Hana : The Sweet Orophile
105K subscribers
3.5K photos
193 videos
3.55K links
Download Telegram
လူ့သဘော မနော (၂၀၀၈)

IMDb - 7.1/10
Genre - Romance, Drama


‘ကွဲကြေလွယ်သည်၊ သတိနှင့် ကိုယ်တွယ်ပါ’ ဒါကို ဖန်ပုလင်းတွေ၊ ဖန်ခွက်တွေထည့်ထားတဲ့ စက္ကူဘူးတွေမှာ ရေးထားကြတာကို မြင်ဖူးကြမှာပါ။ ပစ္စည်းတွေကို ကျ မကျိုးပဲ့ရအောင် သတိနဲ့ ကိုင်တွယ်ဖို့ သတိပေးတတ်ကြတဲ့ ကျွန်တော်တို့ လူတွေဟာ အချင်းချင်းကိုတော့ အကြင်နာတရားနဲ့ ဆက်ဆံဖို့ မေ့လျော့နေကြပါတယ်။ ဒီဇာတ်ကားက ဒါကို ဖော်ပြထားတာပါပဲ။

ခွမ် ဆိုတဲ့ကောင်လေးမှာ မွေးကတည်းက လက်တစ်ဖက်အပိုပါလာတယ်။ သာမန်လူတွေနဲ့ မတူဘဲ လက်သုံးဖက်ရှိတဲ့ လူဖြစ်နေတာပါ။ အဲဒီလို လူတစ်ယောက်က လူမှုအသိုင်းအဝိုင်းမှာ လွယ်လွယ်ကူကူ ရှင်သန်နိုင်မယ်လို့ ထင်ပါသလား။ သေချာပေါက် ကဲ့ရဲ့ခံရ၊ လှောင်ပြောင်ခံရ၊ သူ့ကို ကျိန်စာသင့်နေတဲ့ လူဆိုပြီး သနားစရာကြည့်ကြတာတွေကို အမြဲကြုံနေရတာပါ။ ပထမဆုံး သူ့အမေဆုံးတယ်။ ပြီးတော့ သူဝတ်ဖို့အင်္ကျီကို အမြဲချုပ်ပေးနေကျ အပ်ချုပ်ဆရာလည်း ဆုံးသွားတဲ့အခါ ခွမ် တစ်ယောက် ခံနိုင်ရည်အားကုန်ဆုံးပြီးတော့ သူ့လက်အပိုတစ်ဖက်ကို ဖြတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမယ့် လက်ဖြတ်ပြီးတော့ရော သူ့ဘဝက သာမန်လူတွေလို လွယ်ကူသွားပါ့မလား… သာမန်လူဖြစ်တာက ကောင်းတာလား၊ ထူးခြားတဲ့လူဖြစ်တာက ကောင်းတာလား… ဒီဇာတ်ကားကနေ သိလိုက်ရတာက လူ့အသိုင်းအဝန်း ကိုယ်တိုင်က လူတွေကို စိတ်ဒါဏ်ရာအပေးနိုင်ဆုံးနေရာ ဆိုတာပါပဲ။ ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းပါတယ် ။

t.me/dramamv/923
အဟုန် (၂၀၁၅)

IMDb - 5.6/10
Genre - Action, Thriller


ဒီဇာတ်ကားလေးကတော့ အက်ရှင်ကားကောင်းလေးတစ်ခုပါ။ မင်းသားကြီး မော်ဂန် ဖရီမန် တို့လို ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ စစ်တပ်ရဲ့ အေးဂျင့်ဟောင်းတစ်ယောက်ဟာ သူခိုးဘဝပြောင်းသွားပြီး ဘဏ်မှာ စိန်တွေ ဓားပြတိုက်ပါတယ်။ အဲဒီလိုနဲ့ သူမထင်မှတ်ထားတဲ့ နောက်ဆက်တွဲအနေနဲ့ အာဏာပိုင်တွေရဲ့ ရာဇဝတ်မှုမှတ်တမ်းတွေက သူ့လက်ထဲရောက်လာရင်း သူဟာ ပစ်မှတ်ထားခံရပါတော့တယ်။ ဒီလိုနဲ့ အသည်းအသန်လိုက်ကြ၊ သတ်ကြ၊ ဖြတ်ကြရင်း စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ လှည့်ကွက်တွေ အများကြီး မြင်တွေ့ရမှာပါ။ တိုက်ခိုက်တဲ့ ဇာတ်ကားနှစ်သက်သူတွေအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ခုမို့ ခံစားကြည့်ရှုလိုက်ကြပါဦးခင်ဗျ။

t.me/gwmmupl/4664
နှင်းမင်းသမီးလေး နှင့် အနက်ရောင်ပုံဆောင်ခဲ (၂၀၁၅)

