Hana : The Sweet Orophile
105K subscribers
3.45K photos
175 videos
3.49K links
Download Telegram
နှုတ်ဆက်ပါတယ်၊ တနေ့နေ့ပေါ့‌ (၂၀၁၀)

IMDB - 6.6/10
Genre - Romance, Drama


- အချစ်မိုးတွေ ရွာသွန်းတာကို မတုန်လှုပ်နေပါနဲ့ အဲဒီအစား ထီးတစ်လက်သာ
ဝယ်လိုက်ပါ

- တစ်ချို့က အချစ်ခံခဲ့ရတာကို ပြန်တွေးကြချိန် တစ်ချို့ကတော့ ချစ်ခဲ့တာကိုပဲ
ပြန်တွေးကြတယ်တဲ့

ယုတခ ဟီဂရှီဂအိတို ဆိုတဲ့ အရှေ့ပိုင်းလေကြောင်းလိုင်းရုံးက လူငယ်လေးတစ်ယောက်။ အနာဂတ်အတွက် ဘဝအိမ်မက် ရည်မှန်းချက်တွေ အများကြီးရှိတဲ့သူ။ စည်းကမ်းကြီး ယဉ်ကျေးမှုတွေ ထိန်းသိမ်းတတ်တဲ့သူ။ အလုပ်မှာလည်း ထက်မြက်ထူးချွန်တဲ့ ယုတခ ဟာ မိန်းမလှလေး မစ်ဆုကို နဲ့ စေ့စပ်ပြီး လက်ထပ်ဖို့ ၃ လကျော်အလိုမှာ ရာထူးတိုးဖို့အတွက် ထိုင်းနိုင်ငံမှာ သွားရောက်ရုံးထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ရုံးကအပေါင်းအသင်းသူငယ်ချင်းများနဲ့ ဆုံပြီး အရက်ဆိုင်မှာ သောက်စားကြရင်း သူငယ်ချင်းရဲ့ ရည်းစား အရမ်းဆွဲဆောင်မှုရှိတဲ့ အလှနတ်ဘုရားမလေး မာနာက တိုခို နဲ့ ဆုံခဲ့ကြပါတယ်။ ယုတခ ဟာ လက်ထပ်ရမယ့်သူရှိမှန်း သိပေမဲ့ မာနာ ကရဲ့ ဆွဲဆောင်မှုအောက်ကနေ မရုန်းထွက်မိဘဲ ပျော်ပျော်ကြီးနေလာခဲ့ပါတယ်။ ဒီလိုနဲ့ အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန်လာရင်း ဂျပန်ကို ပြန်ပြီး မစ်ဆုကို နဲ့ လက်ထပ်ရမယ့်အချိန်လည်း ရောက်လာခဲ့ပါတယ်။ ဘဝရည်မှန်းချက်ကြီးသူ ယုတခ ဘယ်လိုဆုံးဖြတ်မှာလဲ။ ယုတခ တစ်ယောက် မာနာ ကို စွန့်လွှတ်ပြီး မစ်ဆုကို နဲ့ လက်ထပ်နိုင်ပါ့မလား။ ယုတခ အမှန်တကယ် ချစ်ရတဲ့သူက ဘယ်သူလဲဆိုတာ ကြည့်ရှုခံစားကြည့်ပါဦးနော်။

t.me/dramamv/807
ကျည်ဆန်ရထား ပေါက်ကွဲခြင်း (၂၀၂၅)

