Hana : The Sweet Orophile
87.5K subscribers
2.32K photos
141 videos
2.36K links
Download Telegram
ထူးဆန်းသောကောင်မလေး (၂၀၁၅)

IMDb - 6.7/10
Genre - Romance, Drama


ကျွန်တော့်နာမည်က တကာရှီ၊ အထက်တန်း တတိယနှစ်ကျောင်းသား၊ သူငယ်ချင်း ၃ ယောက်နဲ့အေးဆေးပဲနေတယ်။ တစ်ရက်ကျ ညခွေသွားဝယ်တုန်း ကောင်မလေးတစ်ယောက်ကိုဝင်တိုက်မိတယ်။ သူ့ပုံစံကထူးဆန်းတယ်၊ စကားလည်းပြန်မပြောဘူး။ အဲဒါနဲ့ နောက်ရက် ကျောင်းမှာတွေ့တယ်၊ လိုက်တောင်းပန်တယ်။ အဲဒါကိုသူက အူကြောင်ကြောင်နဲ့ ကျွန်တော့်ကို သူခေါ်ချင်ရာခေါ်သွားတယ်။ နာမည်မေးတယ် မေးလို့လည်းမရဘူး။ အတန်းကတော့ D ခန်းကတဲ့၊ ကျွန်တော့် ဘော်ဒါတွေအများကြီးရှိတဲ့အတန်းကပဲ၊ တစ်ခါမှလည်းမမြင်ဖူးဘူး။ နောက်ရက်လည်း ကျွန်တော့်ရှေ့ သူပေါ်ချင်သလိုပေါ်လာတယ်၊ လျှောက်သွားတယ်၊ စကားတွေပြောတယ်၊ နာမည်မေးတယ် မရသေးဘူး၊ ဖုန်းမေးတယ်၊ အီးမေးလ်မေးတယ်၊ ဘာမှမရှိ၊ မကိုင်ဘူးတဲ့။ တစ်ရက် D ခန်းက ဘော်ဒါတွေနဲ့ မုန့်စုစားတုန်း သူရုတ်တရက်ရောက်လာတယ်။ ဒါနဲ့ မိတ်ဆက်ပေးတော့ ကျ D ခန်းချင်းတူတူသူကို ဘယ်သူမှမသိကြဘူး၊ အခန်းမှာ မရှိပါဘူးတဲ့။ ဒီမှာသူရုတ်တရက် ပြေးထွက်သွားတော့ နောက်ကလိုက်မေးမိတယ်။ အဲဒီမှာ မယုံနိုင်စရာ သူပြန်ပြောလိုက်တာကတော့။

t.me/hanamoviesforyou/3173
ရင်ခုန်သံအနီးဆုံး (၂၀၂၄)

IMDb - 7.3/10
Genre - Romance, Drama


ဂျပန်နိုင်ငံ ကာရတ်ဆုမြို့ကို အခြေခံရိုက်ကူးတင်ဆက်ပြထားတဲ့ ဖိလစ်ပိုင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဝူဒီ ဆိုတဲ့ လူငယ်လေးက ကမ္ဘာပတ်ပြီး ခရီးတွေ ထွက်နေခဲ့တာ ၇ နှစ်ကြာပြီးတဲ့နောက် ဂျပန်နိုင်ငံ ကာရတ်ဆုမြို့ကို ရောက်ရှိလို့လာခဲ့ပါတယ်။ အဲဒီမြို့မှာမှ လင်းလင်း ဆိုတဲ့ ပြည်ကြီးငါးရောင်းတဲ့ ကောင်မလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ လင်းလင်း နဲ့အတူ မောင်နှစ်ယောက်ဖြစ်တဲ့ ဘွတ်ဘွတ် နဲ့ တန်တန် ဟာလည်း လင်းလင်း နဲ့အတူ ပြည်ကြီးငါးရောင်းရင်း လုပ်ကိုင်စားသောက်နေကြပါတယ်။ လင်းလင်း တို့ ၃ ယောက်ရော ဝူဒီ ရောက ဖိလစ်ပိုင်လူမျိုးတွေ ဖြစ်ကြတော့ သူများနိုင်ငံမှာ ကိုယ့်နိုင်ငံလူမျိုးအချင်းချင်းတွေ့ကြရတဲ့အတွက် ပိုပြီးရိုင်းပင်းကူညီပေးကြတာပေါ့။ လင်းလင်း ဆိုတဲ့ ကောင်မလေးမှာ ထူးခြားတဲ့ စွမ်းရည်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ သူဟာ လူတစ်ယောက်ကို ထိလိုက်တာနဲ့ အဲဒီလူက ကိုယ့်အတွက် လူကောင်းလား လူဆိုးလား ဆိုတာကို သိရှိနိုင်တဲ့ စွမ်းအင်ပဲဖြစ်ပါတယ်။ သို့ပေမဲ့ ဝူဒီ ကို ထိကြည့်တဲ့အခါမှာတော့ ကောင်းတာလည်း မဟုတ် ဆိုးတာလည်း မဟုတ်ဘဲ အလယ်အလတ်မှာရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့ ဒီအခြေအနေကို မကြုံတွေ့ဖူးတဲ့ လင်းလင်း တစ်ယောက် ဝူဒီ ကို စိတ်ဝင်စားမိသွားပါတော့တယ်။ ဒီလိုနဲ့ လင်းလင်း တစ်ယောက် ဝူဒီ ကို ကာရတ်ဆုမြို့ပတ်လည် လိုက်ပြပေးရင်းနဲ့ သူတို့နှစ်ယောက် ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

t.me/hanamoviesforyou/3175
ထာဝရ ကိုယ့်မိန်းကလေး (၂၀၁၈)

