Hana : The Sweet Orophile
105K subscribers
3.43K photos
181 videos
3.47K links
Download Telegram
အိန္ဒိယကားချန်နယ် ပျော်တကက်သွားလို့ 😓

ဂျော်တကွိုင်းပေးဦး 😔

t.me/indiamovies02
Please open Telegram to view this post
VIEW IN TELEGRAM
မီးပြတိုက်က လူသတ်သမား (၂၀၂၅)

ဇာတ်လမ်းကတော့ နှိပ်စက်အနိုင်ကျင့်တဲ့ ခင်ပွန်းဖြစ်သူဆီကနေ ထွက်ပြေးလာတဲ့ ဂျက်စီကာ ဗစ်ကားစ်ကို အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူဆီကနေ ထွက်ပြေးလာတဲ့ ဂျက်စီကာ ဟာ မုန်တိုင်းထန်တဲ့ ညတစ်ညမှာ သူငယ်ချင်းဖြစ်သူ ရိုရီ ရဲ့ အကူအညီနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး ကနေဒါကို ထွက်ပြေးလာခဲ့ပါတယ်။ မုန်တိုင်းကြောင့် လှိုင်းကြီးလာတဲ့အခါ သူတို့လှေကလည်း လှိုင်းဒဏ်ကို မခံနိုင်ဘဲ မှောက်သွားရပြီးတဲ့နောက် ကံကောင်းပြီး အသက်မသေတဲ့ ဂျက်စီကာ ဟာ ကမ်းတစ်ခုမှာ သွားတင်နေခဲ့ပါတယ်။ အဲဒီကမ်းခြေမှာ တစ်ယောက်တည်းနေတဲ့ အက်ဒလိုင်း လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ဂျက်စီကာ ကို ကယ်ထားပေးပြီး အနိုင်ကျင့်တဲ့ ခင်ပွန်းလာလိုက်ရှာတာကနေပါ ကာကွယ်ပေးထားပေမဲ့ အဲဒီအမျိုးသမီးမှာလည်း လျှို့ဝှက်ချက်တွေရှိနေတယ်ဆိုတာကို ဂျက်စီကာ သိလိုက်ရပါတော့တယ်။ လူသူအရောက်အပေါက်နည်းတဲ့ ကမ်းခြေမှာ တစ်ယောက်တည်းနေတဲ့ အက်ဒလိုင်း မှာ ဘာလျှို့ဝှက်ချက်တွေရှိနေတာလဲ။ ပီးတော့ ဂျက်စီကာ ကရော ဘယ်လိုဆက်လုပ်မှာလဲ သူ့ယောကျ်ားဆီကနေရော လွတ်အောင်ပြေးနိုင်သွားမှာလား။

t.me/gwmmupl/4466
တို့ဖေဖေ (၂၀၂၅)

IMDb - 9.1/10
Genre - Drama


ကျေးလက်လူနေမှုဘဝကို နောက်ခံထားပြီး မူလတန်းအရွယ်က ကလေးမလေးတစ်ယောက်ရဲ့ဘဝကို ချစ်စရာဖြစ်အောင်ရော သနားစရာဖြစ်အောင်ပါ ပုံဖော်ထား ရိုက်ကူးထားပါတယ်။ ရွာလေးတစ်ရွာမှာ ဂျီဂျာ ဆိုတဲ့ ချစ်စရာမူလတန်းကျောင်းသူလေးရှိပါတယ်။ ဂျီဂျာလေးဟာ အမေရယ် အဘွားရယ်နဲ့အတူနေပါတယ်။ အဖေဖြစ်သူကတော့ ဆုံးပါးသွားပြီး ဂျီဂျာတောင်မမြင်ဖူးလိုက်ပါဘူး။ ဂျီဂျာလေးဟာ ကလေးသဘာဝအတိုင်း စားလိုက် ဆော့လိုက်နဲ့ ပျော်ပျော်နေပေမဲ့ စိတ်ထားလေးကောင်းပြီ ကူညီတတ် သနားတတ်သူလေးပါ။ တစ်ခါမှမမြင်ဖူးလိုက်တဲ့ သူ့အဖေကိုလည်း သတိရရကောင်းမှန်း မသိပါဘူး။ တစ်နေ့တော့ ကျောင်းအုပ်ဆရာကြီးက ဂျီဂျာ့ကို ကျောင်းပြိုင်ပွဲတစ်ခုမှာ “တို့ဖေဖေ” ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ရမယ်လို့ ပြောလိုက်ရာကစလို့ ဂျီဂျာတစ်ယောက် သူ့အဖေအကြောင်း သိချင်လာခဲ့ပါတယ်။ သူ့အမေကို မေးပေမဲ့လည်း အရှင့်အိမ်မှာဆိုတာကလွဲပြီး သေချာအဖြေမရခဲ့ပါဘူး။ နောက်တော့ ဂျီဂျာလေးဟာ ဘယ်ရောက်နေမှန်းမသိတဲ့ သူ့အဖေဆီ စာတိုက်ကနေ စာပို့ဖို့ အကြံရလာခဲ့ပါတယ်။ ဒီလိုနဲ့ ဂျီဂျာပို့လိုက်တဲ့စာတွေဟာ ဘယ်ကိုရောက်သွားမလဲ။ ဂျီဂျာတစ်ယောက် သူ့အဖေအကြောင်းကို သိခွင့်ရမလား၊ ပြိုင်ပွဲမှာ “တို့ဖေဖေ” အကြောင်း ဘာတွေပြောသွားမလဲဆိုတာကို ကျေးလက်နောက်ခံနဲ့ ချစ်စရာကလေးသဘာဝကို ကြည့်ရှုခံစားရင်း... ပျော်စရာ၊ ရယ်စရာ၊ ငိုစရာ၊ လွမ်းမောစရာအဖြစ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။