IMDb - 6.3/10
Genre - Action, Thriller


ဂျပန်နိုင်ငံမှာရှိတဲ့ အရှေ့ပိုင်းဂျေအာကုမ္ပဏီပိုင်အတွင်းမှာ ပုံမှန်ပြေးဆွဲလျက်ရှိတဲ့ ဟာယဘူဆာအမှတ်-၆၀ ရထားမှာ ဗုံးထောင်ထားတယ်ဆိုပြီး ဆက်သွယ်ရေးစင်တာကို ဖုန်းဝင်လာခဲ့ပြီး ထောင်ထားတဲ့ဗုံးဟာ တစ်နာရီ ကီလိုမီတာ ၁၀၀ အောက် ကျတာနဲ့ ပေါက်ကွဲမှာဖြစ်ကြောင်းလည်း အသိပေးလာပါတယ်။ ဒီအခါမှာ အဲဒီရထားရဲ့ ဝန်ထမ်းတွေနဲ့ ဆက်သွယ်ပြီး ရထားကို အရှိန်မလျှော့ဘဲ တစ်နာရီ ၁၂၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်ရင်း ထိန်းထားဖို့ လုပ်ရပါတော့တယ်။ ရထားကို အရှိန်ထိန်းမောင်းနှင်ရင်းနဲ့ ခရီးသည်တွေကိုလည်း ထိတ်လန့်မှုမဖြစ်စေဖို့အတွက် ထိန်းရပါသေးတယ်။ ဂျပန်ရဲ့ မူဝါဒမှာ အကြမ်းဖက်သမားများနဲ့ မညှိနှိုင်းဘူးဆိုတဲ့ အချက်ရှိတဲ့အတွက် အစိုးရဟာလည်း ဗုံးထောင်သူနဲ့ ညှိနှိုင်းမှုမလုပ်ဘဲ ခရီးသည်များ လုံခြုံရေးအတွက်ကိုသာ ဦးစားပေးလုပ်ဆောင်လျက်ရှိပေမဲ့ ဗုံးထောင်သူဘက်ကနေ ဗုံးဖြုတ်နည်းပြောပြပေးရမယ်ဆိုရင် သူ့ကို ယန်း ၁၀၀ ဘီလီယံ ပေးရမယ်လို့ ဆိုလာပါတယ်။ ဒီလိုတောင်းဆိုတာကလည်း အရှေ့ပိုင်းဂျေအာကုမ္ပဏီထံမှာမဟုတ်ဘဲ ဂျပန်ပြည်သူများထံမှ တောင်းဆိုတာဖြစ်ပါတယ်။ ဗုံးထောင်သူရဲ့ တောင်းဆိုလာမှုအပေါ်မှာ အကြမ်းဖက်သမားများနဲ့ မညှိနှိုင်းရေးမူဝါဒကို ကိုင်စွဲထားတဲ့ အစိုးရနဲ့ အရှေ့ပိုင်းဂျေအာရဲ့ တာဝန်ရှိသူများ ပူးပေါင်းပြီး ဗုံးထောင်ခံထားရတဲ့ ရထားပေါ်က ခရီးသည်တွေကို ဘယ်လိုကယ်တင်သွားမလဲဆိုတာကို ကြည့်ရှုရမဲ့ စိတ်ဝင်စားဖွယ် မှုခင်းဒရာမာ အက်ရှင်ကားကောင်းလေးဖြစ်ပါတယ်။

t.me/gwmmupl/4308
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠🔠 🔠🔠🔠🔠

📢ကိုကို့့စိတ်ကြိုက် အပေးကြမ်းကြမ်း ရှယ်အမ်းတဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် 5️⃣0️⃣🌌 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ2️⃣0️⃣🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် 5️⃣🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
ကော်ရီနာ (၂၀၂၅)

IMDb - 7/10
Genre - Comedy, Adventure

 
လူငယ်တစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ ဘဝအတွက် ရုန်းကန်မှုတွေကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ကော်ရီနာ က သူ့အိမ်နဲ့ သူအလုပ်လုပ်တဲ့ စာပေထုတ်ဝေရေးဌာနကလွဲရင် ဘယ်ကိုမှမသွားရဲတဲ့ ၂၈ အရွယ် မိန်းကလေးတစ်ယောက်ဖြစ်တယ်။ စကားလည်းအရမ်းနည်းပြီး လူအရမ်းကြောက်တတ်တဲ့ ကော်ရီနာ က သူများတွေအမြင်မှာတော့ အူကြောင်ကြောင်လေး ဖြစ်နေတာပေါ့။ တစ်နေ့မှာတော့ သူ့ရဲ့လုပ်ငန်းခွင်မှာ အရမ်းအရေးကြီးတဲ့ စာအုပ်စီးရီးတစ်ခုနဲ့ပတ်သက်ပြီး ကော်ရီနာ အမှားကြီးတစ်ခုကို လုပ်မိသွားခဲ့တယ်။ ဒါကြောင့် သူ့ရဲ့ကုမ္ပဏီနဲ့ သူ့အလုပ်ကို ကာကွယ်ဖို့အတွက် ကော်ရီနာ တစ်ယောက် သူ့ရဲ့ကြောက်ရွံမှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဘယ်လိုစွန့်စားခန်းတွေကို ဖွင့်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။

t.me/gwmmupl/4312
နူးညံ့သော နှလုံးသား (၂၀၁၁)

IMDb - 6.5/10
Genre - Romance, Drama


အိချိတို ကူရီဟာရ ဆိုတဲ့ ကောင်လေးဟာ စိတ်ခံစားချက်အရမ်းကို နုနယ်လွန်းတဲ့သူလေးပါ။ ဒီလိုကောင်လေးက ဆေးကျောင်းကို တက်ခွင့်ရခဲ့ပြီး ကျောင်းတက်နေစဉ်အတွင်းမှာလည်း အကောင်လေးတွေနဲ့ လက်တွေ့ဆင်းရမဲ့နေဆိုရင်ငို၊ လူနာတစ်ယောက်ယောက်ဆုံးရင်လည်း လူနာရှင်တွေကို ကြည့်ပြီးငို၊ ကုသလို့မရနိုင်တဲ့ရောဂါမျိုးဖြစ်တဲ့လူနာမျိုးနဲ့တွေ့ရပြီဆိုရင်လည်း လူနာကို သနားလို့ငိုခဲ့ပါတယ်။ ဒီလိုတွေငိုခဲ့လွန်းလို့လည်း ကျောင်းမှာ အငိုသန်လေး ဆိုပြီး နာမည်တောင်တွင်ခဲ့ပါတယ်။ ဒီလိုအငိုသန်လေးက ဒေါက်တာကြီး ဖြစ်လာပြီး လူနာတွေကို ကိုယ်တိုင် ကုသခွင့်ရတဲ့အချိန်မှာတော့ သူ ဘယ်လို စိတ်ခံစားချက်တွေထားပြီး လူနာတွေကို ကုသပေးမလဲ။ လူနာတွေနဲ့ သူ့ကြားက ဆက်ဆံရေးမှာရော ဘယ်လိုတွေ ဖြစ်လာမလဲ ဆိုတာကို ဆရာဝန်ကားပီပီ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

t.me/gwmmupl/4314
စောင့်မျှော်နေသော ငါတို့ရဲ့မနက်ဖြန် (၂၀၁၇)

