Hana : The Sweet Orophile
105K subscribers
3.48K photos
191 videos
3.53K links
Download Telegram
မျောက်တစ်ကောင်ရဲ့ ဒုက္ခ (၁၉၉၄)

IMDB - 5.6/10
Genre - Family, Comedy


ဒီကားလေးကတော့ မိသားစုနဲ့အတူတူ ကြည့်လို့ရတဲ့ချစ်စရာ တိရစ္ဆာန်ဇာတ်ကား‌လေးပဲ ဖြစ်ပါတယ်။ ဒီထဲကအဓိကဇာတ်ကောင်က တခြားမဟုတ်ဘဲ မျောက်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ အီဗာ ဆိုတဲ့ကောင်မလေးက အိမ်ကလည်းမနိုင် အိမ်ကိုလည်းမပိုင်တဲ့ ဂျစ်ကန်ကန်နဲ့ကလေးမလေးတစ်ယောက်ပေါ့။ သူ့ခမျာ အိမ်မွေးခွေးတစ်ကောင်လောက် မွေးချင်‌ပေမဲ့ ပထွေးဖြစ်သူ တွမ် က တိရစ္ဆာန်အမွေးနဲ့ ဓါတ်မတည့်လို့ မွေးခွင့်မရဘဲ ဖြစ်နေတာပါ။ အဲဒီအချိန် သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတာက ဒေါ့ဂျာ ရယ်လို့ ဖြစ်လာမယ့် မျောက်ကလေးတစ်ကောင်ပါ။ အဲဒီမျောက်ကလေးက လမ်းဘေးဖျော်ဖြေသူတစ်ယောက်က မွေးထားတာဖြစ်ပြီး ပရိသတ်တွေဆီကနေ မျောက်ပြဆန်တောင်းလုပ်ရင်း ပိုက်ဆံတွေလက်ဝတ်ရတနာတွေ အလစ်သုတ်တတ်အောင် လေ့ကျင့်ပေးထားတဲ့ စောရမျောက်လေး ဖြစ်နေတာပါ။ နဂိုထဲကတိရစ္ဆာန်မွေးချင်နေတဲ့ အီဗာ ဆီကို အဲဒီမျောက်ကလေးရောက်သွားတော့ အိမ်ကလူတွေမသိအောင် မွေးထားရင်း မျောက်လေးရဲ့ မကောင်းတဲ့အကျင့်ကို သိသွားတဲ့အခါ သူရှာ‌‌ထားတဲ့ပြဿနာတွေကို အိမ်ကမသိအောင်ရှင်းရင်း အီဗာ တစ်ယောက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗျာများရပုံတွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

t.me/cartoonbynikko/666
မေ့မရတဲ့သူ (၂၀၂၅)

IMDB - 7.5/10
Genre - Romance, Drama


ဂူဂျင်အူ ကတော့ အိပ်မက်လည်းမရှိ စာလည်းမလုပ်ဘဲ အပျော်အပါးပဲ မက်နေတဲ့ကျောင်းသားလေးပါ။ အိုဆွန်းအာ ကတော့ စံပြကျောင်းသူလေးဖြစ်ပြီး လှပချောမောတဲ့ရုပ်ရည်ကြောင့်လည်း ကျောင်းသားအများစုရဲ့ ဝိုင်းသဘောကျခြင်းကို ခံနေရသူ‌လေးပေါ့။ တစ်နေ့မှာ ဂျင်အူ က အတန်းချိန်အတွင်း သူငယ်ချင်းကို လိုက်စနေရင်းက ဆရာမိသွားလို့ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီပြစ်ဒဏ်ကတော့ တခြားမဟုတ်ဘဲ စံပြကျောင်းသူ ဆွန်းအာ ရဲ့ရှေ့ခုံကို ပြောင်းထိုင်ပြီး စာကြိုးကြိုးစားစားလုပ်ဖို့ပါပဲ။ ဒီလိုနဲ့ ဆွန်းအာ က ဂျင်အူ ကို စာလုပ်ဖို့ ကူညီပေးရင်း အကျင့်စရိုက်ရော ကျောင်းအဆင့်ပါ ပြောင်းပြန်ဖြစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်‌ဆံရေးက တဖြည်းဖြည်းချင်း နီးစပ်လာတဲ့အခါမှာတော့ ။ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ထိုင်ဝမ်ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး နူးနူးညံ့ညံ့ လှလှပပ အချစ်ဦးဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်သူများအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်ရှင်။

t.me/dramaworld001/5900
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠🔠 🔠🔠🔠🔠

