ဆရာဒေါင်းရေ.....ဆရာငြိမ်းပြောသလို နှစ်တောလုံးကြွေနေတာလားဗျာ။
မှတ်ချက် - ၂၀၂၃ခုနှစ်၊ ဧပြီလမှာ DNA မှာဖော်ပြခဲ့တဲ့ ဧရာဝတီအယ်လ်ဘမ်မှ "အမိုးပေါက်ကကျလာတဲ့လရောင်ကိုလွမ်းသူ" ကိုပြန်လည်ဖော်ပြပါသည်။
#DeltaNewsAgency #DNA #ဧရ ာဝတီအယ်လ်ဘမ် #မောင်ဒေါင်း
Delta News Agency Telegram - https://shorturl.at/lxKMR
Delta News Agency YouTube - https://shorturl.at/ahBL2
Delta News Agency Website - https://shorturl.at/ozAIM
Delta News Agency Podcast - https://shorturl.at/epwzH

Telegram
Delta News Agency
Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ရေးတဲ့ ဝတ္ထုအများစုဟာ ဘာဖြစ်လို့ အလွမ်းဝတ္ထုတွေ ဖြစ်နေတာလဲ ဆရာ?
(ဆရာကြီး) တက္ကသိုလ်ဘုန်းနိုင် ဖြေကြားမှု
ပေဖူးလွှာမဂ္ဂဇင်း
အမှတ် ၄၉ ၊ဇွန်လ-ဇူလိုင်လ၊ ၁၉၈၅ ခုနှစ်။
အလွမ်းဝတ္ထု ဘာကြောင့် ဖြစ်ရသလဲဆိုတော့ ဘဝနဲ့ပတ်သက်နေပါတယ်။ ကျွန်တော့်ဘဝက ရုန်းကုန်ခဲ့ရတာတွေ များတယ်။ နာကြည်းစရာတွေ အများကြီး တွေ့ခဲ့ရတယ်။ နာမည်ကျော် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်၊ ကောလိပ်ကျောင်းအုပ်ကြီး ဘာညာ ဒါတွေ တွေ့တော့ ကျွန်တော့်ဘဝဟာ ရွှေဇွန်းကိုက်ပြီး ရာဇပလ္လင်ပေါ် ဖွားခဲ့သလား ထင်ကြလိမ့်မယ်။
ကျွန်တော့်ဘဝမှာ ရုန်းကန်ခဲ့ရတာတွေ အများကြီးပဲ။ ကျွန်တော့်ဖခင် တစ်နေရာရောက်နေတဲ့အချိန်၊အမေက အိပ်ယာပေါ်မှာ လိမ့်နေတာပဲ။ လက်ထဲမှာ ငွေလေး ၅ ကျပ်ပဲ ရှိတယ်။ သားသမီးငါးယောက် စားဖို့သောက်ဖို့ လက်ထဲမှာ ငွေငါးကျပ် ပဲ ရှိတယ်။ ဆွေလည်းမရှိဘူး၊ မျိုးလည်းမရှိဘူး။ အမေ့ရင်ထဲ ဘယ်လောက်မီးလောင်နေမလဲ။
မနက်ကျတော့ ကြံရာမရဖြစ်ပြီး အဲဒီငွေလေးငါးကျပ်ကို ရင်းပြီး ထမင်းသုပ်ရောင်းတယ်။ ကျွန်တော့်အစ်မကလည်း အပျိုပေါက်အရွယ်ဆိုတော့ ခိုင်းလို့မဖြစ်ဘူး။ ကျွန်တော်နဲ့အမေနဲ့ပဲ ထမင်းသုပ်ရောင်းခဲ့ရတယ်။ မုန့်ဟင်းခါးရောင်းခဲ့ရတယ်။ နေ့မှာတင်မဟုတ်ဘူး။ တစ်ကျပ် တစ်ပြားလေး မြတ်ဖို့အတွက် တောရွာ ရုပ်သေးတွေ ဘာတွေ ကတဲ့နေရာထိလိုက်ပြီး ညမှောင်မှောင်မှာ သားအမိနှစ်ယောက် စျေးရောင်းခဲ့ရတယ်။ ဒါမျိုးတွေ ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတယ်။
ပြီးတော့ ကျွန်တော့်ဘဝက အကြောင်းကြောင်းကြောင့် မိဝေးဖဝေး ခဏခဏ နေခဲ့ရတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး သွားနေခဲ့ရတယ်။ ကျွန်တော့်ဘဝက မချောမွေ့ခဲ့ပါဘူး။ တော်တော်လေး ကြီးလာလို့ တက္ကသိုလ်တက်ရတော့လည်း ချို့ချို့ငဲ့ငဲ့ တက်ရတယ်။ မြင်းပွဲအလုပ်လုပ်ရတယ်။ ကျားကျောင်းမှာ ကျောင်းဆရာလုပ်ရတယ်။ တစ်ခါတလေ အလုပ်မရှိလို့ ကျောင်းငွေမသွင်းနိုင်ဘူး။ မိဘကလည်း အဲဒီအချိန်မှာ တော်တော်ယိုင်နေပြီ။ အမေက ချဉ်ပေါင်ရွက်စားပြီး ငါ့သား ကျောင်းထားပေးမယ်လို့ ပြောပါတယ်။ အမေ့ကျေးဇူးအလွန်ကြီးပါတယ်။ ကျွန်တော် မပြောရက်တော့ဘူး။ လိမ်ရတယ်။ အမေ ကျွန်တော် အလုပ်ရနေပြီ။ ပိုက်ဆံရှိပါတယ်။ မပို့ပါနဲ့တော့လို့ ပြောပြီး ဒီမှာ ကျွန်တော် ငတ်နေတယ်။ ၁၉၅၁ ခုနှစ်ကိုတော့ ကျွန်တော်မမေ့နိုင်ဘူး။ အဲဒီနှစ် ဇွန်၊ ဇူလိုင် နှစ်လ ရက်ခြောက်ဆယ်မှာ သူများတွေက တစ်နေ့ ထမင်း နှစ်နပ်စားရင် အနပ်ပေါင်း ၁၂၀ စားရမယ်။ ကျွန်တော် ၁၀ နပ်ပဲ စားခဲ့ရတယ်။ တစ်ဖက်က စာမေးပွဲဖြေနေတယ်။
ပေးပါကမ်းပါဆိုလည်း ပေးမယ့်သူမရှိဘူး။ ကူညီမယ့်သူမရှိဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရတာ။ ဇွဲတော့ ကျွန်တော် မလျှော့ခဲ့ဘူး။ နောက်ပြီးတော့ ကျွန်တော် လူမှန်းသိတတ်စ လေးနှစ်သားလောက်ကစပြီး အဖေက ရာထူးတွေဘာတွေကျပြီး အလွန်ဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။ ပြီးတော့ အငြင်းပယ်ခံခဲ့ရတယ်။ ကလေးဘဝမှာက ကလေးချင်းတောင် မတူခဲ့ရဘူး။ တန်းတူမရခဲ့ဘူး။ အဲဒီတော့ ဘဝကို ပြန်ကြည့်လိုက်ရင် စိတ်ဆင်းရဲစရာတွေရှိတယ်။ ကိုယ်ကိုယ်တိုင်က စိတ်ဆင်းရဲစရာတွေ တွေ့ခဲ့ဖူးတော့ အခု ကျွန်တော် အုပ်ချုပ်ရေးကိုင်ရတဲ့ လူကြီးတစ်ယောက်ဖြစ်လာတဲ့အချိန်မှာ အဲဒါဟာ ကျွန်တော့်ရဲ့ အားနည်းချက်ဖြစ်လာတယ်။ ဒါကြောင့် တစ်ခါတလေ ကျွန်တော်စာရေးဆရာပဲလုပ်ချင်တယ်။ အုပ်ချုပ်ရေးမကိုင်ချင်ဘူး။ ရာထူးမကြီးချင်ဘူး။ ဖြစ်လာရင် သနားတာကအရင်၊ အရေးယူဖို့က နောက်ကျကျနေတယ်။ ကျောင်းသားအပေါ်မှာလည်း ဒီလိုပဲ။ အုပ်ချုပ်ရေးသမားတစ်ယောက်အနေနဲ့ကြည့်ရင် ဒါ အလွန်အားနည်းတဲ့အချက် ဖြစ်နေတယ်။ လူတစ်ယောက်အနေနဲ့တော့ ဂုဏ်ယူပါတယ်။
ခင်ဗျားတို့က ကျွန်တော့်ကို အလွမ်းသန်တယ်လို့ပြောတယ်။ ကျွန်တော်ကတော့ လောကကို ကရုဏာပါပါနဲ့ ကြည့်တာပဲ။ အထူးသဖြင့် ကရုဏာသက်ဖွယ်ရှိတဲ့လူတွေအကြောင်းသာ ရေးလေ့ရှိတယ်။ ရေးမိတော့အလွမ်းတွေဖြစ်ကုန်တာပေါ့။ ဒါပေမယ့် ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ မှတ်ချက်တစ်ခု ကျွန်တော်သတိထားမိတာရှိတယ်။ ကိုခင်မောင်တင့်က ကရုဏာတော့သန်ပါတယ်။ မုဒိတာလေးလည်း ပါတတ်တယ်တဲ့။ ကိုခင်မောင်တင့်ရဲ့ဝတ္ထုတွေ ဖတ်လိုက်ရင် မုဒိတာကို မြင်ရတယ်တဲ့။ ဒေါ်ခင်မျိုးချစ်က အဲဒီလိုပြောဖူးတယ်။ ဘာဖြစ်လို့ အဲဒီလို ပြောတာလဲဆိုတော့ ကျွန်တော့်ဝတ္ထုထဲမှာ ဘယ်လောက် ဒုက္ခရောက်ရောက်၊ ဘယ်လောက်ထိဆင်းရဲဆင်းရဲ၊ ကြိုးစားလို့အောင်မြင်သွားတာတွေ၊ မြင့်မြတ်လို့အောင်မြင်သွားတာတွေ၊ အဲဒါတွေကို ကျွန်တော် မြတ်မြတ်နိုးနိုး ထည့်ရေးတတ်တယ်။ ဆရာမကြီးက ဒါ့ကြောင့် ပြောတာပါ။
ပေဖူးလွှာမဂ္ဂဇင်း
အမှတ် ၄၉ ၊ဇွန်လ-ဇူလိုင်လ၊ ၁၉၈၅ ခုနှစ်။
Crd ...

