Hana : The Sweet Orophile
104K subscribers
3.57K photos
204 videos
3.63K links
Download Telegram
ကျနော့်မယား ဂန်းစတား ၂ (၂၀၀၃)

IMDb - 6/10
Genre - Action, Comedy


ဒီဇာတ်လမ်းကိုတော့ ရှေ့က ပထမဇာတ်ကားရဲ့အဆက်အနေနဲ့ ဆက်စပ်ထားပါတယ်။ မင်းသမီးနဲ့ လူဆိုးဂိုဏ်းတွေဟာ ပထမကားက ရန်ကြွေးလက်ကျန်တွေကို ဆက်လက်ဖြေရှင်းကြမှာပါ။ တစ်ခုကတော့ မင်းသမီးဟာ ဇာတ်လမ်းအစမှာကတည်းက ဒဏ်ရာပြင်းထန်စွာရရှိပြီးတော့ အတိတ်မေ့သွားခဲ့တာပါ။ အတိတ်ကို သတိရဖို့ ကြိုးစားနေတဲ့ သူမနဲ့ ပထမဇာတ်လမ်းက ရန်ညိုးတွေ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာ။

t.me/hanamovie20/4506
ကျနော့်မယား ဂန်းစတား ၃ (၂၀၀၆)

IMDb - 6.3/10
Genre - Action, Comedy


မှာတော့ ရှေ့ကထွက်ရှိခဲ့တဲ့ ကိုရီးယားမင်းသမီးရဲ့ ဇာတ်ကားတွေနဲ့ မဆက်စပ်တော့ပါဘူး။ ဒီတစ်ခါ ဂိုဏ်းစတားမလေးကတော့ တရုတ်မင်းသမီးလေး ရှုကြည် ပါ။ မင်းသားကတော့ ကိုရီးယားက တလွဲကောင်ဖြစ်ပြီး သူ့ရဲ့လက်ထောက် လူမိုက်တလွဲကောင်တွေနဲ့ ရှယ်ရီနေရပါတယ်။ မင်းသမီး ရှုကြည် က တရုတ်လိုပဲရတော့ တရုတ်-ကိုရီးယား ဘာသာပြန်ငှားရပြီး ငှားလိုက်တဲ့ ဘာသာပြန်ကလဲ တကယ့်ထွန်းထွန်းပေါက်ပေါက်မလို့ အလွဲလွဲအချော်ချော်တွေနဲ့ မစ်ရှင်တွေကို ချီတက်ကြမှာပါ။ ဒီဇာတ်ကားက ကျနော့်မယား ဂန်းစတား ဇာတ်ကားတွေထဲမှာ အရယ်ရဆုံးဇာတ်ကားဖြစ်ပြီး ဒရမ်မာဖက်မှာတော့ ရှေ့ကကားတွေလောက် မဖိစီးထားပါဘူး။ အက်ရှင်ဟာသဖက်ပိုသွားပါတယ်။

t.me/hanamovie20/4508
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠🔠 🔠🔠🔠🔠

📢ပျော်ရွှင်စရာ စလော့ ကမ္ဘာနဲ့ မှန်ကန်တိကျတဲ့ ရွှေဘီလူးဝက်ဆိုဒ်💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် 5️⃣0️⃣🔣 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ2️⃣0️⃣🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် 5️⃣🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
အကြီးဆုံးသား၏တာဝန် (၂၀၁၄)

