Hana : The Sweet Orophile
104K subscribers
3.57K photos
204 videos
3.63K links
Download Telegram
ပျက်စီးခြင်းလမ်းစီသို့ (၂၀၀၂)

IMDB - 7.7/10
Genre - Thriller, Crime


ဇာတ်ကြောင်းကတော့ 1930၀န်းကျင်က အမေရိကန်ဂန်းစတားတွေ အကြောင်း၊ သူတို့ရဲ့ အရှုပ်တော်ပုံတွေအကြောင်းပါပဲ။ ဖြစ်ရပ်မှန်ကို မြစ်ဖျားခံထားပြီး နာမည်ကျော်ဂန်းစတားကြီး အယ်ကပုန်းနဲ့တောင် နည်းနည်း ချိတ်ဆက်နေတယ်။ အစကနေ အဆုံး ရုပ်ရှင်ဓာတ်ပုံပညာသုံးထားတာတွေဟာ ပစ်ကြွေချင်စရာကောင်းအောင် လှတယ်။ ဒီရုပ်ရှင်က အဖေနဲ့သားဆက်ဆံရေးကြောင့် သူ့ခေတ်သူ့အခါက တစ်ချို့က ဂေါ့ဖားသား နဲ့နှိုင်းခဲ့ကြပါတယ်။ နှိုင်းရလောက်အောင် မဟုတ်ပေမဲ့ သူ့နည်းသူ့ဟန်နဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ ဂန်းရုပ်ရှင်ကားတစ်ကားလို့ဆိုနိုင်တယ်။ ဂန်းကားကောင်းကောင်းတွေ မထွက်တဲ့ ဒီဘက်နှစ်တွေအတွက် အဆာပြေစေနိုင်မယ့် ကားဟောင်းတစ်ကားပါပဲ။

t.me/gwmmupl/4885
အနစ်နာခံအချစ် (၂၀၁၃)

IMDB - 6.4/10
Genre - Romance, Crime, Drama


ဘော့ပ်နဲ့ ရု ဆိုတဲ့ကောင်လေးနဲ့ကောင်မလေးဟာ တက္ကဆက်ပြည်နယ်က သိပ်ကိုချစ်ကြတဲ့ချစ်စုံတွဲလေးဖြစ်သလို သူတို့လုပ်တဲ့မကောင်းမှုတွေက သူတို့ကို ဝေးကွာစေနိုင်တယ်ဆိုတာကိုလဲ သူတို့သိကြမယ်မထင်သေးတဲ့အရွယ်ပေါ့။ တစ်နေ့မှာ ရဲတွေဝိုင်းထားတာခံရချိန် ရု ပစ်လိုက်တဲ့ကျည်ဆန်ကြောင့် ရဲတစ်ယောက်မှန်သွားတော့ ဘော့ပ် က ပြစ်ဒဏ်တွေအားလုံးကို သူ့ဆီပဲပုံချဖို့ ဆုံးဖြတ်ခဲ့တယ်။ ရု မှာက ချစ်စရာသမီးလေးကို ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာလဲ အဲ့အချိန်မှာပဲ သိခဲ့ရတယ်။ “သူပြန်လာခဲ့ပ့ါမယ်၊ စောင့်နေပေးပါ” ဆိုတဲ့စကားအတိုင်း ရု ကလဲ သမီးလေး ၄ နှစ်ပြည့်တဲ့အထိကို နေ့တိုင်းမျှော်နေခဲ့ပြီး ရှင်သန်နေထိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ရက်တော့ ဘော့ပ် တစ်ယောက် ထောင်ဖောက်ပြေးပြီး ရု တို့သားအမိကိုခေါ် ဒီနဲ့အဝေးဆုံးကို ထွက်သွားဖို့ ကြိုးစားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ကိစ္စတွေ ဖြစ်လာခဲ့တယ်။ ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုးအလုပ်လုပ်လဲ၊ ဘယ်လောက်ထိတာရှည်ခံနိုင်မလဲ။ ဘော့ပ် နဲ့ ရု တို့ရဲ့ ဒီကနေအဝေးဆုံးကို ထွက်သွားဖို့အတွက် အကြံအစည်တွေကရော အဆင်ပြေနိုင်ပါ့မလား။ ရိုမန်တစ်ဒရာမာဇာတ်ကားလေးဖြစ်ပြီး ဘော့ပ် ရဲ့ ကွဲအက်အက်အသံနဲ့ ထောင်ထဲက ပေးပို့တဲ့စာတွေကို ဖတ်ပြတဲ့အခန်းတွေက တကယ့်ကို ကြေကွဲစရာကောင်းခံစားစေရမှာပါ။

t.me/dramamv/1046
Forwarded from Hyper M9 Skm
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
(၁၈+) ဖြစ်ရပ်မှန် အနိုင်ကျင့်ခြင်း (၂၀၀၁)