👍6
❝ လောကကြီးမှာ
ကျွန်တော် ဘာကိုမှ မလိုချင်ပါဘူး။
ကျွန်တော့် ဒုက္ခ မှန်သမျှကို
လိုက်ကြည့်ပေးပြီး
ဖြစ်မှ ဖြစ်ရလေကွာ လို့ ပြောပေးမယ့်
လူတစ်ယောက်ပဲ လိုချင် တာပါ။
အဲဒီလူ ရှိ/မရှိလည်း
ကျွန်တော် မသိပါဘူး။
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်
လောကကြီးမှာ ရှိနေစေချင်တာ
လူတိုင်းရဲ့ အမြင့်မားဆုံးသော ဆန္ဒလို့
ကျွန်တော် ထင်တယ် ❞
ကိုယ်က လူများကို
သိပေးလိုက်ရလေလေ၊
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်
ရှိချင်လေလေပါပဲ ။
▫️နီကိုရဲ - ကျွန်ုပ်နှင့်မနက်ဖြန် / မှ
ကျွန်တော် ဘာကိုမှ မလိုချင်ပါဘူး။
ကျွန်တော့် ဒုက္ခ မှန်သမျှကို
လိုက်ကြည့်ပေးပြီး
ဖြစ်မှ ဖြစ်ရလေကွာ လို့ ပြောပေးမယ့်
လူတစ်ယောက်ပဲ လိုချင် တာပါ။
အဲဒီလူ ရှိ/မရှိလည်း
ကျွန်တော် မသိပါဘူး။
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်
လောကကြီးမှာ ရှိနေစေချင်တာ
လူတိုင်းရဲ့ အမြင့်မားဆုံးသော ဆန္ဒလို့
ကျွန်တော် ထင်တယ် ❞
ကိုယ်က လူများကို
သိပေးလိုက်ရလေလေ၊
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်
ရှိချင်လေလေပါပဲ ။
▫️နီကိုရဲ - ကျွန်ုပ်နှင့်မနက်ဖြန် / မှ
❤1
မောင်ဒေါင်း နဲ့ စကားစမြည်ပြောခြင်း
ကျနော် : : ဆရာနဲ့ခေတ်ပြိုင်တွေထဲမှာ ဘယ်သူကိုကြိုက်လဲ
မောင်ဒေါင်း : : တမျိုးစီပဲဗျ။ ကျနော် အကုန်လုံးကိုကြိုက်တယ်။ ကိုနေဝါ(သဲအိမ်မောင်နေဝါကိုဆိုလိုခြင်း) ကိုပိုင်စိုးဝေ၊ ကျော်စွာထက်၊ နေမျိုး၊ ကိုငြိမ်း(မန္ထလေး) စသည်ဖြင့် တယောက်တမျိုးစီကို အရသာရှိတယ်ဗျ။
ကျနော် : ဆရာ့ အရှေ့မျိုးဆက်စာရေးဆရာတွေထဲမှာရော ဘယ်စာရေးဆရာကိုကြိုက်နှစ်သက်သဘောကျလဲ ?
မောင်ဒေါင်း : : ဘယ်လိုမျိုးကိုပြောတာလဲ ကို Koi
ကျနော် : : ကျနော်ဆိုလိုတာ ဒီလိုလေဆရာ၊ ဆရာ့တို့အရှေ့မျိုးဆက်ဖြစ်တဲ့ နိုင်ဝင်းဆွေ၊ ဗန်းမော်တင်အောင်၊ ကြည်အေး၊ မြသန်းတင့်၊ မမလေး၊
ခင်နှင်းယု၊ ခင်ဆွေဦး စသဖြင့် စာရေးဆရာတွေထဲက ကြိုက်နှစ်သက်ရ
တဲ့သူကိုပြောတာလေ ဆရာ
မောင်ဒေါင်း : : ဪ ... ကျနော်အကုန်ကြိုက်တယ်ဗျ။ ခုနပြောသလိုပဲ
တမျိုးစီပေါ့ဗျာ။ ဒေါ်ခင်နှင်းယုဆိုလည်း မွှေး၊ ဂျာနယ်ကျော်မမလေးဆိုလည်း သူလိုလူ၊ ရင်နင့်အောင်မွှေး၊ ဒေါ်ကြည်အေးဆိုလည်း မီ၊ မောင်ကိုကို နဲ့မြနန္ဒာ စသဖြင့်ပေါ့။ နိုင်ငံရေးအရ ဩဇာအလွမ်းဆုံးကတော့ ဆရာ ဗန်းမော်တင်အောင်ပေါ့။ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) ရေးတာတွေလည်း ကျနော် ကြိုက်တယ်။
ကျနော် : : ကျနော် တခုပြောမယ်ဆရာ၊ စိတ်တော့မဆိုးပါနဲ့၊ ဆရာ့ စာဖ
တ်ပရိတ်သတ်အနေနဲ့ ပရိတ်သတ်အမြင်ကနေ ဒီစကားကို ကျနော်ပြောတာပါ။ ဆရာ့ စကားပြေက ဒဂုန်တာရာ့ စကားပြေဩဇာအတော်များများပါနေတာကို ကျနော်သတိထားမိတယ်။ ဆောင်းဦးပေါက်မှာ ရိတ်
သိမ်းခါနီး စပါးပင်တွေ လေအဝှေ့ခံရသလို ယိမ်းပြီးနွဲ့နေတဲ့ စကားပြေမျိုးလို့ ကျနော်ခံစားရတယ် ဆရာ။
ကိုဒေါင်း : : (ခဏမျှစဉ်းစားနေသည်) ပြီးမှ ဒီလိုဗျ ကို Koi ရ ၊ ဒါက ခဗျား အမြင်ပေါ့နော် ။ ကျနော်ကျတော့ ဆရာ တာရာ့ စကားပြေဩဇာ
လွှမ်းမိုးတာ မှန်ပေမယ့် ကျနော့်ဟန်နဲ့ကျနော် ကျနော်မူနဲ့ကျနော်လို့ပဲ
ယုံကြည်တယ်ဗျ ။
ကျနော် : : ဒါကတော့ ဟုတ်တယ် ဆရာ ။ ကိုယ်ဟန်ကိုယ်မူပါလို့ ကျနော်တို့တွေသဘောကျရတဲ့ မောင်ဒေါင်းဆိုပြီး ဆရာဖြစ်လာတာပေါ့။ စိတ်မဆိုးပါနဲ့ဆရာ။ ကျနော်လည်း စကားပြောရင် ဒဲ့ဒိုးပြောတတ်လို့ပါ။
မောင်ဒေါင်း : : မဟုတ်တာဗျာ စိတ်မဆိုးပါဘူး။
ကျနော် : : ဆရာ အရေးများခဲ့တဲ့ မဂ္ဂဇင်းကရော ?
မောင်ဒေါင်း : : ကျနော်ရှူမဝမှာ အရေးများခဲ့တယ်
ကျနော် : : မိုးဝေမှာရော ဆရာ
မောင်ဒေါင်း : : ဒီလိုဗျ။ ၁၉၈၂ မှာ ကျနော်ရယ်၊ ထူးအိမ်သင်ရယ်၊ ကိုအောင်ဝေးရယ် သုံးယောက်လုံးရဲ့ စာမူက ရှုမဝမှာ တလထဲ တပြိုင်ထဲစပါတယ်။ ရှုမဝက ဩဇာကြီးသလို ရှုမဝမူကလည်း နာမည်ကြီးတယ်ဗျ။
သူက အနုပညာ စံမှုနဲ့ သွားတာကိုး။ ဟိုလို နိုင်ငံရေး ဘာညာမူနဲ့သွားတာ
မဟုတ်ဘူး။ နည်းနည်း မာမာလေးရေးချင်ရင် မိုးဝေ ပို့၊ နည်းနည်းပျော့ချင်ရင် ရှုမဝ ပို့၊ မိုးဝေကျတော့ နိူင်ငံရေးထူထူထည့်ရေးလို့ရတယ်။ ရှု
မဝကျတော့ နိုင်ငံရေးကို မသိမသာ ခပ်ပါးပါးလေးပဲ ထည့်ရေးလို့ရတ
ယ်။
ကျနော် : : ဆရာ သဲအိမ်မောင်နေဝါနဲ့ အတော်ရင်းနှီးခဲ့လား
မောင်ဒေါင်း : : ရင်းနှီးခဲ့ပါတယ်။ ကျနော် ထောင် ခုနှစ်နှစ်ကျတုန်းက ထောင်ထဲက စာတွေရေးပြီး ကိုနေဝါဆီ ပို့ပေးဖူးတယ်။
ကျနော် : : ဆရာ သူ့အရေးအသားကို ဘယ်လိုမြင်လဲ ?