IMDb - 5.5/10
Genre - Fantasy, Action


မကောင်းဆိုးဝါးမိစ္ဆာတွေကို နှိမ်နင်းသူဖြစ်တဲ့ ဒဏ္ဍာရီထဲက သူရဲကောင်း ကျုံးကွေ ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်ရှိသူဖြစ်ပြီး ကောင်းကင်ဘုံနဲ့ ငရဲမှာ တစ်ပြိုင်နက်တိုက်ခိုက်ရင်း လူသားတွေနဲ့ သူချစ်ရတဲ့ မိန်းကလေးကို ကယ်ဆယ်ပုံကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ တရုတ်ဒဏ္ဍာရီ ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း ဒီဇာတ်လမ်းမှာလည်း နတ်သမီးတွေ၊ မကောင်းဆိုးဝါးတွေနဲ့ လူတွေအတူတကွ အေးအေးချမ်းချမ်း နေလို့မရတဲ့ စကြဝဠာကြီးနဲ့ စတင်ထားပါတယ်။ ထောင်စုနှစ်တွေ ဖြတ်သန်းပြီးတိုင်းမှာ မကောင်းဆိုးဝါးတွေကလည်း လူသားတွေအဖြစ် ပြန်ဝင်စားသလို အဆင့်မြင့်သွားတာတွေလည်းရှိတာကြောင့် မိုးနတ်မင်းဟာဆိုရင် ငရဲပြည်က မကောင်းဆိုးဝါးတွေ လွတ်လာမှာ အလွန်စိုးရိမ်နေခဲ့ပါတယ်။ နတ်ဘုရား ကျန်ဒေါင်ရှန် ဟာ မိစ္ဆာရန်က ကာကွယ်နိုင်ဖို့အတွက် သူ့တပည့်ဖြစ်တဲ့ ကျုံးကွေ ကို မကောင်းဆိုးဝါးတွေ ရဲ့ ဝိညာဉ်တွေ သိမ်းဆည်းတဲ့ ငရဲပြည်ကနေ အနက်ရောင် သလင်းကျောက်ကို ယူဆောင်စေခဲ့ပါတယ်။ တစ်ကိုယ်တည်းသမား ကျုံး ဟာ မိစ္ဆာတွေနဲ့ မကောင်းမှုမှန်သမျှ ဖယ်ရှားရှင်းလင်းသူ တစ်ယောက်ဖြစ်တာကြောင့် သူ့ဆရာရဲ့ စေခိုင်းချက်အတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ မကောင်းဆိုးဝါး ဘုရင်က ဟူမြို့တော် ကို အေးခဲသွားအောင်လုပ်ဖို့အတွက် နှင်းမင်းသမီး ကို ခိုင်းစေခဲ့ပါတယ်။ နှင်းမင်းသမီး နဲ့ မကောင်းဆိုးဝါးတွေဟာ ပါရှင်းအကအဖွဲ့ ယောင်ဆောင်ပြီး ဟူမြို့တော် ထဲဝင်ခဲ့ပြီး ပျောက်ဆုံးသွားတဲ့ ကျုံး ရဲ့ ချစ်သူလို့ ထင်မှတ်အောင်လည်း ညှို့ယူခဲ့ပါတယ်။ ဒီဇာတ်လမ်းက စိတ်ကူးယဉ် လျှို့ဝှက်ဆန်းကြယ် ဇာတ်ကားဖြစ်လို့ အထူးပြုလုပ်ချက်တွေ အလွန်အကျွံ သုံးထားတာကြောင့် ကြည့်ရတာ တစ်မျိုးဖြစ်နေပေမယ့်လည်း အတိုက်အခိုက် ဇာတ်ကွက်လေးတွေကတော့ ကြည့်ကောင်းပါတယ်။ အကအဖွဲ့ ကို ယုံလွယ်မိတဲ့ လူသားတွေကို မိစ္ဆာတွေက ဘယ်လိုဒုက္ခပေးဦးမှာလဲ။ မိစ္ဆာတွေကို နှိမ်နင်းတဲ့ ကျုံးကွေ တစ်ယောက် သူချစ်ရတဲ့ နှင်းမင်းသမီး နဲ့ ဆုံစည်းခွင့်ရမလား ။

t.me/gwmmupl/4666
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
❤️❤️❤️❤️ ❤️❤️❤️❤️

📢ရှယ်အမ်း ရှယ်လျော်တဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် ❤️❤️🔣 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ❤️❤️🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် ❤️🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
ဝမ်းဘတ် - မွေထိုင်းစစ်သည်တော် (၂၀၀၃)

