Hana : The Sweet Orophile
104K subscribers
3.52K photos
196 videos
3.57K links
Download Telegram
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
❤️❤️❤️❤️ ❤️❤️❤️❤️

📢ရှယ်အမ်း ရှယ်လျော်တဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် ❤️❤️🔣 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ❤️❤️🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် ❤️🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
[၁၈+] လူမိုက်နှလုံးသား (၂၀၀၁)

IMDb - 6.6/10
Genre - Romance, Drama


တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ် ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင် ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထားပုံဖော်သွားခဲ့တယ်။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကို ပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနော ပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါး ပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး။ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။

t.me/dramamv/958
ပျောက်ဆုံးဘုရင် (၂၀၂၂)

IMDb - 6.7/10
Genre - Comedy, Drama


ဒီတစ်ခေါက်တင်ပေးချင်တာကတော့ ဗြိတိန်ဇာတ်အေးအေးကားလေးဖြစ်ပါတယ်။ အိမ်ထောင်ရှင်မလဲဖြစ် အလုပ်လဲလုပ်သူဖြစ်သောကြောင့် ဖီးလစ် တစ်ယောက် အလုပ်မှာရော အိမ်မှာရော အဆင်မပြေလှပါ။ တစ်နေ့ သူ့သားကို ပြဇာတ်ပွဲတစ်ခု ခေါ်သွားရာကနေ ရှိတ်စပီးယား ရေးထားတဲ့ ရစ်ချတ် ၃ ဘုရင်၏ အသေအပျောက်ကိစ္စအပေါ် အလွန်ပင်စိတ်ဝင်စားကာ၊ အဲ့ဒီပျောက်ဆုံးမှုကြီးကို ရှာဖွေရှင်းရှေးဟောင်းသုတေသနဆိုင်ရာအဖွဲ့နှင့် ထိပ်တိုက်တိုးလာသောအခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုကြတာပေါ့ခင်ဗျ။

t.me/cartoonbynikko/718
တရားရုံးအတွင်းမှ ဉာဏ်စမ်းပြိုင်ပွဲ (၂၀၀၇)

IMDb - 7.1/10
Genre - Thriller, Crime


ထက်မြက်ထူးချွန်လွန်းတဲ့ လူတစ်ယောက်ဟာ ရာဇဝတ်သားဖြစ်သွားခဲ့ရင် ဘယ်လောက်အန္တရာယ်များသွားနိုင်မလဲ။ လေယာဉ်ကုမ္ပဏီတစ်ခုပိုင်ဆိုင်ထားတဲ့ တက်ဒ် ခရောဖော့ ဆိုတဲ့ လူကြီးမှာ မိန်းမငယ်ငယ်ချောချောလေးတစ်ယောက်ရှိတယ်။ သူ့မိန်းမဟာ စုံထောက်တစ်ယောက်နဲ့ ဖောက်ပြန်နေတာကိုလည်း သူသိတယ်။ ဒီလိုနဲ့ တစ်ညမှာတော့ သူ့မိန်းမကို သေနတ်နဲ့ပစ်သတ်လိုက်တယ်။ ဒါပေမဲ့ ပေါ်တင်ပဲ “ငါ့မိန်းမကို ငါပစ်သတ်လိုက်ပြီ သက်သေပြနိုင်ရင် ပြကြ” တဲ့။ တစ်ဖက်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးရှေ့နေအဖွဲ့ဆီ ရောက်နေတဲ့ ဝီလီယမ် ဆိုတဲ့ ရှေ့နေတစ်ယောက်ရှိတယ်။ ဒီရှေ့နေလေးကပဲ ဉာဏ်ကြီးရှင် ရာဇဝတ်သားကြီးနဲ့ တရားခွင်မှာ သွားရင်ဆိုင်မိတဲ့အခါမှာတော့။

t.me/cartoonbynikko/720
ဘုရင်ဆိုး၏ အားထုတ်မှု (၂၀၁၉)