IMDb - 7.8/10
Genre - War, Drama


၁၉၅၀ ခုနှစ်ကို ဇာတ်ကြောင်းယူထားပြီး ဒီဇာတ်ကားလေးဟာ ဆုပေါင်း ၂၀ လျာထားခြင်းခံရပြီး 17 ဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၉၅၀ ခုနှစ် ဒီဇင်ဘာလ ကိုရီးယားမှာ စစ်ပွဲတွေ ပြင်းထန်နေတဲ့အချိန် ယွန်း ဒေါ့ဆူတို့ မိသားစုဟာ ပြေးလိုက်လွှားလိုက် အန္တရာယ်ကို ကျော်ဖြတ်လိုက်နဲ့ပါပဲ။ သူတို့မိသားစုရော ဒေါ့ဆူ ရဲ့ ကံကြမ္မာဟာ ပြောင်းလဲဖို့ ဖန်လာတယ်ပဲ ပြောရမလား။ စစ်ပွဲအတွင်းမှာ ဒေါ့ဆူ ဟာ သူ့ရဲ့ညီမလေးကို ပျောက်ဆုံးသွားပါတော့တယ်။ ညီမကိုချစ်တဲ့ ဒေါ့ဆူ။ သူပါလိုက်ရှာမယ် ပြောတော့ သူ့အဖေက နေခဲ့ဖို့ ပြောပြီး တကယ်လို့ သူမရှိခဲ့ရင် ဒေါ့ဆူက မိသားစုအကြီးအကဲအနေနဲ့ မိသားစုကို စောင့်ရှောက်ရမယ်လို့ မှာခဲ့တယ်။ စစ်ပွဲအပြီး ဘူဆန်မှာ အခြေချပြီးတဲ့အခါမှာတော့ ဒေါ့ဆူဟာ သူ့အဖေရဲ့ မှာကြားချက်အတိုင်း သားကြီးတစ်ယောက်အနေနဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုအပေါ်မှာ အစစအရာရာ အကုန် တာဝန်ယူပြီးတော့ ရှေ့ဆက် ကြိုးစားပါတော့တယ်။ သူ့ရဲ့အနှစ်နာခံမှုတွေ… စွန့်လွှတ်မှုတွေက ရင်ကို ထိခိုက်စေမှာပါ။ အချစ်ကြောင့်။ မိသားစုကြောင့် ဒေါ့ဆူတစ်ယောက် ဘာတွေ ဘယ်လို ဆက်ဖြစ်ပြီး ဘယ်လို ရင်ဆိုင်မယ်ဆိုတာ။

t.me/hanamovie20/4511
ကိုဗစ်မျိုးကွဲသစ်တဲ့နော်။ ဂရုစိုက်ကြဦး

- ခေါင်းကိုက်
- နှာရည်ယို
- ချောင်းဆိုး

စဖြစ်တဲ့ ၅ ရက်အတွင်းသိရင် ကုစရာဆေးရှိတာမို့ အအေးမိတာလား၊ ကိုဗစ်လား ဆိုတာ စစ်ဆေးပါ တဲ့
ပျော်ရွှင်မှု (၂၀၂၄)

ဘဝမှာ အသက်ရှင်ဖို့ တစ်ပတ်ပဲ အချိန်ရတော့မယ်ဆိုရင် သင် ဘာတွေလုပ်ဖြစ်မယ်လို့ထင်ပါသလဲ။ ဒီဇာတ်ကားထဲမှာတော့ နှလုံးရောဂါအခံကြောင့် တစ်ပတ်ပဲ အသက်ရှင်ရတော့မဲ့ကောင်မလေးဖြစ်သူနဲ့ ဒီကိစ္စကိုရုတ်တရက်သိလိုက်ရတဲ့ သူ့ရဲ့ကောင်လေးတို့ ကျန်ရှိတဲ့အချိန်တွေကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ယုမဆိုတဲ့ ကျောင်းသူလေးက သူနဲ့တွဲလာတာ လပိုင်းပဲရှိသေးတဲ့ကောင်လေးကို သူဟာ တစ်ပတ်လောက်ပဲ အသက်ရှင်နိုင်တော့မှာဖြစ်ကြောင်း သူ့ရဲ့ရောဂါအခြေအနေကို ရုတ်တရက် သိလိုက်ရပါတယ်။ စသိသိချင်းမှာ ကောင်လေးကတော့ ဒါကို လက်မခံနိုင်ခဲ့ပေမဲ့ ယုမရဲ့ ပျော်ရွှင်မှုကိုသာ လိုလားသူမို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သာမန်လူမှာ သေဆုံးချိန်ကို ကြိုမသိရပေမဲ့ ရောဂါဆိုးရှိနေခဲ့တဲ့ ကောင်မလေးမို့ သူ့ရဲ့ နောက်ဆုံးအချိန်ကို ယုမလေးတစ်ယောက် သူဖြစ်ချင်တဲ့ လော်လီတာ အိပ်မက်နောက်ကို လိုက်ပါတော့တယ်။ သူ့ရဲ့လက်ကျန်အချိန်တွေမှာ လုပ်ချင်တဲ့အရာဖြည့်ဆည်းပေးတဲ့ ကောင်လေးဖြစ်သူနဲ့ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာ၊ သေခြင်းတရားပေါ် အမြင်နဲ့ ဘဝရဲ့မတည်မြဲလွယ်မှုကို သူတို့တွေ ဘယ်လို ဘယ်ပုံနားလည်မှုရပြီး လက်ခံလာကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။

t.me/dramamv/1053
ချစ်ခဲ့ဖူးသော (၂၀၁၄)

