖြူတဲ့သူက လူဖြူ ၊ နှလုံးသားမည်းတဲ့သူက လူမည်း”
ပြောပြီး သူက ရယ်ပါတယ်။ ကျနော်လည်း လိုက်ရယ်ပါတယ်။
(+၃) ကြယ်များ၏စက်ဝိုင်းများကို မြင်ခြင်း
ညကောင်းကင်ရဲ့ ကြယ်တွေကို ကျနော် ငေးကြည့်နေမိတယ်။ စက်ဝိုင်းတခုရဲ့ အနားလို ဝန်းပတ်နေတဲ့ ကြယ်တွေကို စတင်သတိထားလိုက်မိတယ်။ နောက်မှ ကြယ်စက်ဝိုင်းကြီး တခုလုံးကို မြင်လိုက်ရတော့တယ်။ ပြိုးပြိုး လက်လက် တောက်ပရင်း အဲဒီကြယ် စက်ဝိုင်းကြီးက လှလိုက်တာ။ မနက်ကျမှတွေးမိတယ်။ သုည ဘုရားက ကောင်းကင်ပေါ်ကနေ ကျနော့်ကို ကိုယ်ထင်ပြတာများလား။
(-၃) ရုပ်ဖျက်ထားသူနှင့်တွေ့ခြင်း
ရွှံ့ထဲမှာ ထိုင်နေသူတယောက်ကို ကျနော်တွေ့ပါတယ်။ သူ့မျက်နှာကို ရုပ်ဖျက်ထားတယ်။
“ခင်ဗျား မျက်နှာကို ဘာဖြစ်လို့ ရုပ်ဖျက်ထားရတာလဲ”
သူ သက်ပြင်းချပြီး ဖြေတယ်။
“မျက်နှာ ပျက်စရာတွေရှိနေလို့ပါ”
ခေါင်းငုံ့သွားရပြန်တယ်။
“ခေါင်းလည်း မဖော်ချင်တော့ပါဘူးဗျာ” လို့ ထပ်ပြောတယ်။
“ဝင်ထိုင်ပါဦးလား” လို့ မဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ရပါတယ်။
(+၄) မြို့တမြို့သို့ဝင်ခြင်း
မြို့တမြို့ထဲကို ကျနော်ရောက်သွားပါတယ်။ ဘာမြို့မှန်း ကျနော် မသိပါဘူး။ သတိရလို့ မျက်နှာချင်းဆိုင်က လမ်းလျှောက်လာသူတယောက်ကို မေးလိုက်ပါတယ်။
“ဒီဲမြို့က ဘာမြို့လဲဗျ”
သူ ဇဝေဇဝါ ဖြစ်သွားပါတယ်။
“ဘူတာရုံမှာတော့ ရေးထားတာပဲ။ ကျနော်လည်း မမှတ်မိတော့ဘူး“
ပွဲတော်ဆီသွားမယ်လို့ ယူဆရတဲ့ လူတအုပ်ကို တွေ့လိုက်ရပါတယ်။ ကျနော်လည်း ပျော်ချင်လို့ သူတို့နောက်က လိုက်သွားလိုက်တယ်။ ဒါပေမယ့် သူတို့က ပွဲတော်ဆီသွားတဲ့ လူအုပ်မဟုတ်ပဲ ပွဲတော်က ပြန်လာတဲ့ လူအုပ်ဖြစ်နေတယ်။
(-၄) နေထဲမှ လိမ့်ကျခြင်း
နေထဲကနေ ကျနော် လိမ့်ကျလာပါတယ်။
ကမ္ဘာဆီရောက်အောင် အကြာကြီး ကျခဲ့ရတာပါ။ လူသူစည်ကားတဲ့ မြက်ခင်းတခုပေါ် ကျတယ်။ အပန်းဖြေနေတဲ့လူတွေက ကျနော့်ကြောင့် ထိတ်လန့်တကြား ဖြစ်သွားကြတယ်။
“ဘာလဲ .. ဘာလဲ”
“ဘာမှ မဟုတ်ပါဘူး။ ကျနော် နေဆီက ဆင်းလာတာပါ”
သူတို့ မျက်လုံး မျက်ဆန်ပြူးလို့ …
“ ဘာလုပ်မလို့လဲ”
“ခင်ဗျားတို့ကို အလင်းပေးမလို့ပါ“