IMDb - 6.4/10
Genre - Comedy, Drama


ဂျိုဆွန်းခေတ် ဘုရင်ဆယ်ဂျို လက်ထက်မှာတော့ သမိုင်းမှတ်တမ်းတွေကို အမှန်တိုင်း မဖြစ်အောင် လိမ်လည်ဖို့ ကြံစည်ခဲ့ကြပါတယ်။ ဘုရင်ဆယ်ဂျို ဟာ သစ္စာဖောက်အမတ်တွေနဲ့အတူ အစ်ကိုနဲ့ တူတော်ဘုရင်ငယ်လေးကို သတ်ပြီး နန်းတက်ခဲ့ပါတယ်။ ပြည်သူတွေကလည်း ပုန်ကန်ပြီး ဘုရင်ဖြစ်လာတဲ့ ဘုရင်ဆယ်ဂျို ကို အသိမှတ်မပြုခဲ့ကြပါဘူး။ အဲ့နောက် ၁၀ နှစ်အကြာ ဆယ်ဂျိုဘုရင်မှာ အနာကြီးရောဂါတွေ ဖြစ်လာခဲ့တယ်။ ဘုရင်ဟာ နတ်ရွာစံကာနီးကျမှ သမိုင်းမှာ ဘုရင်ဆိုးအဖြစ် မှတ်တမ်းတင်ခံရမှာကို ကြောက်လာခဲ့တယ်။ ဒါကြောင့် အမတ်ချုပ်က စျေးတွေမှာ ပုံပြောဇာတ်ကပြီး ဖျော်ဖြေတဲ့ လူရွှင်တော်အဖွဲ့ကို ငှားပြီး ဘုရင်ကို ပြည်သူတွေ အမြင်ကြည်ဖို့ ဇာတ်လမ်းမျိုးစုံ ထွင်ပါတော့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး။

t.me/gwmmupl/4731
Forwarded from Hyper M9 Skm
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
ငွေနောက်လိုက်လူမိုက်များ (၂၀၂၃)

IMDB - 5.8/10
Genre - Horror


အန်ဒရီ နဲ့ ဝတီ တို့လင်မယားဟာ စိတ်တူကိုယ်တူရှိတဲ့ လင်မယားနှစ်ယောက်ပီပီ ဖြတ်လမ်းနည်းနဲ့ချမ်းသာချင်တာကအစတူညီပြီး ချမ်းသာဖို့ဆို သင်္ချိုင်းသွားပြီး အုတ်ဂူပေါ်ဆုတောင်းဖို့ပါ ဝန်မလေးသူတွေပါ။ ခိုးဖို့လည်း လက်ယဉ်နေလေးတော့ အလောင်းဆီက ပိုက်ဆံအိတ်အနှိုက်ကောင်းပြီး အန်ဒရီတစ်ယောက် ရင်ခွဲရုံသန့်ရှင်းရေးအလုပ်ကပါ ပြုတ်သွားပါတော့တယ်။ အိမ်လခကမပေးနိုင်၊ အလုပ်ကပြုတ်နဲ့ လမ်းဘေးရောက်တော့မယ့် လင်မယားနှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ထူးထူးဆန်းဆန်း လခအရမ်းများနေတဲ့ အဘွားအိုကို စောင့်ရှောက်ပေးရမယ့်အလုပ်ကို မျက်စိကျပြီး အလုပ်လျှောက်ဖို့သွားရာက အိမ်ကြီးတစ်လုံးဆီ ရောက်လာတဲ့အခါ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ စောင့်ရှောက်ပေးရမယ့် အဘွားကြီးကလည်း သူတို့စနက်မကင်းစွာနဲ့ ရုတ်တရက်ဆုံးသွားတဲ့အပြင် လက်စလက်နကလည်းရှိကြတဲ့ လင်မယားနှစ်ယောက် ဗီဇလေးတွေပေါ်လာပြီး အိမ်ကတန်ဖိုးရှိတာတွေ ခိုးပြီးထွက်ပြေးကြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲ။

t.me/horrormm1/2278
ဂျင်းဂျာနဲ့ ရိုဆာ (၂၀၁၂)