IMDb - 7/10
Genre - Thriller, Romance


အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ဆက်ဆံရေးတွေခြောက်ကပ်လာတာအဆင်မပြေတော့တာ၊ လင်စိတ်သားစိတ်ကုန်တာဖြစ်တတ်စမြဲပါပဲ။ အဲ့ဒီလိုပဲ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ အီသန် နဲ့ ဆိုဖီ ဟာ ထိုပြဿနာကိုကြုံနေရပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူတို့ရဲ့အိမ်ထောင်ရေးက အသစ်အဆန်းမရှိခြောက်ကပ်နေတာကြောင့် အရင်ကလုပ်ခဲ့ဖူးတာတွေပျော်ခဲ့ဖူးတာတွေကိုပြန်လုပ်ကြည့်ပေမယ့်လဲ အဆင်ပြေမလာတာကြောင့် တစ်နေ့မှာအိမ်ထောင်ရေးအကြံပေးတစ်ယောက်ကိုတွေ့ရပါတော့တယ်။ အဲ့တာနဲ့ပဲ အကြံပေးက ဗီလာတစ်ခုကိုဒီပိတ်ရက်မှာသွားနေဖို့၊ အဲ့ဒီဗီလာမှာနေခဲ့ပြီးပြန်လာတဲ့စုံတွဲတွေလင်မယားတွေက ဘယ်လောက်ပြန်အဆင်ပြေသွားကြောင်းပြောပြတဲ့အခါ အီသန် တို့လဲ သွားနေဖို့ဆုံးဖြတ်လိုက်ကြတာပေါ့။ ဆိုတော့ အဲ့ဒီဗီလာကြီးကြောင့်စုံတွဲတွေဘယ်လိုပြန်အဆင်ပြေလာကြတာလဲ၊ တကယ်အဆင်ပြေတာရောဟုတ်ရဲ့လား၊ အဲ့ဒီဗီလာကြီးကဘယ်လိုထူးခြားနေတာလဲ။

t.me/gwmmupl/4897
လက်ထပ်တော့မည်ဆိုလျှင် (၂၀၂၁)

IMDb - 6.6/10
Genre - Romance, Comedy


တက်ဒီ နဲ့ လီယန် တို့က မထင်မှတ်တဲ့တွေ့ဆုံမှုတစ်ခုကနေ တစ်ဦးကိုတစ်ဦးချစ်မိသွားပြီး လက်ထပ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးပေါ့။ ဒါပေမယ့် တက်ဒီ ကတော့ လီယန် ကိုချစ်ပေမယ့် အလုပ်ပေါ်မှာပဲအာရုံစိုက်ပြီး ဇနီးကိုအချိန်မပေးဖြစ်ခဲ့ပါဘူး။ ဟန်းနီးမွန်းထွက်ဖို့ကိုတောင် မစီစဉ်ခဲ့ပဲနဲ့ “နောက်မှ” ဆိုပြီးလုပ်နေခဲ့တဲ့သူပါ။ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးည လက်ဖွဲ့တွေကိုကြည့်ရင်းကနေ ဘယ်သူပို့လိုက်မှန်းမသိတဲ့ထူးဆန်းတဲ့လက်ဖွဲ့လေးတစ်ခုကိုတွေ့ခဲ့လို့ ဖွင့်ကြည့်မိရာကနေ။ တက်ဒီ တစ်ယောက် အဆပေါင်းများစွာအကုန်မြန်နေတဲ့ အချိန်ကာလတစ်ခုထဲရောက်သွားပါတော့တယ်။ သူနိုးထလာတိုင်း တစ်နှစ်ပြောင်းသွားပြီး သူနိုးထလာတဲ့အချိန်ကလည်း သူတို့ရဲ့မင်္ဂလာဦးနှစ်ပတ်လည်နေ့ဖြစ်နေပါတယ်။ ဒီလိုအချိန်စက်ဝန်းကြီးထဲကနေ တက်ဒီ တစ်ယောက်ဘယ်လိုရုန်းထွက်မှာလဲ၊ ဒီလိုအကုန်မြန်နေတဲ့အချိန်ကြောင့် သူ့ဘဝကြီးကဘာတွေဘယ်လိုဖြစ်ပြီးပြောင်းလဲကုန်မှာလဲ၊ သူတို့ရဲ့အိမ်ထောင်ရောအပေါ်မှာရော သက်ရောက်မှုရှိမှာလဲ။

t.me/dramamv/1055
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
❤️❤️❤️❤️ ❤️❤️❤️❤️

