အရိပ်ထဲကလူ (၂၀၁၈)
IMDb - 7/10
Genre - Action, War
တရုတ်ရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ကျန်းရိမူ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားက အဖြူအမဲ ကာလာပုံစံနဲ့ အတော်ကိုမိုက်တဲ့ ရာဇဝင်နောက်ခံ ဝူရှသိုင်းဇာတ်ကားပါ။ ရှေးခေတ်တုန်းက အမတ်တွေ ဘုရင်တွေဟာ လုပ်ကြံခံရမှာကြောက်လို့ လူစားတွေလဲထားတတ်ကြပါတယ်။ အဲဒီလို လူစားထိုးတဲ့လူကို အရိပ်လို့ ခေါ်ပါတယ်။ အဲ့ဒီကာလက ပေနိုင်ငံရဲ့ ကျင်းမြို့ဟာ ရန်သူတွေသိမ်းပိုက်ခံထားရပြီးတော့ ယန်မျိုးနွယ်စစ်သူကြီးက ကာကွယ်ထားတဲ့အတွက် ဘယ်သူမှ ပြန်မသိမ်းနိုင်တဲ့အခြေအနေပါ။ ပေနိုင်ငံရဲ့ စစ်သူကြီးဟာ ဒီမြို့ကိုပြန်ယူဖို့ ယန်စစ်သူကြီးနဲ့ စီးချင်းထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဘုရင်ရဲ့ ပရိယာယ်၊ စစ်သူကြီးရဲ့ အကြံအစည်တွေကြားမှာ ညပ်နေတဲ့ အရိပ်တယောက်အကြောင်းကို ကျန်းရိမူ စတိုင်အတိုင်း နောက်ခံတီးလုံးအမိုက်စား၊ တင်ဆက်ပုံအမိုက်စားနဲ့ ကြည့်ရှုခံစားရမှာပါ။
t.me/hanamovie20/4375

ကျွန်းပေါ်က လူ့ဘီလူး (၂၀၁၈)
IMDb - 6.2/10
Genre - Comedy, Fantasy
ဇာတ်ကားစစချင်းမှာ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကို နှစ်ပတ်လည်အနေနဲ့ ပင်လယ်ကမ်းခြေကိုအလည်အပတ် ပို့ပေးပါတယ်။ ကမ္ဘာ့အပြင်ဘက်က ဥက္ကာခဲအန္တရာယ်ကို လျစ်လျူရှုပြီး ပင်လယ်ထဲအလည်အပတ် ထွက်လာတဲ့သူတို့ဟာ ဥက္ကာခဲကြောင့် ဆူနာမီနဲ့ရင်ဆိုင်ခဲ့ရပြီး ကျွန်းတစ်ကျွန်းပေါ် သောင်တင်ခဲ့ပါတော့တယ်။ သူတို့နဲ့အတူ ပရော်ဖက်ဆာ တစ်ယောက်က ပါဝင်ခဲ့ပြီး ပရော်ဖက်ဆာ ရဲ့တွက်ချက်မှုက လောကကြီးတစ်ခုလုံး ဥက္ကာခဲကြောင့် ပျက်သုဉ်းသွားပြီး ရှင်ကျန်သူဆိုလို့ သူတို့သာကျန်တော့ကြောင်း အဖြေထွက်လာပါတော့တယ်။ ဒီတော့။ စည်းလုံးမှုတွေလဲ ပြိုကွဲ နောက်ဆုံး ကျန်ခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်နေရာကိုလဲ လိုချင်တပ်မက်လာတဲ့အခါ။ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူး ရဲ့ပကတိမျက်နှာဟာ ထိုကျွန်းပေါ်မှာ ပေါ်ပေါက်လာပါတော့တယ်။ အတ္တတွေ၊ တပ်မက်မှုတွေနဲ့ လူတစ်စု ကျွန်းပေါ်မှာ ဘယ်လိုအသက်ရှင်သွားမလဲ။
t.me/hanamovie20/4377

နယ်မြေ ၃၆ (၂၀၀၄)
IMDb - 7.1/10
Genre - Thriller, Crime
ပဲရစ်မြို့ပေါ်မှာ ဒုစရိုက်အမှုတွေ အများအပြားကျူးလွန်နေလျက်ရှိပြီး ရဲတပ်ဖွဲ့ကို အမြဲတမ်းလိုလို ဒုက္ခပေးတာကြာပြီ။ ဒီမြို့မှာပဲ လီယိုဗရင့်ခ်စ် နဲ့ ဒန်းနစ်ကလီယန် ဆိုတဲ့ ရဲအရာရှိနှစ်ယောက်ဟာ ရာထူးတိုးအောင်အပြိုင်အဆိုင် ယှဉ်ပြိုင်နေတဲ့ ရဲနှစ်ယောက်ဖြစ်တယ်။ သူတို့မြို့က နာမည်ကြီးဆုံး လူဆိုးဂိုဏ်းအဖွဲ့ရဲ့ သတင်းကို ရဖို့အတွက် နှစ်ဦးနှစ်ဖက်လုံးဟာ လူဆိုးတစ်ချို့နဲ့ ပူးပေါင်းပြီး သတင်းနှိုက်ကြတယ်။ ၂ ယောက်လုံးဟာလည်း အရည်အချင်းရှိတဲ့သူတွေ။ လူဆိုးဂိုဏ်းကလည်း အဖွဲ့တောင့်တဲ့အပြင် တကယ့်လက်ရဲဇက်ရဲတွေ။ သူတို့ ၂ ယောက်စုံစမ်းတာအောင်မြင်မလား။ ကြားထဲမှာ ဘယ်လိုပြသနာပေါင်းစုံ ကြုံတွေ့ရမလဲဆိုတာကိုတော့ အက်ရှင်၊ မှုခင်းကားတွေကိုမှ ကြိုက်တဲ့သူတွေအဖို့ ဒီကားက နင်းကန်လန်းတယ်လို့ သတင်းကောင်းပါးပါရစေ။
