Hana : The Sweet Orophile
86.5K subscribers
2.45K photos
163 videos
2.51K links
Download Telegram
ထူးဆန်းသောတိုက်ဆိုင်မှု (၂၀၁၁)

IMDb - 6.7/10
Genre - Comedy, Thriller


လူတစ်ယောက် အကြွေလိုချင်လို့ ဘဏ်ထဲဝင်လဲတယ်။ ဘဏ်စာရေးမလေးက မင်္ဂလာဆောင်ပြီးကာစ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဘဏ်က ဓားပြအတိုက်ခံရပါတော့တယ်။ ထူးဆန်းတာက လာတိုက်တာ အဖွဲ့နှစ်ဖွဲ့ ဖြစ်နေတာပါ။ FBI ကနေ ဓားပြတွေကို အဆင့်ခွဲထားတဲ့ခေတ်မှာ လာတိုက်တဲ့ နှစ်ဖွဲ့ထဲက သုံးယောက်အဖွဲ့က ဆရာတွေဖြစ်ပြီး Rank အမြင့်တွေပါ။ နှစ်ယောက်အဖွဲ့ကတော့ အောက်တန်းစား ဓားပြတွေ ဖြစ်ပါတယ်။ အကြွေလာလဲတဲ့သူက OCD ဝေဒနာရှိသူဖြစ်ပြီး အတွေးအခေါ်က အရမ်းထူးခြားကာ ဂဏန်းတွက်ချက်ရာမှာလည်း တော်ပါတယ်။ ဘဏ်စာရေးမလေးကိုလည်း ကာကွယ်ပေးချင်တဲ့သူ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ ဓားပြနှစ်ဖွဲ့ အချင်းများနေတုန်း ဘေးကရပ်ကြည့်နေတဲ့ လူတစ်ယောက်ကို ကျည်ဆန်ထွက်မှန်ပြီး သေသွားခဲ့ပါတယ်။ ဒါပေမယ့် သေသွားတဲ့သူက အရပ်ဝတ်နဲ့ ရဲတစ်ယောက် ဖြစ်နေပါတယ်။ ဘယ်သူပစ်လိုက်မှန်းလည်း မသိရပါဘူး။ ဉာဏ်ပြေးတဲ့ မင်းသားအပါအဝင် ဓားစာခံရှစ်ယောက်၊ smart ဖြစ်တဲ့ ဓားပြအဖွဲ့၊ ငပေါဓားပြနှစ်ယောက်တို့နဲ့ plot မိုက်မိုက်၊ twist လန်းလန်းတွေ ပါဝင်တဲ့ ဘဏ်ဓားပြဇာတ်ကားမျိုး ကြည့်ချင်သူတွေအတွက် အကြိုက်တွေ့စေမယ့် ကားလေးပါ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/1158
Please open Telegram to view this post
VIEW IN TELEGRAM
ပင်လယ်ကြီးရဲ့ နှလုံးသား (၂၀၁၅)

IMDb - 6.9/10
Genre - Action, Adventure


သော် ဆိုတဲ့ ချေ့ဟာ ကျွမ်းကျင်တဲ့ ဝေလငါးဖမ်းသမားတစ်ယောက်ဖြစ်ပြီး အတွေ့အကြုံပြည့်ဝတဲ့ ကပ္ပတိန်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူပါဝင်တဲ့ နောက်ဆုံး ဝေလငါးဖမ်းခရီးစဉ်မှာ သူ့ရဲ့စွမ်းရည်ကြောင့် ဝေလငါးအဆီပုံး ၁၅၀၀ အထိ ရရှိအောင် အောင်မြင်ခဲ့ပြီး အထက်အရာရှိ မေဆွန် က နောက်ခရီးစဉ်မှာ ကပ္ပတိန်ရာထူးပေးမယ်လို့ ကတိပေးထားပါတယ်။ ဒါပေမယ့် ငွေကြေးအာဏာရှိသူတွေရဲ့ အကျိုးစီးပွားကြောင့် သူဟာ လက်ထောက်ကပ္ပတိန်အနေနဲ့သာ အက်ဆက် သင်္ဘောကို ဦးဆောင်ရင်း ခရီးထွက်ရပါတယ်။ အတွေ့အကြုံမရှိတဲ့ ဦးဆောင်မှုနဲ့ သမုဒ္ဒရာထဲကို ရောက်သွားတဲ့အခါ မုန်တိုင်းနဲ့ အန္တရာယ်တွေကြားမှာ သင်္ဘောသားတွေ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရပြီး အခြေအနေတွေ တဖြည်းဖြည်း ဆိုးရွားလာပါတယ်။ အဲဒီအခြေအနေတွေကြားမှာ သော် တစ်ယောက် ဘယ်လိုဆုံးဖြတ်ချက်တွေချမလဲ၊ သမုဒ္ဒရာနဲ့ ဝေလငါးတွေကြားက အသက်လုပွဲကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

t.me/cartoonbynikko/3777
ဆင့်ခေါ်ခြင်း (၂၀၂၂)