IMDb - 6.6/10
Genre - Romance


ကန်းထရီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ လီယမ် ဟာ အောင်မြင်မှုနောက်ကိုလိုက်ရင်း ချစ်သူကောင်မလေးကို လက်တွဲဖြုတ်ခဲ့ပါတယ်။ နောင်ရှစ်နှစ်အကြာမှာ မွေးရပ်မြေက သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့ အသုဘကိုလာရင်းနဲ့ သူတို့အချင်းချင်းတွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ အောင်မြင်မှုနောက်ကိုလိုက်ရင်းနဲ့ ချစ်ရသောချစ်သူကို ပစ်ထားခဲ့ရပေမယ့် လီယမ် မှာ သူ့ချစ်သူကောင်မလေးရဲ့ နောက်ဆုံးပို့ထားတဲ့ Voice Message လေးရှိတဲ့ ဖုန်းအစုတ်လေးကိုပဲ ရှစ်နှစ်ကြာကြာ ပေတေကိုင်ရင်း မနက်နိုးတိုင်း အိပ်ခါနီးတိုင်း နေ့တိုင်းကို အဲဒီ Message လေးနားထောင်ပြီး သူ့ရဲ့နေ့ရက်တိုင်းလိုလိုကို ဖြတ်သန်းခဲ့တာပါ။ ဒီလိုမျိုးချစ်သူကို ချစ်တတ်တဲ့စိတ်ကတော့ တကယ်ကိုလေးစားစရာပါပဲ။ တကယ်တော့ အချစ်ဆိုတာ အနားမှာရှိနေပြီး ဂရုစိုက်နေမှ အချစ်လို့မခေါ်ပါဘူး။ အချစ်ဆိုတာ သူ့အနားမှာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူနဲ့ပတ်သတ်သမျှအရာတွေအကုန်လုံးကို တန်ဖိုးထားတတ်တဲ့ စိတ်လေးတစ်ခုပါ။ ဒီကားလေးဟာ အေးစက်တဲ့ကားလေးတစ်ကားလို့ထင်ရပေမယ့် ဒီခေတ်အသုံးအနှုံးနဲ့ ပြောရမယ်ဆိုရင် တကယ်ကို ရိုတဲ့ကားလေးတစ်ကားပါ။

t.me/hanamoviesforyou/3177
4
Forwarded from bet789 Official Channel
🎅အွန်းလိုင်းဂိမ်း ဝါသနာရှင်များရှင့် ငွေကြေးပိုင်းခိုင်မာမူရှိပြီး  နာမည်ပျက်မရှိသော ဂိမ်းဆိုဒ်ကိုရှာနေပါသလား ဒါဆို bet789 ရှိပါတယ်ရှင့်👍
       
🔡🔡🔡7️⃣8️⃣9️⃣
အားလုံးကြိုက်တဲ့ 👋pp၊🎅အဖိုးကြီး၊👍သမီးတော်
🎅ငါးပစ် ၊ 🆗 ကျွဲ နှင့်စလော့အစုံအပြင် ရှမ်းဘူကြီး၊ ကာစီနို စတဲ့ဂိမ်းပေါင်းထောင်ကျော် ကို 1 ယူနစ် 1 ကျပ် စိတ်ကြိုက် ကစားလိုက်ပါရှင့်

        
   ဘောနပ်စီစဥ်

➡️စလော့မန်ဘာသစ် 3️⃣0️⃣0️⃣🔣
    (5000 သွင်း 15000 အပို)

➡️ရှမ်းမန်ဘာသစ်    1️⃣0️⃣0️⃣🔣
   (5000 သွင်း 5000 အပို)

➡️နေ့စဥ်ဘောနပ်          2️⃣0️⃣🔣

➡️နေ့စဥ်ရှုံးကြေး            1️⃣0️⃣🔣
  
       
⬇️ အကောင့်ဖွင့်ရန်⬇️

👨‍👨‍👦Telegram➡️http://t.me/Bet_789_bot

👨‍👨‍👦‍👦 Viber     ➡️  09759069041

👨‍👨‍👦Channel link➡️https://t.me/bet789officialch


မှန်ကန်မြန်ဆန်သောငွေသွင်းငွေထုတ်ဝန်ဆောင်မူ 24နာရီပိတ်ရက်မရှိ

⚡️ 🆗🆗🆗🆗🆗
Please open Telegram to view this post
VIEW IN TELEGRAM
1
(၁၈+) ပန်းချီငို (၂၀၀၈)