IMDb - 6.5/10
Genre - Romance, Drama


အထက်တန်းကျောင်းသားဘဝမှာ ညီလေးကို ဆုံးရှုံးလိုက်ရတဲ့ စိတ်ဒဏ်ရာကြောင့် စာသင်ခန်းထဲမှာ အမြဲလိုလို ဝမ်းနည်းပူဆွေးနေပြီး တစ်ယောက်တည်း သီးသန့်နေတတ်တဲ့ ဟာရမ တစ်ယောက် ကျောင်းအားကစားပြိုင်ပွဲတစ်ခုမှာ ဆန်အိတ်ခုန်ကစားနည်းကို ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ “ဆန်အိတ်ခုန်” ပြိုင်ပွဲပြိုင်နေတုန်း ညီလေးအကြောင်းတွေးလိုက်လို့ အားမလို အားမရ ဖြစ်လာပြီး အစွမ်းကုန် ကြိုးစားလိုက်တဲ့ပုံစံကို အူအဲမူရ လို့ ခေါ်တဲ့ အတန်းဖော်ကောင်မလေးက ကြွေသွားပါတော့တယ်။ ချစ်ရတဲ့သူတွေကို တစ်နေ့ကျရင် ဆုံးရှုံးရမယ်ဆိုတဲ့ နှလုံးသားထဲက အစိုင်အခဲတုံးကြောင့် ချစ်ရမှာ ကြောက်နေတဲ့ ဟာရမ နဲ့ သွက်လက်ချက်ချာပြီး ဘဝကို ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အူအဲမူရ တို့ဟာ နောက်တော့ ချစ်သူတွေ ဖြစ်သွားကြပါတယ်။ ချစ်သူသက်တမ်းဟာ အချိန်ကာလတစ်ခုကို ကျော်ဖြတ်လာပြီးနောက်မှာ သဘောထားချင်းမတိုက်ဆိုင်တာတွေ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

t.me/gwmmupl/4316
အမှောင်ကို ရင်ဆိုင်ခြင်း (၂၀၂၅)

IMDb - 6.6/10
Genre - Drama


သူ့အမေ ကို အဖေ က မျက်စိရှေ့မှာတင် သတ်လိုက်တာကို မြင်လိုက်ရတဲ့ နိတ် ဆိုတဲ့ ကောင်လေးတစ်ယောက်က ပတ်ဝန်းကျင်ရဲ့အပြောတွေကြားမှာ ဆိုးဆိုးဝါးဝါးနဲ့ ဂရုစိုက်မှုမခံရပဲ ကြီးပြင်းလာခဲ့ပါတယ်။ မိဘတွေ မရှိတော့ပဲ ဆွေမျိုးတွေက ပစ်ထားတော့ ဖြစ်ချင်တိုင်းဖြစ်ပြီး ကားပေါ်မှာ နေနေရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆရာဖြစ်သူ စတန်ဒင်း က သူ့ကျောင်းသားရဲ့ ကောင်းကွက်ကို မြင်ခဲ့ပြီး အကူအညီပေးခဲ့ပါတယ်။ မိဘမေတ္တာငတ်နေတဲ့ ကလေးတစ်ယောက်က သူ့ရဲ့ ဆရာဖြစ်သူရဲ့ ကြီးကြပ်စောင့်ရှောက်ပေးမှုအောက်မှာ ဘဝစတင်ပြောင်းလဲလာခဲ့ပါတယ်။ လမ်းမှားရောက်တော့မယ့် ကလေး တစ်ယောက်ကို အခြားသူတွေလို ပစ်မထားပဲ အတတ်နိုင်ဆုံး လမ်းမှန်ပေါ် ဆွဲတင်ပေးခဲ့တဲ့ ဆရာတစ်ယောက်ရဲ့ မေတ္တာကို ရိုးရိုးလေး ရိုက်ကူးပြထားတဲ့ကားပါ။ ဒီကားကို ဖန်တီးခဲ့တာကလည်း သူ့ဘဝရဲ့ မှောင်မိုက်နေတဲ့အချိန်တွေမှာ အလင်းဆောင်ကျဉ်းပေးပြီး လမ်းမှန်ပြပေးခဲ့တဲ့ ဆရာဖြစ်သူရဲ့ စေတနာမေတ္တာကို ပြပေးချင်ခဲ့တာကြောင့်ပါ။

t.me/gwmmupl/4318
Forwarded from Hyper M9 Skm
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
ကာမန် (၂၀၂၄)