IMDb - 7.2/10
Genre - Horror


ဘာသာရေးကိုင်းရှိုင်းဖို့၊ ပညာတတ်စေဖို့၊ လေးစားမှုရှိဖို့ စသည်ဖြင့် ဖွင့်ထားတဲ့ အစ္စလာမ်ဘာသာ အမျိုးသမီးအဆောင်လေးတစ်ခု ဖြစ်ပါတယ်။ ယောကျ်ားလေးဆိုလို့ ဆရာဖြစ်သူ အူစတက်ဂျယ်လနီ တစ်ယောက်ပဲ ရှိပါတယ်။ တစ်နေ့မှာတော့ ထိုဆရာဖြစ်သူက တားမြစ်ထားတဲ့ မကောင်းဆိုးဝါး "ကွာရင်းဂျင်းန်" ဆင့်ခေါ်ခြင်းကို ကျောင်းသူတွေနဲ့တူတူ လုပ်ဖို့ ကြိုးစားခဲ့တဲ့အခါ၊ တားမြစ်ထားတဲ့ ကျမ်းစာဖြစ်ပြီး မကောင်းဘူးဆိုတာ သိပေမယ့် စာမေးပွဲ မအောင်မှာ ကြောက်တဲ့ ကျောင်းသူလေးတွေအဖို့တော့ ဆရာခိုင်းတာ လုပ်ရုံအပြင် မရှိပါဘူး။ ထိုဆင့်ခေါ်ခြင်းကြီးပြီးတဲ့အခါ ဘယ်လို မူမမှန်တာတွေ ဖြစ်လာလဲဆိုတာကတော့

t.me/cartoonbynikko/3779
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
❤️❤️❤️ ❤️❤️

❤️❤️❤️❤️ ❤️❤️❤️❤️

ဆော့မယ် နိုင်မယ် ထုတ်မယ် 💵❤️
💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram : @Hpa_anRich

📱 Link :http://t.me/Hpa_anRich
Please open Telegram to view this post
VIEW IN TELEGRAM
ဆင့်ခေါ်ခြင်း ၂ (၂၀၂၅)

IMDb - 6.9/10
Genre - Horror


ဖခင်ဖြစ်သူ မတ်မူ နဲ့ သူ့ရဲ့သားလေး ဂျာယာ တိုကို အဓိကထား ရိုက်ကူးထားတာပါ။ သားဖြစ်သူ ဂျာယာ လေး ကျောင်းမှာ အနိုင်ကျင့်ခံရ၊ ဒုက္ခပေးခံရတဲ့အခါမှာတော့ ဖခင်ဖြစ်သူ မတ်မူ တစ်ယောက် ဒေါသတကြီးနဲ့ ကျောင်းကို သွားရောက်တိုင်ကြားပါတော့တယ်။ ဒါပေမဲ့ သူမျှော်လင့်ထားသလို တရားမျှတမှု မရတဲ့အခါ ဖခင်တစ်ယောက်ရဲ့ နာကျင်မှုနဲ့ ဒေါသတွေက မဖြစ်သင့်တာတွေကို ဖန်တီးဖို တွန်းအားပေးလိုက်တဲ့အခါမှာတော့ သားကိုကာကွယ်ချင်တဲ့ ဖခင်တစ်ယောက် ဘယ်လို အမှောင်ထုထဲကို ခြေစုံပစ်ဝင်သွားမလဲ။ မကောင်းဆိုးဝါး တွေကရော ဒီဇာတ်လမ်းမှာ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည် ခြောက်လှန့်ဦးမလဲ

t.me/cartoonbynikko/3781
Forwarded from bet789 Official Channel
😀လက်ကြီးလက်သေး သမားတိုင်းရဲ့ယုံကြည်စိတ်ချရသော နာမည်ပျက်လုံးဝ မရှိတဲ့ညီမတို့ ဂိမ်းဆိုက်ကြီးမှာ 😖

😒🙂‍↔️😎🙂‍↔️😒😏 👋🖐️🖖🫱

🥹😞😙😎😅☺️😆🙃🤓🙂🤩🙂 

စတဲ့ဂိမ်းပေါင်းများ အပြင် ကိုယ်တိုင်ငွေသွင်းငွေထုတ် ကိုယ်တိုင်အကောင့်ဖောက်လို့ရတယ် အာဖရိကကျွဲဂိမ်း( African Buffalo)ကိုလဲစိတ်ကြိုက်ကစားလို့ရပါပြီရှင့်
🇺🇿
🤩🤩🤩🤩🤩🤩🤩 ကိုယ်တိုင်စိတ်ကြိုက်   အကောင့်ဖောက်ရင်လင့်
https://africanbuffalopp.com/sign-up?code=EYOAUP53
 