IMDb - 6.2/10
Genre - Drama, Romance


ဆယ်ကျော်သက်လူငယ်ဘဝဆိုတာ လူကြီးတွေရဲ့ ပုံဖျက်စကားတွေနဲ့ ပြောင်စရာလိုလို လှောင်စရာလိုလိုဖြစ်နေတယ်လို့ ပြောရမလား။ သစ်ရွက်လှုပ်ရင် ရယ်တဲ့အရွယ်တဲ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ သူ့အတွေးထဲမှာ သစ်ရွက်လေးတွေလှုပ်သွားတာထက် အဆအများကြီးပိုတဲ့အရာတွေ ရှိနေတယ်လေ။ မြီးကောင်ပေါက်မအရွယ်တဲ့။ လူပျိုပေါက်တဲ့။ ဒါပေမဲ့ သူတို့ရင်ထဲက အတွေး၊ ခံစားချက်နဲ့ သောကတွေက ဆန့်ကျင်ဘက်လိင်အတွက်ချည်းပဲ မဟုတ်ဘူးပေါ့လေ။ ဒီလူငယ်တွေကပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် လူကြီးတွေ ဖြစ်လာခဲ့တာပဲမဟုတ်လား။ သူတို့တွေရဲ့ စိတ်ခွန်အားနဲ့ စွမ်းဆောင်နိုင်ရည်တွေက အကန့်အသတ်မဲ့ပဲဗျ။ ကောင်းရင်လည်း ကမ္ဘာ့ရတနာတွေ ဖြစ်လာသလို ဆိုးပြီဆိုလည်း ကမ္ဘာကို မြေလှန်ပစ်မယ်တကဲကဲ လုပ်ကြပြန်ရော။ ဟုတ်တာမဟုတ်တာတော့ အသာထား။ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်က နျူကလီယားစစ်ပွဲကြီးကို ရပ်တန့်ပစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေလေရဲ့။ သူ့ရဲ့ ဖွားဖက်တော် သူငယ်ချင်းမလေး တစ်ယောက်ကလည်း သူ့ကိုယ်ပိုင်တည်ထောင်မယ့် အချစ်ကမ္ဘာကို အားလုံးနဲ့ဆန့်ကျင်ပြီး ထုဆစ်ဆဲပဲလေ။ တစ်အူထုံဆင်း ညီအစ်မအရင်းတွေထက်တောင် သာနိုင်တဲ့အချစ်မျိုးနဲ့ ချစ်ခဲ့ကြသူနှစ်ယောက်။ ဂျင်းဂျာ နဲ့ ရိုဆာ။ မိဘချင်းက မိတ်ဟောင်းဆွေဟောင်းကြီးတွေ။ ဒီ နုနုငယ်ငယ်ကလေးမနှစ်ယောက်က အရွယ်နဲ့မတန်တဲ့ လုပ်ဆောင်ချက်ကြီးတွေကို လူငယ်ပီပီ မှားမှားယွင်းယွင်း လဲလဲကွဲကွဲ လုပ်နေကြပုံတွေ ကြည့်ရှုရမှာပေါ့။ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်ပြည်ထောင်စုနဲ့ ကျန်တဲ့မဟာမိတ်နိုင်ငံတွေအချင်းချင်း ရန်စောင်နေကြသဗျ။ နျူဒုံးကျည်တွေကိုယ်စီနဲ့ အစွယ်တပြပြလုပ်နေကြတော့ နျူကပ်ဘေးကြောင့် ကမ္ဘာပျက်တော့မလိုလိုကာလပေါ့ဗျာ။ အဆင်မပြေတဲ့ အိမ်ထောင်ရေးကိုယ်စီက မွေးဖွားလာတဲ့ကောင်မလေးနှစ်ယောက်ရဲ့ ကိုယ်စီပြဿနာတွေက ကမ္ဘာ့အရေးထက် ပိုကြီးတယ်လို့ သူတို့တွေထင်မှတ်ထားကြသလားမသိ။ အဖေ ကို အဖေလို့ ခေါ်ခွင့်မရတဲ့ ကောင်မလေး ဂျင်းဂျာ ရယ်။ အဖေခေါ်စရာကို မရှိတော့တဲ့ကောင်မလေး ရိုဆာ ရယ်။ အချစ်ဆုံးသူငယ်ချင်းကို အချစ်ဆုံးသူပေးလိုက်ရတဲ့ ဂျင်းဂျာ။ သူငယ်ချင်းအပေါ်ကို အဆုံးအထိ သစ္စာမဲ့ စာနာတရားမဲ့ခဲ့တဲ့ ရိုဆာ တို့ရဲ့ ဇာတ်ရှုပ်တွေကို လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့လေ။

t.me/dramamv/969
တက္ကဆီသမား နှင့် ညငှက်မလေး (၂၀၂၄)