IMDb - 6/10
Genre - Drama


ကာမန် ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အဖေကရှိတုန်းက သူ့ဘဝက သူ့အဖေထောက်ပံ့တဲ့ ငွေနဲ့ မတောင့်မတ မကြောင့်မကြပါဘဲ။ ဇာတ်လမ်းကတော့ သူ့အဖေ အသုဘမှာ စထားတယ်။ သူ့အဖေက သူထင်ခဲ့သလို လူချမ်းသာ မဟုတ်ဘဲ အကြွေးတွေ ဝိုင်းနေတဲ့လူ ဆိုတာလည်း သူ့အဖေ အသုဘကျမှ သူ သိလိုက်ရတယ်။ သူ့အဖေ ချန်ခဲ့တဲ့အမွေတွေကိုလည်း အကြွေးတွေ ဆပ်ဖို့ သူ့အမေနဲ့ သူ့ပထွေးက သိမ်းချင်နေတယ်။ ဒီတော့ ကာမန် ဟာ သူ့ဘဝကြီးထဲ သူ စရောက်လာတယ်။ ဆေးလည်း စွဲနေတဲ့ ကာမန် ဟာ သူ့ဘဝကြီးကို ဘယ်လို တည်ဆောက်မလဲ။ ဆောက်နိုင်ပါ့မလား။ သူ့အဆိုးတွေကရော ဘယ်အထိ ဆိုးမလဲ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ လိင်ဆက်ဆံခန်းတွေ တော်တော် ပါတာမို့ မိသားစုနဲ့တော့ ကြည့်လို့ အဆင်မပြေပါဘူး။

t.me/gwmmupl/4322
တောင်ဘုရင်၏ ခန်းမထဲတွင် (၂၀၁၇)

IMDb - 6.2/10
Genre - Fantasy, Adventure


တိုင်းပြည်အုပ်ချုပ်သူ ဘုရင်တွေရဲ့ သမီးတော်တိုင်း အသက်၁၈နှစ် ပြည့်တာနဲ့ အိမ်ထောင်ပြုရတဲ့ ရိုးရာအစဥ်အလာတစ်ခုရှိတယ်။ မဟုတ်ရင် အဲ့ဒီတိုင်းပြည်ရဲ့ ဟိုးအဝေးကြီးက တောင်တန်းကြီးရဲ့ လိုဏ်ဂူကြီး ထဲမှာနေတဲ့ တောင်ဘုရင်ခေါ် မှင်စာတစ္ဆေကြီးက ၁၈နှစ်ပြည့်လို့မှ လက်မထပ်တဲ့ မင်းသမီးတွေကို အတင်းအဓမ္မလာခေါ်ပြီး အခိုင်းအစေလုပ်ခိုင်းတဲ့ ရှေးရိုးစကားက ရှိတယ်။တစ်နေ့မှာ မင်းသမီးလေးတစ်ပါးက အိမ်ထောင်မပြုချင်လို့ တောထဲ ထွက်ပြေးရင်း မှင်စာတစ္ဆေကြီးရှိတာကို အယုံအကြည်ရှိတဲ့ တောသားလေးတစ်ယောက်နဲ့ ဆုံခဲ့ကြတယ်။ မင်းသမီးမှန်းမသိတော့ သူလည်းဒီအတိုင်း မင်းသမီးနဲ့ လမ်းခွဲခဲ့ကြတယ်။ တစ်နေ့မှာဘုရင်ကြီးက မင်းသမီးကိုရှာတွေ့ရင် မင်းသမီးနဲ့ တိုင်းပြည်တစ်ဝက်ကို အပိုင်စားရမယ်ဆိုတဲ့ အမိန့်ထုတ်တော့ အိမ်ပြာကျအောင် လုပ်ထားတဲ့တောသားလေးအတွက် အခွင့်အရေးတစ်ခုပေါ့။ ဘာဆက်ဖြစ်ကြမလဲဆိုတာ ဟာသဆန်ဆန်ကြည့်ရမယ့် ပုံပြင်ဆန်ဆန်ကားလေးပါ။

t.me/gwmmupl/4330
ရွှေရဲတိုက်ကို ရှာဖွေခြင်း (၂၀၁၉)