မောင်ဒေါင်း : : ကျနော် သူ့ဝတ္တုတွေကို ကြိုက်တယ်။ သူ့စကားပြေက
တော့ နည်းနည်း လေးပြီး နှေးဖင့် သလိုခံစားရတယ်။ ဒါက ကိုနေဝါကို
ကျနော် ဝေဖန်တာမဟုတ်ဘူး။ ကျနော့် သူ့စာဖတ်ပရိတ်သတ်အမြင်ကနေ ပြောတာပါ။
ကျနော် : : ဟုတ်တယ်ဆရာ။ သဲအိမ်မောင်နေဝါရဲ့ စကားပြေက ဝေ့ကာဝဲကာ သွယ်ကာဝှိုက်ကာလိုတော့ လိုရင်းမရောက်ပဲနေတာ မဟုတ်ပဲ အစီးဆင်းနှေးတဲ့ ရေတံခွန်တခုလိုပဲ။ စီးတော့စီးတယ် ဒါပေမယ့် စီးဆင်းတာက အနည်းငယ် မဆိုသလောက်လေး လေးနေတာမျိုးပေါ့။ ဒါပေမယ့် စီး
ဆင်းလာတဲ့ ရေက ကြည်လင်သန့်ရှင်းနေတာကိုတော့ ကျနော်တို့တွေငြ
င်းမရဘူး။
မောင်ဒေါင်း : : အေးဗျာ။ ကိုနေဝါလည်း နောက်ပိုင်း စိတ်နာပြီး စာကိုမရေးတော့ဘူး။
ကျနော် : : ဟုတ်တယ်ဆရာ ၊ ကျနော် မမီလိုက်ပေမယ့် အဲ့ဒီပြဿနာကို
ကြားသိဖူးလိုက်တယ်။ သူ့ရဲ့နာမည်ကြီးဝတ္တုတပုဒ်က နိုင်ငံခြားဝတ္တုကို မှီးတယ် ဆိုပြီး အာမနာပ မဂ္ဂဇင်းစာမျက်နှာတွေထက်မှာ ဝိုင်းပြောကြလို့ စာပေလောကကို အတော်စိတ်နာသွားပုံရတယ်။ ကျနော် သူနဲ့ မရင်းနှီး၊ မဆုံဖူးလိုက်ရပေမယ့် သူ့ရဲ့စာတွေကိုဖတ်ကြည့်ရသလောက်သူကအတော်
လေး အီမိုရှင်နယ် ဖြစ်ပုံရတယ်။ အမြဲဆွေးမြေ့အထီးတည်းဖြစ်နေတာကို သူ့ ရေးတဲ့ ဝါကျတွေက ငြင်းမရတဲ့သက်သတေခုပဲ။
မောင်ဒေါင်း : : ကိုနေဝါက ကျနော့်ထက်ပိုပြီး ခံစားတတ်သူဗျ။ ကျနော်ကကျတော့ လွမ်းမောတတ်သူ။ မရှိတော့တဲ့သူတွေ၊ ရှိနေပြီး မတွေ့ရတော့တဲ့ သူတွေကို ကျနော်အမြဲ လွမ်းမောနေမိတယ်။
ကျနော် : : ဆရာ့ရဲ့ ဝတ္တုတွေထဲမှာ ငါးညမြောက်ခေါ်သံလား၊ ခရစ်ယာန်နာရေးမှာ ခေါင်းတလားကြီးကိုထမ်းတာလေ။ အဲ့ဝတ္တုကို ကျနော် အ
တော်သဘောကျတယ်။
မောင်ဒေါင်း : : အဲ့ဒါ ကျနော့်ကိုယ်တွှေ့ဗျ။ အဲ့ဒါတင်မဟုတ်ပါဘူး။ ကျနော်ရေးခဲ့သမျှ အကုန်လုံးလိုလိုက ကျနော့် အတွေ့အကြုံတွေပါပဲ။

ကျနော် : : အဲ့ဒါကို ကျနော် သဘောကျတာ။ ဆရာတို့၊ ကိုဆွေတို့က ကိုယ့်အတွေ့အကြုံ၊ ကိုယ်ခံစားမှုကိုပဲအရိုးသားဆုံးပြန်လည်တင်ပြတယ်။ အဲ့ဒီမှာ တင်ပြတဲ့အခါ ဆရာတို့ ရဲ့ အရေးအသားဝါကျတွေမှာ ရိုးသားမှုကို
စာဖတ်သူ ကျနော်တို့က ခံစားရတယ်။ ဒါမျိုးက ရှားတယ်။ ဒါကြောင့် ဆရာတို့ ခေတ်ပြိုင် လူနည်းစု တအုပ်စုလုံးနီးပါးကို ကျနော် နှစ်သက်ရတာပဲ။
ကျနော် : : :: ကိုဆွေ နဲ့ ဆရာရင်းနှီးခဲ့ဖူးလား
မောင်ဒေါင်း : : :: ကိုဆွေက တကယ့်လူအေး လူရိုးဗျ။ အရက်ဆိုင်ထို
င်ရင်လည်း ငေးမောနေတဲ့သူဗျ။ စကားလုံးကို ပန်းပုထုသလိုကို အချိန်
ယူပြီး ထုတဲ့သူဗျ။ သူလိုချင်တဲ့ စကားလုံးမရမချင်း ဝါကျအဖြစ်မပြော
င်းလဲဘူး။ဝါကျအဖြစ်မပြောင်းလဲတော့သူခမျာ စာထွက်တာနည်းတယ်။ စာထွက်တာ နည်းပေမယ့် သူ့စာတွေက ထွက်လာရင် တကူးတက စောင့်ကိုဖတ်ယူရတယ်။ ကိုဆွေက သူ့စာတွေလိုပဲ။ သူက ခံစားမှုကိုအရင်းအ
တိုင်းချပြတတ်သူ။ ဟန်မဆောင်တတ်ဘူးဗျ။ ဒီလူရဲ့ရိုးဂုဏ်ကိုတော့ တ
ကယ်လက်ဖျားခါတယ်။
ကျနော် :: :: အရက်ဆိုင်ထိုင်ရင်ဆိုတော့ ဆရာ အရင်ကသောက်တယ်ပေါ့။ အခုရော သောက်သေးလား။
မောင်ဒေါင်း :: :: မသောက်တာကြာပြီ။ လေးငါးနှစ်ရှိပြီ။
ကျနော် :: :: ဆရာနဲ့ ခေတ်ပြိုင် မန်းလေး အုပ်စုမှာရော ဘယ်သူတွေနဲ့ရင်းနှီးခဲ့သေးတုန်း ?
မောင်ဒေါင်း :: :: ကိုပိုင်စိုးဝေနဲ့ ကိုငြိမ်း(မန္ထလေး) နဲ့ ကျနော် အတော်ရင်းနှီးခဲ့တယ်ဗျ။ ကိုပိုင်စိုးဝေဆိုရင် သူနေတဲ့ ပန်တျာကျောင်းထဲကအိမ်လေးထိ ကျနော်ရောက်ခဲ့ဖူးတယ်။ ခဗျား အခု ကျနော့်ကို လက်တွဲပြီးပန်း
ဆိုးတန်းလမ်းမကြီးမှာ လမ်းအတူလျှောက် နေတော့ ဒီလူ တွေကိုသတိရမိတယ်ဗျာ။ တညသားပေါ့ဗျာ။ လကြီးကလည်း ထိန်ထိန်သာလို့ပေါ့။တောင်သမန်က ဦး ပိန်တံတားပေါ်မှာ ကျနော်ရယ် ကိုငြိမ်းရယ် ကိုပိုင်စိုးဝေရယ် လမ်းအတူလျှောက်ရင်း ဟေ့လူရေ တတောလုံးကြွေမဟုတ်ဘူး။ နှစ်တောလုံးကြွေဗျ ဆိုပြီး ကိုငြိမ်းက ကျနော့်ဝတ္တုနာမည်တွေကို တခုချင်းစီရွတ်ပြတယ်ဗျာ။ ကိုပိုင်စိုးဝေ ကလည်း ကိုဒေါင်းရေ ကျနော်တို့တော့ရှည်လျားတဲ့ ရာဇဝင်ကို ဖြတ်သန်းနေရပြီဗျ ဖြတ်သန်းနေရပြီဆိုပြီး မျက်ရည်တွေကျ နာနာကျည်းကျည်း ပြောရင်း ကျနော်ကို သူတို့နှစ်ယောက် ပွေ့ဖက်ကြတယ်ဗျာ။ ဒီလူတွေကို သတိရတာဗျာ။
ကျနော် : : :: လွမ်းစရာပဲ ဆရာရယ်။ ဒါနဲ့ ဆရာ အခုနောက်ပိုင်း စာပေ
လောက နဲ့ မျက် ခြေမပြတ်အောင် ထွက်တဲ့ စာအုပ် အသစ်တွေရောဖတ်ဖြစ်လား။
မောင်ဒေါင်း :: :: ဖတ်ဖြစ်ပါတယ်။ ကျနော့်ဆီပို့ပေးတာမှန်သမျှ ကျနော်အကုန်ဖတ်တယ်။ မဖတ်လို့မရဘူးဗျ။ မဖတ်ရင် အသစ်တွေနဲ့အဆ
က်ပြတ်ပြီး အဟောင်းထဲမှာတင် ကျနော်တို့က ကျန်ခဲ့ရမှာ။ အဟောင်းထဲမှာ ကျန်ခဲ့ရင် အသစ်ဖန်တီးလို့မရတော့ဘူး။ အဲ့ဒီတော့အသစ် ဖန်တီးဖို့အတွက် လက်ရှိ အသစ် တွေကိုလ ည်း မျက်ခြေမပြတ်အောင် ဖတ်ရတယ် ကိုယ့်လူရ ။ ခဗျားရော ဒီဘက် အသစ်တွေထဲမှာ ဘယ်သူ့ကြိုက်တုန်းဗျ