📢အကောင်းဆုံးဘောနပ်များစွာနဲ့ရှယ်အမ်းတဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် ❤️❤️🔣 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ❤️❤️🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် ❤️🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
ကိုယ်တို့နှစ်‌ယောက်သာဆိုရင် (၂၀၀၅)

IMDb - 6.8/10
Genre - Comedy, Romance


ရေချယ် က သူနဲ့အချိန်ကြာတွဲနေတဲ့ ကောင်လေးဖြစ်သူ ဟက်တာနဲ့ လက်ထပ်တော့မှာပါ။ ဒါပေမဲ့ လက်ထပ်ပွဲနေ့မှာ ပန်းအလှဆင်ပေးတဲ့ လုစ်နဲ့ တွေ့မိသွားပြီး ချစ်မိသွားခဲ့ပါတယ်။ လက်ထပ်ပွဲပြီးနောက်မှာလည်း လုစ်ကို ညစာလာစားဖို့ ခေါ်ရင်း သူ့ရဲ့ခံစားချက်တွေက စစ်မှန်မှန်း ပိုသိသာလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ယောင်္ကျားဖြစ်သူ ဟက်တာကိုလည်း မထားခဲ့နိုင်၊ သူ့ရဲ့ခံစားချက်တွေကိုလည်း ဖုံးကွယ်ထားရင်းနဲ့ အိမ်ထောင်ရေးမပြေလည်မှုတွေလည်း ဖြစ်လာပြီးနောက်မှာတော့ ရေချယ်တစ်ယောက် သူ့ရဲ့နှလုံးသားနောက်ကို လိုက်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

t.me/gwmmupl/4899
ဘဲ့စားဘဲကြေ (၂၀၀၆)

IMDb - 6.2/10
Genre - Comedy, Drama


မိသားစုအပေါ် အင်မတန် ချစ်မြတ်နိုးပြီး ဂရုစိုက်တဲ့ ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်ဖြစ်တဲ့ အိုဒုံးချော က ပုံမှန်လခစား ရုံးဝန်ထမ်းဖြစ်ပေမဲ့ စတော့ရှယ်ယာ ကစားမိလို့ အကြွေးပုံထဲမှာ နစ်ပြီး ဒုက္ခရောက်နေသူတစ်ဦးပေါ့။ တစ်လတစ်ခါ အတိုးပြန်ဆပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားရင်းနဲ့ပဲ အရင်းကို ပြန်ဆပ်ရမဲ့နေ့ကလည်း မြန်မြန်ဆန်ဆန်ကို ရောက်လာပါတော့တယ်။ အဲဒီအချိန်မှာ သူနဲ့ ဘဝတူ အကြွေးနွံထဲနစ်ပြီး လတိုင်း အတိုးပြန်ဆပ်နေရတဲ့ မန်းဟို နဲ့ တွေ့ဆုံခဲ့ပြီး နောက်ကလေးတစ်ယောက်ကို ပြန်ပေးဆွဲပြီး မိဘတွေကို ပိုက်ဆံနဲ့ လာပြန်ရွေးခိုင်းဖို့ ကြံစည်ခဲ့ပေမဲ့လည်း အကြောင်းအမျိုးမျိုးနဲ့ သူတို့ရဲ့ အစီအစဉ် ပျက်ခဲ့ရပါတော့တယ်။ အဲဒီနောက် ကြံရာမရတဲ့အဆုံး ပိုက်ဆံချမ်းသာတဲ့ သူဌေးသမီးဖြစ်တဲ့ အထက်တန်းကျောင်းသူလေး ထယ်ဟီး ကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ နောက်တစ်ခါ ထပ်ကြိုးစားခဲ့ရာမှ ဒုံးချော ဆီကို “မင်းရဲ့ သမီးကို ပြန်ပေးဆွဲထားတယ်” ဆိုတဲ့ ဖုန်းတစ်ကောလ် ဝင်လာတဲ့အခါ။ ဒီတစ်ခါမှာရော သူတို့နှစ်ယောက်ရဲ့ ပြန်ပေးဆွဲတဲ့ အစီအစဉ်လေးက ထင်ထားသလို ချောချောမွေမွေ့နဲ့ ဖြစ်သွားပါ့မလား။ သူများသမီးကို ပြန်ပေးဆွဲရင်း ကိုယ့်သမီးလေးကလည်း ပြန်ပေးဆွဲခံထားရတယ် ဆိုတာကို ကြားပြီး ဒုံးချော တစ်ယောက် ဘယ်လို ဆက်လုပ်သွားမလဲ။