IMDb - 6.3/10
Genre - Action, Adventure


အစမှာတော့ ဆင်းရဲတဲ့ သစ်ခုတ်သမား လေး အက်စ်ပန် တို့ ညီအကိုသုံးယောက်ဟာ မင်းသမီးလေး ခရစ်စ်တင် ရဲ့ မွေးနေ့ပွဲကို တက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ မထင်မှတ်ပဲ မွေးနေ့ပွဲမှာ ခရစ်စ်တင် ရဲ့ မိဘများက အဆိပ်ခတ်ခံခဲ့ရပါတော့တယ်။ မြေနိမ့်ရာလှံစိုက်ဆိုသလို အက်စ်ပန် ရဲ့ အကို၂ယောက်ကို လူသတ်သမားလို စွပ်စွဲခဲ့ကြပါတော့တယ်။ အက်စ်ပန် ဟာလည်း သူ့အကိုတွေ အပြစ်မရှိကြောင်း သက်သေပြနိုင်ဖိုအတွက် ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုတွေဖြစ်ခဲ့တဲ့ ရွှေအိုရောင်နန်းတော်ကြီး ဆိုရီယာမိုရီယာ နဲ့ အသက်ဆက်ရေစင်ကို ရှာဖွေဖို ဇာတ်လမ်းလေးဖြစ်လာပါတော့တယ်။ မင်းသမီး ခရစ်စ်တင် ဟာလည်း သူမမိဘတွေအတွက် အသက်ဆက်ရေစင်ကို ရှာဖို့ အက်စ်ပန် နဲ့အတူ ခရီးထွက်လာပါတယ်။ အက်စ်ပန် နဲ့ ခရစ်စ်တင် တို့ရဲ့ ဆိုရီယာမိုရီယာ နန်းတော် ရှာပုံတော်ခရီးလေးကရော ဘယ်လိုဖြစ်လာမှာလဲ။ ခရစ်စ်တင် မိဘတွေကို သတ်ဖိုကြံစည်တာကရောဘယ်သူတွေဖြစ်မလဲ။ ခရစ်စ်တင် လိုချင်တဲ့ အသက်ဆက်ရေကိုရော ရသွားနိုင်မလားဆိုတာတော့

t.me/gwmmupl/4332
သင်းခွေချပ်လေး ကူလု ၏ ခရီးစဉ် (၂၀၂၅)

IMDB - 7.5/10
Genre - Documentary


ဒိုင်နိုဆောခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှားပါးသင်းခွေချပ်တွေမှာ သူတို့ရဲ့ကြေးခွံနဲ့ အသားက ဆေးဖက်ဝင်တာကြောင့် တရားမဝင်ရောင်းဝယ်မှုတွေမြင့်မားလာခဲ့ပြီး လက်ရှိမှာ မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်တွေဖြစ်နေပါတယ်။ ဇာတ်လမ်းလေးကတော့ တရားမဝင်ရောင်းဝယ်တဲ့ သူတွေလက်ထဲမှာရှိနေတဲ့ သင်းခွေချပ်ပေါက်လေးကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးအဖွဲ့က ကယ်တင်ခဲ့ပြီး တောရိုင်းထဲပြန်မလွှတ်ခင် စေတနာ့ဝန်ထမ်းလေး ဂဲရက်က သင်ခွေချပ်လေးကို ကျန်းမာသန်စွမ်းလာအောင် ဖခင်သကဲ့သို့ ကိုယ်နဲ့မကွာစောင့်ရှောက်ပေးခဲ့ပုံကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပဲဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေမှာလည်း လူလိုပဲ ထိတ်လန့်လွန်ပြီး ထရာမာရသွားတဲ့ အခိုက်အတန့်လေးတွေ ရှိတတ်တာကြောင့် မှောင်ခိုသမားတွေလက်ထဲမှာ ထရာမာရသွားတဲ့ သင်းခွေချပ်လေးကို စိတ်ပိုင်းဆိုင်ရာပြန်လည်ကျန်းမာအောင် လုပ်ပေးခဲ့ပုံကလည်း ပညာယူစရာကောင်းလှပါတယ်။ တောင်အာဖရိကမှာ ရိုက်ကူးထားတာကြောင့် ရှုခင်းတွေလှပတာကိုလည်း ဝေဖန်ရေးသမားတွေက ချီးကျူးထားကြပါသေးတယ်။ ဇာတ်ကားက မှတ်တမ်းရုပ်ရှင်ဖြစ်တာကြောင့် ဒါတွေအားလုံးကတော့ ဖြစ်ရပ်မှန်တွေပဲဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေ၊ လူတွေကြောင့် တိရစ္ဆာန်လေးတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ၊ ဂဲရက်လို နှလုံးသားလှတဲ့စေတနာ့ဝန်ထမ်းလေးတွေကြောင့် ကိုယ်၊ စိတ်ဒဏ်ရာရနေတဲ့ တိရစ္ဆာန်လေးတွေ ပြန်လည်ကောင်းမွန်လာခဲ့ပုံနှင့် သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့ ဘာကြောင့်လိုအပ်နေလဲဆိုတာတွေကို ကျကျနနဖန်တီးရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်လေးကြည့်ရင်း လေ့လာလိုက်ကြရအောင်။

t.me/gwmmupl/4334
This media is not supported in your browser
VIEW IN TELEGRAM
ဇာတ်ကားနာမည်အမှန်တွေကို ပုံမှာထည့်ပေးထားတယ်နော်။ မမြင်ရရင် ပုံကို တစ်ချက်ထောက်ကြည့်ပေးပါခင်ဗျာ။

- အဆင်မပြေတာ
- ကြည့်ချင်တာမတွေ့ရင် Comment မှာ စိတ်ကြိုက်မေးလို့ရပါတယ်ဗျ
Forwarded from Shwe BaLu
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠🔠 🔠🔠🔠🔠

📢ကိုကို့့စိတ်ကြိုက် အပေးကြမ်းကြမ်း ရှယ်အမ်းတဲ့ရွှေဘီလူး💙💵

ရွှေဘီးလူးတဲ့ဟေ့ လာကစားသမျှ အနိုင်ရစေအောင်ဆောင်မတော့မယ် ❤️
အလျော်အစားမှာ သစ္စာရှိမဲ့ Shwe Balu 💯