📢အပေးကြမ်းကြမ်း ရှယ်အမ်းတဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် 5️⃣0️⃣🌌 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ2️⃣0️⃣🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် 5️⃣🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
ချစ်လို့ပေါ့ (၂၀၁၇)

IMDB - 6.5/10
Genre - Romance, Comedy


လီဟွန်း က မတော်တဆမှု တစ်ခုဖြစ်ပြီး ထူးဆန်းတဲ့ကိစ္စတွေနဲ့ ကြုံလာရတာပါ။ အချစ်ရေးအဆင်မပြေတဲ့ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေပြီး အဆင်ပြေမှ ပြန်ထွက်ခွင့်ရတာပါ။ ဒီအကြောင်းတွေကို သိတဲ့သူဆိုလို့ စကာလီ တစ်ယောက်ပဲရှိပြီး သူ့ကို ကူညီပုံတွေကို ဟာသ၊ဒရာမာချိုးပြီးရိုက်ကူးထားတဲ့ ကားကောင်းတစ်ကောင်းပါ။ မထင်မှတ်တဲ့အလှည့်အပြောင်းတွေနဲ့ အူတက်အောင်ရယ်ရတဲ့ ဒီကားလေးက ချစ်ခြင်းမေတ္တာဆိုတာကို ပီပြင်အောင်ဖော်ညွှန်းထားနိုင်လို့ အားလုံးအကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်ရှင်။

t.me/dramaworld001/5901
နောက်ကွယ်က အမှန်တရား (၂၀၂၅)

အဆုတ်ရောဂါခံစားနေရတဲ့ နိုင်ငံ့ကိုယ်စားပြု သေနတ်ပစ်ကစားသမား‌လေး ယွန်းထယ်ဟွာ က အသက်ဆက်ရှင်နိုင်ဖို့ အဆုတ်အစားထိုးခွဲစိတ်မှု လုပ်ခဲ့ရပါတယ်။ ထယ်ဟွာ ကို အဆုတ်ပေးခဲ့တဲ့သူကတော့ တခြားသူမဟုတ် ကားတိုက်ပြေးမှု ကျူးလွန်ပြီး အလောင်းပစ်ထားခဲ့တဲ့ လူသတ်သမားဖြစ်တဲ့ သူ့ရဲ့အဖေပါပဲ။ ထယ်ဟွာ လည်း သေတာထက် ပိုဆိုးတဲ့ အပြစ်မကင်းစိတ်တွေနဲ့ ရှင်သန်ရင်း ကားတိုက်ပြေးမှုနစ်နာသူရဲ့သမီး ဂွန်မီဂျီ ကို လိုက်ရှာနေတော့တာပေါ့။ တစ်နေ့မှာတော့ ထယ်ဟွာ တစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပဲ ရွှေဆိုင်မှာ ပစ္စည်းခိုးနေတဲ့ မီဂျီ ကို မြင်တွေ့လိုက်ရ‌ပေမဲ့ သူ့ရဲ့အပြစ်မကင်းစိတ်တွေ နည်းနည်းပါးပါး လျော့လိုလျော့ငြား မျက်စိမှိတ်ပေးထားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ မီဂျီ က ကားတိုက်ပြေးမှုဖြစ်တဲ့နေ့က အမှန်တရားကို ထုတ်ပြောပြပြီး သူ့အမေကို အတူကူရှာပေးဖို့ ထယ်ဟွာ ကို ကမ်းလှမ်းလာတဲ့အခါမှာတော့။ ကျူးလွန်သူရဲ့သားနဲ့ နစ်နာသူရဲ့သမီး။ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုဆက်ဖြစ်မှာလဲ။ မီဂျီ ရဲ့အဖေရဲ့ သေဆုံးမှု နောက်ကွယ်မှာရော ဘယ်လိုအမှန်တရားမျိုး ရှိနေမှာလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။

📌 ချန်နယ်ဝင်ထားမှကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/9
Please open Telegram to view this post
VIEW IN TELEGRAM
တစ်နေ့နှင့် တစ်ဝက် (၂၀၂၃)