t.me/indiamovies02/4
ဇစ်မြစ် (၂၀၂၄)

IMDb - 6.2/10
Genre - Horror


ငယ်ဘဝ ထရာမာ စိတ်ဒဏ်ရာတွေ၊ ဘာသာရေး အမှောင်ကျမှုတွေကို ဖော်ညွှန်းထားတဲ့ ဒီဇာတ်ကားက အိုင်ယာလန်နိုင်ငံမှာ ရိုက်ကူးထားတဲ့ အိုင်းရစ်စကားပြော ဇာတ်လမ်းပါ။ ဇာတ်ကားရဲ့ နာမည်က အိုင်ယာလန် ဘာသာစကားနဲ့ ဖြစ်ပြီး “ဇစ်မြစ်/အမြစ်” ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်ကားမှာ သက်ကြီးရွယ်အို ကူညီစောင့်ရှောက်ရေး အေဂျင်စီမှာ လုပ်ကိုင်တဲ့ သျှူဘန်း (ခ) သျှူး ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ မိခင် သူကိုယ်သူ ဆွဲကြိုးချ သေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ အခန်းကို ရှင်းလင်းရေးလုပ်ဖို့ သူမရဲ့ ဇနီး မီလာ နဲ့အတူ ရောက်လာခဲ့ပါတယ်။ လေဖြတ်သွားတဲ့ သက်ကြီးရွယ်အိုတစ်ဦးကို ကူညီစောင့်ရှောက်ပေးဖို့အတွက် အလုပ်မက်ဆေ့က ရောက်လာခဲ့လို့ ရှင်းလင်းရေးမပြီးခင်မှာပဲ သွားခဲ့ပါတယ်။ တစ်ကယ်တမ်းကျတော့ သျှူး ရဲ့ အေဂျင်စီက သူမကို မိသားစုနာရေးရှိလို့ ခွင့်ရက်ပေးထားပြီးတော့ လုံးဝ အလုပ်အပ်ခဲ့တာ မဟုတ်ပါဘူး။ ဟိုကိုရောက်တဲ့အခါမှာ သူကြည့်ရှုပေးရမယ့် အဖွားကြီးဟာ အိမ်မှာ တစ်ယောက်တည်းနေထိုင်ပြီးတော့ လေဖြတ်ရုံတင်မက သူငယ်ပြန်ချင်သလို ဖြစ်နေပြီး စကားတွေတောင်စဉ်ရေရာမရ ပြောတဲ့သူ ဖြစ်နေတာပါ။ အဖွားကြီးရဲ့ နောက်ကြောင်းနဲ့ ဒီအိမ်ကြီးရဲ့ ခြောက်ခြားဖွယ် သမိုင်းကြောင်းတွေက ဘယ်လိုဆက်စပ်မှုရှိနေလဲ။ သူမကို အေဂျင်စီ အယောင်ဆောင်ပြီး အလုပ်ပေးခဲ့တဲ့ သူတွေကရော ဘယ်သူတွေလဲ။ သျှူး နဲ့ ဒီအိမ်က ဘယ်လိုတွေ ပတ်သတ်မှုရှိနေလို့ ရောက်လာခဲ့တာလဲ။

t.me/nyamakyeetya/5450
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠🔠 🔠🔠🔠🔠