t.me/msubmovie0/3277
တမလွန်ကချစ်သူ (၂၀၀၆)

IMDb - 6.1/10
Genre - Fantasy, Action


တစ်ချိန်က ဘုရင်ကိုယ်တိုင်ချီးမြှောက်ထားတဲ့ ချောယုံးဒယ်ဆိုတဲ့ တော်ဝင်မကောင်းဆိုးဝါးနှိမ်နင်းသူအဖွဲ့ ဟာ မင်းမျိုးမင်းနွယ်တွေရဲ့ ဒုစရိုက်မှုတွေကြောင့် ပြန်လည်ပုန်ကန်တဲ့အခါမှာတော့ အဖွဲ့ဝင်တွေ အကုန် သေဆုံးသွားကြရပြီးနောက် အဖွဲ့ပါ ဖျက်သိမ်းခံလိုက်ရပါတော့တယ်။ ထိုသေဘေးကနေ လွတ်မြောက်သွားခဲ့တဲ့ ချောယုံးဒယ်ရဲ့အဖွဲ့ဝင်ဖြစ်သူ အီဂွက် ဆိုသူကတော့ သရဲတစ္ဆေတွေကို မြင်နိုင်တဲ့အစွမ်းရှိပြီး နေရာအနှံ့မှာ မကောင်းဆိုးဝါးလိုက် နှိမ်နင်းရင်းနဲ့ ကံအကြောင်းမလှပဲ တမလွန်လောကကို ရောက်လာပါတော့တယ်။ တမလွန်လောကမှာတော့ သေဆုံးပြီး ဝိညာဉ်တွေဟာ ၄၉ ရက်ကြာ ဒီနေရာမှာ နေထိုင်ရင်း ငရဲကျမလား နတ်ပြည်သွားရမလား လူပြန်ဝင်စားမလားဆိုပြီး ဆုံးဖြတ်ခံကြရပါတယ်။ သေခြင်းရှင်ခြင်း နှစ်မျိုးကြားမှာ တည်ရှိနေတဲ့ ဆန်းပြားလှတဲ့ ဒီနေရာမှာ အီဂွက် တစ်ယောက် သေဆုံးသွားပြီဖြစ်တဲ့ တစ်ချိန်က ချစ်ရသူ ယွန်းဟွာ နဲ့ တစ်ထပ်တည်းတူနေပေမဲ့ အရင်ဘဝနဲ့ပတ်သတ်ပြီး ဘာမှတ်ဥာဏ်မှမရှိဘဲ တမလွန်လောကရဲ့ အစောင့်အရှောက် မသေမျိုးတစ်ဦးဖြစ်နေတဲ့ ဆိုဟွာ ဆိုသူနဲ့ တွေ့ရတဲ့အခါမှာတော့ မမေ့သွားပါဘူးလို့ ကတိပေးထားခဲ့တဲ့ ချစ်ရသူမိန်းကလေးက ကတိပေးထားတဲ့အတိုင်း ပြန်မှတ်မိလာမလား။ တမလွန်လောကကို ကာကွယ်ရမဲ့ အစောင့်အရှောက် တစ်ဦးနဲ့ လူသားတစ်ဦးတို့ ပေါင်းစည်းလို့ ရနိုင်မလား။

t.me/msubmovie0/3279
စစ်မြေပြင် (၂၀၂၁)