IMDB - 6.9/10
Genre - Thriller, Drama


ဒီရုပ်ရှင်ဟာ ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တုန်းက ဖလော်ရီဒါမှာ ဖြစ်ခဲ့တဲ့ ဘော်ဘီကန့်တ် ဆိုတဲ့ ဆယ်ကျော်သက်တစ်ယောက် အသတ်ခံရတဲ့အမှုကို အခြေခံထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ အဖော်အချွတ်များပါပြီး စကားပြောတွေလည်း ရိုင်းသောကြောင့် မိသားစုနဲ့ ကြည့်ရန် မသင့်တော်ပါ။

ခင်ဗျားတို့ လူတစ်ယောက်ကို မုန်းလွန်းလို့ သတ်ပစ်ချင်လောက်တဲ့အထိ ဖြစ်ဖူးလား။ ဒါပေမယ့် စိတ်အေးတဲ့အချိန် ခင်ဗျား ပြန်တွေးကြည့်လိုက်ရင် သတ်မယ်သာ ပြောတာ အစီအစဉ်မရှိ၊ သတ်ပြီး ဘယ်လိုလုပ်မှာလဲ ဆိုတဲ့ အရံအတွေးမရှိ၊ လူသတ်ရတာဟာ မလွယ်တဲ့အလုပ် ဆိုတာကို သိလာပါလိမ့်မယ်။ ခု ဒီအဖြစ်အပျက်မှာလည်း အဲလိုပဲ ဖြစ်ပါတယ်။ ဘော်ဘီ ဆိုတဲ့ ကောင်လေးဟာ ရိုင်းစိုင်းပြီး အတော်လေးကို မောက်မာပါတယ်။ အထူးသဖြင့် ငယ်သူငယ်ချင်း မာတီ ကို အရမ်းအနိုင်ကျင့်ပါတယ်။ လက်ပါတယ်၊ လူကြားထဲ အရှက်ခွဲတယ်။ ဘော်ဘီ ဟာ အရမ်းကို ဆိုးပါတယ်။ သူ့ကြောင့် နစ်နာခဲ့တဲ့ လူတွေလည်း များနေပါပြီ။ အဲဒါကို မကျေနပ်တဲ့ ဘော်ဘီ ရဲ့ ကောင်မလေး လီဆာ ဟာ ဘော်ဘီ ကို သတ်ရအောင် ဆိုပြီး ပြောလာပါတယ်။ နှစ်ယောက်ထဲနဲ့ လုပ်လို့ မရဘူးဆိုတာကို သိတော့ ဘော်ဘီ မုဒိန်းကျင့်တာကို ခံဖူးတဲ့ အယ်လီ ကို ခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့အဆက်အသွယ်တွေနဲ့ အုပ်စုက တောင့်လာပါတယ်။ ဘော်ဘီ ကို သူတို့ ဘယ်လိုများ ဆက်ကိုင်တွယ်မှာလဲ။ ဖြစ်ရပ်မှန် ဇာတ်လမ်းမလို့ ကြည့်နေရင်း စိတ်မသက်မသာ ဖြစ်ရသလို၊ သံဝေဂလည်း ရစေမှာ သေချာပါတယ်။

t.me/gwmmupl/4888
ကျနော့်မယား ဂန်းစတား (၂၀၀၁)