 
    🇺🇿မန်ဘာများတွက်ဘောနပ်🇺🇿
စလော့       (5000သွင်း15000အပို)

ရှမ်းကိုးမီး  (5000သွင်း5000အပို)

နေ့စဥ်ဘောနပ်      20 %

နေ့စဥ်ရှုံးကြေး       10%


 
❤️✍️🧎 😒😒🤓
👨‍👨‍👦Telegram➡️http://t.me/Bet_789_bot

👨‍👨‍👦‍👦Viber      ➡️ 09759069041

📣Channel➡️https://t.me/bet789officialch

🇺🇿🆗🆗🆗🆗🆗⚡️🇺🇿မှန်ကန်မြန်ဆန်သောငွေသွင်းငွေထုတ်ဝန်ဆောင်မူ
Please open Telegram to view this post
VIEW IN TELEGRAM
နောက်ဆုံး ဝေလငါး အဆိုတော်လေး (၂၀၂၆)

IMDb - 6.4/10
Genre - Anime, Drama


ရေအောက်ကမ္ဘာရဲ့ အလှအပတွေကို ခံစားရင်း မိသားစုနဲ့အတူ ကြည့်လို့ကောင်းမယ့် 3D ကာတွန်း ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ဗင်းဆင့် ဆိုတဲ့ ဆယ်ကျော်သက် ဝေလငါးလေးကို အဓိကထား ရိုက်ကူးထားတာပါ။ ဗင်းဆင့် ရဲ့ အဖေက သမုဒ္ဒရာကြီးကို သူ့ရဲ့ မှော်ဝင်သီချင်းတွေနဲ့ ကာကွယ်ပေးခဲ့တဲ့ နောက်ဆုံး "ဝေလငါး အဆိုတော်" ပေါ့။ ဒါပေမဲ့ မိဘတွေ သေဆုံးသွားတဲ့အခါ ဗင်းဆင့် က အရမ်းဝမ်းနည်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးနေခဲ့တယ်။ အဲဒီအချိန်မှာ အရည်ပျော်နေတဲ့ ရေခဲတောင်ကြီးထဲကနေ လီဗိုင်ယာသန် ဆိုတဲ့ ဘီလူးကြီး လွတ်မြောက်လာပြီး သမုဒ္ဒရာထဲက သက်ရှိတွေကို သူ့ရဲ့ သေစေလောက်တဲ့ အဆိပ်မှင်တွေနဲ့ ဒုက္ခပေးလာပါတော့တယ်။ တကယ်ဆို ဗင်းဆင့် က သူ့အဖေလိုပဲ ကိုယ်ပိုင်သီချင်းကို ရှာဖွေပြီး ဒီအန္တရာယ်ကို တားဆီးရမှာပါ။ ဒါပေမဲ့ သူက ကြောက်ရွံ့ပြီး ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်ဖြစ်နေတော့ သူ့မိဘတွေကို ဒဏ္ဍာရီလာ ကြယ်ပွင့်ရေကန် ကနေ ပြန်ခေါ်လာဖို့ ရေအောက်ကမ္ဘာရဲ့ အနက်ရှိုင်းဆုံး နေရာတွေဆီ အန္တရာယ်များတဲ့ ခရီးကို ထွက်ခဲ့တယ်။ သူ့အဖေ ပြန်လာရင် ဒီဘီလူးကြီးကို နှိမ်နင်းပေးနိုင်မယ်လို့ မျှော်လင့်ပြီးပေါ့။ ဒီခရီးစဉ်မှာ သူ့ကို အမြဲစောင့်ရှောက်ပေးတဲ့ ဝေါလ်တာ ဆိုတဲ့ ငါးကပ်ခွာလေးရယ်၊ သတ္တိရှိတဲ့ ဒါယာ ဆိုတဲ့ နားမကြားတဲ့ အော်ကာ ဝေလငါးမလေးရယ်က အတူတူ လိုက်ပါသွားကြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်တာ၊ သူငယ်ချင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ၊ ပြီးတော့ ချစ်ရတဲ့သူတွေ ဆုံးရှုံးသွားတဲ့ ဝမ်းနည်းမှုကို ကျော်ဖြတ်ပြီး ရင့်ကျက်လာတာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရိုက်ပြထားပါတယ်။ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ ရသပေးစွမ်းနိုင်မယ့် အန်နီမေးရှင်း ရုပ်ရှင်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/1167
Please open Telegram to view this post
VIEW IN TELEGRAM
1
သာမန်အမှုလေးတစ်ခု (၂၀၂၄)