IMDb - 7.1/10
Genre - Action, Thriller


အေးအေးချမ်းချမ်းနေထိုင်ကြတဲ့ ပဒူရွာလေးမှာ ရွာသားတွေ အထွတ်အမြတ်ထားတဲ့ အုန်ဘက်ဆိုတဲ့ ဆင်းတုတော်တစ်ခုရှိပါတယ်။ အဲဒီဆင်းတုတော်ရဲ့ ဦးခေါင်းတော်ကို လောဘသမား ဒွန် ဆိုတဲ့သူက ခိုးသွားပါလေရာ။ အဲဒါနဲ့ ဆင်းတုတော်ခေါင်းကို ရှာဖို့ အကြောင်းဖန်လာပါတယ်။ တကယ်လို့ မရှာနိုင်ရင် ရွာမှာ ဆန်ရေစပါးရှားပါးမယ်လို့ ရွာသားတွေက ယုံကြည်နေကြတာပါ။ အဲဒီလိုနဲ့ ရွာမှာရှိတဲ့ ကာလသားတွေထဲက မွေ့ထိုင်း ကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့ ထင် ဆိုတဲ့ လူငယ်လေးဆီ အဲဒီတာဝန်က ရောက်လာပါတယ်။ ထင် လည်း မြို့ပေါ်တက်ပြီး ရွာလူကြီးရဲ့ သားကို ရှာပြီး ဆင်းတုတော်ခေါင်းရှာပုံတော်ဖွင့်ခဲ့ပါတယ်။ ယောင်လည်လည်နဲ့ မြို့ပေါ်ရောက်သွားရာကနေ မထင်မှတ်ဘဲ မြေအောက်လက်ဝှေ့ကြိုးဝိုင်းနဲ့ သွားပတ်သက်မိရာကနေ ပြဿနာကြီးတစ်ခုကို အစသွားဆွဲမိပါတယ်။ ရွာကနေ တက်လာတဲ့ ထင် တစ်ယောက် မြေအောက်ကြိုးဝိုင်း ပြဿနာရော ဦးခေါင်းတော် ရှာဖွေရမဲ့ ပြဿနာကိုပါ ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးလို့ ။

t.me/cartoonbynikko/688
အလျှင်လိုသောအချိန်များ (၁၉၉၈)

IMDb - 7/10
Genre - Action, Comedy


ဂျက်ကီချန်း ပရိတ်သတ်တွေ ဒီဇာတ်ကားလေးတွေကို မမေ့ကြသေးဘူးမလား။လီ ဟာ တရုတ်နိုင်ငံမှာ အင်မတန်တော်တဲ့ စုံထောက်အရာရှိတစ်ဦးပါ။တစ်နေ့မှာ လီ ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာ တရုတ်တွေရဲ့ ရှေးဟောင်းပစ္စည်းကို ခိုးထုတ်ပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေတဲ့အဖွဲ့ကို ဖမ်းမိပါတယ်။အဲ့အမှုပြီးတဲ့နောက်မှာတော့ ဂျွန်တာအို ဟာ အတော်ကြာ ခြေရာဖျောက်နေပါတယ်။ကောင်စစ်ဝန်ရဲ့ သမီးလေးကို ဂျွန်တာအို ဟာ ပြန်ပေးဆွဲတော့ တရုတ်ကောင်စစ်ဝန်ဟာ အမေရိကကို ရောက်နေတာပါ။ပြန်ပေးဆွဲတာလည်း အမေရိကမှာပဲ ဖြစ်ပါတယ်။က်ဖ်ဘီအိုင် က သူတို့အကောင်းဆုံးလုပ်ပေးမယ်လို့ ပြောပေမယ့် ကောင်စစ်ဝန်က လီ ကို ပါဝင်စေချင်လို့ လှမ်းခေါ်လိုက်ပါတယ်။က်ဖ်ဘီအိုင် က သဘောမကျပဲ တွဲဖက်တစ်ဦး တွဲပေးလိုက်ပါတယ်။အဲ့တွဲဖက်ရဲ့ တာဝန်ကတော့ လီ ကို အမှုမှာ မပါဝင်စေပဲ ပထုတ်ထားဖို့ပဲ ဖြစ်ပါတယ်။တွဲဖက်ကတော့ အယ်လ်အေ ရဲ ဘက်ငှာနက ဂျိမ်းကာတာ ပဲဖြစ်ပါတယ်။ပေါက်ကရတွေပြောပြီး အူကြောင်ကြောင်နိုင်လှတဲ့ ဒီရဲအရာရှိနဲ့ တရုတ်စုံထောက် လီ တို့ပေါင်းမိပြီး ဘာတွေဖြစ်ကြမလဲ။ဘယ်လိုတွေ စုံစမ်းမလဲ။ဘယ်လိုတွေအလွဲတွေ၊ ဟာသတွေ ဖြစ်မလဲဆိုတာ။

t.me/cartoonbynikko/690
အလျှင်လိုသောအချိန်များ ၂ (၂၀၀၁)