IMDb - 6.3/10
Genre - Action, Comedy


ကိုရီးယားက ဂိုဏ်းစတားအဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ဖြစ်သလို အဖွဲ့သားတွေက ချစ်ကြောက်ရိုသေရပြီး “အစ်ကိုကြီး” လို့ တလေးတစားခေါ်ကြရတဲ့ ဖိုက်တာကောင်မလေးတစ်ယောက်နာမည်ကတော့ ပိုးကောင်ဖြူ ပါတဲ့။ ငယ်ကတည်းက လက်ဇောင်းထက်ပြီး အရာရာကိုလက်ပါဒုတ်ပါဖြေရှင်းတတ်တာ သူမရဲ့ပင်ကိုယ်စတိုင်ပါပဲ။ လူမိုက်တွေနဲ့ ပြိုင်မိုက်ပြီး ကျင်လည်ကျက်စားနေတဲ့ ဒီလို ဂျစ်ကန်ကန် ဖိုက်တာကောင်မလေး ခမျာ အစ်မ ဖြစ်သူရဲ့ဆန္ဒအရ အိမ်ထောင်ပြုရဖို့အကြောင်းဖန်လာတဲ့အခါ။

t.me/hanamovie20/4504
ကျနော့်မယား ဂန်းစတား ၂ (၂၀၀၃)

IMDb - 6/10
Genre - Action, Comedy


ဒီဇာတ်လမ်းကိုတော့ ရှေ့က ပထမဇာတ်ကားရဲ့အဆက်အနေနဲ့ ဆက်စပ်ထားပါတယ်။ မင်းသမီးနဲ့ လူဆိုးဂိုဏ်းတွေဟာ ပထမကားက ရန်ကြွေးလက်ကျန်တွေကို ဆက်လက်ဖြေရှင်းကြမှာပါ။ တစ်ခုကတော့ မင်းသမီးဟာ ဇာတ်လမ်းအစမှာကတည်းက ဒဏ်ရာပြင်းထန်စွာရရှိပြီးတော့ အတိတ်မေ့သွားခဲ့တာပါ။ အတိတ်ကို သတိရဖို့ ကြိုးစားနေတဲ့ သူမနဲ့ ပထမဇာတ်လမ်းက ရန်ညိုးတွေ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာ။

t.me/hanamovie20/4506
ကျနော့်မယား ဂန်းစတား ၃ (၂၀၀၆)

IMDb - 6.3/10
Genre - Action, Comedy


မှာတော့ ရှေ့ကထွက်ရှိခဲ့တဲ့ ကိုရီးယားမင်းသမီးရဲ့ ဇာတ်ကားတွေနဲ့ မဆက်စပ်တော့ပါဘူး။ ဒီတစ်ခါ ဂိုဏ်းစတားမလေးကတော့ တရုတ်မင်းသမီးလေး ရှုကြည် ပါ။ မင်းသားကတော့ ကိုရီးယားက တလွဲကောင်ဖြစ်ပြီး သူ့ရဲ့လက်ထောက် လူမိုက်တလွဲကောင်တွေနဲ့ ရှယ်ရီနေရပါတယ်။ မင်းသမီး ရှုကြည် က တရုတ်လိုပဲရတော့ တရုတ်-ကိုရီးယား ဘာသာပြန်ငှားရပြီး ငှားလိုက်တဲ့ ဘာသာပြန်ကလဲ တကယ့်ထွန်းထွန်းပေါက်ပေါက်မလို့ အလွဲလွဲအချော်ချော်တွေနဲ့ မစ်ရှင်တွေကို ချီတက်ကြမှာပါ။ ဒီဇာတ်ကားက ကျနော့်မယား ဂန်းစတား ဇာတ်ကားတွေထဲမှာ အရယ်ရဆုံးဇာတ်ကားဖြစ်ပြီး ဒရမ်မာဖက်မှာတော့ ရှေ့ကကားတွေလောက် မဖိစီးထားပါဘူး။ အက်ရှင်ဟာသဖက်ပိုသွားပါတယ်။

t.me/hanamovie20/4508
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠🔠 🔠🔠🔠🔠

📢ပျော်ရွှင်စရာ စလော့ ကမ္ဘာနဲ့ မှန်ကန်တိကျတဲ့ ရွှေဘီလူးဝက်ဆိုဒ်💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် 5️⃣0️⃣🔣 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ2️⃣0️⃣🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် 5️⃣🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
အကြီးဆုံးသား၏တာဝန် (၂၀၁၄)

IMDb - 7.8/10
Genre - War, Drama


၁၉၅၀ ခုနှစ်ကို ဇာတ်ကြောင်းယူထားပြီး ဒီဇာတ်ကားလေးဟာ ဆုပေါင်း ၂၀ လျာထားခြင်းခံရပြီး 17 ဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။