IMDB - 6.1/10
Genre - Romance, Drama


နန်းတွင်း ပန်းချီဆရာတွေနဲ့ ကဗျာဆရာတွေကို နှစ်သက်တဲ့ ဘုရင်ဖြစ်သူဟာ အနုပညာကို တန်ဖိုးထားပြီး ပညာရှင်တွေကို မြတ်နိုးပါတယ်။ ကင်ဟုန်ဒို ကတော့ လက်ရှိမှာ ဘုရင်အနှစ်သက်ဆုံး ပန်းချီပညာရှင်ဖြစ်ပြီး မှူးမတ်တော်တော်များများရဲ့ မနာလိုမှု၊ ယှဉ်ပြိုင်မှုတွေကိုလည်း ခံရတဲ့သူ ဖြစ်ပါတယ်။ ဘုရင်ဖြစ်သူကလည်း ကင်ဟုန်ဒို ကို ရိုးသားမှုနဲ့ သစ္စာရှိမှုကြောင့် မင်းတိုင်ပင်အဆင့်ထိ အားကိုးတဲ့သူ ဖြစ်ပါတယ်။ ဒီအချိန်မှာပဲ ရှင်ယွန်ဘွတ် ဆိုတဲ့ သားမွေးထားတဲ့ အမတ်တစ်ဦးဟာ သူ့သားမှာ ပန်းချီပါရမီရှိကြောင်း သိရှိခဲ့ပြီး ကင်ဟုန်ဒို ကို တိုက်ခိုက်ဖို့ ဖိအားပေးခဲ့ပါတယ်။ တကယ်တမ်းတော့ ရှင်ယွန်ဘွတ် က ပန်းချီဆွဲတော်တာ မဟုတ်ဘဲ ရှင်ယွန်ဘွတ် ရဲ့ ညီမလေး ဖြစ်သူကသာ နောက်ကွယ်ကနေ ဆွဲပေးနေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ရှင်ယွန်ဘွတ် ဟာ ဖခင်ရဲ့ ဖိစီးမှုတွေကို မခံနိုင်တော့ဘဲ သေဆုံးသွားတဲ့အခါမှ သူ့သမီး လက်ချက်ဆိုတာကို ဖခင်က သိခဲ့ရပါတယ်။ ဒါပေမဲ့ အကြံမလျှော့ဘဲ ကင်ဟုန်ဒို ကို တိုက်ခိုက်ဖို့အတွက် ကင်ဟုန်ဒို ဆီမှာပဲ တပည့်ခံဖို့ သမီးဖြစ်သူကို သေဆုံးသွားတဲ့ သားနာမည်နဲ့ အစားထိုးပြီး ယောက်ျားလေး အသွင်အပြင်နဲ့ စေလွှတ်ခဲ့ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/985
Please open Telegram to view this post
VIEW IN TELEGRAM
2
တရားရုံးအတွင်းမှ ဉာဏ်စမ်းပြိုင်ပွဲ (၂၀၀၇)

IMDb - 7.1/10
Genre - Thriller, Crime


ထက်မြက်ထူးချွန်လွန်းတဲ့ လူတစ်ယောက်ဟာ ရာဇဝတ်သားဖြစ်သွားခဲ့ရင် ဘယ်လောက်အန္တရာယ်များသွားနိုင်မလဲ။ လေယာဉ်ကုမ္ပဏီတစ်ခုပိုင်ဆိုင်ထားတဲ့ တက်ဒ် ခရောဖော့ ဆိုတဲ့ လူကြီးမှာ မိန်းမငယ်ငယ်ချောချောလေးတစ်ယောက်ရှိတယ်။ သူ့မိန်းမဟာ စုံထောက်တစ်ယောက်နဲ့ ဖောက်ပြန်နေတာကိုလည်း သူသိတယ်။ ဒီလိုနဲ့ တစ်ညမှာတော့ သူ့မိန်းမကို သေနတ်နဲ့ပစ်သတ်လိုက်တယ်။ ဒါပေမဲ့ ပေါ်တင်ပဲ “ငါ့မိန်းမကို ငါပစ်သတ်လိုက်ပြီ သက်သေပြနိုင်ရင် ပြကြ” တဲ့။ တစ်ဖက်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးရှေ့နေအဖွဲ့ဆီ ရောက်နေတဲ့ ဝီလီယမ် ဆိုတဲ့ ရှေ့နေတစ်ယောက်ရှိတယ်။ ဒီရှေ့နေလေးကပဲ ဉာဏ်ကြီးရှင် ရာဇဝတ်သားကြီးနဲ့ တရားခွင်မှာ သွားရင်ဆိုင်မိတဲ့အခါမှာတော့။

t.me/cartoonbynikko/720
အုံဖွ ပြန်ချစ်စေ (၂၀၂၁)

IMDb - 6.6/10
Genre - Action, Comedy, Drama


ထိုင်း–ဂျပန် ကပြားတစ်ဦးဖြစ်တဲ့ လျို က ပျောက်ဆုံးနေတဲ့ မိခင်ဖြစ်သူကို ရှာဖွေဖို့ အယုဒ္ဓယကို ရောက်လာခဲ့တယ်။ တစ်ပြိုင်တည်းမှာပဲ လျို က အော်ဆွယ့် ဆိုတဲ့ မိန်းမပျိုလေးကို ချစ်မိသွားခဲ့တယ်။ ဒါပေမဲ့ ချစ်ရတဲ့ အော်ဆွယ့် က ဖော့ခွမ် အဓမ္မသိမ်းပိုက်ဖို့ ဝယ်ယူထားတဲ့ သူဖြစ်နေပြီး ဖော့ခွမ် က ရာထူးကြီးရှိနေရုံသာမက မှော်ပညာပါ တက်နေခဲ့တယ်။ လျို က မှော်ပညာကို အနည်းငယ်သင်ယူထားပြီး အော်ဆွယ့် ကို အစေခံအဖြစ်က လွတ်မြောက်စေဖို့ အဖွဲ့ဖွဲ့ကာ ကြိုးပမ်းခဲ့ပေမဲ့ ဖော့ခွမ် ရဲ့ မှော်ပညာက အားသာနေခဲ့တယ်။ လျို အနေနဲ့ ထပ်ကြိုးစားပြီး ချစ်ရတဲ့ မိန်းကလေး အော်ဆွယ့် ကို ဖော့ခွမ် လက်က ကယ်တင်နိုင်မလား။ ရှာဖွေချင်နေတဲ့ မိခင်ဖြစ်သူကိုရော တွေ့သွားမလား။

t.me/hanamovie20/4404
1
အင်တာနက်၏ အန္တရာယ် (၂၀၂၄)