IMDb - 6.8/10
Genre - Thriller, Drama

 
ထရန်စပေါ်တာလိုမျိုး ကားပေါ်က ခွာလို့မရတဲ့ လူတစ်ယောက်အကြောင်းကို မှုခင်းနဲ့ အက်ရှင်နဲ့ တွဲပြီး ရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ ထရန်စပေါ်တာနဲ့ မတူတာက သူက ကားထဲက ထွက်ရင် ဗုံးကွဲမှာတို့ ဘာတို့တော့ မဟုတ်ဘူး။ နည်းနည်းလေး ပိုယုတ္တိရှိတယ်။ ခြေထောက်မသန်လို့ ကားပေါ်က သိပ်ဆင်းမရတဲ့ လူမျိုးပေါ့။ ထရန်စပေါ်တာနဲ့ထပ်တူတာက သူ့ကားကို လိုက်စီးတဲ့ ကောင်မလေးတစ်ယောက်နဲ့ သူနဲ့ကတစ်ဘက် သူတို့ကို လိုက်သတ်နေတဲ့ လူတွေက တစ်ဘက်ဖြစ်နေတာပေါ့။ အစကတော့ ဒီလူက ညဘက်သီးသန့်တက္ကစီမောင်းတဲ့ တက္ကစီသမားသက်သက်ပါပဲ။ ညငှက်မလေးကို သူ့ဖောက်သည်တွေရှိတဲ့နေရာကို လိုက်မောင်းပို့ပေးရာကနေ ဘယ်လို လူတွေနဲ့ ကြုံပြီး ဒီလိုအခြေအနေဆိုက်သွားလဲဆိုတာက စိတ်ဝင်စားကောင်းပါတယ်။ ကြည့်ကောင်းတဲ့ သည်းထိတ်ရင်ဖိုကားပါပဲ။

t.me/gwmmupl/4749
အတိတ်ရဲ့ အရိပ် (၂၀၂၄)

IMDb - 7.5/10
Genre - Drama, Romance


လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်သွားနိုင်မယ်ဆိုရင် တူညီတဲ့အမှားတွေမလုပ်မိအောင် ကြိုးစားနိုင်မလား?ဒီဇာတ်လမ်းလေးကတော့ 27 နှစ်အရွယ် အတ်ရ ဆိုတဲ့ မိန်းကလေးတစ်ယောက် 12 နှစ်ကြာ တွဲခဲ့တဲ့ကောင်လေးဆီက အဖြတ်ခံရ၊ ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလည်း စွန့်ပစ်ပြီး တစ်ခြားစီးပွားရေးလုပ်ငန်းကိုလုပ်ခဲ့လို မပျော်ရွှင်ရတဲ့အပြင် အထက်တန်းတုန်းက သူများကိုအနိုင်ကျင့်ခဲ့တဲ့လုပ်ရပ်တွေကြောင့် အရှက်ရစရာတွေမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ဆန်းကြယ်တဲ့ကံကြမ္မာက သူ့ကိုလွန်ခဲ့တဲ့ 10 နှစ် အထက်တန်းကျောင်းသူဘဝကို ပြန်လည်ခေါ်ဆောင်သွားချိန်မှာတော့ တူညီတဲ့အမှားတွေထပ်မလုပ်မိအောင်၊ ဟိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ပြီး သူ့ဘဝကိုပြောင်းလဲနိုင်အောင် ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

t.me/dramamv/971
Forwarded from Hyper M9 Skm
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
ဒဏ္ဍာရီလာ အိုချီ (၂၀၂၅)

IMDb - 6.3/10
Genre - Fantasy, Adventure


ပင်လယ်နက်ထဲက ကာပါသီယာကျွန်းမျောတွေပေါ်မှာ နေကြတဲ့ မက်ဆင်းတို့မိသားစုဟာ အိုချီဆို ဒဏ္ဍာရီလာ သတ္တဝါကို မျိုးဆက်အလိုက် ကြောက်ရွံ့ပြီး အမဲလိုက်နေခဲ့တာဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီမိသားစုက ယူရီဆိုတဲ့ ကလေးမလေးက ဒဏ်ရာရနေတဲ့ အိုချီအကောင်ပေါက်လေးကို တွေ့ပြီး ခင်တွယ်သွားရာကနေ သူ့မိသားစုရှိရာ တောနက်ကြီးထဲကို ပြန်ပို့ဖို့အတွက် ခရီးကြမ်းကို နှင်ခဲ့ရင်း စိတ်မချတဲ့ ဖခင်ဖြစ်သူ မက်ဆင်းကလည်း လိုက်ပါလာခဲ့ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/23
Please open Telegram to view this post
VIEW IN TELEGRAM
ပြိုကျ ပျက်စီးသွားသော (၁၉၉၉)