၁၉၅၀ ခုနှစ် ဒီဇင်ဘာလ ကိုရီးယားမှာ စစ်ပွဲတွေ ပြင်းထန်နေတဲ့အချိန် ယွန်း ဒေါ့ဆူတို့ မိသားစုဟာ ပြေးလိုက်လွှားလိုက် အန္တရာယ်ကို ကျော်ဖြတ်လိုက်နဲ့ပါပဲ။ သူတို့မိသားစုရော ဒေါ့ဆူ ရဲ့ ကံကြမ္မာဟာ ပြောင်းလဲဖို့ ဖန်လာတယ်ပဲ ပြောရမလား။ စစ်ပွဲအတွင်းမှာ ဒေါ့ဆူ ဟာ သူ့ရဲ့ညီမလေးကို ပျောက်ဆုံးသွားပါတော့တယ်။ ညီမကိုချစ်တဲ့ ဒေါ့ဆူ။ သူပါလိုက်ရှာမယ် ပြောတော့ သူ့အဖေက နေခဲ့ဖို့ ပြောပြီး တကယ်လို့ သူမရှိခဲ့ရင် ဒေါ့ဆူက မိသားစုအကြီးအကဲအနေနဲ့ မိသားစုကို စောင့်ရှောက်ရမယ်လို့ မှာခဲ့တယ်။ စစ်ပွဲအပြီး ဘူဆန်မှာ အခြေချပြီးတဲ့အခါမှာတော့ ဒေါ့ဆူဟာ သူ့အဖေရဲ့ မှာကြားချက်အတိုင်း သားကြီးတစ်ယောက်အနေနဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုအပေါ်မှာ အစစအရာရာ အကုန် တာဝန်ယူပြီးတော့ ရှေ့ဆက် ကြိုးစားပါတော့တယ်။ သူ့ရဲ့အနှစ်နာခံမှုတွေ… စွန့်လွှတ်မှုတွေက ရင်ကို ထိခိုက်စေမှာပါ။ အချစ်ကြောင့်။ မိသားစုကြောင့် ဒေါ့ဆူတစ်ယောက် ဘာတွေ ဘယ်လို ဆက်ဖြစ်ပြီး ဘယ်လို ရင်ဆိုင်မယ်ဆိုတာ။

t.me/hanamovie20/4511
ကိုဗစ်မျိုးကွဲသစ်တဲ့နော်။ ဂရုစိုက်ကြဦး

- ခေါင်းကိုက်
- နှာရည်ယို
- ချောင်းဆိုး

စဖြစ်တဲ့ ၅ ရက်အတွင်းသိရင် ကုစရာဆေးရှိတာမို့ အအေးမိတာလား၊ ကိုဗစ်လား ဆိုတာ စစ်ဆေးပါ တဲ့
ပျော်ရွှင်မှု (၂၀၂၄)

ဘဝမှာ အသက်ရှင်ဖို့ တစ်ပတ်ပဲ အချိန်ရတော့မယ်ဆိုရင် သင် ဘာတွေလုပ်ဖြစ်မယ်လို့ထင်ပါသလဲ။ ဒီဇာတ်ကားထဲမှာတော့ နှလုံးရောဂါအခံကြောင့် တစ်ပတ်ပဲ အသက်ရှင်ရတော့မဲ့ကောင်မလေးဖြစ်သူနဲ့ ဒီကိစ္စကိုရုတ်တရက်သိလိုက်ရတဲ့ သူ့ရဲ့ကောင်လေးတို့ ကျန်ရှိတဲ့အချိန်တွေကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ယုမဆိုတဲ့ ကျောင်းသူလေးက သူနဲ့တွဲလာတာ လပိုင်းပဲရှိသေးတဲ့ကောင်လေးကို သူဟာ တစ်ပတ်လောက်ပဲ အသက်ရှင်နိုင်တော့မှာဖြစ်ကြောင်း သူ့ရဲ့ရောဂါအခြေအနေကို ရုတ်တရက် သိလိုက်ရပါတယ်။ စသိသိချင်းမှာ ကောင်လေးကတော့ ဒါကို လက်မခံနိုင်ခဲ့ပေမဲ့ ယုမရဲ့ ပျော်ရွှင်မှုကိုသာ လိုလားသူမို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သာမန်လူမှာ သေဆုံးချိန်ကို ကြိုမသိရပေမဲ့ ရောဂါဆိုးရှိနေခဲ့တဲ့ ကောင်မလေးမို့ သူ့ရဲ့ နောက်ဆုံးအချိန်ကို ယုမလေးတစ်ယောက် သူဖြစ်ချင်တဲ့ လော်လီတာ အိပ်မက်နောက်ကို လိုက်ပါတော့တယ်။ သူ့ရဲ့လက်ကျန်အချိန်တွေမှာ လုပ်ချင်တဲ့အရာဖြည့်ဆည်းပေးတဲ့ ကောင်လေးဖြစ်သူနဲ့ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာ၊ သေခြင်းတရားပေါ် အမြင်နဲ့ ဘဝရဲ့မတည်မြဲလွယ်မှုကို သူတို့တွေ ဘယ်လို ဘယ်ပုံနားလည်မှုရပြီး လက်ခံလာကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။