t.me/cartoonbynikko/698

Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ်
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu
နိုင်သလောက် အကုန်လျော်မယ်ဟေ့
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ်
ဘောလုံး
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
ရှန်ဟိုင်းနေ့လည်ခင်း (၂၀၀၀)
IMDb - 6.6/10
Genre - Action, Comedy
၁၉ ရာစုနှောင်းပိုင်းတုန်းက ချောင်ဝမ် ဟာ အင်မတန်ကို ရို့ကားယားနိုင်ပြီး တရုတ်နိုင်ငံရဲ့ ဘုရင့်သက်တော်စောင့် တစ်ယောက်ဖြစ်ပါတယ်။ ဘုရင်ကြီးမှာ သမီးတော်တစ်ပါးရှိပြီး မင်းသမီးလေး ဖေးဖေး လို့အမည်တွင်ပါတယ်။ တစ်နေ့မှာ တရုတ်ပြည်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေက မင်းသမီးလေးကို တစ်ဖက်လှည့်နဲ့ အမေရိကကို ပြန်ပေးဆွဲခေါ်ဆောင်သွားပါတော့တယ်။ ဒီအခါမှာ ချောင်ဝမ် တို့တွေဟာ မင်းသမီးလေးကို ကယ်တင်ဖို့အတွက် တာဝန်ပေးခြင်းခံလိုက်ရပြီး အနောက်ဘက်ကို ထွက်လာခဲ့ကြပါတော့တယ်။ အဲ့ဒီအချိန်မှာ မလိမ့်တပတ် လူလိမ်လုပ်စားနေတဲ့ သူခိုးတစ်ယောက်လည်းဖြစ်တဲ့ ရွိုင်းအိုဘန်နွန် နဲ့ တွေ့တဲ့အခါမှာတော့။ ချောင်ဝမ် တစ်ယောက် မင်းသမီးလေးကို ပြန်ပြီးကယ်တင်နိုင်မှာလား၊ ဘယ်လိုပြန်ကယ်တင်မလဲ၊ ချောင် နဲ့ ရွိုင်းအိုဘန်နွန် နဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ။
t.me/cartoonbynikko/700

မိခင်၏အချစ်နှင့် စစ်မှန်သောအမှန်တရား (၂၀၂၄)
IMDb - 6.7/10
Genre - Drama
လက်တွေ့နဲ့ ချောက်ချားမှုကြား ခွဲခြားလို့မရလောက်အောင်ပုံပြင်ဆန်ဆန်ရိုက်ကူးတင်ဆက်ပြထားတဲ့ Drama အမျိုးအစားရုပ်ရှင်ကားဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ပြီး ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်ကျော်နေကြတဲ့ အေရှာတို့ မိသားစုမှာ သားသုံးယောက်ရှိပါတယ်။ တစ်ရက်မှာတော့ သားကြီးနှစ်ယောက်ဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ စည်းရုံးမှုကို ယုံမှားပြီး ဆီးရီးယားကို ထွက်သွားခဲ့ကြပါတယ်။ သားတွေကိုဆုံးရှုံးရတဲ့ သောကကို ထွေးပိုက်ရင်း အေရှာဟာ ခင်ပွန်းသည်၊ သားငယ်တို့နဲ့အတူနေထိုင်ရင်း နှစ်အနည်းငယ်အကြာမှာ အိုက်အက်စ်အဖွဲ့မှာ လေ့ကျင့်ပေးခံခဲ့ရတဲ့ သားကြီး မတ်ဒ်ဟာ သူ့ဇနီးဆိုတဲ့ အမျိုးသမီးတစ်ယောက်ကိုပါ ခေါ်ပြီး အိမ်ပြန်ရောက်လာခဲ့ပါတယ်။ သားတစ်ယောက်ပြန်ရလိုက်လို့ မပျော်နိုင်သေးခင်မှာပဲ မတ်ဒ်မိန်းမက ညဘက်တွေဆိုရင် ထူးဆန်းနေတာကို အေရှာ သတိထားမိခဲ့ပါတယ်။ တစ်ဖြည်းဖြည်း ရွာထဲက လူတွေလည်း ပျောက်ဆုံးလာကြတဲ့အချိန်မှာတော့ အေရှာဟာ သားကိုချစ်စိတ်နဲ့ အမှန်တရားကြားမှာ လွန်ဆွဲရင်း သောကပင်လယ်ဝေ ရပါတော့တယ်။
t.me/dramaworld001/5941

ခြံစည်းရိုးထဲက ကောင်ကလေး(၂၀၀၈)
IMDb - 7.7/10
Genre - War, Thriller