IMDb - 7.4/10
Genre - Action, Thriller


ဂျောင်အူ ဟာ ငယ်ငယ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးပါးသွားတာကြောင့် မိဘတွေရဲ့ သူငယ်ချင်းဖြစ်တဲ့ ဟန်နာ ရဲ့ အမေက ဂျောင်အူ ကို ခေါ်ယူပြီး မွေးစားခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ ဂျောင်အူ ဟာ မွေးစားအမေနဲ့ အစ်မ ဟန်နာ ကို မပင်ပန်းစေချင်တာကြောင့် နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မွေးစားအမေက ကားမတော်တဆမှုကြောင့် ဆုံးပါးသွားတဲ့သတင်းကို ကြားပြီး ကိုယ့်နိုင်ငံကို အပြေးပြန်လာခဲ့ပေမဲ့ အဲဒါက သာမန်ကားမ‌တော်တဆမှုမဟုတ်ဘဲ မူးယစ်ဆေးဖြန့်ဖြူး ရောင်းချတဲ့ ဂျပန်ယာကူဇာဂိုဏ်းနဲ့ ပတ်သက်နေတဲ့အခါမှာတော့ ဂျောင်အူ တစ်ယောက် မွေးစားအမေအတွက် တရားမျှတမှုကိုရှာဖွေပြီး လက်စားချေပေးနိုင်ပါ့မလား။

t.me/msubmovie0/3281
Forwarded from Hyper M9 Skm
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
ကမ္ဘာမြေကြီး တုန်ဟီးသွားလိမ့်မည် (၂၀၂၅)

IMDb - 6.4/10
Genre - War, Drama


နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်သိမ်းပိုက်အပြီးမှာ ဂျူးလူမျိုးတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ စတင် လုပ်ဆောင်လာခဲ့ပါတယ်။ မီခေးဝုဖ် နဲ့ ရှောလမွန် တို့ဟာ နာဇီအလုပ်စခန်းမှာ အလုပ်လုပ်ရမယ်လို့ လိမ်ညာခေါ်ဆောင်ခံခဲ့ရပြီး တကယ်တမ်းရောက်သွားတဲ့အချိန်မှ အလုပ်စခန်းမဟုတ်ဘဲ လူသတ်စခန်းဖြစ်နေမှန်း သိခဲ့ရပါတယ်။ ဒီလိုနဲ့ သေမထူးနေမထူးဘဝတွေမို့ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။ ထွက်ပြေးတယ်ဆိုတာလည်း အပြောကသာ လွယ်ပေမဲ့ နာဇီတွေပတ်လည်ဝိုင်းနေတဲ့ နယ်မြေမှာ ထွက်ပြေးဖို့ဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေပါ။ ဒီလိုနဲ့ သူတို့တွေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြမလဲ။ အသည်းတအေးအေးနဲ့ စိတ်ဝင်စားဖွယ်ပါပဲ။ ဒီရုပ်ရှင်လေးမှာတော့ သမိုင်းအဖြစ်အပျက်တွေကို လက်တွေ့ကျကျ တင်ဆက်ပြသထားတာမို့ ဒုတိယကမ္ဘာစစ်အတွင်းက ပိုလန်နိုင်ငံ ဂျူးလူမျိုးတွေရဲ့ ဘဝကို ပြန်လည်မြင်‌ယောင်ခံစားမိစေမှာပါ။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာမို့ စိတ်ဝင်စားဖို့လည်းကောင်းပြီး ကြည့်ရတာ နောင်တမရစေမဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါကြောင်း။

t.me/msubmovie0/3284
စတူဒီရို (၂၀၂၅)