IMDb - 6.6/10
Genre - Crime, Drama


ကလေး ၅ ယောက်ရဲ့ ဖခင်ဖြစ်သူ နီကိုးလပ်စ် ဟာ သူ့ရဲ့ဇနီးဖြစ်သူကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုနဲ့ တရားစွဲဆိုခြင်း ခံရပုံကနေ စတင်ထားပါတယ်။ သူ့ကို ကြည့်ရတာ အေးအေးဆေးဆေးနဲ့ တကယ့်မိသားစုချစ်တတ်တဲ့ ဖခင်ကောင်းတစ်ဦး ပုံစံမျိုးပါ။ ဒီအမှုမှာ ဝါရင့်တရားခံရှေ့နေကြီး ဂျင်း က စွပ်စွဲခံရသူ နီကိုးလပ်စ် ဘက်ကနေ အခမဲ့ လိုက်ပါကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရှေ့နေကြီးဟာ နီကိုးလပ်စ် မှာ လူသတ်ရမယ့် အကြောင်းအရင်း မရှိဘူးလို့ ယုံကြည်ထားပြီး သူ့ကို အပြစ်မရှိကြောင်း သက်သေပြဖို့ အစွမ်းကုန် ကြိုးစားပါတော့တယ်။ ဒါပေမဲ့ ပြဿနာက အမှုက အဆင့်ဆင့် တက်လာလေလေ၊ သက်သေအသစ်တွေက နီကိုးလပ်စ် ကို ပိုပြီး အပြစ်ရှိကြောင်း ညွှန်ပြနေလေလေပါပဲ။ ရှေ့နေကြီးဟာ တရားလိုဘက်က အစိုးရရှေ့နေတွေတင်မကဘဲ၊ တစ်ခါတရံမှာ သူကိုယ်တိုင် စိတ်ဒွိဟဖြစ်အောင် လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားတတ်တဲ့ တရားခံရဲ့ စိတ်နေသဘောထားကိုပါ ရင်ဆိုင်ပြီး အမှန်တရားကို အဖြေရှာရပါတော့တယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/1169
Please open Telegram to view this post
VIEW IN TELEGRAM
2
ပန်းသီးသူခိုးများ (၂၀၂၄)

IMDb - 6.8/10
Genre - Romance, Drama


လူငယ်နှစ်ဦးရဲ့ တစ်ညတာ စွန့်စားခန်းကို ရိုက်ပြထားတဲ့ ကားလေး ဖြစ်ပါတယ်။ လူငယ်တွေရဲ့ စိတ်အခြေအနေနဲ့ အထီးကျန်လမ်းပျောက်နေမှုကို ခပ်မှိုင်းမှိုင်း၊ ခပ်အေးအေး ပုံစံလေးနဲ့ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ ၂၀၂၁ ခုနှစ်ရဲ့ ဆောင်းဦးပေါက်က ဝမ်းနည်းပူဆွေးစရာ ကောင်းလှတဲ့ နေ့တစ်နေ့မှာ စတင်ထားပါတယ်။ ကံကြမ္မာရဲ့ တိုက်ဆိုင်မှုတစ်ခုကြောင့် ဘဝမှာ အသည်းကွဲပြီး စိတ်ဓာတ်ကျနေတဲ့ မီလန်နီ ရယ် အသက် ၃၀ ဝန်းကျင် လူငယ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ မထင်မှတ်ဘဲ ဆုံတွေ့မိကြပါတော့တယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ဟာ တစ်ယောက်ရဲ့ ဒဏ်ရာကို တစ်ယောက်က ဖေးမရင်း ထိုနေ့ညမှာပဲ အစီအစဉ်မရှိဘဲ လမ်းမတွေပေါ် ထွက်လာခဲ့ကြပါတယ်။ သူတို့ရဲ့ တစ်ညတာ ဖြတ်သန်းမှုဟာ အရက်သောက်ကြ၊ လျှောက်လည်ကြ၊ သူများခြံထဲက ပန်းသီးတွေကို ခိုးယူကြရင်းနဲ့ အလွဲအချော်တွေ ပြည့်နှက်နေတဲ့ဘဝမှာ ဘယ်တော့မှ မမေ့ပျောက်နိုင်တော့မယ့် ညတစ်ညအဖြစ် ပြောင်းလဲသွားပုံကို ရိုက်ပြထားပါတယ်။

t.me/cartoonbynikko/3796
1
ကျွန်မ ဖရန်ကယ်လ်ဒါ (၂၀၂၅)