ဒီဇာတ်ကားမျိုးတွေက ကောင်းလွန်းလို့ကို ပြန်မကြည့်နိုင်တဲ့ ရုပ်ရှင်မျိုးဖြစ်ပါတယ်။ စ၊လယ်၊ဆုံး အကုန်လုံးကောင်းမွန်နေတဲ့မလို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ ရဖတ် က ဟစ်တလာ စစ်တပ်ရဲ့ ဗိုလ်မှူးတစ်ယောက်ဖြစ်ပါတယ်။ အယ်လ်စ် က သူ့မိန်းမဖြစ်ပြီးတော့ ဂရက်တယ် ဆိုတဲ့ သမီးတစ်ယောက်နှင့် ဘရူနို ဆိုတဲ့ သားတစ်ယောက်ရှိပါတယ်။ ရဖတ် ရဲ့ တာဝန်တစ်ခုကြောင့် သူတို့မိသားစု နယ်စပ်တစ်နေရာကို ပြောင်းရွှေ့သွားကြပါတယ်။ ဗိုလ်မှူး ရဖတ် ရဲ့ တာဝန်ကတော့ ဂျူးလူမျိုးတွေကို အလုပ်စခန်းတစ်ခု တည်ဆောက်ပြီး အလုပ်လုပ်ခိုင်းရမယ်။ ပြီးတော့ သူတို့ကို မီးရှို့ပြီး သတ်ပစ်ရမှာဖြစ်ပါတယ်။ အဲ့အချိန်တုန်းက ဂျူးလူမျိုးတွေဆိုတာ ဟစ်တလာရဲ့ ညင်းပန်း သတ်ဖြတ်ခြင်းကို ခံရတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ရဖတ် ရဲ့ တာဝန်တွေကို သူ့ဇနီးဖြစ်တဲ့ ဂရက်တယ် တောင်မသိပါဘူး။ အသက် ၈ နှစ်ပဲရှိတဲ့ ဘရူနို လည်း သမိုင်းတွေဘာတွေ ဘာမှ မသိသေးပါဘူး။ ရောက်ပြီး သိပ်မကြာခင်မှာပဲ သူငယ်ချင်းမရှိတဲ့ ဘရူနို က အလုပ်သမားစခန်းက သူနဲ့ရွယ်တူ ကောင်လေး ရှမ်မူး ဆိုတဲ့ ဂျူးလူမျိုးကောင်လေးနဲ့ ခင်သွားပါတယ်။ အဲ့နောက်မှာတော့ ၈ နှစ်သားလေး ဘရူနို နှင့် ဂျူးလူမျိုး ရှမ်မူး တို့ သူတို့မိဘတွေတောင် ထင်မထားတဲ့ ကိစ္စတစ်ခု ဖြစ်သွားပါတယ်။ အဲ့တာကဘာဖြစ်မလဲ။ ရိုးရိုးသားသားပြောရရင် ဒီဇာတ်ကားကို ဇာတ်ညွှန်းနဲ့ ကြည့်ချင်လာအောင် ရေးနိုင်လောက်တဲ့အထိ မရေးတတ်ပါဘူး။ ဒီဇာတ်ကားကလည်း ဘာမှ ရှုပ်ရှုပ်ယှက်ယှက်တွေ မပါပဲ ရိုးရိုးရှင်းရှင်းလေးနဲ့ ရင်ထဲကို ရောက်သွားအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။
❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်
ချန်နယ်လင့်➡️ t.me/+eZKOlThxxCVhNjg1
ဇာတ်ကားလင့်➡️ t.me/c/2567751525/17

ချန်နယ်လင့်
ဇာတ်ကားလင့်
Please open Telegram to view this post
VIEW IN TELEGRAM
ဂျွိုင်း (၂၀၂၄)
IMDb - 7.1/10
Genre - Drama
အားလုံးကြားဖူးလောက်မဲ့ ဖန်ပြွန်သန္ဓေသားနည်းပညာအကြောင်းကို အပြင်ကဖြစ်ရပ်မှန် သမိုင်းအတိုင်း ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အခုခေတ် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာတောင် အမျိုးသမီးတွေက လေးမရနိုင်ရင် “အိမ်ထောင်ရေးတာဝန်မကျေသူ၊ အမြုံမ” စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်နေကြတုန်းပါပဲ။ ဒါဆို ဒီလိုနည်းပညာတွေ မတိုးတက်ခင် 50s၊ 60s ကာလတွေမှာ အမျိုးသမီးတွေ ဘယ်လောက်များခက်ခဲခဲ့ကြမလဲ။ ဒီမျိုးဆက်မပွားနိုင်တဲ့ ပြဿနာကို ဆေးသိပ္ပံပညာပိုင်းလိုအပ်ချက်တစ်ခုပါလို့ မှတ်ယူပြီး မျိုးဆက်မပွားနိုင်တဲ့ အမျိုးသမီးတွေကို ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးရအောင်လုပ်ပေးမယ်လို့ စတင်အကောင်အထည်ဖော်ခဲ့သူက ဒေါက်တာရောဘတ် အက်ဒ်ဝက် ပါ။ သိပ္ပံပညာရှင် ဒေါက်တာရောဘတ် အက်ဒ်ဝက် ရယ်၊ အရည်အချင်းအပြည့်နဲ့ သားဖွားဆရာဝန်ကြီး မစ္စတာစတပ်တိုး ရယ်၊ ဓာတ်ခွဲခန်း မန်နေဂျာ သူနာပြုမလေး ဂျင်းပါဒီ တို့ရယ် သုံးယောက်ပေါင်းပြီး အမျိုးသမီးတွေအတွက် အနာဂတ်တစ်ခုကို ဖန်တီးပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ပြောလို့သာ လွယ်လွယ်လေးထင်ရပေမဲ့ နည်းပညာပိုင်းအရရော၊ ဆေးသိပ္ပံပညာပိုင်းအရရော၊ ခေတ်ကာလအရပါ အခက်အခဲတွေအများကြီးရှိခဲ့တာကြောင့် ဖန်ပြွန်သန္ဓေသားနည်းပညာရယ်လို့ ဖြစ်ပေါ်လာဖို့ အချိန် ၁၀ နှစ်တောင် ကြာမြင့်ခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံး ဖန်ပြွန်သန္ဓေသား ရင်သွေးလေး ဂျွိုင်း မွေးဖွားလာဖို့ သူတို့တွေ ဘယ်လောက်ပေးဆပ်ခဲ့ကြရလဲဆိုတာ ကောင်းကောင်းကြီး မြင်တွေ့ရမှာပါ။ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ပတ်သတ်ပြီးလည်း ဗဟုသုတတွေအများကြီး ရနိုင်တာမို့ အချိန်ပေးကြည့်ရတာနဲ့ တန်မဲ့ ရုပ်ရှင်ကားကောင်းတစ်ခု ဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။
t.me/dramaworld001/5944

အမြဲ ❤️ Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး
☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်
အလျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9😍
မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် 24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။
⚡️ မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်
🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့
အခုပဲ အမြန်ဆုံး အကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။
🔽 🔽 ဂိမ်းအကောင့်ဖွင့်ရန် 🔽 🔽
📱 Viber - 09406502075
📱 Telegram မှ ဆက်သွယ်ရန် 😏 t.me/hyperm9skm
Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ💸 ✅ - t.me/hypermnine
📱 Viber link 🔗 - https://msng.link/o?959406502075=vi☎️

အလျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ
Please open Telegram to view this post
VIEW IN TELEGRAM
လမ်းပျောက်နေသော လူငယ်များ (၂၀၂၃)
IMDb - 6.7/10
Genre - Romance, Drama
'ကျွန်တော်က ဂျိုး ပါ။ ကျွန်တော့်ငယ်ဘဝအကြောင်းသိပ်မမှတ်မိပေမဲ့ အမေနဲ့အတူ ရေကန်ဘေးမှာ လမ်းလျှောက်လေ့ရှိတာကိုတော့ မှတ်မိတယ်။ ဆောင်းရာသီဆို ရေကန်ကြီးရေခဲသွားတဲ့အခါ အဲဒီပေါ်မှာ လမ်းလျှောက်ရင်း ရေခဲထဲမှာ အစီအရီပိတ်မိနေတဲ့ငါးတွေကို တွေ့ဖူးတယ်။ ငယ်ငယ်တုန်းကတော့ ဝက်ဝံတွေလို ငါးတွေက ဆောင်းခိုနေတာ၊ ဆောင်းကုန်ရင် ပြန်အသက်ရှင်လာမယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ သိပြီ။ ငါးတွေက သေသွားကြတာဗျ။ ကျွန်တော် အခု လူငယ်ထိန်းသိမ်းရေးစခန်းကို ရောက်နေတာ ခြောက်လပြည့်တော့မယ်။ စခန်းကို လူသစ် ဝီလီယမ် ဆိုတဲ့ကောင်လေးတစ်ယောက် ရောက်လာတယ်။ သူနဲ့ ကျွန်တော်က နှလုံးသားချင်းနီးတယ်ဗျ။ ညဆို အခန်းနံရံတွေကတဆင့် ကျွန်တော်တို့ ဆက်သွယ်တယ်။ ကျန်တဲ့အချိန်ကျတော့ ခန္ဓာကိုယ်ချင်းပေါ့ဗျာ။ ကျွန်တော့်လွတ်ရက်က နီးပြီ။ တရားသူကြီးရဲ့ အဆုံးအဖြတ်လိုသေးပေမဲ့ သေချာသလောက်တော့ ရှိတယ်ဗျာ။ ကျွန်တော်လည်း မျှော်လင့်နေမိတယ်။ ဒါပေမဲ့ ဝီလီယမ် ကို ဒီကိစ္စ ဘယ်လို ပြောပြရမှာပါလိမ့်။'
လူငယ်ထိန်းသိမ်းရေးစခန်းရောက်နေကြတဲ့ ကောင်လေးတွေအကြောင်း ရိုက်ကူးထားတာဖြစ်ပြီး သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ ရင်းနှီးမှုတွေ၊ တပ်မက်စရာကောင်းတဲ့အချစ်တွေ၊ နာကျင်စရာကောင်းတဲ့အချိုးအကွေ့တွေကို ရိုက်ပြထားတဲ့ လှပလွန်းတဲ့ ဒရာမာဇာတ်ကားလေး ဖြစ်ပါတယ်။
t.me/dramaworld001/5943

အပြာရောင်မေတ္တာ (၂၀၂၄)
IMDB - 7/10
Genre - Drama
မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးနဲ့ ကိုယ်တန်ဖိုးထားတဲ့အရာတစ်ခု ပျောက်ဆုံးသွားရင် လက်လွှတ်ဖိုခဲယဉ်းတတ်ကြောင်းကို လှပစွာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တံငါသည် သားအဖတွေဖြစ်တဲ့ ဂျွန် နဲ့ ချာလီ က ငွေကြေးအခက်အခဲတွေရှိပေမဲ့ ပျော်ရွှင်တဲ့ သားအဖဆက်ဆံရေးနဲ့ အလုပ်ကြိုးစားကြတဲ့သူတွေဖြစ်တယ်။ ချာလီ ၁၈ နှစ်ပြည့်မွေးနေ့မှာတော့ ဂျွန် ကို ဘာကြောင့် သူ့အမေ ထွက်သွားခဲ့ကြောင်း မေးခဲ့တယ်။ အဖြေအတိအကျမပေးနိုင်တဲ့ ဂျွန် ကို ချာလီ က သူ့အဖေအနားမှာ ထာဝရနေနိုင်မှာမဟုတ်လို သူ့ကို လက်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ဂျွန် အစပိုင်းက သူ့သား ချာလီ ဘာကို ဆိုလိုလဲ နားမလည်ခဲ့ပေမဲ့ သူ့အရင် ဇနီးဟောင်းနဲ့ ပြန်ဆုံတွေ့ပြီး စကားပြောခဲ့တဲ့နောက်မှာတော့ ဂျွန် က ချာလီ ပြောတာကို နားလည်သွားမလား၊ သူ့ကို လက်လွှတ်ပေးနိုင်မလား ဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ထင်မှတ်မထားတဲ့ လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
t.me/dramamv/945

မတက်တော့မည့် ကျောင်းသားတစ်ယောက် (၂၀၂၁)
IMDb - 6/10
Genre - Horror
လူမှုဆက်ဆံရေးတွေ အများအားဖြင့် ကျောင်းတွေမှာ ကြောက်စရာအကောင်းဆုံးအကြီးအမားဆုံးအရာကတော့ အမေ့ခံရတာပါပဲ။ ကြောက်စရာကောင်းတဲ့အရာတွေဟာ လုပ်ငန်းသင်ဆရာမလေး ဂျောင်ဆူအာ က ကျောင်းကို မလာတဲ့ကျောင်းသားလေး ဘူယောင်းဆော့ နဲ့တွေ့ရာကနေ စတင်ခဲ့ပါတယ်။ အတန်းတွင်းလူခေါ်တဲ့နာမည်စရင်းထဲမှာရှိပေမယ့် အခေါ်မခံရတဲ့ကျောင်းသားတစ်ယောက်အကြောင်း ပိုပြီး သိချင်လာလေလေ။ ကြောက်စရာကောင်းတဲ့အဖြစ်တွေ ပိုမိုပြီး ဖြစ်ပျက်လာလေလေဆိုတော့ ဘယ်လိုမျိုး မြုပ်ကွက်တွေနဲ့ ဆက်လမ်းဆက်သွားမယ်ဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါဖြစ်ပါတယ်။
t.me/horrormm1/2255

ဖနော (၂၀၂၅)
IMDb - 6/10
Genre - Horror
ဖနော ဆိုတဲ့မိန်းကလေးက ရွာရဲ့ ကျိန်စာအခမ်းအနားကျင်းပလေ့ရှိတဲ့လျှို့ဝှက်ဆန်းကြယ်တဲ့နေ့မှာ မွေးဖွားခဲ့တာပါ။ မွေးကတည်းက ထူးခြားတဲ့စွမ်းအားတွေ ပါရှိလာခဲ့တာကြောင့် လူ့အသိုင်းအဝိုင်းကနေ ပယ်ခံထားရတဲ့မိန်းကလေးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဖနော ရဲ့အိမ်နီးနားချင်းတွေကလည်း ဆိုးရွားတဲ့အဖြစ်အပျက်တွေ မကောင်းတဲ့ကိစ္စတွေကို မကြာခဏဆိုသလို ကြုံခဲ့ရတယ်။ ဒီလိုကိစ္စတွေကြောင့်ပဲ ရွာကလူတွေက ဖနော ကို မကောင်းဆိုးဝါးတွေ ယူဆောင်လာတဲ့သူလို့ သတ်မှတ်ထားကြပြီး ရှောင်ရှားခဲ့ကြတယ်။ ဒီလိုနဲ့ တနေ့မှာတော့ ဖနော ဟာ သူ့ကိုမွေးတုန်းက ပါလာတဲ့အမဲရောင်စွမ်းအားတစ်ခုနဲ့ပတ်သတ်တဲ့အရာကို မထင်မှတ်ဘဲ တွေ့ခဲ့တယ်။ အဲဒီအရာကြောင့် ဖနော ဟာ သူ့ဘဝတလျှောက်လုံး ထူးဆန်းတဲ့အနှောင့်အယှက်တွေ လျှို့ဝှက်ဆန်းကြယ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဖနော မွေးတုန်းက လိုက်ပါလာတဲ့ကံကြမ္မာဆိုးက တကယ်တမ်းဘာလဲ။ ဖနော ကရော ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မလား။ ပြီးတော့ သူမရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ပါ့မလား။
t.me/horrormm1/2257