IMDb - 6.3/10
Genre - Documentary

ဒီဇာတ်ကားကတော့ မှတ်တမ်းရုပ်ရှင်ကားဖြစ်ပါတယ်။ ဘာအကြောင်း မှတ်တမ်းရုပ်ရှင်လဲဆိုတော့ လူသားတွေရဲ့ သမိုင်းမှာအကြီးမားဆုံးအောင်မြင်မှုလို့ လက်ခံထားတဲ့ အင်တာနက်အကြောင်းလို့ ပြောရမှာပါ။ ဘာတွေများစိတ်ဝင်စားဖို့ကောင်းနေတာလဲဆိုရင်တော့ ဟက်ကာအဖွဲ့ဖြစ်တဲ့ အနောနီမက် လို့ ဖြစ်လာမယ့် လူငယ်လေးတွေ အင်တာနက်ပေါ်မှာ စ’လုပ်မိတဲ့ အပျော်ကိစ္စလေးတွေကနေ တကယ့်သမိုင်းဝင်အဖြစ်အပျက်တွေ ကမ္ဘာနဲ့ချီတဲ့ အချိုးအကွေ့တွေပါ ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်ကိုရိုက်ပြထားလို့ပါ။ တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကြီးငယ်တွေအကုန်လုံးကို တကယ်ဖြစ်အောင်လုပ်သွားတဲ့လူတွေကပြန်ပြောပြထားတာပါ။ ဘယ်ကနေစပြီး ပါသလဲဆို အင်တာနက်ခေတ်ဦးက ဂျပန် အက်နီမေးတွေကနေတဆင့် ဆက်ပြီးဖြစ်လာတဲ့ လူငယ်

အညွှန်း ဆက်ဖတ်ရန်နှိပ်ပါ။

ဇာတ်ကားလင့် ➡️ t.me/cartoonbynikko/708
Please open Telegram to view this post
VIEW IN TELEGRAM
1
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
💘💘💘 💘💘

💘💘💘💘 💘💘💘💘

ဆော့မယ် နိုင်မယ် ထုတ်မယ် 💵❤️
💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram : @Hpa_anRich

📱 Link :http://t.me/Hpa_anRich
Please open Telegram to view this post
VIEW IN TELEGRAM
1
[၁၈+] လူမိုက်နှလုံးသား (၂၀၀၁)

IMDb - 6.6/10
Genre - Romance, Drama


တစ်ခါတလေကျ ကျွန်တော် ကင်ကီဒွပ် ကားတွေ ကြည့်မိရင် ရံဖန်ရံခါဆိုသလိုတော့ ဒီဘဲက လိင်မှုကိုအသားပေးလွန်းတယ်ထင်မိပေမဲ့ ရံဖန်ရံခါဆိုသလိုပဲ ဒီဘဲ ဒီလိုပြတာကိုက လက်တွေ့ကျနေတယ်လို့ ထင်မိတယ်။ မကင်းနိုင်ကြဘူးကိုး။ ကင် ဟာ ဒီရုပ်ရှင်မှာလည်း လူ့အသိုင်းအဝိုင်းအပြင်ဘက်က ဇာတ်ကောင်တစ်ကောင်ကိုပဲ အဓိကထားပုံဖော်သွားခဲ့တယ်။ ဇာတ်လမ်းက ဆန်းတယ်ပြောရမလား၊ မဆန်းဘူးပြောရမလားပဲ။ ဖာခန်းစောင့်တဲ့ လူဆိုးတစ်ကောင်က မောလ်တစ်ခုရှေ့ ကောလိပ်ကျောင်းသူလေးကို အတင်းနမ်းပစ်တယ်။ ဒီတော့ ကောင်မလေးက ပါးရိုက်ပြီး သူ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ်။ ဒီတော့ ဟိုဘဲက မကျေမနပ်ဖြစ်ပြီး ကောင်မလေးကို ပခြုပ်သည်မဘဝရောက်အောင် လုပ်ချလိုက်တယ်။ ပြီးတော့ ပခြုပ်သည်မ ဖြစ်လာတဲ့ကောင်မလေးနဲ့ လူဆိုးကောင်ကြားက အမုန်းသီထားတဲ့ချစ်ခြင်းပါးပါးကို ပုံဖော်ရင်း ပခြုပ်သည်မတွေဘဝကို ပြတယ်။ နောက်အကန့်အသတ်နည်းနည်းလွန်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ပြတယ်။ အိပ်ခန်းတွေ မနည်းမနောနဲ့ သွေးထွက်သံယိုအခန်းတွေကို မနည်းမနော ပြသွားပေမဲ့ အချစ်လို့တောင် ပြောရခက်မယ့် အချစ်တစ်ခုကိုလည်း ခပ်ပါးပါး ပြသွားတယ်။ ကြည့်ဖူးသလောက် ကင်ကီဒွပ်ကားတွေလိုပဲ မပြောင်းလဲတဲ့အချက်ကတော့က ကင် သီကျူးတဲ့အချစ်ဟာ ထုံးစံအတိုင်း သန့်စင်တဲ့အချစ်ဟုတ်မနေခဲ့ဘူး။ လိင်စိတ်ကနေ ကူးလာတဲ့ အချစ်ကိုပဲ သီကျူးသွားတယ်။

t.me/dramamv/958
2
Forwarded from bet789 Official Channel
🎅အွန်းလိုင်းဂိမ်း ဝါသနာရှင်များရှင့် ငွေကြေးပိုင်းခိုင်မာမူရှိပြီး  နာမည်ပျက်မရှိသော ဂိမ်းဆိုဒ်ကိုရှာနေပါသလား ဒါဆို bet789 ရှိပါတယ်ရှင့်👍
       