IMDb - 6.4/10
Genre - Thriller, Mystery


ဒီဇာတ်ကားက တကယ်တမ်းခံစားလို့ကောင်းတဲ့ကားတစ်ကားပါ။ ကြည့်ရင်းနဲ့ စိတ်ထဲမှာ တစ်ခုသိသွားတာက လူချင်း၊သူငယ်ချင်း အချင်းချင်း “ယုံကြည်မှု” ဆိုတာ နောက်ဆုံး အကျဉ်းထောင် ထဲအထိပါသယ်သွားလို့ရတယ်ဆိုတာပဲ။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုမေးမိတယ်“မင်းဆိုမင်းရဲ့အချစ်ဆုံးသူငယ်ချင်းအတွက် တကယ်စတေးခံနိုင်လား”ပေါ့။ အားလုံးသိကြတဲ့အတိုင်း ဘဝမှာသူငယ်ချင်းတွေကြား နားလည်မှုတွေ ချစ်ခင်မှုတွေနဲ့ တည်ဆောက်ထားတာ တစ်ခါတစ်ရံ အဲ့ဒီယုံကြည်မှုတွေကို လောကဓံက စမ်းသပ်လေ့ရှိပါတယ်။ ကုန်ကုန်ပြောရရင် ကြည့်နေရင်း ဇာတ်ကားထဲမှာ စီးမျောခံစားရင်း ထပ်ပေါင်းစဥ်းစားစရာတွေလဲ အများကြီးပါပါတယ်။

အဲလစ် နဲ့ ဒါလိန်း တို့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဒါလိန်း က အဝေးမှာတက္ကသိုလ်သွား တက်ရတော့မှာမို့ သူငယ်ချင်းနှစ်ယောက် မခွဲခွာခင် ခရီးအတူတူထွက်ဖို့ စီစဥ်ခဲ့ကြတယ်။ ဟာဝိုင်အီ ကိုသွားမယ်လို့ အိမ်ကိုလိမ်ပြောပြီး ထိုင်းနိုင်ငံရောက်သွားတဲ့ သူငယ်ချင်းနှစ်ယောက် အဲ့မှာ နစ်ပါ့ ဆိုတဲ့သူတစ်ယောက်နဲ့ ရင်းနှီးသွားကြတော့ ဒီလိုနဲ့ ရင်းနှီးလာကြရင်း နစ်ပါ့ က ဟောင်ကောင်ကိုအပျော် ခေါ်သွားပေးချင်တယ်ဆိုပြီး အဲလစ် နဲ့ ဒါလိန်းကို ကမ်းလှမ်းလာပါတယ်။ နောက်တော့ လေဆိပ်မှာ မူးယစ်ဆေးတွေ ခိုးသယ်တဲ့အမှုနဲ့ သူငယ်ချင်းနှစ်ယောက် အဖမ်းခံလိုက်ရတဲ့အခါမှာ

t.me/gwmmupl/4756
ကလဲ့စား (၁၉၉၀)