IMDb - 6/10
Genre - Horror
ဖနော ဆိုတဲ့မိန်းကလေးက ရွာရဲ့ ကျိန်စာအခမ်းအနားကျင်းပလေ့ရှိတဲ့လျှို့ဝှက်ဆန်းကြယ်တဲ့နေ့မှာ မွေးဖွားခဲ့တာပါ။ မွေးကတည်းက ထူးခြားတဲ့စွမ်းအားတွေ ပါရှိလာခဲ့တာကြောင့် လူ့အသိုင်းအဝိုင်းကနေ ပယ်ခံထားရတဲ့မိန်းကလေးဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဖနော ရဲ့အိမ်နီးနားချင်းတွေကလည်း ဆိုးရွားတဲ့အဖြစ်အပျက်တွေ မကောင်းတဲ့ကိစ္စတွေကို မကြာခဏဆိုသလို ကြုံခဲ့ရတယ်။ ဒီလိုကိစ္စတွေကြောင့်ပဲ ရွာကလူတွေက ဖနော ကို မကောင်းဆိုးဝါးတွေ ယူဆောင်လာတဲ့သူလို့ သတ်မှတ်ထားကြပြီး ရှောင်ရှားခဲ့ကြတယ်။ ဒီလိုနဲ့ တနေ့မှာတော့ ဖနော ဟာ သူ့ကိုမွေးတုန်းက ပါလာတဲ့အမဲရောင်စွမ်းအားတစ်ခုနဲ့ပတ်သတ်တဲ့အရာကို မထင်မှတ်ဘဲ တွေ့ခဲ့တယ်။ အဲဒီအရာကြောင့် ဖနော ဟာ သူ့ဘဝတလျှောက်လုံး ထူးဆန်းတဲ့အနှောင့်အယှက်တွေ လျှို့ဝှက်ဆန်းကြယ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရတယ်။ ဒါပေမဲ့ ဖနော မွေးတုန်းက လိုက်ပါလာတဲ့ကံကြမ္မာဆိုးက တကယ်တမ်းဘာလဲ။ ဖနော ကရော ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မလား။ ပြီးတော့ သူမရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ပါ့မလား။
t.me/horrormm1/2257
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ်
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu
နိုင်သလောက် အကုန်လျော်မယ်ဟေ့
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ်
ဘောလုံး
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
မောင်စက်ရုပ် (၂၀၂၅)
ကေ - စက်ရုပ်လုပ်ငန်းစု ရဲ့ ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဂန်ဟျော့ ဟာ စက်ရုပ်တွေကို တီထွင်ဖန်တီးရင်းနဲ့ အချိန်ကုန်ကာ ကိုယ့်မိသားစုအတွက် အချိန်မပေးနိုင်ခဲ့သူပါ။ ဂန်ဟျော့ ရဲ့ သမီးဖြစ်သူ ဂန်နာနာ ဟာလည်း တစ်နှစ်မှ တစ်ခါလောက် အိမ်ပြန်လာတဲ့ အမေနဲ့ အမြဲ မအားမလပ်ဖြစ်နေတဲ့ အဖေတို့ကြောင့် အိမ်ကြီးထဲမှာ စက်ရုပ်တွေနဲ့ အထီးကျန်စွာ ဖြတ်သန်းနေရသူပေါ့။ တစ်နေ့ ဂန်ဟျော့ က စက်ရုပ်အသစ်မိတ်ဆက်ပွဲကျင်းပရာ သူဖန်တီးထားတဲ့ စက်ရုပ် မက်စ် က စက်ချို့ယွင်းပြီး သူ့ကိုလိုက်လံတိုက်ခိုက်ရာကနေ အဲဒီပွဲမှာတင် သေဆုံးသွားပါတော့တယ်။ သို့ပေမဲ့ မက်စ် ချို့ယွင်းသွားတာက သမာရိုးကျမဟုတ်ဘဲ ဂန်ဟျော့ ရဲ့နေရာကို လက်ဝါးကြီးအုပ်ချင်နေတဲ့ ညီဖြစ်သူ ဂန်မင်း ကြောင့်ဆိုတာပါပဲ။ သို့ပေမဲ့ ဂန်နာနာ ကလည်း အတားအဆီးသဖွယ်ဖြစ်နေတာကြောင့် နာနာ ကိုပါ ရှင်းပစ်ဖို့ ကြံစည်လာတဲ့အချိန်။ တစ်ဖက်မှာလည်း ဂန်ဟျော့ က စက်ရုပ် မက်စ် ခန္ဓာကိုယ်နဲ့ ပြန်လည်နိုးထလာခဲ့ပြီး နာနာ ကို ကာကွယ်ပေးဖို့လုပ်သလို ချို့ယွင်းနေတဲ့ စက်ရုပ်တွေကို လိုက်နှိမ်နင်းနေတဲ့ စက်ရုပ်ထိန်းချုပ်ရေးဌာနကလည်း ရှိနေခဲ့ရာ ဂန်ဟျော့ တစ်ယောက် စက်ရုပ်အနေနဲ့ ဂန်မင်း လက်ထဲကနေ သူ့သမီးလေးကို ကာကွယ်ပေးနိုင်သွားမှာလား။ သူကိုယ်တိုင်ရော စက်ရုပ်ထိန်းချုပ်ရေးဌာနလက်ထဲကရော လွတ်မြောက်နိုင်ပါ့မလား။ ချစ်စရာ ဇာတ်ကောင်လေးတွေနဲ့အတူ ပုံဖော်ထားတဲ့ ဒီဇာတ်လမ်းကောင်းလေးထဲမှာ ကြည့်ရှုလိုက်ပါဦးနော်။