နိုင်သလောက် အကုန်လျော်မယ်ဟေ့ 💵
ချစ်သားတိုစိတ်ကြိုက်နိုင် Shwe Balu အကုန်လျော်မယ် 💰💰

ဘောလုံး ⚽️ ဖဲ 🫳 စလော့ 👋 ငါးပစ် 🐬 ဂျင်🕹အကုန် ယုံကြည်စွာသာဆော့

➡️ မန်ဘာသစ်ဖွင့် 5️⃣0️⃣🌌 အပိုယူ

➡️ နေ့စဥ်ပထမသွင်းငွေ2️⃣0️⃣🔣အပိုယူ

➡️ အရှံးပြန်ပေး အပတ်စဥ် 5️⃣🔣အပိုယူ

🔔အကောင့်ဖွင့်ဖို ဆက်သွယ်ရန်🔔

📱 Telegram : @Shwebalu

📱 Telegram Link : https://t.me/Shwebalu

📱 Telegram : 09-69 88 555 88

📱 Viber Link : https://msng.link/o?+959698855588=vi

📱 Viber No: 09-69 88 555 88

🌐 Website link - https://shwebalu.com/

✔️Channel Link
https://t.me/Shwe_Balu
Please open Telegram to view this post
VIEW IN TELEGRAM
မျှော်လင့်ခြင်းလေး (၂၀၁၂)

IMDb - 6.6/10
Genre - Sci-fi, Drama


စိတ်ကူးယဉ်စရာကောင်းလှတဲ့ နာဂါရှီမာစီရင်စုရှိ ရွာငယ်လေးတစ်ခုမှာ အိုနိုတို့ ဇနီးမောင်နှံ နဲ့ သားဖြစ်သူ ယိုအိချီနဲ့ သူ့ဇနီး အီဇူမီတို့ဟာ လယ်ယာနဲ့ နွားမွေးမြူရေး လုပ်ကိုင်ရင်း အေးချမ်းစွာ နေထိုင်ခဲ့ကြပါတယ်။ တစ်နေ့ ဂျပန်နိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီး ကမ်းရိုးတန်းဒေသတွေမှာလည်း ဆူနာမီဒဏ်ကို ခံစားလိုက်ကြရပါတယ်။ ငလျင်ကြောင့် နာဂါရှီမာက နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲသွားခဲ့ပါတယ်။ စက်ရုံရဲ့ အချင်းဝက် ၂၀ ကီလိုမီတာကို လုံခြုံရေးနယ်မြေ သတ်မှတ်ပြီး စည်းတားကာ အဲဒီနယ်နိမိတ်အတွင်း နေထိုင်သူများကို အတင်းပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။ လယ်သမားကြီး အိုနိုတို့အိမ်ဟာ စည်းအပြင်မှာ ရောက်ရှိနေတာကြောင့် မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အိုနိုဟာ သားဖြစ်သူနှင့် ချွေးမကိုတော့ တခြားကို ပြောင်းဖို့ ဖိအားပေးခဲ့ပါတယ်။ အာဏာပိုင်များ၏ ညွှန်ကြားချက်များကို လျစ်လျူရှုကာ သူတို့အိမ်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားကြတဲ့ အိုနိုတို့ ဇနီးမောင်နှံ သူတို့ဆန္ဒအတိုင်း အိမ်မှာပဲ ဆက်ပြီးနေခွင့်ရကြပါ့မလား။ ဆူနာမီနဲ့ နျူကလီးယားစက်ရုံပေါက်ကွဲမှုကြောင့် တခြားကို ပြောင်းနေကြတဲ့ သားနဲ့ ချွေးမ၊ ရွာသူရွာသားတွေရော ဇာတိမြေကို ပြန်လည်ခြေချခွင့်ရကြပါ့မလားဆိုတာ။

t.me/gwmmupl/4340
အချစ်ရဲ့အေးစက်မှု (၂၀၂၅)