🔡🔡🔡7️⃣8️⃣9️⃣
အားလုံးကြိုက်တဲ့ 👋pp၊🎅အဖိုးကြီး၊👍သမီးတော်
🎅ငါးပစ် ၊ 🆗 ကျွဲ နှင့်စလော့အစုံအပြင် ရှမ်းဘူကြီး၊ ကာစီနို စတဲ့ဂိမ်းပေါင်းထောင်ကျော် ကို 1 ယူနစ် 1 ကျပ် စိတ်ကြိုက် ကစားလိုက်ပါရှင့်

        
   ဘောနပ်စီစဥ်

➡️စလော့မန်ဘာသစ် 3️⃣0️⃣0️⃣🔣
    (5000 သွင်း 15000 အပို)

➡️ရှမ်းမန်ဘာသစ်    1️⃣0️⃣0️⃣🔣
   (5000 သွင်း 5000 အပို)

➡️နေ့စဥ်ဘောနပ်          2️⃣0️⃣🔣

➡️နေ့စဥ်ရှုံးကြေး            1️⃣0️⃣🔣
  
       
⬇️ အကောင့်ဖွင့်ရန်⬇️

👨‍👨‍👦Telegram➡️http://t.me/Bet_789_bot

👨‍👨‍👦‍👦 Viber     ➡️  09759069041

👨‍👨‍👦Channel link➡️https://t.me/bet789officialch


မှန်ကန်မြန်ဆန်သောငွေသွင်းငွေထုတ်ဝန်ဆောင်မူ 24နာရီပိတ်ရက်မရှိ

⚡️ 🆗🆗🆗🆗🆗
Please open Telegram to view this post
VIEW IN TELEGRAM
2
တာဖီတီနှင့် သဲကန္တာရစွန့်စားခန်း (၂၀၂၅)

IMDB - 6.3/10
Genre - Family, Adventure


တာဖီတီ ဆိုတာ အသက် ၁၂ နှစ်အရွယ် မီယာကတ်လေးတစ်ကောင်ပါ။ သူ့အဘိုးက မီယာကတ်တွေဟာ တခြားအကောင်တွေနဲ့ မပတ်သက်ဘဲ ကိုယ့်အမျိုးနဲ့ကိုယ်ပဲ နေရမယ်လို့ တင်းကျပ်တဲ့ စည်းကမ်းတွေ ထုတ်ထားပါတယ်။ ဒါပေမဲ့ တာဖီတီ က အဲဒီစည်းကမ်းတွေကို နားမထောင်ဘဲ ဘရစ်စတယ် လို့ခေါ်တဲ့ တောဝက်လေးတစ်ကောင်ကို အိမ်ခေါ်လာခဲ့တယ်။ ပြဿနာက အဲဒီကစတာပါပဲ။ ဘရစ်စတယ် ကြောင့် မတော်တဆဖြစ်ပြီး အဘိုးကို အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်က ကိုက်သွားပါလေရော။ အဘိုးက မြွေဆိပ်တက်နေတဲ့ကြားက တခြားအမျိုးအနွယ်တွေနဲ့ ဘယ်တော့မှ မပတ်သက်တော့ဘူးလို့ တာဖီတီ ကို ကတိတောင်းခဲ့တယ်။ ပြီးတော့ ဒဏ်ရာဟောင်း၊ ဒဏ်ရာသစ် အားလုံးကို ပျောက်ကင်းစေနိုင်တဲ့ ဒဏ္ဍာရီလာ ပန်းပြာလေးတစ်ပွင့်အကြောင်းကို ပြောပြပါတယ်။ ဒါနဲ့ပဲ အဘိုးကို ကယ်တင်ဖို့အတွက် တာဖီတီ တစ်ကောင်တည်း သဲကန္တာရထဲကို ဖြတ်ပြီး အဲဒီပန်းပြာလေးကို ရှာဖို့ ထွက်လာခဲ့ပါတော့တယ်။ ဘရစ်စတယ် ကလည်း သူလုပ်မိတဲ့ အမှားအတွက် အပြစ်ရှိသလို ခံစားရတဲ့အပြင် စွန့်စားခန်းတွေဆိုတာ သူငယ်ချင်းတွေနဲ့ အတူတူသွားမှ ပိုကောင်းတာလို့ သက်သေပြချင်တာနဲ့ တာဖီတီ နောက်ကို ဇွတ်လိုက်လာခဲ့တယ်။ တာဖီတီ ကတော့ အဘိုးကို ပေးထားတဲ့ ကတိကြောင့် ဘရစ်စတယ် ကို အတင်းနှင်လွှတ်ပေမဲ့ မရခဲ့ပါဘူး။ သဲကန္တာရထဲမှာ အန္တရာယ်ပေါင်းစုံနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့နှစ်ကောင် အပြန်အလှန် ကယ်တင်ကြရင်းနဲ့ ခိုင်မာတဲ့ သူငယ်ချင်း သံယောဇဉ်တွေ ရလာကြပါတယ်။ နောက်ဆုံးမှာတော့ ပန်းပြာလေးကို ရှာတွေ့သွားပြီး အဘိုးကို ကယ်တင်နိုင်မလား၊ အဘိုးဖြစ်သူကရော တောဝက်လေး ဘရစ်စတယ် ကို သူတို့ မိသားစုဝင်အဖြစ် လက်ခံပေးမလား၊ တာဖီတီ တစ်ယောက် အဘိုးကို ပေးထားတဲ့ ကတိနဲ့ သူ့သူငယ်ချင်း ဘရစ်စတယ် ကြားမှာ ဘယ်လို ဆုံးဖြတ်မလဲဆိုတာတွေကို ဆက်ကြည့်ရမယ့် ကားလေးပါ။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/990
Please open Telegram to view this post
VIEW IN TELEGRAM
သတို့သမီးရဲ့အဖေ (၁၉၉၁)