IMDb - 7.2/10
Genre - Fantasy


ဇာတ်လမ်းကတော့ ၁၉ ရာစုခေတ်က မက္ကဆီကိုမှာ အရည်အချင်းရှိပြီး စိတ်ဓာတ်ခိုင်မာတဲ့ စာရေးဆရာမလေး ဖရန်ကယ်လ်ဒါ အကြောင်းပါ။ သူမဟာ ထူးဆန်းထိတ်လန့်စရာ ကောင်းတဲ့ သရဲတစ္ဆေ ပုံပြင်တွေကို ရေးသားရာကနေ တစ်နေ့မှာတော့ သူမကိုယ်တိုင် ရေးသားဖန်တီးခဲ့တဲ့ မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်ဖို့အတွက် သူမရဲ့ မသိစိတ်ကမ္ဘာထဲကို ရောက်သွားပါတယ်။ ဒီခရီးစဉ်မှာ စိတ်ဒဏ်ရာတွေ ပြည့်နှက်နေတဲ့ မင်းသားတစ်ပါးက သူမကို လမ်းပြပေးခဲ့ပါတယ်။ ဖရန်ကယ်လ်ဒါ ဟာ စိတ်ကူးယဉ်ကမ္ဘာနဲ့ လက်တွေ့ဘဝကြားက ညီမျှခြေ ပျက်စီးမသွားအောင်၊ ကမ္ဘာကြီး ဘေးအန္တရာယ် မကြုံရအောင် အချိန်မနှောင်းခင်မှာ သူမရဲ့ ကိုယ်ပိုင်မကောင်းဆိုးဝါးတွေကို ဘယ်လိုမျိုး ပြန်လည်ရင်ဆိုင် နှိမ်နင်းမလဲဆိုတာကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ခုပါ။

t.me/cartoonmoviesmms/3318
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
🤩🤩🤩 🤩🤩

🤩🤩🤩🤩 🤩🤩🤩🤩

ဆော့မယ် နိုင်မယ် ထုတ်မယ် 💵❤️
💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram : @Hpa_anRich

📱 Link :http://t.me/Hpa_anRich
Please open Telegram to view this post
VIEW IN TELEGRAM
မုန့်သည် နှင့် အခိုးခံ အချစ် (၂၀၂၅)

IMDb - 6/10
Genre - Comedy, Drama


ကားလေးတစ်စီးနဲ့ ဘဝကို အေးအေးလူလူ ဖြတ်သန်းနေတဲ့ သူတို့တွေကြားထဲကို မျှော်လင့်မထားတဲ့ ပြဿနာတွေ ဝင်လာခဲ့ပါတော့တယ်။ ဘယ်ကမှန်းမသိတဲ့ ကိုရီးယားကောင်လေး ဆာရန်း က သူတို့ကားပေါ်ရောက်ချလာတဲ့အတွက်ပါ။ ဖြစ်ချင်တော့ ဆာရန်း က မာမြောင် ရဲ့ မေ့မရနိုင် မုမအွန်နိုင်တဲ့ ရည်းစားဟောင်း မီရီ ရဲ့သားဖြစ်တဲ့အတွက် မြောင် ရဲ့သူငယ်ချင်းတွေက ဆာရန်း ကို မြောင် သားလို့ ထင်နေကြတာပါပဲ။ ဒီတော့ သူတို့ ဆာရန်း ကို ပြန်ပို့ဖို့အလုပ် ဘာတွေ ဗရုတ်သုတ်ခကြုံရမလဲ။ ထိုင်းက လူတိုင်းအချစ်တော် မူဒန် ဆိုတဲ့ ရေမြင်းလေးကရော ဘယ်နေရာက ပါဝင်လာမလဲ။

t.me/hanamoviesforyou/3574
1
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
🅰️🅰️🅰️ 🅰️🅰️

🅰️🅰️🅰️🅰️ 🅰️🅰️🅰️🅰️

ဆော့မယ် နိုင်မယ် ထုတ်မယ် 💵❤️
💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram : @Hpa_anRich

📱 Link :http://t.me/Hpa_anRich
Please open Telegram to view this post
VIEW IN TELEGRAM
ချစ်ခြင်းမဲ့ နှလုံးသား (၂၀၂၂)