IMDB - 7.4/10
Genre - Romance


ကာသစ် နဲ့ အန်ဂျလီ တို့က ဆေးကျောင်းရဲ့ ချိုမြိန်တဲ့ အမှတ်တရတွေကနေ ဘဝလက်တွဲဖော်တွေအဖြစ် ရောက်ရှိလာခဲ့ကြတဲ့ စုံတွဲတစ်တွဲပေါ့။ သူတို့ရဲ့ အချစ်က ဘယ်အရာနဲ့မှ လဲလို့မရနိုင်ဘူးလို့ ထင်ခဲ့ကြပေမဲ့၊ အချစ်စစ်ဆိုတဲ့အတိုင်း မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုက သူတို့ရဲ့ ပျော်ရွှင်မှုကို ရိုက်ချိုးလိုက်ပါတယ်။ အဲဒါကတော့ အန်ဂျလီ က အသက်ရှူဖို့တောင် ခက်ခဲစေတဲ့ ရှားပါးရောဂါတစ်ခုကို ခံစားနေရပြီး သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်က အမြဲတမ်း ၂၈ ဒီဂရီ စင်တီဂရိတ်မှာ တည်ငြိမ်နေမှသာ အသက်ဆက်နိုင်တော့မှာပါ။ ကုသနိုင်မဲ့ နည်းလမ်းတစ်ခုကို မျှော်ကိုးရင်း သူတို့ ဂျော်ဂျီယာကို ခရီးထွက်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီခရီးဟာ သူတို့ရဲ့ နောက်ဆုံးခရီး ဖြစ်လာနိုင်မယ်လို့ ဘယ်သူက ထင်ခဲ့မိမှာလဲ။ မကြာခင်မှာပဲ အန်ဂျလီ ဟာ လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သေဆုံးသွားခဲ့ပြီး ကာသစ် တစ်ယောက် ဝေဒနာတွေနဲ့အတူ ကျန်ရစ်ခဲ့တော့တယ်။ ဒါပေမဲ့ သူ့ရဲ့ နာကျင်မှုတွေကြားထဲကနေ သံသယရဲ့ မီးပွားလေးတွေ တဖြည်းဖြည်း တောက်လောင်လာခဲ့ပြီး သူ့ချစ်ဇနီးရဲ့ သေဆုံးမှုဟာ ရိုးရိုး ဥပဒ်တစ်ခုလား ဒါမှမဟုတ် ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှုတစ်ခုလား။ အန်ဂျလီ နဲ့ပတ်သက်ရင် အမှားအမှန်မခွဲနိုင်အောက် ချစ်တဲ့ ကာသစ် တစ်ယောက် အမှန်တရားကို ဖော်ထုတ်ဖို့အတွက် သူ့ကိုယ်သူ စွန့်စားပြီး လျှို့ဝှက်ချက်တွေရဲ့ နက်နဲရာကို တူးဆွကြည့်တဲ့အခါ။ သူ တွေ့ရှိရမယ့် အမှန်တရားက ဘယ်လောက်အထိ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းနေမလဲ။ အမှန်တရားက ထွက်ပေါ်လာမလား

t.me/hanaindian/7483
ဂန်းစတား (၂ဝ၁၅)

IMDB - 6.6/10
Genre - Crime, Thriller


ဂန်းစတား ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူ မင်းသားတွေကို ပြပါဆိုရင် တွမ်ဟာဒီ ကိုလည်း ချန်ထားခဲ့လို့ မရဘူးရယ်။ ဒီဇာတ်ကားမှာတော့ ၅၀ ပြည့်နှစ်၊ ၆၀ ပြည့်နှစ်တွေမှာ လန်ဒန်မြို့ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဂန်းစတား တွေဖြစ်တဲ့ ခရေး အမြွှာညီနောင်ရဲ့ နေရာကနေ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရော်နယ် ခရေး နဲ့ ရတ်ဂျီနယ် ခရေး ဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြား ရွန် လို့ခေါ်တဲ့ ရော်နယ် ကတော့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပေါ့။ ဒီတော့ သွေးဆာတတ်တယ်၊ အကြမ်းဖက်တတ်တယ်၊ ထင်တိုင်းကြဲတတ်တယ်။ ရတ်ဂျီ ကတော့ ပိုက်ဆံကြိုက်တယ်၊ ကလပ်ပိုင်ရှင်၊ ကာစီနိုပိုင်ရှင်ဖြစ်တဲ့အတွက် အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရချင်ပါတယ်တဲ့။ အကျဉ်းချုပ်လိုက်ရင်တော့ နှစ်ယောက်လုံးက ဂန်းစတားတွေပါ။ ဒီရုပ်ရှင်ကို ရတ်ဂျီ ရဲ့ ချစ်ရသူ၊ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ဖရန်စစ်ရှေယာ က ဇာတ်ကြောင်းကို ပြောပြနေဟန် ရိုက်ကူးထားတယ်။ “ကျွန်မရဲ့ ခန့်ညားလှတဲ့ ရတ်ဂျီ/ ကျွန်မရဲ့ ရတ်ဂျီ/ ကျွန်မရဲ့ခင်ပွန်း” ဒီလိုလေးတွေ သုံးနှုန်းပြီးတော့ ခရေး ညီနောင် နာမည်ကျော်ကြားလာပုံကစလို့ သူတို့ရဲ့ အဆုံးသတ်အထိ ဇာတ်ကြောင်းကို ပြောပြသွားတယ်။

t.me/cartoonbynikko/612
နေရောင်အောက်က မိန်းမပျို (၂၀၁၃)