t.me/dramamv/1053
ချစ်ခဲ့ဖူးသော (၂၀၁၄)

IMDb - 7/10
Genre - Thriller, Romance


အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ဆက်ဆံရေးတွေခြောက်ကပ်လာတာအဆင်မပြေတော့တာ၊ လင်စိတ်သားစိတ်ကုန်တာဖြစ်တတ်စမြဲပါပဲ။ အဲ့ဒီလိုပဲ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ အီသန် နဲ့ ဆိုဖီ ဟာ ထိုပြဿနာကိုကြုံနေရပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူတို့ရဲ့အိမ်ထောင်ရေးက အသစ်အဆန်းမရှိခြောက်ကပ်နေတာကြောင့် အရင်ကလုပ်ခဲ့ဖူးတာတွေပျော်ခဲ့ဖူးတာတွေကိုပြန်လုပ်ကြည့်ပေမယ့်လဲ အဆင်ပြေမလာတာကြောင့် တစ်နေ့မှာအိမ်ထောင်ရေးအကြံပေးတစ်ယောက်ကိုတွေ့ရပါတော့တယ်။ အဲ့တာနဲ့ပဲ အကြံပေးက ဗီလာတစ်ခုကိုဒီပိတ်ရက်မှာသွားနေဖို့၊ အဲ့ဒီဗီလာမှာနေခဲ့ပြီးပြန်လာတဲ့စုံတွဲတွေလင်မယားတွေက ဘယ်လောက်ပြန်အဆင်ပြေသွားကြောင်းပြောပြတဲ့အခါ အီသန် တို့လဲ သွားနေဖို့ဆုံးဖြတ်လိုက်ကြတာပေါ့။ ဆိုတော့ အဲ့ဒီဗီလာကြီးကြောင့်စုံတွဲတွေဘယ်လိုပြန်အဆင်ပြေလာကြတာလဲ၊ တကယ်အဆင်ပြေတာရောဟုတ်ရဲ့လား၊ အဲ့ဒီဗီလာကြီးကဘယ်လိုထူးခြားနေတာလဲ။

t.me/gwmmupl/4897
လက်ထပ်တော့မည်ဆိုလျှင် (၂၀၂၁)