IMDb - 5.8/10
Genre - Action, Drama, Thriller


ဆွီဒင်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့ရှိ ဆေးရုံတစ်ရုံကို ဒေါသထွက်နေတဲ့လူတစ်ယောက် ရောက်လာပြီး ဆေးရုံဝန်ထမ်းဖြစ်တဲ့ သူ့မိန်းမနဲ့ တွေ့ခွင့်တောင်းပါတယ်။ ကောင်တာက အမျိုးသမီးဖြစ်သူ စောင့်ခိုင်းတာတောင် စိတ်မရှည်ဖြစ်လာပြီး ထိုသူဟာ သေနတ်နဲ့ ထုတ်ချိန်ပြီး သူ့မိန်းမကို အတင်းအကြပ် ခေါ်ခိုင်းပါတော့တယ်။ ရဲတွေ ရောက်လာချိန်မှာတော့ သူ့မိန်းမကို ပြန်ပေးဆွဲပြီး ဓါးစာခံလုပ်ပါတော့တယ်။ ဒီလူ အခုလို ဆေးရုံမှာ အတင်း ပြန်ပေးဆွဲတာက ဘာကြောင့်လဲ၊ သူ ဒေါသထွက်စရာ အကြောင်းကရော တကယ် ဒေါသထွက်စရာလား၊ သူ့မိန်းမကိုရော သူဘာလုပ်ပစ်မှာလဲ။ အစပိုင်းမှာ ဒီလိုလုပ်ရပ်ကို ရှုတ်ချစရာဖြစ်ခဲ့ပေမယ့် ပြန်ပေးသမားရဲ့ ဘဝအကြောင်းကို ပြောရင်းပြောပြရင်း သူ့နေရာမှာ ငါသာဆို ဒီလိုပဲ ဖြစ်သွားနိုင်မလားဆိုတဲ့ အတွေးဝင်လာနိုင်အောင် ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးပါ။ ကြည့်ရှုခံစားရင်း ကိုယ့်ကိုယ်တိုင်လည်း သူတို့နေရာ ရောက်သွားသလို ခံစားရနိုင်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

t.me/gwmmupl/4616
ငွေတစ်မျက်နှာ (၂၀၀၅)

IMDb - 7.4/10
Genre - Thriller, Mystery


ကန်ယာမြောက်ပိုင်းက ဝေးလံလှတဲ့နေရာမှာ တက်ကြွလှုပ်ရှားသူ တက်ဆာနဲ့ သူမရဲ့သူငယ်ချင်း ဒေါက်တာအာနိုးဘလွန်းတို့ အသတ်ခံခဲ့ရပါတယ်။ အဲ့နောက်မှာ တက်ဆာရဲ့ခင်ပွန်းဖြစ်သူ ဂျက်စတင်ဟာ သူ့ဇနီးသေဆုံးမှုကို လိုက်လံစုံစမ်းကြည့်တဲ့အခါမှာ တက်ဆာဟာ အာဖရိကမှာ ဘေးဖြစ်စေတဲ့ဆေးတွေကို စမ်းသပ်နေတဲ့အတွက် ဆေးကုမ္ပဏီတွေကို တိုင်ကြားစာရေးခဲ့တာကို သိခဲ့ရပါတယ်။ သူ့ဇနီးရဲ့သေဆုံးမှုဟာ အဲ့ဆေးကုမ္ပဏီတွေနဲ့ပတ်သက်နေမလားဆိုတာကို ဂျက်စတင်တစ်ယောက် အန္တရာယ်တွေကြားကနေ မရပ်မနားစုံစမ်းပါတော့တယ်။ ဂျက်စတင်တစ်ယောက်အမှုမှန်ကို ရှာဖွေနိုင်မလား၊ ရှာမဖွေနိုင်ခင်မှာပဲ သုတ်သင်ခံလိုက်ရမလားဆိုတာကို ဇာတ်ကားလေးထဲမှာ ကြည့်ရှုနိုင်မှာပါ။ ဒီဇာတ်ကားလေးမှာ ဂျက်စတင်နဲ့ တက်ဆာရဲ့ချစ်ခြင်းမေတ္တာနဲ့ ဆေးဖြန့်ချီရေးကုမ္ပဏီတွေရဲ့ အကျိုးအမြတ်ရဖို့ ဘာကိုမှ မငဲ့ကြည့်တာတွေ၊ အာဖရိကလူမည်းတွေအပေါ်မှာ ဘယ်လိုရက်စက်ကြလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။

t.me/gwmmupl/4618
Forwarded from Hyper M9 Skm
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
အတိတ်ရဲ့ အရိပ် (၂၀၁၀)