ကျနော် :: :: ကျနော် ဒီဘက်မှာ ထွက်လာသမျှ ဂရုတစိုက်မျက်ခြေမပြတ်ဖတ်ဖြစ်တာကတော့ ကိုအေးမင်းစော နဲ့ လွင်မောင်မောင်ပဲဆရာ။
မောင်ဒေါင်း :: :: ကျနော်ကတော့ ကိုမိုးဝေးပို့ပေးတာမှန်သမျှ အကုန်နီးပါးဖတ်ဖြစ်တယ်။ နယ်ဆိုတော့ ခဗျားသိတဲ့အတိုင်းပဲဗျာ။ စာဖတ်စာ
ရေးပေါ့။ မြို့လိုတော့ အာရုံထွေပြားမှုသိပ်မရှိဘူး ။
ကျနော် :: :: ဟုတ်တယ်ဆရာ။ မြို့ကတော့ အာရုံစုစည်းရတာ တခုခုကို
ဖန်တီးဖို့ ဈာန်ဝင်အောင် လုပ်ရတာ မလွယ်ပါဘူး ဆရာရယ် ။ ဆရာအခု
လ ဥဒါန်းသစ်မှာပါတဲ့ ကြည်ဇော်အေးတို့ကို လွမ်းထားတဲ့ အလွမ်းစာလေးလည်း သိပ်ကောင်းတယ်။ အခုလ ဥဒါန်းသစ်ကတော့ ဆရာ့စာရယ် ကိုနေမျိုးရယ်၊ မြင့်သန်းဆောင်းပါးရယ် သုံးပုဒ်နဲ့အတော်အရသာတွေ့တယ် ဆရာ ။
မောင်ဒေါင်း : : အေးဗျာ။ ကျနော်လည်း ရှင်ကျန်ပြီးမတွေ့ရတဲ့သူတွေ၊ နောက်နောင် တွေ့ခွင့်မရတော့တဲ့ တမလွန်ခရီးရှည်ကိုထွက်ခွာသွားသူတွေကို လွမ်းပြီးရင်း လွမ်းရတယ်ဗျာ ။
ကျနော် :: :: ဒီလိုပါပဲဆရာရယ်။ သမိုင်းလှည်းဘီးက တပတ်ပြီးတပတ်ပြန်လည်လာတော့ အခုကျနော်တို့ခေတ်မှာ ဆရာတို့ မဆလ ခေတ်မှာတု
န်းကလို ပါပဲ။
ကျနော် :: :: ဆရာ ကျန်းမာရေး ဂရုစိုက်ပါ။ စာတွေလည်း ဆက် ရေးပါအုံး။ ဖြစ်နိုင်ရင် လုံးချင်းဝတ္တုရှည်တပုဒ် လောက် ရေးပါအုံးဆရာ။ကျနော် ဆရာ့စာဖတ်ပရိတ်သတ်ပါ။ ဗမာစာပေကိုစနစ်တကျ Study လုပ်ရင် ဆရာတို့ အုပ်စု အကုန်လုံးက တခုတ်တရ လေ့လာရမယ့်သူတွေပါပဲ။ဆရာ၊ ပိုင်စိုးဝေ၊ ကိုငြိမ်း ၊ ဝင်းဖေ၊ မြတ်သစ်၊ နေမျိုး၊ ကြူးနစ်၊ ကိုဆွေ၊
ကျော်စွာထက်၊ သဲအိမ်မောင်နေဝါ စသဖြင့် မရှေးမနှောင်း အင်တိုက်
အားတိုက် ပေါ်ထွက်လာတဲ့ ဆရာတို့ ခေတ်ပြိုင် တအုပ်စုလုံးက ဗမာစာ
ပေကို အရွေ့တခုအဖြစ် ဖြစ်ပေါ်လာစေခဲ့တယ်။ ပြီးတော့လည်း ကျနော်က အမြဲလွမ်းမောနေတဲ့ သိမ်မွေ့နူးညံ့တဲ့ ဆရာ့ အလွမ်းတွေကို မျှဝေခံ
စားရတဲ့ သူပါ ။ ဆရာနယ်ကနေ တခုခုလိုတာရှိရင်လည်း အချိန်မရွေးဖုန်းဆက်လိုက်ပါ။ ကျနော် ရန်ကုန်ကနေ ဘာဖြစ်ဖြစ် ရှာပြီးပို့ပေးပါ့မယ်။
မောင်ဒေါင်း : : :: ကျေးဇူးတင်တယ်ဗျာ။ လက် ဆောင်ပေးတဲ့ ခဗျားစာအုပ်ကိုလည်း သေချာဖတ်ပါ့မယ်။ ဖုန်းလည်း ကိစ္စရှိရှိမရှိရှိ သာကြော
င်းမာကြောင်းသိရအောင် ကျနော် နှစ်ရက်တခါလောက်ဖုန်းဆက်ပါ့မယ်။

👍4❤1
သေကွဲရင် ကွဲ မကွဲရင် ရှင်ကွဲ ပဲ
အသိုက်အမြုံလေးတွေ ခမျာ အားလုံး ဖရိုဖရဲနဲ့
မျက်ရည်မဝဲဘူး ဆိုရင်
ခေတ်ကြီးကို မျက်နှာလွှဲ ထားလို့ ဖြစ်မှာပေါ့
မောင်ဒေါင်း ကတော့ ရွှေး မြစ်ကမ်းပါးကနေ
အလွမ်းစကားတွေ ဆက်ဆိုနေရအုံးမဲ့ လူပါ။
(မောင်ဒေါင်း ၏ လွမ်းတတ်သူများစာအုပ်မှ ကောက်နုတ်ဖော်ပြ)
မှတ်ချက်။ ။
၂၀၂၃ ကိုဒေါင်း ရန်ကုန် အလည်လာတုန်းက အာလ္လာပ သလ္လာပ ပြောခဲ့သမျှကို အကောင့်တွင် တင်ခဲ့ပြီး ဖြစ်သော်လည်း ကိုဒေါင်း အမှတ်တရ
အနေဖြင့် ယခုအခါ ပြန်လည် ဖော်ပြခြင်းပဲဖြစ်ပါတယ်။

လွမ်းတတ်သူများ
လွမ်းတတ်သူကို
နွမ်းနွမ်းလျလျ
လွမ်းကြသည် '
မောင်ဒေါင်း (၁၉၅၀ - ၂၀၂၅)
လွမ်းတတ်သူကို
နွမ်းနွမ်းလျလျ
လွမ်းကြသည် '
မောင်ဒေါင်း (၁၉၅၀ - ၂၀၂၅)
👍8
" A Cracked bell never sound well "
တခါက ထောင်က ထွက်လာတဲ့ သူခိုးတယောက်ရှိတယ်။ သူ့ဘဝကိုပြင်ပြီးလူကောင်းသူကောင်းတယောက်ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချထားလေရဲ့။ တနေ့မှာ သူဟာ ရေနစ်နေတဲ့ ကလေးတယောက်ကို အသက်ကယ်လိုက်တယ်။ နောက်နေ့မှာပဲ သက်ဆိုင်ရာလူကြီးတွေ သူ့အိမ်ကိုရောက်လာပြီး “ရေနစ်တဲ့ကလေးကို ကယ်တာမင်းလား” လို့မေးကြတယ်။ ဝမ်းသာချိုမြတဲ့အပြုံးနဲ့ သူ ဆီးကြို ဝန်ခံခဲ့ပါတယ်။ သက်ဆိုင်ရာလူကြီးတွေက သူ့ကို စကားတစ်ခွန်းပြောတယ်။ “ကလေးရဲ့ဦးထုပ်ကို ပြန်ပေးပါ“ တဲ့။ အဲဒီလူ အတော် ခံစားရမှာပဲသားရေ။ သူ့အတွက် စိတ်မကောင်းဖြစ်ရင်းကပဲ ဖေဖေတို့အတွက် ဆင်ခြင်စရာတခုကို ရခဲ့တယ်။
"ဒါဏ်ရာပါလာခဲ့တဲ့ ခေါင်းလောင်းဟာ ဘယ်တော့မှ အသံကောင်းမထွက်ဘူး“
#တာရာမင်းဝေ #taraminwai #taraminwaiwritings #ခေတ်နေအတွက်စာတရွက်

❤13👍3🔥2
"လူငယ်တချို့၏ သောက"
◼️မြရဲလွင် (ဝေးလွင့်ငှက်)
မြစ်သည် ပင်လယ်ထဲသို့ စီးဝင်ခြင်းအပေါ်
ကြောက်ရွံ့မှုမရှိ ...။
လှေငယ်ဟာ ခက်ထန်တဲ့လှိုင်းကို ကြောက်ရွံ့၍
ကုန်းပေါ်တွင် နေမြဲမရှိ ...။
အလင်းရောင်အောက်ဝယ် ပြတင်းတံခါးမှ လောကကို မျှော်ငေးကြည့်လိုသူတို့သည် အချိန်ရှိသမျှ အမှောင်မှရုန်းထွက်ရန် ကိုယ်စွမ်းဉာဏ်စွမ်း အားကုန်သုံးတော့၏ ...။
ဒီရေသည် လရောင်နဲ့ ဆက်စပ်မှုရှိခြင်းအပေါ် ...