t.me/hanacartoons/5655

Forwarded from MLBB Update News & Diamond
This media is not supported in your browser
VIEW IN TELEGRAM
မနေ့ညက အဖြစ်အပျက်လေးတစ်ခု
Mobile Legend Diamond များကို ဈေးသက်သာစွာဖြင့် ဝယ်ယူနိုင်ပါတယ်ဗျ။
✅ Channel Link - t.me/mlbbupdatenew
ဝယ်ယူရန်➡️ t.me/nikko244
Mobile Legend Diamond များကို ဈေးသက်သာစွာဖြင့် ဝယ်ယူနိုင်ပါတယ်ဗျ။
ဝယ်ယူရန်
Please open Telegram to view this post
VIEW IN TELEGRAM
အင်တာနက်၏ အန္တရာယ် (၂၀၂၄)
IMDb - 6.3/10
Genre - Documentary
ဒီဇာတ်ကားကတော့ မှတ်တမ်းရုပ်ရှင်ကားဖြစ်ပါတယ်။ ဘာအကြောင်း မှတ်တမ်းရုပ်ရှင်လဲဆိုတော့ လူသားတွေရဲ့ သမိုင်းမှာအကြီးမားဆုံးအောင်မြင်မှုလို့ လက်ခံထားတဲ့ အင်တာနက်အကြောင်းလို့ ပြောရမှာပါ။ ဘာတွေများစိတ်ဝင်စားဖို့ကောင်းနေတာလဲဆိုရင်တော့ ဟက်ကာအဖွဲ့ဖြစ်တဲ့ အနောနီမက် လို့ ဖြစ်လာမယ့် လူငယ်လေးတွေ အင်တာနက်ပေါ်မှာ စ’လုပ်မိတဲ့ အပျော်ကိစ္စလေးတွေကနေ တကယ့်သမိုင်းဝင်အဖြစ်အပျက်တွေ ကမ္ဘာနဲ့ချီတဲ့ အချိုးအကွေ့တွေပါ ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်ကိုရိုက်ပြထားလို့ပါ။ တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကြီးငယ်တွေအကုန်လုံးကို တကယ်ဖြစ်အောင်လုပ်သွားတဲ့လူတွေကပြန်ပြောပြထားတာပါ။ ဘယ်ကနေစပြီး ပါသလဲဆို အင်တာနက်ခေတ်ဦးက ဂျပန် အက်နီမေးတွေကနေတဆင့် ဆက်ပြီးဖြစ်လာတဲ့ လူငယ်
အညွှန်း ဆက်ဖတ်ရန်နှိပ်ပါ။
ဇာတ်ကားလင့်➡️ t.me/cartoonbynikko/708

ရှင်းဂျုကူ ၏ အမှောင်ခြမ်း (၂၀၀၉)
IMDb - 6.9/10
Genre - Drama
ဂျက်ကီချမ်း ရဲ့အကောင်းဆုံးဇတ်ကားတွေထဲက တစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်ပရိတ်သတ်တောင်းဆိုမှုလည်းအတော်များတဲ့ကားလေးပါပဲ။ ဂျပန်နိင်ငံမှာတရားမဝင်အလုပ်လာရောက်လုပ်ကိုင်ကြတဲ့တရုတ်လူမျိူးတွေရဲ့ဒုက္ခဆင်းရဲရောက်ပုံကိုရိုက်ကူးပြထားတာပါ။ တရုတ်လူမျိူးတို့ရဲ့အနိမ်ခံဘဝယာကူဇာဂိုဏ်းများရဲ့ အနိင်ကျင့်နိပ်စက်ပုံများကိုမင်းသားကြီး ဂျက်ကီချမ်း ကကောင်းမွန်သေသပ်စွာသရုပ်ဆောင် ထားပါတယ်။ မိမိရဲ့လူမျိုးတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက်ယာကူဇာဂိုဏ်းထဲဝင်အနစ်နာခံပြီးသရုပ်ဆောင်ထားတဲ့ ဂျက်ကီချမ်းရဲ့ဇတ်ကောင်ဟာအလွန်သနားစရာကောင်းသလို လေးစားစရာလည်းကောင်းပါတယ်။ တရုတ်တွေနဲ့ဂျပန်ယာကူဇာဂိုဏ်းတို့ရဲ့တိုက်ပွဲရယ်အဲဒီခေတ်အခါကဂျပန် နိင်ငံရဲ့ယာကူဇာတွေရဲ့အရှိန်အဝါကိုထင်ရှားစွာမြင်ရမယ့်ဇတ်ကားပါပဲ။ ဒီဇတ်ကားကိုပရိတ်သတ်တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ်။ တစ်ကားဆိုတစ် ကားပီပြင်အောင်ရိုက်ကူးနိင်တဲ့ဂျက်ကီချမ်းရဲ့ဇာတ်ကား ကောင်းတွေထဲကတစ်ကားဖြစ်တဲ့ဒီဇတ်ကားကိုကျွန်တော်တို့ပရိတ်သတ်တွေအတွက်တင်ဆက်လိုက်ရပါတယ်။
t.me/msubmovie0/3069
IMDb - 6.9/10
Genre - Drama