📢အပေးကြမ်းကြမ်း ရှယ်အမ်းတဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် 5️⃣0️⃣🌌 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ2️⃣0️⃣🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် 5️⃣🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
ပန်းရောင်ဘောင်းဘီနဲ့ကောင်လေး (၂၀၂၄)

IMDb - 6.7/10
Genre - Drama


ဒီကားကတော့ အန်ဒရီယာ ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ အန်ဒရီယာ ဟာ အထက်တန်းကျောင်းသားအရွယ်၊ သူ့ရဲ့ ဆယ့်ငါးနှစ်မြောက်မွေးနေ့ပြီးနောက်နေ့မှာ သတ်သေသွားခဲ့ပါတယ်။ သူသေဆုံးပြီးနောက်မှာ သူ့အမေဖြစ်သူက ဖေ့ဘုတ်အကောင့်ကနေတစ်ဆင့် အန်ဒရီယာ တွေ့ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေကို သိရှိခဲ့ရပါတယ်။ အန်ဒရီယာ က စာတော်တဲ့ကျောင်းသားလေးဖြစ်ပြီး သူ့ရဲ့ကံဆိုးမှုလို့ ပြောလို့ရတဲ့ ခရစ်စတီယန် နဲ့ မတွေ့ခင်အထိ အေးချမ်းတဲ့ဘဝလေးပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရပါတယ်။ ခရစ်စတီယန် က သူ့အပေါ် မကောင်းနေလည်း သူကတော့ သူငယ်ချင်းလို့ မှတ်ယူထားတုန်းပါပဲ။ ဆာရာ ဆိုတဲ့ သူငယ်ချင်းမလေးက ခရစ်စတီယန် မကောင်းကြောင်း သူ့ကို သတိပေးပေမယ့် သူကတော့ သူငယ်ချင်းဖြစ်ချင်နေတုန်းပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ခရစ်စတီယန် က အန်ဒရီယာ့ကို မိန်းမလိုလိမ်ပြီးဝတ်ခိုင်းပြီးတော့ အတန်းဖော်တွေရှေ့ ခေါ်သွားတဲ့အပြင် လိုင်းပေါ်မှာပါ ပေ့ခ်ျထောင်ပြီးလှောင်ပြောင်ခဲ့ပါတယ်။ ဒီလိုလုပ်ရတာက အန်ဒရီယာ က ပန်းရောင်ဘောင်းဘီတွေ ကျောင်းကိုဝတ်လာခဲ့လို့ပါတဲ့။ ဒီကားမှာတော့ ဂေးတစ်ယောက်လို့ လှောင်ပြောင်ခံရတဲ့ ကောင်လေးအကြောင်းကို သနားဖွယ်ရာ မြင်တွေ့ရမှာပါ။ အီတလီမှာတင်မကပဲ တကမ္ဘာလုံးမှာ ကြုံနေရတဲ့ ကျောင်းတွင်းအနိုင်ကျင့်ခြင်းတွေဟာ ဘယ်လောက်အန္တရာယ်များကြောင်းကို ပညာပေးရိုက်ကူးထားတာဖြစ်ပါတယ်။ ရင်ထဲမှာ စွဲသွားစေမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ မလွတ်တမ်းကြည့်ရှုသင့်ပါတယ်။

t.me/dramamv/839
📌 ဇာတ်ကားနာမည် မူရင်းများကို ပုံကိုထောက်ပြီး ကြည့်နိုင်ပါတယ်ခင်ဗျာ။ ပုံရဲ့အပေါ်ထောင့်နားမှာ ရေးပေးထားပါတယ်။ ဘာလို့ တစ်ခါထဲမရေးတာလဲ ဆိုတော့ ကော်ပီရိုက်ကြောက်လို့ပါဗျ။ မနေ့ညကတင် ချန်နယ် ၂ ခု ပျက်သွားပါတယ်။

ကြည့်ချင်တဲ့ကား ရှာမတွေ့ရင်/ မရှာတတ်ရင် လွတ်လပ်စွာ မေးလို့ရပါတယ်ခင်ဗျာ။
Please open Telegram to view this post
VIEW IN TELEGRAM
ဖဲဝိဇ္ဇာ ၂ ယောက် (၁၉၈၉)