IMDb - 6.6/10
Genre - Romance, Comedy


တက်ဒီ နဲ့ လီယန် တို့က မထင်မှတ်တဲ့တွေ့ဆုံမှုတစ်ခုကနေ တစ်ဦးကိုတစ်ဦးချစ်မိသွားပြီး လက်ထပ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးပေါ့။ ဒါပေမယ့် တက်ဒီ ကတော့ လီယန် ကိုချစ်ပေမယ့် အလုပ်ပေါ်မှာပဲအာရုံစိုက်ပြီး ဇနီးကိုအချိန်မပေးဖြစ်ခဲ့ပါဘူး။ ဟန်းနီးမွန်းထွက်ဖို့ကိုတောင် မစီစဉ်ခဲ့ပဲနဲ့ “နောက်မှ” ဆိုပြီးလုပ်နေခဲ့တဲ့သူပါ။ သူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးည လက်ဖွဲ့တွေကိုကြည့်ရင်းကနေ ဘယ်သူပို့လိုက်မှန်းမသိတဲ့ထူးဆန်းတဲ့လက်ဖွဲ့လေးတစ်ခုကိုတွေ့ခဲ့လို့ ဖွင့်ကြည့်မိရာကနေ။ တက်ဒီ တစ်ယောက် အဆပေါင်းများစွာအကုန်မြန်နေတဲ့ အချိန်ကာလတစ်ခုထဲရောက်သွားပါတော့တယ်။ သူနိုးထလာတိုင်း တစ်နှစ်ပြောင်းသွားပြီး သူနိုးထလာတဲ့အချိန်ကလည်း သူတို့ရဲ့မင်္ဂလာဦးနှစ်ပတ်လည်နေ့ဖြစ်နေပါတယ်။ ဒီလိုအချိန်စက်ဝန်းကြီးထဲကနေ တက်ဒီ တစ်ယောက်ဘယ်လိုရုန်းထွက်မှာလဲ၊ ဒီလိုအကုန်မြန်နေတဲ့အချိန်ကြောင့် သူ့ဘဝကြီးကဘာတွေဘယ်လိုဖြစ်ပြီးပြောင်းလဲကုန်မှာလဲ၊ သူတို့ရဲ့အိမ်ထောင်ရောအပေါ်မှာရော သက်ရောက်မှုရှိမှာလဲ။

t.me/dramamv/1055
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
❤️❤️❤️❤️ ❤️❤️❤️❤️

📢အကောင်းဆုံးဘောနပ်များစွာနဲ့ရှယ်အမ်းတဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် ❤️❤️🔣 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ❤️❤️🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် ❤️🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
ကိုယ်တို့နှစ်‌ယောက်သာဆိုရင် (၂၀၀၅)

IMDb - 6.8/10
Genre - Comedy, Romance


ရေချယ် က သူနဲ့အချိန်ကြာတွဲနေတဲ့ ကောင်လေးဖြစ်သူ ဟက်တာနဲ့ လက်ထပ်တော့မှာပါ။ ဒါပေမဲ့ လက်ထပ်ပွဲနေ့မှာ ပန်းအလှဆင်ပေးတဲ့ လုစ်နဲ့ တွေ့မိသွားပြီး ချစ်မိသွားခဲ့ပါတယ်။ လက်ထပ်ပွဲပြီးနောက်မှာလည်း လုစ်ကို ညစာလာစားဖို့ ခေါ်ရင်း သူ့ရဲ့ခံစားချက်တွေက စစ်မှန်မှန်း ပိုသိသာလာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ ယောင်္ကျားဖြစ်သူ ဟက်တာကိုလည်း မထားခဲ့နိုင်၊ သူ့ရဲ့ခံစားချက်တွေကိုလည်း ဖုံးကွယ်ထားရင်းနဲ့ အိမ်ထောင်ရေးမပြေလည်မှုတွေလည်း ဖြစ်လာပြီးနောက်မှာတော့ ရေချယ်တစ်ယောက် သူ့ရဲ့နှလုံးသားနောက်ကို လိုက်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

t.me/gwmmupl/4899
ဘဲ့စားဘဲကြေ (၂၀၀၆)