IMDb - 6.7/10
Genre - Action, Comedy


စုံထောက်ကာတာ တရုတ်နိုင်ငံသို့အလည်အပတ်ရောက်ရှိနေစဉ် အမေရိကန်သံရုံးဗုံးခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီတစ်ခေါက်တော့ အိမ်ရှင် အင်စပက်တာလီ က ဧည့်သည် စုံထောက်ကာတာ ကို ဘယ်လိုဧည့်ခံမလဲဆိုတာနဲ့ စုံထောက်ကာတာ ရဲ့ အလွဲလွဲ အချော်ချော်လုပ်ရပ်တွေကို တဝါးဝါး ရယ်မောကြရမှာ သေချာပါတယ်။

t.me/cartoonbynikko/692
အလျှင်လိုသောအချိန်များ ၃ (၂၀၀၇)

IMDb - 6.2/10
Genre - Action, Comedy


အလျှင်လိုသောအချိန်များ ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။တရုတ်ကောင်စစ်ဝန် ဟန် လုပ်ကြံခံခဲ့ရခြင်းကြောင့် အင်စပက်တာလီ နဲ့ စုံထောက်ကာတာ တို့နှစ်ဦး ပြန်လည်ပေါင်းစည်းကြဖို့အကြောင်းဖန်လာပြန်ပါတယ်။ဒီတစ်ခေါက်တော့ ပဲရစ်မြို့မှာပါ။ဗီလိန်အဖြစ် ဝါရင့် ဂျပန်မင်းသားကြီး ဟီရိုယူကီ ဆာနာဒါ လည်း ပါဝင်ထားပါတယ်။

t.me/cartoonbynikko/694
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
ဘေကျင်းမြို့က သက်တော်စောင့် (၁၉၉၄)

IMDb - 6.4/10
Genre - Action, Romance


ဂျက်လီရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားက သာမန်သိုင်းချတဲ့အက်ရှင်ကားတွေနဲ့မတူပါဘူး။မြတ်နိုးရတဲ့အချစ်တစ်ခုအကြောင်းကို စီကုံးပြထားတဲ့ မျက်ရည်ပြဇာတ်တစ်ခုလိုပါပဲ။ဂျက်လီကလဲ ငယ်သေးသလို အဓိကမင်းသမီး ခရစ်စတီ ချုန် ရဲ့ အလှဆုံးအချိန်မှာ ရိုက်မိထားတဲ့ အချစ်အက်ရှင်ဇာတ်ကားလေးပါ။သက်တော်စောင့်လို့ပြောလိုက်တာနဲ့ ကျွန်တော်ကတော့ ဒီဇာတ်ကားထဲက ဂျက်လီ ဇာတ်ရုပ်ကို ပြေးမြင်မိတာပါပဲ။သက်တော်စောင့်တစ်ယောက်ရဲ့ ဟန်ပန်အပြည့်အဝနဲ့ စွန့်စားမှု၊ ပေးဆပ်မှုတွေနဲ့ တစ်ခါကြည့်ဖူးရင် မေ့မရတဲ့ဇာတ်ကားမျိုးပါ။

t.me/cartoonbynikko/696
အရိပ်ထဲကလူ (၂၀၁၈)

IMDb - 7/10
Genre - Action, War


တရုတ်ရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ကျန်းရိမူ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားက အဖြူအမဲ ကာလာပုံစံနဲ့ အတော်ကိုမိုက်တဲ့ ရာဇဝင်နောက်ခံ ဝူရှသိုင်းဇာတ်ကားပါ။ ရှေးခေတ်တုန်းက အမတ်တွေ ဘုရင်တွေဟာ လုပ်ကြံခံရမှာကြောက်လို့ လူစားတွေလဲထားတတ်ကြပါတယ်။ အဲဒီလို လူစားထိုးတဲ့လူကို အရိပ်လို့ ခေါ်ပါတယ်။ အဲ့ဒီကာလက ပေနိုင်ငံရဲ့ ကျင်းမြို့ဟာ ရန်သူတွေသိမ်းပိုက်ခံထားရပြီးတော့ ယန်မျိုးနွယ်စစ်သူကြီးက ကာကွယ်ထားတဲ့အတွက် ဘယ်သူမှ ပြန်မသိမ်းနိုင်တဲ့အခြေအနေပါ။ ပေနိုင်ငံရဲ့ စစ်သူကြီးဟာ ဒီမြို့ကိုပြန်ယူဖို့ ယန်စစ်သူကြီးနဲ့ စီးချင်းထိုးဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဘုရင်ရဲ့ ပရိယာယ်၊ စစ်သူကြီးရဲ့ အကြံအစည်တွေကြားမှာ ညပ်နေတဲ့ အရိပ်တယောက်အကြောင်းကို ကျန်းရိမူ စတိုင်အတိုင်း နောက်ခံတီးလုံးအမိုက်စား၊ တင်ဆက်ပုံအမိုက်စားနဲ့ ကြည့်ရှုခံစားရမှာပါ။

t.me/hanamovie20/4375
ကျွန်းပေါ်က လူ့ဘီလူး (၂၀၁၈)