IMDb - 6.3/10
Genre - Action


လေတပ်လေယာဉ်မှူးဟောင်း ဂျေး ဟာဆိုရင် အငြိမ်းစားယူပြီးနောက် သူ့ဘဝကို သူ့ရဲ့မိတ်ဆွေကြီး တီဘူရွန် မန်းဒက်ဇ် ဆီမှာ အခြေကျဖို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ မှောင်ခိုလက်နက်တွေကို လေယာဉ်နဲ့ ခိုးသွင်းရမယ့်သဘောတူညီမှုမျိုး ရှိမယ်လို့ အရိပ်အမြွတ် ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ဘာလုပ်ငန်းမှ မစရခင်မှာ မက္ကဆီကိုရဲ့ သခင်ကြီး သူ့မိတ်ဆွေ တီဘူရွန် ရဲ့ ဇနီးချောလေးကို ဂျေး တစ်ယောက် စွဲလမ်းသွားခဲ့တာကနေ ကမောက်ကမတွေ ဖြစ်ကုန်တော့တာပဲ။ ဂျေး ရဲ့ တဖက်သက်စွဲလန်းမှုတင်မကဘဲ ဇနီးချောလေး မာရီယာ ကပါ လက်ခုပ်နှစ်ဖက်တီးပစ်လိုက်တော့ ချက်ဆို နားခွက်ကမီးတောက်တဲ့ တီဘူရွန် တစ်ယောက် ကြာခိုတဲ့ကောင်နဲ့ မျောက်မမွေးတဲ့မိန်းမကို အမိဖမ်းပြီး မိတ်ဆွေဖြစ်ပါရဲ့နဲ့ ကိုယ့်မိန်းမကို လာပစ်မှားတဲ့ကောင်ကို အသေရိုက်သတ်ပြီး တောင်တန်းတစ်နေရာမှာ စွန့်ပစ်လိုက်တယ်။ သစ္စာမဲ့တဲ့ ဇနီးလုပ်သူကိုလည်း မျက်နှာကို ဓားနဲ့ဆွဲဖြဲပြီးပြည့်တန်ဆာအိမ် ပို့ပစ်လိုက်တာပေါ့။ ဒါပေမဲ့ ဂျေး တစ်ယောက် သေမင်းလက်မခံဘဲ မက္ကဆီကိုနိုင်ငံရဲ့ လမ်းတွေပေါ် ပြန်ရောက်လာတဲ့အခါ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/25
Please open Telegram to view this post
VIEW IN TELEGRAM
ကိုရီးယားထဲကနဲ့ မတူတဲ့ အချစ် (၂၀၂၄)

IMDb - 7.6/10
Genre - Romance, Drama


ကိုရီးယားဒရမ်မာ တွေထဲကလို အချစ်ခံရဖို့မိန်းကလေးတိုင်းနီးပါး စိတ်ကူးယဉ်နေတဲ့အချိန်မှာ ဇာတ်ကားတွေထဲကလိုမဟုတ်ဘဲ မမျှော်လင့်ထားတဲ့ ရှုပ်ထွေးတဲ့အချစ်ဇာတ်လမ်းမျိူးပိုင်ဆိုင်လာခဲ့ရရင်? ကိုရီးယားဒရမ်မာ တွေထဲမှာတွေ့နေကျအချစ်စံနှုန်းတွေကို ချိုးဖျက်ထားတဲ့ အင်ဒိုနီးရှားအချစ်ဟာသဇာတ်ကားလေးတစ်ကား။ ကိုရီးယားဒရမ်မာ ဖန် အကြီးစားဖြစ်တဲ့သူငယ်ချင်းသုံးယောက် သူတို့အိပ်မက်တစ်ခုဖြစ်တဲ့ ကိုရီးယားနိုင်ငံကို အလည်ရောက်သွားတဲ့အချိန်မှာ ကိုရီးယားတွေထဲကလို ချိုမြိန်တဲ့အချစ်ဇာတ်လမ်းလေးရှာတွေ့ဖို့မျှော်လင့်ထားပေမယ့် ကိုယ်ရေးကိုယ်တာအရှုပ်အရှင်းကိစ္စတွေပါလာတဲ့အခါ ခရီးမှာဘယ်လိုအရာတွေကြုံတွေ့သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှူရမယ့် အင်ဒိုအချစ်ဟာသကားလေးဖြစ်ပါတယ်။ ကိုရီးယားကားတွေထဲမှာပါနေကျ ဝါရင့်အရံသရုပ်ဆောင်တစ်ချို့လည်း ပါဝင်ထားတာမို့ ကိုရီးယားကားနဲ့မတူတဲ့ ကိုရီးယားကားကြည့်နေရသလိုခံစားရစေမှာပါ။ လူငယ်သဘာဝပီပီပေါ့ပေါ့ပါးပါးအပျင်းပြေကြည့်ရတန်မယ်လို့ မျှော်လင့်ပါတယ်။

t.me/dramamv/973
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
❤️❤️❤️❤️ ❤️❤️❤️❤️

📢အကောင်းဆုံးဘောနပ်များစွာနဲ့ရှယ်အမ်းတဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် ❤️❤️🔣 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ❤️❤️🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် ❤️🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
ဒို့နှစ်ယောက်အကြောင်း (၁၉၉၉)