IMDb - 7/10
Genre - Thriller, Drama


ဘက်ကာနဲ့ ဟောင်ဝီတို့ဟာ ဒန်နီဆိုတဲ့သားလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒန်နီလေးဟာ သူ့ရဲ့ခွေးလေးနောက်ကိုလိုက်ရင်း ကားတိုက်ခံလိုက်ရပြီး ဆုံးသွားပါတယ်။ အဲဒီအချိန်ကစပြီး ဘက်ကာတို့ဘဝဟာ ပျော်ရွှင်မှုမရှိ ပြောင်းလဲသွားပါတော့တယ်။ ဟောင်ဝီက ပူဆွေးဝမ်းနည်းမှုတွေကိုအချင်းချင်းဝေမျှတဲ့အဖွဲ့မှာ အဖွဲ့ဝင်ထားပါတယ်။ ဘက်ကာကတော့ အဲ့ဖွဲ့ကိုသဘောမကျလှတာကြောင့် သိပ်မလိုက်ပါဘူး။ ဟောင်ဝီက သူ့သားရဲ့အရင်ကဗီဒီယိုလေးတွေပြန်ကြည့်ရင်း အတိတ်မှာပဲပျော်မွေ့နေပါတယ်။ ဘက်ကာကတော့ အဲ့အတိတ်က ပူဆွေးမှုတွေကနေရုန်းထွက်နိုင်ဖို့ကြိုးစားနေတာပါ။ တစ်နေ့ သူ့သားကိုကားနဲ့တိုက်ခဲ့တဲ့ကောင်လေး ဂျေဆန်နဲ့စကားပြောမိကြရာကနေ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဘက်ကာက သူ့သားကို ကားနဲ့တိုက်မိခဲ့တဲ့ ဂျေဆန်ကို ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။

t.me/gwmmupl/4621
အသွင်ယူ မာဖီးယား (၂၀၀၆)

IMDB - 6.2/10
Genre - Thriller, Crime


ကလေးဘဝမှာ မာဖီးယားဂိုဏ်းဝင်အဖေဖြစ်သူ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားတာကို မြင်ခဲ့ရတဲ့ တွမ်မီ တစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာ မရိန်းတပ်ထဲကို ဝင်သွားခဲ့ပြီး အရှေ့အလည်ပိုင်းစစ်ပွဲမှာ တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဏာရှင် ဆက်ဒမ် ကို ဒီတိုင်းလွှတ်ပေးခဲ့တဲ့အတွက် မကျေနပ်ဖြစ်ပြီး သူကိုယ်တိုင် သွားရှင်းမယ်ဆိုတဲ့စိတ်နဲ့ ကာနယ်ရဲ့ဂျစ်ကားကို ခိုးပြီး သွားခဲ့ပေမဲ့လည်း လမ်းမှားပြီး ကူဝိတ်မြို့နားမှာ ပြန်အဖမ်းခံလိုက်ရပါတယ်။ တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်အေးဂျင့်နှစ်ယောက်က မူးယစ်ရာဇာ လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ရက်ဂျီယို ကို ကူညီဖမ်းပေးမယ်ဆိုရင် ပြစ်ဒဏ်လျော့ပေါ့ပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အပြင် သူ့ရဲ့ဝမ်းကွဲအကိုဖြစ်ပြီး အခုချိန်မှာ လူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့ ဂျိုဝီ ကိုလည်း ဖမ်းဖို့ ခြိမ်းခြောက်လာခဲ့တာကြောင့် ကူညီပေးဖို့ လက်ခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ပဲ ရက်ဂျီယို ကို ဖမ်းနိုင်ဖို့အတွပ် တွမ်မီ တစ်ယောက် သူ့ရဲ့မွေးရပ်မြေကို ပြန်သွားရပြီး ဝမ်းကွဲအကိုဖြစ်တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင် ဂျိုဝီ နဲ့ ပြန်ဆုံတွေ့ကြရင်း အက်ဖ်ဘီအိုင်တွေက သူ့ရဲ့ဝမ်းကွဲအကိုကို တင်မဟုတ်ပဲ သူ့ရဲ့ညီလေး ဗင်းဆင့် ကိုပါ ဝှက်ဖဲအနေနဲ့ ကိုင်ထားမှန်း သိရှိလိုက်ရတဲ့အခါမှာ တွမ်မီ တစ်ယောက် ရက်ဂျီယို ကိုပဲ အမိဖမ်းနိုင်မလား၊ ဒီလိုအလုပ်တွေ မလုပ်ပါဘူးဆိုတဲ့ သစ္စာကို ရောဖောက်ဖျက်မိမှာလား၊ သူ့ရဲ့ဝမ်းကွဲအကိုနဲ့ ညီကိုရော ကယ်တင်နိုင်မလား။

t.me/gwmmupl/4630
အခက်အခဲကြားက ကယ်ဆယ်ရေးအဖွဲ့များ (၂၀၁၇)