IMDb - 6.2/10
Genre - Comedy, Drama


မိသားစုအပေါ် အင်မတန် ချစ်မြတ်နိုးပြီး ဂရုစိုက်တဲ့ ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်ဖြစ်တဲ့ အိုဒုံးချော က ပုံမှန်လခစား ရုံးဝန်ထမ်းဖြစ်ပေမဲ့ စတော့ရှယ်ယာ ကစားမိလို့ အကြွေးပုံထဲမှာ နစ်ပြီး ဒုက္ခရောက်နေသူတစ်ဦးပေါ့။ တစ်လတစ်ခါ အတိုးပြန်ဆပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားရင်းနဲ့ပဲ အရင်းကို ပြန်ဆပ်ရမဲ့နေ့ကလည်း မြန်မြန်ဆန်ဆန်ကို ရောက်လာပါတော့တယ်။ အဲဒီအချိန်မှာ သူနဲ့ ဘဝတူ အကြွေးနွံထဲနစ်ပြီး လတိုင်း အတိုးပြန်ဆပ်နေရတဲ့ မန်းဟို နဲ့ တွေ့ဆုံခဲ့ပြီး နောက်ကလေးတစ်ယောက်ကို ပြန်ပေးဆွဲပြီး မိဘတွေကို ပိုက်ဆံနဲ့ လာပြန်ရွေးခိုင်းဖို့ ကြံစည်ခဲ့ပေမဲ့လည်း အကြောင်းအမျိုးမျိုးနဲ့ သူတို့ရဲ့ အစီအစဉ် ပျက်ခဲ့ရပါတော့တယ်။ အဲဒီနောက် ကြံရာမရတဲ့အဆုံး ပိုက်ဆံချမ်းသာတဲ့ သူဌေးသမီးဖြစ်တဲ့ အထက်တန်းကျောင်းသူလေး ထယ်ဟီး ကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ နောက်တစ်ခါ ထပ်ကြိုးစားခဲ့ရာမှ ဒုံးချော ဆီကို “မင်းရဲ့ သမီးကို ပြန်ပေးဆွဲထားတယ်” ဆိုတဲ့ ဖုန်းတစ်ကောလ် ဝင်လာတဲ့အခါ။ ဒီတစ်ခါမှာရော သူတို့နှစ်ယောက်ရဲ့ ပြန်ပေးဆွဲတဲ့ အစီအစဉ်လေးက ထင်ထားသလို ချောချောမွေမွေ့နဲ့ ဖြစ်သွားပါ့မလား။ သူများသမီးကို ပြန်ပေးဆွဲရင်း ကိုယ့်သမီးလေးကလည်း ပြန်ပေးဆွဲခံထားရတယ် ဆိုတာကို ကြားပြီး ဒုံးချော တစ်ယောက် ဘယ်လို ဆက်လုပ်သွားမလဲ။

t.me/msubmovie0/3277
တမလွန်ကချစ်သူ (၂၀၀၆)

IMDb - 6.1/10
Genre - Fantasy, Action


တစ်ချိန်က ဘုရင်ကိုယ်တိုင်ချီးမြှောက်ထားတဲ့ ချောယုံးဒယ်ဆိုတဲ့ တော်ဝင်မကောင်းဆိုးဝါးနှိမ်နင်းသူအဖွဲ့ ဟာ မင်းမျိုးမင်းနွယ်တွေရဲ့ ဒုစရိုက်မှုတွေကြောင့် ပြန်လည်ပုန်ကန်တဲ့အခါမှာတော့ အဖွဲ့ဝင်တွေ အကုန် သေဆုံးသွားကြရပြီးနောက် အဖွဲ့ပါ ဖျက်သိမ်းခံလိုက်ရပါတော့တယ်။ ထိုသေဘေးကနေ လွတ်မြောက်သွားခဲ့တဲ့ ချောယုံးဒယ်ရဲ့အဖွဲ့ဝင်ဖြစ်သူ အီဂွက် ဆိုသူကတော့ သရဲတစ္ဆေတွေကို မြင်နိုင်တဲ့အစွမ်းရှိပြီး နေရာအနှံ့မှာ မကောင်းဆိုးဝါးလိုက် နှိမ်နင်းရင်းနဲ့ ကံအကြောင်းမလှပဲ တမလွန်လောကကို ရောက်လာပါတော့တယ်။ တမလွန်လောကမှာတော့ သေဆုံးပြီး ဝိညာဉ်တွေဟာ ၄၉ ရက်ကြာ ဒီနေရာမှာ နေထိုင်ရင်း ငရဲကျမလား နတ်ပြည်သွားရမလား လူပြန်ဝင်စားမလားဆိုပြီး ဆုံးဖြတ်ခံကြရပါတယ်။ သေခြင်းရှင်ခြင်း နှစ်မျိုးကြားမှာ တည်ရှိနေတဲ့ ဆန်းပြားလှတဲ့ ဒီနေရာမှာ အီဂွက် တစ်ယောက် သေဆုံးသွားပြီဖြစ်တဲ့ တစ်ချိန်က ချစ်ရသူ ယွန်းဟွာ နဲ့ တစ်ထပ်တည်းတူနေပေမဲ့ အရင်ဘဝနဲ့ပတ်သတ်ပြီး ဘာမှတ်ဥာဏ်မှမရှိဘဲ တမလွန်လောကရဲ့ အစောင့်အရှောက် မသေမျိုးတစ်ဦးဖြစ်နေတဲ့ ဆိုဟွာ ဆိုသူနဲ့ တွေ့ရတဲ့အခါမှာတော့ မမေ့သွားပါဘူးလို့ ကတိပေးထားခဲ့တဲ့ ချစ်ရသူမိန်းကလေးက ကတိပေးထားတဲ့အတိုင်း ပြန်မှတ်မိလာမလား။ တမလွန်လောကကို ကာကွယ်ရမဲ့ အစောင့်အရှောက် တစ်ဦးနဲ့ လူသားတစ်ဦးတို့ ပေါင်းစည်းလို့ ရနိုင်မလား။