ကျနော် ရွတ်ကြည့်နေသောစာပိုဒ် ရပ်တန့်လိုက်ပါ၏။
အသံတခု နားထဲသို့ တိုးဝင်လာသည်။ အပြင်မှာလည်း အမှောင်အတိ။ လျှပ်စစ်မီးဟူသည် အဘယ်မှာနည်း။ ဤမေးခွန်းသည် ကျနော်နေသောအရပ်၌ မကြာမကြာ ကြားရ၏။ ထိုအခြင်းအရာပေါ် ဆဲရေးတိုင်းထွာ ဟာသနှောမှုများလည်းရှိသည်။ ပုံမှန် ဖြစ်လေ့ဖြစ်ထရှိလာသည့်အခါ ဒါသည် ကျနော်တို့ ရပိုင်ခွင့်တခုဟုသာ ထင်မှတ်လာတော့သည်။
အမြင်အာရုံများ ဝေဝါးနေပါ၏။ ဖာတလုံးခေါင်းကျား မဟုတ်ဘဲ ဖာကျမည့် ခေါင်းများစွာ ပြူထွက်နေသော အချိန်ကာလဟု မှတ်ယူရမလို။ အမှောင်အတိရှိနေသော လမ်းမပေါ်သို့ လရောင်ဟာ အလင်းအချို့ ဖြာချထားပေး၏။ ထိုသို့ လှပသောမြင်ကွင်းမျိုးကို အိမ်အပေါ်ထပ်မှ ဝရန်တာလည်းမထွက်ရဲ၊ အိမ်အတွင်းမှ တိတ်ဆိတ်စွာ ထိုင်ငေး၍ ကြည့်နေရတော့သည်။ လူငယ်လေးတဦး၏ နှလုံးခုန်သံဟာ ကြောက်ရွံမှုအချို့နဲ့ ကာဆီးပိတ်ဆို့ထားခြင်း ခံနေရသလို။
တိတ်ဆိတ်ခြင်းနဲ့အတူ လွင့်မျောနေသောစိတ်၏ တည်ငြိမ်မှုတို့သည် စစ်ဖိနပ်သံများအောက် ကျပျောက်ခဲ့ရတော့၏။ လွတ်ရာကိုပြေးမှရမည်ဟု ကျနော်သိပါသည်။ သို့သော် အဆက်အသွယ်ကောင်းကောင်း မရှိသဖြင့် မွန်းကျပ်စွာ ပိတ်မိနေသော ဒေသတခုမှ အဘယ်သို့ ပြေးရမည်နည်း။ ဤအတွေးဤစိတ်ကူးများသည် ကျန်ုပ်၏အခန်းထဲ ပြန့်လွင့်သွားတော့သည်။ အခန်းနံရံများနှင့် ၎င်းအတွေးတို့ ထိတွေ့အပြီး ကျွန်ုပ်ဆီ အတွေးလှိုင်းများ ပြန်၍ရောက်ရှိလာသည့်အလား စိတ်များ မွန်းကျပ်လာတော့သည်။
လက်ကြားမှ စီးကရက်တိုများ တလိပ်ပြီးတလိပ် အိမ်၏ကြမ်းပြင်ပေါ် နေရာအနှံ့ ကြီးစိုးထားနေသည်။ ကျွန်ုပ်၏အိမ်၌ ကျွန်ုပ်တို့ ညီအကိုနှစ်ယောက်မှအပ မည်သူ တဦးတယောက်မျှမရှိ။ ကျွန်ုပ်သည် GTI ဒုတိယနှစ်ကျောင်းသားဘဝနဲ့ ရပ်တန့်နေခဲ့သည်မှာ ၄ နှစ်တင်းတင်းရှိခဲ့ပြီ။ အသက်က ၂၅ ပတ်ချာလည်။ သက်ပြင်းကြီးများ ညီလေးမသိအောင် ချနေရုံမှအပ အခြားမရှိ။
လွတ်ရာလမ်းကို အကြိမ်ကြိမ်ပြေးဖို့ တွေးပေမယ့် အသက်အရွယ်အားဖြင့် ငယ်သေးသော ညီငယ်အား တယောက်တည်း ထားရစ်ခဲ့ရန်မှာလည်း စိတ်အဆင်မပြေ။ မေးခွန်းပေါင်းများစွာသည် ကျွန်ုပ်၏ဦးခေါင်းကို ရိုက်ခွဲနေသည့်အလား။ အိမ်ရှေ့တွင် မခေါ်ဘဲရောက်လာနိုင်သည့် အညတရ လူ့အန္ဓတွေနဲ့ ဝေးရာပြေးသွားချင်သည်မှာအမှန်။
အမှန်တရားအတွက် စမ်းတဝါးဝါး လျှောက်ရမည့်အချိန်မဟုတ် ဟူသည်ကို ကျွန်ုပ် နားလည်ထားသော်လည်း ရှုတ်ထွေးနောက်ကျိနေသော အတွေးများသည်သာ အချိန်တန်လျှင် နေရာယူလာတတ်တော့၏။
ကျနော်၏ စိတ်ဖိစီးမှုများသည် တနေ့တခြား ပိုဆိုးလာခဲ့သည်။ ယခုလိုအချိန်မှ အိမ်ကို စွန့်ခွာထွက်သွားဖို့ ဟူသည်လည်း မလွယ်။ ညီလေးတယောက်တည်း အိမ်မှာ အဆင်ပြေပြေ နေနိုင်ပါမည်လား။ သူ့ကိုပါ အပါခေါ်သွားရင်လည်း လမ်းခရီးကား ကြမ်းကောင်းကြမ်းတမ်းနိုင်မည်။ ကျွန်ုပ်တဦးတည်း ထွက်သွားဖို့ပင် လွယ်ကူသည့်ခရီးမဟုတ်။ အခန့်မသင့်လျှင် ကျွန်ုပ်အသက်အရွယ် အပိုင်းအခြားသည် အတင်းအဓမ္ မကားပေါ်မှ ဆွဲချထားခံရနိုင်သည်။
အိမ်နှင့်ဇာတိမြို့ကို စွန့်ခွာထွက်သွားသင့်သည့်အချိန်ဟာ နောက်ကျခဲ့ပြီ၊ သို့သော်ငြား ကျွန်ုပ်၏ဆန္ဒများ တနေ့ထက်တနေ့ ပိုမို ပြင်းပြလာနေတော့သည်။
ဝမ်းကွဲအကိုနဲ့ ချိတ်ဆက်ပြီး ဤအရပ်မှထွက်ခွာဖို့ ကျနော် ဆက်သွယ်ထားပြီးပေမယ့် ထင်သလောက်တော့မလွယ်။ သူသည်လည်း ကျနော့်အတွက် စိတ်ပူပေးနေရသည်။ လမ်းခရီးမှာ အန္တရာယ်ကင်းနိုင်လောက်လား မေးကြည့်တော့လည်း သူ့ဆီကိုရောက်ပြီဆိုမှ ငါ့ညီ မင်း အန္တရယ်ကင်းခဲ့ပြီဟုသာ ပြောနိုင်မည်တဲ့။
ဘာပဲဖြစ်ဖြစ် ဒီကာလမှာ အသက်ကို အချည်းနှီး ပေးဆပ်လိုခြင်းမရှိသည်ကား အမှန်။ အန္တရာယ်ကင်းစွာဖြင့် အယုတ်တမာတို့၏လက်အောက်မှ ရှောင်ဖယ် ထွက်ခွာလိုသည်။ ကျွန်ုပ်ပညာရေးကိုလည်း ကျွန်ုပ် ဆုံးခန်းတိုင် လျှောက်လိုသေးသည်။ ဒါမှ ဘဝတပါးမှ ဖခင်သည်လည်း ကျေနပ်လိမ့်မည်ဟု ကျွန်ုပ် ခံယူထားပါ၏။
အတွေးတွေ ဗရပွနဲ့ ကျွန်ုပ် ဗျာများနေခဲ့သည်မှာ ကြာချေပြီ။ ညီလေးကို ထားခဲ့ရကောင်းနိုး၊ ခေါ်သွားရကောင်းနိုး။ ထိုအတွေးတွေနဲ့ ရှုပ်ထွေးလာတဲ့အချိန်ဆို ကလေးဘဝကို ပြန်မြင်ရောင်လာမိပြန်သည်။ အဖေရယ်အ မေရယ် ကျနော်တို့ မောင်နှစ်မသုံးယောက်ရယ် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရပုံတွေ။ အတိတ်ဆီ စိတ်ပြန့်လွင့်သွားပြီဆိုတာနဲ့ ကျနော့်မျက်ဝန်းအိမ်က မျက်ရည်တွေ အားစိုက်စရာမလို အလိုလို စီးကျလာတတ်သည်။ ကျနော် ကောင်းကင်ပေါ်မော့ကြည့်ပြီး စိတ်ပေါ့ပါးသွားသည်အထိ အော်ဟစ်ပစ်လိုက်ချင်သည်။
ကျနော်ဘာလုပ်ရတော့မလဲ ..
ကျနော်ဘာလုပ်ရတော့မလဲ...
ကျနော်ဘာလုပ်ရတော့မလဲ...
ခေတ်ဆိုးစနစ်ဆိုးကို နိုင်သလောက် တွန်းလှန်ပါ၏ ...။
နိုင်ရာဇာတ်ခန်းလည်း ဝင်ရောက် ထမ်းဆောင်ခဲ့ပါ၏။

❤12👍3
သို့သော် ဇာတိကို ဖက်တွယ်ထားမိခဲ့ခြင်း၊ ပြေးကြည့်မှ ညီအကို နှစ်ယောက်တည်းပင်မို့ သံယောဇဥ်ပိုမိပြီး အကိုကြီးတော့အဖရာ တွယ်တာရာမဲ့သွား
မည့် ညီလေးရဲ့အဖြစ်ကိုလည်းမမြင်လို။ လူကို ခွေးလိုသတ်မှတ်ပြီး အသေသတ်မည့် ဥပဒေအောက်လည်း မနေလို။ မိုးပြိုတာ အများနဲ့ဆိုရအောင်လည်း လူယုတ်မာတွေနဲ့ရောပြီး အသက်ကို အဆုံးရှုံးမခံလို။ နေ့တွေတိုင်းဟာ ခြောက်ကပ်ကပ်နဲ့ ပျော်ရွှင်ခြင်းဟူသည် အဘယ်မှာမှ ရှာဖွေမတွေ့နိုင်။
ခြောက်ကပ်ကပ် ပိန်လှီလှီ အောင့်သက်သက်နှင့် ဖြတ်သန်းနေရသည့် နေ့တွေကြားမှာ ကိုယ်နှင့်စိတ်ဟာ ခွဲ၍နေသည့်အလား၊ ကျနော် ဗျာများနေခဲ့ရပါတော့သည်။
.