IMDb - 8.1/10
Genre - Comedy


မက်ရမ်မစ် ဆိုတဲ့ စီမံခန့်ခွဲသူက သူ ဆယ်စုနှစ် ၂ ခုစာလောက် အလုပ်လုပ်လာတဲ့ ‘ကွန်တီနန်တယ်စတူဒီယို’ရဲ့ အမှုဆောင်ဦးစီးအဖြစ် ရာထူးတက်သွားတယ်။ ရာထူးတက်သွားပြီဆိုတာနဲ့ သူက ဘယ်လိုမျိုးအနုပညာလက်ရာတွေကို ချပြမှာ၊ ဘယ်လိုကားကောင်းတွေကိုပဲ ထုတ်မှာ ဘာညာသာရကာဆိုပြီး ကြွားလုံးထုတ်တော့တာပါပဲ။ တကယ်တော့ သူအဲ့ရာထူးရလာတာကိုက ဘာဘီ ရုပ်ရှင်လိုမျိုး ကူးလ်အိတ် အချိုရည်ကို ဘရန်းကြော်ငြာတဲ့ရုပ်ရှင်တစ်ကား ရိုက်ပေးပါ့မယ်ဆိုတဲ့ ကတိကဝတ်နဲ့ ရာထူးတက်လာတာ။ ရုံတင်ဝင်ငွေကောင်းတဲ့ရုပ်ရှင်ကားကိုရိုက်မလား၊ အော်စကာတွေ ပတ်သိမ်းမယ့်ဂန္တဝင်ရုပ်ရှင်ကားကို ရိုက်မလားလို့ သူ့ကိုလာမေးရင် သူက နှစ်ခုလုံးကို ရအောင်လုပ်ပြချင်တာပါတဲ့။ သူ့ရဲ့ စိတ်ကူးအိပ်မက်တွေက တခြား၊ တကယ်လက်တွေ့လုပ်နေရတာတွေက တခြားနဲ့ မက်တစ်ယောက် ဘယ်လိုမျိုး အလွဲတွေကို ရင်ဆိုင်ရမလဲဆိုတာကို ရယ်မောဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

t.me/clzsr/8153
လမ်းဆုံး (၂၀၁၅)

IMDb - 7.2/10
Genre - Crime, Thriller


ရှီလုံမှာ မိန်းကလေးတစ်ယောက် အဓမ္မကျင့်အသတ်ခံရပြီး သူမရဲ့ မိသားစု ၄ ယောက်လည်း ရက်ရက်စက်စက် အသတ်ခံရတဲ့ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီလူသတ်မှုမှာ အဓိက သံသယဖြစ်ဖွယ် တရားခံ ၃ ယောက်ရှိတယ်လို့ ခန့်မှန်းထားပြီး ၇ နှစ်ကြာတဲ့အထိ ဒီအမှုကို မဖြေရှင်းနိုင်ခဲ့ဘူး။ ဒါပေမယ့် စုံထောက် ရီ ကတော့ ဒီအမှုကို လက်မလျှော့ခဲ့ပါဘူး။ သူပထမဆုံးကိုင်ရတဲ့ အမှုကြီး ဖြစ်တာကြောင့် တရားခံကို အခုထိ စုံစမ်းနေဆဲပါ။ သံသယရှိသူ ၃ ယောက်ကတော့ စွန်လေး ဆိုတဲ့ကလေးတစ်ယောက်ကို မွေးစားပြီး သာမန်ဘဝတွေနဲ့ ဆက်လက်ရှင်သန်နေကြပါတယ်။ တစ်ယောက်က တံငါရွာမှာ နေပြီး တစ်ယောက်က တက္ကစီဒရိုင်ဘာ လုပ်ကြပါတယ်။ နောက်တစ်ယောက်ကတော့ အကူရဲတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။ ကလေးအပေါ်ကြင်နာလွန်းတဲ့ သူတို့လိုလူတွေက တကယ်ပဲ ဒီလိုပြစ်မှုကြီးကို ကျူးလွန်ခဲ့ကြတာလား။ စုံထောက် ရီ ကရော အမှုမှန်ကို ဖော်ထုတ်နိုင်မှာလား။ နောက်ဆုံးကျ ဘယ်လို အဆုံးသတ်မလဲ။

t.me/msubmovie0/3288
ငယ်ရွယ်သော နှလုံးသားများ (၂၀၂၄)