IMDB - 6.6/10
Genre - Comedy, Drama


ဒီဇာတ်ကားကတော့ သမီးဖြစ်သူကို တခြားအမျိုးသားလက်ထဲ မထည့်ပေးချင်တဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်တတ်မှုကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ဂျော့ချ် ဟာ ဥရောပကို ပညာတော်သင်လွှတ်ထားတဲ့ သမီးလေး အန်နီ အိမ်ပြန်လာတော့ “လက်ထပ်တော့မယ်” ဆိုတဲ့ သတင်းကြီးကို ကြားလိုက်ရတဲ့အတွက် ကမ္ဘာပျက်မတတ် ဖြစ်သွားခဲ့ပါတယ်။ သမက်လောင်း ဘရိုင်ယန် က ကွန်ပျူတာ ပါရမီရှင်တစ်ယောက် ဖြစ်ပေမဲ့ ဂျော့ချ် ကတော့ သူ့ကို “လူလိမ်” ဒါမှမဟုတ် “အလုပ်လက်မဲ့” ဖြစ်နိုင်တယ်ဆိုပြီး မယုံသင်္ကာ မျက်လုံးတွေနဲ့ အကဲခတ်ပါတော့တယ်။ သမီးဖြစ်သူရဲ့ မင်္ဂလာပွဲကို ဟာသတွေ၊ အလွဲတွေနဲ့ ပြင်ဆင်ရင်း ဖခင်တစ်ယောက်ရဲ့ ဝေဒနာကို ဘယ်လိုပုံဖော်သွားမလဲဆိုတာ အတူစောင့်ကြည့်လိုက်ရအောင်နော်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/992
Please open Telegram to view this post
VIEW IN TELEGRAM
သတို့သမီးရဲ့ အဖေ ၂ (၁၉၉၅)

IMDB - 6.1/10
Genre - Comedy, Family


ဂျော့ချ် ဟာ သမီးဖြစ်သူ အန်နီ ကို လက်ထပ်ပေးပြီးနောက်မှာတော့ သူ့ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ ပြင်ဆင်နေသူပါ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ သတင်းတစ်ခုက သူ့ရဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်ပါတော့တယ်။ အဲဒါကတော့ သမီးဖြစ်သူ အန်နီ မှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းပါပဲ။ ဒီလို အဖိုးဖြစ်တော့မယ်ဆိုတဲ့ အသိနဲ့ စိတ်လှုပ်ရှားနေရချိန်မှာပဲ သူ့ရဲ့ ဇနီးဖြစ်သူ နီနာ မှာလည်း ကိုယ်ဝန်ရှိနေပြီဆိုပြီး ထပ်ကြားရပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ရော၊ အဖိုးတစ်ယောက်အနေနဲ့ပါ တစ်ပြိုင်နက်တည်း တာဝန်ယူရတော့မယ့် ဂျော့ချ် တစ်ယောက် အိမ်ထဲမှာ ကိုယ်ဝန်ဆောင် နှစ်ယောက်နဲ့အတူ ဘယ်လိုအလွဲအချော်တွေ၊ ဘယ်လို ရယ်မောဖွယ်ရာ အခက်အခဲတွေကို ရင်ဆိုင်သွားမလဲဆိုတာကို ဟာသဆန်ဆန်လေး ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/994
Please open Telegram to view this post
VIEW IN TELEGRAM
1
မအေတစ်ခု သမီးတစ်ခု (၂၀၂၅)

IMDB - 7.1/10
Genre - Drama


၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူကျွန်းမှာ နှိမ်နင်းရေးတပ်ဖွဲ့ရဲ့ ရန်ကြောင့် အာဂျင်း က သမီးဖြစ်သူ ဟယ်စိမ်း နဲ့ လူချင်းကွဲကွာသွားခဲ့ရပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့ သမီးလေးကို စိုးရိမ်ရင်းနဲ့ တောင်ပေါ်တက်လာတဲ့ အာဂျင်း တစ်ယောက် စစ်တပ်ကနေ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီဆိုတဲ့ အကြောင်း ကြားသိလိုက်ရတဲ့အခါ သမီးလေးကို ရှာဖို့ တောင်အောက်ကို ပြန်ဆင်းလာပါတော့တယ်။ သမီးကို ကယ်တင်ဖို့ ငရဲတွင်းထဲ ပြန်ဆင်းလာတဲ့ အာဂျင်း နဲ့ အမေ့ကို ရှာဖို့ တောင်ပေါ်တက်လာတဲ့ သမီးလေး ဟယ်စိမ်း။ သူတို့သားအမိနှစ်ဦးရဲ့ ရှင်သန်ရေးတိုက်ပွဲက ဘယ်လိုဆက်ဖြစ်မှာလဲ၊ သမိုင်းရဲ့ နာကျင်ဖွယ် ဒဏ်ရာတွေကြားက ကြီးမားတဲ့ မိခင်မေတ္တာကို ပုံဖော်ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

t.me/cartoonbynikko/3505
1
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
🤩🤩🤩 🤩🤩

🤩🤩🤩🤩 🤩🤩🤩🤩

ဆော့မယ် နိုင်မယ် ထုတ်မယ် 💵❤️
💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram : @Hpa_anRich

📱 Link :http://t.me/Hpa_anRich
Please open Telegram to view this post
VIEW IN TELEGRAM
ကျနော့်နာမည် ဒိုလီမိုက် (၂၀၁၉)