IMDb - 6.9/10
Genre - Drama


ကာဆုမိ က လိင်စိတ်ကင်းမဲ့သူ တစ်ယောက်ဖြစ်ပြီး သူ့ဖြစ်တည်မှုကို သူ လက်ခံထားတဲ့သူပါ။ သူ့အတွက် တခြား တစ်ယောက်ကို ချစ်ကြည့်ဖို့ရော လိင်စိတ်ရှိလာဖို့ရော အဆင်မပြတာကို သိလို့ သူ့ဖြစ်တည်မှုအတိုင်း ခပ်အေးအေး နေထိုင်နေသူ တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မိခင်ကတော့ သူ့ကို တခြားသူတွေလိုမျိုး အိမ်ထောင် ပြုစေချင်ခဲ့တာပါ။ ကာဆုမိ လည်း သူ့အမေအတွက် ကြိုးစားကြည့်ပေမယ့် လိင်စိတ်ကင်းမဲ့ တစ်ယောက် အနေနဲ့ လူတစ်ယောက်ကို အချစ်ရော လိင်စိတ် ခံစားချက်ရော ဘာမှ မရှိနေတဲ့အခါ။ မိသားစုကိုရော ပတ်ဝန်းကျင်ကိုရော ဘယ်လိုမျိုး သတ္တိရှိရှိ ရင်ဆိုင်ရပ်တည်ပြီး သူ့ဖြစ်တည်မှုအတိုင်း နေထိုင်သွားမလဲ ဆိုတာ ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️  t.me/c/2567751525/365
Please open Telegram to view this post
VIEW IN TELEGRAM
စုံထောက်ဒီးနှင့် နတ်မြင်းပျံအိပ်မက် (၂၀၂၄)

ညတစ်ညမှာ ထန်တိုင်းပြည်ကြီးရဲ့ မင်းသမီးလေးဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကို မက်ခဲ့တယ်။ အိပ်မက်ကို အဓိပ္ပါယ်ဖော်ခိုင်းလိုက်တော့ နတ်မြင်းပျံထွက်ပေါ်လာတဲ့အတွက် မင်္ဂလာနိမိတ်ကောင်းဆိုပြီး လျှောက်တင်လာကြတယ်။ အဲဒီထဲက အကြီးဆုံးအထူးအာရုံခံရသူဖြစ်တဲ့ ဆရာမကြီး ရွှမ် က မင်းသမီးရဲ့အပစားပေးတာကို ရခဲ့ပြီး မင်းသမီးလည်း သဘောကျသွားခဲ့တယ်။ အဲဒီအချိန်မှာပဲ မိသားစုလိုက် သတ်ဖြတ်ခံရတဲ့ အမှုတစ်ခုကို စုံထောက်ကြီး ဒီး ရန်ကျယ် က စုံစမ်းနေခဲ့တယ်။ စုစုပေါင်း (၁၈) ယောက် သတ်ခံရတဲ့ အမှုကြီးဟာ ဟာကွက်တွေများတဲ့အပြင် သက်သေအထောက်အထားနည်းနည်းနဲ့ပဲ အမှုကို အစိုးရက ပိတ်လိုက်တာကြောင့် ဒီး ရန်ကျယ် က အမိန့်မနာဘဲ ကိုယ်တိုင်ဆက်လက်စုံစမ်းခဲ့တယ်။ သူ့ထင်သလိုပဲ ဖြစ်ခဲ့ပြီး ဒီအမှုရဲ့နောက်မှာ ပိုကြီးတဲ့ လျှို့ဝှက်မှုနဲ့ အကြံအထုတ်ကြီးတစ်ခု ရှိနေကြောင်း သိလိုက်ရတယ်။ ထူးဆန်းတဲ့အိပ်မက်နဲ့ မင်းသမီးလေး၊ လူသတ်မှုကြီးကြားအမှုနဲ့ ရာဇဝတ်မှုကြီးကြားတွေကြားမှာ ဆက်နွယ်မှုများစွာ ရှိနေကြောင်းတွေ့သိလာတဲ့အခါ… မင်းသမီးရဲ့အိပ်မက်ကတစ်ဆင့် မဖော်ထုတ်နိုင်တဲ့ လျှို့ဝှက်ချက်တွေထဲက တကယ့်တရားခံဟာ ဘယ်သူဖြစ်နေမလဲ။

t.me/cartoonbynikko/3799
မိုင် (၂၀၂၄)