IMDb - 6.7/10
Genre - Action, Crime


ဖဲဝိဇ္ဇာဘော်ဒါ ၂ ယောက်ဖြစ်တဲ့ ဆမ် နဲ့ ကရတ် တို့ကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့က သူတို့ရဲ့မိတ်ဆွေ ကာစီနို ရုံမန်နေဂျာက ဖဲလိမ်ရိုက်ခံနေရတဲ့ ဖြစ်ရပ်ကို စစ်ဆေးဖော်ထုတ်ပေးဖို့ ခေါ်ရင်း လက်သည်အစစ်တွေဖြစ်တဲ့ ဂျပန်ဖဲဝိဇ္ဇာတွေကို ဖော်နိုင်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဖဲဝိဇ္ဇာတွေက ရိုးရိုးလူတွေမဟုတ်ဘဲ ဂျပန်လူမိုက်ဂိုဏ်းက လွှတ်ထားတဲ့သူ‌တွေဖြစ်နေလို့ သူတို့ကို ဖော်လိုက်တဲ့ ကရတ် တို့နှစ်ယောက်ကို အငြိုးထားရင်းနဲ့ သူတို့နဲ့ သူတို့ချစ်ရတဲ့လူတွေရဲ့ အသက်ကို ရန်ရှာဖို့အထိ လုပ်လာတဲ့အခါ ဆမ် နဲ့ ကရတ် ဂျပန်တွေရဲ့ရန်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ကြည့်ရှုရမှာပါ။

t.me/hanamovie20/4323
ဖဲဝိဇ္ဇာ ၂ ယောက် ၂ (၁၉၉၁)

IMDb - 6/10
Genre - Action, Thriller


ဒီဇာတ်ကားက ပထမကားနဲ့ ဇာတ်လမ်းသွားလုံးဝမတူဘဲ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကို ပြောင်းလဲထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကစ် နဲ့ ချစ်ကင်းဖိ ဆိုတဲ့ ညီအစ်ကိုဖဲဝိဇ္ဇာ ၂ ယောက်နဲ့ သူတို့ရဲ့ ကျေးဇူးရှင် အန်ကယ်ဖန်း ဆိုတဲ့ သင်္ဘောကာစီနိုသူဌေးတို့ကို ဂျိမ်းစ် ဆိုတဲ့ တိုင်းတပါးသားဖဲဝိဇ္ဇာနဲ့ သူ့ဂိုဏ်းက အကောက်ကြံလိုက်လို့ ကစ် ကလည်း ထောင်ကျသွားသလို အန်ကယ်ဖန်း လည်း ပိုင်ဆိုင်ခဲ့သမျှအရာအားလုံးဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ ဂျိမ်းစ် တို့က မကျေနပ်နိုင်ဘဲ အားလုံးကို အပြစ်ရှင်းပစ်ဖို့ လုပ်လာလို့ သူတို့ကို လက်စားချေဖို့ Chicken Feet နဲ့ ကစ် ညီအစ်ကို ၂ ယောက် ကြိုးစားရင်း ဘယ်သူတွေ စတေးရမလဲ၊ ဘာကို ထပ်ပြီးဆုံးရှုံးရဦးမလဲဆိုတာ ကြည့်ရမှာပါ။

t.me/hanamovie20/4325
သားအတွက် (၂၀၁၆)

IMDb - 5.8/10
Genre - Crime, Thriller


ချက်ကတ်တလာ ဟာ သူ့ရဲ့သားကို ပိုကောင်းတဲ့ ဘဝတစ်ခုကို ပေးဖို့အတွက် ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ဘဝကနေ ရုပ်သိမ်းကာ ဘဝကို ပိုကောင်းအောင် နေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့အဖေ ကိုလ်ဘီ က သူ့ကို သစ္စာဖောက်တစ်ယောက်ဖြစ်မှတ်ယူကာ ရာဇဝတ်ကောင်ဘဝကနေပြီး ရုန်းထွက်ရတာ မလွယ်ကြောင်း ပြသခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးဆက် ၃ ခုကြား ဘယ်လိုဆက်ဖြစ်မှာလဲ။ ဖခင် ၂ ယောက်နဲ့ သား ၂ ယောက်ဘယ်လိုများ ရှေ့ဆက်ကြမှာလဲ။

t.me/hanamovie20/4327
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠🔠 🔠🔠🔠🔠