IMDb - 6.2/10
Genre - War, Action


အာဖဂန်နစ္စတန် စစ်မြေပြင်ထဲက စပိန်တပ်မတော်ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဆေးဖက်ဆိုင်ရာ ဟယ်လီကော်ပတာတပ်ဖွဲ့အကြောင်းကို အဓိက အခြေပြုထားတာပါ။ ဆေးတပ်ဖွဲ့ ၂ ဖွဲ့ထဲက တစ်ဖွဲ့ကို ရန်သူ့နယ်မြေထဲ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ဆိုပြီး စေလွှတ်ရာမှာ ဟယ်လီကော်ပတာဆင်းသက်ချိန် မြေမညီတဲ့အတွက် ဘီးချော်ပြီး ယာဉ်တိမ်းမှောက်ခဲ့ရပါတယ်။ အဲဒီမှာ အထဲကလူတွေ ထိခိုက်မှုမရှိပေမဲ့လည်း အသံတွေက ကျယ်လောင်ပြီး ရန်သူ့နယ်မြေထဲ ဖြစ်တဲ့အတွက် နောက်ထပ် ကယ်ဆယ်ရေးမလာခင် အသက်ရှင်ဖို့ လုံးပမ်းရမှာပါ။ တစ်ဖက်မှာလည်း စခန်းမှာကက ရဟတ်ယာဉ် ၂ စီးပဲ ရှိတဲ့အတွက် ဒီပျက်ကျတဲ့တစ်စီးကို မရရအောင်သယ်ထုတ်မယ်ဆိုပြီး မဟာဗျူဟာနဲ့ နောက်နေ့ အရုဏ်တက်မှာ အရကယ်ဆယ်ဖို့ကြံစည်ကြပါတယ်။ ဒီလိုနဲ့ ပျက်ကျတဲ့ ဆေးရဟတ်ယာဉ် တပ်ဖွဲ့ရယ်၊ စခန်းစောင့်တပ်ဖွဲ့တွေရယ် ကယ်ဆယ်ရေးမလာခင် တစ်ညတာကို ရန်သူတာဘီဘန် နယ်မြေထဲမှာ ဘယ်လိုမျိုး စွန့်စွန့်စားစားနဲ့ ဖြတ်သန်းရမလဲ။ ကယ်ဆယ်ရေးအချိန်မှီလာလား။ဟယ်လီကော်ပတာကိုလည်း သယ်သွားနိုင်ပါ့မလား။

t.me/msubmovie0/2958
အရေးပေါ် ရဲတပ်ဖွဲ့ (၂၀၀၃)