လူအုပ် ရှဲခနဲ နောက်ကို ထပ်ဆုတ်သွားကြပါတယ်။
“သွား သွား မလိုချင်ဘူး။ မင်းဟာ အပူသည်ပဲ“
ကျနော့်ကို သူတို့ မောင်းထုတ်လိုက်ကြပါတယ်။
(+၅) မီးတောက်တခုကို ခူးခြင်း
မီးတောက်တခုကို ကျနော်တွေ့လိုက်ပါတယ်။ လှပ ကျော့ရှင်းပြီး အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းနေတဲ့ မီးတောက်တခုပါ။
“အေး. .. မင်းကို ငါစောင့်နေတာ ကြာပြီ“
ပန်းရုံ ညှပ်တဲ့ ကတ်ကြေးကို သွားယူပြီး အဲ့ဒီမီးတောက်ကို အပိုင်းပိုင်းပြတ်သွားအောင် ကျနော် ညှပ်ပါတယ်။ ဒါပေမယ့် မရဘူး။ သူကလည်း ဟူးဟူး ဟဲဟဲ လောင်ကျွမ်းပြီး ဒေါသတွေ ထွက်နေတယ်။ ကျနော့်ရဲ့ ကတ်ကြေးသံကလည်း တချွမ်းချွမ်းညံလို့။ နောက်ဆုံးတော့ သူ လောင်စာကုန်သွားပါတယ်။ အဲဒီတော့မှ အမြစ်က ကျွတ်ပြီး သူ ငြိမ်းသွားပါတယ်။
(-၅) နတ်ဆိုးနှင့် ကစားခြင်း
နတ်ဆိုးက ကျနော့်ကို စိမ်ခေါ်နေပါတယ်။
“ သတ္တိရှိရင် မင်း ငါနဲ့ စကားရဲသလား”
ကျနော်ကလည်း မကြောက်တတ်ဘူးလေ။
“ရပါတယ် ဘာတမ်းကစားကြမလဲ”
ကျနော်က တချက်စဉ်းစားလိုက်တယ်။ ပြီး လက်ညှိုးထောင်ပြီး ပြောလိုက်တယ်။
“ကောင်းပြီ ငါတို့ နတ်ကောင်းလုပ်တမ်းကစားကြမယ်”
သူ မျက်နှာ ပျက်သွားပါတယ်။ ကျနော့်ကို အရှုံးပေးလိုက်ပါတယ်။ ပြန်ခါနီးမှာ တခွန်းလှည့်ပြောသွာပါတယ်။
“မင်း .. လူကောင်းမဟုတ်ဘူး”

❤1
(၀) သုံးသပ်ချက်
အထက်မှာ တင်ပြခဲ့တာတွေဟာ ကျနော် မက်ခဲ့တဲ့ အိပ်မက်တွေပါ။ အပေါင်း အိပ်မက်တွေဟာ ကောင်းသော အိပ်မက်တွေဖြစ်ပြီး အနှုတ် အိပ်မက်တွေဟာ ဆိုးသော အိပ်မက်တွေဖြစ်ပါတယ်။ အိပ်မက် တိတ္တုံကျမ်းက အဲဒီလို ဆိုထားပါတယ်။ ကောင်းတာပဲဖြစ်ဖြစ် ဆိုတာပဲဖြစ်ဖြစ် ကျနော် ခံယူချင်ပါတယ်။ သချာင်္ပညာရဲ့ ဆန့်ကျင်ဘက်တို့ ပေါင်းစည်းမှု သဘော သဘာဝအရ အပေါင်းအိပ်မက်နဲ့ အနှုတ် အိပ်မက်တို့ သူ့ဘာသာ ကြေပျက်သွားကြမှာကို ကျနော် မလိုလားပါဘူး။ အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီအိပ်မက်တွေကို ကြိုးစားပမ်းစား ကျနော် မက်ခဲ့ရတာ အလကားဖြစ်သွားမှပဲလေ။
#တာရာမင်းဝေ #taraminwai #taraminwaiwriting #တာရာမင်းဝေဝတ္ထုတိုများ