IMDb - 8/10
Genre - Drama


အချစ်ဦးဟာ ပန်းရနံ့သင်းသင်းလိုပဲတဲ့။ ငယ်ဘဝရဲ့ ဦးဆုံးရင်ခုန်သံကို လူတိုင်းအတွက်တော့ တော်ရုံမေ့နိုင်ကြမှာမဟုတ်ဘူး။ ဒါပေမဲ့ အီလီရတ်စ် ဘဝမှာတော့ အဲ့ရင်ခုန်သံကို ဖြစ်ပေါ်စေတဲ့သူက မိန်းကလေးတစ်ဦးမဟုတ်ပဲ ကောင်လေးတစ်ဦးဖြစ်နေခဲ့တယ်။ လှိုင်းတွန့်တွန့် ဆံနွယ်တိုတွေ၊ ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာနဲ့ နှစ်သက်ဖို့ကောင်းအောင် ပြုံးတတ်တဲ့ ကောင်လေးက အီလီရတ်စ် တို့ဘေးအိမ်ကို ပြောင်းလာခဲ့တဲ့ အိမ်နီးချင်းအသစ်လေး။ စာအုပ်တွေ၊ ပုံပြင်တွေထဲမှာသာ ဖတ်ရတဲ့ အချစ်ဆိုတဲ့အရာကြီးက အီလီရတ်စ် တို့အရွယ်လေးတွေအတွက် ဆန်းပြားတဲ့အရာတစ်ခုဆိုပေမဲ့ မြီးကောင်ပေါက်အရွယ် ယောကျာ်းလေးတွေ ထုံးစံအတိုင်း ရွယ်တူကောင်လေးတစ်ယောက်ကို ချစ်ကြောင်း ပြရမှာ သိမ်ငယ်တဲ့ အီလီရတ်စ် အတွက်က ဝန်ထုပ်ဝန်ပိုးတစ်ခုနဲ့ မခြားတော့ဘူး။ အမှား၊ အမှန်ကို ကောင်းကောင်းမခွဲခြားတတ်၊ ကမ္ဘာကြီးကို ထိတွေ့မှုနည်းသေးတဲ့ အရွယ်မှာ အီလီရတ်စ် က သူ့ခံစားချက်တွေကို သူပြန်ကြောက်မိလာတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ဘေးလူတွေအမြင်ကို ဂရုစိုက်တတ်တဲ့ အီလီရတ်စ် က ဒီအရာကို ဘယ်လိုများ ဆက်ရင်ဆိုင်သွားမလဲဆိုတာကိုတော့ ကြည့်ရှုလိုက်ကြပါနော်။ အမှန်ဆိုရင်တော့ ဒီကားက သာမန်အချစ်ကားလေးပါပဲ။ ဒါပေမဲ့ ပုံမှန် ယောကျာ်းမိန်းမကြားက အချစ်မျိုးမဟုတ်ပဲ ပုံသွင်းမခံရသေးတဲ့ ဆယ်ကျော်သက်ကောင်လေးနှစ်ဦးရဲ့ ငယ်ရွယ်ပျိုမြစ်သော နှလုံးသားနှစ်စုံအကြောင်းကို နူးနူးညံ့ညံ့လေး ပုံဖော်ပြသထားခြင်းပါပဲ။

t.me/dramamv/1069
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
မြေခွေးနှင့်ယုန် သစ်တောကိုကယ်ကြရာဝယ် (၂၀၂၄)

IMDb - 6/10
Genre - Family, Adventure


တောကြီးတစ်ခုထဲမှာ မြေခွေး၊ ယုန်၊ တောဝက်၊ ဇီးကွက် ဖျံ၊ ရေသူမနဲ့ သူခိုးရက်ကွန်းတို့က သူငယ်ချင်းတွေသိုက်သိုက်ဝန်းဝန်းစုပြီးနေထိုင်နေကြပါတယ်။ တစ်ရက်မှာတော့ သူတို့နေထိုင်ရာ တောလေးကို ရေတွေလွှမ်းလာပါတော့တယ်။ အဲ့တာကတော့ ကြွက်နှစ်ကောင်ရဲ့ ဘောစ့် ဘီဗာရဲ့လက်ချက်ပါပဲ။ ဘီဗာ က ပစ္စည်းတွေကို တီထွင်ဖန်တီးရာမှာတော်ပေမဲ့ သူက အထီးကျန်နေတဲ့ ဘဝင်ရူးတစ်ကောင်ဖြစ်နေပါတယ်။ ကြွက်နှစ်ကောင်ရဲ့အကူအညီ သူ့ရဲ့အကောင်းဆုံးလက်ရာဆိုပြီး တောကိုဖြတ်စီးနေတဲ့မြစ်ကို ပိတ်ပြီး ဆည်ကြီးဆောက်ပစ်လိုက်ပါတယ်။ အဲ့လိုနဲ့ မြေခွေးနဲ့ ယုန်တို့ရဲ့တောအုပ်က ရေတွေလွှမ်းကုန်ပါတော့တယ်။ အဲ့လိုကနေ ရွေးချယ်စရာမရှိကြတော့တဲ့ ယုန်နဲ့ မြေခွေးတို့က သူတို့ရဲ့တောအုပ်ကို ဒီဆည်ကြီးဆီကနေ ကယ်တင်ကြပုံကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။

t.me/hanacartoons/5763