IMDb - 6.2/10
Genre - Comedy, Fantasy


ဇာတ်ကားစစချင်းမှာ ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကို နှစ်ပတ်လည်အနေနဲ့ ပင်လယ်ကမ်းခြေကိုအလည်အပတ် ပို့ပေးပါတယ်။ ကမ္ဘာ့အပြင်ဘက်က ဥက္ကာခဲအန္တရာယ်ကို လျစ်လျူရှုပြီး ပင်လယ်ထဲအလည်အပတ် ထွက်လာတဲ့သူတို့ဟာ ဥက္ကာခဲကြောင့် ဆူနာမီနဲ့ရင်ဆိုင်ခဲ့ရပြီး ကျွန်းတစ်ကျွန်းပေါ် သောင်တင်ခဲ့ပါတော့တယ်။ သူတို့နဲ့အတူ ပရော်ဖက်ဆာ တစ်ယောက်က ပါဝင်ခဲ့ပြီး ပရော်ဖက်ဆာ ရဲ့တွက်ချက်မှုက လောကကြီးတစ်ခုလုံး ဥက္ကာခဲကြောင့် ပျက်သုဉ်းသွားပြီး ရှင်ကျန်သူဆိုလို့ သူတို့သာကျန်တော့ကြောင်း အဖြေထွက်လာပါတော့တယ်။ ဒီတော့။ စည်းလုံးမှုတွေလဲ ပြိုကွဲ နောက်ဆုံး ကျန်ခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်နေရာကိုလဲ လိုချင်တပ်မက်လာတဲ့အခါ။ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူး ရဲ့ပကတိမျက်နှာဟာ ထိုကျွန်းပေါ်မှာ ပေါ်ပေါက်လာပါတော့တယ်။ အတ္တတွေ၊ တပ်မက်မှုတွေနဲ့ လူတစ်စု ကျွန်းပေါ်မှာ ဘယ်လိုအသက်ရှင်သွားမလဲ။

t.me/hanamovie20/4377
နယ်မြေ ၃၆ (၂၀၀၄)

IMDb - 7.1/10
Genre - Thriller, Crime


ပဲရစ်မြို့ပေါ်မှာ ဒုစရိုက်အမှုတွေ အများအပြားကျူးလွန်နေလျက်ရှိပြီး ရဲတပ်ဖွဲ့ကို အမြဲတမ်းလိုလို ဒုက္ခပေးတာကြာပြီ။ ဒီမြို့မှာပဲ လီယိုဗရင့်ခ်စ် နဲ့ ဒန်းနစ်ကလီယန် ဆိုတဲ့ ရဲအရာရှိနှစ်ယောက်ဟာ ရာထူးတိုးအောင်အပြိုင်အဆိုင် ယှဉ်ပြိုင်နေတဲ့ ရဲနှစ်ယောက်ဖြစ်တယ်။ သူတို့မြို့က နာမည်ကြီးဆုံး လူဆိုးဂိုဏ်းအဖွဲ့ရဲ့ သတင်းကို ရဖို့အတွက် နှစ်ဦးနှစ်ဖက်လုံးဟာ လူဆိုးတစ်ချို့နဲ့ ပူးပေါင်းပြီး သတင်းနှိုက်ကြတယ်။ ၂ ယောက်လုံးဟာလည်း အရည်အချင်းရှိတဲ့သူတွေ။ လူဆိုးဂိုဏ်းကလည်း အဖွဲ့တောင့်တဲ့အပြင် တကယ့်လက်ရဲဇက်ရဲတွေ။ သူတို့ ၂ ယောက်စုံစမ်းတာအောင်မြင်မလား။ ကြားထဲမှာ ဘယ်လိုပြသနာပေါင်းစုံ ကြုံတွေ့ရမလဲဆိုတာကိုတော့ အက်ရှင်၊ မှုခင်းကားတွေကိုမှ ကြိုက်တဲ့သူတွေအဖို့ ဒီကားက နင်းကန်လန်းတယ်လို့ သတင်းကောင်းပါးပါရစေ။

t.me/cartoonbynikko/698
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
🧐😛🤩😌 😚😌😍😋

📢ရှယ်အမ်း ရှယ်လျော်တဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် 5️⃣0️⃣🔣 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ2️⃣0️⃣🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် 5️⃣🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
ရှန်ဟိုင်းနေ့လည်ခင်း (၂၀၀၀)