IMDB - 6.9/10
Genre - Romance, Drama


ဘဝမှာ အရွယ်နဲ့မလိုက်အောင် ဒုက္ခတွေ အများကြီး ကြုံတွေ့ခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးငယ်လေးရဲ့ ဘဝကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ တိုက်ခန်းတစ်ခုကို ပြောင်းလာတဲ့ မိုင် ဆိုတဲ့ မိန်းကလေးကို အိမ်နီးချင်းတွေက အသားလွတ်မကောင်းမြင်နေကြသလို အလုပ်ထဲမှာလည်း မနာလိုမုန်းတီးခံရတဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်တဲ့ မိုင် ဟာ သိပ်မကြာခင်မှာ အိမ်နီးချင်း ဒွန်း ဆိုတဲ့ ကောင်လေးနဲ့ ချစ်မိသွားပြီး မိုင် နဲ့ ဒွန်း ဟာ အသက် ၇ နှစ်ကွာဟတဲ့ ချစ်သူတွေ ဖြစ်လာခဲ့ပါတယ်။ အရင်က ပွေရှုပ်ခဲ့တဲ့ ဒွန်း ဟာ မိုင် မှာ ရှုပ်ထွေးတဲ့ အတိတ်ရှိခဲ့တာတောင် မိုင် နဲ့ပဲ လက်ထပ်ချင်တဲ့အထိ မိုင် ကို စွဲလမ်းသွားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒွန်း က မိုင် ကို မိခင်နဲ့ပေးတွေ့ဖို့ အိမ်ခေါ်သွားချိန်မှာတော့ ဒွန်း ရဲ့ မိခင်ဟာ မိုင် နဲ့ ညီအစ်မတွေလို ရင်းနှီးတဲ့ မိုင် ရဲ့ ဖောက်သည်တစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ချမ်းသာတဲ့ မိသားစုမှာ အလိုလိုက်ခံရပြီး ကြီးပြင်းလာတဲ့ ဒွန်း ဟာ မိသားစုကို ဆန့်ကျင်ပြီး မိုင် ကို လက်တွဲသွားနိုင်မှာလား။

t.me/cartoonbynikko/1176
ကလေးတစ်ယောက်၏ ပျောက်ဆုံးနေသောလွတ်လပ်မှု (၂၀၁၆)

IMDB - 8/10
Genre - Adventure, Drama


မိသားစုနဲ့ ဝေးကွာနေရတဲ့အခါ လွမ်းစွတ်တမ်းတမိတာမျိုး, ဒုက္ခတွေ ကြုံရတဲ့အခါ အိမ်လွမ်းမိတာမျိုးကို ကျွန်တော်တို့တွေ ကြုံဖူးကြမှာပါ။ ဘယ်လောက်ပင် သာယာတဲ့ အခြေအနေမျိုးမှာ ရှိနေပါစေ မိသားစုနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကိုပြန်တမ်းတမိကြမှာပါ။ ဆာရိုး ရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်ကို ကျွန်တော် အလွယ်တကူဘဲ ကိုယ်ချင်း စာခံစားလို့ရခဲ့ပါတယ်။ ၂၅နှစ်လောက် ငါ့မိသားစု ငါ့ကို ပူဆွေးစွာလိုက်ရှာ နေခဲ့တဲ့ ခံစားချက်ကို ငါနားလည်တဲ့ ဆိုတဲ့ ဆာရိုး ရဲ့ စကားဟာ သူ့မိသားစု အပေါ်မှာထားရှိတဲ့ သံယောဇဉ်ပါ။ ဆာရိုး ရဲ့ သူ့အကိုပေါ်မှာ ထားတဲ့ သံယောဇဉ်ဟာ အကိုတစ်ယောက်ထက်ပိုတဲ့ ဖခင်တစ်ယောက်လို အားကိုးတဲ့ သံယောဇဉ်မျိုးဖြစ်ခဲ့မှာပါ။ တကယ်တော့ မိသားစု ရဲ့ မေတ္တာကသာ အနွေးထွေးဆုံးပါ

t.me/indiamovies02/62
1
မိသားစု ဒရမ်မာ သေးသေးလေး (၂၀၂၄)

IMDb - 7.1/10
Genre - Comedy, Drama


တာကို မုန့်ကားအသစ်အဆန်းကြီးကို ကြော်ငြာခဲ့ပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ပျက်သွားစေလောက်အောင်ထိ မအောင်မြင်ခဲ့တဲ့ မာတီးရက် တစ်ယောက်အမေ မသိအောင် အဖွားနဲ့တိုင်ပင်ကာ မိသားစု စားသောက်ဆိုင်ကို ဘဏ်မှာအပေါင်ခံထားတာကြောင့် ဆုံးလုနီးနီးဖြစ်နေပါတယ်။ အဲ့နောက်မှာ မိသားစုညစာစားပွဲကလဲ နီးကပ်နေပြီမို့ အားလုံးလဲ ပြာယာခက်နေတဲ့ကြားက မာတီးရက် တစ်ယောက် အဲ့အကြောင်းကို ဘယ်လိုများဖုံးကွယ်ထားမလဲ? မာတီးရက် တစ်ယောက် အခုလက်ရှိဖြစ်နေတဲ့ ပြဿနာကို ဘယ်လိုပြန်လည်ဖြေရှင်းမလဲဆိုတာနဲ့ မိသားစုအတွင်းမှာ ဖြစ်လာတဲ့ ငြင်းခုန်မှု၊ စိတ်ပူပန်မှုတွေကို ဘယ်လိုကိုင်တွယ်သွားမလဲ ဆိုတာ ကြည့်ရှုရမည့် ဟာသကားလေးပဲ ဖြစ်ပါတယ်။

t.me/cartoonbynikko/3801
Forwarded from bet789 Official Channel
😀လက်ကြီးလက်သေး သမားတိုင်းရဲ့ယုံကြည်စိတ်ချရသော နာမည်ပျက်လုံးဝ မရှိတဲ့ညီမတို့ ဂိမ်းဆိုက်ကြီးမှာ 😖