IMDB - 7.2/10
Genre - Comedy, Drama


ဇာတ်လမ်းက ၁၉၇၀ ပြည့်လွန်နှစ်များမှာ အောင်မြင်မှုနဲ့ ဝေးကွာနေတဲ့ ဖျော်ဖြေရေးသမား ရူဒီရေးမိုး အကြောင်းပါ။ သူဟာ တစ်နေ့မှာ လမ်းဘေးက လူတွေပြောလေ့ရှိတဲ့ ရိုးရာပုံပြင်ဆန်ဆန် စကားလုံးတွေကို အခြေခံပြီး “ဒိုလီမိုက်” ဆိုတဲ့ ရယ်မောစရာကောင်းပြီး ဆဲဆိုကြမ်းတမ်းကာ ကွန်ဖူးကျွမ်းတဲ့ လူမည်းတွေအကြိုက် ဇာတ်ကောင်တစ်ခုကို ဖန်တီးလိုက်ပါတယ်။ ဒီဇာတ်ကောင်ဟာ လူမည်းအသိုင်းအဝိုင်းကြားမှာ အကြီးအကျယ် ပေါက်သွားတဲ့အခါ Rudy ဟာ သူ့ရဲ့ကိုယ်ပိုင် “ဒိုလီမိုက်” ရုပ်ရှင်ကို ရိုက်ကူးဖို့ စိတ်ကူးလိုက်ပါတယ်။ ပိုက်ဆံမရှိ၊ ရုပ်ရှင်အတွေ့အကြုံမရှိ၊ ဘယ်သူကမှလည်း အားမပေးတဲ့ကြားကနေ သူငယ်ချင်းတစ်စုနဲ့အတူ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီး ရုပ်ရှင်ကြီး ဖြစ်မြောက်အောင် ရိုက်ပြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရုပ်ရှင်ဟာ ဝက်ဝက်ကွဲ အောင်မြင်လာခဲ့ပြီး ၁၉၇၀ ရဲ့ ဖက်ရှင်တွေ၊ အရောင်အသွေးစုံလင်တဲ့ ဝတ်စုံတွေကြောင့် အော်စကာဆု ဆန်ခါတင်စာရင်းတွေမှာတောင် ပါဝင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/996
Please open Telegram to view this post
VIEW IN TELEGRAM
1
Forwarded from Hpa An Rich ADS
This media is not supported in your browser
VIEW IN TELEGRAM
🔠🔠🔠 🔠🔠

🔠🔠🔠🔠 🔠🔠🔠🔠

ဆော့မယ် နိုင်မယ် ထုတ်မယ် 💵❤️
💯 စိတ်ချရတဲ့ဝန်ဆောင်နဲ့ Hpa An Rich club

အသွင်းမြန်သလို အထုတ်လဲမြန်💰💯
💯စိတ်ချဖို့ဆို Hpa An Rich club ကိုဆော့

❤️❤️🔣 မန်ဘာသစ်ဘောနပ်

❤️❤️🔣နေ့စဥ်သွင်းငွေဘောနပ်

❤️🔣 အပတ်စဥ်ရှုံးကြေးပြန်ပေး

အကောင့်ဖွင့်ဖို့👇👇

📱 Viber : 09666936668

📱 Link : https://msng.link/o?959666936668=vi

📱 Telegram : @Hpa_anRich

📱 Link :http://t.me/Hpa_anRich
Please open Telegram to view this post
VIEW IN TELEGRAM
လူသေ အုတ်ဂူတခုကို တူးဖော်ရင်း သွေးပျက်ဖွယ်ရာ အဖြစ်အပျက်တွေနဲ့ကြုံတွေ့ရမယ့် လူ ၄ ယောက်ရဲ့ ဇာတ်လမ်း (၂၀၂၄)

IMDb - 6.9/10
Genre - Horror, Mystery


လော့စ်အိန်ဂျယ်လိစ်မြို့က လူချမ်းသာမိသားစုတစ်စုဟာ သဘာဝလွန်ဖြစ်ရပ်တွေကြောင့် မွေးကင်းစရင်သွေးငယ်ကို ကာကွယ်ဖို့ အကြားအမြင်ဆရာနှစ်ယောက်ဖြစ်တဲ့ ဟွာရင်း နဲ့ ဘုန်ဂီ ကို ပင့်ဖိတ်လာကြပါတယ်။ ဟွာရင်း ကတော့ ဒီမိသားစုအပေါ်မှာ ဘိုးဘွားတွေရဲ့ ဝိညာဉ်အရိပ်မည်းကြီး ဖိစီးနေတယ်ဆိုတာကို ချက်ချင်းခံစားမိသွားခဲ့ပြီး ဒီအန္တရာယ်ကို ဖြေရှင်းဖို့ သူတို့ဘိုးဘွားတွေရဲ့ အုတ်ဂူကို ရှာဖွေတူးဖော်ရတော့မှာဖြစ်ပါတယ်။ အဲဒီအတွက် အောက်လမ်းဆရာ ဆုန်ဒုတ် နဲ့ သုဘရာဇာ ယောင်ဂျွန်း တို့ကိုပါ အကူအညီတောင်းခဲ့ကြပြီး ကိုရီးယားက ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာအနီးမှာ ရှာနေတဲ့ အုတ်ဂူကို တွေ့ရှိသွားကြပါတယ်။ ဒါပေမယ့် အုတ်ဂူကို တူးဖော်လိုက်တဲ့အချိန်ကစပြီး သွေးပျက်ထိတ်လန့်စရာ ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်လာကာ လူတိုင်းမထင်ထားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။

t.me/cartoonbynikko/3510
2
ဇွဲမလျော့ကြသူလေးများ (၂၀၀၄)