IMDb - 6.6/10
Genre - Action, Comedy


၁၉ ရာစုနှောင်းပိုင်းတုန်းက ချောင်ဝမ် ဟာ အင်မတန်ကို ရို့ကားယားနိုင်ပြီး တရုတ်နိုင်ငံရဲ့ ဘုရင့်သက်တော်စောင့် တစ်ယောက်ဖြစ်ပါတယ်။ ဘုရင်ကြီးမှာ သမီးတော်တစ်ပါးရှိပြီး မင်းသမီးလေး ဖေးဖေး လို့အမည်တွင်ပါတယ်။ တစ်နေ့မှာ တရုတ်ပြည်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေက မင်းသမီးလေးကို တစ်ဖက်လှည့်နဲ့ အမေရိကကို ပြန်ပေးဆွဲခေါ်ဆောင်သွားပါတော့တယ်။ ဒီအခါမှာ ချောင်ဝမ် တို့တွေဟာ မင်းသမီးလေးကို ကယ်တင်ဖို့အတွက် တာဝန်ပေးခြင်းခံလိုက်ရပြီး အနောက်ဘက်ကို ထွက်လာခဲ့ကြပါတော့တယ်။ အဲ့ဒီအချိန်မှာ မလိမ့်တပတ် လူလိမ်လုပ်စားနေတဲ့ သူခိုးတစ်ယောက်လည်းဖြစ်တဲ့ ရွိုင်းအိုဘန်နွန် နဲ့ တွေ့တဲ့အခါမှာတော့။ ချောင်ဝမ် တစ်ယောက် မင်းသမီးလေးကို ပြန်ပြီးကယ်တင်နိုင်မှာလား၊ ဘယ်လိုပြန်ကယ်တင်မလဲ၊ ချောင် နဲ့ ရွိုင်းအိုဘန်နွန် နဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ။

t.me/cartoonbynikko/700
မိခင်၏အချစ်နှင့် စစ်မှန်သောအမှန်တရား (၂၀၂၄)

IMDb - 6.7/10
Genre - Drama


လက်တွေ့နဲ့ ချောက်ချားမှုကြား ခွဲခြားလို့မရလောက်အောင်ပုံပြင်ဆန်ဆန်ရိုက်ကူးတင်ဆက်ပြထားတဲ့ Drama အမျိုးအစားရုပ်ရှင်ကားဖြစ်ပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ပြီး ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်ကျော်နေကြတဲ့ အေရှာတို့ မိသားစုမှာ သားသုံးယောက်ရှိပါတယ်။ တစ်ရက်မှာတော့ သားကြီးနှစ်ယောက်ဟာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ စည်းရုံးမှုကို ယုံမှားပြီး ဆီးရီးယားကို ထွက်သွားခဲ့ကြပါတယ်။ သားတွေကိုဆုံးရှုံးရတဲ့ သောကကို ထွေးပိုက်ရင်း အေရှာဟာ ခင်ပွန်းသည်၊ သားငယ်တို့နဲ့အတူနေထိုင်ရင်း နှစ်အနည်းငယ်အကြာမှာ အိုက်အက်စ်အဖွဲ့မှာ လေ့ကျင့်ပေးခံခဲ့ရတဲ့ သားကြီး မတ်ဒ်ဟာ သူ့ဇနီးဆိုတဲ့ အမျိုးသမီးတစ်ယောက်ကိုပါ ခေါ်ပြီး အိမ်ပြန်ရောက်လာခဲ့ပါတယ်။ သားတစ်ယောက်ပြန်ရလိုက်လို့ မပျော်နိုင်သေးခင်မှာပဲ မတ်ဒ်မိန်းမက ညဘက်တွေဆိုရင် ထူးဆန်းနေတာကို အေရှာ သတိထားမိခဲ့ပါတယ်။ တစ်ဖြည်းဖြည်း ရွာထဲက လူတွေလည်း ပျောက်ဆုံးလာကြတဲ့အချိန်မှာတော့ အေရှာဟာ သားကိုချစ်စိတ်နဲ့ အမှန်တရားကြားမှာ လွန်ဆွဲရင်း သောကပင်လယ်ဝေ ရပါတော့တယ်။

t.me/dramaworld001/5941
ခြံစည်းရိုးထဲက ကောင်ကလေး(၂၀၀၈)