IMDb - 6/10
Genre - Romance, Comedy

ဘန် နဲ့ ကေတီ တို့က အိမ်ထောက်သက်ဆယ့်ငါးနှစ်ကျော်ရှိပြီဖြစ်တဲ့ ဇနီးမောင်နှံနှစ်ယောက်ပါ။ သူတို့မှာ ဂျော့ နဲ့ အယ်ရင် လို့ခေါ်တဲ့ ကလေးနှစ်ယောက်လည်းရှိကြပါတယ်။ ဒါပေမဲ့ ဇနီးမောင်နှံတွေရဲ့ ထုံးစံအတိူင်း အိမ်ထောင်သက်ကြာလာတာနဲ့ ရန်ဖြစ်တာတွေ၊ ကတောက်ကဆဖြစ်တာတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကပိုပြီး အေးစက်လာကြပါတော့တယ်။ အဲ့လိုနဲ့ပဲ တဖြည်းဖြည်းနဲ့ နှစ်ယောက်သာ ဝေးကွာသွားကြရင်း ကွာရှင်းဖို့အထိပါ ဖြစ်ကုန်ကြပါတော့တယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတစ်ခုကို ရပ်တန့်လိုက်ဖို့ကတော့လွယ်ပေမဲ့ တည်ဆောက်ဖို့ကတော့ ခက်ပါတယ်။ နှစ်ယောက်သား သူတို့ရဲ့ အိမ်ထောင်ရေးကို ပြန်ပြီးအသက်သွင်းဖို့ကြိုးစားကြရပါတယ်။ကံကြမ္မာနဲ့အချစ်တစ်ခုကြောင့် ပေါင်းဖက်လာကြတဲ့ လူနှစ်ယောက် သဘောမတူညီမှုတွေ၊ အခက်အခဲတွေကြားထဲမှာအတူတူရှိနေမယ့်လူတစ်ယောက်ကို ရထားတာ ဘယ်လောက်တောင်ကံကောင်းလဲဆိုတာကို နားလည်သွားဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းကောင်းလေးလည်းဖြစ်ပါတယ်။ ပြသာနာတွေကြားကအိမ်ထောင်ရေးတစ်ခုမှ အချစ်ကို ဘယ်လိုပြန်ရှာဖွေကြမလဲဆိုတာကို ပြသထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။

t.me/dramamv/975
အခမ်းနားဆုံး မေတ္တာ (၂၀၀၉)

IMDb - 6.6/10
Genre - Romance, Drama


လူတိုင်းချစ်ခင်တာခံရတဲ့ အရမ်းထူးချွန်ပြီးလိမ္မာတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေး ဘားနက် ဟာ သူ့ချစ်သူနဲ့အတူရှိနေချိန်မှာ ကားအက်ဆီးဒန့်ဖြစ်ပြီးကွယ်လွန်သွားခဲ့ပါတယ်။ ဘားနက် လိုသားလိမ္မာလေးဆုံးရှုးလိုက်ရလို ကျန်ရစ်သူမိသားစုတွေ ဆောက်တည်ရာမရဖြစ်နေတဲ့အချိန်မှာ ရိုစ် ဆိုတဲ့ကောင်မလေးတစ်ယောက်က ဘားနက် တိုမိသားစုဆီကိုရောက်လာခဲ့ပြီး သူ့မှာ ဘားနက် နဲ့ရထားတဲ့ကိုယ်ဝန်လွယ်ထားရကြောင်းပြောလာပြီး အကူအညီတောင်းရှာပါတယ်။ ဘားနက် တိုမိသားစုလည်း တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ကုန်ပြီး ကောင်မလေးကိုလည်း အိမ်ပေါ်မှာလက်ခံထားပြီး စောင့်ရှောက်ရပါတော့တယ်။ ဒီလိုသောကမီးတွေလောင်မြိုက်နေရတဲ့ မိသားစုဝင်အချင်းချင်းကတောက်ကဆတွေဖြစ်ကြရင်း သူတိုဘယ်လိုရှေ့ဆက်လိုမရနိုင်၊ ဖြေဆည်လိုမရနိုင်ဖြစ်နေကြပါတယ်။ ဒီအခြေအနေကို သူမိသားစုကျော်လွှားနိုင်ပါ့မလား။ ရင်သွေးလေးကိုလွယ်ထားရတဲ့ ရိုစ် အနေနဲ့ရော ဘယ်လိုမျိုးပြဿနာတွေရင်ဆိုင်ရဦးမှာလဲ။

t.me/dramamv/979
ဒဏ္ဍာရီတစ်ခု မွေးဖွားခြင်း (၂၀၁၄)