ဂျက်ကီချမ်း ရဲ့အကောင်းဆုံးဇတ်ကားတွေထဲက တစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်ပရိတ်သတ်တောင်းဆိုမှုလည်းအတော်များတဲ့ကားလေးပါပဲ။ ဂျပန်နိင်ငံမှာတရားမဝင်အလုပ်လာရောက်လုပ်ကိုင်ကြတဲ့တရုတ်လူမျိူးတွေရဲ့ဒုက္ခဆင်းရဲရောက်ပုံကိုရိုက်ကူးပြထားတာပါ။ တရုတ်လူမျိူးတို့ရဲ့အနိမ်ခံဘဝယာကူဇာဂိုဏ်းများရဲ့ အနိင်ကျင့်နိပ်စက်ပုံများကိုမင်းသားကြီး ဂျက်ကီချမ်း ကကောင်းမွန်သေသပ်စွာသရုပ်ဆောင် ထားပါတယ်။ မိမိရဲ့လူမျိုးတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက်ယာကူဇာဂိုဏ်းထဲဝင်အနစ်နာခံပြီးသရုပ်ဆောင်ထားတဲ့ ဂျက်ကီချမ်းရဲ့ဇတ်ကောင်ဟာအလွန်သနားစရာကောင်းသလို လေးစားစရာလည်းကောင်းပါတယ်။ တရုတ်တွေနဲ့ဂျပန်ယာကူဇာဂိုဏ်းတို့ရဲ့တိုက်ပွဲရယ်အဲဒီခေတ်အခါကဂျပန် နိင်ငံရဲ့ယာကူဇာတွေရဲ့အရှိန်အဝါကိုထင်ရှားစွာမြင်ရမယ့်ဇတ်ကားပါပဲ။ ဒီဇတ်ကားကိုပရိတ်သတ်တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ်။ တစ်ကားဆိုတစ် ကားပီပြင်အောင်ရိုက်ကူးနိင်တဲ့ဂျက်ကီချမ်းရဲ့ဇာတ်ကား ကောင်းတွေထဲကတစ်ကားဖြစ်တဲ့ဒီဇတ်ကားကိုကျွန်တော်တို့ပရိတ်သတ်တွေအတွက်တင်ဆက်လိုက်ရပါတယ်။
t.me/msubmovie0/3069
အမြဲ ❤️ Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး
☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်
အလျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9😍
မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် 24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။
⚡️ မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်
🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့
အခုပဲ အမြန်ဆုံး အကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။
🔽 🔽 ဂိမ်းအကောင့်ဖွင့်ရန် 🔽 🔽
📱 Viber - 09406502075
📱 Telegram မှ ဆက်သွယ်ရန် 😏 t.me/hyperm9skm
Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ💸 ✅ - t.me/hypermnine
📱 Viber link 🔗 - https://msng.link/o?959406502075=vi☎️
☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်
အလျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9
မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် 24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။
အခုပဲ အမြန်ဆုံး အကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။
Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ
Please open Telegram to view this post
VIEW IN TELEGRAM
ထူးဆန်းသော သတ္တဝါကြီး (၂၀၁၈)
IMDB - 6.1/10
Genre - Action, Horror
ဒီဇာတ်ကားလေးက ဘုရင် ဂျောင်ဂျုံ လက်ထပ် ၁၅၇၂ ခုနှစ်မှာ တော်ဝင်နန်းတော်ကို ခြိမ်းခြောက်ခဲ့တဲ့ ထူးဆန်းတဲ့ သတ္တဝါဆိုးကြီးအကြောင်းကို မှတ်တမ်းမှတ်ရာတွေကို ပြန်လည်ရိုက်ကူးတင်ပြထားတဲ့ ကိုရီးယားနန်းတွင်း ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဘုရင်က အဲဒီ သတ္တဝါကြီးကို အမဲလိုက်ဖို့ သူ့လူယုံတွေကို စေခိုင်းခဲ့တဲ့အကြောင်း သမိုင်းမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။ အက်ရှင်ကားတွေကြိုက်တဲ့ လူတွေအတွက် ဇာတ်ကား အစပိုင်းမှာ အရသာပေါ့သလို ခံစားနိုင်ပေမယ့် နောက်ပိုင်းတွေက စပြီးတော့ အပြီးထိ ကြည့်ချင်စိတ်ကို ဆွဲခေါ်သွားစေနိုင်မယ့် ကားဖြစ်ပါတယ်။
t.me/nyamakyeetya/5675