IMDb - 7.7/10
Genre - War, Thriller


ဒီဇာတ်ကားမျိုးတွေက ကောင်းလွန်းလို့ကို ပြန်မကြည့်နိုင်တဲ့ ရုပ်ရှင်မျိုးဖြစ်ပါတယ်။ စ၊လယ်၊ဆုံး အကုန်လုံးကောင်းမွန်နေတဲ့မလို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ ရဖတ် က ဟစ်တလာ စစ်တပ်ရဲ့ ဗိုလ်မှူးတစ်ယောက်ဖြစ်ပါတယ်။ အယ်လ်စ် က သူ့မိန်းမဖြစ်ပြီးတော့ ဂရက်တယ် ဆိုတဲ့ သမီးတစ်ယောက်နှင့် ဘရူနို ဆိုတဲ့ သားတစ်ယောက်ရှိပါတယ်။ ရဖတ် ရဲ့ တာဝန်တစ်ခုကြောင့် သူတို့မိသားစု နယ်စပ်တစ်နေရာကို ပြောင်းရွှေ့သွားကြပါတယ်။ ဗိုလ်မှူး ရဖတ် ရဲ့ တာဝန်ကတော့ ဂျူးလူမျိုးတွေကို အလုပ်စခန်းတစ်ခု တည်ဆောက်ပြီး အလုပ်လုပ်ခိုင်းရမယ်။ ပြီးတော့ သူတို့ကို မီးရှို့ပြီး သတ်ပစ်ရမှာဖြစ်ပါတယ်။ အဲ့အချိန်တုန်းက ဂျူးလူမျိုးတွေဆိုတာ ဟစ်တလာရဲ့ ညင်းပန်း သတ်ဖြတ်ခြင်းကို ခံရတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ရဖတ် ရဲ့ တာဝန်တွေကို သူ့ဇနီးဖြစ်တဲ့ ဂရက်တယ် တောင်မသိပါဘူး။ အသက် ၈ နှစ်ပဲရှိတဲ့ ဘရူနို လည်း သမိုင်းတွေဘာတွေ ဘာမှ မသိသေးပါဘူး။ ရောက်ပြီး သိပ်မကြာခင်မှာပဲ သူငယ်ချင်းမရှိတဲ့ ဘရူနို က အလုပ်သမားစခန်းက သူနဲ့ရွယ်တူ ကောင်လေး ရှမ်မူး ဆိုတဲ့ ဂျူးလူမျိုးကောင်လေးနဲ့ ခင်သွားပါတယ်။ အဲ့နောက်မှာတော့ ၈ နှစ်သားလေး ဘရူနို နှင့် ဂျူးလူမျိုး ရှမ်မူး တို့ သူတို့မိဘတွေတောင် ထင်မထားတဲ့ ကိစ္စတစ်ခု ဖြစ်သွားပါတယ်။ အဲ့တာကဘာဖြစ်မလဲ။ ရိုးရိုးသားသားပြောရရင် ဒီဇာတ်ကားကို ဇာတ်ညွှန်းနဲ့ ကြည့်ချင်လာအောင် ရေးနိုင်လောက်တဲ့အထိ မရေးတတ်ပါဘူး။ ဒီဇာတ်ကားကလည်း ဘာမှ ရှုပ်ရှုပ်ယှက်ယှက်တွေ မပါပဲ ရိုးရိုးရှင်းရှင်းလေးနဲ့ ရင်ထဲကို ရောက်သွားအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/17
Please open Telegram to view this post
VIEW IN TELEGRAM
ဂျွိုင်း (၂၀၂၄)