.
.
#မြရဲလွင်
#TheCall
#ခေါ်သံ

❤3👏3
#မုန့်ကြိတ်ဆုံလုပွဲ
ဆီမထည့်နိုင်တဲ့ တံခါးကြောင့် ခြေထောက်တွေ တအီအီ ဝင်လာကြ
သူတို့မှုတ်ထားတဲ့ စကားလုံးတွေနဲ့ပဲ ငါ့ကို ဖောင်းကဲ ဖောက်ကြ…။
အဲဒီလိုနဲ့ပဲ နတ်တွေကတောင် ကစားရမလို နားရမလို
(ငါလိုကောင်အတွက်ကတော့ ပြောမနေနဲ့တော့..)
သေချာတာက ငါဟာ နွေတွေလို ဆောင်းစား သတ္တဝါမဟုတ်ဘူး
ဖြေဆေးကိုင်ပြီး ပွင့်ပေးမယ့် ပဒိုင်းပန်းလည်းမဟုတ်ဘူး
ဒါပေမယ့် ထားလိုက်ပါတယ် မေ့ထားလိုက်ပါတယ်…
ရှိသမျှ လင်းစရာဝေစရာလေးတွေကို သေခိုင်းလိုက်ပြီ
ဘယ်တောအုပ်မှာမှ သစ်ပင်နံပါတ်ပြောပြီး အမြစ်မချချင်ဘူး
သောကြာနေ့အချင်းချင်း အပျင်းခံရရင် … နာတယ်။
လှံတံက ခေါ်လို့မလိုက်ရင်လည်း ပင်အပ်ယူပြီး လာမစိုက်နဲ့
မင်းတို့ ကျေနပ်ရင် ငါလိုမြေက နိမ့်မြဲ နိမ့်ပေးလိုက်မယ်
လပြည့်ဝန်းကို ပိန်ချွန်းချွန်းထိုင်ကြည့်နေရရင်ပဲ .. ငါ့အတွက် ဖြစ်ပါတယ်။
#တာရာမင်းဝေ #taraminwai #taraminwaipoems

👍8❤3
အဖျော်ဆရာ
........................................................
(၁)
အဖျော်ဆရာ ဟာ သူ့အဖျော်ခန်းရဲ့အထဲက အကျရည်ကွက်၊ နို့ဆီအစက်တွေ မရှိတဲ့စားပွဲထောင့်မှာ အနီရောင်ကော်ကြွပ်နဲ့ကွပ်ထားတဲ့ လေးထောင့်မှန်ကို ထောင်လိုက်တယ်။
တန်းပေါ်မှာ တင်ထားတဲ့ မြရတနာ အုန်းဆီပုလင်းကို ယူပြီး လက်ဖဝါးထဲ ထည့်တယ်။
နှစ်ပေါင်းများစွာ မီးခိုးကြပ်နံ့စွဲနေတဲ့ သူ့ရဲ့ ဆံပင်ရှည်ရှည်တွေပေါ် လက်ထဲက အုန်းဆီကို ပွတ်ချ။
အဖတ် အဖတ်တွေကွာနေတဲ့ ကော်ဘီးကို စားပွဲအောက် ခြင်းထဲကနေထုတ်ပြီး ဆံပင်တွေကို နောက်လှန်ဖီးတယ်။
ရေအိုးထဲက ရေနည်းနည်းကို ခွက်နဲ့ခပ်ပြီး လက်ဖဝါးပေါ်လောင်းတယ်။
တဝက်ကျိုးပြီး ပါးလှပ်နေတဲ့ ရွှေပြည်နန်းသနပ်ခါးခဲကို လက်ဖဝါးပေါ်တင် ပွတ်သွေးပြီး..သူ့မျက်နှာ ညိုညိုကြမ်းကြမ်းကြီးပေါ် လိမ်းချလိုက်တယ်။
"သူ့မျက်နှာ..တစိမ့်စိမ့်ကြည့်ကာ..တသိမ့်သိမ့်အချစ်တွေ ရိုက်ခတ်လို့လာ..သူ့အပြုံးတွင်..ငေးကာငေးမှိုင်ကာ"
စိုးစန္ဒာထွန်းရဲ့ တသိမ့်သိမ့်သူ သီချင်း ကို ကောင်တာထိုင်နေတဲ့ ကိုသိန်းက ဖွင့်လိုက်တယ်။
ဒါဟာ မကြာခင် ဆိုင်ပိတ်တော့မယ်ဆိုတဲ့ အချက်ပြသီချင်း။
လက်ဖက်ရည်ဆိုင်ထဲ ထိုင်နေကြသူတွေက အလိုက်တသိပဲ ပိုက်ဆံရှင်းပြီး ပြန်ဖို့ပြင်ကြပြီ။
ဒီဆိုင်က ဆိုင်စဖွင့်ရင် မြန်မာပြည်သိန်းတန် ရဲ့ စုံတောမြိုင်စီးရီးဖွင့်ပြီး ဆိုင်ပိတ်ရင် စိုးစန္ဒာထွန်း ရဲ့ တသိမ့်သိမ့်သူ။
ဒီဆိုင်မှာ ထိုင်ကြသူအားလုံး ဒီအထာကို နပ်နေကြပြီးသား။
အဖျော်ဆရာကလည်း ကတ္တီပါသားဂျင်းဘောင်းဘီ နဲ့ စပို့ရှပ်အဖြူကို သေသေသပ်သပ်ဝတ်လို့။
သနပ်ခါးအဖွေးသား ၊ ဆံပင်ဆီရွှဲရွှဲနဲ့ ထွက်လာပြီ။
ပုဆိန်ပုံ ဆွဲသီးလေးပါတဲ့ သူ့ရဲ့ တစ်ကျပ်သားရွှေဆွဲကြိုးကို မြင်အောင် စပို့ရှပ် လည်ပင်း ကြယ်သီးနှစ်လုံးကို ဖြုတ်ထားသေးတယ်။
ဆိုင်ပိတ်ခါနီးအချိန် သောက်နေကျ ဖောက်သည် တစ်ယောက် ရောက်လာခဲ့သည်ရှိဦး။
အဲ့ဒီလူဟာ အဖျော်ဆရာရဲ့ လက်ရာကောင်းကောင်း ကျစိမ့်အရသာကို ဘယ်လိုမှ မှာရမှာမဟုတ်တော့ဘူး။
လူချင်း ဘယ်လောက်ရင်းနှီးနေပါစေ ဒီအချိန်မှာတော့ အဖျော်ဆရာဟာ
အားနာပါးနာတောင် ဖျော်ပေးမှာ မဟုတ်ဘူး။
ဆိုင်ရှင်တွေ ခိုင်းလည်း ဆောရီး။ သိကြားမင်းဆင်းဖျော်ခိုင်းလည်း ဆောရီး။
အဖျော်ဆရာဟာ ငွေနှစ်ရာကို အိပ်ကပ်ထဲထည့်။
ဆိုင်ရှင်က သူ့ကို လစာထဲက အရစ်ကျဖြတ်ပြီး ပြန်ရောင်းထားတဲ့ လက်ကိုင်အဖြောင့်နဲ့ ဂျပန်စက်ဘီး အနက်လေးကို စီးပြီး နင်းထွက်သွားတယ်။
ည ကိုးနာရီ ဆိုတာ တချို့အတွက် အိမ်ပြန်ချိန်။
အဖျော်ဆရာအတွက်ကတော့..အခုမှ ညရဲ့အရသာကို စတင် ခံစားရာ။
"လကမ္ဘာ - စားတော်ဆက်" ဆိုတဲ့ ဆေးပြယ်နေတဲ့ သစ်သားဆိုင်းဘုတ်ရှိတဲ့ အဆောက်အဦရှေ့မှာ အဖျော်ဆရာဟာ စက်ဘီးကို ရပ်၊ ဒေါက်ထောက်လိုက်တယ်။
ဆိုင်လေးဟာ တံခါးတခြမ်းကို ပိတ်ထားလိုက်ပါပြီ။ မကြာခင် ဆိုင်သိမ်းတော့မယ်ဆိုတဲ့ သင်္ကေတ။
ဝိုင်းတွေ အကုန်လုံးလည်း မူးနေကြပြီ။ ပိုက်ဆံရှင်းသူက ရှင်း။ အချင်းချင်း ငြင်းသူက ငြင်း။ ပုခုံးဖက်သူဖက်၊ ယိုင်ထိုးထိုးရပ်သူကရပ်။
အိမ်ပြန်ချိန်ကို ဘက်ဂီယာထိုးကြချိန်ကိုး။
အဖျော်ဆရာကတော့ အခုမှ စမှာ။
အဖျော်ဆရာဟာ ယုံကြည်ချက် အပြည့်ခြေလှမ်းတွေနဲ့ အရက်ပုလင်းတွေထောင်ထားတဲ့ ကောင်တာရှေ့ကို သွားတယ်။
"ဟယ်..အကိုကြီးလာပြီ...ဒီည အသည်းမြစ်ကြော်လေး ချန်ထားပေးတယ်နော်...ထုံးစံအတိုင်း တစိပ်ပဲမဟုတ်လား"