📢အပေးကြမ်းကြမ်း ရှယ်အမ်းတဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် 5️⃣0️⃣🌌 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ2️⃣0️⃣🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် 5️⃣🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
မာဗယ်ရဲ့ နောက်ဆုံးထွက် ဇာတ်ကား

သန်ဒါဗို့ ⚡️

ချန်နယ်အရင် Join ပါ 🔽

➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် 🔽

➡️ t.me/c/2567751525/3
Please open Telegram to view this post
VIEW IN TELEGRAM
အပေါ်ကဇာတ်ကား သိတယ်မလား 🤣

နာမည်ကို မရေးရဲလို့ 🥰
Please open Telegram to view this post
VIEW IN TELEGRAM
အိပ်တုန်းကတော့ အိမ်ထဲပဲ၊ တရေးနိုးတော့ လမ်းထိပ်က ထပြန်လာရတယ်။ ချွေးနဲ့မျောပါသွားတာ
Please open Telegram to view this post
VIEW IN TELEGRAM
ကြေမွပျက်ဆီးနေသော (၂၀၂၅)

IMDb - 7.2/10
Genre - Drama


ထရူးဘရန်ဒီဝိုင် ဆိုတဲ့ မြင်းစီးပြိုင်ပွဲ အားကစားသမား‌ဟောင်းတစ်ယောက် နှင်းမုန်တိုင်းထဲပိတ်မိနေခဲ့တာကို ဇာတ်အိမ်တည်ထားပါတယ်။ အန္တရာယ်များတဲ့ ခေတ်ဟောင်းအားကစားမှာမှ အသက်မွေး၀မ်းကျောင်းလုပ်မိတော့ ကြုံတွေ့ခဲ့သမျှဒုက္ခတွေအပြင်ကိုယ်ဘာလုပ်လုပ်အရာမထင်ပါဘူးလား ဆိုတဲ့အသိကို အမြဲရိုက်သွင်းနေတတ်တဲ့ ဖခင်ဖြစ်သူကြား လုပ်ခဲ့မိတဲ့ဆုံးဖြတ်ချက်အမှားတွေကို သေရေးအတွက်ရုန်းကန်နေရချိန်မှာတစိမ့်စိမ့်ပြန်အောင့်မေ့တဲ့သဘော တင်ဆက်ရိုက်ကူးထားပါတယ်။ ကောင်းဘွိုင်အငွေ့အသက်အပြည့်အ၀ပါ၀င်နေပြီး ကြည့်ရှု့သူတွေကို ဖြည်းဖြည်းချင်းစီဆွဲခေါ်သွားမဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ ။

t.me/gwmmupl/4479
မြို့ပြဒဏ္ဍာရီ (၂၀၂၄)

IMDB - 6.8/10
Genre - Fantasy


မွေးကတည်းက လှိုဏ်ခေါင်းကြီးတစ်ခုထဲမှာ သံကြိုးတွေနဲ့ချုပ်နှောင်ခံထားရသူတွေ, သူတို့ကလှိုဏ်ခေါင်းထဲမှာရှိတဲ့အရိပ်တွေကိုပဲ ပုံရိပ်အစစ်လို့ထင်မှတ်နေကြပါတယ်။ သူတို့ထဲကတစ်ယောက်ယောက်သာ ချုပ်နှောင်ထားတဲ့သံကြိုးတွေကိုဖြုတ်ပြီး လှိုဏ်ခေါင်းအပြင်ကိုထွက်ပြေးလွတ်မြောက်သွားရင် ဘာဆက်ဖြစ်မလဲ

ကပြဖျော်ဖြေသူတစ်ဦးမှာ ပြဇတာ်တစ်ခုလူရွေးပွဲကိုသွားရာမှာ သူမရဲ့သားလေးဖျားနေတယ်လို့ကျောင်းကဖုန်းဆက်လို့ဝင်ခေါ်ရာကနေ လူရွေးပွဲကိုနောက်ကျမှရောက်သွားပါတယ်။ သူရောက်သွားတဲ့အခါ ဒါရိုက်တာကြီးကို တောင်းပန်ပြီး သူ့ကိုလူရွေးပွဲဝင်ပြိုင်ခွင့်ပေးဖို့တောင်းဆိုပါတယ်။ ဒါရိုက်တာကြီးကခွင့်ပြုပြီး သူမရဲ့ခုနစ်နှစ်အရွယ်သားလေးကို ပလေတို ရဲ့ "လှိုင်ဂူရဲ့ ဒဏ္ဍာရီ "ထဲမှာပါတဲ့ မေးခွန်းရဲ့အဖြေကိုပြောပြလိုက်ပါတယ်။ "ချုပ်နှောင်မှုမှလွတ်မြောက်လာတဲ့အကျဥ်းသား ဘာဆက်ဖြစ်မလဲ"ဆိုတာကိုပေါ့

t.me/gwmmupl/4481
စုံထောက်ကြီး ဒီးနှင့် လကွယ်ည၏ မိစ္ဆာအဖြေ (၂၀၂၄)