IMDb - 7/10
Genre - Crime, Thriller


ဂျွန်နီတို အနေနဲ့ ရဲတွေကို နှိမ်ဖို့ သက်သက်ရိုက်ထားတဲ့ ရုပ်ရှင်အလား မှတ်ရတယ်။ ဒီရုပ်ရှင်က ရဲတစ်အုပ်ရဲ့ ကင်းလှည့်တဲ့ တစ်ညတာကို ရိုက်ထားတာ။ သူ့ရုပ်ရှင်အများစုလိုပဲ ဒီရုပ်ရှင်လည်း ဇာတ်အိမ်၊ ဇာတ်အချိန် ကျဉ်းကျဉ်းလေးပဲ။ အကျဉ်းဆုံးလို့တောင် ပြောရမယ်။ တစ်ညပဲ အဲဒီတစ်ညမှာပဲ သူရိုက်ပြတဲ့ပတ်ဝန်းကျင်က လူဆိုးဂိုဏ်းတွေ အကုန်လုံးအကြောင်းနဲ့ ရဲတပ်ဖွဲ့နဲ့ လူဆိုးဂိုဏ်းတွေရဲ့ အခြေအနေကို သေချာလေး ပြနိုင်ခဲ့တယ်။ သူ့ကားတွေမှာ ဂိုဏ်းအရေးတွေနဲ့ ပတ်သက်လာရင် ရဲတွေက ဝင်မပါရဲဘဲ ဘေးထိုင်ရပ်ကြည့်သဘောဆန်ဆန် ပြတတ်ပေမဲ့ ဒီမှာတော့ ရဲတွေရဲ့ ဖျာပဲခင်းတဲ့ သဘောကိုတောင် ပြသွားတယ်။ ဒီဇာတ်ရဲ့ ပြဿနာအများစုကိုက လမ်ဆု ရဲ့ ဇာတ်ကောင်အကြမ်းဖက်နှိမ်နှင်းရေးအရာရှိ လောင် သေနတ်အလုခံရတာကနေ စတာပဲ။ ရဲတစ်ယောက်အတွက် သေနတ်က ဘယ်လောက်အရေးကြီးလဲဆိုတာကို နောက်ပိုင်း စုံထောက်ရူး မှာတော့ အဲဒီသေနတ်ပျောက်တာကိုပဲ ဇာတ်အိမ်တည်ပြီး သေနတ်တွေ ဖလှယ်ရင်းပဲ တစ်ကားလုံး ပြသွားခဲ့တယ်။ ဒီကားမှာကတော့ ရဲပေါင်းစုံကို အားရပါးရကို ထိုင်ဖဲ့သွားတယ်။

t.me/msubmovie0/2946
Forwarded from Hyper M9 Skm
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
သားကောင်းမိခင် (၂၀၂၄)

IMDB - 6/10
Genre - Action, Thriller


အာဂျွန် ဟာ ရဲအရာရှိရဲ့သားဆိုပေမဲ့ ထူးထူးဆန်းဆန်းပဲ ရဲစခန်းတိုင်းရဲ့ နံပါတ်တစ် အန္တရာယ်အများဆုံးလို သတ်မှတ်ထားရတဲ့ ရာဇဝင်ထဲကလူမိုက်ကြီး။ လူမိုက်ကြီးက ခိုးဆိုးလုနှိက်အလုပ်တွေ ဘာမှမလုပ်ပေမဲ့ လာရှုပ်တဲ့ လူမိုက်ပေါက်စတွေ တခြားလူဆိုးတွေအကုန်လုံးကိုတော့ တစ်ခါတည်း မရဏမြေကိုအရောက်ပိုတတ်သူမလို စခန်းတွေမှာ လူသတ်မှုအမှုဖိုင်တွေ ရာဂဏန်းလောက် စွဲချက်တင်ခံထားရတဲ့သူပါ။ လူမိုက်ကြီးလို တံဆိပ်ကပ်ခံထားရပေမဲ့ ရွာသားအားလုံးက အာဂျွန် ကို ချစ်ကြောက်ရိုသေကြသလို သူ့ရဲ့ဂိုဏ်းသားတွေအားလုံးကလည်း လေးစားရတဲ့သူတစ်ယောက်ဆိုတော့ ရဲတွေလည်း အာဂျွန် ကို တော်ရုံမထိရဲကြဘူးဆိုပေမဲ့ အငြိမ်းစားရဲအရာရှိနဲ့ ဂိုဏ်းစတားသားဖြစ်သူကြားမှာတော့ ကတောက်ကဆပေါ့။ ဒါပေမဲ့ တစ်နေ့မှာ အမေ့ရဲ့မဟာရန်သူတော် အကြမ်းဖက်သမား ပါထန်း က အမေ့ကိုလက်စားချေဖိုလုပ်နေတယ်ဆိုတာကို အာဂျွန် သိလိုက်ရချိန်မှာတော့။

t.me/indiamovies02/17
ဂမ့် - နှစ်ယောက် တစ်ဘဝ (၂၀၂၄)

IMDb - 6.2/10
Genre - Comedy, Drama


ဂမ့် ဆိုတဲ့ ခွေးလေး တစ်ကောင်နဲ့ ဖရက်ဒီ ဆိုတဲ့ သူ့ရဲ့ သခင် ကြားက မေတ္တာတရားကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ တနေ့မှာ သူ့ရဲ့ သခင်ဖြစ်တဲ့ ဖရက်ဒီ သေဆုံးသွားပြီးတဲ့နောက်မှာ နက်ဒ် ဆိုတဲ့ လူလတ်ပိုင်း လူတစ်ယောက်ဆီမှာ သူ့သခင်က သူ့ကို အပ်နှံထားခဲ့ပါတယ်။ ဒီလိုနဲ့ သူရဲ့ သခင်အသစ်နဲ့ ဘယ်လို နေထိုင်သွားမလဲ၊ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာနဲ့ သူ့ရဲ့ သခင်ဟောင်းဖြစ်တဲ့ ဖရက်ဒီ နဲ့ကော ပြန်လည် ဆုံတွေ့နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှု့ခံစားလိုက်ပါခင်ဗျာ။

t.me/cartoonbynikko/674
ဂျင်ရိုး - ဝံပုလွေတပ်ဖွဲ့ (၁၉၉၉)