IMDb - 7.1/10
Genre - Drama


အားလုံးကြားဖူးလောက်မဲ့ ဖန်ပြွန်သန္ဓေသားနည်းပညာအကြောင်းကို အပြင်ကဖြစ်ရပ်မှန် သမိုင်းအတိုင်း ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အခုခေတ် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာတောင် အမျိုးသမီးတွေက လေးမရနိုင်ရင် “အိမ်ထောင်ရေးတာဝန်မကျေသူ၊ အမြုံမ” စသည်ဖြင့် ခေါ်ဝေါ်သတ်မှတ်နေကြတုန်းပါပဲ။ ဒါဆို ဒီလိုနည်းပညာတွေ မတိုးတက်ခင် 50s၊ 60s ကာလတွေမှာ အမျိုးသမီးတွေ ဘယ်လောက်များခက်ခဲခဲ့ကြမလဲ။ ဒီမျိုးဆက်မပွားနိုင်တဲ့ ပြဿနာကို ဆေးသိပ္ပံပညာပိုင်းလိုအပ်ချက်တစ်ခုပါလို့ မှတ်ယူပြီး မျိုးဆက်မပွားနိုင်တဲ့ အမျိုးသမီးတွေကို ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကလေးရအောင်လုပ်ပေးမယ်လို့ စတင်အကောင်အထည်ဖော်ခဲ့သူက ဒေါက်တာရောဘတ် အက်ဒ်ဝက် ပါ။ သိပ္ပံပညာရှင် ဒေါက်တာရောဘတ် အက်ဒ်ဝက် ရယ်၊ အရည်အချင်းအပြည့်နဲ့ သားဖွားဆရာဝန်ကြီး မစ္စတာစတပ်တိုး ရယ်၊ ဓာတ်ခွဲခန်း မန်နေဂျာ သူနာပြုမလေး ဂျင်းပါဒီ တို့ရယ် သုံးယောက်ပေါင်းပြီး အမျိုးသမီးတွေအတွက် အနာဂတ်တစ်ခုကို ဖန်တီးပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ ပြောလို့သာ လွယ်လွယ်လေးထင်ရပေမဲ့ နည်းပညာပိုင်းအရရော၊ ဆေးသိပ္ပံပညာပိုင်းအရရော၊ ခေတ်ကာလအရပါ အခက်အခဲတွေအများကြီးရှိခဲ့တာကြောင့် ဖန်ပြွန်သန္ဓေသားနည်းပညာရယ်လို့ ဖြစ်ပေါ်လာဖို့ အချိန် ၁၀ နှစ်တောင် ကြာမြင့်ခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံး ဖန်ပြွန်သန္ဓေသား ရင်သွေးလေး ဂျွိုင်း မွေးဖွားလာဖို့ သူတို့တွေ ဘယ်လောက်ပေးဆပ်ခဲ့ကြရလဲဆိုတာ ကောင်းကောင်းကြီး မြင်တွေ့ရမှာပါ။ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ပတ်သတ်ပြီးလည်း ဗဟုသုတတွေအများကြီး ရနိုင်တာမို့ အချိန်ပေးကြည့်ရတာနဲ့ တန်မဲ့ ရုပ်ရှင်ကားကောင်းတစ်ခု ဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။

t.me/dramaworld001/5944
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
လမ်းပျောက်နေသော လူငယ်များ (၂၀၂၃)

IMDb - 6.7/10
Genre - Romance, Drama


'ကျွန်တော်က ဂျိုး ပါ။ ကျွန်တော့်ငယ်ဘဝအကြောင်းသိပ်မမှတ်မိပေမဲ့ အမေနဲ့အတူ ရေကန်ဘေးမှာ လမ်းလျှောက်လေ့ရှိတာကိုတော့ မှတ်မိတယ်။ ဆောင်းရာသီဆို ရေကန်ကြီးရေခဲသွားတဲ့အခါ အဲဒီပေါ်မှာ လမ်းလျှောက်ရင်း ရေခဲထဲမှာ အစီအရီပိတ်မိနေတဲ့ငါးတွေကို တွေ့ဖူးတယ်။ ငယ်ငယ်တုန်းကတော့ ဝက်ဝံတွေလို ငါးတွေက ဆောင်းခိုနေတာ၊ ဆောင်းကုန်ရင် ပြန်အသက်ရှင်လာမယ်လို့ ထင်ခဲ့ပေမဲ့ အခုတော့ သိပြီ။ ငါးတွေက သေသွားကြတာဗျ။ ကျွန်တော် အခု လူငယ်ထိန်းသိမ်းရေးစခန်းကို ရောက်နေတာ ခြောက်လပြည့်တော့မယ်။ စခန်းကို လူသစ် ဝီလီယမ် ဆိုတဲ့ကောင်လေးတစ်ယောက် ရောက်လာတယ်။ သူနဲ့ ကျွန်တော်က နှလုံးသားချင်းနီးတယ်ဗျ။ ညဆို အခန်းနံရံတွေကတဆင့် ကျွန်တော်တို့ ဆက်သွယ်တယ်။ ကျန်တဲ့အချိန်ကျတော့ ခန္ဓာကိုယ်ချင်းပေါ့ဗျာ။ ကျွန်တော့်လွတ်ရက်က နီးပြီ။ တရားသူကြီးရဲ့ အဆုံးအဖြတ်လိုသေးပေမဲ့ သေချာသလောက်တော့ ရှိတယ်ဗျာ။ ကျွန်တော်လည်း မျှော်လင့်နေမိတယ်။ ဒါပေမဲ့ ဝီလီယမ် ကို ဒီကိစ္စ ဘယ်လို ပြောပြရမှာပါလိမ့်။'

လူငယ်ထိန်းသိမ်းရေးစခန်းရောက်နေကြတဲ့ ကောင်လေးတွေအကြောင်း ရိုက်ကူးထားတာဖြစ်ပြီး သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ ရင်းနှီးမှုတွေ၊ တပ်မက်စရာကောင်းတဲ့အချစ်တွေ၊ နာကျင်စရာကောင်းတဲ့အချိုးအကွေ့တွေကို ရိုက်ပြထားတဲ့ လှပလွန်းတဲ့ ဒရာမာဇာတ်ကားလေး ဖြစ်ပါတယ်။

t.me/dramaworld001/5943