IMDb - 6.4/10
Genre - Action, Drama


ကျင်မင်းဆက် နှောင်းပိုင်းအချိန်အခါ ၁၈၆၈ ခုနှစ်အတောအတွင်း ဂွမ်ဂျုံး ပြည်နယ်ကုန်သွယ်ရေးဂိတ်ကို ကျားမဲဂိုဏ်း နဲ့ မြောက်ပင်လယ်ဂိုဏ်း တို့စိုးမိုးထားစဉ်အချိန်အခါကိုကျောရိုးထားပြီး ရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဖိန်း ဆိုတဲ့သိုင်းသမားလူငယ်တစ်ယောက် ဂိတ်ကိုစိုးမိုးနေတဲ့ လူဆိုးဂိုဏ်းတွေကို ရှင်းလင်းဖို့ သူငယ်ချင်း ဝူ နဲ့ ချန်း တို့နဲ့အတူ နှစ်ရှည်အစီအစဉ်ဆွဲ အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း ဖိန်း တစ်ယောက် ရန်သူကိုအတွင်းကနေတိုက်ဖို့ ကျားမဲဂိုဏ်း ထဲကို ဝင်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလက ဂိတ်ကိုကြီးစိုးထားတဲ့ ကျားမဲဂိုဏ်း နဲ့ မြောက်ပင်လယ်ဂိုဏ်း တို့အာဏာအတွက်အပြိုင်အဆိုင်လုနေတဲ့အချိန်ပဲဖြစ်ပါတယ်။ ဖိန်း တစ်ယောက်ဂိုဏ်းထဲဝင်ပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ ယုံကြည်မှုကို ရယူဖို့ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲ၊ ရန်သူ့အတွင်းထဲကနေ ဘယ်လိုတွေ ကြံရွယ်ထားတဲ့အစီအစဉ်တွေကို ဖော်ဆောင်လဲဆိုတာတွေကို ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မက်တစ်ခုကို ဖော်ဆောင်ရင်းဖြစ်နေကျအတိုင်း ကိုယ့်ဘက်က စွန့်လွှတ်လိုက်ရတာတွေလည်းရှိပါတယ်။ ထိုစွန့်လွှတ်မှုတွေကို ဖိန်း တစ်ယောက် ဘယ်လိုတွေ ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရလဲ၊ ဘယ်လိုအတွေးအခေါ်တွေနဲ့ အောင်မြင်မှုကို ရယူခဲ့လဲ ဆိုတာတွေကိုလည်း တွေ့မြင်ရမယ့် တရုတ်သိုင်းကားကောင်းလေးပဲဖြစ်ပါတယ်။

t.me/msubmovie0/3126
လိပ်နင်ဂျာ - သန္ဓေပြောင်းစစ်တပ် (၂၀၂၃)

IMDb - 7.2/10
Genre - Action, Comedy


တိရစ္ဆာန်တွေကို စမ်းသပ်ပြီး သန္ဓေပြောင်း စစ်တပ်တစ်ခု ဖန်တီးချင်တဲ့ အဖွဲ့တစ်ဖွဲ့ကနေ သိပ္ပံပညာရှင် တစ်ယောက်ဟာ ဆေးရည်တွေကို ခိုးယူပြီး သူ့ရဲ့ သန္ဓေပြောင်းကောင်လေးတွေနဲ့အတူ ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက်ကို လိုက်ဖမ်းရင်း တိုက်ပွဲတွေ ဖြစ်ပြီး ဆေးရည်တွေ မြောင်းထဲ ကျသွားရာကနေ ဆရာကြွက်တို့ လိပ်နင်ဂျာလေးဖော်တို့ ဖြစ်လာပါတယ်။ လိပ်နင်ဂျာလေးတွေ ဆယ်ကျော်သက် ဖြစ်လာချိန်မှာ မြောင်းထဲမှာပဲ ပုန်းမနေချင်တော့ဘဲ လူတွေကြားမှာ ဝင်ဆန့်ချင်လာပါတယ်။ သူတို့ကို လူတွေလက်ခံအောင် သူရဲကောင်း ဖြစ်ဖို့ ကြိုးစားရာကနေ စူပါဖလိုင်းဆိုတဲ့ သန္ဓေပြောင်းယင်ကောင် ဗီလိန်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/27
Please open Telegram to view this post
VIEW IN TELEGRAM