ကောင်တာနောက်က ကျစ်ဆံမြီးကြီးနှစ်ဖက်ကို စုံချရင်း..သနပ်ခါးအဖွေးသား..နှုတ်ခမ်းနီဖုံဖုံနဲ့ ခပ်သွက်သွက် အမျိုးသမီးကို အဖျော်ဆရာဟာ သွားကြီးတွေပေါ်အောင် ပြုံးရင်း..ကောင်တာနဲ့အနီးဆုံးက မှောင်ရိပ်ကျတဲ့ ဝိုင်းမှာ သွားထိုင်တယ်။
ဒီအရပ်ဒေသမှာ အိုပီ လို့ခေါ်တဲ့ အရက်ဖြူတစ်စိပ် ထည့်ထားတဲ့ ဖန်ခွက်ရယ်၊ ကိုင်းဖန်ခွက်ကြီးတခွက်ရယ်၊ သံပုရာသီးစိပ်ဘေးမှာ ဆားပုံထားတဲ့ ကော်ပန်းကန်တချပ်ရယ်၊ ကြက်အသည်းမြစ်တစ်ပွဲရယ် ကို အမျိုးသမီးက လာချပေးတယ်။
အရက်ပုလင်းကို စားပွဲပေါ်အတင် အမျိုးသမီးရဲ့ ရွှေလက်ကောက်တွေအများကြီးဝတ်ထားတဲ့ ညာဘက်လက်ဟာ အဖျော်ဆရာရဲ့ ဘယ်ဘက်လက်ဖမိုးနဲ့ မတော်တဆလား တော်တဆ လားမသိ...။
ဖြတ်ခနဲ ထိမိ။
အဖျော်ဆရာဟာ ဓာတ်လိုက်သွားသလို ရှိန်းခနဲ..ဖိန်းခနဲ။
"ဝါ.. က အကိုကြီး နောက်ကျနေလို့..ဒီညများ မလာတော့ဘူးလားလို့လေ..အဟင်း"
ဝါ ဆိုတဲ့ အမျိုးသမီး က ဘာခံစားချက်မှမဖြစ်သလို ပြောလိုက်မှ အဖျော်ဆရာဟာ ပလက်စတစ်ရေခရားကို ကိုင်ပြီး ဘေးက ရေခွက်ထဲ လောင်းထည့်နိုင်တော့တယ်။
"ကြက်အသည်းမြစ်လေးက ကောင်းမှကောင်း..အကိုကြီးရေ..ဟိုကောင် ဆိုက်ကားဆရာအောင်သိန်းတို့ လာတာတောင် ဝှက်ပေးထားရတာ..အကိုကြီး ဖို့လေ"
ဝါ ဟာ မျက်စောင်းလေးတချက် လှစ်ခနဲ ပစ်ပြီး...ငွေရှင်းမယ့် အပြင်က ဝိုင်းဆီ ထွက်သွားတယ်။
အဖျော်ဆရာဟာ ခွက်ထဲက အရက်ကို တမော့မော့တယ်။ မျက်လုံးတွေကို မှိတ်ထားပြီး လျှာဖျားကနေ လည်ချောင်း၊ လည်ချောင်းကနေ ဝမ်းခေါင်းထဲ ထိ တအိအိအပူ ကို အရသာခံတယ်။
"ဝါ"
သူ့စိတ်ထဲကနေတောင် ခပ်တိုးတိုးပဲ ခေါ်လိုက်တာပါ။
ဘယ်သူမှ မကြားနိုင်တာသိပေမယ့် ဘယ်သူများ ကြားသွားလေမလဲ..ဘေးဘီကို ရှက်စနိုးနဲ့ တချက်ကြည့်တယ်။
"ဝါ" ကတော့ သိမ်းခါနီး အရက်ဝိုင်းတွေကြား ပြေးလွှား။

❤12👍1
အဖျော်ဆရာဟာ ဖန်ခွက်ကို နောက်တကြိမ်မောချလိုက်ပြန်တယ်။
...................................................................................
(၂)
"ဖြူဖြူပြာပြာ..နီနီဝါဝါ..ဝေဆာမြူးလို့လွင်..ဟော့တရုံ..ဟော့ တရုံ...ပန်းမျိုးစုံတဲ့ ပြင်"
ဆောင်းဘောက်စ်တွေ ဆိုင်ရှေ့ကိုထုတ်၊ သင်္ကြန်သီချင်းတွေ ဝေဆာနေအောင် ဖွင့်ထားတဲ့ လကမ္ဘာဆိုင်ရှေ့မှာ အဖျော်ဆရာရဲ့ စက်ဘီးဟာ ထိုးရပ်လိုက်တယ်။
"ဟယ်..အကိုကြီး..နေ့ခင်းဘက်ကြီးလာတယ်နော်..အင်းလေ..သင်္ကြန်ရက်ဆိုတော့ ဆိုင်ပိတ်မှာပေါ့...လာလာ..ရေစိုကြီးနဲ့ ချမ်းနေတော့မယ်"
အဖျော်ဆရာဟာ နေကာမျက်မှန်ကို ချွတ်ပြီး ရေစိုနေတဲ့ သူ့ဆံပင်ရှည်ရှည်ကို ဖြာခနဲ ဖြာခနဲ ခါလိုက်တယ်။
"အမြည်းကတော့ ဒီနေ့ ဝါတို့ စတုဒီသာလုပ်တဲ့ မုန့်လုံးရေပေါ် ရှိမယ်..ကျန်တာတွေက ညနေမှ ကြော်လှော်ရမှာ...ထုံးစံအတိုင်း တပိုင်းပဲလား..ကိုကြီး"
ရေတွေစိုနေတဲ့ အဖျော်ဆရာဟာ ခေါင်းညိတ်လိုက်တယ်။
အိုပီတပိုင်းထည့်ထားတဲ့ ပုလင်းကြည်ကြည်လေး။ ပြီးတော့ အုန်းသီးမွမွလေးတွေဖြူးထားတဲ့ မုန့်လုံးရေပေါ်။
"ဝါ..ကိုယ်တိုင်လုံးထားတာနော်....ငရုတ်သီးတော့ သတိထား..ခစ်..ခစ်"
ဝါ ဟာ ပိတောက်တွေပန်ထားတယ်။ မျက်နှာမှာလည်း ရေထိထားတဲ့ မိတ်ကပ်တွေနဲ့။
အဖျော်ဆရာဟာ ထုံးစံအတိုင်း တခွက်ငှဲ့သောက်တယ်။
"ဝါ"
နှုတ်ခမ်းလှုပ်ရုံ ခပ်တိုးတိုးခေါ်ကြည့်တယ်။
ဆိုင်ထဲမှာ ဖွင့်ထားတဲ့ တီဗွီမှာ မင်းသမီးခင်သန်းနုဟာ ဘုရားစောင်းတန်းတခုမှာ မျက်လုံးလေး ပုတ်ခပ်ပုတ်ခပ်နဲ့.တခုခုကို မျှော်လင့်နေတဲ့ ပုံစံနဲ့။
စိမ့် ခနဲ ခံစားချက်ကြောင့် တီဗွီကို မော့ကြည့်နေတဲ့ အဖျော်ဆရာဟာ အလန့်တကြားဖြစ်သွားပြန်တယ်။
"တို့ အကိုကြီးကို..ရေလောင်းလိုက်ပြီကွ"
ဝါ ဟာ ရေခဲစိမ်ထားတဲ့ ရေနဲ့...အဖျော်ဆရာရဲ့ ကုပ်ပိုးကနေ လောင်းချလိုက်တာပါ။
ဝါ ရယ်နေတယ်။ တီဗီထဲမှာ ခင်သန်းနုက ငိုနေတယ်။
အဖျော်ဆရာကတော့ ရှက်ပြုံးကြီးနဲ့။
အဲ့ဒီနေ့မှာ အဖျော်ဆရာဟာ ည ဆိုင်ပိတ်ချိန်အထိ အရက်တွေမှာသောက်တယ်။
"ဝါ" ကိုယ်တိုင်ချက်တာလေ ဆိုတဲ့ စကားလုံးကို မြည်းတယ်။
"ဝါ" ရဲ့ မျက်စောင်းလေးတွေကို မြည်းတယ်။
"ဝါ" လို့..ဘယ်သူမှ မကြားအောင် ခပ်တိုးတိုး ခေါ်ကြည့်တယ်။
တနေကုန် "ဝါ" ရဲ့ ကျစ်ဆံမြီးတွေ ကို ငေးပြီး အရက်သောက်ရတာကိုလည်း အဖျော်ဆရာ အရမ်းပျော်ခဲ့တယ်။
................................................................................