ညတစ်ညမှာ ထန်တိုင်းပြည်ကြီးရဲ့မင်းသမီးလေးဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုမက်ခဲ့တယ်။ အိပ်မက်ကိုအဓိပ္ပါယ်ဖော်ခိုင်းလိုက်တော့ နတ်မြင်းပျံထွက်ပေါ်လာ တဲ့အတွက် မင်္ဂလာနိမိတ်ကောင်းဆိုပြီးလျှောက်တင်တဲ့အတွက် မင်းသမီးက သဘောကျသွားခဲ့တယ်။ အဲဒီလိုလျှောက်တင်ခဲ့တဲ့ ဆရာမကြီးရွှမ်ကမင်းသမီးလေးရဲ့အပ စားပေးတာကိုရခဲ့တယ်။ အဲဒီအချိန်မှာပဲ မိသားစုလိုက်သတ်ခံရတဲ့အမှုတစ်ကို စုံထောက် ကြီးဒီးရန်ကျယ်ကလိုက်နေခဲ့တယ်။ မိသားစုလုံး စုစုပေါင်း(၁၈)ယောက်သတ်ခံရတဲ့အမှုကို ဟာကွက်တွေအများကြီးနဲ့ ပေါ့ပေါ့တန်တန်အမှုပိတ်ခံလိုက်ရတော့ စုံထောက်ကြီးဒီးဟာ အမိန့်ကိုဆန့်ကျင်ပြီး ဒီအမှုကိုဆက်လိုက်နေခဲ့တယ်။ သူထင်တဲ့အတိုင်းပါပဲ ဒီအမှုရဲ့နောက်ကွယ်မှာပိုပြီးကြီးတဲ့အကြံရှိ နေခဲ့တယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာပတ်သက်နေတယ်ဆိုတာကို တွေ့လိုက်ရတယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာဘယ်လိုပတ်သက်နေတာ နောက်ကွယ်ကတရားခံကဘယ်သူများဖြစ်နေမလဲ

t.me/gwmmupl/4483
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
မုန်တိုင်းကြားက ဆုံးဖြတ်ချက် (၂၀၂၄)

ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ဇာတ်ကားကောင်းရှာနေတယ်ဆိုရင်တော့ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးက ပရိသတ်ကြီးအတွက်ပါပဲ။
အားအပြင်းဆုံး မုန်တိုင်းအဖြစ်နဲ့ ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်လာခဲ့ပြီး ဖိုဟန်မြို့ကို လွင်တီးခေါင်ဖြစ်အောင် မွှေနှောက်ခဲ့တဲ့ “ဟင်နမ်နို”တိုင်ဖွန်းကြောင့် ဖိုဟန်မြို့ရဲ့ သံမဏိ စက်ရုံ စက်ယန္တရား လည်ပတ်မှုဟာ ရပ်တန့်ဖို့ ဖြစ်လာခဲ့ပါတယ်။ စက်လည်ပတ်မှုကို အချိန်ကာလ တစ်ခုအထိ ရပ်တန့်ထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ ဘီလီယံ ချီတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အကယ်၍ မရပ်တန့်ဘူး ဆိုရင်လည်း ပွက်ပွက်ဆူနေတဲ့ သံရည်ပူတွေနဲ့ အက်စစ်မိုး‌ရေ ပေါင်းစပ်မိတဲ့အခါ မတွေးဝံ့စရာ ဘေးဒုက္ခကို ရင်ဆိုင်ရမှာပါ။ အားကောင်းလာတဲ့ မုန်တိုင်းကြားမှာ သံမဏိ စက်ရုံက စက်ယန္တရားတွေ အချိန်မီ ပြန်လည်ပတ်နိုင်မလား

t.me/gwmmupl/4486
ပူကပူ၊ မီးကမလာ။ ခြင်ကလေးက တဝီဝီ