IMDB - 6.7/10
Genre - Romance, Drama


မာအို နဲ့ ခိုဆုခဲ တို့နှစ်ယောက်က ဆယ်ကျော်သက် အထက်တန်းကျောင်းသားအရွယ်က ငယ်ချစ်ဦးတွေပေါ့။ ဒါပေမဲ့ အချစ်ဦးဆိုတာ အဆင်မပြေကြဘူးဆိုတဲ့အတိုင်းပဲ ခိုဆုခဲ တစ်ယောက် ကျောင်းပြောင်းသွားချိန်မှာတော့ သူတို့နှစ်ယောက် လမ်းခွဲရင်း အချစ်ဇာတ်လမ်းလေးလည်း တစ်ခန်းရပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်နှစ်အကြာမှာ အလုပ်မှာ မာအို နဲ့ ပြန်ဆုံချိန်မှာတော့… တစ်ချိန်က ကျောင်းရဲ့ အပယ်ခံ မာအို ဟာ အခုချိန်မှာတော့ သိပ်ကိုလှတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ အချစ်ဦးဆိုတာ နှစ်ပေါင်း 100 ထိ မမေ့နိုင်ဆိုတဲ့အတိုင်းပဲ ခံစားချက်တွေလည်း လတ်ဆတ်နေဆဲမို့လို့ ဆယ်စုနှစ်အကြာမှာ အချစ်တွေကို ပြန်လည်အသက်သွင်းရင်း လက်ထပ်ကြဖို့ ပြင်ဆင်ချိန်မှာ မာအို ရဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို ခိုဆုခဲ တစ်ယောက် သိလိုက်ရချိန်မှာတော့

t.me/dramaworld001/5851
Forwarded from Hyper M9 Skm
အမြဲ ❤️Active now ❤️ နေတဲ့ M9 ရှမ်းကိုးမီး

☺️ အဖိုးကြီး နဲ့ သမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို့ အခုပဲအကောင့်ဖွင့်လိုက်တော့နော်

အ​လျော်အစား မှန်နေ မြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို့ အတွက် #HYPER M9 😍

မှာ ရှမ်း/ဘူကြီး/ငါးပစ်/စလော့/ live ကာစီနို/ကြက်တိုက်/လေးကောင်(ခြောက်ကောင်ဂျင်) နှင့် ဘောလုံးပွဲများကို နေ့စဉ် ‌24 နာရီပိတ်ရက်မရှိဆော့ကစားနိုင်ပါပြီရှင့်။

⚡️  မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️ နေ့စဉ်ဘောနပ် 20%
⚡️ သူငယ်ချင်းမိတ်ဆက် 20%
⚡️ သွင်းတိုင်းရ 10% ရှိတဲ့အပြင်

🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို့ ညီကိုတွေ မရလိုက်မှာဆိုးလို့

အခုပဲ အမြန်ဆုံး အ​​ကောင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။

🔽🔽ဂိမ်းအ​ကောင့်ဖွင့်ရန် 🔽🔽

📱 Viber - 09406502075

📱 Telegram မှ ဆက်သွယ်ရန်  😏 t.me/hyperm9skm

Hyper m9 SKM ချန်နယ် အလျော်ကြမ်းနေသောဂိမ်းတင်ပေးသောနေရာ 💸 - t.me/hypermnine

📱 Viber link 🔗- https://msng.link/o?959406502075=vi☎️
Please open Telegram to view this post
VIEW IN TELEGRAM
မျိုသိပ်ထားသော မကျေနပ်ခြင်းများ (၂၀၂၂)

IMDB - 6.7/10
Genre - Romance, Drama


ယူဂျီရို တာမူရာ နဲ့ ဟီယောရိ တို့က အိမ်ထောင်သက် ၄ နှစ်ရှိတဲ့ လင်မယားတွေဖြစ်ပြီး လူအများအမြင်မှာ အေးချမ်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားလို့ အများက အားကျတာကို ခံနေရတဲ့ အိမ်ထောင်သည်တွေဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အိမ်ထောင်သက်နှစ်တွေ ရှည်လာတာနဲ့အမျှ တစ်ယောက်အပေါ်တစ်ယောက် အဆိုးမြင်တာတွေ၊ တစ်ဖက်လူရဲ့အမြင်ကို လျစ်လျူရှုမိတာတွေကနေတဆင့် အစိုင်အခဲတွေ ဖြစ်လာပြီး တဖြည်းဖြည်း စစ်အေးတိုက်ပွဲပမာ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဟီယောရိ ရဲ့ သူငယ်ချင်းက ပြောပြခဲ့တဲ့ “ခင်ပွန်းသည် သေမင်းမှတ်စု” ဆိုတဲ့ website မှာ ချာလီ ဆိုတဲ့ နာမည်နဲ့ သူ့ရဲ့ ယောက်ျားအပေါ် မကျေနပ်ချက်တွေကို ပေါက်ကွဲပါတော့တယ်။ ယူဂျီရို ကလည်း အလုပ်က မိတ်ဆွေတစ်ယောက်ပြလို့ “ခင်ပွန်းသည် သေမင်းမှတ်စု” အကြောင်း သိသွားပြီး လူကြိုက်များနေတဲ့ ချာလီ ဆိုတဲ့ စာရေးသူရဲ့စာတွေကို သိသွားပြီးတဲ့နောက် သတိထားမိလာရာကနေ သူတို့အိမ်ထောင်ရေးက တဖြည်းဖြည်း ယိုယွင်းသထက် ယိုယွင်းလာခဲ့ပါတယ်။ ဒီလို ယိုယွင်းနေတဲ့ အိမ်ထောင်ရေးကို သူတို့နှစ်ယောက်သား ဘယ်လိုရင်ဆိုင်ဖြေရှင်းသွားကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦးနော်။

t.me/dramaworld001/5852