သင်္ကြန်အပြီးမှာတော့။
အဖျော်ဆရာ ဟာ ဝါရဲ့ ညတွေ အပြင်၊ ဝါရဲ့ နေ့တွေကိုပါ ထပ်တိုးဖန်တီးလာတယ်။
အလုပ်ချိန်မှာ အရက်မသောက်ပါဘူးဆိုတဲ့ ဆိုင်ရှင်ကို ပေးထားတဲ့ ကတိ ဟာ ဝါ ဆိုတဲ့ နာမည်တစ်လုံးကြားမှာ ပျက်ပြယ်လာတယ်။
ဆိုင်ရှင် လစ်ရင် လစ်သလို စက်ဘီးနဲ့ ထွက်သွားတယ်။ "ဝါ" ကမ်းပေးမယ့် အရက်တစ်စိပ် နဲ့ အချိန်ဘယ်လောက်ရရ။
အဖျော်ဆရာမရှိတဲ့ အခါ မုန့်ဆရာတွေ၊ စားပွဲထိုးတွေက လက်ဖက်ရည်ကို ဖြစ်သလို ဝင်ဖျော်ကြရတယ်။
လက်ဖက်ရည်သမားတွေအတွက် အရသာဆိုတာ ခံစားချက်လိုပဲ။ အလိုအလျောက် ခွဲခြားနိုင်တယ်။ စီးမျောနိုင်တယ်။ နာကြင်နိုင်တယ်။
လက်ဖက်ရည်တခွက်ရဲ့ ဂုဏ်သတင်းဟာ ဆိုင်ရှင်ဆီ ပြန်ပြန်ရောက်တယ်။
အဖျော်ဆရာဟာ ဒီပြဿနာကို ဆိုင်ရှင် မသိအောင် ရှင်းဖို့ အားထုတ်ရတယ်။
တချိန်က အကျရည်စပ်ရင်တောင် ဘယ်သူ့ကိုမှ အဖျော်ခန်းထဲပေးမဝင်ပဲ ခန္ဓာကိုယ်နဲ့ကွယ်ပြီးမှ စပ်တတ်တဲ့ အဖျော်ဆရာဟာ။
သူ့အဖျော်ခန်းထဲမှာ ကော်ဖီမစ်ပလိန်းလိုမျိုး ရေနွေးပဲထည့်ရတာကိုတောင် သူကလွဲပြီး ဘယ်သူမှ ဝင်လုပ်တာကို မကြိုက်တဲ့ အဖျော်ဆရာဟာ။
"ဝါ" နဲ့ အဖျော်ခန်းကို အလဲအလှယ်လုပ်တယ်။
ဆိုင်ရှင် မရှိတဲ့အချိန်တိုင်း အဖျော်ခန်းကို မုန့်ဆရာ၊ စားပွဲထိုးတွေလက်အပ်ပြီး အဖျော်ဆရာဟာ ဝါ့ လက်နဲ့ ချင်တွယ်ပေးမယ့် အရက်တခွက်ဆီ ပြေးတော့တယ်။
(၃)
"သြော်...အလုပ်ပြုတ်လည်း..ဘာဖြစ်လည်း အကိုကြီးရဲ့..အခိုက်အတန့်ပဲ..ဝါ့ ဆိုင်မှာ အကြွေးထားလို့ရပါတယ်...ဒီလူ ဒီလူတွေဟာကို"
ဝါ ဟာ အဖျော်ဆရာရဲ့ လည်ပင်းက တစ်ကျပ်သားရွှေဆွဲကြိုးကို ဖြတ်ခနဲ ကြည့်ရင်း ပြောပါတယ်။
ခေါင်းငိုက်စိုက်ကျနေတဲ့ အဖျော်ဆရာဟာ..ဆီမလိမ်းနိုင်တော့တဲ့ သူ့ဆံပင်ရှည်တွေကို သပ်တင်လိုက်ပြီး...ဝါ့ ကို ပြုံးပြလိုက်တယ်။
(၄)
"ဟယ်..ဒါဆို..အကိုကြီး..အိမ်လေးရောင်းလိုက်ပြီပေါ့"
ဝါ ဟာ စိုးရိမ်သောက ဗျာပါဒ အသံလေးနဲ့ ရင်ဘတ်ကို ဖိလို့။
အိုပီတစ်လုံး၊ ကြက်ခြေထောက်တပွဲ ချပေးပြီး မျက်စောင်းလေး ချိတ်ပြန်တယ်။
ပြီးတော့ အဖျော်ဆရာရဲ့ ရှေ့တည့်တည့်ခုံမှာ ဝင်ထိုင်ရင်း ဗလာစာအုပ်တစ်အုပ်ကို စားပွဲပေါ် တင်လိုက်တယ်။
"ဒါက ဆွဲကြိုးနဲ့ ချေတဲ့စာရင်း၊ ဒါက စက်ဘီးဖိုးနဲ့ ပြန်အမ်းပြီးနောက်ပိုင်း...အကိုကြီး သောက်ထားစားထားတဲ့ စာရင်းတွေ...ဒီကနေ့ စတယ်..ဒီမှာလေ..."
ဝါ ဟာ အချက်နဲ့။ အလက်နဲ့။ အကိုးနဲ့။ အကားနဲ့။ အထောက်နဲ့။ အထားနဲ့။
အဖျော်ဆရာကတော့..ဝါတာတာ မျက်လုံးတွေနဲ့။ ဝါထိန်ထိန် အသားအရည်နဲ့။ ရှုပ်ပွနေတဲ့ဆံပင်တွေနဲ့။
ကားထွက်နေတဲ့ မေးရိုးနှစ်ဖက်နဲ့။ တုန်ရီနေတဲ့လက်နဲ့။
အရောင်မထွက်တော့တဲ့ အနွေးထည်ကြီးအောက်က...တဝါ တည်း ဝါ နေတဲ့ အသည်းနှလုံးကြီးနဲ့။
"ဝါ တွက်ပြတာ..မှန်တယ်နော်..အကိုကြီး"

❤12
အဖျော်ဆရာဟာ ဘာမှ မငြင်းခဲ့။
ဝါ့ ကို မငြင်းခဲ့။ အရက်ကိုလည်း မငြင်းခဲ့။
ဝါ မို့လည်း မငြင်းခဲ့။ မငြင်းနိုင်ခဲ့။
အရက်မို့လည်း မငြင်းခဲ့။ မငြင်းနိုင်ခဲ့။
ဒီလိုနဲ့....
အဖျော်ဆရာရဲ့ အရိုးဂေါက်ဂက်လက်တွေဟာ ကျွတ်ကျွတ်အိတ်အနီ နဲ့ ပတ်ထားတဲ့ ငွေတစ်ထပ်ကို ဖြည်ထုတ်လိုက်တယ်။
.............................................................................
(၅)
စျေးကြီးဆီကို သွားတဲ့လမ်း မှာ ဇရပ်တခုရှိတယ်။
အဲ့ဒီဇရပ်ဘေးမှာတော့ "ရင်ခွဲရုံ" လို့ ရေးထားတဲ့ အဝါရောင်အဆောက်အဦ။
"ဝါ"ဟာ အမြည်းလုပ်စရာတွေဝယ်ဖို့ စျေးကြီးကို သွားတိုင်း ဒီရှေ့ရောက်ရင် အသက်ကိုအောင့်၊ မျက်နှာကို ဟိုဘက် လွှဲထားတတ်တယ်။
တခါတလေ လူသေပုပ်နံ့တွေဘာတွေလည်း ရှိ၊ အလောင်းတွေသယ်လာတာတွေဘာတွေလည်းရှိတာကိုး။
အခုလည်း ဝါဟာ ဆွဲခြင်းကို ပေါင်ပေါ်တင်ပြီး ဟိုဘက်ကို မျက်နှာလွှဲထားတယ်။
ဝါ ရွံရှာစက်ဆုပ်စွာ မျက်နှာလွှဲထားတဲ့ ဇရပ်ရဲ့ ထောင့်တနေရာမှာတော့။
ဖျာစုတ်တချပ်ပေါ်မှာ လှဲ၊ ဖားဥတွေဆွဲပြီး ဝါထိန်နေတဲ့ ခေါင်းအုံးပေါ် ခေါင်းတင်ရင်း အသက်ကို ခက်ခက်ခဲခဲ ရှုနေတဲ့ အဖျော်ဆရာ ရှိနေတယ်။
အာဟာရပြတ်လတ်လို့ ကြုံလှီနေတဲ့ လက်ကလေးတွေဟာ အဖျော်ဆရာရဲ့ ဗိုက်ပူပူပေါ်မှာ ကောက်ကွေးလို့။
ဆွေမရှိ မျိုးမရှိ လမ်းဘေးနေလမ်းဘေးစား သေခါနီး အသဲရောင်အသားဝါရောဂါသည်အရက်သမား တစ်ယောက်ကို ရင်ခွဲရုံနဲ့ အနီးဆုံးဇရပ်ပေါ် ကို ဘယ်သူတွေက လာထားသွားခဲ့ကြမှန်းတော့မသိဘူး။
အဖျော်ဆရာဟာ အသက်ကို အားယူပြီး ရှုနေတယ်။ နှုတ်ခမ်းဖွေးဖွေးတွေဟာ တဆတ်ဆတ်လှုပ်နေတယ်။
အရင့်အရင်ကလို "ဝါ"လို့ ဘယ်သူမှမကြားအောင် ခပ်တိုးတိုးခေါ်နေသလားပဲ။
ပြီးတော့..မျက်တွင်းဟောက်ပက်ထဲက ပြူးထွက်နေတဲ့ ဝါထိန်ထိန် မျက်လုံးတွေဟာ ဇရပ်ရဲ့ ထုပ်တန်းတွေဆီ တချက်လှန်ကြည့်ရင်း အသက်ရှုရပ်သွားတော့တယ်။
"ဝါ" စီးလာတဲ့ ဆိုက်ကားဟာ ရင်ခွဲရုံကို ကျော်သွားခဲ့ပြီ။
"ဝါ"ဟာ ဒီတော့မှ အသက်ကို ဝဝ ရှုတယ်။ မျက်နှာကို စျေးရှိရာ တူရှုအရပ်ဆီ ဦးတည်တယ်။
တခါက အဖျော်ဆရာတစ်ယောက် ရှိခဲ့ဖူးသည်ကိုတော့ "လကမ္ဘာ စားတော်ဆက်" မှ "မဝါဝါဝင်း" သတိရ၊ မရ မပြောတတ်ပါ။
ခက်ဇော်
Art by Vineeth Manon

❤52👍13