😒🙂‍↔️😎🙂‍↔️😒😏 👋🖐️🖖🫱

🥹😞😙😎😅☺️😆🙃🤓🙂🤩🙂 

စတဲ့ဂိမ်းပေါင်းများ အပြင် ကိုယ်တိုင်ငွေသွင်းငွေထုတ် ကိုယ်တိုင်အကောင့်ဖောက်လို့ရတယ် အာဖရိကကျွဲဂိမ်း( African Buffalo)ကိုလဲစိတ်ကြိုက်ကစားလို့ရပါပြီရှင့်
🇺🇿
🤩🤩🤩🤩🤩🤩🤩 ကိုယ်တိုင်စိတ်ကြိုက်   အကောင့်ဖောက်ရင်လင့်
https://africanbuffalopp.com/sign-up?code=EYOAUP53
 
 
    🇺🇿မန်ဘာများတွက်ဘောနပ်🇺🇿
စလော့       (5000သွင်း15000အပို)

ရှမ်းကိုးမီး  (5000သွင်း5000အပို)

နေ့စဥ်ဘောနပ်      20 %

နေ့စဥ်ရှုံးကြေး       10%


 
❤️✍️🧎 😒😒🤓
👨‍👨‍👦Telegram➡️http://t.me/Bet_789_bot

👨‍👨‍👦‍👦Viber      ➡️ 09759069041

📣Channel➡️https://t.me/bet789officialch

🇺🇿🆗🆗🆗🆗🆗⚡️🇺🇿မှန်ကန်မြန်ဆန်သောငွေသွင်းငွေထုတ်ဝန်ဆောင်မူ
Please open Telegram to view this post
VIEW IN TELEGRAM
ကုလီ ဘယ်တော့မှ မငိုပါ (၂၀၂၄)

IMDb - 6.7/10
Genre - Drama


မင်းသမီးက ယောကျ်ားကွယ်လွန်ပြီးနောက် ဇာတိမြေဖြစ်တဲ့ ဟနွိုင်းမြို့ကို ပြန်လာရာကနေ အစပြုထားပါတယ်။ အရင်တချိန်ငယ်ရွယ်စဉ်အခါက အလွန်သာယာလှပခဲ့တဲ့ မြို့ကြီးဟာ အခုလက်ရှိမှာတော့ မျက်စိနှင့် မြင်နေတာကိုတောင် မယုံကြည်နိုင်ဖွယ်ရာ အလွန်ကိုမှ ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ သူမလေးကလည်းနောက်ဆို လက်ထပ်တောမှာဖြစ်ပြီး အရာအားလုံးဟာ သူ့အတွက်တော့ အရင်လိုကိုမဟုတ်နေခဲ့တော့တာပဲဖြစ်ပါတယ်။ တူမလေးနဲ့ကလည်း အသက်ရွယ်ကွာခြားလွန်းတာကြောင့်လည်း နေရာအတော်များများမှာ ဘဝင်မကျရတာတွေလည်းရှိလာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အတိတ်ကအကြောင်းရာများကို လွမ်းဆွတ်မိပြီး အတိတ်ကနေ့ရက်တွေကို ပြန်လည်မြင်ယောင်နေရတာတွေကိုလည်း သေချာလေးရိုက်ပြထားပါတယ်။ ဒီဇာတ်လမ်းလေးကတော့ မိသားစုရဲ့ နက်နဲတဲ့ အချစ်တွေ၊ မေတ္တာတွေ၊ သံယောဇဉ်တွေနဲ့ အတိတ်က လွမ်းဆွတ်ဖွယ်ရာ အမှတ်တရာတွေရှိနေရခြင်းကို သဘောပေါက်နားလည်စေပြီး မိသားစုဝင်အားလုံးကိုလည်း သက်ရှိထင်ရှားရှိစဉ်မှာ ချစ်ပေး၊ နွေးထွေးပေး၊ ကူညီဖေးမပေးပြီး အားလုံးကို အတူတူရင်ဆိုင်သင့်ကြောင်းကို သေချာလေး အထူးတလည်လေး ရိုက်ပြထားသော ဗီယက်နမ်ဇာတ်ကားလေးပဲဖြစ်ပါတယ် ခင်ဗျာ။

t.me/cartoonbynikko/3803