t.me/msubmovie0/3279
စစ်မြေပြင် (၂၀၂၁)

IMDb - 7.4/10
Genre - Action, Thriller


ဂျောင်အူ ဟာ ငယ်ငယ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးပါးသွားတာကြောင့် မိဘတွေရဲ့ သူငယ်ချင်းဖြစ်တဲ့ ဟန်နာ ရဲ့ အမေက ဂျောင်အူ ကို ခေါ်ယူပြီး မွေးစားခဲ့ပါတယ်။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ ဂျောင်အူ ဟာ မွေးစားအမေနဲ့ အစ်မ ဟန်နာ ကို မပင်ပန်းစေချင်တာကြောင့် နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မွေးစားအမေက ကားမတော်တဆမှုကြောင့် ဆုံးပါးသွားတဲ့သတင်းကို ကြားပြီး ကိုယ့်နိုင်ငံကို အပြေးပြန်လာခဲ့ပေမဲ့ အဲဒါက သာမန်ကားမ‌တော်တဆမှုမဟုတ်ဘဲ မူးယစ်ဆေးဖြန့်ဖြူး ရောင်းချတဲ့ ဂျပန်ယာကူဇာဂိုဏ်းနဲ့ ပတ်သက်နေတဲ့အခါမှာတော့ ဂျောင်အူ တစ်ယောက် မွေးစားအမေအတွက် တရားမျှတမှုကိုရှာဖွေပြီး လက်စားချေပေးနိုင်ပါ့မလား။

t.me/msubmovie0/3281
Forwarded from Hyper M9 Skm
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
ကမ္ဘာမြေကြီး တုန်ဟီးသွားလိမ့်မည် (၂၀၂၅)

IMDb - 6.4/10
Genre - War, Drama


နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်သိမ်းပိုက်အပြီးမှာ ဂျူးလူမျိုးတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ စတင် လုပ်ဆောင်လာခဲ့ပါတယ်။ မီခေးဝုဖ် နဲ့ ရှောလမွန် တို့ဟာ နာဇီအလုပ်စခန်းမှာ အလုပ်လုပ်ရမယ်လို့ လိမ်ညာခေါ်ဆောင်ခံခဲ့ရပြီး တကယ်တမ်းရောက်သွားတဲ့အချိန်မှ အလုပ်စခန်းမဟုတ်ဘဲ လူသတ်စခန်းဖြစ်နေမှန်း သိခဲ့ရပါတယ်။ ဒီလိုနဲ့ သေမထူးနေမထူးဘဝတွေမို့ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။ ထွက်ပြေးတယ်ဆိုတာလည်း အပြောကသာ လွယ်ပေမဲ့ နာဇီတွေပတ်လည်ဝိုင်းနေတဲ့ နယ်မြေမှာ ထွက်ပြေးဖို့ဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေပါ။ ဒီလိုနဲ့ သူတို့တွေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားကြမလဲ။ အသည်းတအေးအေးနဲ့ စိတ်ဝင်စားဖွယ်ပါပဲ။ ဒီရုပ်ရှင်လေးမှာတော့ သမိုင်းအဖြစ်အပျက်တွေကို လက်တွေ့ကျကျ တင်ဆက်ပြသထားတာမို့ ဒုတိယကမ္ဘာစစ်အတွင်းက ပိုလန်နိုင်ငံ ဂျူးလူမျိုးတွေရဲ့ ဘဝကို ပြန်လည်မြင်‌ယောင်ခံစားမိစေမှာပါ။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာမို့ စိတ်ဝင်စားဖို့လည်းကောင်းပြီး ကြည့်ရတာ နောင်တမရစေမဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါကြောင်း။

t.me/msubmovie0/3284