IMDB - 7.3/10
Genre - Thriller, Action


ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံရဲ့ အခြားတစ်ဖက်မှာ ဖြစ်ပေါ်နေတဲ့ လူမှုရေးမငြိမ်မသက်မှုတွေနဲ့ နိုင်ငံရေးပဋိပက္ခတွေအကြောင်း သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ကာဇူကီဖျူ့စ် ဟာဆိုရင် မြို့တော်ရဲအဖွဲ့ရဲ့ အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူ့ရှေ့မှာ မိန်းကလေးငယ်တစ်ဦး ဗုံးဖောက်ခွဲတာကို မျက်မြင်တွေ့ရှိခဲ့ရပြီးနောက် စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။ ဖျူ့စ် နဲ့ အဲ့မိန်းကလေးရဲ့အစ်မနဲ့ ပြန်တွေ့ပြီး ဘာတွေဆက်ဖြစ်ကြမှာလဲ။ ဝံပုလွေတပ်ဖွဲ့ ကရော ဘယ်လိုအဖွဲ့အစည်းလဲ အစရှိတာတွေကို ဒီ ထဲမှာ ဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။ အန်နီမေးရှင်းလက်ရာကလည်း အမိုက်စားမို့ သည်းထိတ်ရင်ဖို ကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေအတွက် အကြည့်သင့်ဆုံးလက်ရာတစ်ပုဒ်ဖြစ်ပါတယ်။

t.me/gwmmupl/4638
ဖန်းဂါလီ - နောက်ဆုံးမိုးသစ်တော (၁၉၉၂)

IMDb - 6.6/10
Genre - Family, Adventure

ကမ္ဘာကြီးကို သစ်တောတွေနဲ့ပဲဖုံးလွှမ်းထားတဲ့အချိန်တုန်းက နတ်သူငယ်လေးတွေက တောအုပ်ကြီးရဲ့ အစောင့်အရှောက်တွေဖြစ်ခဲ့ကြပါတယ်။ သူတို့ရဲ့အရင်းနှီးဆုံးမိတ်ဆွေက လူသားတွေဖြစ်ခဲ့တာပါ။ ဒီလိုနဲ့ တစ်နေ့မှာ ဟက်ဇပ်ဆိုတဲ့ ဖျက်ဆီးခြင်းနတ်ဘုရားနိုးထလာပြီး သစ်တောကြီးအပါအဝင် အရာအားလုံးကို ပျက်စီးအောင်လုပ်ပစ်ခဲ့လို့ လူတွေလည်း တောထဲကနေ ထွက်ပြေးသွားပါတယ်။ နတ်သူငယ်တွေက ဟက်ဇပ်ကို မှော်အစွမ်းနဲ့ ထိန်းသိမ်းထားပြီး သစ်ပင်ကြီးတစ်ပင်ထဲမှာ ပိတ်ဆို့ဖမ်းဆီးထားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာချိန်မှာတော့ လူသားတွေတောထဲကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ နတ်သူငယ်တွေရဲ့ မိတ်ဆွေတွေအဖြစ်မဟုတ်ဘဲ တောအုပ်ကိုရှင်းပစ်ပြီး မြို့ပြချဲ့ထွင်ဖို့ လုပ်မယ့် လူတွေအဖြစ်နဲ့ပါ။ သူတို့ကြောင့်ပဲ ဟက်ဇပ်ကို ချုပ်ထားတဲ့ သစ်ပင်ကြီး လဲသွားပြီး ဟက်ဇပ် ပြန်လွတ်လာတဲ့အခါမှာ နတ်သူငယ်လေးတွေက သူ့ကို ထပ်ပြီးတားဆီးဖို့အတွက် ဖြစ်လာပါတော့တယ်။