IMDb - 7.6/10
Genre - Comedy, Drama


ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ ၂ဝဝ၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်ကားလေးဖြစ်ပါတယ်။ စိတ်မရွှင်လန်း အားလျော့နေချိန်မှာ ဘဝအမောပြေပျောက်ပြီး စိတ်ခွန်အားရချင်သူများ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားအဖြစ် ဆုပေါင်းများစွာ ဆွတ်ခူးရရှိထားတဲ့ ဒီလူငယ်ဇာတ်ကားလေးကို ညွှန်းပေးချင်ပါတယ်။

တိုမိုကိုတို့ သူငယ်ချင်းတစ်စုဟာ ပူပြင်းလှတဲ့ ဂျပန်နွေရာသီမှာ အချိန်ပိုသင်တန်းတက်နေရလို့ ငြီးငွေ့နေကြတဲ့ ကျောင်းသူလေးတွေပါ။ တစ်နေ့မှာတော့ အားကစားပွဲအတွက် တီးမှုတ်ဖျော်ဖြေဖို့ ထွက်ခွာသွားတဲ့ တီးဝိုင်းအဖွဲ့ဆီ နေ့လယ်စာပို့ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ သင်္ချာဆရာ အိုဇဝါ ရဲ့အတန်းချိန်ကို ရှောင်ချင်နေကြတဲ့ သူတို့ဟာ ရထားနဲ့ သွားပို့ခဲ့ကြပေမယ့် လမ်းမှာ နေ့လယ်စာဘူးကို ဖောက်စားကြည့်မိပြီး အိပ်ပျော်သွားတာကြောင့် ဆင်းရမယ့်ဘူတာကျော်သွားခဲ့ပါတယ်။ နေပူပူထဲ လမ်းလျှောက်ပြီး သွားပို့ခဲ့ရတဲ့အပြင် ကံဆိုးချင်တော့ နေ့လယ်စာစားမိတဲ့ ဂီတဆရာမနဲ့ ကျောင်းသားကျောင်းသူတွေ အစာအဆိပ်သင့်ပြီး ဆေးရုံရောက်ကုန်ကြပါတော့တယ်။ အဲဒီအချိန်မှာ တီးဝိုင်းက ထွက်ဖို့အမြဲကြိုးစားနေခဲ့တဲ့ တာခုအို ဟာ ကျောင်းဘေ့စ်ဘောပွဲအတွက် အရေးပေါ် တီးဝိုင်းအသစ်ဖွဲ့ဖို့ ကြိုးစားပါတော့တယ်။ ပန့်ခ်တီးဝိုင်းက ဘေ့စ်သမားနှစ်ယောက်နဲ့ ဆဲကီဂုချီ တို့ပဲ ရောက်လာခဲ့ကြပြီး နောက်ဆုံးမှာတော့ တိုမိုကိုတို့ မိန်းကလေးအုပ်စုကို အတင်းဆွဲခေါ်ကာ တီးဝိုင်းဖွဲ့ဖို့ ဖြစ်လာခဲ့ပါတယ်။ ဂီတအကြောင်း ဘာမှမသိ၊ ကိုယ်ပိုင်တူရိယာမရှိ၊ ပိုက်ဆံမရှိတဲ့ သူတို့တစ်စုဟာ “မိန်းမငယ်လေးများ တီးဝိုင်း” ဖြစ်လာဖို့ ဘယ်လိုရုန်းကန်ကြမလဲ၊ နာမည်ကျော် ဂျက် ဂီတကို စင်မြင့်ထက်မှာ အောင်မြင်စွာ ဖျော်ဖြေနိုင်ကြမလားဆိုတာကို ဟာသ၊ စိတ်အားတက်ကြွမှုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

t.me/hanamoviesforyou/3216
1
ထာဝစဉ်နုပျိုသူ (၂၀၁၅)

IMDb - 7.2/10
Genre - Romance, Fantasy


လူတိုင်း အသက်အရွယ်မကြီးရင့်ပဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား။ ဒါပေမယ့် တကယ်တမ်း အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မလားဆိုတာကတော့ မေးခွန်းတစ်ခုပါပဲ။ ခုဇာတ်ကားထဲက အဒဲလိုင်း ဘိုမန် ကတော့ မတော်တဆမှုဖြစ်ပြီးနောက်ပိုင်း ဆယ်စုနှစ် ၈ စုလောက် အသက်မကြီးပဲ ၂၉ နှစ်အရွယ်တိုင်း ရှိနေခဲ့သူပါ။ သူ့ကို စစ်ဆေးစမ်းသပ်ချင်သူတွေရဲ့ လက်ထဲက လွတ်အောင် သူ့ရဲ့ ထူးခြားချက်ကို ဖုံးကွယ်ရင်း ရှောင်ပြေးရင်း နေလာခဲ့ရပါတယ်။ အဲလစ် ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံပြီးနောက်ပိုင်း အဒဲလိုင်း ဟာ အချစ်ကို ပြန်လည်တွေ့ရှိခဲ့ရတယ်။ တစ်သက်လုံး ဖုံးကွယ်လာတဲ့ လျှို့ဝှက်ချက်ကို အဲလစ် ကို ပြောပြမှာလား၊ ဒါမှမဟုတ် ထပ်ပြီး ရှောင်ပုန်းမှာလားဆိုတာနဲ့ သူတို့နှစ်ဦးရဲ့ ဘဝဟာ ဘယ်လိုရှေ့ဆက်ဖြစ်သွားမလဲဆိုတာကတော့…

❤️ ချန်နယ်ဝင်ထားမှ ကြည့်လို့ရပါမယ်နော်

ချန်နယ်လင့် ➡️ t.me/+eZKOlThxxCVhNjg1

ဇာတ်ကားလင့် ➡️ t.me/c/2567751525/1000
Please open Telegram to view this post
VIEW IN TELEGRAM
3