📌 ချန်နယ်ဝင်ထားမှကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/11
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠🔠 🔠🔠🔠🔠

📢အပေးကြမ်းကြမ်း ရှယ်အမ်းတဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် 5️⃣0️⃣🌌 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ2️⃣0️⃣🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် 5️⃣🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
စန်ထရယ်ပန်းခြံထဲက မင်စာလေး (၁၉၉၄)

စတန်လေ ဟာ မှင်စာဖြစ်ပေမယ့် စိတ်ရင်းနှလုံးကောင်းမွန်ပြီး နူးညံ့တဲ့ဗီဇရှိတဲ့အမျိုးဖြစ်ပါတယ်။ သူ့မှာ ပန်းပင်လေးတွေကို ဖန်တီးနိုင်တဲ့ မှော်ဆန်တဲ့အစိမ်းရောင်လက်မလေးကို ပိုင်ဆိုင်ထားတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ မှင်စာတို့ရဲ့ကမ္ဘာမှာ ဒီလိုကြင်နာမှုတွေ၊ လှပမှုတွေကို အလိုမရှိကြပါဘူး။ ဆိုတော့ စတန်လေ က ပန်းလေးတွေကို သူ့ရဲ့နေရာလေးမှာပဲ ဘယ်သူမှမမြင်အောင် ဖုံးကွယ်ပြီး စိုက်ပျိုးထားရတာပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ ပန်းပွင့်ကြီးတစ်ခုကို ဖန်တီးမိလိုက်ပြီး ဘုရင်မကြီးဆီ စတန်လေ ရဲ့သတင်းက ရောက်ရှိသွားပါတယ်။ စတန်လေ ပြည်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။ ဒါပေမယ့် ဘုရင်မကြီးကတော့ သူ့ကို လုပ်ထုံးလုပ်နည်းအရ ကျောက်တုံးအဖြစ် ပြောင်းပစ်ချင်နေတာပါ။ စန်ထရယ်ပန်းခြံ မှာ စတန်လေ က ဂတ်စ် တို့ မောင်နှမနှစ်ယောက်နဲ့ ဆုံပြီး ပျော်ရွှင်နေတာကို ဘုရင်မကြီးက တွေ့တော့ သူ့ရဲ့ဒေါသတွေ ပိုပြီး ကြီးထွားလာပါတယ်။ ဆိုတော့ စတန်လေ ဘုရင်မကြီးရဲ့ ဒေါသကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ၊ ဘယ်လိုအခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ရမလဲ။

📌 ချန်နယ်ဝင်ထားမှကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/13
Please open Telegram to view this post
VIEW IN TELEGRAM
အာကာသမှ ရုပ်သေးများ (၁၉၉၉)

IMDB - 6.3/10
Genre - Family, Comedy


နာမည်ကြီး ရုပ်သေးကားတွေထဲကမှ ဒီဇာတ်ကားလေးဟာ လူကြီး‌တွေရော ကလေးတွေအတွက်ပါ ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဟာသနဲ့ စွန့်စားခန်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဂွန်ဇို ဟာ သူ့ကိုယ်သူ ကမ္ဘာမြေပေါ်က တစ်ဦးတည်းသော ဂြိုလ်သားလို့ ယုံကြည်လာပြီး သူ့မိသားစုကို ရှာဖွေဖို့ စွန့်စားခန်းထွက်တဲ့ အကြောင်းကို အဓိက ရိုက်ပြထားတာပါ။ ရုပ်သေးကားတို့ရဲ့ ထုံးစံအတိုင်း စတူဒီယိုကျတဲ့ ဇာတ်ရုပ်တွေဖြစ်တဲ့ မစ္စစ် ပစ်ဂီကာမစ် စသဖြင့် နာမည်ကြီး ဇာတ်ကောင်တွေလည်း ပါဝင်ပါတယ်။ သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားဖြစ်သည်တိုင်အောင် ရုပ်သေးကားတို့ရဲ့ ရိုးရှင်းပြီး နှလုံးသားကို ထိမိစေတဲ့ သံယောဇဉ်က ဒီဇာတ်ကားကို မိသားစုနဲ့အတူ ပြန်လည်ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်စရာတစ်ခုအဖြစ် ထင်ရှားစေပါတယ်။ ရုပ်သေးကား မကြည့်ဖူးသူတွေ ဒီကားလေးကို ကြည့်ရှုဖို့ အကြံပေးပါ‌ရစေ။

t.me/gwmmupl/4651